Blogger Widgets
Showing posts with label ထပ်ဆင့်ဖေါ်ပြရုပ်သံများ. Show all posts
Showing posts with label ထပ်ဆင့်ဖေါ်ပြရုပ်သံများ. Show all posts

Sunday, December 22, 2013

Eleven Myanmar Video

မန်း ငြိမ်း မောင် နဲ့ ဦး အောင် မင်း ဘယ် သူ စ ကား ပ လီ ပ လာ ပြော ပါ သ လဲ



မန်း ငြိမ်း မောင် က ပြော ပါ တယ် ကား ပါ မစ် ကို သ မ တ ကြီး က သူ လက် ထဲ ကို ကိုယ် တိုင် ထည့် ပါ တယ်။ ဦး အောင်း မင်း က အ ခု တ မျိုး ပေါ့။ ဒီ လို စ ကား ပြော တတ် တဲ့ သူ တွေ ကို ဘယ် လို ယုံ ကြည် ပြီး ငြိမ်း ချမ်း ရေး တည် ဆောက် ရ မှာ လဲ။ ဗီ ဒီ ယို က လစ် ပြန် ရှာ တ မ တွေ့ လို ဒီ ဘီ ဗွီ သ တင်း ပဲ ယှဉ် ပြီး တင် လိုက် ပါ တယ်။



ငြိမ်းချမ်းရေး ကားတင်သွင်းခွင့်ပါမစ်ကိစ္စ ကေအန်ယူရှင်းလင်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ မီဒီယာတွေရေးသားသလို ထောင် နဲ့ချီတဲ့ ကားတင်သွင်းခွင့်ပါမစ် မရခဲ့ကြောင်း ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
z2အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကြောင့် အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ ၁၄ ဖွဲ့ကို ခွင့်ပြုပေးခဲ့တဲ့ ကားအရေအတွက်ဟာ အလဲဗင်းမီဒီယာက ရေးသလို ထောင်နဲ့ချီ မရှိပဲ စုစုပေါင်း ၈၇၀ ပဲ ရှိတယ်လို့ ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန် ဘစ္စနက်အလိုင်းယင့် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့အတွက် အခွန် လုံးဝကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကား ၂၉၀ နဲ့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ပြီး သွင်းရမယ့် ကား ၅၈၀ ပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ကေအန်ယူအနေနဲ့ လုံးဝ အခွန်ကင်းလွတ်ခွင့်နဲ့ ကားအစီး ၄၀ နဲ့

Sunday, December 1, 2013

Dateline Irrawaddy

ပ ညာ ရှင် ဆန် တဲ့ ဆွေး နွေး ပွဲ ပါ။ ကြည့် ရှု ဖို့ တိုက် တွန်း ပါ တယ်။

Friday, November 29, 2013

RFA Viedo

အတုယူသင့်သောလူငယ်တစ်ဦး


Sunday, November 3, 2013

RFA News

မြန်မာဌာန | သတင်းများ လိုင်ဇာဆွေးနွေးပွဲကနေ အပစ်ရပ်ရေးမူချမှတ် 2013-11-02 ကေအိုင်အေ ဌာနချုပ်လိုင်ဇာမှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားရပ်တည်ချက်တွေကို ချမှတ်လိုက်ပါတယ်။ စနေနေ့ညပိုင်းက ပြီးဆုံးသွားခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို မူလက သုံးရက်ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တက်ရောက်တဲ့အဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုအချို့ ရှိခဲ့တာကြောင့် နောက်ထပ်တစ်ရက်တိုးပြီး ကျင်းပခဲ့တာပါ။ ညီလာခံ နောက်ဆုံးနေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုအတွက် ဘုံသဘောထားရပ်တည်ချက် (၁၁) ချက်ကို တက်ရောက်လာတဲ့ အဖွဲ့စည်း ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် အဖွဲ့ဝင် (၁၃) ဦးပါ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ခုလို သဘောတူညီမှုတွေ ရယူနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲအပြီး စနေနေ့ညပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အတည်ပြုပြောဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် RCSS /SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလွှဲလို့ ကျန် ၁၇ ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက်ကို လက်မှတ်ရေး

Monday, October 22, 2012

မြန်မာပြည်အပြောင်းအလဲ

မြန် မာ ပြည် ပြောင်း လဲ နေ သည် မှာ ခ ရို နီ များ အ တွက် မ ပါ ပါ။ ခ ရို နီ များ ကို ၂၀၀၈ နာ ဂစ် ဥ ပ ဒေ က အ ကာ အ ကွယ် ပေး နေ သ လို၊ ဦး သိန်း စိန် အ စိုး ရ မှ လဲ ထိ ရန် မ ဆို ထား နှင့် ပြော ပင် မ ပြော ရဲ ပါ ကြောင်း သ မ္မ တ သ တင်း စာ ရှင်း လင်း ပွဲ တွင် Hard talk ကဲ့ သို့ ခက် ခဲ သော မေး မြန်း မှု ကို ဖြေ ဆို နိုင် ပါ သော လည်း မြေ ယာ သိမ်း မှု ကို မ ဖြေ ကြား နိုင် ခြင်း သည် မြန် မာ နိုင် ငံ ၏ စစ် မှန် သော အ ပြောင်း အ လဲ ၏ ပုံ ရိပ် ပင် ဖြစ် ပါ သည်။

Sunday, October 21, 2012

Miss International 2012 တိုက်ရိုက်ထုတ်လွင့်မှု

Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ်။ password တောင်းရင်၊ အပေါ်ညာဖက်တောင့်က Go Live ကို နှိပ်ပါ၊ မှတ်ပုံတင်ခိုင်းရင် facebook အကောင့်နဲ့ဝင်ပါ။ ပြသချိန် မြန်မာ စံတော်ချိန် နေ့လည် ၂ နာရီခွဲမှ ညနေ ၆ နာရီ

http://www.ustream.tv/channel/miss-international-okinawa-2012