Monday, February 23, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှု နှင့် ဥပဒေစိုးမိုးရေး။

       မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါကကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအားအထင်သေးစွာ ပစ်ပယ်ထား  ခဲ့ရာမှ ယင်းက ပြန်လည်ပြီးအကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်ေ မြွေခြောက်က ပြန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။

            ဤပြသနာကို ကာချုပ်မင်းအောင်လှိုင် အရှက်ပြေပြောနေသလို“ရဲ တချို့ ကို သတ်ပြီးထွက်ပြေးသွားခဲ့တဲ့ရာဇ၀တ်သား တဦးက ဦးဆောင်ပြီး တိုင်းပြည်လုံခြုံရေးကို ထိပါးအောင်လုပ်နေတာ။”  ဟူ၍ အပေါ်ယံကြောကနေ

Thursday, February 19, 2015

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား
======================
ဖိုးခွားရေ
အဖျား မြန်မြန်ကျတော့
အမိုးတို့  ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။

မင်းတို့ အဖိုးတွေကတော့
လက်မှတ်ထိုးပြီး သူတို့ ကြမ္မာ သူ့ တို့ ဖန်တီးတယ်
အမိုးတို့ ကတော့
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမယ်။
သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား
သူတို့ ချမ်းသာ သွားပြီ။
ဒါဆို… ရွာကို ပြန်မယ်ဟုတ်လား
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား
အမိုးတို့ ရွာတွေဟာ
သူတို့ ပြောပြောနေတဲ့

Monday, February 16, 2015

ငြိမ်းချမ်းရေးစစ်တမ်း

ငြိမ်းချမ်းရေး စစ်တမ်း (၁၁)။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။

 ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ ကြာမျှ ကျင်းပလာခဲ့ပြီးနောက်မည်သည့်အဖြေမျှထွက်မလာ သောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ သုံးခုအားထပ်ခါ ထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရမည်မှန်းမသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရုံမျှနှင့်ငြိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို့  ထင်မှတ်လာကြသည်။

           အထက်ပါ ဝေါဟာရ သုံးလုံးအနက် နိုင်ငံရေးဆွေးနွေးပွဲဟူသည်မှ စတင်ရှင်းပါမည်။

            ပြည်တွင်းငြိမ်းချမ်းရေးရရန် နိုင်ငံရေးပြသနာများအားနိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည် ဟူသည့် ရပ်တည်ချက်မှာ တရားအရ မှန်ကန်ကြောင်းယုံမှားစရာမလိုပါ။ယင်းကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း အမြောက်အများက ဆယ်စု နှစ်များစွာ ကိုင်စွဲလာခဲ့ကြသည်။သို့ ရာတွင် ယခုအုပ်ချုပ်နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရက နိုင်ငံရေးဆွေး နွေးပွဲများကျင်းပပေးနိုင်ရေးအတွက်

Sunday, February 15, 2015

KIC Interview

တွေ့ဆုံမေးမြန်းခန်း

Major Saw Hla Ngwe

ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ထိုးမှုအပေါ်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ) စစ်ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီးစောလှငွေနှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၊ KNU/KNLA-PC နဲ့ ရှမ်း(သျှမ်း)ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) တို့က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အဆိုပါကိစ္စအပေါ် ကေအဲန်ယူ၏ လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)မှာ စစ်ဦးစီးမှူး ပထမတန်း(G-1)အဖြစ် တာဝန်ယူနေတဲ့ ဒုဗိုလ်မှူးကြီး စောလှငွေရဲ့ သုံးသပ်ထင်မြင်ချက်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဖေဖော်ဝါရီ ၁၂ရက်နေ့က

Monday, February 9, 2015

7Day Daily

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း ကေအင်န်ယူသုံးသပ်

 ငါးရက်ကြာပြုလုပ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင် ပါဝင်သော အခြေခံမူ နိုင်ငံရေးလမ်းပြမြေပုံ၊ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ကြားကာလအစီအစဉ်တို့၌ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ကိစ္စများရှိနေသဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု ကေအင်န်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဖဒိုမန်းမန်းကပြောသည်။
‘‘နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အ ခြေခံမူမှာဆိုရင် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးနဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးကိစ္စတွေဟာ ဆက်လက် ဆွေးနွေးဖို့ကျန်သေးတယ်’’ ဟု ဖဒိုမန်းမန်းကပြောသည်။
ထို့အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် တပ်များနေရာချထား ရေး၊ အပစ်အခတ်ရပ်စဲရေး၊ လက်မှတ်ရေးထိုးပြီးနောက် နှစ် ဖက်တပ်များ လိုက်နာရမည့် စည်းကမ်း (စစ်သည်တော်ကျင့်ဝတ်)တို့မှာလည်း ဆက်လက် ဆွေးနွေးရမည့်ကိစ္စများဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
သမ္မတဦးသိန်းစိန်က လာ မည့်ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလို ကြောင်း တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များအား ကမ်း လှမ်းထားသည်။
အင်အားကြီးလက်နက်ကိုင် အဖွဲ့များတွင် ကေအင်န်ယူနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့မှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်စတင်လို သောအဖွဲ့များဖြစ်သည်။
ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ပါက အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) က အစိုးရသို့ ကမ်းလှမ်းထား သည်။
ကရင်အမျိုးသားအစည်း အရုံးနှစ်ပတ်လည်ဗဟိုကော်မတီ အစည်းအဝေးကို ကေအင်န်ယူ ဌာနချုပ်တည်ရှိရာ လော်ခီးလာ ဒေသတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိ ငါးရက်ကြာကျင်းပခဲ့ သည်။ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ဒုတိယစစ်ဦးစီးချုပ်အပါအ၀င် ဗဟိုကော်မတီဝင်အားလုံးနီးပါးတက်ရောက်ခဲ့ကြသည်။