Blogger Widgets

Saturday, December 25, 2010

iKaren



ကျွန် တော် ဒီ ကို ရောက် တော့ က ရင် က လေး တွေ တော် တော် များ များ iPod လေး တွေ နဲ့ အ လုပ် ရှုပ် နေ တာ ကို တွေ့ ရ ပါ တယ်။ ကျွန် တော် စိတ် ထဲ မှာ ဒီ လောက် ဈေး ကြီး တာ ဒီ က လေး တွေ တော့ အ မေ အ ဖေ ကို တော် တော် ဒု က္ခ ပေး တာ ပဲ လို့ စိတ် ထဲ မှာ ဖြစ် မိ တယ်။ ချာ တိတ် လေး တစ် ယောက် က iPod ၀ယ် ပြီး သီ ချင်း မ သွင်း တတ် လို့ ဘယ် လို သွင်း ရ မယ် လာ မေး လို့ စမ်း သပ် ပြီး ဘယ် လို သွင်း ရ မယ် ကို တ ခါ ပြ ပေး လိုက် ပြီး ဘယ် တော့ မှ မ ကိုင် ဖြစ် တော့ ဘူး။ နောက် ပိုင်း iPhone ပေါ် လာ ပြန် တော့ က ရင် လူ ငယ် တော် တော် များ များ နဲ့ လူ လတ် ပိုင်း တွေ ကိုင် လာ တာ ကို တွေ့ ရ တယ်။ ကျွန် တော် လဲ လို ချင် ပါ တယ် iPhone က ပို ကုန် ကျ စ ရိတ် များ တယ်။ ဖုန်း ဖိုး ဈေး ကြီး တဲ့ အ ပြင် 3G အ တွက် လိုင်း ခ သုံး သုံး မ သုံး သုံး လ စဉ် ပေး ရ တယ် ဆို တော့ ကျွန် တော် မ ကိုင် ဖြစ် ဘူး။ ဒါ ပေ မဲ့ iPad ပေါ် လာ တော့ ကျွန် တော် အ ရမ်း လို ချင် ပါ တယ်။ ဒါ ပေ မဲ့ အ သုံး ကျ မှု ကို ကြည့် ပြီး တော့ ကျွန် တော့ မ ၀ယ် ပဲ ပို ပြီး အ သုံး ၀င် မဲ့ HP Slate ကို စောင့် ပြီး ၀ယ် သုံး ဖို့ ဆုံး ဖြတ် လိုက် တယ်။ ဒါ ပေ မဲ့ စောင့် သာ စောင့် တယ် မောင် ဖုန်း က ပေါ် မ လာ ဘူး။ ဒါ နဲ့ ပဲ ကျွန တော် 3G iPad တ လုံး ၀ယ် လိုက် ပါ တယ်။ iPad ကို သုံး ကြည့် မှ ပဲ သူ ရဲ့ အ သုံး ၀င် မှု တွေ ကို သိ ရ ပြီး သူ နဲ့ ဆက် စပ် တဲ့ iPod, iPhone တွေ ရဲ့ အ သုံး ချ နိုင် မှု တွေ ကို သိ ရ တယ်။ ဒီ တော့ iPod, iPhone, နဲ့ iPad သုံး နေ တဲ့ ကျွန် တော် တို့ က ရင် လူ မျိုး တွေ ကို သီ ချင်း နား ထောင်၊ ယူ ကျု ကြည့်၊ ဂိမ်း က စား၊ ချပ် တင် လုပ် တာ နဲ့ ပဲ အ ချိန် မ ကုန် စေ ပဲ တ ခြား ကိုယ့် အ တွက် အ သုံး ချ apps တွေ ကို လေ့ လာ ပြီး ကိုယ် ကို ကိုယ် နဲ့ ကိုယ့် လူ မျိုး တိုး တက် ဖို့ အ တွက် ဆောင် ရွက် စေ ချင် ပါ တယ်။

ဥ ပ မာ - 
ဆို ရှယ် နက် ၀ပ် (Social Network) တွေ မှာ ချပ် တင် လုပ် ယုံ မ က ပဲ ကင်း ပိန်း (Campaign) တွေ လုပ် ပြီး အ လှု ငွေ တွေ ဘာ တွေ ကောက် နိုင် ပါ တယ်။ သ တင်း တွေ၊ လှုပ် ရှား မှု တွေ အ တွက် စည်း ရုံး ရေး တွေ လုပ် နိုင် ပါ တယ်။ အ ခု ဆို ရင် ဒေါ် အောင် ဆန်း စု ကြည် ဦး ဆောင် ပြီး မြန် မာ ပြည် အ တွက် နက် ၀ပ် အ ကြီး ကြီး တ ခု လုပ် ဖို့ ကြိုး စား နေ ပါ တယ်။ ကျွန် တော် တို့  က ရင် လူ မျိုး တွေ လဲ အဲ ဒီ လို မျိုး နက် ၀ပ် ရှိ ထား ဖို့ လို ပါ တယ်။
နောက် တ ခု က ပ ညာ သင် ကြား တာ ပါ။ ဒီ နိုင် ငံ က တ ချို့ စက် ရုံ တွေ မှာ သူ တို့ ရဲ့ အ လုပ် သ မား တွေ ကို သင် တန်း ပေး ဖို့ အ တွက် iPod တွေ ထုတ် ထား ပေး ပါ တယ်။ အ လုပ် ထွက် တဲ့ အ ခါ ပြန် ပေး ရ ပါ တယ်။ မ ပေး ချင် ရင် တော့ လျှော့ ဈေး နဲ့ အဲ ဒီ အ လုပ် သ မား ကို ပြန် ရောင်း ပေး ပါ တယ်။ ကျွန် တော် တို့ လဲ စာ သင် တဲ့ နေ ရာ မှာ အ ထောက် အ ကူ အ ဖြစ် သော် လည်း ကောင်း၊ ကျွန် တော် တို့ အ တွက် အ သစ် အ ဆန်း ဖြစ် နေ တဲ့ အ ရာ ကို သင် ယူ ဖို့  အ တွက် အ ထောက် အ ကူ အ ဖြစ် သုံး သင့် ပါ တယ်။
နောက် ပြီး တော့ အ သုံး ချ apps တွေ အ များ ကြီး ရှိ ပါ သေး တယ်။ ဖုန်း ဆို ရင် ကိုယ့် ရဲ့ ပေး ထား တဲ့ မိ နစ် တွေ မ ကုန် အောင် တ ခြား apps တွေ အ သုံး ချ ပြီး ချွေ တာ နိုင် ပါ တယ်။ iPod နဲ့ iPad မှာ လဲ အဲ ဒီ လို apps တွေ အ သုံး ချ ပြီး ဖုန်း တ လုံး လို ဖုန်း အ ၀င် အ ထွက် အ လ ကား ခေါ် လို့ ရ ပါ တယ်။ အဲ ဒီ လို အ သုံး ချ apps တွေ အ များ ကြီး ရှိ သေး တယ်။  အ ပေါ် က ဗွီ ဒီ ယို ကို ကြည့် ပါ။
အဲ ဒါ ကြောင်း စ မတ် ကျ ကျ နဲ့ iPod, iPhone, နဲ့ iPad ၀ယ် သုံး ကြ တဲ့ က ရင် တွေ ကို စ မတ် ကျ ကျ နဲ့ iPod, iPhone, နဲ့ iPad တွေ ကို အ သုံး ချ နိုင် တဲ့ iKaren တွေ ဖြစ် စေ ချင် ပါ တယ်။

သော သီ ခို စီ ဘောက် မှာ ဒီ ဗွီ ဒီ ယို ညွှန်း တဲ့ ဆာ ၀ါး ကို ကျေး ဇူး တင် ပါ တယ်။

X'mas လက် ဆောင်



ဒီ လို ခ ရ စ္စ မတ် အ ချိန် ရာ သီ မှာ လူ တွေ တ ဦး နဲ့ တ ဦး လက် X'mas လက် ဆောင် ပေး ကြ တဲ့ ရာ သီ ပေါ့။ ကျွန် တော့ အ တွက် တော့ မ သက် မ သာ ဖြစ် ရ တဲ့ ရာ သီ ပေါ့။ ဘာ ဖြစ် လို့ လဲ ဆို တော့ ဘယ် သူ ကို ဘာ လက် ဆောင် ပေး ရ မယ် ဆို တာ ကျွန် တော့ အ တွက် တော် တော် လေး ဆုံး ဖြတ် ရ ခက် တဲ့ အ လုပ် တ ခု မို့ ပါ။ ကျွန် တော် ပေး တဲ့ လက် ဆောင် ဟာ လက် ခံ ရ ယူ တဲ့ သူ အ တွက် အ သုံး တဲ့ ပြီး ကြိုက် နှစ် သက် တဲ့ လက် ဆောင် ဖြစ် စေ ချင် လို့ ပါ။ ဒီ နှစ် အ တွက် တော့ ကျွန် တော် အ တွက် ပြ သ နာ သိပ် မ ရှိ တော့ ပါ ဘူး။ ဘာ ဖြစ် လို့ လဲ ဆို တော့ အ ပေါ် မှာ ပြ ထား တဲ့ စာ အုပ် တွေ ကို ပဲ နှစ် သက် စွာ နဲ့ ပေး ဖြစ် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ သ မီး ငယ် လေး ဆို တဲ့ စာ အုပ် ဟာ ကျွန် တော် တို့ က ရင် လူ မျိုး ရဲ့ ပုံ ရိပ် ကို ဖေါ် ပြ နိုင် တဲ့ အ တွက် က ရင် လူ မျိုး ကို နား လည် ချင် တဲ့ သူ တွေ က ရင် လူ မျိုး ကို ချစ် တဲ့ သူ တွေ အ တွက် ဒီ စာ အုပ် ကို ပေး ဖြစ် ပါ တယ်။ 
Merry X'mas and Happy New Year ပါ ဇို ရာ ဖန်း။ စာ အုပ် ကို အ ပင် ပန်း ခံ ပြီး ရေး ထား တဲ့ အ တွက် လဲ ကျေး ဇူး တင် ပါ တယ်။ လူ မျိုး ရဲ့ ဂုဏ် ကို ဒီ ထက် မ က ပို ဆောင် နိုင် ဖို့ ဆု တောင်း ပေး ပါ တယ်။ ကျွန် တော် တို့ နိုင် ငံ ငြိမ်း ချမ်း ရေး နဲ့ ဒီ မို က ရေ စီ အ တွက် ဆောင် ရွက် သ မျှ အား လုံး အောင် မြင် ပါ စေ လို့ ဆု တောင်း ပေး လိုက် ပါ တယ်။

Monday, December 20, 2010

သူ ငယ် ချင်း



သူ ငယ် ချင်း

ဘ ဝ
အ ခြေ အ နေ ကြောင့်
မင်း နဲ့ ငါ
သူ ငယ် ချင်း ပေါ့

စည်း
စောင့် ရ မဲ့ စည်း တွေ ကြောင့်
မင်း နဲ့ ငါ 
သူ ငယ် ချင်း ပေါ့

သိ
အ သိ တ ရား ကြောင့်
မင်း နဲ့ ငါ 
သူ ငယ် ချင်း ပေါ့

ဖြူ 
ဖြူ စင် မှု တွေ ကြောင့်
မင်း နဲ့ ငါ 
သူ ငယ် ချင်း ပေါ့

Princess and the Photographer ရုပ် ရှင် ထဲ က ဇတ် ၀င် ခန်း တစ် ခု ပါ။ chitkoko201 youtube မှာ တင် ထား တာ ပါ။ ကျေး ဇူး တင် လျှက်။

Thursday, December 16, 2010

ထမင်းဆိပ်တက်နေတယ်ဗျို့


ဟုတ် ပ၊ ကျွန် တော် ဒီ မှာ ကောင်း ကောင်း နေ၊ ကောင်း ကောင်း စား ပြီး  ထ္မင်း ဆိပ် တက် အိပ် ငိုက် နေ တယ် ဗျို့၊
ဗ မာ ပြည် မှာ နေ ခဲ့ သ လို မ ရုန်း ကန် ရ၊ မ ပြေး လွှား ရ တော့ လို့ ဘ ၀ မေ့ ပြီး ထ္မင်း ဆိပ် တက် နေ တယ် လေ။
ဒီ တ တိ ယ နိုင် ငံ ရောက် နေ လို့ အ မျိုး မ ချစ် တော့ ဘူး မ ထင် နဲ့ အ မျိုး ကို ချစ် သ မှ သိပ် ချစ် ပ၊ ဒါ ပေ မဲ့ ထ္မင်း ဆိပ် တက် ပြီး အိပ် ငိုက် နေ သေး လို့ ပါး စပ် နဲ့ ပဲ ချစ် အုံး မယ် နော်။
အ ညှင်း ဆဲ နှိပ် စက် ဖိ နှိပ် မှု မ ခံ ရ လို့ အ မျိုး မေ့ နေ ပြီ မ ထင် ပါ နဲ့ မ မေ့ ပါ ဘူး။ ဒါ ပေ မဲ့ ထ္မင်း ဆိပ် တက် နေ လို့ ခ ဏ မှိန်း နေ တာ ပါ။
အ နေ ဝေး၊ လက် လှန်း ဝေး လို့ အ မျိုး ကို မ ကူ ညီ ဘူး လို့ မ ထင် ပါ နဲ့၊ ထ မင်း ဆိပ် တက် နေ လို့ ထ္မင်း ဆိပ် ပြေ မှ ကူ ညီ ပါ ရ စေ နော်။
စစ် ဘေး ဒဏ် က လွတ် နေ လို့ စစ် ဘေး စစ် ဒဏ် ခံ နေ ရ တဲ့ စစ် ပြေး ဒု က္ခ သည် တွေ ကို ကိုယ် ချင်း စာ ပါ တယ်။ ဒါ ပေ မဲ့ ခ ဏ လေး နော်၊ ထ္မင်း ဆိပ် မိ နေ သေး တယ်။
အ မျိုး အ တွက် ကာ ကွယ် စစ် ဆင် နွဲ နေ တဲ့ အ မျိုး ချစ် တော် လှန် ရေး ရဲ ဘော် တွေ ကို လဲ အ စဉ် အ မြဲ လေး စား လျှက် ပါ။ အ လေး စား ပဲ ခံ လိုက် အုံး နော်၊ ထ္မင်း ဆိပ် တက် နေ လို့ နော်၊
ထ္မင်း ဆိပ် တက် ပြီး အိပ် ငိုက် နေ သော ကျွန် တော် နှင့် တ ကွ အား လုံး နား ဆင် ဖို့ ပါ။

Wednesday, December 15, 2010

အမေရိကန်ကျောင်းသားများနှင့်အမေစု


Aung San Suu Kyi Speaks with US students from Peter Serko on Vimeo.
ကျွန် တော် ဒီ ဗွီ ဒီ ယို က လစ် ကို ကို မိုး သီး ဘ လော့ က နေ ကူး ထား တာ ပါ။
ဒါ ကို ကြည့် ပြီး ကျွန် တော် အ တွေး တွေ အ များ ကြီး ပေါ် လာ ပါ တယ်။
၁) အ မေ ရိ ကန် ပ ညာ ရေး ဆို တာ ဒါ ပါ လား။ မြန် မာ ပြည် က ကျောင်း သား တွေ လဲ ဒီ အ ခွင့် အ ရေး မျိုး ရ ကြ ရင် အ ရမ်း ကောင်း မှာ ပဲ။
၂) နောက် ပြီး ကျောင်း သား တွေ ရဲ့ အ စီ အ စဉ် ကို ဆ ရာ/ ဆ ရာ မ တွေ ဘေး က ပဲ ထိုင် ကြည့် ပြီး လုံး ၀ ၀င် မ စွတ် တာ လဲ အ တု ယူ စ ရာ ပါ။
၃) နောက် တ ခု က အ မေ စု နဲ့ အ မေး အ ဖြေ လုပ် တဲ့ အ ချိန် မှာ ကျောင်း သား တွေ ဟာ လေး စား မှု ကို ပြ သ တဲ့ အ နေ နဲ့ အား လုံး တိတ် ဆိတ် စွာ နား ထောင် နေ ကြ တာ ပါ။ လုပ် စ ရာ မေး စ ရာ စီ စဉ် စ ရာ တွေ ကို လက် ဟန် ခြေ ဟန် နဲ့ ပဲ လုပ် ဆောင် သွား တာ ကို တွေ့ ပါ တယ်။ အဲ ဒီ အ စီ အ စဉ် မ စ ခင် နဲ့ အ ပြီး မှာ ပြော တဲ့ စ ကား တွေ ကို မ ကြား ရ အောင် ဆူ ညံ ပေ မဲ့ မေး မြန် ဖြေ ကြား ချိန် မှာ တိတ် ဆိတ် နေ ကြ တာ ကို အ စည်း အ ဝေး တွေ အ ခန်း အ နား တွေ မှာ ဆူ ညံ နေ တဲ့ ကျွန် တော် တို့ လူ မျိုး တွေ အ တု ယူ သင့် ပါ တယ်။
၎) နောက် ပြီး မေး ခွန်း တွေ ဟာ တို တို နဲ့ အ ဓိ ပ္ပါယ် ရှိ နေ တာ ကို လဲ တွေ့ ရ ပါ တယ်။ အ ကြောင်း အ ရာ တ ခု ကို ရှည် လျား စွာ ပြော တတ် တဲ့ ကျွန် တော် တို့ တ တွေ အ တု ယူ စ ရာ တ ခု ပါ။
၅) နောက် ပြီး အ စီ အ စဉ် တ ခု အ တွက် စ နစ် တ ကျ လေ့ လာ ပြီး သေ သေ ချာ ချာ ပြင် ဆင် တတ် တဲ့ အ မေ ရိ ကန် ကျောင်း သား တွေ ရဲ့ လေ့ လာ အား ပါ။ သူ တို့ ဟာ အ ထက် တန်း ကျောင်း သား ပဲ ဖြစ် ပေ မဲ့ ဒီ အ စီ အ စဉ် အ တွက် ဘယ် လောက် လေ့ လာ ထား တယ် ဆို တာ သူ တို့ ရဲ့ မေး ခွန်း တွေ ကို ကြည့် ခြင်း အား ဖြစ် သိ နိုင် ပါ တယ်။ အိ ယောင် ၀ါး လုပ် တတ် တဲ့ ကျွန် တော် တို့ အ တွက် အ တု ယူ စ ရာ ပါ။
၆) အ နှစ် ချုပ် က တော့ ဒေါ် အောင် ဆန်း စု ကြည် ရဲ့ ထိ ရောက် တဲ့ အ ဖြေ တို ရယ် လူ ငယ် တွေ ကို နိုင် ငံ ခေါင်း ဆောင် ဖြစ် ပေ မဲ့ လူ ငယ် တွေ ကို လေး လေး စား စား ဆက် ဆံ တာ ရယ်၊ လူ ငယ် တွေ ကို နား လည် နိုင် အောင် ဘာ စာ တွေ ဖတ် တယ် ဆို တာ တွေ ဟာ နိုင် ငံ ခေါင်း ဆောင် တွေ သာ မ က လူ ကြီး တွေ အား လုံး အ တု ယူ ဖို့  အ လွန် ကောင်း ပါ တယ်။ 
လေး စား ပါ တယ် အ မေ စု။

Monday, December 13, 2010

ဒေါ် အောင် ဆန်း စု ကြည် သို့ အိတ် ဖွင့် ပေး စာ

အ မေ စု က ပြည် သူ တွေ ရဲ့ အ သံ ကို ကြား ချင် တယ် ဆို လို့ သာ မန် တိုင်း ရင်း သား တစ် ယောက် ဖြစ် တဲ့ ကျွန် တော် ရဲ့ အ သံ ကို တင် ပြ လိုက် ပါ တယ်။

၁) အ မေ စု ရဲ့ ကွန် ရက် ဖွဲ့ စည်း ဖို့ သ ဘော တူ ပါ တယ်။ အား တက် သ ရော ကူ ညီ ခွင့် ရ ရင် ကူ ညီ သွား ပါ မယ်။ ပါ လဲ ပါ ၀င် ပါ မယ်။

၂) အ မေ စု နောက် ဆက် ခံ မဲ့ အ မေ စု လို တိုင်း ရင်း သား တွေ ပါ လက် ခံ နိုင် မဲ့ မျိုး ဆက် သစ် ခေါင်း ဆောင် မွေး ထုတ် ဖို့၊ လက် တွဲ ခေါ် ဖို့ လို တယ် လို့ အ ကြံ ပေး ပါ ရ စေ။ အ မေ စု လို အား ရှိ တဲ့ ခေါင်း ဆောင် ရှိ မှ ပဲ ကျွန် တော် တို့ အ နာ ဂတ် ဖယ် ဒ ရယ် ပြည် ထောင် စု ကို တည် ထောင် နိုင် မှာ ပါ။

၃) ဒု တိ ယ ပင် လုံ ကို သ ဘော တူ ပါ တယ်။ အ ရေး တ ကြီး လို အပ် တယ် ဆို တာ ကို လဲ ချွင်း ချက် မ ရှိ လက် ခံ ပါ တယ်။ ဒါ ပေ မဲ့ ကေ ပီ ပီ ပါ တီ တာ ၀န် ရှိ သူ ပြော ခဲ့ သ လို ပဲ အား လုံး ပါ ၀င် အောင် လုပ် ဖို့ လို ပါ တယ်။ တပ် မ တော် သာ မ က တိုင်း ရင်း သား လက် နက် ကိုင် ခေါင်း ဆောင် တွေ အား လုံး ပါ ၀င် ဖို့ လို အပ် ပါ တယ်။ ဒီ လို ပါ ၀င် ဖို့ ဟာ အ ရမ်း အ ရေး ကြီး ပါ တယ်။ ဒီ လို ပါ ၀င် မှ ပဲ ကျွန် တော် တို့ ငြိမ်း ချမ်း တဲ့ အ နာ ဂတ် နိုင် ငံ သစ် ကို တည် ထောင် နိုင် မှာ ဖြစ် ပါ တယ်။ တပ် မ တော် သာ ပါ ၀င် ပြီး တိုင်း ရင်း သား တပ် မ တော် တွေ ရဲ့ ခေါင်း ဆောင် မ ပါ ၀င် ရင် တော့ လုံး ၀ လက် မ ခံ နိုင် ပါ။

၎) နောက် ပြီး စစ် ခေါင်း ဆောင် တွေ ကို နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် မဲ့ ကိ စ္စ ကို မူ အ ရ သ ဘော တူ စေ ချင် ပါ တယ်။ အ မေ စု ရဲ့ အ နေ အ ထား အ ရ စစ် ခေါင်း ဆောင် တွေ ဆွေး နွေး ပွဲ ကို မ တက် လာ မှာ စိုး လို့ သူ တို့ ရဲ့ လုံ ခြုံ ရေး ကို အာ မ ခံ တဲ့ အ နေ နဲ့ ဒီ ကိ စ္စ မျိုး တွေ ကို မ ပြော ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လက် မ ခံ ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လဲ နိုင် ငံ ရေး အ ရ လက် ရှောင် ချင် တာ ဖြစ် ချင် လဲ ဖြစ် မယ်။ ဒါ ကို နား လည် နိုင် ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဘက် က လည်း ကိုယ် ချင်း စာ နား လည် ပေး ဖို့ မေ တ္တာ ရပ် ခံ ပါ ရ စေ။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တပ် မ တော် ရဲ့ အ မျိုး တုန်း စစ် ဆင် ရေး ကို လွတ် လပ် ရေး အ ကြို ကာ လ က တည်း က ခံ ခဲ့ ရ တာ ပါ။ လွတ် လပ် ရေး ရ ပြီး နောက် ပိုင်း မှ လဲ တောက် လျှောက် အ မျိုး ဖြုတ် စစ် ဆင် ရေး ကို ခံ ရ ပါ တယ်။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တ ခြား သော တိုင်း ရင်း သား တွေ ထက် ပို ပြီး ခံ ခဲ့ ရ ပါ တယ်။ တပ် မ တော် ရဲ့ ဗိုလ် ချုပ် တစ် ယောက် ပြော ခဲ့ ဘူး တဲ့  "နောက် ကျ ရင် က ရင် လူ မျိုး ကို တွေ့ ချင် ရင် ပြ တိုက် ထဲ မှာ သွား ကြည့်" ဆို တဲ့ စ ကား ဟာ တပ် မ တော် ဟာ က ရင် လူ မျိုး တွေ ကို အ မျိုး တုန်း စစ် ဆင် ရေး ကို ဆင် နွဲ နေ တယ် ဆို တာ ကို ပေါ် လွင် စေ တဲ့ သူ တို့ ကိုယ် တိုင် ပါး စပ် နဲ့ ဖွင့် ထုတ် ပြော ခဲ့ တဲ့ သက် သေ ပါ။ ဒီ စ ကား လုံး ဟာ လုပ် ကြံ စ ကား လုံး မ ဟုတ် ပါ ဘူး။ အဲ ဒီ ဗိုလ် ချုပ် (နာ မည် သိ ပါ တယ်။ နေ ရာ သိ တယ်။ မ ရေး ချင် လို့ ပါ) က အ ရပ် ဖက် ဆိုင် ရာ အ ရာ ရှိ တွေ နဲ့ အ စည်း အ ဝေး တ ခု မှာ ပြော ခဲ့ တာ ပါ။ နောက် ပြီး အဲ ဒီ စ ကား ကို အဲ ဒီ တ ကြိမ် ထက် မ က အ ကြိမ် ကြိမ် ပြော ခဲ့ တာ ပါ။ နောက် ပြီး အ နီး စပ် ဆုံး တပ် မ တော် ရဲ့ က ရင် တွေ အ ပေါ် ရက် စက် စွာ အ မျိုး ဖြုတ် တာ ရဲ့ သက် သေ က တော့ ဒီ ကေ ဘီ အေ က သူ တို့ ဖမ်း ထား တဲ့ စစ် သုံ့ ပန်း ကို အ ရှင် လွတ် ပေး လိုက် တဲ့ အ ချိန် မှာ တပ် မ တော် က သူ တို့ ဖမ်း ထား တဲ့ (သူ တို့ ငြိမ်း ချမ်း ရေး ယူ ထား တဲ့၊ စစ် သုံ ပန်း တောင် မ ဟုတ် တဲ့) ငြိမ်း အ ဖွဲ့ က ရဲ ဘော် တွေ ကို သတ် ပြစ် လိုက် တာ ပဲ။ သတ် တာ တောင် ရိုး ရိုး သတ် တာ မ ဟုတ် ဘူး။ လူ မ ဆန် စွာ ညှင်း ပန်း နှိပ် စက် ပြီး မှ ရက် ရက် စက် စက် မီး ရှို့ သတ် တာ။ ဒီ လို ရက် စက် မှု တွေ ဟာ မ ရေ မ တွက် နိုင် သော အ ဖြစ် အ ပျက် တွေ ထဲ က အ နီး စပ် ဆုံး ဥ ပ မာ တစ် ခု ပါ။) ဒီ ဥ မ မာ မှာ ရက် ရက် စက် စက် အ သတ် ခံ ရ တဲ့ လူ တွေ ဟာ လက် နက် ကိုင် က ရင် ရဲ ဘော် တွေ ပါ။ လက် နက် ကိုင် မ ဟုတ် တဲ့ က ရင် အ ရပ် သား တွေ တို ရင် ဒီ ထက် မ က ခံ ရ ပါ တယ်။ ဒါ တွေ အား လုံး အ တွက် ဒီ စစ် အာ ဏာ ရှင် တွေ ကို မူ အ ရ နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် စေ ချင် ပါ တယ်။ မူ အ ရ လို့ သုံး နှုံး တာ ဟာ လက် တွေ့ မှ သူ တို့ ရဲ့ အ ဘ တ ရုတ် နဲ့ ရု ရှား ကြောင့် တ ကယ် လက် တွေ့ ဖြစ် လာ ဖို့ အ ရမ်း ခက် လို့ ပါ ပဲ။ ဒါ ပေ မဲ့ ဒါ ကို ကျွန် တော် တစ် ယောက် တည်း အ နေ နဲ့ မူ အ ရ တောင်း ဆို ပါ တယ်။ တ ကယ် လို့ နိုင် ငံ တ ကာ ခုံ ရုံး မ တင် ဖြစ် ရင် တောင် မှ ကျွန် တော် တို့ နိုင် ငံ ဒီ မို က ရေ စီ ရ လာ တဲ့ တ နေ့ ( ဘယ် စစ် အ ဏာ ရှင် မှ ထာ ၀ ရ မ တည် မြဲ နိုင် ပါ ဘူး၊ အ ဏာ ရှင် ဆို တာ အ ချိန် တ ခု ရောက် တဲ့ အ ခါ ကျ ရင် ကျ ဆုံး ကြ တာ ဟာ ဓ မ္မ တာ ပါ) ကျ ရင် ဒီ ကိ စ္စ တွေ ကို စစ် ဆေး ပြီး တ ရား ခံ တွေ ကို ဖေါ် ထုတ် ပေး ဖို့ တောင်း ဆို ပါ တယ်။ အ ပြစ် ပေး တာ မ ပေး တာ က နောက် တ ပိုင်း ထား ကျ ရ အောင်။ ဘာ ဖြစ် လို့ လဲ ဆို တော့ အ မေ စု တို့ က အ မျိုး သား ရေး ရင် ကြား စေ့ ဆွေး နွေး ၀ိုင်း ကို တပ် မ တော် က လူ တွေ မ တက် လာ မှာ စိုး လို့ အ လုံး စုံ သင် ပုန်း ချေ ချင် ကြ တယ် မ ဟုတ် လား။ အ မေ စု တို့ က ကိုယ် တိုင် ခံ ခဲ့ ရ တဲ့ ကာ ယ ကံ ရှင် တွေ အ နေ နဲ့ သင် ပုန်း ချေ လို့ ရ ပေ မဲ့၊ က ရင် နဲ့ တ ခြား သော လူ မျိုး စု တွေ က တော့ အ မျိုး စု နဲ့ ချီ ခံ ရ တာ ဖြစ် တဲ့ အ တွက် အ လုံး စုံ သင် ပုန်း ချေ ဖို့ ဆို တာ မ ဖြစ် နိုင် လို့ ပါ။ အ နည်း ဆုံး ဒီ ကျူး လွန် ခံ တဲ့ တ ရား ခံ ကို သ မိုင်း မှတ် တမ်း အ ဖြစ် ဖေါ် ထုတ် ပေး မှ ပဲ ခေတ် အ ဆက် ဆက် က အ ပြစ် မဲ့ ခံ ခဲ့ ရ တဲ့ ကျွန် တော် တို့ လူ မျိုး စု လူ သား တွေ အ တွက် တာ ၀န် ကျေ မယ် လို့ ကျွန် တော် ခံ ယူ လို့ ပါ။ အ ပြစ် ဒဏ် က တော့ တ မျိုး သား လုံး နဲ့ ဆိုင် တဲ့ အ တွက် က ရင် တ မျိုး သား လုံး ညီ လာ ခံ ခေါ် ပြီး ဆုံး ဖြတ် စေ ချင် ပါ တယ်။ အဲ ဒီ အ ချိန် မှာ အ မေ စု က သူ တို့ ကို လွတ် ငြိမ်း ချမ်း သာ ခွင့် ပေး စေ ချင် ရင် တော့ သူ တို့ ဖက် က ရပ် တည် ပြီး တောင်း ဆို မယ် ဆို ရင် တော့ ကျွန် တော် ထင် ပါ တယ် က ရင် လူ မျိုး တွေ ဟာ မ ရိုင်း တတ် ပါ ဘူး။ ကျွန် တော် အ ခု လို တောင်း ဆို တာ ဟာ ကျွန် တော် ဟာ က ရင် လူ မျိုး စု ခေါင်း ဆောင် တ ဦး အ နေ နဲ့ မ ဟုတ် ပါ ဘူး။ က ရင် တိုင်း ရင်း သား တစ် ဦး အ နေ နဲ့ ကျွန် တော့ ရဲ့ တစ် ဦး တည်း သောအ သံ ပါ။

၎) နောက် ဆုံး က တော့ တ ရုတ် နိုင် ငံ နဲ့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ပြော ချင် ပါ တယ်။ စစ် အာ ဏာ ရှင် ကို ရပ် တည် အ ကာ အ ကွယ် ပေး နေ တဲ့ တ ရုတ် နိုင် ငံ ကို သံ တ မန် နည်း အ ရ စည်း ရုံး လို့ ကျွန် တော် တို့ ဖက် ကို မှ နည်း နည်း လေး မ ငဲ့ ညှာ ဘူး ဆို တော့ ကျွန် တော် တို့ ဖက် က လဲ ပြတ် ပြတ် သား သား ပြော ဖို့ လို မယ် ထင် ပါ တယ်။ စစ် အာ ဏာ ရှင် တွေ ကျ ဆုံး လို့ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ ကျွန် တော် တို့ တ တွေ လဲ တ ရုတ် နဲ့ အ ကျိုး တူ စီး ပွား ရေး လုပ် ငန်း တွေ ကို ပြန် သုံး သပ် ရ ပါ လိမ့် မယ် လို့ ပြတ် ပြတ် သား သား ပြော ရ ပါ လိမ့် မယ်။ တ ရုတ် ဟာ သူ တို့ အ ကျိုး စီး ပွား ကို ပဲ ကြည့် ပါ တယ်။ နောက် ပြီး စစ် အာ ဏာ ရှင် တွေ ဒီ အ တိုင်း ကြာ ကြာ အ နေ နိုင် ဘူး ဆို တာ လဲ သူ တို့ သိ ပါ တယ်။ အဲ ဒီ လို ပြတ် ပြတ် သား သား ပြော ပါ မှ လဲ အ မေ စု တို့ ဖက် ကို နည်း နည်း လှည့် လာ လိမ့် မယ် လို့ ထင် ပါ တယ်။ ကျွန် တော် နိုင် ငံ ရေး နား မ လည် ပါ။ သံ တ မန် ရေး ကို နား မ လည် ပါ။ သာ မန် တိုင်း ရင်း သား ပြည် သူ တစ် ယောက် ရဲ့ ရိုး ရိုး အ မြင် ပါ။
နောက် ပြီး စစ် အာ ဏာ ရှင် တွေ နဲ့ ပေါင်း ပြီး နိုင် ငံ တော် ပိုင် တွေ ကို အ ကျိုး တူ ခိုး နေ တဲ့ စီး ပွား ရေး သ မား အ မည် ခံ နေ တဲ့ သူ တွေ ပါ။ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ တော့ အား လုံး ကို စုံ စမ်း စစ် ဆေး ပြီး တော့ တ ရား မျှ တ မှု တွေ ကို ရ အောင် ပြန် ယူ မယ်၊ အ ပြစ် ပေး စ ရာ ရှိ ရင် လဲ  တ ရား ဥ ပ ဒေ အ ရ အ ပြစ် လို့ တိ တိ ကျ ကျ အ သိ ပေး ထား ဖို့ လို ပါ တယ်။ ဒါ မှ လဲ သူ တို့ လုပ် ချင် သ လို မ တ ရား ဆီ က မ တ ရား သိမ်း ယူ နေ တာ တွေ တန့် သွား လိမ့် မယ် လို့ ထင် ပါ တယ်။

ကျွန် တော် ဟာ အ မေ စု ကို ကျွန် တော့ ရဲ့ သူ ရဲ ကောင်း၊ စံ ထား ရဲ့ ပု ဂ္ဂိုလ် အ နေ နဲ့ ထာ ၀ ရ လေး စား အား ကိုး ယုံ ကြည် တဲ့ လူ တစ် ယောက် ပါ။ တ ကယ် လို့ ကျွန် တော် စာ ဟာ အ မေ စု ကို တ စုံ တ ခု ထိ ခိုက် စေ မယ် နစ် နာ စော် ကား သ လို ဖြစ် နေ ဆို ရင် တော့ အ နူး အ ညွတ် တောင်း ပန် ပါ တယ်။

Friday, December 10, 2010

ဝီကီလိကထွက်လာတဲ့မြန်မာသတင်းလင့်များ

ကူး ပြီး မ ဖေါ် ပြ တော့ ဘူး လင့် ကို နှိပ် ပြီး မူ ရင်း သ တင်း ဌာ န တွေ မှာ ပဲ ဖတ် ပါ။

·       US embassy cables: Revealed - what China really thinks about Burma

9 Dec 2010: Cable sent 11/01/2008
C O N F I D E N T I A L SECTION 01 OF 03 BEIJING 000125
9 Dec 2010: Cable sent 07/08/2009
S E C R E T RANGOON 000502
9 Dec 2010: Cable sent 07/10/2008
C O N F I D E N T I A L STATE 107438
9 Dec 2010: Cable sent 18/01/2008
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
9 Dec 2010: Cable sent 10/11/2009
S E C R E T RANGOON 000732
9 Dec 2010: Cable sent 14/07/2008
C O N F I D E N T I A L SECTION 01 OF 04 RANGOON 000557

Sunday, December 5, 2010

လူမသိသူမသိ ၂၇ နှစ်

မိုး မ ခ မှ ကူး ယူ ဖေါ် ပြ ပါ သည်။
နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။
ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။
နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။
နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။
အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။
ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကို ပြောင်းရွှေ့ခဲ့ရပြီး လွတ်ရက်လည်း မသိ၊ တူးကီ လွတ်မြောက်ရေး ဆိုပြီး သီးခြား တောင်းဆိုတာလည်း မရှိသေးလို့-
ကရင့်တော်လှန်ရေး နိုင်ငံရေးအကျဉ်းသား တူးကီကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုလိုက်ပါတယ်။
တူးကီ နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်းလွှတ်
ဘဝတူ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်
http://ppmoemaka.blogspot.com/

Saturday, December 4, 2010

လော က ၀မ်း မြောက်



လူ သား တွေ ရဲ့ တပ် မက် မှု အ တ္တ အ ပြစ် နွံ ထဲ က ကယ် တင် ဖို့ က မ္ဘာ ကို ဖန် ဆင်း တဲ့ ဘု ရား သား တော်၊ ခ ရစ် တော် လူ သား အ ဖြစ် ကို ခံ ယူ မွေး ဖွား ခဲ့ တဲ့ ခ ရ စ္စ မတ် လ ရာ သီ ကို ရောက် ခဲ့ ပြန် ပါ ပေါ့ လား။
ခ ရစ် ယာန် တွေ ပျော် ကြ တယ်။ သူ တို့ ရဲ့ အ ထွတ် အ မြတ် ထား တဲ့ ဘာ သာ ရေး ပွဲ တော် နဲ့ ကယ် တင် ခြင်း ယုံ ကြည် ခြင်း အ တွက် ခ ရစ် ယာန် တွေ ပျော် ရွင် စွာ နဲ့ အ လုပ် ရှုတ် ကြ တယ်။
ဈေး ရောင်း ဈေး ၀ယ် ကုန် သည် တွေ လဲ ပျော် ကြ တယ်။ ဒီ လ မှာ ဈေး ရောင်း ဈေး ၀ယ် အ ရမ်း ကောင်း တယ်။ နောက် ပြီး အ ရောင်း မြှင့် တင် ရေး တွေ လုပ် လို့ အ ရမ်း ကောင်း တဲ့ ရာ သီ ဆို တော့ ပျော် ရွှင် စွာ နဲ့ အ လုပ် ရှုတ် ကြ လေ ရဲ့။ 
အ နု ပ ညာ ရှင် တွေ လဲ ပျော် ကြ လေ ရဲ့။ ပွဲ တော် တွေ အ ရမ်း များ လို့ ဖျော် ဖြေ ပွဲ တွေ အ ရမ်း များ လို့ အ လုပ် ရှုတ် စွာ နဲ့ ပျော် ရွှင် ကြ လေ ရဲ့။
ပြည် သူ လူ ထု တွေ တော် တော် များ များ လဲ ပျော် ရွှင် ကြ လေ ရဲ့။ အ လုပ် ပိတ် ရက် လဲ များ၊ ပျော် ပွဲ ရွှင် ပွဲ တွေ လဲ များ၊ စား ပွဲ သောက် ပွဲ တွေ လဲ များ ဆို တော့ ပျော် ရွှင် စွာ နဲ့ အ လုပ် ရှုတ် ကြ လေ ရဲ့။
ခ ရ စ္စ မတ် မှာ က မ္ဘာ သူ က မ္ဘာ သား တွေ တော် တော် များ များ ဟာ အ ကြောင်း အ မျိုး မျိုး ကြောင့် ပျော် ကြ ပါ တယ်။ ပျော် တာ ကောင်း ပါ တယ်။ ဒါ ပေ မဲ့ အ ပျော် တွေ မှာ ပဲ မ နစ် မျော နေ ပဲ ခ ရ စ္စ မတ် ရဲ့ အ နှစ် သာ ရ ဖြစ် တဲ့ ဖန် ဆင်း ရှင် ဘု ရား သ ခင် ဟာ အ ပြစ် သား တွေ အ တွက်  သူ အ လွန် ချစ် တဲ့ တ ပါး တည်း သော သား တော် ကို စွန့် လွှတ် သည့် တိုင် အောင် အ ပြစ် သား လော က သား တွေ ကို ချစ် တဲ့ ချစ် ခြင်း မေ တ္တာ ပါ။ ဒါ ကြောင့် ကျွန် တော် တို့ ပျော် ယုံ မ က ပဲ ခ ရ စ္စ မတ် ရဲ့ အ နှစ် သာ ရ ကို ဖေါ် ဆောင် ကြ စို့ လား ဗျား။
စစ် ဘေး စစ် ဒဏ် ခံ ရ တဲ့ သူ တွေ ကို ကျွန် တော် တို့ ချစ် ခြင်း မေ တ္တာ ပို့ ပေး ကြ ပါ စို့။
အ ယူ အ ဆ အ စွဲ၊ အ တ္တ အ စွဲ တွေ၊ နဲ့ ဒါ တွေ ကို ခု ခံ  ဖို့ အ တွက် စစ် တိုက် ပေး နေ ရ တဲ့ စစ် သား တွေ ကို လဲ ကျွန် တော် တို့ ချစ် ခြင်း မေ တ္တာ ဝေ မျှ ကြ ပါ စို့။
သ ဘာ ၀ ဘေး ဒဏ် ခံ ရ တဲ့ လူ တွေ ကို ကော မ မေ့ မ လျှော့ ကျွန် တော် တို့ ချစ် ခြင်း မေ တ္တာ ဝေ မျှ ကြ ပါ စို့။
အ ငတ် ဘေး တွေ့ ကြုံ နေ ရ ကြ တဲ့ သူ တွေ ကို လဲ မ လွဲ မ သွေ ကျွန် တော် တို့ ချစ် ခြင်း မေ တ္တာ ဝေ မျှ ရ မှာ ပါ။
မိ ဘ မဲ့ က လေး လေး တွေ အ တွက် လဲ ချစ် ခြင်း မေ တ္တာ ဝေ မျှ ကြ ပါ စို့။
AIDS နဲ့ တ ခြား ကူး စက် ရော ဂါ သည် တွေ ကို လဲ ချစ် ခြင်း မေ တ္တာ ဝေ မျှ ရ မှာ ပါ။
သက် ကြီး ရွယ် အို၊ မ  သန် မ စွမ်း၊ နာ မ ကျန်း ဖြစ် တဲ့ သူ တွေ ကို ပါ မ ဖြစ် အ နေ ချစ် ခြင်း မေ တ္တာ ဝေ မျှ ဖို့ လဲ လို ပါ တယ်။
လော ကီ တပ် မက် မှု အောက် မှာ ကောက် ကောက် ပါ အောင် မ ရုန်း ထွက် နိုင် တဲ့ လူ ငယ် လေး တွေ ကို လဲ ချစ် ခြင်း မေ တ္တာ ဝေ မှု ကြ ပါ စို့။
က မ္ဘာ လော က ရဲ့ အ မေ့ ခံ အ ကျဉ်း သား တွေ ကို လဲ ချစ် ခြင်း မေ တ္တာ ဝေ မျှ ကြ ပါ စို့။
ခ ရ စ္စ မတ် ကို အ နှစ် သာ ရ ရှိ စွာ ချစ် ခြင်း မေ တ္တာ ဝေ မျှ ပြီး ပျော် ရွင် စွာ ဆင် နွဲ ကြ ပါ စို့။