Blogger Widgets

Saturday, January 23, 2010

နောက်ဆုံးသောဒီကေဘီအေဒေး


ဒီကေဘီအေတပ်သားတွေ နောက်ဆုံးဆင်နွဲသော နောက်ဆုံးသော ဒီကေဘီအေနေ့ပါ။ နောက်နှစ်ကျရင်တော့ မတ်လ(၂၇)နေ့မှာလုပ်တဲ့ တပ်မတော်နေ့ မှာ ပဲသွားချီတက်ကြရမှာပေါ့။ ဘယ်မှာလဲဘာသာအတွက်၊ လူမျိုးအတွက် ဆိုတာ။ ဒီဓါတ်ပုံတွေကို ကျေးဇူးပြုပြီးမကူးကြပါနဲ့။ ကျွန်တော်မပိုင်ပါဘူး။ အသိတစ်ယောက်ဆီကတွေ့လို့ တင်သင့်တယ်ထင်ပြီး တောင်းပြီးတင်ထားတာပါ။

Saturday, January 9, 2010

ကယားပြည်နယ်ရဲ့အလှတချို့


photos by NeW

ကျွန် တော် ငယ် ငယ် ၀ိုး တ ၀ါး သိ တတ် စ အ ရွယ် မှာ က ယား ပြည် နယ် လွယ် ကော် ကို သွား လည် ဖူး တယ်။ ဘီး လူး ချောင်း မှာ အ ဖွား နဲ့ အ တူ ငါး မျှား တာ ရယ် မြန် မာ ပြည် ကို သ မိုင်း တောက် လျှောက် မှာ အ ဓိ က အ လင်း ပေး စက် ကို သွား လည် တာ ကို ၀ိုး တိုး ၀ါး တား မှတ် မိ တယ်။  ကျွန် တော်  မြန် မာ ပြည် ကို အ လင်း ပေး ဖို့ သွယ် တန်း ပေး တဲ့ ဓါတ် တိုင် အောက် က  ရွာ လေး တစ် ရွာ မှာ မွေး ဖွား လူ ဖြစ် လာ ခဲ့ တာ ပါ။ ဓါတ် တိုင် အောက် က ရွာ ဆို တော့ ဓါတ် တိုင် ကြီး တွေ ကို ကာ ကွယေ စောင့် ရှောက် ဖို့ သ မိုင်း က ပေး တဲ့ တာ ၀န် ကြီး ကို ရွာ သူ ရွာ သား တွေ အား လုံး အ ခ မဲ့ ကာ ကွယ် စောင့် ရှောက် ရ တာ ပေါ့။ ဓါတ် တိုင် တွေ ကင်း စောင့် ခြံ စည်း ရိုး ကာ နဲ့  ပေါ့။ မြန် မာ ပြည် ကို အ ဓိ က မီး ပေး တဲ့ ဓါတ် တိုင် အောက် က ရွာ၊ ဓါတ် တိုင် ကြီး ကို ကာ ကွယ် စောက် ရှောက် တဲ့ ရွာ ဖြစ် ပေ မဲ့  အဲ ဒီ အ လင်း ရောင် ချို လား ခါး လာ လုံး ၀ မ မြည်း စမ်း ဘူး ပါ ဘူး။ အဲ ဒါ ရဲ့ ပြောင်း ပြန် ဓါတ် တိုင် ရဲ့ ဆင်း ရဲ ပင် ပန်း တဲ့ ဝေ ဒ နာ ကို ပဲ ခံ စား ရ တာ ပေါ့။
လူ ကြီး ပိုင်း ရောက် လာ တော့ နောက် တစ် ခေါက် ထပ် ရောက် ဖြစ် တယ်။ နေ ရာ တော် တော် များ များ လိုက် လည် ဖြစ် တယ်။ အ မှန် တ ကယ် လှ ပ တဲ့ ပြည် နယ် နဲ့ သ မိုင်း ကြောင်း ရှိ တဲ့ ချစ် စ ရာ ပြည် နယ် တစ် ခု ပါ။ က ရင် ပြည် နယ် လို ပဲ မ ငြိမ်း ချမ်း တဲ့ ပြည် နယ် တ ခု နဲ့ န အ ဖ ရဲ့ ရက် စက် ယုတ် မာ မှု ကို က ရင် ပြည် နယ် သား တွေ လို ပဲ က ယား ပြည် နယ် သား တွေ ခံ စား ရ ပါ တယ်။

Monday, January 4, 2010

ကရင်ပြည်နယ်အလှ နှင့် ကရင်နှစ်သစ်ကူးပုံရိပ်အချို့


photo credit to EW

က ရင် ပြည် နယ် ဟာ လှ ပ တဲ့ ပြည် နယ် တစ် ခု ပါ။  ကျွန် တော် ဖါ ပွန် မြို့ နယ် က လွဲ လို့ ကျန် တဲ့ မြို့ နယ် တွေ မှာ နေ ထိုင် ခဲ့ ဘူး ပါ တယ်။ ဒေ သ တစ် ခု စီ မှာ ထူး  ခြား တဲ့ အ လှ  တ မျိုး စီ နဲ့  ထူး ခြား တဲ့ သံ ယံ ဇာ တ တွေ နဲ့ ပေါ့။ ဒါ ပေ မဲ့ ဒီ အ လှ အ ပ တွေ  နဲ့  သံ ယံ ဇာ တ တွေ ဟာ အာ ဏာ ရူး တွေ ရဲ့ လက် ချက် ကြောင့် အ လ ဟ သ ဖြစ်  ခဲ့ ရ တယ်။ ဒါ တွေ အား လုံး ကို ပြန် လည် ထိန်း သိမ်း စောက် ရှောက် ကာ ကွယ် ရ မှာ ကျွန် တော် တို့ က ရင် လူ မျိုး တွေ အား လုံး ရဲ့ မ ဟာ တာ ၀န် ပဲ ပေါ့။

Saturday, January 2, 2010

နယူးဘန်း ရဲ့ ၂၀၀၉ မှ ၂၀၁၀ နှစ်သစ်ကူ ညပုံရိပ်အပိုင်းအစများ


 photo by PD
၂၀၀၉ ဒီ ဇင် ဘာ လ ၃၁ ရက် နေ့ ည နဲ့ ၂၀၁၀ ဇ န္န ၀ါ ရီ လ ၁ ရက် နေ့ မ နက် က ပုံ ရိပ် တစ် ချို့ ပါ။ မိုး ရွာ တဲ့ ကြား က တော မြို့လေး တစ် မြို့ ဖြစ် တဲ့ န ယူး ဘန်း မြို့ က လေး မှာ နှစ် သစ် ကူး ည ကို စည် ကား သိုက် မြိုက် စွာ ကျင်း ပါ ခဲ့ ပါ တယ်။ ဒေါင်း ထောင်း တစ် လျှောက် မှာ က လပ် စစ် ဂီ တ၊ ဘ လူး ဂီ တ၊ ရော့ ဂီ တ၊ ခမ်း ထ ရီး ဂီ တ စ သည် ဖြင့် သူ့ နေ ရာ နှင့် သူ သီး ခြား စီ ဖျော် ဖြေ ပွဲ ကျင်း ပ ခဲ့ ကြ ပါ တယ်။ သူ့ ပ ရိတ် သတ် နဲ့ သူ ပေါ့။ အ စုံ ကြိုက် သူ အ တွက် တော့ ကား လေး တွေ စီ စဉ် ထား ပေး ပါ တယ်။ အဲ ဒီ ကား လေး တွေ နဲ့ တ နေ ရာ က နေ တ နေ ရာ ကို ကူး ပြီး ကြည့် ရ တာ ပေါ့။ အ စည် ကား ဆုံး က တော့ ဘ လူး ဂီ တ စင် မြင့် ပါ။ အ ကောင်း ဆုံး က တော့ ဂ န္တ ၀င် ဂီ တ ပဲ ပေါ့။ ဘာ လျှပ် စစ် ပ စ္ဓည်း အ ကူ အ ညီ မှ မ ယူ ပဲ ရိုး ရိုး တူ ရိ ယာ ပ စ္စည်း တွေ ကို ပဲ အ သုံး ပြု ပြီး နား ထောင် တဲ့ ပ ရိတ် သတ် အား လုံး က ငြိမ် သက် စွာ နား ထောင် အား ပေး ကြ တယ် လေ။ ၀င် ကြည့် ချင် ရင် လဲ သီ ချင်း တစ် ပုဒ် ပြီး မှ ၀င် ကြည့် ရ တယ်။ အား လုံး ပဲ မျှော် လင့် စ ရာ အ ပြည့် နဲ့ ပျော် ရွှင် စ ရာ နှစ် သစ် ဖြစ် ပါ စေ။