Blogger Widgets

Saturday, November 26, 2011

ကလိုကွဲဒက်လက် လိုက်ဖ်ရှိုး

အ မေ ရိ ကန် တ က္က ဆက် ပြည် နယ် ဒဲ လက် မြို့ မှာ လုပ် တဲ့ က လို ကွယ် လိုက် ရှိုး ကို ဒီ နေ့ အ မေ ရိ ကန် အ လယ် ပိုင်း စံ တော် ချိန် ည ၇း၃၀ မှာ အောက် က လင့် ကို နှိပ် ပြီး တိုက် ရိုက် ကြည့် ရှု နိုင် ပါ ကြောင်း က မ္ဘာတ ၀ှမ်း မှာ ရှိ တဲ့ က လို ကွယ် ပ ရိတ် သတ် ကို သ တင်း ကောင်း ပါး လိုက် ပါ တယ်။ 
http://shwevideos.net/live_broadcasting.php
Stars from the East" concert by KKMT in Dallas, TX, will be webcasted live tomorrow on www.shwevideos.net...... The concert will start at 7:30pm central time..... Our heartfelt thanks to Dallas Karen Community and Shwe Videos team.

Friday, November 25, 2011

ဒါပဲလေ

ဒီ ည RFA မှာ ဦး ၀င်း တင် နဲ့ အင် တာ ဗျူး နား ထောင် လိုက် ရ တယ်။ ဂျွန် မက် ကိန်း အို ဘား မား ကို ရှုံး ပြီး ပြော ခဲ့ တဲ့ စ ကား ကို သ တိ ရ မိ လိုက် ပါ တယ်။ ကျွန် တော် စ ကား လုံး အ တိ အ ကျ တော့ မ မှတ် မိ တော့ ပါ ဘူး။ အ ဓိ ပ္ပါယ် က တော့ သူ ရှုံး သွား ပြီး ဆို တော့ နိုင် ငံ သား တစ် ယောက် ပီ သ စွာ သ မ္မ တ နောက် ကို လိုက် မှာ ပါ ဆို တဲ့ စ ကား ကို ပါ။
နောက် တစ် ခု က ၈၈ မျိုး ဆက် တွေ NLD ထဲ ကို ၀င် မယ် ဆို ရင် လဲ အ စော ကြီး က တည်း က ထုတ် ပယ် ခြင်း ကို ခံ ရ လိမ့် မယ် လို့ ထင် ပါ တယ်။ နောက် ပြီး ထောင် က ခ ဏ တ ဖြုတ် လွတ် တဲ့ အ ချိန် မှာ တောင် NLD ထဲ မ ၀င် ပဲ ၈၈ မျိုး ဆက် ဆို ပြီး နိုင် ငံ ရေး လုပ် နိုင် အောင် ကြိုး စား လုပ် ခဲ့ ကြ တာ ဆို တော့ ဒီ တ ခေါက် လွတ် ရင် လဲ ၀င် မှာ မ ဟုတ် ပဲ သီး ခြား စွာ ပဲ ရပ် တည် လှုပ် ရှား ပါ လိမ့် မယ် လို့ ထင် ပါ တယ်။ 
နောက် တစ် ခု က NLD နဲ့ မ ပတ် သက် ဘာ နဲ့ မှ မ ပတ် သက် တဲ့ နိုင် ငံ ရေး လှုပ် ရှား မှု တွေ ဟို တ စ ဒီ တ စ စ ပေါ် လာ ပြီ လို့ ထင် ပါ တယ်။ ဒါ တွေ အား လုံး ဘယ် လို ပေါင် စည်း ပြီး ဘယ် လို အင် အား စု ဖြစ် လာ မယ် ဆို တာ စောင့် ကြည့် ပါ ရ စေ။

Tuesday, November 22, 2011

ဒေါင်းကတဲနေ့ 
ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြာင်းဆို
သွေးမပြောင်းပါဘူး
ရှေးဒေါင်းတို့ရဲ့သမိုင်းအစဉ်၊

တိုင်းပြည်နဲ့လူမျိုး
ပြည်သူအကျိုးဆိုအကြောင်းမရွေး
ဒေါင်းသွေးနီခေါင်းမညွတ်
ဒေါင်းခွပ်ခဲ့ရာဇ၀င်၊

ပြည်သူတွေနဲ့ထာဝရမခွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွပ်ဒေါင်းမှန်လျှင်ရန်မြင်သမျှရင်ဆိုင်တွေ့၊

စမ်းကလေးတွေအေး
ပန်းကလေးတွေမွေး
ငှက်ကလေးတွေတေးဆို
ငြိမ်းချမ်းရေးကိုသူကြိုတော့
မြိုင်ယံညို ဟိုးရိုးအခြေက
အိုးဝေ အိုးဝေ မင်္ဂလာအပေါင်းခရအောင်
(အဲဒီနေ့ဟာ) ဒေါင်းကတဲ့နေ့၊

မောင်စိန်ဝင်း (ပုတီးကုန်း)

မှတပါး တခြား --

ကျွန် တော် သူ ငယ် ချင်း တစ် ယောက် နဲ့ NLD မှတ် ပုံ တင် ရွေး ကောက် ပွဲ ၀င် မဲ့ ကိ စ္စ ရယ် တိုင်း ရင်း သား တော် လှန် ရေး တပ် မ တော် တွေ သိန်း စိန် အ စိုး ရ အ ဖွဲ့ နဲ့ ငြိမ်း ချမ်း ရေး စ ကား ပြော မဲ့ ကိ စ္စ တွေ ကို ပြော ဖြစ် တော့ သူ ငယ် ချင်း က ဒီ နည်း လမ်း မှ တ ပါး တ ခြား ရွေး ချယ် စ ရာ မ ရှိ သ လို ဒီ နည်း လမ်း ဟာ အ ကောင်း ဆုံး နည်း လမ်း လို့ ပြော ပါ တယ်။ ပြည် သူ လူ ထု လဲ ဒေါ် အောင် ဆန်း စု ကြည် နောက် မှာ စု ပုံ ရပ် ပြီး ထောက် ခံ ဖို့ လို ပါ တယ် လို့ ပြော ပါ တယ်။ ကျွန် တော် က တော့ ဒါ ကို သိပ် လက် မ ခံ ချင် ပေ မဲ့ စ ကား သိပ် မ ပြော ချင် တာ နဲ့ ထိုင် ပဲ နား ထောင် နေ မိ ပါ တယ်။ 
၉၀ ခု နှစ် နောက် ပိုင်း မှာ ကျွန် တော် နယ် စပ် ရောက် လာ တော့ ကျွန် တော် သူ ငယ် ချင်း နိုင် ငံ ရေး လုံး ၀ မ လုပ် တဲ့ တ ရုတ် စီး ပွါး ရေး သ မား တစ် ယောက် နဲ့ စ ကား ပြော ဖြစ် တော့ သူ က ပြော တယ် ၉၀ ခု နှစ် က သူ့ အ ကို စီး ပွါး ရေး သ မား က တ စ ည ကို မဲ ပေး ခဲ့ တယ် တဲ့။ ဒါ နဲ့ ကျွန် တော် က မေး တယ် ဘာ ဖြစ် လို့ လဲ ဆို တော့ NLD ကို ပဲ မဲ ပုံ ပေး ကြ တော့ မဲ တ အား ပြတ် သွား ရင် စစ် တပ် က ဘယ် တော့ မှ NLD ကို အ ဏာ လွဲ ပေး မှာ မ ဟုတ် လို့ ပဲ လို့ ပြော ခဲ့ တယ်။ သူ စ ကား ဟုတ် သည် သော ရှိ မ ဟုတ် သည် သော ရှိ တ ကယ် လဲ ဒီ လို ဖြစ် ခဲ့ တာ ပဲ။ ပ ထ မ ဆုံ အ ကြိမ် ဖြစ် တယ် ဆို တော့ NLD မ နိုင်  မှ စိုး လို့ ချင် ချင် တူး တူး လူ ကို လုံး ၀ မ ကြည့် ပဲ NLD ဆို ရင် ပြီး ရော ဆို ပြီး တော့ မဲ ပေး ခဲ့ ကြ တာ ပါ။ အဲ ဒီ ရဲ့ ရ လဒ် ဟာ ကျွန် တော် တို့ နိုင် ငံ ဒီ မို က ရေ စီ ရေး မှာ ဒု တိ ယ ရွေး ချယ် စ ရာ မ ရှိ ပဲ NLD အ ပေါ် မှ ပဲ လုံး ၀ မှီ တည် နေ ခဲ့ ပါ တယ်။  NLD ဟာ လဲ ဒေါ် အောင် ဆန်း စု ကြည် မ ရှိ ရင် ဘာ မှ မ လုပ် တတ် တော့ နိုင် ငံ ရေး အ ရွေ့ ဟာ လို အပ် တာ ထက် ကြာ ခဲ့ ပါ တယ်။ မင်း ကို နိုင် တို့ လွတ် မှာ ပဲ ကျွန် တော် တို့ အ တွက် ဒု တိ ယ ရွေး ချယ် စ ရာ ရှိ လာ ခဲ့ ပါ တယ်။ ဘာ ပဲ ပြော ပြေ အ ခု နိုင် ငံ ရေး အ ရွေ့ ဟာ အဲ ဒီ ကာ လ က စ တင် ခဲ့ တယ် လို့ ဆို ပါ ရ စေ။ သ ဘော မ တူ ရင် လဲ ဖြစ် ပါ တယ် ကျွန် တော် နိုင် ငံ ရေး ကျွမ်း ကျင် သူ မ ဟုတ် ပါ။ ကျွန် တော် တစ် ဦး တည် ရဲ့ ထင် မြင် ချက် ပဲ လို့ ဆို ပါ တော့။
ကျွန် တော် ဘာ ကို ဆို လို ချင် လဲ ဆို တော့ NLD မှတ် ပုံ တင် တာ ရယ် ရွေး ကောက် ပွဲ ၀င် တာ ကို မ ကန့် ကွက် ကြ ပါ နဲ့။ NLD ရဲ့ လွတ် တော် မှာ ပို မို လုပ် ဆောင် နိုင် အောင် အား ပေး ရ မှာ ဖြစ် သ လို၊ ကျွန် တော် တို့ ရဲ့ အ နာ ဂတ် ကို NLD ရဲ့ လက် ထဲ မှာ ပဲ လုံး ၀ ပုံ မ အပ် ထား ပဲ ဒု တိ ယ ရွေး ချယ် စ ရာ တစ် ခု ခု ကို ရှာ ဖွေ တည် ဆောက် ထား စေ ချင် တာ ပါ။
စစ် သား တစ် မတ် သား ရယ် ကြံ့ ဖွတ် အ များ စု အ နိုင် ရ ထား တဲ့ လွှတ် တော် ရယ် ၂၀၀၈ နာ ဂစ် ဥ ပ ဒေ ရဲ့ ၇၅% ဆို တာ ရယ် ကြံ့ ဖွတ် အ မတ် တွေ ရဲ့ နိုင် ငံ ချစ် စိတ် နဲ့ အ တ္တ စိတ် ဆို တာ တွေ ကို ပေါင်း စပ် လိုက် တော့ NLD ရဲ့ လွှတ် တော် မှာ ပြု ပြင် ပြောင်း လဲ ဖို့ လုပ် မှာ ရယ်၊ နိုင် ငံ ရေး အ ကျဉ်း သား လွှတ် ပေး ဖို့ အ ထူး သ ဖြင့် မင်း ကို နိုင်၊ ကို ကို ကြီး တို့ အုပ် စု ကို လွတ် အောင် လုပ် ဖို့ လွယ် မှာ မ ဟုတ် ပါ ဘူး။ မင်း ကို နိုင် ဆို ရင် တာ ကို တွက် ဆ မိ လို့ သူ့ အ တွက် သူ ရဲ ဘော် တွေ ထပ် မ ရင်း ဖို့ ထုတ် ပြော လာ တာ ကို သ တင်း မှာ ဖတ် ရ လို့ စိတ် မ ကောင်း ဖြစ် မိ ပါ တယ်။ ဒီ လို အ ချိန် ကောင်း မျိုး မှာ NLD ဟာ ဘာ လို့ အ ပေး အ ယူ မ လုပ် နိုင် တာ လဲ လို့ စဉ်း စား မိ တယ်။ ဒေါ် အောင် ဆန်း စု ကြည် နဲ့ သိန်း စိန် အ စိုး ရ မှာ ကျွန် တော် တို့ မ သိ နိုင် တဲ့ လျို့ ၀ှက် သ ဘော တူ ညီ ချက် တစ် ခု ခု ရှိ နေ ဖို့ မ ဖြစ် နိုင် မှန်း သိ ပေ မဲ့ တိတ် တ ခိုး မျှော် လင့် မိ ပါ တယ်။ ကျွန် တော် အ ထူး စိုး ရိမ် တာ တစ် ခု က နိုင် ငံ ရေး အ ကျဉ်း သား တွေ မ လွတ် သေး တဲ့ အ တွက် ဒီ ကြား ထဲ မှာ လှုပ် ရှား မှု တွေ ဖြစ် လာ လို့ နှိမ် နင်း မှု တွေ ဖြစ် လာ တဲ့ အ ခါ မှာ NLD --- ထား လိုက် ပါ တော့ မ ဖြစ် နိုင် ပါ ဘူး။ ဆို တော့ လွတ် တော် ထဲ မှာ NLD အ ပြောင်း အ လဲ လုပ် နိုင် ဖို့ က တော့ ဒေါ် အောင် ဆန်း စု ကြည် ရဲ့ ပ ဂ္ဂိုလ် ရေး အ ရည် အ ချင်း ပေါ် မှာ ပဲ လုံး ၀ တည် နေ ပါ လိမ့် မယ်။ ဒါ မှ မ ဟုတ် လဲ တ ခြား ရွေး ကောက် ပွဲ ၀င် ခဲ့ တဲ့ ပါ တီ တွေ ပြော ခဲ့ သ လို ပဲ နောက် ထပ် ၅ နှစ် ၁၀ နှစ် ဆို တဲ့ ရွေး ကောက် ပွဲ ဆို တာ ကို ပဲ စောင့် ကြည့် ရ အုံး မှာ ပေါ့။
ဒီ နေ့ ပဲ ဂျ ပန် မှာ လုပ် တဲ့ ၉၁ ကြိမ် မြောက် အ မျိုး သား နေ့ စာ ပေ ဟော ပြော ပွဲ ကို ကြည့် လိုပ် ရ ပါ တယ်။ ဒီ စာ ရေး ဆ ရာ တွေ တ ခု ခု ကို ရည် ညွှန်း ပြီး ပြော နေ သ လို ပဲ။
ဒု တိ ယ ရွေး ချယ် စ ရာ၊ တ တိ ယ ရွေး ချယ် စ ရာ ဆို တာ ရှိ လာ တော့ မ လို လို ပဲ လား။
ဘာ ပဲ ပြော ပြော မြန် မာ နိုင် ငံ ရေး လှုပ် နေ တယ်။ ဘာ မှ မ ဖြစ် တာ ထက် လှုပ် နေ တာ က တ ခု ခု ဖြစ် လာ ဖို့ လမ်း စ ပဲ။ ဒါ ကို အ ခွင့် အ ရေး တစ် ခု လို မြင် တတ် ယူ တတ် ကြ ပါ စေ ဗျာ။

Monday, November 21, 2011

ကစားပွဲ

ဒီ က စား ပွဲ နဲ့ ပတ် သက် ပြီး စိတ် ထဲ မှာ ရှိ တာ ချ ရေး တာ ပါ။ စ နစ် တ ကျ မ ဟုတ် ပါ ဘူး။ စိတ် ထဲ မှာ ပေါ် လာ သ လို အ တို ဆုံး ချ ရေး တာ ပါ။ တ ချက် ခြင်း စီ မှာ အ ဓီ ပါယ် အ များ ကြီး ရှိ သ လို ဖြည့် ဆွတ် စ ရာ တွေ အ များ ကြီး ပါ။ ဒီ က စား ပွဲ ဟာ အ ခြေ အ နေ အ ရ ကြား က အင် အား စု တွေ မ ၀င် ဘူး ဆို ရင် အ ချိန် အ များ ကြီး ကြာ မဲ့ ပွဲ လို ထင် ရ ပါ တယ်။ ဘယ် သူ သက် လုံ ( အ ရွယ်) ကောင်း မ လဲ၊ နည်း ပ ညာ သာ မ လဲ၊ စည်း ရုံး ရေး ပို ကောင်း မ လဲ ဆို တဲ အ ပေါ် မှာ မူ တည် ပြီး က စား ပွဲ ကို ဦး ဆောင် သွား ကြ မှာ ပါ။ အ ခု လော လော ဆယ် ဆယ် တော့ သိန်း စိန် အ စိုး ရ က တော့ အ ကြော နဲ့ ပွဲ ကို ဦး ဆောင် က စား နေ ပါ တယ်။ (စိတ် မ ကောင်း စ ရာ တ ခု က တော့ ဝေ နှင်း ပွင့် သုန် ပြော သ လို ပဲ ဒီ ပွဲ က စား တာ ကို စောင့် ကြည့် ရင်း နဲ့ လူ့ အ သက် တွေ ( အ ထူး သ ဖြင့် တိုင်း ရင်း သား ဒေ သ က ပြည် သူ တွေ) သေ နေ တာ တွေ ကို ပါ စောင့် ကြည့် နေ ရ အုံး မှာ ကို ပါ။) သေ ချာ တာ တစ် ခု က တော့ ဒီ ပွဲ ဟာ နှ လုံး ရည် တိုက် ပွဲ တစ် ခု ပါ။ နိုင် နိုင် ( win, win) နိုင် ရှုံး ( win, loose) ဒါ မှ မ ဟုတ် ရှုံး ရှုံး ( loose, loose) ဆို တဲ့ ဘယ် လို အ ဖြေ မျိုး ထွက် လာ မှာ ကို စောင့် ကြည့် ရင်း ကိုယ် နိုင် စေ တဲ့ အ ဖွဲ့ ကို အား ပေး ဒါ မှ မ ဟုတ် ထိန်း ညှိ ပေး တဲ့ ပ ရိတ် သတ် ရဲ့ အား ဟာ လည်း အ ရေး ကြီး ပါ ကြောင်း။


သိန်း စိန် အ စိုး ရ ၏ ပ က တိ အ နေ အ ထား
၁- နိုင် ငံ ရေး အ ကျဉ်း သား အ ပေါ် သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)
၂- တိုင်း ရင်း သား ခေါင်း ဆောင် များ အ ပေါ် သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)
၃- တိုင်း ရင်း သား များ နှင့် ငြိမ်း ချမ်း ရေး သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)

 သိန်း စိန် အ စိုး ရ ၏ အား နည်း ချက် များ
၁- NLD ပါ တီ ကို မှတ် ပုံ တင် ခွင့် ပေး ခြင်း ( တ ရား ၀င် ဖြစ် လို ဇော များ သ ဖြင့်)
၂- NLD ပါ တီ ကို ရွေး ကောက် ပွဲ  ၀င် ခွင့် ပေး ခြင်း ( တ ရား ၀င် ဖြစ် လို ဇော များ သ ဖြင့်)
၃- န အ ဖ လက် ထက် ကဲ့ သို့ စီ မံ ချက် (လမ်း ပြ မြေ) ပုံ မ ရှိ သေး ခြင်း

သိန်း စိန် အ စိုး ရ ၏ အ ကြီး မား ဆုံး အား နည်း ချက် များ
န အ ဖ က ရွေး ကောက် ပွဲ ပင် ၀င် ခွင့် မ ပြု ရဲ သော ဒေါ် အောင် ဆန်း စု ကြည် အား ရွေး ကောက် ပွဲ ၀င် ခွင့် ပြု လိုက် ခြင်း။

သိန် စိန် အ စိုး ရ ၏ အား သာ ချက်
၁-နိုင် ငံ တော် အာ ဏာ လက် ၀ယ် ရှိ ခြင်း
၂- စစ် တပ် ကျော ထောက် နောက် ခံ ရှိ ခြင်းး
၃- ၂၀၀၈ ဖွဲ့ စည် ပုံ ကျော ထောက် နောက် ခံ ရှိ ခြင်း
၎- ဆန့် ကျင် ဖက် အ ဖွဲ့ အ စည်း များ မ ညီ ညွတ် ခြင်း

NLD ၏ ပ က တိ အ နေ အ ထား
၁- ပါ တီ ၏ ခေါင်း ဆောင် ပိုင်း များ အ သက် အ ရွယ် အို မင်း လွန်း ခြင်း
၂- ဒု တိ ယ အ ဆင့် သက် လတ် ပိုင်း ခေါင်း ဆောင် များ ကို မ မွေး ထုတ် နိုင် ခြင်း
၃- အ ပြောင်း အ လဲ ကို ရဲ ၀ံ့ စွာ မ ဖေါ် ဆောင် နိုင် ခြင်း (န အ ဖ မှ ခေါင်း ဆောင် ပိုင်း ၃ ဆက် ပြောင်း လဲ ခဲ့ သော လည်း NLD မှ ခေါင်း ဆောင် ပိုင်း ပြောင်း လဲ ခြင်း လုံး ၀ မ ရှိ သေး ခြင်း)
၎- မှား ယွင်း မှု ကို ထောက် ပြ ဝေ ဖန် မည့် သူ နည်း ပါး ခြင်း (မ ဝေ ဖန် ချင်၊ မ ဝေ ဖန် ရဲ)

NLD ၏  အား နည်း ချက်
၁- မ ဟာ ဗျူ ဟာ ရှိ သော လည်း နည်း ဗျူ ဟာ မ ရှိ သေး ခြင်း
၂- လူ ပု ဂ္ဂို တစ် ဦး တစ် ယောက် အ ပေါ် အား ကိုး လွန်း ခြင်း
၃- နိုင် ငံ ရေး အ ကျဉ်း သား များ အား မ လွတ် သေး ပဲ ပါ တီ မှတ် ပုံ တင် ခြင်း
၎- တိုင်း ရင်း သား ဒေ သ များ မ ငြိမ်း ချမ်း သေး ပဲ ရွေး ကောက် ပွဲ ၀င် မည် ကြေ ညာ ခြင်း

NLD ၏ အ ကြီး မား ဆုံး အား နည်း ချက် သို့ မ ဟုတ် အား သာ ချက်
ဒေါ် အောင် ဆန်း စု ကြည် ကိုယ် တိုင် ရွေး ကောင် ပွဲ ၀င် မည် ဖြစ် ခြင်း

NLD ၏ အား သာ ချက်
၁- ဒေါ် အောင် ဆန်း စု ကြည် ကဲ့ သို့ သြ ဇာ အ ရှိန် အ ၀ါ ရှိ ခြင်း
၂- နိုင် ငံ တ ကာ ၏ ဖေး မ အား ပေး ခြင်း
၃- အ မေ ရိ ကန် ၏ အ ချိန် ကိုက် ဖိ အား ပေး ခြင်း


Friday, November 18, 2011

လေထဲကဒုတိယပင်လုံညီလာခံ

၁ နှစ် ပြည့် ပြီ ဒု တိ ယ ပင် လုံ ညီ လာ ခံ ဆို တာ တော့ လေ ထဲ မှာ ပဲ ရှိ သေး တယ်။

NLD ဘာလဲ၊ ဘယ်လဲ

The train keeps on moving...politics is ruthless. It is a sophisticated game in which the fittests survive.....?
NLD မှတ် ပုံ တင် မယ်။ ရွေး ကောက် ပွဲ ၀င် မယ် ဆို တော့ စိတ် မ ကောင်း ပါ ဘူး။
NLD  ကို ဖြစ် ပေါ် စေ ခဲ့ တဲ့ ၈၈၈၈ ကို ဦး ဆောင် ခဲ့ တဲ့ မင်း ကို နိုင်၊ ကို ကို ကြီး စ တဲ့ နိုင် ငံ ရေး အ ကျဉ်း သား တွေ မ လွတ် သေး ဘူး။ တိုင်း ရင်း သား တွေ ဒေ သ မှာ စစ် ပွဲ တွေ ဖြစ် တုန်း၊ NLD ဒါ တွေ ကို ဥ ပေ က္ခာ ပြု လိုက် ပြီ လား လို့ မေး လိုက် ချင် ပါ တယ်။
ဒါ ကို လွတ် တော် ထဲ ရောက် ရင် ဆောင် ရွက် ဖို့ မှတ် ပုံ တင် တာ ပါ။ ရွေး ကောက် ပွဲ ၀င် တာ ပါ လို့ ပြော မှာ လား။ စောင့် ကြည့် ရ မှာ ပေါ့ လေ။
ဒါ မှ မ ဟုတ် နိုင် ငံ ရေး အ ကျဉ်း သား တွေ လွှတ် ဖို့ နဲ့ တိုင်း ရင်း သား ဒေ သ တွေ မှာ စစ် ပွဲ ရပ် ဖို့ အ လဲ အ လှယ် သ ဘော အ န နဲ့ မှတ် ပုံ တင် ရ တာ ပါ။ ရွေး ကောက် ပွဲ ၀င် တာ လား ဒေါ် အောင် ဆန်း စု ကြည် သာ သိ ပါ လိမ့် မယ်။ ဒါ ပေ မဲ့ ဒေါ် အောင် ဆန်း စု ကြည် က နိုင် ငံ ရေး အ ကျဉ်း သား တွေ ကို လွှတ် ပေး မယ် လို့ ပြော ပေ မဲ့ တ ကယ် တန် တော့ ဦး သိန်း စိန် အ စိုး ရ က ဒီ က နေ အ ထိ မ လွတ် သေး ဘူး။ အ စိုး ရ ဆို တဲ့ လူ တွေ တ က မ္ဘာ လုံး ကို လိမ် နေ တာ ကို ဒေါ် အောင် ဆန်း စု ကြည် ကော လိုက် လိမ် မှာ လား။ ဒါ ပေ မဲ သေ ချာ တာ တစ် ခု က ၈၈ အာ ဏာ သိမ်း ပြီး နောက် ပိုင်း ကာ လ မှာ ပါ တီ နိုင် ငံ ရေး မ လုပ် ဘူး ဆို ပေ မဲ့ NLD ထောင် ပြီး ပါ တီ နိုင် ငံ ရေး လုပ် ခဲ့ ပါ တယ်။ အဲ ဒါ ကို နိုင် ငံ ရေး လုပ် ဖို့ အ တွက် စင် မြင့် မ ရှိ လို့ စင် မြင့် တစ် ခု အ နေ နဲ့ NLD ကို ထောင် ခဲ့ တာ လို့ နား လည် နိုင် ပါ တယ်။ ဒါ ပေ မဲ့ ပါ တီ ထောင် မှ နိုင် ငံ ရေး လုပ် နိုင် တာ မ ဟုတ် ဘူး ဆို တာ ကို ၈၈ မျိုး ဆက် တွေ ထောင် က လွတ် တော့ လက် တွေ့ လုပ် ပြ ခဲ့ ပါ တယ်။
ဆိုး တာ တစ် ခု က တော့ မြန် မာ ပြည် နိုင် ငံ ရေး အ ပြောင်း  အ လဲ အ တွက် နိုင် ငံ တ ကာ ရော မြန် မာ ပြည် သူ ပြည် သား တွေ က ပါ ဒေါ် အောင် ဆန်း စု ကြည် တစ် ဦး တည်း အ ပေါ် မှာ မှီ တည် နိုင် ခဲ့ သ လို ဖြစ် နေ တော့ တ ခြား အင် အား စု တွေ ရဲ့ အ နေ အ ထား ဟာ မှေး မှိန် သွား တယ်။ ဥ ပ မာ တိုင်း ရင်း သား အင် အား စု တွေ ရယ် ၈၈ မျိုး ဆက် တွေ ပါ။ မြန် မာ နိုင် ငံ အ ပြောင်း အ လဲ အ တွက် ဆို ရင် ဒေါ် အောင် ဆန်း စု ကြည် နဲ့ စ ကား ပြော ရင် ရ တယ် ဆို ပြီး တော့ ကျန် တဲ့ အင် အား စု ကို ပြစ် ပယ် ထား ကြ တယ်။ ဒီ လို နိုင် ငံ ရေး မျိုး ဆို ရင် မြန် မာ နိုင် ငံ ဘယ် တော့ မှ ငြိမ်း ချမ်း မှာ မ ဟုတ် ပါ ဘူး။ ဘာ ဖြစ် လို့ ကျွန် တော့ တို့ မှာ တ ခြား ရွေး ချယ် စ ရာ မ ရှိ တော့ ရ မှာ လဲ။
ကျွန် တော့ က တော့ ၈၈ မျိုး ဆက် ကို မျှော် လင့် ပါ တယ်။ ဒါ ကို ဦး သိန်း စိန် အ စိုး ရ လဲ သိ နေ တယ် ဒါ ကြောင့် ၈၈ မျိုး ဆက် အုပ် စု ကို ထောင် က လွတ် ဖို့ ကြောက် နေ တာ ပါ။ ဒီ လို NLD ပါ တီ မှတ် ပုံ တင် လိုက် တာ၊ ရွေး ကောင် ပွဲ ၀င် တာ ဟာ ပြည် သူ လူ ထု တွေ တန် ဖိုး ထား ခဲ့ တဲ့ ၉၀ ရွေး ကောက် ပွဲ ရပ် လဒ် ကို တ ရား ၀င် ပစ် ပယ် လိုက် တာ ဖြစ် တဲ့ အ တွက် နောက် ထပ် ရွှေ ၀ါ ရောင် တော် လှန် ရေး လို မျိုး လူ ထု အုံ့ ကြွ မှု ဖြစ် လာ မယ် ဆို ရင် ကြား ဖြစ် အ စိုး ရ ဖွဲ့ ဖို့၊ လူ ထု ကို ဦး ဆောင် ဖို့ အ တွက် NLD ကို နေ ရာ ပေး စ ရာ မ လို တော့ တဲ့ အ တွက် တ မျိုး တော့ ကောင်း ပါ တယ်။ ၉၀ တုန်း က NLD ကို ပေး ခဲ့ တဲ့ ကျွန် တော့ ရဲ့ မဲ ကို တော့ နှ မျော ပါ တယ်။
ကျွန် တော် တ ခါ က ပြော ခဲ့ သ လို ပဲ ကျွန် တော် ဟာ တိုင်း ရင်း သား တစ် ယောက် အ နေ နဲ့  ဒေါ် အောင် ဆန်း စု ဟာ ကျွန် တော် တို့ တိုင်း ရင်း သား တွေ နဲ့ ပတ် သက် ပြီး တစ် စုံ တစ် ရာ နစ် နာ အောင် လုပ် ခဲ့ သည် ရှိ သော ကျွန် တော် သူ ကို ရန် သူ လို သ ဘော ထား ရင် ထား ပါ လိမ့် မယ် ဒါ ပေ မဲ့ ကျွန် တော် သူ ကို လေး စား မြဲ လေး စား နေ မှာ ပါ။ သူ ဘာ လုပ် မယ် ဆို တာ ကို စောင့် ကြည့် ပါ ရ စေ။ သူ ဘယ် လောက် လုပ် နိုင် မယ် ဆို တာ စောင့် ကြည့် ပါ ရ စေ။ သူ ရဲ့ အ သိ  ဦး နှောက် ဥာဏ် ဟာ ကျွန် တော် တို့ ထက် ပို မို ကြီး မား ပါ တယ်။ ကျွန် တော် တို့ မ သိ နိုင် လောက် တဲ့ အ သိ ဥာဏ် နဲ့ နိုင် ငံ အ တွက် ထူး ခြား ပြောင် မြောက် အ ကျိုး ရှိ တဲ့ လုပ် ရပ် ကို လုပ် နိုင် လိမ့် မယ် လို့ မျှော် လင့် ပါ တယ်။
ကျွန် တော် facebook က နေ ပြီး တော့ အ သိ တစ် ယောက် ရေး ထား တာ ကို ဝေ မျှ လိုက် ပါ တယ်။
The train keeps on moving...politics is ruthless. It is a sophisticated game in which the fittests survive.....?

Sunday, November 13, 2011

ဒို့တိုင်းရင်းသား

ဓါတ် ပုံ ကို ဖိတ် ဘွတ် က နေ ကူး ထား ပါ တယ်

မြန် မာ ပြည် ကြီး အ ပြောင်း အ လဲ ကို ရွေ့ နေ ပြီ၊ ဒီ အ ပြောင်း အ လဲ က ရပ် တန့် လို မ ရ တော့ ဘူး။ လို့ လို့ ပြီး ပြော နေ ကြ တယ်။ ဟုတ် ပ နည်း နည်း ခြင်း ပြောင်း လဲ နေ တယ်။ ပြည် မ မှာ နိုင် ငံ ရေး လုပ် နေ တဲ့ နိုင် ငံ ရေး သ မား တွေ အ တွက် ရယ် စာ ရေး ဆ ရာ ဆို တဲ့ လူ တန်း စား တွေ အ တွက် လွတ် လပ် ရေး နည်း နည်း ရ  လာ တာ ပါ။ နောက် ပြီး ဒေါ် အောင်း ဆန်း စု ကြည် နဲ့ ကြံ့ ဖွံ့ အ စိုး ရ စ ကား ပြော နေ တာ ပေါ့။ ဒါ ကို ပဲ အ ပြောင်း အ လဲ လို့ ဆို မယ် ဆို ရင် ကျွန် တော် တို့ တိုင်း ရင်း သား တွေ ကို ပစ် ပယ် ရာ ရောက် ပါ လိမ့် မယ်။ ကျွန် တော် တို့ တိုင်း ရင်း သား ဒေ သ တွေ ကို ကြည့် လိုက် ပါ အ ရင် အ တိုင်း ဖိ နှိပ် ညှင်း ဆဲ သတ် ဖြတ် မှု တွေ စစ် ပွဲ တွေ ရှိ ဆဲ မ က ပို လို့ တောင် ဆိုး လာ သေး တယ်။ စ ကား ၀ိုင်း မှာ ကော တိုင်း ရင်း သား တွေ ပါ ခွင့် မ ရှိ တော့ ဘူး လား။ ဒီ လို ပဲ ၃ ပွင့် ဆိုင် မ ဟုတ် ပဲ ၂ ပွင့် ဆိုင် စ ကား ပြော အ ပေး အ ယူ လုပ် ပြီး တိုင်း ရင်း သား တွေ ကို ပစ် ထား လို့ က တော့ မြန် မာ ပြည် ကြီး တစ် သက် လုံး မ ငြိမ်း ချမ်း ဘူး၊ မ တိုး တက် ဘူး မှတ် ပါ။ အ ခု မှ စ တာ ဖြေး ဖြေး တော့ လာ မှာ ပေါ့ လို့ ပြော အုံး မ လား။ ဒါ ဟာ စစ် မှန် တဲ့ ဆင် ခြေ မ ဟုတ် ပါ ဘူး။ ဒါ ဟာ တိုင်း ရင်း သား တွေ ကို တစ် တန်း တည်း မ ထား ဘူး ဒု တိ ယ အ ဆင့် မှာ ပဲ ထား တယ် ဆို တာ ကို ပြ သ နေ တာ ပါ။ စဉ်း စား ကြည့် ပါ လူ တွေ နေ့ တိုင်း သေ နေ တာ ဟာ တိုင်း ရင်း သား တွေ ရဲ့ ဒေ သ မှာ ပါ။ လူ့ အ သက် တွေ နေ့ တိုင်း ဆုံး ပါး နေ တာ ကိ စ္စ ကို ဒု တိ ယ အ ဆင့် လို သ ဘော ထား တဲ့ နိုင် ငံ ရေး ဆို တာ ဒီ မို က ရေ စီ ပါ လား။ ကု လ သ မ ဂ္ဂ အ ပါ အ ၀င် နိုင် ငံ တ ကာ ရယ်၊ သိန်း စိန် အ စိုး ရ ရယ်၊ အ တိုက် အ ခံ တွေ ရော ဘာ ကြောင့် ဒါ ကို လျစ် လျု ရှု နေ ကြ ပါ လိမ့်။ မြန် မာ ပြည် ကို အ မှန် တ ကယ် ငြိမ်း ချမ်း တိုး တက် စေ ချင် တယ် ဆို ရင် ကု လ သ မ ဂ္ဂ အ ပါ အ ၀င် နိုင် ငံ တ ကာ ရယ်၊ သိန်း စိန် အ စိုး ရ ရယ်၊ အ တိုက် အ ခံ တွေ အား လုံး ကျွန် တော် တို့ တိုင်း ရင်း သား တွေ ကို တန်း တူ ညီ မျှ ထား ဖို့ လို ပါ တယ် ဗျာ။

Wednesday, November 9, 2011

We are

We are Karen


Credit to Kwekalu.net