Sunday, May 8, 2011

အမေများနေ့ ၂၀၁၁

အမေဆိုတာ
သားသမီးတွေအတွက်
မြေလွှာအဖြစ်အနင်းခံတယ်
ဒါဟာ မိုးထက်မြင့်မားတဲ့
အမေတွေရဲ့စိတ်ဓါတ်ပဲ။

အမေဆိုတာ
သားသမီးတွေအတွက်
ဖေါ့ဖယောင်းလိုပျော့ပြောင်းပေမဲ့
သားသမီးတွေအတွက်
လောကဓံကိုရင်ဆိုင်တဲ့နေရာမှာ
သံမဏိထက်မာကျောတယ်။

အမေဆိုတာ
ရှက်ကြောက်တတ်တဲ့မိန်းမဖြစ်ပေမဲ့
သားသမီးတွေအတွက်
ကမ္ဘာကြီးကိုရင်ဆိုင်ဖို့အတွက်
ရဲရင့်ခဲ့ပါတယ်။

အမေဆိုတာ
အသက်သေရမှာကိုကြောက်တတ်တဲ့လူသားဖြစ်ပေမဲ့
သားသမီးအတွက်
အသက်နဲ့ရင်းပြီးကာကွယ်တတ်ပါတယ်။

အမေများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။



No comments:

Post a Comment