Blogger Widgets

Thursday, July 11, 2013

က ရင် တစ် ကျပ် ဗ မာ တစ် ကျပ်

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၏သဘောထား

July 10, 2013 at 5:45pm
                                                       

                                  တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ

  “KNU တပ်မဟာနှင့် ခရိုင်များအားလုံး ဤကဲ့သို့ ခိုင်မာပြတ်သားသော အမျိုးသားရပ်တည်ချက် ရှိပါက ကရင်ပြည်သူများ၏
                    အားကိုးယုံကြည်မှုနှင့် အားပေးထောက်ခံမှုကိုအမြဲရရှိနေမည်ဖြစ်ပါသည်”

ယခုလက်ရှိအချိန်သည် KNU ခေါင်းဆောင်များနှင့် ဗမာအစိုးရ တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးကိစ္စဆွေးနွေးပြောဆိုနေဆဲကာလဖြစ်ပါသည်။ သို့သော် တိကျသေချာသောသဘောတူညီမှု တစုံတရာမရ ရှိနိုင်သေး ပါ။ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်နေဆဲ ကာလဖြစ်ပြီး စစ်မှန်သောငြိမ်းချမ်းရေး တခုမရရှိနိုင်သေးသောကြောင့် -


 ၁။ ကျွန်ုပ်တို့နယ်မြေဒေသအတွင်း ကရင်အမျိုးသားများ၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေး ရည်မှန်းချက်များအား ၀ါးမြို လွှမ်းမိုးသွားမည့် ဗမာစစ်အစိုးရ၏ ပညာရေးအစီအစဉ်များအား လာရောက်တိုးချဲ့လုပ်ကိုင်ခွင့်မပေးနိုင်ပါ။ ကျွန်ုပ်တို့၌ မိခင်ပညာရေးအစီအစဉ်ရှိနှင့်ပြီးသားဖြစ်ပါသည်။


၂။ ကျွန်ုပ်တို့ဒေသခံလူထုများ၏ မူလမြေယာပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးသွားစေမည့်၊ ဒေသခံလူမျိုးတို့၏ မူလဘ၀နေထိုင်မှုနှင့် သဘာဝအသက်မွေးဝမ်းကျောင်းများအားပျက်စီးသွားစေမည့် စစ်အစိုးရ၏ စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များကို ကျွန်ုတို့နယ်မြေအတွင်း ခွင့်ပြု လက်မခံနိုင်ပါ။


  ၃။ ကျွန်ုပ်တို့နယ်မြေဒေသအားလုံးသည် မူလဒေသခံလူမျိုးများ၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာသော မြေများဖြစ်သောကြောင့် ဗမာစစ်အစိုးရမှ လယ်ယာ၊ ဥယာဉ်ခြံမြေများအား လာရောက်တိုင်းထွာ၊ စာရင်းယူရန်မလိုအပ်ပါ။ ကျွန်ုပ်တို့၌ မြေဂရမ်ပိုင်ဆိုင်မှုစာရင်း၊ ဇယားရှိနှင့်ပြီးဖြစ်ပါသည်။  


၎။ လက်ရှိဗမာအစိုးရမှ ကျွန်ုပ်တို့နယ်မြေအတွင်းရုံးခန်းလာရောက်ဖွင့်လှစ်ပြီး မှတ်ပုံတင်ပြုလုပ်ရန် ကိစ္စကိုကျွန်ုပ်တို့လက်မခံနိုင်ပါ။ ပြည်ထောင်စုအစိုးရတရပ် ပေါ်ပေါက်လာသောအခါ ၄င်းအစိုးရမှပြုလုပ်ပေးသော မှတ်ပုံတင်ကိုသာ ကျွန်ုပ်တို့လက်ခံအသိအမှတ်ပြုပါမည်။


  ၅။ ကျွန်ုပ်တို့တပ်မဟာ နှင့်ခရိုင်နယ်မြေများတွင် ပြည်သူကျန်းမာရေးအတွက် နယ်မြေခံဆေးပေးခန်းများ ရှိပြီး နယ်လှည့်ကျောပိုးအိပ်ကျန်းမာရေးအစီအစဉ်များလည်းရှိနေပြီးဖြစ်၍ ဗမာစစ်အစိုးရမှ ကျွန်ုပ်တို့နယ်မြေအတွင်း ကျန်းမာရေးအစီအစဉ်များလာရောက်လုပ်ကိုင်ခြင်းကို ကျွန်ုပ်တို့ခွင့်မပြု၊ လက်မခံနိုင်ပါ။


၆။ ကျွန်ုပ်တို့နယ်မြေအတွင်း ဗမာစစ်အစိုးရ၏ ရှိနှင့်ပြီးပညာရေးနှင့် ကျန်းမာရေး အစီအစဉ်များအား လက်ရှိအတိုင်း ယာယီယှဉ်တွဲလုပ်ကိုင်ခွင့်ပြုပါသည်။  


၇။ နိုင်ငံရေးအရဆွေးနွေး၊ ညှိနှိုင်းအဖြေရှာပြီး နှစ်ဦးနှစ်ဖက်လုံးမှ အမှန်တကယ်ယုံကြည်မှု တည်ဆောက်နိုင်သောအချိန်ကာလတွင်မူ အထက်ပါအကြောင်းအရာ အားလုံးကို ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်ပါသည်။

မူတြော်ခရိုင်

လူသောဖောဒေး blog မှ ရဲရဲတွေး ဘာသာပြန်ဆိုတင်ပြပါသည်။

Saturday, July 6, 2013

ပ လိုင်း ထဲ က



K N U အ တွင်း ရေး မှုး က စီး ပွါး ရေး နဲ့ ပတ် သက် ပြီး ပြော ခဲ့ တာ ကို အ ပေါ် က ရုပ် သံ မှာ နား ထောင်း ပြီး အောက် က သ တင်း နဲ့ ရုပ် သံ ကို ဆက် ကြည့် ပါ။ သိန်း စိန် အ စိုး ရ ရဲ့ ပ လိုင်း ထဲ K N U ခေါင်း ဆောင် ဘယ် နှစ် ယောက် များ ရောက် သွား ပြီ လဲ မ သိ ဘူး။

KNU တပ်မဟာ(၇) စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်း စတင်လုပ်ဆောင်

Submitted by on Thursday, 4 July 2013--
ဇူလိုင်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
Moe Ko San 1ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဖားအံခရိုင်၊ တပ်မဟာ (၇)မှ ခရီးသွားနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ဆောင်ရန် MOE KO SAN Traval & Tours Company Limited and Trading Company Limited ကို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အမှတ် (၄)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ယနေ့ ဖွင့်လှစ်လိုက်သည်။
KNU ၏ တပ်မဟာ(၇)ကို ကိုယ်စားပြုသည့်အနေဖြင့် ကုမ္ပဏီကို တရားဝင် ဖွင့်လှစ်ခွင့်ရခြင်းဖြစ်ပြီး နောက်လာမည့်ကာလများ အတွက် မလွဲမသွေ လုပ်ကိုင်ရမည့် စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ စောမိုးဇက်က ယခုလို ပြောသည်။
“ကျနော်တို့အနေနဲ့က နောင်တစ်ချိန်မှာ နိုင်ငံတကာ စီးပွားရေးဈေးကွက်ကို ၀င်ရောက်နိုင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ အဲဒီတော့ ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးမှ ဈေးကွက်ကို ၀င်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် ကြိုးစားပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ထိုင်း၊ ဂျပန်၊ အမေရိကန် စသည့်နိုင်ငံများမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကို အဓိကထား စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး သွင်းကုန် ထုတ်ကုန်လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန် ရှိ သည်ဟု သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် ကုမ္ပဏီရုံးအပြင် KNU တပ်မဟာ (၇)၊ စီးပွားရေးရုံးအဖြစ်လည်း သတ်မှတ်ထားရှိမည်ဖြစ်ပြီး အခြား သော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ဆက်စပ်လုပ်ကိုင်သွားမည် ဖြစ်သည်ဟု သိရသည်။
စောမိုးဇက်က “ဒီရုံးကို တပ်မဟာ (၇) စီးပွားရေးရုံးအနေနဲ့လည်း သတ်မှတ်လို့လည်း ရပါတယ်။ ဒီရုံးကနေ KNU က ချမှတ် ထားတဲ့ စီပွားရေးဆိုင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်သွားမှာပါ။”ဟု ပြောသည်။
မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း နိုင်ငံရေးအရ ခိုင်မာသော အာမခံချက် မရှိသ ရွေ့ စီးပွားရေးလုပ်ငန်းများကို စနစ်တကျဖြင့် သေချာစောင့်ကြည့်ပြီးမှ ရှေ့ဆက် တိုးချဲ့လုပ်ဆောင်သွားရန်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
Moe Ko San
အဆိုပါကုမ္ပဏီဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန်တွင် စတင် ဖွင့်လှစ်ရာ ဗိုလ်မှူးကြီးဖောဒို၊ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ် မှူးလယ်မှူးနှင့် မြ၀တီခရိုင် ဒုရဲမှူးကြီး ဦးအောင်မြင့်၊ ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးအောင်ဝင်းသိန်းတို့အပြင် စီးပွားရေး လုပ်ငန်းရှင်အချို့ အပါအ၀င် လူဦးရေ ၁၀၀နီးပါး လာရောက်ခဲ့ကြသည်။
ယခု ဖွင့်လှစ်ထားသော MOE KO SAN Traval & Tours Company Limited and Trading Company Limited ကုမ္ပဏီရုံး တည်ရှိရာနေရာသည် ယခင် KNU ဆက်ဆံရေးရုံး (မြ၀တီ) ရုံးစိုက်ရာနေရာတွင် ပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာအစိုးရ ထံမှ တရားဝင် ခွင့်ပြုချက်ဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။

ခ ရို နီ အိတ် ကပ် ထဲ က