Blogger Widgets

Tuesday, March 19, 2013

နစ်နာသူကိုကူညီတာနိုင်ငံရေးအမြတ်ထုတ်တာလား

လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း

မိုးမခစာမျက်နှာမှကူးယူပါသည်။
မတ်လ ၁၉၊ ၂၀၁၃
လက်ပံတောင်းတောင်သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက် တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့် ကြုံတွေ့ ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှအထောက်အပံ့များရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင် လှုပ်ရှားနေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့်The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

● ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။ 
အဓိကက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။  အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။   နောက်စီမံ ကိန်း ဆက်လုပ်ရေး ဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

● အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။   
အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့

Sunday, March 17, 2013

အပေးအယူ

  • ၂၀၀၈ အ ခြေ ခံ ဥ ပ ဒေ ကို ပြန် လည် သုံး သပ် ဖို့ အ တွက် လက် ပ တောင်း တောင် နဲ့ ဒေ သ ခံ တွေ ကို နယ် ရုပ် အ နေ နဲ့ အ ထိုး ကြွေး ခံ ရ ပြီ လား လို့ စဉ်း စား စ ရာ ပါ။
  • ဒီ လို လယ် ယာ မြေ တွေ ကို စစ် အ စိုး ရ က တ နိုင် ငံ လုံး သိမ်း ထား တာ ဟာ နိုင် ငံ တ ကာ စီး ပွါး ရေး လာ ရောက် ရင်း နှီး မြှပ် နှံ ဖို့ အ တွက် ကော စိတ် ချ နိုင် ပါ ပြီ လား။ ဒီ လို မြေ သိမ်း မှု တွေ ကို နိုင် ငံ တော် အ ဆင့် အ နေ နဲ့ မ ဖြေ ရှင်း ဘူး ဆို ရင် ဒီ လို လက် ပံ တောင်း အ ရေး အ ခင်း တွေ တ ခု ပြီး တ ခု ပေါ် လာ မှာ ပဲ။ ဒီ လို ပဲ ပေါ် လာ တဲ့ နေ ရာ တွေ မှာ တ ခု ခြင်း လိုက် ရှင်း နေ ရင် တော့ ပြီး မှာ မ ဟုတ် တော့ ပါ ဘူး။ မြန် မာ နိုင် ငံ သား တွေ ထစ် က နဲ ရှိ ရင် ဆ န္ဒ ပြ ဖို့ ပဲ တတ် တယ်၊ ပ ညာ မ တတ် ဘူး လို့ ပဲ အ ပြော ခံ ရ အုံး မှာ ပေါ့။
  • ဒီ ခေတ် ထဲ မှာ လက် တွေ့ ဓါတ် ခွဲ စမ်း သပ် မှု မ လုပ် ပဲ လက် တွေ့ သ ရုပ် ပြ ရုံ နဲ့ မီး ခိုး ဗုံး ပါ လို ဆို တာ ဟာ ခိုင် လုံ ပါ သ လား လို့ စဉ်း စား စ ရာ ပါ။

Thursday, March 14, 2013

အင်း

APK Fan Page shared ကိုဝိုင် ဝိုင်ကေ's photo.
ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက် ။
***********************************
အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ 

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာ လို့ မြင်တယ်။ ဖော်ပြချက်တွေ ကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ်  ) လို့ မပြောယုံတမယ်ပဲ ။ 
ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့  ဝမ်ပေါင် ဦးပိုင် ခေါင်းစား စရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင် ၊ ၀မ်ပေါင်နဲ့ အခြား အကျိုး အမြတ် ရရှိနေသူများ တွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။  
( စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေ အတွက် ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြ ထားပါတယ် ။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် -
ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ
အထူးသဖြင့်ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာ က သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း ။

အပိုဒ်ခွဲ(ခ) လေထုညစ်ညမ်းမှု အခြေအနေ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။  ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက် ။ ဒီ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)အရ သေချာ ဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီလုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေ က ဆွဲထုတ်ပြပြီး စီမံကိန်း အပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံ သင့်ပါတယ် ။( အပိုဒ်ခွဲ-ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍်လည်း -

စီမံကိန်း ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည် ဟု ပါရှိပါတယ် ။ထိုတင်ပြမှုမျိုး မှာ အရေးယူ ဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုသူတွေ အတွက် ) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ် ။ 
ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေ အရ အရေးယူ ပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့မရဘူးလို့ မြင်ပါတယ်။

( ၂၀၀၈ အခြေခံဥပဒေ ။ အခန်း(၈) ပုဒ်မ၃၄၇ ။ ဥပဒေ အရာ တွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည် ။ ထိုအပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူခွင့်ပေးရမည် ။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင် တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်) ။

အဘယ်သို့ ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့ အချိန် တင်ပြ အဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည် ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်းစဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံ အဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကော်မရှင် ဥက္ကဌ ရာထူး ပေး၍ စုံစမ်း စစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ  လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံ လူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံ လူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည် မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထု အကြည်ညို ပျက်စေရန် ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာ အပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံ အဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက် အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့ အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာ ရှိသည် ကို သတိချပ်စေချင်သည်။
(ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား ၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကို မယုံကြည်ဘူး ဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါ ဟု မည်သူ အာမခံ တာဝန်ယူမလဲ ။း

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ ၊ နောက် ဗုံးကိစ္စတွေ ကို ပြောကြားရာ မှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေ ကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို  ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေ ကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။(ထိရောက်ဖို့ အရေးကြီးပါတယ်)

သို့ပါ၍ ကျွန်တော်တို့ အားလုံး ဟာ စိတ်ဓါတ်ပြင်းထန်မှု နှင့် အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာ နှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံ့တရား ၊ ပိုင်းခြားဝေဖန်ခြင်း ၊ နှံစပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန်ေ မျှာ်မြင်သုံးသပ်ခြင်း တို့ကို မမေ့မလျောပဲ တိုက်ပွဲ သတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာ ကျကျ နည်းဗျုဟာ မှန်မှန် နဲ့ ဆက်လက် တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲ ဝင်နေသူတွေ မိမိ တို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်း သွားနိုင်ပါတယ်။

စိတ်ဆန္ဒ ကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲ ဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ် လိမ္မာ၍ ပညာသား ပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း ၏ အမြင် ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း ၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်
၁၃-၃-၁၃

ဗုံးဓါတ်ပုံ - (ကိုဝိုင်ဝိုင်ကေ)
ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက် ။
***********************************
အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။

ဒီလိုပြောလို...့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

Friday, March 8, 2013

ပ ထ မ ခြေ လှမ်း

ဓါတ် ပုံ K I C

  • ပန်း တိုင် ရောက် ဖို့ ပ ထ မ ခြေ လှမ်း ဟာ အ ရေး ကြီး ပါ တယ်။ ပ ထ မ ခြေ လှမ်း ဟာ ပန်း တိုင် ကို လုံး ၀ လွဲ စေ နိုင် သ လို ပန်း တိုင် ကို လဲ နှောင့် နှေး စေ နိုင် ပါ တယ်။ အ ထူး သ ဖြင့် ကိုယ် နောက် မှာ လိုက် ပါ သူ ရှိ တဲ့ ခေါင်း ဆောင် တွေ ရဲ့ ခြေ လှမ်း တိုင်း ဟာ ကိုယ် တင် မ က နောက် လိုက် အား လုံး ကို လမ်း လွဲ စေ တဲ့ အ တွက် ပို ပြီး အ ရေး ကြီး ပါ တယ်။ ဒီ ထက် ပို အ ရေး ကြီး တာ က ကိုယ် နောက် လိုက် လိုက် မ လိုက် လိုက် ကိုယ် ကြောင့် ပြည် သူ တွေ ကို အ ကျိုး သက် ရောက် စေ မဲ့ ခေါင်း ဆောင် တွေ ရဲ့ ပ ထ မ ဆုံး ခြေ လှမ်း ဟာ ပို အ ရေး ကြီး ပြီး တာ ၀န် အ ရမ်း ကြီး ပါ တယ်။
  • အ ခု လက် ရှိ K N U ခေါင်း ဆောင် သစ် တွေ ကို ပြည် တွင်း ပြည် ပ ပြည် သူ တွေ သိပ် မ ယုံ ကြည် မ ကြိုက် ကြ ပါ ဘူး။ ဒါ ပေ မဲ့ ရွေး ကောက် ခံ ပြီး တက် လာ တဲ့ ခေါင်း ဆောင် ဖြစ် တဲ့ အ တွက် ဒီ ခေါင်း ဆောင် အ သစ် တွေ ကို ဘယ် လောက် ယုံ ကြည် အား ကိုး ရ မယ် ဆို တာ ကို သူ တို့ ရဲ့ လုပ် ရပ် နဲ့ တိုင်း တာ ဖို့ အ တွက် သ တိ ကြီး စွာ နဲ့ စောင့် ကြည့် နေ ကြ ပါ တယ်။
  • K N U ခေါင်း ဆောင် အ သစ် တွေ ပ ထ မ ဆုံး လုပ် ပြ လိုက် တာ က တော့ သ ထုံ မှာ ဆက် ဆံ ရေး ရုံး အ သစ် ဖွင့် ပြ လိုက် တာ ပါ။ ဆက် ဆံ ရေး ရုံး အ သစ် ဖွင့် တာ ဟာ K N U ခေါင်း ဆောင် သစ် တွေ အ တွက် အ ရေး ပါ တဲ့ လုပ် ငန်း တ ခု ဆို ရင် တော့ စဉ်း စား စ ရာ ပါ။