Blogger Widgets
Showing posts with label ထပ်ဆင့်ဖေါ်ပြဆောင်းပါးများ. Show all posts
Showing posts with label ထပ်ဆင့်ဖေါ်ပြဆောင်းပါးများ. Show all posts

Monday, June 29, 2015

KIC News

သတ္တုအစမ်းတူးဖော်ခွင့်ကိစ္စ ကျောက်ကြီးမြို့နယ် ဒေသခံများက အမြန်ဖြေရှင်းပေးစေလို

Ydn SaiKaungMyatKyaw mining area 6

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ စလဲကျေးရွာအုပ်စုအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(ကေ အဲန်ယူ)နှင့် မြန်မာအစိုးရတို့မှ ကုမ္ပဏီအား အဖြိုက်နက်သတ္တုအစမ်း ဝင်ရောက်တူးဖော်ခွင့်ပေးရာတွင် မြေယာသိမ်းဆည်းမှုများ ရှိသည့်အတွက် ဒေသခံများက အမြန်ဆုံး ဖြေရှင်းပေးလိုကြသည်ဟု သိရသည်။
အဆိုပါ အဖြိုက်နက်သတ္တုအစမ်းတူးဖော်မှုကို ကျောက်ကြီးမြို့နယ်ရှိ ကေအဲန်ယူနှင့် အစိုးရတို့က ယခင်နှစ်က ခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်လကျော်မှစ၍ ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့ ဝင်ရောက်လုပ်ကိုင်ရာ ဒေသခံများ၏ မြေဧက ၇၃,၁၂၄ကို သိမ်းဆည်းထားသလို လျော်ကြေးပေးဆောင်ရန်လည်း ယခုအချိန်ထိ တစုံတရာ မသိရသေးကြောင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ နော်တပီးသာ့က ပြောသည်။
နော်တပီးသာ့က “စီမံကိန်းလုပ်တဲ့ နေရာမှာ အသိမ်းခံရတဲ့ ဒေသခံ မြေဧကတွေဟာ လျော်ကြေးမရှိတဲ့အပြင် ပွင့်လင်းစွာ မလုပ် တဲ့အတွက် ဒေသခံဘက်က နစ်နာရတယ်။ ဒီကိစ္စကို ဒေသခံဘက်ကလည်း လွှတ်တော်ကို စာတင်ထားတယ်။ သမ္မတနဲ့ ကေအဲန်ယူဗဟိုကိုလည်း ဆက်လက် စာတင်ဖို့ရှိတယ်။ တကယ်လို့ တစုံတရာ ဖြေရှင်းမှုတွေ မလုပ်ပေးဘူးဆိုရင် ဒေသခံတွေ ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်သွားမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်း သတ္တုအစမ်းတူးဖော်ရန် ကေအဲန်ယူမှ ယမန်နှစ် ဧပြီလတွင် ကုမ္ပဏီကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် အစိုးရဘက်မှလည်း ဒီဇင်ဘာလတွင် အလားတူ သဘောတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစမ်းတူးဖော်ခွင့်ရရှိရန် ကုမ္ပဏီဘက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးသွားမည်ဟု သဘောတူထားကြောင်း သိရသည်။
စလဲကျေးရွာမှ ဒေသခံတစ်ဦးက

Tuesday, June 9, 2015

KIC News

နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရေး တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်

IMG_0478
ဇွန်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပဉ္စမနေ့ (ဇွန်လ ၆ရက် နေ့)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း အခန်း (၅)၊ အပိုဒ်(၂၃)ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြထားချက်အစား အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရန်ကို အစည်းအဝေးတက်ရောက်လာသူ ထိပ်သီးခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။
ဇွန်လ ၂ရက်နေ့မှ ၈ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဒေသတွင် ပြုလုပ်သည့် ၎င်းအစည်းအဝေးတွင် အဓိကထား ဆွေးနွေးလျှက်ရှိသည့် အဆိုပါစာချုပ်မူကြမ်းတွင် အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်သွားရန် လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)မှ အမျိုးသမီးကိုယ်စားလှယ်၏ အဆိုပြုချက်ကို NCCT အဖွဲ့ဝင် စောမြရာဇာလင်းက ထောက်ခံဆွေးနွေးကာ ထိပ်သီးကိုယ်စားလှယ်များက သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုပါဝင်ဖို့လိုတယ်။ အဲဒီပြည်သူလူထုထဲမှာမှ အမျိုးသမီးတွေ ပါဝင်ဖို့။ များများ ပါလေကောင်းလေပေါ့။ ဒီ ၃၀ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်စရာ မရှိပါဘူး။ ၂၀၀၈ ခုနှစ်တုန်းက ဒီလော်ခီးလာမှာပဲ ဖက်ဒရယ် ပြည်ထောင်စု ဒုတိယမူကြမ်းကို အတည်ပြုခဲ့တယ်။ အဲဒီတုန်းက လည်း ဒီ ၃၀ရာခိုင်နှုန်းကို လက်ခံကြောင်း ပါခဲ့တာမို့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ကန့်ကွက်စရာမရှိခဲ့ဘူး”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ယင်းသို့ အမျိုးသမီးများပါဝင်ရေး ပြောဆိုရာတွင် စစ်မှန်သော၊ အမျိုးသမီးထုအား ကိုယ်စားပြုနိုင်သော အမျိုးသမီးကိုယ်စားလှယ်များ ဖြစ်သင့်ကြောင်းနှင့် မြန်မာအစိုးရဘက်အနေဖြင့် ၃၀ရာခိုင်နှုန်းကို လက်ခံနိုင်ဖို့ ရာမှာ အနည်းငယ် အချိန်ယူကာ ဆွေးနွေးသွားရမည့်သဘောရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အလားတူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)–WLB ကလည်း တိုက်တွန်းချက်လေးချက်နှင့် စိုးရိမ်ချက်များ ပါရှိသည့် အစည်းအဝေး လေးရက်တာ လေ့လာသုံးသပ်ချက်ကို ဇွန်လ ၆ရက်နေ့က ထုတ်ပြန်လိုက်သည်။
WLB ပေါ်လစီဆိုင်ရာ ဘုတ်အဖွဲ့ဝင် ယိင်းဟန်ဖက

Sunday, December 21, 2014

မိုး မ ခ ဆောင်း ပါး

အောင်သဇင် – ပြည်ထောင်စုဖြိုခွဲရေး – တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး

December 20, 2014

အောင်သဇင်  – ပြည်ထောင်စုဖြိုခွဲရေး – တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး
(မိုးမခပေးစာ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄

ဒို့တာဝန်အရေးသုံးပါးကို ပါးစပ်ကအမြှုပ်ထွက်မတတ်အော်နေတဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတွေ UNFC ထဲမှာ၊ FUA ပြည်ထောင်စုတပ်မတော်ထဲမှာ၊ KAF ကော်သူးလေတပ်မတော်ထဲမှာ စည်းလုံးညီညွတ်မယ့်အရေး ကိုတော့ အပြင်းအထန်ဆန့်ကျင်နေပြီး ဖျက်ဆီးဖြိုခွဲဖို့ နည်းမျိုးစုံသုံးနေတာ တွေ့ရတယ်။

ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ မင်းအောင်လှိုင်ဟာ ၂၀၁၃ မေလ နဲ့ နိုဝင်ဘာလကတည်းက တပ်မတော်မူ ၆ ချက်တို့ ငြိမ်းချမ်းရေးမူ ၆ ချက်တို့ လုပ်လာပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်နေတဲ့ တိုင်းရင်းသားတပ်တွေကို တည်ဆဲ ဥပဒေတွေလိုက်နာဖို့၊

Sunday, November 30, 2014

VOA news

ကာချုပ်နဲ့ KNU ခေါင်းဆောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေး

by သိင်္ဂီထိုက်

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ နောက် တိုင်းရင်းသားတွေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အပေါ် စိုးရိမ်ချက်တွေအပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် အမြင်တွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရလာတဲ့ အမြင်သဘောထားတွေ အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ KNU က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထား

Mizzima News

ဖက်ဒရယ် တပ်မတော် ကိစ္စ အစိုးရ လက်မခံ၊ အချိန်ယူ ရဦးမည်ဟု KNU ဆို

Written by  သိင်္ဂီထွန်း၊ ဖနိဒါ
ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရက ဖက်ဒရယ် ပြည်ထောင်စုကို ပေးထားပြီးဖြစ် သည်ဟုဆိုကာ တိုင်းရင်း သားအများစု တောင်းဆိုနေသည့် ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စမှာ မဖြစ်နိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆို လိုက်ပြီး ကေအန်ယူ ကလည်း ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စသည် အချိန် ယူရန် လိုအပ် သည်ဟု ပြောကြား လိုက်သည်။
KNU-NCCT
နော်ဝေနိုင်ငံခြားရေးဝန်ကြီး၊ဝန်ကြီးဦးအောင်မင်း၊ ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားအဖွဲ့များ နိုဝင်ဘာ ၃၀ရက် နံနက်က ပဲခူးရှိ ဟင်္သာဥယာဉ်ဟိုတယ်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ_ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပဲခူးမြို့၊ ရန်ကုန်-ပဲခူးလမ်းပေါ်ရှိ ဟံသာ ဥယျာဉ် ဟိုတယ်တွင်ပြု လုပ်သည့် နော်ဝေနိုင်ငံ ခြားရေး ဝန်ကြီးနှင့် ပူးတွဲ

Monday, November 17, 2014

KIC News

ကရင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ စတင်ဖွဲ့စည်း

(ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်းရွှေ)
(ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်းရွှေ)

နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း

ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုထားပြီးဖြစ်သည့် ကရင်အမျိုးသားပါတီ(KNP) သည် နိုဝင်ဘာ ၁၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းရွာရှိ ပါတီ ဒုဥက္ကဌ မန်းထိန် ဝင်းစိန် နေအိမ်၌ အစည်းအဝေးကျင်းပကာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ထိုသို့ ကော်မတီများ ဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ် မန်းသိန်းရွှေ၊ ဒုဥက္ကဌများ အဖြစ် မန်းထိန်ဝင်းစိန်၊ မန်းအုန်း မောင်၊ စောလွန်းတင်၊

Wednesday, November 5, 2014

ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ

ပန်းတနော် မန်းတင့် – November 6, 2014 ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄
 ကေအဲန်ယူအကြောင်းကြားရတာ ကျနော်အတော် စိတ်ထိခိုက်ရပါတယ်။ ကိုယ့်မိခင်အဖွဲ့ အစည်း ကိုယ့်လုပ်ခဲ့တဲ့ အလုပ်ဖြစ်လို့ ကျနော်နဲ့ လည်း လိပ်ပြာမသန့် သလို ခံစားရတယ်။ ကျနော် အသက် ၆၀ကျော်လို့ ၇၀ ထဲရောက်နေပါပြီ ကျန်းမာရေးကြောင့် ကျနော် ကရင့်တော်လှန်ရေးထဲကနေ ထွက်ခွာပြီး နိုင်ငံခြားတိုင်းပြည်ကို ရောက်နေပေမယ့် ကျနော့်အဖွဲ့ အစည်းကို ကျနော် တနေ့ မှ မမေ့ပါ၊ ကျနော် ရဲဘော်များကိုလည်း ကျနော် မမေ့ပါ၊ ကျနော်လူမျိုးများကိုလည်း ကျနော်မမေ့ပါ။ ကျနော် အခုလို တခါမှ စာ မရေးဖူးပါ။ အခုလည်း မနေနိုင်လွန်းလို့ ရေးလိုက်ရတာပါ၊ ကရင်တယောက်အနေနဲ့ တော်လှန်ရေးသမားဟောင်း တယောက်အနေနဲ့ ကိုယ့်အဖွဲ့ အစည်း ကိုယ့်ခေါင်းဆောင် ကိုယ့်လူမျိုးတွေ မှားနေကြတယ်ဆိုရင် ပြောပြဖို့  ထောက်ပြဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိကြောင့်လည်း ကျနော်ရေးရ ပြောရတာပါ၊ အခု

Saturday, November 1, 2014

ငါးလောင်းပြို င်သတ်ဖြတ်ခံရမှု KNU စုံစမ်းစစ်ဆေးမှုစတင်

နိုဝင်ဘာ - ၁ - ၂၀၁၄ သတင်း - ကရင်အမျိုးသား (မီဒီယာ) ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၅ ဦးသတ်ဖြတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်နေပြီးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးဌာမှူး ပဒိုစောအားတိုးကပြောသည်။ ၎င်းက" ဒီဖြစ်ရပ်က လုံးဝကိုလက်ခံလို့မရတဲ့ဖြစ်ရပ်ဖြစ်တယ် ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးဖြစ်တယ်"ဟုပြောဆိုသည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် KNU ဥက္ကဌအပါအ၀င် ထိပ်တန်းခေါင်းဆောင်များ KNU စည်းကမ်းထိန်းသိမ်းရေးကော်မတီ - KNLA စစ်ဦးစီးချုပ် KNDO ဦးစီးချုပ် ခရိုင်ဥက္ကဌများနှင့် တပ်မဟာမှူးများကိုလည်း အသိပေးအကြောင်းကြားထားပြီးဖြစ်သည် ပြည်ထဲရေးဌာနမှူးကဆိုသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် KNU ပြည်ထဲရေးဌာန၏ လက်အောက်တွင်ရှိပြီး တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြည်ထဲရေးဌာနကပြောသည်။ ထိုင်းနိုင်ငံဘန်ကောက်တွင်အခြေစိုက်သည့် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ မန်းထီ့ဖောင်က"အခုအသတ်ခံလိုက်ရတဲ့ စောသိန်းဦးဟာ အရင်ကဘန်ကောက်မှာ ကရင်လူမှုရေးနဲ့စာပေယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တဲ့လူပါ ကျနော်တို့အနေနဲ့ဒီဖြစ်ရပ်အပေါ်မှာ အတော့ကိုတုန်လှုပ်မိပါတယ် ဒီကိစ္စကိုတာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်တဲ့လူတွေကို အမြန်ဆုံးအရေးယူပေးဘို့ အဓိကတောင်းဆိုချင်ပါတယ်"ဟု ကရင်အမျိုးသား(မီဒီယာ) ကိုပြောဆိုသည်။ KNU လက်အောက်ခံ ဒူးပလာယာခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ မြို့ နယ်ရဲမှူးစောသိန်းဦးအပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယခင်လ ၁၈ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံရပြီး ၆ ရက်အကြာ ၂၃ ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။ သေဆုံးသူများ၏ မိဘဆွေမျိုးသားချင်းများက ယခုဖြစ်ရပ်သည် စစ်ပြေပြင်တွင်သေဆုံးခြင်းမဟုတ်ဘဲ ကိုယ့်အချင်းချင်းဖမ်းဆီးချုပ်နှောက်ပြီးမှ သတ်ဖြတ်ခြင်းကြောင့် ယူကြုံးမရဖြစ်ရကြောင်း တာဝန်ရှိသူများအနေနှင့် စုံစမ်းဖော်ထုတ်အရေးယူမှုများ အမြန်ဆုံးပြုလုပ်စေချင်သည်ဟု ပြောဆိုကြသည်။ သတ်ဖြတ်ခံရသည့်နေရာမှာ ဒူးပလာယာခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ နယ်မြေအတွင်းဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

KIC News


KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်

ဗိုလ်မှူးကြီးစောဖောဒို

ဗိုလ်မှူးကြီးစောဖောဒို

အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

ကရင်တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ကော်သူးလေတပ်မတော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်သော လုပ်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ရက်(ယမန်နေ့)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဌာနချုပ် (ကော်သူးမွဲခီး)ဆုံဆည်းမြိုင်တွင် အောက်တိုဘာ ၂၉ရက်မှ ၃၀ရက်နေ့ အထိ ကျင်းပသည့် ယင်းအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် KAF ဖွဲ့စည်းခြင်းကို အားလုံး ပါဝင်သော ဦးဆောင်မှုဖြင့် လုပ် ဆောင်ခြင်း၊ တက်ရောက်သူ အဖွဲ့အစည်းကိုယ်စားလှယ်များ KAF ဖွဲ့စည်းမှုကို သဘောတူခြင်းနှင့် KAF သည် ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူလေးချက်အပေါ် ရပ်တည်သွားခြင်း အပါအ၀င် အချက် ၅ချက် ဖော်ပြပါရှိသည်။
ထုတ်ပြန်ကြေညာချက်အပေါ် KNU ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက “အခုအစည်းအဝေးက DKBA က တစ်ဖွဲ့တည်း ဦးဆောင်ပြီး လုပ်နေတဲ့ အနေအထားဖြစ်နေတဲ့ အတွက် တစ်ခုတည်း သဘောမဖြစ်ဖို့ နောက်လာမယ့် အဖွဲ့အားလုံးတွေ့ဆုံပြီး အစည်းအဝေးတစ်ရပ်ရှိမှသာလျှင် ဒီလုပ်ငန်းကြီး အကောင်အထည်ဖော်ရာမှာ တစ်ခုတည်းဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် KAF ဖွဲ့စည်းခြင်းကို KNU ၏

Thursday, October 30, 2014

VOA News

UNFC က ခွဲထွက်ရေး KNU ပြန်လည်ဆွေးနွေးမည်

(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အရေးပေါ်အစည်းအဝေးကို တပတ်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် အမြင်ကွဲလွဲမှုတွေရှိနေတဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းရေးနဲ့ UNFC ကနေ ခွဲထွက်ရေးကိစ္စတွေဟာ အချေအတင် ဆွေးနွေးခဲ့ရပြီး ညီညွတ်ရေးအရ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေထိ မရောက်ခဲ့ဘဲ အားလုံးလက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ကွန်ဂယက်အပြီးမှာ ၃ ကြိမ်မြောက်ဖြစ်တဲ့ အရေးပေါ်အစည်းအဝေးကို ဘားအံခရိုင် လေးဝါး ဆိုတဲ့ KNU ဌာနချုပ်မှာ ဗဟိုကော်မတီ ၄၇ ဦးနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာတော့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းခြင်းကို မူအရ

Tuesday, October 28, 2014

KIC News

UNFC တပ်ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်ဆောင်ရန် KNU-EC အား တာဝန်ပေး

KNU ခေါင်းဆောင်များကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်စဉ်က

KNU ခေါင်းဆောင်များကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်စဉ်က

အောက်တိုဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာလ ၂၃ရက် နေ့က စတင် ကျင်းပပြုလုပ်ခဲ့ရာ တပ်ပေါင်းစုကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ UNFC နှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားရန် ယနေ့ ဆွေးနွေးဆုံးဖြတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
“ဒီနေ့မှာတော့ UNFC ကိစ္စ ဆွေးနွေးတဲ့ အစီအစဉ်က ပြီးသွားပြီ။ တပ်ပေါင်းစုအနေနဲ့ ပါဝင်သွားမယ် မသွားဘူးဆိုတာက လော လောဆယ် ယာယီရပ်ဆိုင်းသဘောမျိုးပဲ ရှိနေသေးပြီး UNFC ခေါင်းဆောင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားဖို့ကို အမြဲတမ်း ကော်မတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ဦးကို တာဝန်ပေးလိုက်တယ်”ဟု KNLA တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိ တဦး၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအစည်းအဝေးမှာ ယနေ့အချိန်ထိ မပြီးစီးသေးသော်လည်း ဆွေးနွေးပြီးခဲ့သည့်အထဲတွင် ညီညွှတ်သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ (UNFC)နှင့် ပတ်သက်၍ ယခုကဲ့သို့ တာဝန်ပေးအပ်မှုများကို အလုပ်အမှုဆောင်များအနေဖြင့် အချိန် ကာလ မည်မျှကြာ သတ်မှတ်သွားမည်ကိုလည်း တပ်အပ် မပြောဆိုနိုင်သေးကြောင်း ကေအဲန်ယူ အသိုင်းအ၀ိုင်းက ပြောသည်။
အစည်းအဝေးတွင် ပြီးခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှ ဆုံးဖြတ်ချမှတ်ထားသော လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြန်လည် သုံးသပ်ကာ ဆွေးနွေးခဲ့ကြရာ ကိုက်ညီမှုရှိကြောင်း တက် ရောက်လာသည့် ဗဟိုအမြဲတမ်းကော်မတီဝင်များက သဘောတူခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် အောက်တိုဘာလ ၁၃ရက်နေ့က ဖွဲ့စည်းကာထုတ်ပြန်လိုက်သည့် ကော်သူးလေတပ်မတော် (KAF)ကိစ္စ ဆွေးနွေးရာ တွင် တက်ရောက်လာသူ ဗဟိုအမြဲတမ်းကော်မတီဝင် ခရိုင်၊ တပ်မဟာအသီးသီးမှ ခေါင်းဆောင်များက KAF မှာ ယခင်က ဖွဲ့ စည်းထားခဲ့ဖူးသည်ဖြစ်၍ ၎င်းကို မူအားဖြင့် သဘောတူခဲ့ကြသော်လည်း ဖွဲ့စည်းရေး အတည်ပြုရန်မှာ လာမည့် ၁၆ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကျင်းပသည့်အခါမှသာ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။
ကော်သူးလေတပ်မတော် ဖွဲ့စည်းရာတွင် KNLA, KNDO, KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့်အတူ ပါဝင်လက်မှတ်ထိုးထား သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)က ကော်သူးလေ တပ်မတော်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ် ခုကို ၎င်းတို့ဌာနချုပ်ရှိရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်ကျေးရွာ)၌ အောက်တိုဘာ ၂၉ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။
ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုလှုပ်ရှားကွန်ယက်အဖွဲ့(KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွားက “အားလုံး စိုးရိမ်နေ ကြတာက ကေအဲန်ယူထဲ အကွဲအပြဲ ဖြစ်သွားမှာကိုပါပဲ။ ကေအဲန်ယူဟာ ကိုယ့်အဖွဲ့အစည်းထဲမှာဖြစ်စေ၊ ကရင်လက်နက်ကိုင် တွေ အချင်းချင်းဖြစ်စေ၊ အခြားအဖွဲ့တွေနဲ့ဖြစ်စေ၊ စည်းလုံးညီညွှတ်မှုရှိစေချင်တယ်။ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို ဆောင်ရွက်ရာမှာ အခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုက အရေးကြီးသလို ဒီအပေါ်မှာ လူထုတွေကလည်း တိကျပြတ်သားတဲ့ ဆုံး ဖြတ်ချက်ရလဒ်ကို မြင်ချင်ကြပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC) ၏ ပထမအကြိမ် ညီလာခံမှ ကေအဲန်ယူ ကိုယ်စားလှယ်များ ထွက်ခွါလာခဲ့ပြီးနောက်ပိုင်း UNFC အဖွဲ့ဝင် အဖြစ် ဆက်လက်ပါဝင်မည်၊ မပါဝင်မည်ကို ဆုံးဖြတ်နိုင်ရေးအတွက် ကေအဲန်ယူက ၎င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီ အရေး ပေါ် အစည်းအဝေးကို ယခုလို ခေါ်ယူကျင်းပခဲ့ရပြီး ဗဟိုကော်မတီဝင် ၄၉ဦးအနက် ၄၇ဦး တက်ရောက်ခဲ့ကြသည်။

Monday, October 27, 2014

KIC News


KWEG ဒါရိုက်တာ နော်စူစဲန်နာလှလှစိုး ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်မည်

DSC09527

အောက်တိုဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG) ဒါရိုက်တာ နော်စူစဲန်နာလှလှစိုးက လာမည့် ဒီဇင်ဘာ ၂၇ရက်နေ့၌ ပြုလုပ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို လူမှုရေးအဖွဲ့ ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။
“ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအရေးကို တွန်းအားပေးတဲ့ အင်အားစုအနနဲ့ အရင်က မြို့တော်စည်ပင်သာယာရေးကော်မတီ သည် စစ်တပ်ထွက်တွေ၊ အာဏာရှင်တွေက ကိုင်ထားတဲ့အဖွဲ့ဖြစ်တယ်။ အခု ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရတော့ မယ်။ ကျမကလည်း အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြည်သူတွေ နေ့တဓူဝ ခံစားရတဲ့ ပြဿနာတွေကို သိတယ်။ ကျမကိုယ်တိုင်လည်း ခံစားရတယ်။ အဲ့ဒါတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ဝင်ပြိုင်ရခြင်းဖြစ်တယ်”ဟု နော်စူစဲန်နာလှလှစိုးက ပြော သည်။
သူမအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ရွေးခံရပါက မြို့တော်အတွင်း နေထိုင်သူများ နေ့စဉ် ကြုံ တွေ့ခံစားနေရသည့်

မိုး မ ခ က ဗျာ

ခိုင်မာကျော်ဇော – ရူးမနေကြနဲ့ 

October 27, 2014 ခိုင်မာကျော်ဇော – ရူးမနေကြနဲ့  (သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၇၊ ၂၀၁၄


အိပ်ချင်ယောင်ဆောင်သူတွေကိုလက်တို့ ပြီး နှိုးနေကြတယ်
ရူးပါ့၊
မာယာများတဲ့ မြစ်ကိုလက်ပစ်ကူးနေကြတယ်
ရူးပါ့၊
သော့ခတ်ထားတဲ့ တံခါးကိုအဆက်မပြတ် ခေါက်နေကြတယ်
ရူးပါ့၊
ဆီသည်မ လက်သုတ်ကိုခ၀ါသည်လုပ် ဖွတ်နေကြတယ်
ရူးပါ့၊
ရူးမနေကြနဲ့ ဟေ့ကျားဆိုးနဲ့ ကျားထိုးရင် အရိုးတခြား အသားတခြားဖြစ်သွားမယ်။

Sunday, October 26, 2014

ကရင်အမျိုးသား- မီဒီယာ " ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းသည့်ကိစ္စကို KNU က မူအားဖြင့်သဘောတူ " အောက်တိုဘာ - ၂၅ - ၂၀၁၄ သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ) ယနေ့ဆက်လက်ပြု လုပ်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးက ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ်သက်၍ မူအားဖြင့်သဘောတူကြောင်း ယနေ့တွင်ဆုံးဖြတ်ခဲ့ကြသည်ဟု သိရှိရသည်။ ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာနှင့်ပတ်သက်၍ လာမည့်(၁၆)ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဆွေးနွေးအတည်ပြု ဆုံးဖြတ်သွားမည်ဟုလည်းသိရသည်။ ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းကြောင်း ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၄ ခု၏ ခေါင်းဆောင်များက ယခုလ ၁၃ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ သတ်မှတ်ရက်ထက် ကျော်လွန်သွားသည့် KNU အရေးပေါ်အစည်းအဝေးကို မနက်ဖြန်တွင် တရက်နားမည်ဖြစ်ပြီး လာမည့်တနင်္လာနေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ မူလကသတ်မှတ်ထားသည့် KNU အရေးပေါ်အစည်းအဝေးမှာ ယခုလ ၂၃ - ၂၄ - ၂၅ နေ့ရက်များတွင်ဖြစ်သည်။ အဆိုပါအစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ နေ့ကစတင်ကျင်းပနေခြင်းဖြစ်ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ ဦးရှိသည့်အနက် အားလုံးနီးပါး

From Nined Blood

Nined Blood Yesterday at 11:59am · မဟာဗျူဟာအရ ကျရှုံးခြင်း (Strategic Failure) ................................................................................... အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပြောင်ပြောင်တင်းတင်း သတ်ပြခြင်းမှာ လက်ရှိ ၂၀၀၈ - ခု ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ထဲက ပါးမွှားလေးပုဒ်မတစ်ခုမျှသာ ဖြစ်တယ်။ ကိုပါကြီး ဆုံးသွားရရှာတယ်ဆိုတဲ့ အချက်တစ်ခုကိုပဲ မကြည့်ပါနဲ့။ ဒီသတ်ဖြတ်မှုနောက်မှာ ရှိနေတဲ့ စစ်တပ်ရဲ့ မဟာဗျူဟာကျကျ အနိုင်ကျင့်နေမှုများကို မြင်အောင် ကြည့်ကြပါ။ မြန်မာစစ်တပ်ဟာ သတင်းထောက်ကို သတ်တဲ့နေရာမှာ အီရတ်နဲ့ ဆီးရီးယားရှိ ISIS တို့ထက် အဆပေါင်းများစွာ ရက်စက်ယုတ်မာကြောင်း သက်သေပြခဲ့ပါပြီ။ ISIS အဖွဲ့တစ်ခု ပေါ်ပေါက်လာခြင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာအမှားတစ်ခု ဖြစ်သလို မြန်မာနိုင်ငံမှာ တိုင်းပြည် နွံနစ်နေရခြင်းမှာလည်း စစ်တပ်ရဲ့ မဟာဗျူဟာအမှားလို့ ပြောနိုင်ပါတယ်။ စစ်တပ်က ၁၉၆၂ - ခုနှစ်ကတည်းက တစ်ပါတီစစ်အာဏာရှင်စနစ်၊ မာရှယ်လောဥပဒေ၊ အခု စစ်ကျွန်ဥပဒေနဲ့ တိုင်းပြည်ကို သံလက်သီး၊ သေနတ်ပြောင်းဝနဲ့ အုပ်ချုပ်ခဲ့ကြတယ်။ အဲဒီမဟာဗျူဟာအမှားကို သူတို့မပြင်ချင်ကြဘူး။ တပ်မတော်ဂုဏ်သိက္ခာအရ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီ်းတွေ စည်းစိမ်မြဲလို့ ဘေးကင်းရန်ရှင်းကြောင်းအတွက် ကျရှုံးနေတဲ့ စစ်တပ်မဟာဗျူဟာကို ဖာထေးဖို့ လက်ရှိသိန်းစိန်အစိုးရနဲ့ ရွှေမန်းလွှတ်တော်ကို ဖန်တီးလိုက်ခြင်းဖြစ်တယ်။ ဒီအဖွဲ့သုံးဖွဲ့ဟာ တာဝန်ကျေကျေနဲ့ ကျရာအခန်းကဏ္ဍကနေ ထမ်းဆောင်နေကြတယ်။ ပြောလိုတာကတော့ စစ်အာဏာရှင်တို့ဟာ ညီညီညွတ်ညွတ်နဲ့ အာဏာကို ထိန်းထားနိုင်ဆဲ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ လွှတ်တော်က မဟာဗြဟ္မာလို စစ်ကျွန်ဥပဒေတွေကို ပြုပေးမယ်၊ အစိုးရက ဗိဿနိုးလို စစ်ကျွန်ဥပဒေ တည်တံ့အောင် အုပ်ချုပ်မယ်၊ စစ်တပ်က သီဝလို သူတို့စနစ်နဲ့ အံမဝင်တဲ့ အဖွဲ့အစည်းတွေကို ချေမှုန်းပစ်မယ်။ ဒါကြောင့်လည်း အပစ်ရပ်ဆွေးနွေးနေတုန်း စစ်တပ်က သွားတိုက်တယ်။ အစိုးရက စစ်တပ်ကို မဝေဖန်ဘူး။ လွှတ်တော်ကလည်း မဝေဖန်ဘူး။ ဘယ်သူကမှလည်း စစ်တပ်ကို သပိတ်မှောက်ပြီး ထွက်မလာကြဘူး။ ဘယ်သူမှလည်း MPC ကနေပဲဖြစ်ဖြစ်၊ UPWC ကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ခွေးတစ်ကောင်ကြောင်တစ်စိမှလည်း USDP အစိုးရကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ဝန်ကြီးဦးအောင်မင်းတို့က ပျားရည်နဲ့ ဝမ်းချလိုက်ရုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တို့က ဝမ်းရှင်းသွားကြတယ်။ ဒါတောင် စစ်တပ်က ကချင်၊ ပလောင်၊ ရှမ်းမြောက်ကို တိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ပွင့်ပွင့်လင်းလင်း လက်ရှိနည်းဗျူဟာရွှေ့လျားမှုကြောင့် သေနေတဲ့ စစ်တပ်မဟာဗျူဟာဟာ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ တပ်မတော်က မူ(၆)ချက်ကို ချမှတ်တယ်။ ဒါဟာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးအကြောင်း မပြောခင်ကတည်းက ကာချုပ်အဆက်ဆက်က ဖြတ်လေးဖြတ်၊ လိုက်နာရန် (၁၀)ချက်၊ သဘောတူညီချက် (၁၄)ချက်ဆိုပြီး တိုင်းရင်းသားတို့အပေါ် လူးပါးဝခဲ့ပြီသားပါ။ အဲ့ဒါကို မမြင်ဘဲ ဒီအချိန်မှာ စစ်ရေးအရ ဦးစားမပေးသင့်ဘူး၊ နိုင်ငံရေးအရပဲ ဦးစားပေးသင့်တယ်လာပြောရင် ရန်သူရဲ့ သဘောသဘာဝကို လျှော့တွက်မိတာ ထင်ရှားနေတယ်။ UNFC မှာ စစ်ရေးတည်ဆောက်မှု လိုတယ်။ ဒီစစ်ရေးတည်ဆောက်မှုဟာ မြန်မာ့တပ်မတော်ကို လောလောဆယ် ဝင်တိုက်ဖို့ မဟုတ်ဘူး။ လောလောဆယ် တိုက်နေတဲ့ မြန်မာ့တပ်မတော်ကို အပြစ်မမြင်ဘဲ UNFC မှာ လိုနေတဲ့ စစ်ရေးတည်ဆောက်မှုကို အဟန့်အတား ပြုခဲ့ရင် ရန်သူအားပေးမဟုတ်ပေမဲ့ ရန်သူအတွက် အကျိုးရှိစေတယ်။ ပြည်ထောင်စုတပ်မတော်ကို ဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လျှော့တိလျှော့ရဲနဲ့ ရန်သူကို ရင်ဆိုင်ဖို့ စိတ်ဝင်စားသူတွေ၊ တပ်တွင်းဒီမိုကရေစီကို ထောက်ခံပေမဲ့ စစ်ရေးမှာ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးချင်သူတွေဟာ မဟာဗျူဟာအရပဲကြည့်ကြည့်၊ အယူအဆရေးရာအရပဲကြည့်ကြည့် ပဋိပက္ခအသွင်ဆောင်တဲ့ အတွေးအခေါ်သာ ဖြစ်တယ်။ ဟုတ်တယ်။ KNU ဥက္ကဋ္ဌ မူတူစေဖိုး မမှားဘူး၊ သူ့အကြံပေး စောထူးထူးလေးလည်း မမှားဘူး။ သူတို့ကို ထောက်ခံတဲ့ ဒေါက်တာဆလိုင်းလျှံမှုန်ဆားခေါင်းလည်း မမှားဘူး။ UNFC ဟာ အရင်တုန်းက NDF လိုပဲ အလုပ်ဖြစ်မယ်မထင်တဲ့ ရှမ်းတောင်ခေါင်းဆောင်ယွက်ဆစ်လည်း မမှားဘူး။ စစ်အစိုးရကို ပျော့ပျောင်းအောင် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် မမှားဘူး။ ပုဂ္ဂိုလ်ရေးအရ မိမိတို့ လေးစားနိုင်တဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ မိမိတို့အဖွဲ့အသီးသီးမှာ မဟာဗျူဟာမြောက် နည်းပရိယာယ်အရ လှုပ်ရှားချင်ကြတာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ကို စစ်အာဏာရှင်စနစ်လို့ မမြင်တော့တာ၊ စစ်တပ်က ဘာပဲလုပ်လုပ် မဝေဖန်ဝံ့တာ၊ စစ်တပ်က နည်းနည်းလေး ဖိအားပေးလိုက်တာနဲ့ မိမိဘက်က အကွဲအပြဲတွေ ဖြစ်တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ နည်းဗျူဟာအားနည်းချက် ဖြစ်တယ်။ နည်းဗျူဟာမှာ အားနည်းနေခဲ့ရင် အောင်မြင်တဲ့ မဟာဗျူဟာတစ်ခု ဖြစ်ဖို့ မလွယ်ဘူး။ မြန်မာ့တပ်မတော်ကို ရန်သူလို့ မသတ်မှတ်ချင်ရင် ရတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်ကို ရင်ဆိုင်တဲ့နေရာမှာ အဖွဲ့ချင်းအလိုက်၊ တပ်ပေါင်းစုအလိုက်၊ ညွန့်ပေါင်းအလိုက် မဟာဗျူဟာ ချမှတ်ရမှာ ဖြစ်တယ်။ ဘယ်အဆင့်မှာမဆို မိမိတို့ရဲ့ မဟာဗျူဟာကို မိမိတို့နဲ့ ပတ်သက်သူများက ကောင်းကောင်းနားလည်ထားဖို့ လိုတယ်။ ဒါကို နားမလည်ရင် အခု NLD လို ကွဲပြားတဲ့ အမြင်တွေ ထွက်လာမှာပဲ ဖြစ်တယ်။ UNFC မှာလို ကွဲတော့မလို လွဲတော့မလို ဖြစ်နေမှာပဲ။ ကွဲလွယ်ရှလွယ် ဖြစ်နေမှာပဲ။ ကိုယ့်ပါတီက ဘာလုပ်နေလဲ မသိလို့၊ ကိုယ့်အဖွဲ့ ဘာလုပ်နေလဲ မသိလို့ ပူးပေါင်းဆောင်ရွက်မှု လျှော့ရဲနေရတဲ့အထဲ ဝုန်းကနဲ ထပေါက်ကွဲတဲ့ အဖွဲ့ဝင်တွေ ရှိလာတဲ့အခါ ကွဲကြတော့တာပဲ။ ဥပမာ - KNU က UNFC ကနေ ထွက်မယ်လို့ Sign ပေးခဲ့သလား၊ မပေးဘဲ ထွက်ခဲ့ရင် အငိုက်ဖမ်းတယ်လို့ ခေါ်တယ်၊ ထွက်မယ်လို့ အရိပ်အယောင်ပြခဲ့ရက်သားနဲ့ အခြားအဖွဲ့ဝင်တွေက မရိပ်မိခဲ့ရင် ဒါဟာ မိမိအဖွဲ့ရဲ့ The nature's domain ကို မဖိတ်မိခြင်း ဖြစ်တယ်။ ဒါဟာ မဟာဗျူဟာကျရှုံးမှု ဖြစ်တယ်။ ရန်သူကို ဘယ်တော့မှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ လိုရင်းကို ပြောရရင် - ၁။ Quasi Federal System ကို လက်မခံလို့ Unitary system အောက်မှာ ပြားပြားဝပ်နေတဲ့ လက်ရှိတိုင်းရင်းသားများဟာ Genuine Federal System ကို ရဖို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဟာ တိုင်းရင်းသားတို့ရဲ့ မဟာဗျူဟာတစ်ခု ဖြစ်တယ်။ ဒီမဟာဗျူဟာအောင်မြင်ရေးအတွက် well-equiped ဖြစ်ရမယ်၊ Political & Military Allies တွေ ရှိရမယ်။ ၂။ NCCT ဆိုတာ UNFC နဲ့ Non-UNFC တို့ရဲ့ မဟာဗျူဟာထဲမှာ နည်းဗျူဟာအထောက်အကူတစ်ခု (Tactical Strategy) တစ်ခုမျှသာ ဖြစ်တယ်။ မဟာဗျူဟာတစ်ခုလုံးရဲ့ Everthing မဟုတ်ဘူး။ အဲ့ဒီမဟာဗျူဟာရဲ့ Something မျှသာ ဖြစ်တယ်။ ဒါကို ရှင်းအောင် သိထားရမှာ ဖြစ်တယ်။ တိုင်းရင်းသားတို့မှာ မဟာဗျူဟာကောင်းကောင်း ရှိနေခဲ့ရင်၊ အဲဒီမဟာဗျူဟာကို အဖွဲ့ဝင်တိုင်းက နားလည်သဘောပေါက်ပြီး နာခံခဲ့ရင် UNFC နဲ့ Non-UNFC ဆိုပြီး ကွဲနေမှာမဟုတ်ဘူး။ FUA ဖွဲ့စည်းရေးကြောင့် အပစ်ရပ်ရေး အခက်မကြုံအောင် MPC က မိမိတို့ကို ရှင်းပြသလို မိမိတို့ကလည်း MPC ကို ရှင်းပြလိုက်ရုံပဲ ဖြစ်တယ်။ NCCT အနေနဲ့ ဒီတာဝန် ယူသင့်တယ်။ အခု အဲ့လို မဟုတ်ဘဲ NCCT တစ်ခုထဲနဲ့ အာဏာလုကြ၊ အမြင်တွေကွဲကြ၊ အချင်းချင်းအထင်တွေ လွဲကြဆိုရင် ပရိုဂျက်နိုင်ငံရေးအဆင့်မျှသာ ဖြစ်တယ်။ မဟာဗျူဟာမြောက်နိုင်ငံရေးအခင်းအကျင်း မဟုတ်ဘူး။ မြန်မာ့တပ်မတော်က သူတို့ရဲ့ မဟာဗျူဟာအမှားကို ဖာထေးပြီး ရှေ့ဆက်သွားနေဖို့ ကြိုးစားနေတယ်။ မိမိတို့က ရန်သူကို အထင်ကြီးလွန်းပြီး ကိုယ့်ကိုယ်ကို အထင်သေးလွန်းနေခဲ့ရင် အလုပ်မဖြစ်ဘူး။ ရန်သူခင်းကျင်းတဲ့ နည်းပရိယာယ်ထဲမှာ မျောပါသွားခဲ့ရင်လည်း ရန်သူရဲ့ မဟာဗျူဟာပဲ အောင်မြင်သွားဖွယ်ရှိတယ်။ ကိုယ့်မဟာဗျူဟာ အောင်မြင်ဖို့ မရှိဘူး။ အဲ့ဒီမဟာဗျူဟာနှစ်ခု တူခဲ့ရင် ပြည်တွင်းစစ် ဖြစ်စရာအကြောင်း မရှိဘူး။ ဒါကြောင့် win-win ပေါ်လစီ ရဖို့ အင်အားချိန်ခွင်လျှာညှိဖို့ လိုကိုလိုနေမှာ ဖြစ်တယ်။ မဟာဗျူဟာတွေ ရှိတယ်၊ အဲ့မဟာဗျူဟာအတွက် လိုအပ်တဲ့ equipments တွေကို မတည်ဆောက်ဘူး၊ တည်ဆောက်ရေးလုပ်လို့ အဖွဲ့ကနေ ထွက်ချင်တယ်ဆိုရင် ထွက်ကြဖို့ပဲ ရှိတယ်။ ရန်သူအကြိုက် လိုက်လုပ်နေခဲ့ရင် မဟာဗျူဟာမရှိတာနဲ့ အတူတူပဲ ဖြစ်တယ်။ နဂိုကတည်းက မရှိခဲ့တော့ ကျရှုံးမှုလည်း ရှိစရာမလိုဘူးလေ။ ပြီးမှ ပြည်တွင်းစစ်အနာကြောင့် ခေါင်းကိုက်ပါသလေ ဘာသလေ မပြောဖို့ပဲ လိုတယ်။ မလွတ်လပ်သေးရင် နယ်စပ်ရောက်မှ ဒုက္ခသည်တွေလို့ ခေါ်ရမှာမဟုတ်ဘူး။ ဟိုချင်းတောင်တန်းမှာ နေတဲ့ ခြေသလုံးအိမ်တိုင်တွေလည်း မြန်မာ့တပ်နှိပ်စက်ခံနေရတာမို့ ဒုက္ခသည်ပဲ ဖြစ်တယ်။ အညာမှာ ရှိနေတဲ့ ဗမာတွေလည်း ဒုက္ခသည်တွေပဲ ဖြစ်တယ်။ အလကားသက်သက် အသတ်ခံရတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးရဲ့ မိသားစုဝင်တွေလည်း ဒုက္ခသည်တွေပဲ။ ဒီစစ်တပ်ကို ပေါ့ပေါ့တွက်မိရင် ခင်ဗျားတို့အကြီးအကျယ် ခံစားသွားနေကြရဦးမယ်။ မဟာဗျူဟာကျကျ ခုခံရုံနဲ့ မရဘူး၊ မဟာဗျူဟာကျကျ တော်လှန်နိုင်မှ ဖြစ်မယ်ဆိုတာ မကြာခင် တွေ့လာရမှာ ဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

Friday, October 24, 2014

KIC News

ကော်သူးလေတပ်မတော် ဖွဲ့စည်းသည့်အပေါ် PSDP နှင့် KDP ကြိုဆို

Untitled-1

အောက်တိုဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း

ကရင်လက်နက်ကိုင်တပ်ဖွဲ့များစုစည်းပြီး ကော်သူးလေတပ်မတော်(KAF) ပြန်လည်ဖွဲ့စည်းသည့်အပေါ် ကရင်ပြည်နယ်အတွင်းရှိ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့က ထောက်ခံကြိုဆိုကြောင်း ပါတီခေါင်းဆောင် များက ပြောဆိုသည်။
KDP ဥက္ကဌ စောရဲဝင်းနိုင်က “ကရင်လက်နက်ကိုင်များ တစ်ခုတည်းသော တပ်မတော် ဖွဲ့စည်းနိုင်တာ ကျနော်တို့က ထောက်ခံ တယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကလည်း အားပေးထောက်ခံတာလည်း တွေ့ရတယ်။ အခုလို ပြန်လည်ပေါင်းစည်းတာ

From MoMaKa

င်မာကျော်ဇော – မိုင်တိုင် ၆၅

October 24, 2014
 
ခိုင်မာကျော်ဇော – မိုင်တိုင် ၆၅
(သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၄၊ ၂၀၁၄ လေးဆယ့်ကိုးထဲက 
တာထွက်ခဲ့တဲ့ ရထားကြီး
အမျိုးသားရေး 
တန်းတူရေး
ဖက်ဒရယ်အရေးတွေကို သယ်ဆောင်
ဂုဏ်ရောင်ပြောင်စွာ
မိုင်တိုင်များစွာ ဖြတ်ခဲ့တယ်။
စောဘဦးကြီး
မန်းဘဇန်
စောဘိုမြ
စောဘသင်
စောတာမလာဘော
မမောမပမ်း

Thursday, October 23, 2014

BBC News

ကေအန်ယူ ဗဟို ကော်မတီ အစည်း အဝေးစတင်

23 October 2014

ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး ဗဟိုကော်မတီ အစည်း အဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့က လော်ခီးလာမှာ စတင် ကျင်းပခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ အထိ ပြုလုပ်မယ့် သုံးရက်ကြာ ဆွေးနွေးပွဲ ပထမနေ့မှာ လက်ရှိ နိုင်ငံရေး အခြေ အနေ၊ ကေအန်ယူနဲ့ အစိုးရကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေ အနေတွေ အပြင် အောက်ခြေက အရာရှိတွေ သိလိုတဲ့ အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အခု အစည်းအဝေးမှာ ကေအန်ယူဌာန ၁၄ ခုရဲ့

KIC News

ပြည်နယ်အုပ်ချုပ်ရေး အဆင့်ဆင့်ကို ပြည်သူရွေးချယ်တင်မြှောက်ရန် ကရင်ပြည်သူ့ဖိုရမ်၌ တောင်းဆိုခဲ့

People Forum 3

အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့

ပြည်နယ်ဝန်ကြီးနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် ရွေးကောက်တင်မြှောက်ရန် ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ ပထမဦးဆုံးအကြိမ် ပြု လုပ်သည့် ကရင်ပြည်သူ့ဖိုရမ်တွင် တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၁၇ရက်မှ ၁၈ရက်နေ့

KIC News

ပါတီမှတ်ပုံတင်မကျသေး၍ စည်းရုံးရေးလုပ်ရန် KNP ခက်ခဲနေ

KNP meeting (IMG_9619)

အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသားပါတီ(KNP)သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံ တင်သွားရောက်လျှောက်ထားပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ မှတ်ပုံတင်ခွင့် မရရှိသေးသည့်အတွက် ပါတီစည်းရုံးရေးလုပ် ငန်းစဉ်များ လုပ်ဆောင်ရန် ခက်ခဲလျှက်ရှိကြောင်း ပါတီခေါင်းဆောင် မန်းကျော်ငြိမ်းက ကေအိုင်စီသို့ ပြောသည်။
“ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ကျနော်တို့ကို ဇူလိုင် ၁၆ရက်နေ့က ပါတီတည်ထောင်ခွင့်ပြုလိုက်ပါတယ်။ အဲ့တော့ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအတိုင်း ခေါင်ဆောင်နှစ်ဦးရွေးပြီး ကော်မရှင်ကို ပါတီမှတ်ပုံတင် သွားလျှောက်ထားခဲ့ ပေမဲ့ အခုထိ အကြောင်းမပြန်သေးဘူး။ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်လိုသူတွေ