Blogger Widgets

Tuesday, August 28, 2012

KIC news


သမ္မတဦးသိန်းစိန်၏ ၀န်ကြီးအပြောင်းအလဲ KNU အကောင်းမြင်
သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။

KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့အပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်း အပြောင်းအလဲကို တကယ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း စောဒေးဗစ်သကဘောက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြောင်းလဲခန့်လိုက်သည့် ၀န်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။

ထို့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို (ပြန်ကြားရေးဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို (သမ၀ါယမ၀န်ကြီး)၊ သမ ၀ါယမ၀န်ကြီး ဦးအုန်းမြင့်ကို (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်ကို (စက်မှုဝန်ကြီး)နှင့် မူလ ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားသည့် ဦးတင့်ဆန်း(အားကစားဝန်ကြီး) စသည်တို့ကို သမ္မတက အသီးသီး ပြောင်းလဲခန့်အပ်ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၂)တို့အရ ပြည်ထောင်စုဝန် ကြီးများအား ယင်းကဲ့သို့ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု

KIC news

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

Submitted by on Tuesday, 28 August 2012--
သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။
ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။
“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။
ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါဝင်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။
KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။
မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Sunday, August 26, 2012

Facebook news


မိုးမခသတင်း

မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Aung Htoo)

မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်
အောင်ထူး (ရှေ့နေ) သြဂုတ် ၂၆၊ ၂၀၁၂
ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီးနောက် သမတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီး တခုကို အသုံးချခဲ့သည်။ ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် စေခဲ့ သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်အစီရင်ခံစာတစွန်းတစမျှ ပြည်သူလူထုအတွက် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။ ဒုတိယ တခုမှာ လူ့အခွင့်အရေး ကော်မရှင်ဖြစ်သည်။ ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် ခြားနားမှုများစွာ မရှိလှပါ။ အမှန်တရားနှင့် စပ်လျှဉ်း၍ အားကိုးလောက်သော အချက်များ ပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှပင် တိကျသည့် သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။ ဟော

Saturday, August 25, 2012

အမှားပြင်ထားတဲ့ Irrawaddy

Irrawaddy ကသတင်းထောက် ကျွန်တော်ရေးလိုက်တဲ့ကွန့်မင့် ကိုတင်မပေးပဲ အမှားကိုပြင်ထားလိုက် တာပါ။ Irrawaddy ကိုအမျိုးသားရေး အသိနဲ့ စောင့်ကြည့်ဖို့လိုပါပြီ။ ကျွန်တော်သာ ထောက်မပြရင်ရူးသလိုမူးသ လိုနဲ့ဆက်ထားရင် မသိနားမလည်သူတွေ KNU ကိုအထင်မှား စရာဖြစ် စေပါလိမ့်မယ်။  ဒီလိုဖြစ်မှားစိုးလို့ KNU ကသဘောထားထုတ်ပြန်တာ တောင်ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တတ်တာ သတိထားစရာပါ။

KNU နှင့် အစိုးရ အပစ်ရပ် ဆွေးနွေးပွဲ ရွှေ့ဆိုင်း

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ကရင် အမျိုးသားအစည်း KNU နှင့် အစိုးရတို့ရဲ့ လာမယ့် သြဂုတ်လ ၂၇ ၊ ၂၈ ရက်နေ့ ကရင်ပြည်နယ် ဖားအံမြို့မှာ တတိယအကြိမ်အဖြစ် အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ လုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်း ထားကြောင်း KNU ဌာနချုပ်ရုံးက ကြေညာချက် တစောင်ကို ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်က လာမယ့် သြဂုတ်လ ၂၇၊ ၂၈ ကို ဆွေးနွေးကြဖို့ နုတ်အားဖြင့်သာ အတည်ပြု
ပေမယ့် မြန်မာဘက်က အကြောင်းပြချက် မရှိ အခုလို ရွှေ့ဆိုင်းလိုက်တာလည်းဖြစ်တယ် လို့ ကြေညာချက်က ဆိုပါတယ်။

မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မြ၀တီမြို့မှာ အစိုးရဘက်က ကိုယ်စားလှယ်တွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ အစရှိသူတွေနဲ့ တတိယအကြိမ် အပစ်ရပ်ဆွေးနွေးပွဲအတွက် ဒီရက်ကို ဖားအံမှာ ကျင်းပဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော KNU ကြေညာချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

Irrawaddy ပြသနာရှာတာလား မှားတာလား

အင်္ဂလိပ်လို ဖတ်လို့နားမလည်ရင် KNU ဗမာရေးပြီး သဘောထားထုတ်ပြန်ထားတယ်။ အဲဒါကိုဖတ်ပြီးမှသတင်းရေးပါ။ တမင်သက်သက် KNU ကိုအထင်မှားအောင်ရေးတာဆိုရင်တော့ Irrawaddy ကိုအပြင်းအထန်ကန့်ကွက်ပါတယ်။ သတင်းသမားကျင့်ဝတ် ကိုလိုက်နာဖို့သတိပေးပါရစေ

KNU နှင့် အစိုးရ အပစ်ရပ် ဆွေးနွေးပွဲ ရွှေ့ဆိုင်း

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ကရင် အမျိုးသားအစည်း KNU နှင့် အစိုးရတို့ရဲ့ လာမယ့် သြဂုတ်လ ၂၇ ၊ ၂၈ ရက်နေ့ ကရင်ပြည်နယ် ဖားအံမြို့မှာ တတိယအကြိမ်အဖြစ် အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ လုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်း ထားကြောင်း KNU ဌာနချုပ်ရုံးက ကြေညာချက် တစောင်ကို ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။

အခုလို ရွှေ့ဆိုင်းလိုက်ရခြင်းဟာ KNU ဘက်က တဖက်သတ် ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ် လို့ ကြေညာချက် က ဆိုပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်က လာမယ့် သြဂုတ်လ ၂၇၊ ၂၈ ကို ဆွေးနွေးကြဖို့ နုတ်အားဖြင့် အတည်ပြုပေ မယ့် KNU ဘက်က စိတ်ပျက်စရာ အခြေအနေတွေကြောင့် အခုလို ရွှေ့ဆိုင်းလိုက်တာလည်းဖြစ်တယ်လို့ ကြေ
ညာချက်က ဆိုပါတယ်။

မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မြ၀တီမြို့မှာ အစိုးရဘက်က ကိုယ်စားလှယ်တွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ အစရှိသူတွေနဲ့ တတိယအကြိမ် အပစ်ရပ်ဆွေးနွေးပွဲအတွက်

ဘာ တွေ ဆင် ကြံ ကြံ ပြန် ပြီ လဲ

KNU နဲ့ သြ ဂုတ် လ ၂၇ ရက် နေ့ မှာ ငြိမ်း ချမ်း ရေး ဆွေး နွေး မယ် ဆို တာ ကို သိန်း စိန် အ စိုး ရ က တ တိ ယ အ ကြိမ် မြောက် ဖျက် သိမ်း လိုက် ပြန် ပြီ။ ဘာ တွေ က လိမ် က ကျစ် ကြံ နေ လဲ ဆို တာ သိန်း စိန် အ စိုး ရ ကိုယ် တိုင် အ သိ  ဆုံး ဖြစ် မှာ ပါ။
သေ ချာ တာ က တော့  အ ပစ် ရပ် တာ အ ခွင့် ကောင်း ယူ ပြီး အ စိုး ရ စစ် တပ် ကို က ရင် ပြည် နယ် မှာ နေ ရာ စိုး မိုး မှု နဲ့ အင် အား တိုး ချဲ့ တာ ကို လုပ် နေ တာ ပါ။
နောက် တစ် ခု က ငြိမ်း ချမ်း ရေး ဆွေး နွေး မှု မ လုပ် ပဲ ဆက် ဆံ ရေး ရုံး ရေး ရုံး တစ် ခု တစ် ခု ပြီး တစ် ခု လိုက် လိုက် ပြီး ဖွင့် နေ တာ ဟာ KNU ကို သွေး ခွဲ ဖို့ ကြိုး စား နေ တာ ပါ။ 
ဒီ အ ချိမ် မှာ KNU တော် လှန် ရေး သ တိ ကြီး ကြီး ထား ဖို့ လို ပါ လိမ့် မယ်။

Friday, August 24, 2012

KIC news

လူငယ်များ၏ စကားလက်ဆောင်။

စောချာ့ဒို့ဝါး - ၂၅နှစ်
ပညာအရည်အချင်း - ဆယ်တန်းလွန်ကျောင်း (Post Ten)
ဝါသနာ - နိုင်ငံရေး

ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့(မိချောင်းဝင်း)ရွာမှာ နေပါတယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက်သားပါ။ မိဘတွေကတော့ ရွာမှာပဲနေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ ၃တန်းအောင်အထိ ကျောင်းနေ ခဲ့ပါတယ်။ မိဘတွေအလုပ်က ပင်ပမ်းတဲ့အတွက် သူတို့ကို ကူညီချင်တာနဲ့ ၃တန်းအောင်တဲ့နှစ်မှာပဲ ကျောင်းဆက်မတက်တော့ဘဲ တနှစ် နွားကျောင်းတယ်။ ဒါပေမယ့် ကျောင်းကလည်း တက်ချင်သေးတယ်ဆိုတော့ နွားကျောင်းပြီး ကျောင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။

ရွာမှာ ကျောင်းဆက်တက်မယ်ဆိုရင် ကျောင်းစရိတ်ကလည်း ရှိသေးတယ်လေ။ အလုပ်လုပ်နေရတဲ့ မိဘကိုလည်း စာနာတယ်။ ဒါကြောင့် ကျောင်းစရိတ်မလိုတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါး(ယခု မယ်လအူး)ဒုက္ခသည်စခန်းကို တော်လှန်ရေးအဖွဲ့ အကူအညီနဲ့ ၁၉၉၉ခုနှစ်မှာ တက်လာပြီး ကျောင်းဆက်နေတယ်။ ဒုက္ခသည်စခန်းမှာ ကျောင်းတက်တာ ဆယ်တန်းအောင်တဲ့အထိပါပဲ။ ဆယ်တန်း အောင်ပြီး ၂၀၀၇မှာ KNU က တပ်မဟာ(၅)မှာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျေ
ာင်းကို ၂နှစ် တက်တယ်။ အဲဒီ ကျောင်းကစပြီး ကရင့်သမိုင်းနဲ့ တော်လှန်ရေးသမိုင်းကို တော်တော်သိလာခဲ့တယ်။ ပြီးတော့ KNU တပ်မဟာ(၅)ကဖွင့်တဲ့ ဒေးဖိုးနို အထက်တန်းကျောင်းမှာ ကျောင်းဆရာ တနှစ် ပြန်လုပ်တယ်။ အဲဒီနောက်ပိုင်း KNU ထဲမှာ စ၀င်အလုပ်လုပ်တာ အခုထိပါပဲ။ လက်ရှိ ၂၀၁၂ခုနှစ်၊ KNU တပ်မဟာ(၇)၊ လှိုင်းဘွဲမြို့နယ်မှာဖွင့်တဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျောင်းကို တက်ရောက်မှာ ဖြစ်ပါတယ်။

ကျနော်ငယ်ငယ်တုန်းက စစ်ဗိုလ်အရမ်းဖြစ်ချင်တာ။ ဒါပေမယ့် လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ရင်း နိုင်ငံရေးဘက်ကို စိတ်ပြန်ဝင်စား လာတယ်။ ဒီလိုမျိုး နိုင်ငံရေးသင်တန်းကျောင်းအရင်က တက်ထားဖူးပေမယ့် အခုဒီကျောင်းမှာ ဒီနှစ်သင်မယ့် ဘာသာရပ်တွေ အရမ်းစိတ် ၀င်စားတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်ကတော့ အဓိကပေါ့။ အခြေခံစစ်သင်တန်းလည်း ပါတယ်လေ။ ကျနော် ရည်ရွယ်ထား တဲ့အရာတွေကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်သွားမယ်လို့ ဆန္ဒပြုထားပါတယ်။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြော ချင်တာက ကိုယ့်ကရင့်သမိုင်းကို သိရှိနားလည်အောင် လေ့လာပါ။ ကိုယ့်ကရင်အမျိုးသားအတွက်လည်း တတ်နိုင်တဲ့ဘက်က အလုပ် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

KIC news

မြန်မာအစိုးရနှင့် NGOs ကွန်ယက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး

Submitted by on Friday, 24 August 2012--
သြဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကိစ္စကို NGOs ကွန်ယက်အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာတာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ညနေ ၆နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ခဲ့ရာ ၎င်းတွေ့ဆုံပွဲ၌ ၁၉၈၈ခုနှစ်က အတည်ပြု ထားခဲ့သည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေကို NGOs ကွန်ယက်အဖွဲ့များက လက်မခံနိုင်သဖြင့် ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသမီးများကွန်ယက်အဖွဲ့ ဥက္ကဌ နော်စူစဲနာလှလှစိုးက

Monday, August 20, 2012

Facebook က ကူး ထား တဲ့ ဆောင်း ပါး တစ် ပုဒ် ပါ။ (ဝေ ဖန် ဖို့ ပါ)

ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁) (ရေးသူ - ထိန်လင်း)

by New D-Wave on Sunday, August 19, 2012 at 5:36am ·


မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲ ဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက် ဖြစ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ ကောင်းတယ်။

ချွတ်ချော်တဲ့ လွှတ်တော်က သမတကို စိန်ခေါ်ပွဲ စလိုက်တာ တွေ့ရတယ်။ ခုံရုံးကို ဖြုတ်ပစ်- ငါတို့က ပြည်ထောင်စုအဆင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲရဲတောက်နေလိုက်ကြတာ။ Lawmaker တွေလည်း လက်သီးလက်မောင်းတန်းလို့။ အမှန်တော့ lawmaker တွေ အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲေ၇ာက်သွားကြပြီ။ ဒါကို အမတ်တွေ နားမလည်ဘူး။ သူတို့ခမျာလည်း အရှေ့တောင်အာရှမှာ အကြီးကျယ် ဆုံး လွှတ်တော်ကြီးထဲကို ရောက်ပြီး သွေးတွေ နထင်ရောက်နေလိုက်ကြတာ။ NLD အမတ် ဗိုလ်(ပြုတ်)၀င်း ထိန် (မိထီလာ) ပြောတဲ့စကားလေး ရှိတယ်။ လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတားအဆီးမရှိဘူး။ အစိုးရကို မကောင်းဘူး ပြော - တရားသူကြီးတွေ မမှန်ဘူး ပြော- ကြိုက်သလောက် ပြော-ရတယ်။ ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက်သွားမယ် ဆိုတဲ့ စကား လေးပါ။ ဗိုလ်ဝင်းထိန်က အမှန်တော့ လူတော်။ အခြေအနေကြောင့် ဗိုလ်ပြုတ်ဖြစ်ခဲ့ပေမယ့် သူက ပင်ကို တော်တဲ့သူ။

လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်း ထင်တိုင်းကြဲနေတာက ထိန်းမယ့်သူ-ထိန်းနိုင်တဲ့သူ မရှိဘူး ဖြစ်နေတယ်။ ကြံ့ဖွံ့ EC တွေကလည်း တစ်သားတည်း ဖြစ်နေတာ။ ဒါက ဗိုလ်အောင်သိန်းလင်းကို ထိလိုက်တဲ့အချက် လည်း ကျိန်းသေ ပါနေတယ်။ အမှန်တော့ ဗိုလ်အောင်သိန်းလင်း အင်တာဗျူးက အမှန်။ အဲဒီစကားတွေက ဗိုလ်ရွှေမန်းနဲ့ ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားပဲ။ နိုင်ငံရေးဆိုတာ ဒီလိုပဲ။ ကံမကောင်းချင် တော့ ဗိုလ်အောင်သိန်းလင်းက အရမ်း စကားကျွံသွားတယ်။ ဒီတော့ အရေးမယူရင် ပါတီလည်း ဖွဲ့စည်းပုံ ပျက်ဖို့ပဲ ရှိတော့ လူသိထင်ရှား အရေးယူပစ်ရတယ်။ ဒီတစ်ကွက်ဟာ ဗိုလ်ရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ဖွံ့ ထိပ်ပိုင်းက လူတွေအတွက် မနှစ်မျို့စရာ ဖြစ်ခဲ့ရတယ်။

ဗိုလ်ရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်တယ်။ စနစ်တကျ အကွက်ချတတ်တယ်။ ဆိုလို တာက နိုင်ငံရေးဆိုတာ ညစ်ပတ်၊ ကလိမ်ကကျစ် လုပ်တတ်ရတယ်။ မလုပ်ရင်တော့ သေဖို့သာပြင်ပေ တော့။ အခုဆို ဗိုလ်သိန်းစိန်အစိုးရ အကျပ်ရိုက်နေပြီ။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာဒေါက်တိုင်ကြီး သုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာ။ ဒီအညှာကို ချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင်တွေ အချိန်မရွေး ဖြိုပစ် လို့ရပြီ။ ဦးချိုးတယ် လို့ ခေါ်တယ်။ အခု ဖြစ်နေတဲ့ ပြဿနာကို ဘယ်ဘက်ကမှ မလိုက်စတမ်း ပြောရရင် ပြည်သူ့လွှတ်တော်က အာဏာရှင်ဒီမိုကရေစီကို စပြီး ခြေလှမ်းလိုက်တာပဲ။ နောက်ကြောင်း ပြန်ဖို့ စပြီး အကွက်ရွှေ့တာက ဗိုလ်ရွှေမန်းပဲ။ သူ့နောက်ကြောင်းက သမတ ပြန်ရွေးတဲ့ မကျေနပ်ရင် တစ်က ပြန်စ ဆိုတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် အံ့သြဖို့ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရက် တွေ ဒီထဲမှာ ရောယောင်ပါလာတာပဲ။ တစ်ဖက်ကကြည့်ရင် ဒီအင်အားတွေကို ရအောင် စုစည်းနိုင်တာ ဗိုလ်ရွှေမန်းရဲ့ နိုင်ငံရေး ပရိယာယ် သိပ်ကောင်းလို့ပဲ။ ဒါကိုတော့ ချီးကျူးရမှာပဲ။

ဒါပေမယ့် သိသာထင်ရှားတဲ့ အမြင်ကတော့ ဒါက ကြံ့ဖွံ့အတွင်းစည်း ပြဿနာပဲ။ ဒါကို လူသိထင်ရှား တိုက်ကွက်ဖော်လာတဲ့ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ။ စဉ်းစားကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ ကောင်း တယ်။ ဗိုလ်ရွှေမန်းဟာ ဒီလောက် ဦးနှောက်ကောင်းပါ့လား။ ဒါမှမဟုတ် မတော်တဆ ကံကောင်းသွားသည် လား။ ဒါကိုတော့ ဗိုလ်ရွှေမန်းသာ သိပါလိမ့်မယ်။ တစ်ခုရှိတာက ဗိုလ်ရွှေမန်းမှာ နိုင်ငံရေးရူး ရူးနေတဲ့ တိုးနိုင်မန်း ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဒီသားကို ဗိုလ်ရွှေမန်းက လွှတ်တော်ကော်မရှင်တစ်ခုတည်းမှာ ထည့်ထားတယ်။ ရည်ရွယ်တာက ပြည်ထောင်စုအဆင့်ရရင် သူ့သားကလည်း ပြည်ထောင်စုအဆင့် ဖြစ် လာမယ်။ နိုင်ငံခြားခရီးတွေ သွားရင် သူ့သားကို ပွဲထုတ်လာတဲ့အချက်ဟာ ဗိုလ်ရွှေမန်းရဲ့ မန်းမျိုးဆက် ထူထောင်လိုတဲ့ တခြားရည်ရွယ်ချက် ရှိနေမှာ သေချာတယ်။ ဒီနေရာမှာ သူ့သားအရင်းကို ဘာအရည် အချင်းနဲ့ ကော်မရှင်ဝင် ခန့်ထားတာလဲ ဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ ဗိုလ်ပြုတ် တိုးနိုင်မန်းဟာ ခရိုနီခင်ရွှေရဲ့ သမီးကို စုလျားရစ်ပတ်ပြီး စီးပွားရေးအင်ပါယာထောင်နေတယ်။ ခရိုနီတွေက lawmaker ဖြစ် နေတော့ ဒီလွှတ်တော်တွေက ဘယ်လိုလုပ် သန့်စင်နိုင်တော့မလဲ။ တိုးနိုင်မန်းကို မျက်နှာပြောင် တိုက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းဟာ ဗိုလ်ရွှေမန်းရဲ့ မျက်နှာပြောင်တိုက်ရဲတဲ့ သတိကို ဖော်ပြ နေတာ ဖြစ်တယ်။

ပြည်ထောင်စုအဆင့်ကို စပြီးတောင်းတာက ကြံ့ဖွံ့ထိပ်ပိုင်းက ခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အခုနောက် ပိုင်း ကြံ့ဖွံ့ထဲက ဗိုလ်အောင်ကို၊ ဗိုလ်သူရိန်ဇော်၊ ဗိုလ်မောင်တိုး၊ ဗိုလ်အေးမောက် တို့က ဗိုလ်ရွှေမန်းရဲ့ အနီးကပ်အမာခံ ညာလက်ရုံးတွေ အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာတာ တွေ့ရတယ်။ သူတို့လို လူသိ ထင်ရှား မပြသော်လည်း ပညာသားပါပါ နိုင်ငံရေးကစားနေကြတာက ဗိုလ်အောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်မောင်မောင်သိမ်း စတဲ့ နအဖ၀န်ကြီးအဟောင်းတွေ ဖြစ်တယ်။ သူတို့ရဲ့ ကစားကွက်မှာ တိုက်ရိုက် ပါဝင်သွားတာက ကျားဖြူက ဦးရဲထွန်းပဲ  ဖြစ်တယ်။ သူက လက်မှတ်တွေ လိုက်စုတယ်။ အမှန်က ကျားဖြူ ဦးရဲထွန်းဟာ အခွင့်အရေးသမား ဖြစ်တယ်။ ကျားဖြူရဲထွန်းဟာ ပါတီရဲ့ မူဝါဒနဲ့ မဆိုင်တဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတာကို ကျားဖြူပါတီကလည်း မထိန်းနိုင်တော့ဘူး။ ပြီးတော့ ဦးရဲထွန်းဟာ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားတာ ဖြစ်ပြီး ဒါကို ဦးရဲထွန်းကိုယ်တိုင်တောင် မသိလောက်ဘူး။
ဗိုလ်ရွှေမန်းရဲ့ ဥာဏ်များပုံက ကျားဖြူက နန်းဝါနုကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်သာ အောင် ချုပ်တယ်။ ပြီးတော့ ကော်မတီအသစ်ဖွဲ့ ဥကဌခန့်တယ်။ လွှတ်တော်ထဲမှာ ဦးနဒကျော်စွာ ပြော သွားတဲ့ ဗိုလ်ရွှေမန်းက တားထားလို့ ဆိုတာ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥကဌ ဖြစ်လာ တဲ့အချိန်ကို စောင့်နေတာ။ ဒါမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ သူ့နောက်ပါလာမယ်။

ကဲ ထားတော့။ ခုံရုံးကို ဖြုတ်ချနိုင်ပြီ ဆိုရင် သူက ဘာမဆို လုပ်လို့ ရသွားပြီ။ သူ့ကို ထိန်းနိုင်တာ ခုံရုံးပဲ ရှိတယ်။ ခုံရုံးကို ဦးချိုးနိုင်ပြီ ဆိုရင် အစိုးရကိုရော၊ တရားလွှတ်တော်ကိုပါ ထင်ရာစိုင်းလို့ ရသွားပြီ။ အခု ရွေး ချယ်လိုက်တဲ့ သားကောင်က ခုံရုံး ဖြစ်နေတာကိုက အရေးကြီးတဲ့ အချက်လို့ မြင်တယ်။

မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့ တပည့်၊ Eleven, The Voice, Street View နဲ့ အခြား ဂျာနယ်အတော်များများကို ကိုင်ထားတယ်။ Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖို့ ဖွဲ့ထားတာ ဖြစ်တယ်။ ဗိုလ်ရွှေမန်း မှားသွားတဲ့အချက်က တိုးနိုင်မန်းကို တည့်တိုး ကြီး အဖွဲ့ဝင် ပေးလိုက်တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်ရွှေမန်းရဲ့ ချမ်းသာကြွယ်ဝမှုက တေဇနဲ့ ထွန်းမြင့်နိုင်တို့ ထက် မသာရင်သာနေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်း အားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူ ပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်း ဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ေ၇ာင်းချပြီး သူဌေး ဖြစ်လာ တာ။ ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထဲ့တာ ဦးပိုင်က လူတွေ အာချောင်လို့ ဗိုလ်တင်အေးက ဖုံးဖိထားခဲ့ရတယ်လို့ ဆိုတယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်တယ်။ တိုးနိုင်မန်းဟာ ဘ၀င်မြင့်ရောဂါ ရနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လက်သိပ်မွေးဖို့ ကြံစည်နေတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစု ကြည်အနားက ဒေါ်ဥမ္မာ၊ ဒေါ်စုစုလွင်တို့ကို တစ်ဆင့်ခံ ထောက်ပံ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ် ရွှေမန်း မဟာမိတ်ဝန်ရိုးတန်း ဖြစ်အောင် လုပ်နေတာက တိုးနိုင်မန်းပဲ။ ခက်တာက ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ရွှေမန်းကို မယုံဘူး။ ဗိုလ်သိန်းစိန်အပေါ်မှာတော့ အတော်ကလေး ယုံကြည်မှု ရှိတယ်။ ဒါကို တိုးနိုင် မန်းက မခံချိမခံသာ ဖြစ်ပြီး သူ့အဖေ ဗိုလ်ရွှေမန်း နာမည်ရဖို့ ရှာဖွေဖော်ထုတ်လာနေတာ ဖြစ်တယ်။ တိုးနိုင်မန်းရဲ့ ဂျာနယ်မှာ ဖော်ပြနေတာက တိုးနိုင်မန်းရဲ့ အာဘော်တွေပဲ။ တိုးနိုင်မန်းဟာ သန်းထွတ်အောင် နဲ့ပေါင်းပြီး ပြည်သူတွေကို အဆိပ်ကျွေးနေတာ ဖြစ်တယ်။
  လယ်သမား မြေသိမ်းခံရတဲ့ ကိစ္စ သူ့လွှတ်တော်က ဘာဖြစ်လို့ မကိုင်ရဲတာလဲ။ ခရိုနီတွေ ကြီးစိုး နေတာကို သူ့လွှတ်တော်က ဘာဖြစ်လို့ အသံမထွက်ရဲတာလဲ။ တစ်လောက ပိုင်ဆိုင်မှု ကြေညာဖို့ ငြင်းကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကြေညာသင့်တယ် ဆိုတော့ လွှတ်တော် အသံတိတ်သွား တာ မျက်နှာပြောင်နဲ့ နေရဲတယ်။ ဗိုလ်ရွှေမန်းနဲ့ မိသားစုဝင်တွေရဲ့ ချမ်းသာမှုဟာ အာရှထိပ်တန်း (၅၀) ထဲမှာ ၀င်နေတယ်လို့  စင်ကာပူက ဓါတ်သိတွေက ပြောတယ်။ အစိုးရ၀န်ကြီးဌာနတွေထဲမှာ တိုျးနိုင်မန်း၊ အောင်သက်မန်းတို့ ၀င်ပြီး ကိုင်ထားတာ အတော်များနေပြီ။ ၀န်ကြီးတွေက တိုးနိုင်မန်းကို မလှန်ရဲဘူး။ အဆိုးဆုံး ဗိုလ်သိန်းထွန်း ကိုင်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးဟာ ဗိုလ်ရွှေမန်းရဲ့ သူလျှိုတွေချည်းပဲ ပြည့်နှက်နေတာ ဖြစ်တယ်။ အလားတူ ပို့ဆောင်ရေး၊  သတုတွင်း၊ လယ်ဆည်၊ စီးပွား/ကူးသန်း၊ ဟိုတယ်/ခရီး ဒီဝန်ကြီးဌာနတွေဟာ အောင်သက်မန်းနဲ့ တိုးနိုင်မန်းတို့ရဲ့ လက်ခုပ်ထဲက ရေသာသာ အဆင့်တွေပဲ ဖြစ်တယ်။ ဒါကို ဗိုလ်သိန်းစိန် က ရှင်းပစ်တော့မှာ သိတော့ ဗိုလ်ရွှေမန်းဟာ တိုက်ကွက် တစ်ခုပြီး တစ်ခု ဖော်လာတာ ဖြစ်တယ်။

အမှန်တော့ လွှတ်တော်အမတ်တွေက ဘာမှ သိကြတာ မဟုတ်ဘူး။ တစ်လောက ဗိုလ်မြင့်လှိုင် ပြောတာ လွှတ်တော်ရဲ့ အနေအထားမှန်ပဲ။ ထိုင်ဆိုထိုင်- ထဆိုထ အများယောင်ရင် လိုက်ယောင်နေတာ။ တစ်ပါတ်က Hot News ဂျာနယ်မှာ အမတ်တွေ အိပ်မနေကြဖို့ ဗိုလ်ခင်အောင်မြင့်က သတိပေးလိုက်တယ် ဆိုတာ တွေ့ရတယ်။ သတင်းစာထဲမှာလည်း ဥပဒေ စည်းမျဉ်းတွေနဲ့ ပြည့်စုံအောင် အင်ဂါရပ်နဲ့ညီအောင် လုပ်သင့်တယ်လို့ ရှေ့နေချုပ်ရုံးက ပြောတော့ ဗိုလ်ရွှေမန်း အနာပေါ်ထုတ်ကျပြီး ပြန်ပြောလိုက်တာ တွေ့ရတယ်။ ပြောစရာ မလိုဘူး၊ လွှတ်တော်က ဘာလုပ်လုပ်ဆိုတဲ့ သဘောမျိုး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုပြီး လုပ်နေတာ ဖြစ်တယ်။

ဗကပဘက်က ကြားရတဲ့ သတင်းတွေအရ ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ရွှေမန်းကို ဖြုတ်ဖို့ ခွင့်တောင်းထား ပြီးပြီ လို့ သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ရုံအင်အားစုတွေ ရှိတဲ့ ဇေယျာသီရိမြို့နယ်က ဗိုလ်ရွှေမန်း ကို တင်မြှောက်ထားတာ ဖြစ်လို့ Right to recall အရ (၁%)လက်မှတ်ရေးထိုးရင် ဗိုလ်ရွှေမန်း ပြုတ်သွား ပြီ ဖြစ်တယ်။ ဗိုလ်မြင့်လှိုင်နဲ့ ပြဿနာမှာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေး၊ ဗိုလ်သန်းရွှေတို့က အတော်လေး မကျေမနပ် ဖြစ်တယ်လို့ ဆိုတယ်။ အခုလည်း တပ်ကို ဖြိုခွဲတဲ့ သဘောမျိုး လုပ်လာလို့ ဗိုလ်မင်းအောင် လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ လဲလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို နိုင်တာက ဗိုလ်မင်းအောင် လှိုင်ပဲ။ သူက အချိန်မရွေး ဗိုလ်ရွှေမန်းကို ဖြုတ်ပစ်နိုင်တဲ့ အာဏာ ရှိတယ်။ အခု ကြားရတာကတော့ ဗိုလ်သိန်းစိန်က စိတ်ရင်းကောင်းနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တားထားတယ်လို့ ဆိုတယ်။ ဗိုလ်မင်းအောင် လှိုင်ရဲ့ စစ်ရုံးဘက်က သတင်းတွေအရ စစ်ရုံးမှာ ကာကွယ်ရေးဘတ်ဂျက်ဖြတ်ဖို့ လူတွင်ကျယ်လုပ်ခဲ့တဲ့ တိုးနိုင်မန်းကို အတော်ကလေး မကျေမနပ် ဖြစ်နေတယ်လို့ ဆိုတယ်။



အခု နောက်ဆုံးခုံရုံးနဲ့ ဖြစ်တဲ့ ပြဿနာမှာ ဗိုလ်မင်းအောင်လှိုင်ဘက်က ကိုယ်စားလှယ်တွေက လုံးဝ မထောက်ခံဘူး လို့ သိရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကျားဖြူဦးရဲထွန်းဟာ တပ်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးဖို့ သွားစည်းရုံးတော့ ခပ်မာမာပဲ မထိုးနိုင်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ပြီးတော့ စနေနေ့ မြ၀တီသတင်းစာနဲ့ ရတနာပုံသတင်းစာတွေမှာ မောင်အေးချမ်း(ဟားဗတ်)ရဲ့ ဆောင်းပါးတွေ ထည့်သွင်း ဖော်ပြထားတာ တွေ့ရတယ်။ ဒီသတင်းစာတွေဟာ တပ်သတင်းစာတွေ ဖြစ်တဲ့အတွက် တပ်ရဲ့အာဘော်ကို ဖော်ပြလိုက်တာ ဖြစ်တယ်။ ဗိုလ်မင်းအောင်လှိုင် ဆိုလိုချင်တာက တပ်မတော်ကတော့ ဒီလို ဖြစ်စေချင်တယ်၊ ဒီလိုလုပ်ပါ။ မလုပ်ရင်တော့ ဖြုတ်ပစ်ရမယ် ဆိုပြီး ဗိုလ်ရွှေမန်းကို ပြောလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းအနေနဲ့လည်း နောက်ဆုတ်လို့မရအောင် ဘုရင့်နောင် ဖော်ဖျက်ပြီး လူသိထင်ရှားလုပ်ထားတာ ဖြစ်တဲ့အတွက် နောက်ဆုတ်ဖို့ ခက်နေပြီ။ မဆုတ်ရင်လည်း ဗိုလ်မင်းအောင်လှိုင်က ဖြုတ်ပစ်တော့မယ့် အနေအထားမှာ ရှိနေတယ်။ ဗိုလ်ရွှေမန်းကတော့ တိုးနိုင်မန်းရဲ့ နိုင်ငံရေးသီအိုရီ အရူးအနှမ်းတွေကို ဆက်ပြီး လက်ခံနေရင်တော့ ဒုက္ခ တွေ့တော့မယ်။ ပြီးရင် ကြံ့ဖွံ့ ပြိုကွဲမယ်။ တပ်နဲ့ ကျောခိုင်းလိုက်ပြီ ဆိုရင်တော့ ဒီတိုင်းပြီင်္ ဘယ်ကိန်းဆိုက်မလဲ မေးစရာ မလိုတော့ဘူး။

အပိုင်း(၂) ဆက်လက် ဖော်ပြပါမည်။

ကြည့်ကောင်းမဲ့ပွဲ (သို့) အခွင့်အရေးကောင်း

လွှတ် တော် ရယ် ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ခုံ ရုံး ရယ် ပြ သ နာ ဖြစ် နေ တာ ကို ဘယ် လို ဖြေ ရှင်း ကြ မယ် ဆို တာ ကြည့် လို့ ကောင် မဲ့ ပွဲ တ ပွဲ ပါ။ ပွဲ ကောင်း တယ် ဆို ပြီး ဒီ ပြ သ နာ ကို ငြင်း ကြ ခုံ ကြ ရန်း ဖြစ် ကြ ပြီး နစ် မြော မ သွား ကြ ပဲ့ ပြ သ နာ ရဲ့ အ ရင်း အ မြစ် ဖြစ် တဲ့ နာ ဂစ် အ ခြေ ခံ ဥ ပ ဒေ ကို ပြင် ဆင် နိုင် ကြ ဖို့ လွှတ် တော် က သူ တို့ ရဲ့ လုပ် ပိုင် ခွင့် ကို အ သုံး ချ ပြီး ဖြေ ရှင်း သွား ဖို့ လို ပါ လိမ့် မယ်။
နို့ မ ဟုတ် ရင်အ ခြေ ခံ ဥ ပ ဒေ ခုံ ရုံး မှာ ပါ ၀င် တဲ့ လူ ကြီး မင်း တွေ ဟာ ဒီ ဥ ပ ဒေ ကို ရေး သား တုန်း က အ ဓိ က ပါ ၀င် တဲ့ သူ တွေ အ နေ နဲ့ လွှတ် တော် က ဆုံး ဖြတ် ချက် တွေ ကို ဒီ ဥ ပ ဒေ ကို ပဲ အ သုံး ချ ပြီး ဒီ လို ပြ သ နာ တွေ နဲ့  ပဲ လွှတ် တော် ရဲ့ လုပ် ပိုင် ခွင့် အ ဏာ ပြောက် ဆုံး သွား မယ် လို ထင် ပါ တယ်။
( စိတ် ထဲ မှာ ရှိ တာ ကို ရေး တာ ပါ။ သိ ကျွမ်း နား လည် လို့ မ ဟုတ် ပါ )
ပြ သ နာ ဘာ လဲ ဆို တာ မ သိ သေး ပါ က အောက် က လင့် မှာ ဖတ် ကြည့် ပါ။
http://www.president-office.gov.mm/briefing-room/daily-news/news1226

Kaw Lah News

Saturday, August 18, 2012

KIC news

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက်

Submitted by on Saturday, 18 August 2012--
သြဂုတ်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။
ယနေ့ မြန်မာစံတော်ချိန် ၁၀နာရီကျော်မှစတင်၍ စက်ခလုတ်နှိပ်ကာ တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက အစိုးရနှင့် KNU ကြား ဆက်သွယ်ရေး ပုံမှန်လုပ်ဆောင်သွားနိုင်ရန် ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ သလို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “ကျနော်တို့ အခုလို ဆက်ဆံရေးရုံးတွေ လိုက်လံဖွင့်လှစ်ရတာက တစ်တချက် နားလည်မှု ရရှိစေဖို့နဲ့ နှစ်အချက်က ပူးပေါင်းဆောင်ရွက်လာဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အခမ်းအနားသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော် အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌစောကွယ်ထူးဝင်း၊ ညောင်လေးပင်ခရိုင် ဥက္ကဌ ပဒိုစောလေးလော်ဆောနှင့် အခြားတပ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက အပြောလွယ်၊ အလုပ်ခက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဒီမိုကရေစီနည်းကျကျက အများသဘောဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလို ပြောဆိုသည်။
“အများဆုံးဖြတ်ချက်ဟာ ရာနှုန်းပြည့်မမှန်ဘူး ဆိုသော်လည်းပဲ အကောင်းဆုံးစနစ်ဆိုတာကို ခံယူတယ်။ ဒါကြောင့်မို့ အလုပ်တခုလုပ်ပြီ ဆိုရင် အများဆုံးဖြတ်ချက်အပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ ခိုင်ခိုင်မာမာ သံဓိဌာန်ချပြီးတော့ လုပ်သွားဖို့ အရေးကြီးတယ်။ ကေအဲန်ယူ ဗဟိုရှေ့ဆောင် မှုအောက်မှာ ကွန်ဂရက်က ချမှတ်ထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တစိုက် မတ်မတ် လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ယခုဖွင့်ပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဖြစ်သူ မီးရထားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း အပါအ၀င် ပြည်နယ်ဝန်ကြီးအချို့၊ လွှတ်တော်ကော်မရှင်များ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကလို့ထူးဘော DKBA မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးကျော်သက်၊ ငြိမ်းချမ်းရေးကောင်စီမှ စောနေစိုးမြ၊ နယ်ခြားစောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးမုတ်သုန်တို့အပြင် မြ၀တီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ခံများ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်-NLD နှင့် ဖလုံ-စဝေါ်ပါတီ အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
“ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ ပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို ရစေချင်ပြီ။ အားလုံးက လည်း ဒီလိုပဲ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။ မြ၀တီမြို့နယ် NLD အနေနဲ့ကလည်း ငြိမ်းချမ်းရေး မရရ အောင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ကို အဆင်သင့်ပါပဲ”ဟု မြ၀တီခရိုင် NLD ဥက္ကဌ ဦးစိန်ဗိုလ်က ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်အပေါ် မြ၀တီမြို့ခံ စောကျော်ကျော်က “ဒီလိုရုံးဖွင့်လိုက်ခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ တဆက်တည်းမှာပဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလည်း တိုးတက်ဖို့ လူထုတစ်ဦးအနေနဲ့ လိုလားချက် ရှိပါ တယ်လို့ ပြောလိုပါတယ်”ဟု ပြောသည်။
KNLA ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ကျန်ရှိသည့် ကေအဲန်ယူ ဆက်ဆံရေးရုံးများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသူများအား ပြောကြားသွားခဲ့သည်။
မြ၀တီ ဆက်ဆံရေးရုံးတွင် တာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဒုဗိုလ်မှူးကြီးဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ(၆)မှ အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးလမင်းကို တာဝန်ပေးထားကြောင်း KNU အသိုင်းအ၀ိုင်း၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလနှင့် မေလများတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့များတွင် KNU ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

KNLA မြ၀တီဆက်ဆံရေးရုံး

KIC Facebook မှ ရ ယူ ပါ သည်။

Friday, August 17, 2012

Irrawaddy Blog က စိတ်ဝင်စားစရာ မြန်မာပြည်အပြောင်းအလဲနဲ့ ဆက်စပ်သတင်း

Irrawaddy Blog က စိတ်ဝင်စားစရာ မြန်မာပြည်အပြောင်းအလဲနဲ့ ဆက်စပ်သတင်းတပုဒ်ပါ။ ကြံ့ ခိုင် ရေး ပါ တီ က ဘယ် လို အ ရေး ယူ မယ် ဆို တာ စောင့် ကြည့် ရ မှာ ပါ။ ထိ ရောက် စွာ အ ရေး ယူ မယ် ဆို ရင် မြန် မာ ပြည် မှာ ကိုယ် ပိုင် ရင် လုပ် ချင် တာ လုပ်  လုပ် လို့ ရ တယ် ဆို တဲ့ ခေတ် တ ဖြည်း ဖြည်း ကုန် သွား ပါ လိမ့် မယ်။ ဒီ က နေ ဆက် ပြီး လက် နက် ကိုင် အ ဖွဲ့ အ စည်း တွေ ရဲ့ စစ် ဘု ရင် စ နစ် ကို လဲ တ ဖြည်း  ဖြည်း လျှော့ ချ ရ မှာ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ ကြံ့ ခိုင် ရေး ပါ တီ နဲ့ လွတ် တော် ရဲ့ တုန့် ပြန် မှု ကို ဘာ မှ မ တွေ့ ရ သေး ပါ ဘူး။

ဦးအောင်သိန်းလင်းအမှု ကြံ့ခိုင်ရေးပါတီ ရှင်းချက်ထုတ်ပြီ



ပြောရဲဆိုရဲရှိသူ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)

တရုတ်မီဒီယာတခုမှာ ဖော်ပြခဲ့တဲ့ ဦးအောင်သိန်းလင်း အင်တာဗျူးအကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာတစောင် အခုလေးတင် အွန်လိုင်းရောက်လာတာကို တွေ့ရပါတယ်။

ပါတီ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင်ယူဆချက် ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

- ဟိုတလောက မီဒီယာမှာ ပါခဲ့တဲ့ အင်တာဗျူးပါ ပြောကြားချက်တွေဟာ "ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်" တဲ့။
နောက်တချက်က - တရုတ်မီဒီယာကို သူက အလွတ်သဘော ပြောခဲ့တာပါ တဲ့။

အလွတ်သဘော ပြောတယ်ဆိုတာကို စုံစမ်းအဖွဲ့က ဘယ်ကနေ သိတာပါလိမ့်။ ဦးအောင်သိန်းလင်းကိုပဲ မေးကြည့်တာလား၊ တရုတ်မီဒီယာကိုရော မေးကြည့်သေးသလား ဆိုတာ မသဲကွဲပါ။

သတင်းသမားနဲ့ဦးအောင်သိန်းလင်းတို့ရဲ့ မူရင်း အသံဖိုင်တွေ ရှိတယ် ဆိုရင် အဲဒီအသံဖိုင်တွေ စစ်ဆေးပြီးမှ သုံးသပ်ရင် ပိုကောင်းပါလိမ့်မယ်။

တရုတ်သတင်းသမားတွေကို စစ်ဆေးမဆေး မသိရပါ၊
ရန်ကုန်အခြေစိုက် ဂျာနယ်သမားများကတော့ ကြံ့ခိုင်ရေးပါတီရဲ့ "စစ်ဆေး မေးမြန်း"တာနဲ့ ကြုံခဲ့ရပါတယ်။
နောက် ထင်မြင်ယူဆချက် တခုကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်
ဦးအောင်သိန်းလင်းကို "ပါတီစည်းကမ်းအရ

Thursday, August 16, 2012

KIC news

ရွာအတွက်ကျမ ဆေးမှူး တစ်ဦး ဖြစ်ချင်တယ် (ဆောင်းပါး)

Submitted by on Thursday, 16 August 2012--
စောခါးစူးညား (ကေအိုင်စီ)
ပညာသင်ပြီးတဲ့အခါ နော်ဆာ့ကမွီးဖောဟာ ရွာမှာ ကျန်းမာရေးမှူးတစ်ယောက် ပြန်ဖြစ်ချင်ပါတယ်။ ဒီအိပ်မက်ဟာ သူမအတွက် အမြင့် မားဆုံးသော ဆုကြီးတစ်ခုအဖြစ် ခံယူထားပါတယ်။ အသက် ၁၈နှစ်ထဲ ၀င်နေပြီဖြစ်တဲ့ နော်ဆာ့ကမွီးဖောဟာ သူမရဲ့ မိသားစုတွေနဲ့ မိုင် ပေါင်း ရာနဲ့ချီကွာဝေးတဲ့ ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ အသက် ၁၃နှစ်အရွယ်ကတည်းက လာရောက် ပညာသင်ကြားနေရ သူ ဖြစ်ပါတယ်။
သူမဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကရင်လူမျိုးတွေချည်း နေထိုင်တဲ့ အိမ်ခြေ ၇၀ခန့်ရှိတဲ့ လယ်ဖိုး(ကျောက်တောင်လေး)ရွာက ဖြစ်ပြီး မိဘတွေက ဗမာပြည်မှာ ကျောင်းဆက်မထားနိုင်တော့တဲ့အတွက် ပညာရေးအခွင့်အလမ်းရအောင် ဒုက္ခသည်စခန်းကို ရွှေ့ပြောင်း ပညာသင်ကြားရသူလည်း ဖြစ်ပါတယ်။ သူမဟာ မူလတန်းပညာ အောင်မြင်ပြီးတဲ့နောက် ၂၀၀၇ခုနှစ်မှာ ရွာကိုစွန့်ပြီး ပညာ ဆက်လက် သင်ကြားနိုင်ဖို့ မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာရတာပဲ ဖြစ်ပါတယ်။။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းက မယ်လဒုက္ခသည်စခန်းမှာ စခန်းတွင်း ကြီးပြင်းသူ ကလေးသူငယ်များသာမက အချို့ကလည်း နော်ဆာ့ကမွီးဖောလို မြန်မာပြည်တွင်းကနေ လာရောက်ပညာသင်ကြားကြသူတွေလည်း ရှိပါတယ်။ အဲသလို မြန်မာပြည် ထဲက မိဘအသိုင်းအ၀ိုင်းနဲ့ ရပ်စွန့်ရွာစွန့်ပြီး ဒုက္ခသည်စခန်းမှာ ပညာလာသင်ကြတဲ့အထဲ အချို့က အစိုးရကျောင်းမှာ သင်ကြားဖို့ ငွေ ကြေးမတတ်နိုင်တာရှိသလို အချို့က ငွေကြေးတတ်နိုင်ပေမဲ့ အစိုးရရဲ့ ကျောင်းပညာရေးစနစ်ကို မနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။
သူမဟာ ၂နှစ်ကာလ မှီခိုနေထိုင်ခဲ့တဲ့ မယ်လစခန်း ဇုံ(A3)က မိဘမဲ့ဘော်ဒါဆောင်ဟာ အလှူရှင်ရဲ့ ငွေကြေးထောက်ပံ့မှု ဖြတ်တောက်ခံ ရလို့ ဆက်နေလို့မရတော့ အသိအိမ်တွေမှာ နေထိုင်ရင်းနဲ့ပဲ လက်ရှိ မယ်လစခန်း၌ အမှတ်(၅) အထက်တန်းကျောင်းမှာ ဆယ်တန်း ကျောင်းသူအဖြစ် ပညာကို ဆက်လက် သင်ကြားနေပါတယ်။
“ရပ်ဝေးမှာ ဆွေမျိုးမရှိဘဲ သူများအိမ်မှာနေရတာ စိတ်အားတော့ ငယ်ရတာပေါ့။ ဒါပေမယ့် အားငယ်တာကိုတွေးပြီး ကိုယ့်မျှော်မှန်းချက် ကို စွန့်လို့မဖြစ်ဘူးလေ။ အဆိုးဆုံးက ကလေးဘ၀မှာ မိဘရဲ့နွေးထွေးမှုအရိပ်အောက်မှာ နေချင်ပေမယ့် နေခွင့်မရတာ ၀မ်းနည်းမိတယ်။ အခု အရွယ်နည်းနည်းရလာပြီဆိုတော့ အားငယ်စိတ်တွေ အရင်ကလို မရှိတော့ဘူး”လို့ သူမက ခံစားပြောဆိုပါတယ်။

နော်ဆာ့ကမွီးဖောက “ဒီနှစ်ဆယ်တန်းအောင်ရင် ဒီမယ်လစခန်းမှာ ဖွင့်တဲ့ Post Ten ကျောင်းတကျောင်းကျောင်းတက်မယ်။ အထူးသ ဖြင့် ကွန်ပြူတာနဲ့ အင်္ဂလိပ်စာ ဘာသာရပ်ပါတဲ့ကျောင်းပေါ့။ ပြီးရင် ဆေးပညာ ဆက်သင်မယ်လို့ ရည်မှန်းထားတယ်”လို့ ပြောပါတယ်။
အတန်းတူ၊ ဘော်ဒါဆောင်အတူနေသူ သူမ၏ သူငယ်ချင်း နော်စူးလာ့ဖောက “သူ(ဆာ့ကမွီးဖော)က ပြောတဲ့အတိုင်း လုပ်တတ်တယ်။ သူ့ရဲ့ရည်မှန်းချက်အတိုင်း လုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”လို့ ထောက်ခံပြောဆိုလိုက်ပါသေးတယ်။
မွေးချင်းမောင်နှမ ၇ဦးအနက် ၄ဦးမြောက်ဖြစ်သူ နော်ဆာ့ကမွီးဖောဟာ တကယ်တော့ လယ်နဲ့ တောင်ယာလုပ်ကိုင်နေတဲ့ မိဘ၊ မောင်နှမ တွေနဲ့အတူ မြန်မာပြည်မှာ နေထိုင်ပြီး ပညာသင်ချင်သူပါ။ ဒါပေမဲ့လည်း သူမတို့ မောင်နှမများတော့ မိဘတွေက မိသားစု စားဝတ်နေရေး ကိုပဲ အဓိက အာရုံစိုက် လုံးပမ်းနေရတာကြောင့် ကျောင်းစရိတ်သက်သာပြီး ကျောင်းသုံးပစ္စည်းတွေ မ၀ယ်ရတဲ့ မယ်လစခန်းကို ပို့ဆောင် ခဲ့တာလို့လည်း သူမက ပြောပါတယ်။
ထောက်ပံ့သူမရှိဘဲ ဒုက္ခသည်စခန်းမှာ ကျောင်းစနေလာကတည်းက သူမဟာ ကျောင်းအတွက် မဖြစ်မနေ ထည့်ရမဲ့ ကျောင်းဝင်ကြေး၊ ရံဖန်ရံခါ ထည့်ရတဲ့ ကျောင်းအလှူငွေတွေအတွက် ပြည်တွင်းက မိဘ၊ အစ်မနဲ့ တတိယနိုင်ငံရောက်ရှိနေတဲ့ ဦးလေးတွေထံက ပြန်လည် ဆက်သွယ် တောင်းယူရပါတယ်။
ဒုက္ခသည်စခန်းထဲက ကျောင်းသူကျောင်းသား အများစုဟာ ဆယ်တန်းအောင်ပြီးနောက် စခန်းတွင်းက ဆယ်တန်းလွန်ကျောင်း၊ ကျောင်း ဆရာဖြစ်သင်တန်း၊ ဆေးဆရာဖြစ်သင်တန်းနှင့် လူ့အခွင့်အရေးသင်တန်း အပါအ၀င် ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွေမှာ မိမိတို့ ၀ါသ နာပါရာကို တက်ရောက်ကြပါတယ်။ အဲဒီနောက် လူမှုအဖွဲ့အစည်းတွေမှာ ၀င်ရောက်လုပ်ကိုင်ကြသူတွေ ရှိသလို အချို့ကလည်း ငယ်ရွယ် ချိန် အိမ်ထောင်ရက်သားကျပြီး ပညာရေးကို ကျောခိုင်းသွားခဲ့သူတွေလည်းရှိတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ-ကေအာရ်စီရဲ့ပညာ ရေးတာဝန်ခံ ဆရာမနော်တဘိုးရာထူးက ပြောပါတယ်။
ဆက်လက်၍ သူမက “စခန်းထဲက ကလေးတွေ တော်တော်များများဟာ ဒုက္ခသည်မှာသင်တဲ့ ပညာရေးလောက်ပဲ သင်ကြားကြရတယ်။ သူတို့ဆီမှာ Documentary (ပညာဆက်သင်နိုင်မဲ့ စာရွက်စာတမ်း)မရှိဘူး။ နောက်တချက်က အဆင့်မြင့်တဲ့ ကျောင်းတက်မယ်ဆိုလည်း လူအကန့်အသတ်နဲ့ လက်ခံကြလို့ ထိုးဖောက်ဖို့က မလွယ်ဘူး”လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယန်းနှင့် ထမ်းဟင် စတဲ့ ကရင်ဒုက္ခသည်စခန်း ၇ခုမှာ မူလတန်း ၂၇ကျောင်း၊ အလယ်တန်း ၁၄ကျောင်း၊ အထက်တန်း ၂၄ကျောင်းနှင့် အထက်တန်းလွန် ၁၈ကျောင်း ရှိပြီး ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၃၃,၀၀၀ (သုံးသောင်းသုံးထောင်)ကျော်ရှိတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပညာရေးမှတ်တမ်းအ ရ သိရပါတယ်။
နော်ဆာ့ကမွီး ပညာသင်ကြားနေတဲ့ လက်ရှိ မယ်လဒုက္ခသည်စခန်းမှာတော့ မူလတန်း ၁၂ကျောင်း၊ အလယ်တန်း ၇ကျောင်း၊ အထက် တန်း ၈ကျောင်းနှင့် အထက်တန်းလွန် ၅ကျောင်းမှာ ကျောင်းသားကျောင်းသူဦးရေ ၁၀,၀၀၀ (တစ်သောင်း)ကျော်ရှိတယ်လို့ KRC မှ ဆရာမနော်တဘိုးရာထူးက ပြောပါတယ်။
နော်ဆာ့ကမွီးဖောရဲ့ မိခင်ဟာ အသက် ၄၅နှစ်သာ ရှိသေးပေမဲ့လည်း အိမ်မှာ အဓိက အလုပ်လုပ်ရတဲ့ ဖခင်ဖြစ်သူကတော့ အသက် ၆၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူမဟာ ကျောင်းနေခဲ့တဲ့ သက်တမ်းတစ်လျှောက် ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတစ်ဦး မဟုတ်ခဲ့ပေမဲ့လည်း အတန်းပညာကို နှစ်စဉ် အောင်မြင်ခဲ့သူပါ။ ဒါ့အပြင် သူမရဲ့ဇာတိ လယ်ဖိုးကျေးရွာမှာကလည်း ဆေးပညာပိုင်း တတ်ကျွမ်းသူ မရှိတဲ့အ ပေါ် ဒီရည်မှန်းချက်ကိုပဲ မဖြစ်မနေ အကောင်အထည်ဖော် ကြိုးစားသွားမယ်လို့ သူမက အားမာန်အပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။
“ကျမ မယ်လရောက်ကတည်းက ရွာကို ၃ခေါက် အလည်ပြန်ပါတယ်။ ပြန်တိုင်းလည်း ကျမရွာဟာ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး တွေက အရင်အတိုင်းပဲ။ မတိုးတက်ဘူး။ ဒီလို အဖက်ဖက်က လိုအပ်နေတဲ့အထဲမှာ ကျမ၀ါသနာပါတဲ့ ဆေးပညာနဲ့ ပြန်အကျိုးပြုရင် အကောင်းဆုံးပဲ”လို့ သူမရဲ့ ဆုံးဖြတ်ချက်ကို ပြောဆိုပါတယ်။
သူမအနေနဲ့လည်း အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူဖို့ရာ ခက်ခဲတဲ့ ဒုက္ခသည်စခန်းအတွင်းရှိ ကျောင်းသားလူငယ်တွေကို အလုပ် မရွေးဘဲ သင့်တော်ရာကဏ္ဍမှ တတ်စွမ်းသမျှ အမျိုးသားရေးအတွက် အကျိုးပြုစေချင်တဲ့ဆန္ဒရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။