Blogger Widgets

Thursday, February 13, 2014

KNU ရဲ့လက်ရှိခေါင်းဆောင်တွေ ဘယ်လဲဘာလဲ

ဗမာပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် လိုပဲ KNU ခေါင်းဆောင်တွေ သူတို့ရဲ့အဆင့်အတန်းကိုဖေါ်ပြ တဲ့စကားကိုပြောနေကြ ပါ ပြီ။
တယောက်က မှားမှာကိုမကြောက်ပါနဲ့ ငြိမ်းချမ်းရေးလက်မှတ်ကိုကစဉ်းစားပဲရဲရဲထိုးကြပါတဲ့၊

နောက်တစ်ယောက်က ကရင်တိုင်းရင်းသားတွေကြောင့်တိုင်းပြည်နောက်တစ်ခေါက်ဒုက္ခတွင်းထဲ မရောက်စေလိုတဲ့၊
တော်လိုက်တဲ့ KNU ခေါင်းဆောင်တွေ၊ (ဗမာအစိုးရအတွက်)
ကျွန်တော်တို့ရဲလွန်လေပြီးသော ခေါင်းဆောင်ကြီးတွေ အနှစ် ၆၀ တော်လှန်ရေးမှာ အသက်သွေးပေးခဲ့တဲ့ အာဇာနည်တွေ ကို ကောင်းကောင်းကြီးစော်ကား နေတဲ့ လက်ရှိ KNU ခေါင်းဆောင်တွေကို ကျွန်တော်တို့ ကရင်လူမျိုးရဲ့ ခေါင်းဆောင်အ ဖြစ်လုံးဝ လက် ခံ နိုင်စ ရာအကြောင်းလုံးဝမရှိပါ။
KNU ဟာ ကရင်လူမျိုးအတွက် ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့အတွက်လက်ရှိ KNU ခေါင်းဆောင် တွေဟါ အမျိုးသားခေါင်းဆောင်ဖြစ်ရမယ် ဆိုတာကိုတော့ လက်မခံ နိုင်ပါ။ KNU က ခေါင်းဆောင်မတင်သင့်တဲ့ သူတွေကို ခေါင်းဆောင်မှားတင်မိပြီနဲ့တူတယ်။