Sunday, December 28, 2008
န ယူး ဘန်း ၂၇၄၈ က ရင် နှစ် သစ် ကူး ပွဲ တော်
အ မေ ရိ ကား ပြည် ထောင် စု ၊ နော့ ကာ ရို လိုင်း နား ပြည် နယ် ၊ န ယူး ဘန်း မြို့ တွင် ဒီ ဇင် ဘာ လ ၂၇ ရက် နေ့ နံ နက် ၁၀ နာ ရီ မှ ည နေ ၆ နာ ရီ အ ထိ စည် ကား သို မြိုက် စွာ ကျင်း ပ ခဲ့ ပါ သည် ။ ရပ် ဝေး ရက် နီး ဧည့် ပ ရိတ် သတ် ၅၀၀ နီး ပါး တက် ရောက် ခဲ့ ပါ သည် ။ နှစ် သစ် ကူး အ ခမ်း အ နား ၊ က ရင် ဒုံး ယိမ်း ၊ ၀ါး ညှပ် အ က၊ တောင် ယာ စူး ထိုး အ က ၊ စင် တင် ဂီ တ ၊ ကျား/မ ဘော လုံး ပြိုင် ပွဲ ၊ ဘော လီ ဘော် ပြိုင် ပွဲ နှင့် အ ခြား သော အား က စား မျိုး စုံ ဖြင့် သိုက် မြိုက် စွာ ဆင် နွဲ ခဲ့ ကြ ပါ သည် ။
Saturday, December 27, 2008
ချွေးထွက်များမှသွေးထွက်နည်းမယ်
ဒီ ဇင် ဘာ လ ၂၆ ရက် နေ့ တွင် န ယူး ဘန်း က ရင် လူ ငယ် များ မှ ဒီ ဇင် ဘာ လ ၂၇ ရက် နေ့ တွင် ပြု လုပ် မည့် ၂၇၄၈ ခု နှစ် က ရင် နှစ် သစ် ကူး နေ့ အ တွက် ကြို တင် လေ့ ကျင့် ပြင် ဆင် ထား စဉ်
Friday, December 19, 2008
x'mas invitation
မြောက် ကာ ရို လိုင်း နား ၊ န ယူး ဘန်း မြို့ ရှိ က ရင် ခ ရစ် ယာန် မိတ် သ ဟာ ရ မှ ခ ရ စ္စ မတ် ပွဲ တော် ကို ၁၂/၂၅/၂၀၀၈ ၊ နံ နက် ၉ နာ ရီ မှ ည နေ ၃ နာ ရီ အ ထိ ၊ တင် ဘယ် နှစ် ခြင်း ဘု ရား ရှိး ခိုး ကျောင်း
၁၅၀၀ ကင်း ဒန်း လမ်း ၊ န ယူး ဘန်း မြို့ ၊ အင် စီ ၂၈၅၆၀ တွင် စည် ကား သိုက် မြိုက် စွာ ပြု လုပ် မည် ဖြစ် ပါ သ ဖြင့် ကြွ ရောက် ချီး မြှင့် ပါ ရန် လေး စား စွာ ဖြင့် ရပ် ဝေး ရပ် နီး မိတ် ဆွေ သ င်္ဂ ဟ များ အား လုံး ကို ဖိတ် ကြား အပ် ပါ သည်။
Sunday, December 7, 2008
Final meeting for New Bern 2748 Karen New Year
Wednesday, November 19, 2008
CHAN MYIE ASIAN MART
ချမ်း မြေ့ အာ ရှ ဆိုင် ဟာ မြန် မာ ပြည် ဖွား တိုင်း ရင်း သား ပိုင် ဆိုင် ဖြစ် ပါ တယ်။ အဲ ဒီ ဆိုင် ဟာ မြောက် ကာ ရို လိုင်း နား ပြည် နယ် ၊ ဟက် ဗ လော့ မြို့ ၊ ၁၂၄ ထ ရိတ် ဒါး လမ်း မှာ တည် ရှိ ပါ တယ်။ ထိုင်း အ စား အ သောက် မျိုး စုံ၊ အိ န္ဒိ ယ အ စား အ သောက် မှိုး စုံ၊ ကိုး ရီး ယား အ စား အ သောက် မျိုး စုံ၊ ဖိ လိ ပင်း အ စား အ သောက် မျိုး စုံ၊ မြန် မာ ရိုး ရာ အ စား အ သောက် နှင့် ဆေး ၀ါး မျိုး စုံ၊ မြန် မာ ဖိ နပ်၊ က ရင် ရိုး ရာ အ ထည် မျိုး စုံ၊ ကွမ်း သီး ကွမ်း ရွက် ထုံး နှင့် ဟင် သီး ဟင်း ရွက် အိမ် သုံး စား သောက် ဖွယ် ရာ နှင့် မုန့် မျိုး စုံ တို့ ကို ဈေး နှုန်း ချို သာ စွာ ဖြင့် ရောင်း ချ ပေး နေ ပါ တယ်။ ကြွ ရောက် အား ပေး ကြ ဖို့ လှိုက် လှဲ စွာ ဖိတ် ခေါ် ပါ တယ်။ ဆိုင် ပိုင် ရှင် က တော့ လား ဘွယ် စေး နဲ့ မိငယ် ဖြစ် ပါ တယ်။ န ယူး ဘန်း နဲ့ မို ဟက် စီး တီး က ဖေါက် သည် တွေ အ တွက် ကြို ပို့ အ စီ အ စဉ် ရှိ ပါ တယ်။ ဖုန်း ကြို ဆက် ထား ဖို့ တော့ လို ပါ တယ်။ ဖုန်း နံ ပါတ် က တော ၂၅၂ ၃၄၂ ၂၇၈၅ နဲ့ ၂၅၂ ၃၄၂ ၂၇၈၆ ဖြစ် ပါ တယ်။
Thursday, October 9, 2008
ရှင်သန်ခြင်း
သူငယ်ချင်းတို့ေ၇...
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ: ဆုံးအောင်ဖတ်ပေးပါ..........
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....
(ညီမလေးတစ်ယောက်ရဲ့ Fwd: mail မှတစ်ဆင့်)

Monday, September 29, 2008
ဤခရီးနီးပြီလား???????
အ မှန် တ ကယ် တော့ ဒီ ခ ရီး နီး ပြီ လို့ ထင် ခဲ့ တာ ၈၈ က တည်း ပါ။ မ နက် ဖြန် ရောက် နိုး နိုး နဲ့ ပေါ့။ ဒါ ပေ မဲ့ အ နှစ် ၂၀ ကြာ ပြီး နောက် ပိုင်း ထိ ဒီး ခ ရီး ကို မ ရောက် နိုင် ခဲ့ သေး ပါ ဘူး။ ဘာ ကြောင့် လဲ ?
မ ရောက် တတ် တဲ့ ခ ရီး ကို ပဲ လျွေက် မိ နေ လို့ လား
ဒီ ခ ရီး က ပဲ ဝေး နေ လို့ လား ?
သွား တဲ့ လူ က ပဲ ရပ် နေ လို့ လား ?
လမ်း ပဲ မှား နေ လို့ လား ?
လမ်း ပဲ ပျောက် နေ လို့ လား ?
တစ် ယောက် ယောက် က ပဲ အ မှား တွေ လုပ် ပြီး လုပ် ပြန် နေ လို့ လား ?
လား ပေါင်း များ စွာ နဲ့ မေး စ ရာ တ ပုံ ကြီး ပါ။
၈၈ တော် လှန် ရေး ကာ လ မှာ မ နက် ဖြန် ပဲ ဒီ မို က ရေ စီ နိုင် ငံ သစ် ကို ရ တော့ မယ် လို့ ထင် ခဲ့ မိ တယ်။ ၉၉ ရေး ကောက် ပွဲ နောက် ပိုင်း မှာ လဲ ပဲ ဒီ အ တိုင်း ပဲ မျှော် လင့် ခဲ့ မိ တယ်။
နောက် ပိုင်း UN ကိုယ် စား လှယ် တွေ တစ် ရောက် ပြီး တစ် ယောက် လာ ပြီး တိုင်း မှာ လည်း မျှော် လင့် ခဲ့ မိ တယ်။ ဟော အ ခု နောက် ဆုံး ရွှေ ၀ါ ရောင် တော် လှန် ရေး ကို လဲ မျှော် လင့် ခဲ မိ သေး တယ်။ ဒီ တ ခါ တော့ ဘယ် ပြေး မ လဲ ဒီ မို က ရေ စီ ပန်း တိုင် ပေါ့။ နာ ဂစ် လည်း ပဲ ၀မ်း နည်း စ ရာ တွေ နဲ့ အ တူ အ ပြောင်း အ လဲ တ ခု တော့ ယူ ဆောင် လား ဖို့ တိတ် တ ခိုး မျှော် လင့် မိ ပြန် တယ်။ ဒါ ပေ မဲ့ ဒီ ခ ရီး က မ ရောက် နိုင် သေး ဘူး လေ။
ဘာ လို့ မ ရောက် တာ လဲ လို့ တော့ ဆန်း စစ် ကြည့် မိ တော့ တာ ပေါ့။
မ ရောက် တတ် တဲ့ ခ ရီး ကို ပဲ လျှောက် မိ နေ လို့ လား
ဒီ ခ ရီး က ပဲ ဝေး နေ လို့ လား ?
သွား တဲ့ လူ က ပဲ ရပ် နေ လို့ လား ?
လမ်း ပဲ မှား နေ လို့ လား ?
လမ်း ပဲ ပျောက် နေ လို့ လား ?
တစ် ယောက် ယောက် က ပဲ အ မှား တွေ လုပ် ပြီး လုပ် ပြန် နေ လို့ လား
ကိုယ့် တစ် ယောက် တွက် ကိန်း နဲ့ အ ဖြေ များ စွာ ပေါ့။
မှား ရင် လဲ မှား မယ် ၊ မှန် ရင် လဲ မှန် နိုင် တာ ပေါ့။
ဒီ ခ ရီး ရောက် ဖို့ အ တွက် လဲ စိတ် ကူး စီ မံ ချက် များ စွာ လဲ စဉ်း စား မိ တာ ပေါ့။
ဖြစ် လဲ ဖြစ် နိုင် သ လို ၊ မ ဖြစ် လဲ မ ဖြစ် နိုင် ဘူး ပေါ့။
ဒါ ပေ မဲ့ လုံး ၀ သေ ခြာ နေ တာ တစ် ခု က တော့-
ဒီ ခ ရီး ရောက် နိုး ရောက် နိုး နဲ့ ၂၀၀၄ အ ထိ ပဲ စောင့် နိုင် ခဲ့ ပြီး တော့ စိတ် မ ရှည် နိုင် တော့ ပဲ နိုင် ငံ ကို စွန့် ခွါ ထွက် လာ တဲ့ ကျွန် တော့ ကြောင့် ဒီ ခ ရီး ခြေ တစ် လှမ်း စာ တော့ နောက် ကျ စေ ခဲ့ တာ ပေါ့။
ဒီ တော့ ဒီ ခ ရီး ရောက် ဖို့ အ တွက် ဒီ နေ ရာ က လုပ် နိုင် တာ တစ် ခု ခု တော့ လုပ် နေ မှ ပဲ ဒီ ခ ရီး ကို ရောက် ဖို့ မျှော် လင့် ဖို့ လို ပါ တယ်။ ဘာ မှ မ လုပ် ပဲ ဝေ ဖန် ရေး ၊ လေ ကန် ရေး ပဲ လုပ် နေ မယ် ဆို တော့ ဒီ ခ ရီး ဝေး ဆဲ ဝေး အုံး မှာ ပဲ လေ။ လာ လက် ခြင်း ဆက် ပြီး ???????????????????

Friday, September 19, 2008
ကျွန်တော်ရဲ့သူရဲကောင်းများ
သူ ရဲ ကောင်း ၁
ဒေါ် အောင် ဆန်း စု ကြည် ပါ ။
သူ မ ရဲ့ မြန် မာ နိုင် ငံ အ တွက် ပေး ဆပ် ရဲ ရင့် နေ တာ တွေ အား လုံး ဟာ ဦး ညွတ် စ ရာ ပါ ။
မိ ခင် သည် ဘ ၀ ( အား တဲ့ အ ချိန် တွေ မှာ သား လေး ရဲ့ အ ၀တ် တွေ ကို ချုပ် ပေး နေ တယ် တဲ့ ။ ၀မ်း နည်း စ ရာ ပါ ။ မိ ခင် တစ် ဦး အ နေ နဲ့ ပေး လို့ ရ သ မျှ နည် နဲ့ ပေး တဲ့ အ ကြင် နာ မေ တ္တာ တွေ ပါ။ )
ဇ နီး သည် ဘ ၀ ( ဖုန်း အ ဆက် အ သွယ် ဖြတ် ထား တဲ့ အ တွက် ဘယ် တော့ မှ တွေ့ ခွင့် မ ရ တော့ တဲ့ ခင် ပွန်း သည် ရဲ့ နောက် ဆုံး အ ချိန် မှာ စ ကား ပြော ခွင့် ရ ဖို့ အ တွက် သံ တ မန် တစ် ဦး ရဲ့ အိမ် မှာ ဖုန်း ချိန်း ပြီး ပြော တဲ့ အ ချိန် မှာ ဟာ လို လို့ ခင် ပွန် သည် ရဲ့ အ သံ ကို ကြား လိုက် ရ တဲ့ အ ချိန် မှာ ပဲ ဖုန်း လိုင်း ဖြတ် တောက် ခြင်း ကို ခံ လိုက် ရ ပါ တယ် ။ သူ မ သည်း ထန် စွာ ငို ကြွေး ခဲ့ ပါ တယ်။ အဲ ဒီ သ တင်း ကြား လိုက် ရ တဲ့ အ ချိန် မှာ ကျွန် တော် မျက် ရည် ကျ မိ ပါ တယ် ။ )
အ ကောင်း ဆုံး အ သက် အ ရွယ် ( လူ့ ဘ ၀ အ သက် ၄၀ အ ရွယ် ဟာ မိ မိ ဘ ၀ အ တွက် ပြောင် မြောက် ဆုံး လုပ် ရပ် တွေ ကို လုပ် ဆောင် နိုင် တဲ့ အ ကောင်း ဆုံး အ ချိန် ပါ ။ ဒီ အ ချိန် အ များ စု ကို သူ မ အ ချုပ် အ နှောင် ဘ ၀ နဲ့ ကုန် ဆုံး စေ ခဲ့ ရ ပါ တယ်။ နှ မျော မိ ပါ တယ် ။ )
သူ ရဲ ကောင်း ၂
မင်း ကို နိုင် ၊ ကို ကို ကြီး ၊ ကို ဂျင် မီ တို့ ဦး ဆောင် တဲ့ ၈၈ မျိုး ဆက် ပါ။
မြန် မာ နိုင် ငံ ရဲ့ သ မိုင်း မှာ ပြောင် မြောက် တဲ့ လုပ် ရပ် တွေ နဲ့ မှတ် တမ်း ၀င် အုပ် စု ပါ ။ ၈၈ ကို ကျောင်း သား ဘ ၀ နဲ့ ဖြတ် သန်း ခဲ့ တဲ့ လူ တစ် ယောက် အ နေ နဲ့ လည်း ကျွန် တော် တို့ ရဲ့ ခေါင်း ဆောင် တွေ အ နေ နဲ့ ဦး ဆောင် မှု ပေး ခဲ့ ပါ တယ် ။ တိုင်း ပြည် ကို လည်း စစ် ဖိ နပ် အောက် က လွတ် ဖို့ အ ကောင်း ဆုံး လုပ် ဆောင် ခဲ့ ပါ တယ် ။ ဒါ ပေ မယ့် အ မျိုး သာ ခေါင်း ဆောင် တွေ ညီ ညွတ် မှု ကို မ တည် ဆောက် နိုင် ခဲ့ လို့ မ အောင် မြင် ခဲ့ ပါ ဘူး ။
၈၈ အ လွန် ကာ လ တွေ မှာ လည်း မြေ ပေါ် ၊ မြေ အောက် နဲ့ လက် နက် ကိုင် တော် လှန် ရေး စ တဲ့ သုံး ချောင်း ထောက် တော် လှန် ရေး လုပ် ငန်း စဉ် ကို အ မျှော် အ မြင် ကြီး စွာ ချ မှတ် ပြီး သူ အ ပိုင်း နဲ့ သူ တာ ၀န် ခွဲ ခြား ပြီး သီး သန့် အ ကန့် တွေ ကန့် ပြီး တော် လှန် ရေး လုပ် ငန်း ကို ယ နေ့ အ ထိ ဆောင် ရွက် နိုင် ခဲ့ ပါ တယ် ။ ဒါ ကြောင့် လဲ စစ် ဖိ နပ် အောက် က လွတ် မြောက် ရေး လှုပ် ရှား မှု တွေ ဒီ က နေ့ အ ထိ ရှင် သန် နေ ခဲ့ ပါ တယ် ။ ဒီ ရှင် သန် မှု ဟာ လဲ အောင် မြင် မှု ကို ဦး တည် နေ ပါ တယ် ။
အ ပြောင် မြောက် ဆုံး လုပ် ရပ် က တော့ ၈၈ မျိုး ဆက် ခေါင်း ဆောင် တွေ ချုပ် နှောင် မှု က လွတ် မြောက် ခဲ့ တဲ့ အ ချိန် မှာ ၈၈ မျိုး ဆက် နာ မည် နဲ့ အ မျိုး သား နိုင် ငံ ရေး စင် မြင့် တစ် ခု ကို ဖန် တီး ပြီး နိုင် ငံ အ တွက် အ ကောင်း ဆုံး လုပ် ရပ် တွေ ကို လုပ် နိုင် ခဲ့ ပါ တယ် ။ ရှင်း ပြ ပါ ရ စေ - ၈၈ ကာ လ မှ ဒေါ် အောင် ဆန်း စု ကြည် ဟာ ပါ တီ နိုင် ငံ ရေး မ လုပ် ပါ ဘူး ၊ အ မျိုး သား နိုင် ငံ ရေး ပဲ လုပ် ပါ မယ် လို့ ပြော ခဲ့ ပါ တယ် ( ကျွန် တော် အ မှတ် မ မှား ဘူး လို့ ထင် ပါ တယ် ။ ) ဒါ ပေ မဲ့ တပ် မ တော် အာ ဏာ သိမ်း ပြီး နောက် ပိုင်း မှာ အ မျိုး သား နိုင် ငံ ရေး ဆက် လုပ် နိုင် ဖို့ အ တွက် သူ မ ပါ တီ နိုင် ငံ ရေး ကို လုပ် ခဲ့ ရ တယ် လို့ ကျွန် တော် ထင် ပါ တယ် ။ ကျွန် တော် တို့ လည်း နယ် မြို့ လေး က ဖြစ် တဲ့ အ တွက် နိုင် ငံ အ တွက် ဆက် လက် လုပ် ဖို့ စဉ်း စား ကြ တဲ့ အ ခါ မှာ ကျွန် တော် တို့ လဲ ကျောင်း သာ ပါ တီ တစ် ခု ဖြစ် တဲ့ လူ့ ဘောင် သစ် ဒီ မို က ရက် တစ် ပါ တီ ရဲ့ အ ရိပ် ကို ခို လှုံ ပြီး တော့ လုပ် ခဲ့ ရ ပါ တယ် ။ ဒါ ပေ မဲ့ ၈၈ မျိုး ဆက် ခေါင်း ဆောင် တွေ ဟာ ချုပ် နှောက် မှု က လွတ် မြောက် တဲ့ အ ချိန် မှာ ဘယ် ပါ တီ အ ရိပ် ကို မှ မ ခို လှုံ ခဲ့ ပဲ နဲ့ ၈၈ မျိုး ဆက် နာ မည် နဲ့ အ မျိုး သာ နိုင် ငံ ရေး ကို အ ချိန် အ ခါ နေ ရာ နဲ့ ကိုက် ညီ စွာ လိ မ္မာ ပါး နပ် စွာ ဆောင် ရွက် နိုင် ခဲ့ ပါ တယ် ။ ( အ စ ပိုင်း မှာ စစ် အုပ် စု နဲ့ ညှိ နှိုင်း ပြီး နိုင် ငံ တော် အ တွက် လုပ် ဆောင် ဖို့ ၊ တွေ့ ဆုံ ဆွေး နွေး ပွဲ ဖြစ် ဖို့ အ တွက် ညှိ နှိုင်း သူ အ နေ နဲ့ လုပ် ဆောင် ခဲ့ ပါ တယ် ။ မ ရ နိုင် နိုင် တော့ မှန်း သိ လာ တဲ့ အ ချိန် မှာ ပဲ ငြိမ်း ချမ်း စွာ ဆ န္ဒ ပြ တဲ့ နည်း နဲ့ စစ် အုပ် စု ကို တိုက် ပွဲ ဆင် ခဲ့ ပါ တယ် ။ က မ္ဘာ့ သ မိုင်း ၀င် ရွှေ ၀ါ ရောင် တော် လှန် ရေး ဟာ ၈၈ မျိုး ဆက် ကျောင်း သား ခေါင်း ဆောင် တွေ အ စ ပြု ခဲ့ တာ ပါ ။ ) လေး စား ပါ တယ် ရဲ ဘော် ။
သူ ရဲ ကောင်း ၃
မြန် မာ ပြည် ရဲ့ ဘော် ရစ် ယဲ ဆင် ပါ ။
ဘယ် သူ ဖြစ် မ လဲ တော့ မ သိ ဘူး ။ ရွှေ ၀ါ ရောင် တော် လှန် ရေး ကာ လ မှာ မြန် မာ ပြည် က သူ ငယ် ချင်း တစ် ယောက် နဲ့ အ ခြေ အ နေ တွေ မေး မြန်း ကြည့် ရင်း နဲ့ စ ကား ပြော မိ တယ် ။ သူ ငယ် ချင်း က ပြော တယ် မြန် မာ ပြည် မှာ ဘော ရစ် ယဲ ဆင် လို စစ် တပ် ကို ကိုယ့် ဖက် ပါ အောင် စည်း ရုံး နိုင် မဲ့ ခေါင်း ဆောင် လို ပြီး လို့ ပြော တာ နဲ့ ဟုတ် တာ ပေါ့ လို့ ကျွန် တော် ပြန် ပြော တဲ့ အ ခါ သူ က ဆက် ပြီး တက် ရပ် ဖို့ သံ ချပ် ကာ ကား မ ရှိ လို့ လို တယ် နော် လို့ ကျွန် တော့ ကို ပြော ခဲ့ ပါ တယ် ။
မြန် မာ ပြည် ရဲ့ ဒီ မို က ရေ စီ ထွက် ပေါက် ကို ခန့် မှန်း ကြည့် တဲ့ အ ခါ မှာ-
ဗိုလ် ချုပ် မှူး ကြီး သန်း ရွှေ ကွယ် လွန် မှ လား ?
တပ် မ တော် နှစ် ခြမ်း ကွဲ မှ လား ?
Road map က လွဲ ပြီး တ ခြား ရွေး စ ရာ မ ရှိ ဘူး လား ?
U N လုပ် ပေး မှ လား ?
အ မေ ရိ က ၀င် တိုက် မှ လား ?
ပြည် သူ အား လုံး လက် နက် ကိုင် တော် လှန် ရေး ဆင် နွဲ မှ လား ?
.................................လား ??????????????? ပေါင်း မြောက် များ စွာ နဲ့ ပဲ လား
ကျွန် တော် တစ် ဦး တည်း အ မြင် က တော့ မြန် မာ ပြည် ရဲ့ ဘော ရစ် ယဲ ဆင် ပဲ လို အပ် ပါ တယ် ။ ဘယ် သူ ဖြစ် မှာ လဲ.....???????????????????????????????????????????????????????????????????? ဘယ် သူ ပဲ ဖြစ် ဖြစ် သူ/သူမ ဟာ ကျွန် တော့် ရဲ့ အ ကြီး မား ဆုံး သော သူ ရဲ ကောင်း ပါ ။

Saturday, September 6, 2008
MEETING FOR KAREN NEW YEAR
Sunday, August 31, 2008
Thursday, August 14, 2008
Monday, August 11, 2008
Sunday, August 10, 2008
New Bern Karen Traditional LAH KWE KHEE SU
က ရင် ရိုး ရာ လက် ချီ ပွဲ မ င်္ဂ လာ ပွဲ ကို မြောက် ကာ ရို လိုင်း နား ပြည် နယ် န ယူး ဘန်း မြို့ Famer Market တွင် ၂၀၀၈ ခု နှစ် သြ ဂုတ် လ ၁၀ ရက် နေ့ တွင် စည် ကား သိုက် မြိုက် စွာ ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ ဧည့် ပ ရိတ် သတ် ပေါင်း ၃၀၀ ခန့် တက် ရောက် ခဲ့ ပါ သည်။
Sunday, July 20, 2008
Sunday, July 6, 2008
New Bern to Burma Cyclone Nirgis.
မေ လ ၂ ရက် နေ.က တိုက် ခတ် သွား တဲ့ ဆိုင် က လုံး နာ ဂစ် ကြောင့် ဒုက္ခ ရောက် သူ များ အ တွက် သူ များ အ တွက် န ယူ ဘန်း မှ မြန် မာ လူ မျိုး စု များ မှ -- ---- ဆ ရာ တော် နှင့် - - ဘု ရား ကျောင်း များ မှ တ ဆင့် အ လှူ ငွေ များ ပေး ပို. ခဲ့ ပါ သည်။ တောင် သူ ကုန်း ဘု ရား ကျောင်း မှ သွား ရောက် ကူ ညီ သည့် ဗွီ ဒီ ယို များ ကို youtube.com , Search အ ကွက် တွင် TMP 1 (TTG) ရိုက် ထဲ့ ရှာ ဖွေ ကြည့် ရှူ နိုင် ပါ သည်။ အ ပိုင်း ၁ မှ ၁၀ အ ထိ ရှိ ပါ သ ဖြင့် 1,2,3, အ စဉ် အ တိုင်း ရိုက် ထဲ့ ကြည့် ရှူ နိုင် ပါ သည်။ ယ ခု ဘ လော့ ဗွီ ဒီ ယို လင့် တွင် လဲ ကြည့် ရှူ နိုင် ပါ သည်။
အ လှူ ရှင် များ နှင့် တက် ကြွ စွာ ပါ ၀င် ကူ ညီ သူ များ အား လုံး ကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည်။

Subscribe to:
Posts (Atom)