Blogger Widgets

Saturday, November 26, 2011

ကလိုကွဲဒက်လက် လိုက်ဖ်ရှိုး

အ မေ ရိ ကန် တ က္က ဆက် ပြည် နယ် ဒဲ လက် မြို့ မှာ လုပ် တဲ့ က လို ကွယ် လိုက် ရှိုး ကို ဒီ နေ့ အ မေ ရိ ကန် အ လယ် ပိုင်း စံ တော် ချိန် ည ၇း၃၀ မှာ အောက် က လင့် ကို နှိပ် ပြီး တိုက် ရိုက် ကြည့် ရှု နိုင် ပါ ကြောင်း က မ္ဘာတ ၀ှမ်း မှာ ရှိ တဲ့ က လို ကွယ် ပ ရိတ် သတ် ကို သ တင်း ကောင်း ပါး လိုက် ပါ တယ်။ 
http://shwevideos.net/live_broadcasting.php
Stars from the East" concert by KKMT in Dallas, TX, will be webcasted live tomorrow on www.shwevideos.net...... The concert will start at 7:30pm central time..... Our heartfelt thanks to Dallas Karen Community and Shwe Videos team.

Friday, November 25, 2011

ဒါပဲလေ

ဒီ ည RFA မှာ ဦး ၀င်း တင် နဲ့ အင် တာ ဗျူး နား ထောင် လိုက် ရ တယ်။ ဂျွန် မက် ကိန်း အို ဘား မား ကို ရှုံး ပြီး ပြော ခဲ့ တဲ့ စ ကား ကို သ တိ ရ မိ လိုက် ပါ တယ်။ ကျွန် တော် စ ကား လုံး အ တိ အ ကျ တော့ မ မှတ် မိ တော့ ပါ ဘူး။ အ ဓိ ပ္ပါယ် က တော့ သူ ရှုံး သွား ပြီး ဆို တော့ နိုင် ငံ သား တစ် ယောက် ပီ သ စွာ သ မ္မ တ နောက် ကို လိုက် မှာ ပါ ဆို တဲ့ စ ကား ကို ပါ။
နောက် တစ် ခု က ၈၈ မျိုး ဆက် တွေ NLD ထဲ ကို ၀င် မယ် ဆို ရင် လဲ အ စော ကြီး က တည်း က ထုတ် ပယ် ခြင်း ကို ခံ ရ လိမ့် မယ် လို့ ထင် ပါ တယ်။ နောက် ပြီး ထောင် က ခ ဏ တ ဖြုတ် လွတ် တဲ့ အ ချိန် မှာ တောင် NLD ထဲ မ ၀င် ပဲ ၈၈ မျိုး ဆက် ဆို ပြီး နိုင် ငံ ရေး လုပ် နိုင် အောင် ကြိုး စား လုပ် ခဲ့ ကြ တာ ဆို တော့ ဒီ တ ခေါက် လွတ် ရင် လဲ ၀င် မှာ မ ဟုတ် ပဲ သီး ခြား စွာ ပဲ ရပ် တည် လှုပ် ရှား ပါ လိမ့် မယ် လို့ ထင် ပါ တယ်။ 
နောက် တစ် ခု က NLD နဲ့ မ ပတ် သက် ဘာ နဲ့ မှ မ ပတ် သက် တဲ့ နိုင် ငံ ရေး လှုပ် ရှား မှု တွေ ဟို တ စ ဒီ တ စ စ ပေါ် လာ ပြီ လို့ ထင် ပါ တယ်။ ဒါ တွေ အား လုံး ဘယ် လို ပေါင် စည်း ပြီး ဘယ် လို အင် အား စု ဖြစ် လာ မယ် ဆို တာ စောင့် ကြည့် ပါ ရ စေ။

Tuesday, November 22, 2011

ဒေါင်းကတဲနေ့ 
ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြာင်းဆို
သွေးမပြောင်းပါဘူး
ရှေးဒေါင်းတို့ရဲ့သမိုင်းအစဉ်၊

တိုင်းပြည်နဲ့လူမျိုး
ပြည်သူအကျိုးဆိုအကြောင်းမရွေး
ဒေါင်းသွေးနီခေါင်းမညွတ်
ဒေါင်းခွပ်ခဲ့ရာဇ၀င်၊

ပြည်သူတွေနဲ့ထာဝရမခွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွပ်ဒေါင်းမှန်လျှင်ရန်မြင်သမျှရင်ဆိုင်တွေ့၊

စမ်းကလေးတွေအေး
ပန်းကလေးတွေမွေး
ငှက်ကလေးတွေတေးဆို
ငြိမ်းချမ်းရေးကိုသူကြိုတော့
မြိုင်ယံညို ဟိုးရိုးအခြေက
အိုးဝေ အိုးဝေ မင်္ဂလာအပေါင်းခရအောင်
(အဲဒီနေ့ဟာ) ဒေါင်းကတဲ့နေ့၊

မောင်စိန်ဝင်း (ပုတီးကုန်း)

မှတပါး တခြား --

ကျွန် တော် သူ ငယ် ချင်း တစ် ယောက် နဲ့ NLD မှတ် ပုံ တင် ရွေး ကောက် ပွဲ ၀င် မဲ့ ကိ စ္စ ရယ် တိုင်း ရင်း သား တော် လှန် ရေး တပ် မ တော် တွေ သိန်း စိန် အ စိုး ရ အ ဖွဲ့ နဲ့ ငြိမ်း ချမ်း ရေး စ ကား ပြော မဲ့ ကိ စ္စ တွေ ကို ပြော ဖြစ် တော့ သူ ငယ် ချင်း က ဒီ နည်း လမ်း မှ တ ပါး တ ခြား ရွေး ချယ် စ ရာ မ ရှိ သ လို ဒီ နည်း လမ်း ဟာ အ ကောင်း ဆုံး နည်း လမ်း လို့ ပြော ပါ တယ်။ ပြည် သူ လူ ထု လဲ ဒေါ် အောင် ဆန်း စု ကြည် နောက် မှာ စု ပုံ ရပ် ပြီး ထောက် ခံ ဖို့ လို ပါ တယ် လို့ ပြော ပါ တယ်။ ကျွန် တော် က တော့ ဒါ ကို သိပ် လက် မ ခံ ချင် ပေ မဲ့ စ ကား သိပ် မ ပြော ချင် တာ နဲ့ ထိုင် ပဲ နား ထောင် နေ မိ ပါ တယ်။ 
၉၀ ခု နှစ် နောက် ပိုင်း မှာ ကျွန် တော် နယ် စပ် ရောက် လာ တော့ ကျွန် တော် သူ ငယ် ချင်း နိုင် ငံ ရေး လုံး ၀ မ လုပ် တဲ့ တ ရုတ် စီး ပွါး ရေး သ မား တစ် ယောက် နဲ့ စ ကား ပြော ဖြစ် တော့ သူ က ပြော တယ် ၉၀ ခု နှစ် က သူ့ အ ကို စီး ပွါး ရေး သ မား က တ စ ည ကို မဲ ပေး ခဲ့ တယ် တဲ့။ ဒါ နဲ့ ကျွန် တော် က မေး တယ် ဘာ ဖြစ် လို့ လဲ ဆို တော့ NLD ကို ပဲ မဲ ပုံ ပေး ကြ တော့ မဲ တ အား ပြတ် သွား ရင် စစ် တပ် က ဘယ် တော့ မှ NLD ကို အ ဏာ လွဲ ပေး မှာ မ ဟုတ် လို့ ပဲ လို့ ပြော ခဲ့ တယ်။ သူ စ ကား ဟုတ် သည် သော ရှိ မ ဟုတ် သည် သော ရှိ တ ကယ် လဲ ဒီ လို ဖြစ် ခဲ့ တာ ပဲ။ ပ ထ မ ဆုံ အ ကြိမ် ဖြစ် တယ် ဆို တော့ NLD မ နိုင်  မှ စိုး လို့ ချင် ချင် တူး တူး လူ ကို လုံး ၀ မ ကြည့် ပဲ NLD ဆို ရင် ပြီး ရော ဆို ပြီး တော့ မဲ ပေး ခဲ့ ကြ တာ ပါ။ အဲ ဒီ ရဲ့ ရ လဒ် ဟာ ကျွန် တော် တို့ နိုင် ငံ ဒီ မို က ရေ စီ ရေး မှာ ဒု တိ ယ ရွေး ချယ် စ ရာ မ ရှိ ပဲ NLD အ ပေါ် မှ ပဲ လုံး ၀ မှီ တည် နေ ခဲ့ ပါ တယ်။  NLD ဟာ လဲ ဒေါ် အောင် ဆန်း စု ကြည် မ ရှိ ရင် ဘာ မှ မ လုပ် တတ် တော့ နိုင် ငံ ရေး အ ရွေ့ ဟာ လို အပ် တာ ထက် ကြာ ခဲ့ ပါ တယ်။ မင်း ကို နိုင် တို့ လွတ် မှာ ပဲ ကျွန် တော် တို့ အ တွက် ဒု တိ ယ ရွေး ချယ် စ ရာ ရှိ လာ ခဲ့ ပါ တယ်။ ဘာ ပဲ ပြော ပြေ အ ခု နိုင် ငံ ရေး အ ရွေ့ ဟာ အဲ ဒီ ကာ လ က စ တင် ခဲ့ တယ် လို့ ဆို ပါ ရ စေ။ သ ဘော မ တူ ရင် လဲ ဖြစ် ပါ တယ် ကျွန် တော် နိုင် ငံ ရေး ကျွမ်း ကျင် သူ မ ဟုတ် ပါ။ ကျွန် တော် တစ် ဦး တည် ရဲ့ ထင် မြင် ချက် ပဲ လို့ ဆို ပါ တော့။
ကျွန် တော် ဘာ ကို ဆို လို ချင် လဲ ဆို တော့ NLD မှတ် ပုံ တင် တာ ရယ် ရွေး ကောက် ပွဲ ၀င် တာ ကို မ ကန့် ကွက် ကြ ပါ နဲ့။ NLD ရဲ့ လွတ် တော် မှာ ပို မို လုပ် ဆောင် နိုင် အောင် အား ပေး ရ မှာ ဖြစ် သ လို၊ ကျွန် တော် တို့ ရဲ့ အ နာ ဂတ် ကို NLD ရဲ့ လက် ထဲ မှာ ပဲ လုံး ၀ ပုံ မ အပ် ထား ပဲ ဒု တိ ယ ရွေး ချယ် စ ရာ တစ် ခု ခု ကို ရှာ ဖွေ တည် ဆောက် ထား စေ ချင် တာ ပါ။
စစ် သား တစ် မတ် သား ရယ် ကြံ့ ဖွတ် အ များ စု အ နိုင် ရ ထား တဲ့ လွှတ် တော် ရယ် ၂၀၀၈ နာ ဂစ် ဥ ပ ဒေ ရဲ့ ၇၅% ဆို တာ ရယ် ကြံ့ ဖွတ် အ မတ် တွေ ရဲ့ နိုင် ငံ ချစ် စိတ် နဲ့ အ တ္တ စိတ် ဆို တာ တွေ ကို ပေါင်း စပ် လိုက် တော့ NLD ရဲ့ လွှတ် တော် မှာ ပြု ပြင် ပြောင်း လဲ ဖို့ လုပ် မှာ ရယ်၊ နိုင် ငံ ရေး အ ကျဉ်း သား လွှတ် ပေး ဖို့ အ ထူး သ ဖြင့် မင်း ကို နိုင်၊ ကို ကို ကြီး တို့ အုပ် စု ကို လွတ် အောင် လုပ် ဖို့ လွယ် မှာ မ ဟုတ် ပါ ဘူး။ မင်း ကို နိုင် ဆို ရင် တာ ကို တွက် ဆ မိ လို့ သူ့ အ တွက် သူ ရဲ ဘော် တွေ ထပ် မ ရင်း ဖို့ ထုတ် ပြော လာ တာ ကို သ တင်း မှာ ဖတ် ရ လို့ စိတ် မ ကောင်း ဖြစ် မိ ပါ တယ်။ ဒီ လို အ ချိန် ကောင်း မျိုး မှာ NLD ဟာ ဘာ လို့ အ ပေး အ ယူ မ လုပ် နိုင် တာ လဲ လို့ စဉ်း စား မိ တယ်။ ဒေါ် အောင် ဆန်း စု ကြည် နဲ့ သိန်း စိန် အ စိုး ရ မှာ ကျွန် တော် တို့ မ သိ နိုင် တဲ့ လျို့ ၀ှက် သ ဘော တူ ညီ ချက် တစ် ခု ခု ရှိ နေ ဖို့ မ ဖြစ် နိုင် မှန်း သိ ပေ မဲ့ တိတ် တ ခိုး မျှော် လင့် မိ ပါ တယ်။ ကျွန် တော် အ ထူး စိုး ရိမ် တာ တစ် ခု က နိုင် ငံ ရေး အ ကျဉ်း သား တွေ မ လွတ် သေး တဲ့ အ တွက် ဒီ ကြား ထဲ မှာ လှုပ် ရှား မှု တွေ ဖြစ် လာ လို့ နှိမ် နင်း မှု တွေ ဖြစ် လာ တဲ့ အ ခါ မှာ NLD --- ထား လိုက် ပါ တော့ မ ဖြစ် နိုင် ပါ ဘူး။ ဆို တော့ လွတ် တော် ထဲ မှာ NLD အ ပြောင်း အ လဲ လုပ် နိုင် ဖို့ က တော့ ဒေါ် အောင် ဆန်း စု ကြည် ရဲ့ ပ ဂ္ဂိုလ် ရေး အ ရည် အ ချင်း ပေါ် မှာ ပဲ လုံး ၀ တည် နေ ပါ လိမ့် မယ်။ ဒါ မှ မ ဟုတ် လဲ တ ခြား ရွေး ကောက် ပွဲ ၀င် ခဲ့ တဲ့ ပါ တီ တွေ ပြော ခဲ့ သ လို ပဲ နောက် ထပ် ၅ နှစ် ၁၀ နှစ် ဆို တဲ့ ရွေး ကောက် ပွဲ ဆို တာ ကို ပဲ စောင့် ကြည့် ရ အုံး မှာ ပေါ့။
ဒီ နေ့ ပဲ ဂျ ပန် မှာ လုပ် တဲ့ ၉၁ ကြိမ် မြောက် အ မျိုး သား နေ့ စာ ပေ ဟော ပြော ပွဲ ကို ကြည့် လိုပ် ရ ပါ တယ်။ ဒီ စာ ရေး ဆ ရာ တွေ တ ခု ခု ကို ရည် ညွှန်း ပြီး ပြော နေ သ လို ပဲ။
ဒု တိ ယ ရွေး ချယ် စ ရာ၊ တ တိ ယ ရွေး ချယ် စ ရာ ဆို တာ ရှိ လာ တော့ မ လို လို ပဲ လား။
ဘာ ပဲ ပြော ပြော မြန် မာ နိုင် ငံ ရေး လှုပ် နေ တယ်။ ဘာ မှ မ ဖြစ် တာ ထက် လှုပ် နေ တာ က တ ခု ခု ဖြစ် လာ ဖို့ လမ်း စ ပဲ။ ဒါ ကို အ ခွင့် အ ရေး တစ် ခု လို မြင် တတ် ယူ တတ် ကြ ပါ စေ ဗျာ။

Monday, November 21, 2011

ကစားပွဲ

ဒီ က စား ပွဲ နဲ့ ပတ် သက် ပြီး စိတ် ထဲ မှာ ရှိ တာ ချ ရေး တာ ပါ။ စ နစ် တ ကျ မ ဟုတ် ပါ ဘူး။ စိတ် ထဲ မှာ ပေါ် လာ သ လို အ တို ဆုံး ချ ရေး တာ ပါ။ တ ချက် ခြင်း စီ မှာ အ ဓီ ပါယ် အ များ ကြီး ရှိ သ လို ဖြည့် ဆွတ် စ ရာ တွေ အ များ ကြီး ပါ။ ဒီ က စား ပွဲ ဟာ အ ခြေ အ နေ အ ရ ကြား က အင် အား စု တွေ မ ၀င် ဘူး ဆို ရင် အ ချိန် အ များ ကြီး ကြာ မဲ့ ပွဲ လို ထင် ရ ပါ တယ်။ ဘယ် သူ သက် လုံ ( အ ရွယ်) ကောင်း မ လဲ၊ နည်း ပ ညာ သာ မ လဲ၊ စည်း ရုံး ရေး ပို ကောင်း မ လဲ ဆို တဲ အ ပေါ် မှာ မူ တည် ပြီး က စား ပွဲ ကို ဦး ဆောင် သွား ကြ မှာ ပါ။ အ ခု လော လော ဆယ် ဆယ် တော့ သိန်း စိန် အ စိုး ရ က တော့ အ ကြော နဲ့ ပွဲ ကို ဦး ဆောင် က စား နေ ပါ တယ်။ (စိတ် မ ကောင်း စ ရာ တ ခု က တော့ ဝေ နှင်း ပွင့် သုန် ပြော သ လို ပဲ ဒီ ပွဲ က စား တာ ကို စောင့် ကြည့် ရင်း နဲ့ လူ့ အ သက် တွေ ( အ ထူး သ ဖြင့် တိုင်း ရင်း သား ဒေ သ က ပြည် သူ တွေ) သေ နေ တာ တွေ ကို ပါ စောင့် ကြည့် နေ ရ အုံး မှာ ကို ပါ။) သေ ချာ တာ တစ် ခု က တော့ ဒီ ပွဲ ဟာ နှ လုံး ရည် တိုက် ပွဲ တစ် ခု ပါ။ နိုင် နိုင် ( win, win) နိုင် ရှုံး ( win, loose) ဒါ မှ မ ဟုတ် ရှုံး ရှုံး ( loose, loose) ဆို တဲ့ ဘယ် လို အ ဖြေ မျိုး ထွက် လာ မှာ ကို စောင့် ကြည့် ရင်း ကိုယ် နိုင် စေ တဲ့ အ ဖွဲ့ ကို အား ပေး ဒါ မှ မ ဟုတ် ထိန်း ညှိ ပေး တဲ့ ပ ရိတ် သတ် ရဲ့ အား ဟာ လည်း အ ရေး ကြီး ပါ ကြောင်း။


သိန်း စိန် အ စိုး ရ ၏ ပ က တိ အ နေ အ ထား
၁- နိုင် ငံ ရေး အ ကျဉ်း သား အ ပေါ် သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)
၂- တိုင်း ရင်း သား ခေါင်း ဆောင် များ အ ပေါ် သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)
၃- တိုင်း ရင်း သား များ နှင့် ငြိမ်း ချမ်း ရေး သ ဘော ထား ( ဘာ လီ သ တင်း စား ရှင်း လင်း ပွဲ)

 သိန်း စိန် အ စိုး ရ ၏ အား နည်း ချက် များ
၁- NLD ပါ တီ ကို မှတ် ပုံ တင် ခွင့် ပေး ခြင်း ( တ ရား ၀င် ဖြစ် လို ဇော များ သ ဖြင့်)
၂- NLD ပါ တီ ကို ရွေး ကောက် ပွဲ  ၀င် ခွင့် ပေး ခြင်း ( တ ရား ၀င် ဖြစ် လို ဇော များ သ ဖြင့်)
၃- န အ ဖ လက် ထက် ကဲ့ သို့ စီ မံ ချက် (လမ်း ပြ မြေ) ပုံ မ ရှိ သေး ခြင်း

သိန်း စိန် အ စိုး ရ ၏ အ ကြီး မား ဆုံး အား နည်း ချက် များ
န အ ဖ က ရွေး ကောက် ပွဲ ပင် ၀င် ခွင့် မ ပြု ရဲ သော ဒေါ် အောင် ဆန်း စု ကြည် အား ရွေး ကောက် ပွဲ ၀င် ခွင့် ပြု လိုက် ခြင်း။

သိန် စိန် အ စိုး ရ ၏ အား သာ ချက်
၁-နိုင် ငံ တော် အာ ဏာ လက် ၀ယ် ရှိ ခြင်း
၂- စစ် တပ် ကျော ထောက် နောက် ခံ ရှိ ခြင်းး
၃- ၂၀၀၈ ဖွဲ့ စည် ပုံ ကျော ထောက် နောက် ခံ ရှိ ခြင်း
၎- ဆန့် ကျင် ဖက် အ ဖွဲ့ အ စည်း များ မ ညီ ညွတ် ခြင်း

NLD ၏ ပ က တိ အ နေ အ ထား
၁- ပါ တီ ၏ ခေါင်း ဆောင် ပိုင်း များ အ သက် အ ရွယ် အို မင်း လွန်း ခြင်း
၂- ဒု တိ ယ အ ဆင့် သက် လတ် ပိုင်း ခေါင်း ဆောင် များ ကို မ မွေး ထုတ် နိုင် ခြင်း
၃- အ ပြောင်း အ လဲ ကို ရဲ ၀ံ့ စွာ မ ဖေါ် ဆောင် နိုင် ခြင်း (န အ ဖ မှ ခေါင်း ဆောင် ပိုင်း ၃ ဆက် ပြောင်း လဲ ခဲ့ သော လည်း NLD မှ ခေါင်း ဆောင် ပိုင်း ပြောင်း လဲ ခြင်း လုံး ၀ မ ရှိ သေး ခြင်း)
၎- မှား ယွင်း မှု ကို ထောက် ပြ ဝေ ဖန် မည့် သူ နည်း ပါး ခြင်း (မ ဝေ ဖန် ချင်၊ မ ဝေ ဖန် ရဲ)

NLD ၏  အား နည်း ချက်
၁- မ ဟာ ဗျူ ဟာ ရှိ သော လည်း နည်း ဗျူ ဟာ မ ရှိ သေး ခြင်း
၂- လူ ပု ဂ္ဂို တစ် ဦး တစ် ယောက် အ ပေါ် အား ကိုး လွန်း ခြင်း
၃- နိုင် ငံ ရေး အ ကျဉ်း သား များ အား မ လွတ် သေး ပဲ ပါ တီ မှတ် ပုံ တင် ခြင်း
၎- တိုင်း ရင်း သား ဒေ သ များ မ ငြိမ်း ချမ်း သေး ပဲ ရွေး ကောက် ပွဲ ၀င် မည် ကြေ ညာ ခြင်း

NLD ၏ အ ကြီး မား ဆုံး အား နည်း ချက် သို့ မ ဟုတ် အား သာ ချက်
ဒေါ် အောင် ဆန်း စု ကြည် ကိုယ် တိုင် ရွေး ကောင် ပွဲ ၀င် မည် ဖြစ် ခြင်း

NLD ၏ အား သာ ချက်
၁- ဒေါ် အောင် ဆန်း စု ကြည် ကဲ့ သို့ သြ ဇာ အ ရှိန် အ ၀ါ ရှိ ခြင်း
၂- နိုင် ငံ တ ကာ ၏ ဖေး မ အား ပေး ခြင်း
၃- အ မေ ရိ ကန် ၏ အ ချိန် ကိုက် ဖိ အား ပေး ခြင်း


Friday, November 18, 2011

လေထဲကဒုတိယပင်လုံညီလာခံ

၁ နှစ် ပြည့် ပြီ ဒု တိ ယ ပင် လုံ ညီ လာ ခံ ဆို တာ တော့ လေ ထဲ မှာ ပဲ ရှိ သေး တယ်။

NLD ဘာလဲ၊ ဘယ်လဲ

The train keeps on moving...politics is ruthless. It is a sophisticated game in which the fittests survive.....?
NLD မှတ် ပုံ တင် မယ်။ ရွေး ကောက် ပွဲ ၀င် မယ် ဆို တော့ စိတ် မ ကောင်း ပါ ဘူး။
NLD  ကို ဖြစ် ပေါ် စေ ခဲ့ တဲ့ ၈၈၈၈ ကို ဦး ဆောင် ခဲ့ တဲ့ မင်း ကို နိုင်၊ ကို ကို ကြီး စ တဲ့ နိုင် ငံ ရေး အ ကျဉ်း သား တွေ မ လွတ် သေး ဘူး။ တိုင်း ရင်း သား တွေ ဒေ သ မှာ စစ် ပွဲ တွေ ဖြစ် တုန်း၊ NLD ဒါ တွေ ကို ဥ ပေ က္ခာ ပြု လိုက် ပြီ လား လို့ မေး လိုက် ချင် ပါ တယ်။
ဒါ ကို လွတ် တော် ထဲ ရောက် ရင် ဆောင် ရွက် ဖို့ မှတ် ပုံ တင် တာ ပါ။ ရွေး ကောက် ပွဲ ၀င် တာ ပါ လို့ ပြော မှာ လား။ စောင့် ကြည့် ရ မှာ ပေါ့ လေ။
ဒါ မှ မ ဟုတ် နိုင် ငံ ရေး အ ကျဉ်း သား တွေ လွှတ် ဖို့ နဲ့ တိုင်း ရင်း သား ဒေ သ တွေ မှာ စစ် ပွဲ ရပ် ဖို့ အ လဲ အ လှယ် သ ဘော အ န နဲ့ မှတ် ပုံ တင် ရ တာ ပါ။ ရွေး ကောက် ပွဲ ၀င် တာ လား ဒေါ် အောင် ဆန်း စု ကြည် သာ သိ ပါ လိမ့် မယ်။ ဒါ ပေ မဲ့ ဒေါ် အောင် ဆန်း စု ကြည် က နိုင် ငံ ရေး အ ကျဉ်း သား တွေ ကို လွှတ် ပေး မယ် လို့ ပြော ပေ မဲ့ တ ကယ် တန် တော့ ဦး သိန်း စိန် အ စိုး ရ က ဒီ က နေ အ ထိ မ လွတ် သေး ဘူး။ အ စိုး ရ ဆို တဲ့ လူ တွေ တ က မ္ဘာ လုံး ကို လိမ် နေ တာ ကို ဒေါ် အောင် ဆန်း စု ကြည် ကော လိုက် လိမ် မှာ လား။ ဒါ ပေ မဲ သေ ချာ တာ တစ် ခု က ၈၈ အာ ဏာ သိမ်း ပြီး နောက် ပိုင်း ကာ လ မှာ ပါ တီ နိုင် ငံ ရေး မ လုပ် ဘူး ဆို ပေ မဲ့ NLD ထောင် ပြီး ပါ တီ နိုင် ငံ ရေး လုပ် ခဲ့ ပါ တယ်။ အဲ ဒါ ကို နိုင် ငံ ရေး လုပ် ဖို့ အ တွက် စင် မြင့် မ ရှိ လို့ စင် မြင့် တစ် ခု အ နေ နဲ့ NLD ကို ထောင် ခဲ့ တာ လို့ နား လည် နိုင် ပါ တယ်။ ဒါ ပေ မဲ့ ပါ တီ ထောင် မှ နိုင် ငံ ရေး လုပ် နိုင် တာ မ ဟုတ် ဘူး ဆို တာ ကို ၈၈ မျိုး ဆက် တွေ ထောင် က လွတ် တော့ လက် တွေ့ လုပ် ပြ ခဲ့ ပါ တယ်။
ဆိုး တာ တစ် ခု က တော့ မြန် မာ ပြည် နိုင် ငံ ရေး အ ပြောင်း  အ လဲ အ တွက် နိုင် ငံ တ ကာ ရော မြန် မာ ပြည် သူ ပြည် သား တွေ က ပါ ဒေါ် အောင် ဆန်း စု ကြည် တစ် ဦး တည်း အ ပေါ် မှာ မှီ တည် နိုင် ခဲ့ သ လို ဖြစ် နေ တော့ တ ခြား အင် အား စု တွေ ရဲ့ အ နေ အ ထား ဟာ မှေး မှိန် သွား တယ်။ ဥ ပ မာ တိုင်း ရင်း သား အင် အား စု တွေ ရယ် ၈၈ မျိုး ဆက် တွေ ပါ။ မြန် မာ နိုင် ငံ အ ပြောင်း အ လဲ အ တွက် ဆို ရင် ဒေါ် အောင် ဆန်း စု ကြည် နဲ့ စ ကား ပြော ရင် ရ တယ် ဆို ပြီး တော့ ကျန် တဲ့ အင် အား စု ကို ပြစ် ပယ် ထား ကြ တယ်။ ဒီ လို နိုင် ငံ ရေး မျိုး ဆို ရင် မြန် မာ နိုင် ငံ ဘယ် တော့ မှ ငြိမ်း ချမ်း မှာ မ ဟုတ် ပါ ဘူး။ ဘာ ဖြစ် လို့ ကျွန် တော့ တို့ မှာ တ ခြား ရွေး ချယ် စ ရာ မ ရှိ တော့ ရ မှာ လဲ။
ကျွန် တော့ က တော့ ၈၈ မျိုး ဆက် ကို မျှော် လင့် ပါ တယ်။ ဒါ ကို ဦး သိန်း စိန် အ စိုး ရ လဲ သိ နေ တယ် ဒါ ကြောင့် ၈၈ မျိုး ဆက် အုပ် စု ကို ထောင် က လွတ် ဖို့ ကြောက် နေ တာ ပါ။ ဒီ လို NLD ပါ တီ မှတ် ပုံ တင် လိုက် တာ၊ ရွေး ကောင် ပွဲ ၀င် တာ ဟာ ပြည် သူ လူ ထု တွေ တန် ဖိုး ထား ခဲ့ တဲ့ ၉၀ ရွေး ကောက် ပွဲ ရပ် လဒ် ကို တ ရား ၀င် ပစ် ပယ် လိုက် တာ ဖြစ် တဲ့ အ တွက် နောက် ထပ် ရွှေ ၀ါ ရောင် တော် လှန် ရေး လို မျိုး လူ ထု အုံ့ ကြွ မှု ဖြစ် လာ မယ် ဆို ရင် ကြား ဖြစ် အ စိုး ရ ဖွဲ့ ဖို့၊ လူ ထု ကို ဦး ဆောင် ဖို့ အ တွက် NLD ကို နေ ရာ ပေး စ ရာ မ လို တော့ တဲ့ အ တွက် တ မျိုး တော့ ကောင်း ပါ တယ်။ ၉၀ တုန်း က NLD ကို ပေး ခဲ့ တဲ့ ကျွန် တော့ ရဲ့ မဲ ကို တော့ နှ မျော ပါ တယ်။
ကျွန် တော် တ ခါ က ပြော ခဲ့ သ လို ပဲ ကျွန် တော် ဟာ တိုင်း ရင်း သား တစ် ယောက် အ နေ နဲ့  ဒေါ် အောင် ဆန်း စု ဟာ ကျွန် တော် တို့ တိုင်း ရင်း သား တွေ နဲ့ ပတ် သက် ပြီး တစ် စုံ တစ် ရာ နစ် နာ အောင် လုပ် ခဲ့ သည် ရှိ သော ကျွန် တော် သူ ကို ရန် သူ လို သ ဘော ထား ရင် ထား ပါ လိမ့် မယ် ဒါ ပေ မဲ့ ကျွန် တော် သူ ကို လေး စား မြဲ လေး စား နေ မှာ ပါ။ သူ ဘာ လုပ် မယ် ဆို တာ ကို စောင့် ကြည့် ပါ ရ စေ။ သူ ဘယ် လောက် လုပ် နိုင် မယ် ဆို တာ စောင့် ကြည့် ပါ ရ စေ။ သူ ရဲ့ အ သိ  ဦး နှောက် ဥာဏ် ဟာ ကျွန် တော် တို့ ထက် ပို မို ကြီး မား ပါ တယ်။ ကျွန် တော် တို့ မ သိ နိုင် လောက် တဲ့ အ သိ ဥာဏ် နဲ့ နိုင် ငံ အ တွက် ထူး ခြား ပြောင် မြောက် အ ကျိုး ရှိ တဲ့ လုပ် ရပ် ကို လုပ် နိုင် လိမ့် မယ် လို့ မျှော် လင့် ပါ တယ်။
ကျွန် တော် facebook က နေ ပြီး တော့ အ သိ တစ် ယောက် ရေး ထား တာ ကို ဝေ မျှ လိုက် ပါ တယ်။
The train keeps on moving...politics is ruthless. It is a sophisticated game in which the fittests survive.....?

Sunday, November 13, 2011

ဒို့တိုင်းရင်းသား

ဓါတ် ပုံ ကို ဖိတ် ဘွတ် က နေ ကူး ထား ပါ တယ်

မြန် မာ ပြည် ကြီး အ ပြောင်း အ လဲ ကို ရွေ့ နေ ပြီ၊ ဒီ အ ပြောင်း အ လဲ က ရပ် တန့် လို မ ရ တော့ ဘူး။ လို့ လို့ ပြီး ပြော နေ ကြ တယ်။ ဟုတ် ပ နည်း နည်း ခြင်း ပြောင်း လဲ နေ တယ်။ ပြည် မ မှာ နိုင် ငံ ရေး လုပ် နေ တဲ့ နိုင် ငံ ရေး သ မား တွေ အ တွက် ရယ် စာ ရေး ဆ ရာ ဆို တဲ့ လူ တန်း စား တွေ အ တွက် လွတ် လပ် ရေး နည်း နည်း ရ  လာ တာ ပါ။ နောက် ပြီး ဒေါ် အောင်း ဆန်း စု ကြည် နဲ့ ကြံ့ ဖွံ့ အ စိုး ရ စ ကား ပြော နေ တာ ပေါ့။ ဒါ ကို ပဲ အ ပြောင်း အ လဲ လို့ ဆို မယ် ဆို ရင် ကျွန် တော် တို့ တိုင်း ရင်း သား တွေ ကို ပစ် ပယ် ရာ ရောက် ပါ လိမ့် မယ်။ ကျွန် တော် တို့ တိုင်း ရင်း သား ဒေ သ တွေ ကို ကြည့် လိုက် ပါ အ ရင် အ တိုင်း ဖိ နှိပ် ညှင်း ဆဲ သတ် ဖြတ် မှု တွေ စစ် ပွဲ တွေ ရှိ ဆဲ မ က ပို လို့ တောင် ဆိုး လာ သေး တယ်။ စ ကား ၀ိုင်း မှာ ကော တိုင်း ရင်း သား တွေ ပါ ခွင့် မ ရှိ တော့ ဘူး လား။ ဒီ လို ပဲ ၃ ပွင့် ဆိုင် မ ဟုတ် ပဲ ၂ ပွင့် ဆိုင် စ ကား ပြော အ ပေး အ ယူ လုပ် ပြီး တိုင်း ရင်း သား တွေ ကို ပစ် ထား လို့ က တော့ မြန် မာ ပြည် ကြီး တစ် သက် လုံး မ ငြိမ်း ချမ်း ဘူး၊ မ တိုး တက် ဘူး မှတ် ပါ။ အ ခု မှ စ တာ ဖြေး ဖြေး တော့ လာ မှာ ပေါ့ လို့ ပြော အုံး မ လား။ ဒါ ဟာ စစ် မှန် တဲ့ ဆင် ခြေ မ ဟုတ် ပါ ဘူး။ ဒါ ဟာ တိုင်း ရင်း သား တွေ ကို တစ် တန်း တည်း မ ထား ဘူး ဒု တိ ယ အ ဆင့် မှာ ပဲ ထား တယ် ဆို တာ ကို ပြ သ နေ တာ ပါ။ စဉ်း စား ကြည့် ပါ လူ တွေ နေ့ တိုင်း သေ နေ တာ ဟာ တိုင်း ရင်း သား တွေ ရဲ့ ဒေ သ မှာ ပါ။ လူ့ အ သက် တွေ နေ့ တိုင်း ဆုံး ပါး နေ တာ ကိ စ္စ ကို ဒု တိ ယ အ ဆင့် လို သ ဘော ထား တဲ့ နိုင် ငံ ရေး ဆို တာ ဒီ မို က ရေ စီ ပါ လား။ ကု လ သ မ ဂ္ဂ အ ပါ အ ၀င် နိုင် ငံ တ ကာ ရယ်၊ သိန်း စိန် အ စိုး ရ ရယ်၊ အ တိုက် အ ခံ တွေ ရော ဘာ ကြောင့် ဒါ ကို လျစ် လျု ရှု နေ ကြ ပါ လိမ့်။ မြန် မာ ပြည် ကို အ မှန် တ ကယ် ငြိမ်း ချမ်း တိုး တက် စေ ချင် တယ် ဆို ရင် ကု လ သ မ ဂ္ဂ အ ပါ အ ၀င် နိုင် ငံ တ ကာ ရယ်၊ သိန်း စိန် အ စိုး ရ ရယ်၊ အ တိုက် အ ခံ တွေ အား လုံး ကျွန် တော် တို့ တိုင်း ရင်း သား တွေ ကို တန်း တူ ညီ မျှ ထား ဖို့ လို ပါ တယ် ဗျာ။

Wednesday, November 9, 2011

We are

We are Karen


Credit to Kwekalu.net

Wednesday, October 26, 2011

ဝမ်းနည်းမှတ်တမ်းလွှာ

မော်လမြိုင်၊ တောင်ဝိုင်း အနာကြီး ဆေးရုံမှာ ဘ၀တစ်လျှောက်လုံး ပေးဆပ်ခဲ့တဲ့ ဒေါက်တာစောဝါးထူး ကောင်းကင်အဖနေအိမ် ကိုပြန်သွားရကြောင်း သတင်းရရှိသည့်အတွက် ၀မ်းနည်းမှတ်တမ်းတင်ပါတယ်။ ဒေါက်တာစောဝါးထူး ဘ၀တစ်လျှောက်လုံး ပေးဆပ်ခဲ့တာတွေအတွက် လေးစားဂုဏ်ယူလျှက်၊
ဓါတ်ပုံကို google မှာရှာပြီးယူပါတယ်။

KKMT Supper Star

Saturday, October 22, 2011

သင်ဘယ်လိုရာဇ၀င်ရေးခင်မှာလဲ??????

ကျွန် တော် တို့ လော က မှာ လူ ဖြစ် လာ ခဲ့ တယ်။ သေ ရင် ဘာ မှာ ယူ သွား လို့ မ ရ ဘူး။ ဒီ လော က မှာ နေ ခဲ့ တဲ့ ခ ဏ၊ ကျွန် တော် ဘယ် လို လူ မျိုး လဲ ဆို တာ ပဲ ကျန် ခဲ့ မယ်။ ဒီ တော့ ကျွန် တော် တို့ ဘယ် လို ရာ ဇ ၀င် ရေး ခဲ့ မှာ လဲ။ သာ မန် လူ တစ် ယောက် လို ပဲ လူ ဖြစ် လာ သေ တော့ ဘာ မှ မ ကြာ ပဲ လူ တွေ မေ့ သွား တဲ့ ရာ ဇ ၀င် ထား ခဲ့ မှာ လား။ ဒါ မှ မ ဟုတ် က ဒါ ဖီ လို မျိုး၊ ဟစ် တ လာ လို မျိုး ရာ ဇ ၀င် ထား ခဲ့ မှာ လား။ ဒါ မှ မ ဟုတ် ဂျို ဆေး ရီ ဇော်၊ နယ် ဆင် မင် ဒဲ လား တို့ လို မျိုး ရာ ဇ ၀င် ထား ခဲ့ မှာ လား။ ဒါ မှ မ ဟုတ် မာ သာ ထ ရီ ဇာ၊ ဂ န္ဒီ၊ တို့ လို မျိုး ရာ ဇ ၀င် ထား ခဲ့ မှာ လား။ လူ ဆို တာ ကိုယ့် သ မိုင်း ကိုယ် ရေး တာ ပါ။


Friday, October 21, 2011

ဘိုတောက်လက်စွမ်း


ဒီလက်စွမ်းမျိုးနဲ့ ဆိုအကုန်ကားသွားမယ်။ ဘာမှတ်လဲ။

Monday, October 17, 2011

ဟက်ကက်ရဲ့ နယူးဘန်းကရင်နှစ်ခြင်းအသင်းတော်မှာဂုဏ်တော်ချီးမွမ်းတာပါ

အောက်တိုဘာလ ၉ ရက်နေ့ ၂၀၁၁ မှာ ပြုလုပ်ခဲ့တဲ့ နယူးဘန်းကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် အသိအမှတ်ပြုလက်မှတ်ရေးထိုးပွဲ မှာကလိုကွယ်အဖွဲ့ပါဝင်ဆင်နွဲခဲ့ပါတယ်။
ထူးခြားချက်တွေက်တော့
၁။ဒီအသင်းတော်ဟာ နာ့ကာရိုလိုင်းနားပြည်နယ်ရဲ့သမိုင်းမှာ ပထမဆုံးသောကရင်အသင်းတော်ဖြစ်ပါတယ်။
၂။ ဒီအသင်းတော်ဖြစ်မြောက်ဖို့အတွက် ကရင်လူမျိုးတွေကပဲအခက်အခဲအမျိုးမျိုးကြားကကြိုးစားခဲ့တာပါ။
၃။ ဒီအသင်းတော်ဟာ အခက်အခဲတွေကြောင့် စုဆောင်းထားတဲ့အလှုငွေများများစားစားမရှိပေမဲ့၊ တကူးတကဖိတ်ကြားမယ်ဆိုရင် ငွေမြောက်များစွာကုန်ကျမဲ့ ကလိုကွယ်အဖွဲ့ဝင် ၉ ဦးနဲ့ ဆရာတော်ဒေါက်တာရဟတ်လေးလေလ တို့ကြောင့် ဒီအခမ်းအနားဟာ ပိုမိုခမ်းနားစေ ခဲ့တာဟာ အံ့သြဖွယ်ဘုရားသခင်ရဲ့ ပြင်ဆင်ပေးမှုပါ။




ဟက်ကက်ရဲ့ကယားသီးချင်းလေးပါ

Sunday, October 16, 2011

တားစမ်းပါငါတို့ဆက်စီးဆင်းမယ်

က ရင် သ မိုင်း မှာ ပ ထ မ ဆုံး Professional အ ဖြစ် က ရင် က လို ကွယ် တီး ၀ိုင်း နဲ့ က ရင် အ ဆို တော် တွေ န ယူး ဘန်း မြို့ မှာ ပ ထ မ ဆုံး သ မိုင်း ၀င် လာ ရောက် ဖျော် ဖြေ သွား ပါ တယ်။ အ ဆို တော် နဲ့ အ တီး သ မား တွေ ဟာ ပ ညာ ရှင် ပီ သ စွာ ၄ ရက် ဆက် တိုက် မ နား တမ်း ခ ရီး ဆက် ခဲ့ ပေ မဲ့ အံ့ သြ စ ရာ ကောင်း လောက် အောင် ပြောင် မြောက် စွာ လာ ရောက် ဖျော် ဖြေ သွား ပါ တယ်။ န ယူး ဘန်း က ရင် လူ ငယ် တွေ က လဲ လူ နည်း ပေ မဲ့ ရှိ တဲ့ အား နဲ့ အ ကောင်း ဆုံး ကြို ဆို လက် ခံ ကျင်း ပ အား ပေး ကြ ပါ တယ်။ အ ဆို တော် အ တီး သ မား တွေ ရဲ့ ပ ညာ ရှင် ပီ သ မှု ကို ချီူး  ကျူး ရ မှာ ဖြစ် သ လို က ရင် ပ ညာ ရှင် တွေ ကို ပ ညာ ရှင် ပီ သ စွာ တန် ဖိုး ထား ( အ မျိုး မျိုး အ မြင် ကွဲ တဲ့ အ ချိန် မှာ) ကြို ဆို နေ ရာ ပေး ခဲ့ တဲ့ န ယူး ဘန်း က ရင် လူ ငယ် တွေ ကို ဂုဏ် ပြု ချီး ကျူး ပါ တယ်။ ကျွန် တော် တို့ က ရင် တွေ ကို တား စမ်း ပါ ပိတ် ထား စမ်း ပါ စီး ဆင်း ပြ လိုက် မယ်။ ဒီ သီ ချင်း နဲ့  က လို ကွယ် အ ဖွဲ့ သား အား လုံး၊ န ယူး ဘန်း က ရင် လူ ငယ် အား လုံး နဲ့ ကြိုး စား ရုန်း ကန် နေ တဲ့ က ရင် အား လုံး ကို ဂုဏ် ပြု လိုက် ပါ တယ်။ ဒီ ပွဲ မှာ ကျွန် တို ဗွီ ဒီ ယို မှတ် တမ်း မ တင် နိုင် တဲ့ အ တွက် တ ခြား လူ တင် ထား တဲ့ ဗွီ ဒီ ယို ကို တင် ပေး လိုက် ပါ တယ်။ ယူ တီ ကာ၊ ပို့ ၀ိန်း၊ တက္ကဆက် မှာ ကြီး ကျယ် ခမ်း နား တဲ့ ပွဲ တွေ ကို ဆက် လုပ် သွား မှာ ဖြစ် သ လို အို မ ဟာ က ရင် နှစ် သစ် ကူး မှာ အ ကြီး ကျယ် အ ခမ်း နား ဆုံး ပွဲ ကို တင် ဆက် သွား မယ် လို့ သိ ရ ပါ တယ်။ ဘ ဖ လိုး၊ မင်း နီး စိုး ဒါး စိန့် ပေါလ် နဲ့ တ ခြား မြို့ တွေ မှာ လဲ ဖျော် ဖြေ သွား မှာ ဖြစ် ပါ တယ်။ ကျွန် တော် တို့ က ရင် လူ မျိုး အား ရ ပါ ရ ခမ်း ခမ်း နား နား စီး ဆင်း နေ တာ ကို လက် ခုပ် တီး ပြီး ကြို ဆို လိုက် ကြ စမ်း ပါ။

Saturday, October 8, 2011

Thursday, September 29, 2011

ဇာဂနာလွတ်ပြီတဲ့

ပုံ ကို မိုး မ ခ က နေ ယူ ပါ တယ်။
မ င်္ဂ လာ သ တင်း ပါ။ ဇာ ဂ နာ လွတ် သ လို တ ခြား နိုင် ငံ ရေး အ ကျဉ်း သား တွေ အား လုံး လွတ် ဖို့ မျှော် လင့် ပါ တယ်။ အ ထူး သ ဖြင့် မန်း ငြိမ်း မောင် ကို ဖမ်း ထား ရင် လွတ် ပေး စေ ချင် ပါ တယ်။

Monday, September 12, 2011

ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ ဧ ရာ ၀ တီ

ဧ ရာ ၀ တီ ဧ ရာ ၀ တီ နဲ့ မြန် မာ ပြည် ကို တ ကယ် ချစ် တဲ့ မြန် မာ ပြည် သား တွေ က  ဧ ရာ ၀ တီ ကို ကယ် တင် ဖို့ ပြော ဆို ကျိုး စား တာ ကို တွေ့ ရ လို့ အ ရမ်း ၀မ်း သာ ပါ တယ်။ ဒီ လှုပ် ရှား မှု တွေ  အောင် မြင် ရင် တော့ မြန် မာ ပြည် အ တွက် ပြည့် စုံ တဲ့ မ င်္ဂ လာ သ တင်း တ ခု ဖြစ် လာ ပါ လိမ့် မယ်။ ဧ ရာ ၀ တီ မြစ် ကြီး ကို ဘ န ဖူး သိုက် တူး ကြ တဲ့ လူ သိုက် ထဲ က ကျွန် တော် တို့ မှ မ ကယ် ရင် ဘယ် သူ မှ လာ ကယ် မှာ မ ဟုတ် ပါ ဘူး။
ကျွန် တော် ဟာ ဧ ရာ ၀ တီ မြစ် နဲ့ သိပ် မ ရင်း နှီး တဲ့ သံ လွင် သား တစ် ယောက် ပါ။ ပ သိ ချောင်း၊ စစ် တောင်း မြစ်၊ သံ လွင် မြစ်၊ ဇ မိ မြစ် နဲ့ သောင်း ရင်း မြစ် တွေ ဟာ ကျွန် တော် ရဲ့ ဘ ၀ အ ဖေါ် တွေ ပါ။ ဇ မိ မြစ် မှာ ရေ ချိုး ရင်း၊ ည နေ ပိုင်း ကမ်း န ဖူး မှာ သ ဘောင်္ ပေါ် က ဆင်း လာ တဲ့ ခ ရီး သည် တွေ ကို ငေး ကြည့် ရင်း၊ ဒီ မြစ် ထဲ က တံ ငါ သည် တွေ ဆီ က တ ဆင့် ငါး ဖါး မ တွေ ကို စား သုံး ရင်း ၊ ခ ရီး သွား ရင်း လူ လား မြောက် ခဲ့ တဲ့ သူ ပါ။ ကျွန် တော် ဇ မိ မြစ် ကို ချစ် ပါ တယ်။
ပ သိ ချောင်း ကို နေ့ တိုင်း အ ကြိမ် ကြိမ် ဖြတ် လို့ အ ထက် တန်း ပ ညာ ရယ် လူ ငယ် ဘ ၀ စူး စမ်း မှု တွေ ကို သင် ယူ ခဲ့ တယ်၊ ငါး တွေ ကို မှိန်း ၊ ကွန် ၊ ပိုက် ၊ ဒိုင် န မို စ တဲ့ နည်း မျိုး စုံ နဲ့ ဖမ်း ပြီး ထ မင်း မြိန် ခဲ့ တယ်။ ပ သိ မြစ် ရဲ့ တောင် ကျ ချောင်း ရေ တွေ နဲ့ ဒေါ သူ ပုန် ထ တာ ကို လဲ ရင် ခုံ စွာ ကြည့် ဖူး တယ်။ ဒီ ချောင်း နဲ့ ပ န ရ နေ တဲ့ ဘွဲ က ရင် မ လေး တွေ ရဲ့ အ လှ ကို လဲ အ ပြစ် ကင်း စင် စွာ ရင် ခုန် ခဲ့ တယ်။ ဒါ တွေ ကို ဖွဲ့ ဆို ထား တဲ့ သီ ချင်း ကို လဲ ဒီ က နေ့ အ ထိ ရင် ခုန် စွာ ဆို နေ တုန်း ပဲ။ ပ သိ ချောင်း ဆို တာ ကျွန် တော့ ရဲ့ ချစ် လှ စွာ သော ငယ် သူ ငယ် ချင်း ပါ။
သောင် ရင်း မြစ် က ကျွန် တော် ကို လော က ကြီး ကို ဘယ် လို ရင် ဆိုင် ရ မယ် ဆို တာ ကို ၁၀ စု နှစ် ၂ ခု စာ လောက် သင် ပေး ခဲ့ ပါ တယ်။ ဒီ မြစ် ကြီး က နေ ပြီး ရ လိုက် တဲ့ အ ကြီး မား ဆုံး အ ရာ က တော့ တ စုံ တ ခု အ ထိ ရင့် ကျက် မှု ပါ။ ဒီ မြစ် နဲ့ အ တူ စစ် ပွဲ တွေ ၊ ဟန် ဆောင် ငြိမ်း ချမ်း မှု တွေ၊ သ စ္စာ ဖေါက် မှု တွေ ၊ ကောက် ကျစ် မှု တွေ ၊ လော ဘ တွေ ၊ ဒေါ သ တွေ နဲ့ အ တူ အ ပြစ် မဲ့ သူ တွေ ရဲ့ ငို ကြွေး သံ တွေ ကို ကြား ခဲ့ သ လို၊ ဒီ မြစ် ကြီး မှာ စီး နေ တဲ့ ရေ တွေ ဟာ မျက် ရေ နဲ့ သွေး တွေ ရော ထား တယ် ဆို တာ ကိုယ် တွေ့ သိ ခဲ့ ရ တယ် ။ ဒီ မြစ် က တ သွင် သွင် စီး ဆင်း ရင်း ခေတ် သစ် ကျွန် တွေ ရဲ့ သ မိုင်း ကျောင်း တွေ ကို ပြော ပြ နေ တယ်။ ဒီ မြစ် က မြစ် ဆို တယ် ဘယ် တော့ မှာ မ ဆန် တက် ဘူး ဆို တဲ့ စ ကား မှား ယွင်း ကြောင်း ဘ ၀ တွေ များ စွာ နဲ့ သက် သေ များ စွာ ပြ ပေး နေ တယ်။ နောက် ပြီး မြစ် တွေ ဟာ ပုံ မှန် တာ ၀န် တွေ ရှိ တယ် ဆို တာ ကျွန် တော့ အ လယ် တန်း ဘ ၀ မှာ သင် ရ ပေ မဲ့ ဒီ မြစ် ဟာ နိုင် ငံ ၂ ခု အ ကြား မှာ ပုံ မှန် မြစ် တို့ ရဲ့ တာ ၀န် ကို မ ထမ်း ဆောင် နိုင် တာ ရယ် ထမ်း ဆောင် ခဲ့ လို့ ဖြစ် လာ ခဲ့ တဲ့ နိုင် ငံ တ ကာ ဆက် ဆံ ရေး ဆို တာ ကို သိ လိုက် ရ တယ်။ ဒီ မြစ် ဟာ လှ ပ စွာ စီး ဆင်း ပေ မဲ့၊ ဒီ မြစ် ရဲ့ အ လှ အ ပ ကို ကျွန် တော် ဘယ် တော့ မှ လွတ် လပ် စွာ ခံ စား လို့ မ ရ ခဲ့ ဘူး။ ဒါ ပေ မဲ့ ဒီ မြစ် ကို ကျွန် တော် စာ နဲ့ ရေး သား ဖေါ် ပြ မ တတ် တဲ့ အ ချစ် တ မျိုး နဲ့ ချစ် တာ တော့ အ မှန် ပါ။
သံ လွင် ဆို တာ က မ္ဘာ ပေါ် မှာ ကျွန် တော် ဘာ လူ မျိုး လဲ  ဆို တာ ကို သတ် မှတ် ပေး လိုက် တာ ပါ။ ကျွန် တော် ဟာ သံ လွင် သား ပါ။ သံ လွင် မြစ် ကြီး စီး ဆင်း တဲ့ မြေ မှာ သံ လွင် သား အ ဖေ၊ အ မေ က မွေး ဖွါး ခဲ့ ပါ တယ်။ သံ လွင် စီး ဆင်း တဲ့ ပြည် နယ် က လွဲ လို့ မြန် မာ ပြည် ရဲ့ တ ခြား ပြည် နယ် ၊ ပြည် မ တွေ မှာ ကျွန် တော် အ ခြေ ချ မ နေ ထိုင် ခဲ့ ဘူး ပါ ဘူး။ သံ လွင် ကမ်း န ဖူး မှာ ပျံ သန်း လာ မဲ့ သံ လွင် ခက် ချီ ချိုး ငှက် ကို အ ကြိမ် များ စွာ ရင် ခုန် စွာ နဲ့ မျှော် ခဲ့ ဘူး တယ်။ ဒီ နေ့ အ ထိ မျှော် ဆဲ ပဲ။ တွေ့ ရ မယ် လို့ လဲ ယုံ ကြည် တယ်။ ကျွန် တော် သံ လွင် ကို ချစ် တဲ့ သံ လွင် သား ပါ။
ကျွန် တော် ဧ ရာ ၀ တီ ရဲ့ အ ဝေး က လူ တစ် ယောက် ပါ။ ဒါ ပေ မဲ့ မြန် မာ ပြည် သား တစ် ယောက် အ နေ နဲ့ ကျွန် တော် ကျန် ထက် မြစ် တွေ ထက် ဧ ရာ ၀ တီ ကို ပို ချစ် ပါ တယ်။ ကျွန် တော် ဘ လော့ စ ရေး တဲ့ အ ချိန် မှာ ပ ထ မ ဆုံး ရေး ဖြစ် ခဲ့ တဲ့ စာ က တော့ သွေး ထဲ ဧ ရာ ၀ တီ ဆို တဲ့ ဧ ရာ ၀ တီ ကို ကယ် တင် ဖို့ စာ ပါ ဒီ စာ ပုဒ် ကို တော့ ပြန် ဖတ် ချင် ရင် တော့ အောက် က လင့် မှာ ရှာ ပြီး ဖတ် လိုက် ပါ။ အ ခု တော့ ကျွန် တော် ချစ် တဲ့ မြစ် တွေ ချောင်း တွေ လဲ တုတ် နှောင် မှု ကိုယ် စီ နဲ့ ပေါ့။ ကျွန် တော် ချစ် တဲ့ မြစ် တွေ ချောင်း တွေ အ တွက် ကျွန် တော် ဘာ လုပ် ပေး နိုင် ပါ လိမ့်။ သေ ချာ တာ တ ခု က တော့ ဒီ နေ့ အ ထိ ကျွန် တော် ထိုင် ကြည့် နေ တာ ပါ။
http://pahteepakaw.blogspot.com/2009/01/blog-post_14.html

Wednesday, September 7, 2011

KLO & KWE show in NEW BERN

အောက် တို ဘာ လ ဂ ရက် နေ့ ည နေ ၃ နာ ရီ တိ တိ မှာ Klw & Kwe အ ဖွဲ့ န ယူး ဘန်း မြို့ လေး က စိန့် ပေါလ် ဘု ရား ရှိ ခိုး ကျောင်း မှာ လာ ရောက် ဖျော် ဖြေ မယ်။ သီ ချင်း ဆို တဲ့ အ စီ အ စဉ် မ စ ခင် မှာ Klo & Kwe အ ဖွဲ့ ရဲ့ ရည် ရွယ် ချက် လုပ် ငန်း စဉ် ရယ် ဒီ ဖျော် ဖြေ ရေး ခ ရီး စဉ် ရဲ့ ရည် ရွယ် ချက် တွေ ကို တင် ပြ သွား မှာ ဖြစ် ပါ တယ်။ လာ ရောက် အား ပေး ဖို့ ရပ် ဝေး ရပ် နီး မိတ် ဆွေ အား လုံး ကို ဖိတ် ခေါ် ပါ တယ်။

Tuesday, September 6, 2011

ကျွန်တော်တွေ့ခဲ့ဘူးသောလူငယ်အုပ်စုများ

ကျွန် တော် တွေ့ ခဲ့ ဘူး သော လူ ငယ် အုပ် စု များ လို့ ဆို ပေ လူ ငယ် အား လုံး ကို မ ဆို လို ပါ ဘူး။ ပ ထ မ အုပ် စု က တော့ ၈၈ အ ရေး တော် ပုံ ပြီး တဲ့ နောက် ၉၀ ရွေး ကောက် ပွဲ ကာ လ တ ၀ိုက် မှာ ပေါ့။ န ၀ တ ရဲ့ မ တည် တဲ့ ဂ တိ စ ကား တွေ ထဲ က တစ် ခု ဖြစ် နိုင် ငံ တော် ကို တံ ခါး ဖွင့် ပေး မယ် ဈေး ကွက် စီး ပွါး ရေး ဖွင့် ပေး မယ် ဆို တဲ့ စ ကား ကို ယုံ စား ခဲ့ တဲ့ လူ ငယ် တွေ ပါ။ အဲ ဒီ အ ချိန် မှာ လူ ငယ် တွေ ရဲ့ မျက် နှာ မှာ မျှော် လင့် ချက် အ ပြည့် နဲ့ က မ္ဘာ ကြီး နဲ့ ရင် ဘောင် တန်း နိုင် ဖို့ လို အပ် တယ် လို့ ထင် တဲ့ သင် တန်း မှန် သ မျှ  ကြိုး စား တက်၊ အ ချိန် ကို လဲ အ  တိ အ ကျ ဖြစ် ဖို့ ကြိုး စား တဲ့ လူ ငယ် တွေ ကို ဖျပ် က နဲ တွေ့ လိုက် ပါ တယ်။ အဲ ဒီ အ ချိန် မှာ ကျွန် တော် တို့ ရဲ့ နိုင် ငံ ရဲ့ လှ ပ တဲ့ အ နာ ဂတ် ကို မြင် ယောက် မိ လိုက် တယ်။ ဒါ ပေ မဲ့ အဲ ဒီ လူ ငယ် တွေ ရဲ့ အိပ် မက် တွေ တ ကယ် မ ဖြစ် လာ တဲ့ အ ခါ မှာ ဘာ ဖြစ် ကုန် ကြ လဲ။ မ တွေ့ သင့် တဲ့ နေ ရာ၊ မ လုပ် သင့် တဲ့ အ လုပ် တွေ နဲ့ စိတ် မ ကောင်း စွာ တွေ့ လိုက် ပါ တယ်။ 
အ ခု လဲ တွေ့ ပြန် ပြီ ပ ရ ဟိ တ စိတ် နဲ့ လူ သား စိတ် နဲ့ လူ သား တွေ ကို ကူ ညီ ဖို့ လှ ပ တဲ့ စိတ် နဲ့ လူ ငယ် တွေ ပေါ့။ ကျွန် တော် အ ရမ်း ၀မ်း သာ ပြီး သူ တို့ အ တွက် ဂုဏ် ယူ နေ ပါ တယ်။ စိုး ရိမ် စိတ် နဲ့ အ တူ သူ တို့ ရဲ့ စိတ် ဓါတ် တွေ ကို ဖျက် ဆီး ဖို့ ကြိုး စား နေ တဲ့ သူ တွေ ရဲ့ ဒါဏ် တွေ ကို မ ခံ နိုင် ပဲ အ ရင် ၉၀ ပတ် ၀န် ကျင် လူ ငယ် တွေ လို ဖြစ် သွား မှာ စိုး ရိမ် ပါ တယ်။
ကျွန် တော် တို့ တစ် ခု ခု လုပ် ကြ ရ အောင်။
Picture from; http://www.csumc.com/Youth

Friday, September 2, 2011

နိုင်ငံကိုတကယ်မချစ်လို့စွန့်လေသလား


 ဧရာဝတီဘလော့မှကူးယူပါသည်။


(ဒီဆောင်းပါးဟာ ဖေ့စ်ဘုတ်တို့ ဂျီမေးလ်တို့မှာလည်း ပြန့်နေတာ တွေ့ရပါတယ်။ မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ဒီနေရာက ပြန်တင်ပေးလိုက်ပါတယ်။)

အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေး ကြားပြီးကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်းဆိုတော့ စာရိုက်ရမှာ ကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။

၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကိုစွန့်ခွာခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြော ချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။ အပြော မတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။



ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည်ထဲမှာပဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျမရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး သားချင်းတွေထဲမှာတော့ နိုင်ငံကို စွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျမ ဘယ်တော့မှ သူတို့ကိုအပြစ် မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျမ တို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့လက်ရှိနေတဲ့ တိုင်း ပြည်နဲ့ မြန်မာပြည် အားကစားပွဲတခုမှာ ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲလို့။ သူတို့ မြန်မာလို့ဘဲဖြေကြမှာ ပါ။ ဒါဆိုသူတို့ဘာလို့နိုင်ငံကို စွန့်ခွါသွားကြသလဲလို့မေးရင် ကျမ အမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့တာဝန်ရှိသူများ က တန်ဖိုးမထားခဲ့လို့နဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေရဲ့နောင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုပေးချင်လို့ ဆို တဲ့အဖြေနှစ်ခု ကျမ တွေ့ပါတယ်။

သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျမကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။ ကျမတို့ ဘွဲ့ရတဲ့ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေး စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့စနစ်ပါ။ ဆရာဝန်တွေ အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန်ဖြေခွင့်ပေးတဲ့ ခေတ်ပါ။

ကျမဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ “သူ” ၊ဒေါက်တာထွန်းရွှေရဲ့ “သက်ဝေမေကျော့”၊ ဒေါက် တာမောင်သင် ရဲ့“ကိုယ်တွေ့ဝတ္ထုတိုများ” နဲ့ ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေထဲကလို စေတနာဆရာဝန် ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်က ရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့နေ့မှာ ဧည့်ခံပွဲကျင်းပနေရင်း ထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကုပေးလို့ ယောက္ခမလောင်းက မင်္ဂလာပွဲဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက “အထက်သို့”ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို ကယားလူမျိုးတွေက အုတ်ဂူလေးမှာ တပ်ပေးတာတွေ ဖတ်ရင်း မျက်ရည်ကျမတတ် အားကျမိခဲ့ရသူပါ။ ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။

ကျမတို့ ရှေ့အတန်းက အကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက စာမေးပွဲမကျင်းပပေးလို့ ဆမ လက်မှတ်ကိုင်ပြီးစောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ အောင်တဲ့နှစ်မှာ (ကျမတို့ အတန်းက လူကြီးသားသမီးတွေများတယ်) စာမေးပွဲခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။ အင်္ဂလိပ်စာနဲ့ ဗဟု သုတ စာမေးပွဲ နှစ်ဘာသာအတွက်လည်း လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တသက်လုံး ကျူရှင် မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့ မတက်တော့ပါဘူး။ နေ့စဉ် ဖတ်နေကျ သတင်းစာတွေလည်း ညက်ညက်ကျေ အောင်ဖတ်မှတ်တာပေါ့။ ရေးဖြေကတော့ လွယ်လွယ်ကူကူပဲ အောင်ပါတယ်။ နှုတ်ဖြေအတွက် အများပြောသလို မြန် မာဆန်ဆန်လေးဝတ်၊ ရိုရိုကျိုးကျိုးလေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်းရွေးချယ်ရေးက လူကြီးတွေ ၅ ယောက် ဝိုင်း ပြီးမေးကြသမျှ ကျမ အထင် ၈၀ – ၉၀ % လောက် ကျမ ဖြေနိုင်မယ်လို့ ထင်ပါတယ်။ နာရီဝက်လောက်ကြာအောင် မေးပြီး တဲ့အခါ တယောက်က သမီးအသက် ဘယ်လောက်ရှိပြီလဲတဲ့။ ကျမက ၂၄ နှစ်လို့ဖြေပါတယ်။ အဲဒီတော့ အော် ငယ်ပါသေးတယ်တဲ့။ ကျမသိလိုက်ပါပြီ။ ကျမကို မရွေးတော့ဘူးလို့။ ပြောဘို့မေ့ ကျန်သွားတယ် ကျောင်းမှာလည်း ကျမ က အမှတ်တွေသိပ်မဆိုးတဲ့အထဲမှာ ပါပါတယ်။

အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီးကန့်သတ်ပါလား။ ပြန် အထွက်မှာ အသိတယောက်နဲ့တိုးတော့ စောစောကမှကြိုမပြောဘဲ။ Plaster ရှာပေးလို့ရတယ်တဲ့လေ။ ကျမ အရည်အ ချင်းမရှိဘဲ Plaster နဲ့မှ ရမယ့်အလုပ်ကို ကျမလည်း မလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ စာမေးပွဲခေါ်တော့ စာ တောင် မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့ စိတ်နာလို့ သွားကိုမဖြေ တော့ပါဘူး။ ပြောချင်တာကတော့ တကယ် တိုင်းပြည်အတွက်လုပ်ပေးမယ့် ဝန်ထမ်းကောင်းတယောက်ကို သူတို့လွှင့် ပစ်ခဲ့ကြပါတယ်။

နောက် အဖြစ်အပျက်တခုကတော့ ကျမ သူငယ်ချင်းပါ။ သူကစာသိပ်တော်ပါတယ်။ လူရည်ချွန် ခြောက်ထပ်ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့အောင်သူပါ။ ဘွဲ့ရပြီးတော့ ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက်ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီက တည်းက သူပြည်ပထွက်သွားတာ အခု အထူးကုကြီးအဖြစ် ပြည်ပမှာ အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက် ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့ နစ်နာခဲ့ပါပြီ။ 88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်း လွယ်သွားတော့ ကျမတို့ အတန်းက ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ ဆရာတွေ၊ နောင်တော်အမတော်တွေ ရော နိုင်ငံအသီးသီးကို ထွက်ကြပါတယ်။

သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိမ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး ဝင်ငွေ ရှာ၊ တဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့်သက်သာနဲ့ မူလအသက်မွေးဝမ်းကျောင်းအတိုင်း ရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ ဆရာဝန်အဖြစ်နဲ့ပဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။

ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ မလိုပါဘူး လို့ မေးစရာရှိပါတယ်။ ကျမအတွေ့အကြုံပဲပြောပါမယ်။ ကျမ က နယ်မြို့ လေးမှာ G.P ငါးနှစ်လုပ်ခဲ့ပါတယ်။ မိဘပိုင် အိမ်မှာ မိဘကရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်းပရိဘောဂတွေလုပ်၊ ဆေးတွေဝယ်ပြီးတော့ ဆေးခန်းဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်ကလာတဲ့ ထိုးဆေး စားဆေး တွေက B.P.I ထက် ဈေးသက်သာပြီး Effective လည်းဖြစ်ပါတယ်။ ထိုးဆေးတလုံးကို တကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော တလုံးကို ၁၀ ပြား၊ Ampicillin တလုံးကို တမတ်လောက်ကျတဲ့ ခေတ်ပါ။ အဲဒီအချိန်က အသားဆေးတလုံးထိုးပေးပြီး တရက်စာဆေးပေးရင် (ကျမက ဆေးကို စာအုပ်ထဲကအတိုင်း Dose အပြည့်ပဲပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက်ကျပါတယ်။ ကျမ လူနာဆီက ငါးကျပ်ယူတယ်။ တောကလူနာ ဆိုရင် သူထပ်မလာနိုင်မှာစိုးလို့ Antibiotics ကို ငါးရက်စာ တခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့လူနာဆိုရင် ဆေးဖိုး မယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆား ရည်ပါဖျော်တိုက်လိုက်ရတယ်။ အာဟာရမပြည့်တဲ့ ကလေးတွေဆိုရင် မုန့်ပါ ဝယ်ပေးလိုက်ရတယ်။

တခါသုံးဆေးထိုးအပ်တွေမပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂၀ ကြာ အောင် ပြုတ်ပြီးမှ ဆေးထိုးတယ်။

မီးမလာတဲ့နေ့တွေမှာ ကျမရဲ့လူနာတွေဟာ မီးသွေးမီးဖိုလေးကို ကူပြီး မီးမွှေးပေးကြရတယ်။ လူနာရှင်းသွားပြီးချိန် Syringe နဲ့ Needle ပြုတ်တဲ့အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်းဖွင့်လိုက်တာ ကျမလက်ထဲ ဆေးခန်းထဲက ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျမ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေးထားလို့ပေါ့။ အဲဒီအချိန် ကျမအဖေ ကလည်း အသက်ကြီး ကူဖော်လောင်ဖက်လည်းမရှိတော့ အဖေ့စီးပွားရေးလုပ်ငန်းကို ကျမတာဝန်ယူ လိုက်ရတယ်။ ကျမရဲ့ဆေး ခန်းလေးပိတ်လိုက်ချိန်မှာ လူနာတွေလာမေးရင် ဆေးခန်းနဲ့တွဲလျက် ပွဲရုံ စားပွဲနောက်မှာ ကျမပုန်းနေရတယ်။ မျက်နှာ ပူလို့။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျမကိုတွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပဲ။ ကျမကတော့ ဒီ Profession မှာ ကျမဆက်လက် မရပ်တည်နိုင်ခဲ့တာကို ခုထိ လိပ်ပြာမလုံနိုင်သေးပါဘူး။

G.P နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှုမပါရင် စေတနာ ဆရာဝန်မလုပ်နိုင်ပါဘူး။ အစိုးရဝန်ထမ်းအဖြစ်ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ် ပိုပြီးထင်ဟပ်နိုင်မှာပါ။

အခုပြည်ပရောက်နေတဲ့ ဆရာတယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 88 မတိုင်မီက အဖြစ်ပါ။ M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ်ဖြေပါ တယ်။ တနှစ်ပြီးတနှစ် နောက်ဆုံးဆန်ကာတင်မှာ သူကျန်ခဲ့တယ်။ နောက်ဆုံးတနှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်…ရယ် ဒီနှစ်မင်းပါမှာ သေချာပြီလို့ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာကစာတော်ပေမယ့် ကျောထောက်နောက်ခံမှ မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာထွက်သွားပါတယ်။ ဆုံးရှုံးမှုတခု ပါပဲ။

မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ် ကို တိုးပေးလိုက်တယ်ဆိုလို့ မုဒိ တာပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင်ဝန်ထမ်းက တနေ့ ၁၅၀၀ ကျပ် ရပါတယ်။ ၈ တန်းလောက်တတ် တဲ့ အထည်ချုပ်သမလေးတွေ(ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တလကို ၅၀၀၀၀ ကျပ် ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ်စာ စားနေလို့သာ ဒီလိုလုပ်နေနိုင်ကြတာပါ။

ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့မေးစရာရှိပါတယ်။ ကျမသူငယ်ချင်း M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့အကြောင်း ( နိုင်ငံခြားမှာ ဆရာ ဝန်မဟုတ်တဲ့ သူတောင်တတ်ရပါတယ်) အကြံပေးတော့ သူအဆူခံလိုက်ရပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း ဆင် ဆင်ခြင်ခြင်အလိုက်သင့် နေသွားရပါတယ်။

M.Sc အောင်ထားတဲ့ အမတယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့က လေးတွေက တမြို့၊ သူ့အမျိုးသားကတမြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်း ဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာ တိုင်းမြို့ကြီးတမြို့(ရန်ကုန်၊မန္တ လေး မဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူ လည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။

အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကို စွန့်ခွါရတဲ့သူတွေ အများကြီးပါပဲ။

နယ်မှာနေတုံးက ကျမတူလေးရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဥာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ သိပ်တော်ပါ တယ်။ genius ကလေးပါပဲ။ သူငယ်တန်းတောင်မတက်ရသေးခင် ကာတွန်းတွေကို သွက်သွက်ကြီးဖတ်နိုင်နေပါပြီ။ နောက်တယောက်က အောင်အောင် ဆိုပါတော့။ သူ့မိဘက ဆယ်တန်းတောင်မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါ တယ်။ သူ့ဥာဏ်ရည်က သာမာန် ပါဘဲ။ သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲ ပထမ ပါ။ အောင်အောင်က အဆင့် ၅ လောက်မှာရှိပါတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင် အောင်အောင်က ပထမ အမြဲရသွားတယ်။ မောင်မောင်လေး က အဆင့် ၃ လောက်ရောက် သွားတယ်။ ကလေးက အဲဒီအတွက် မျက်နှာမကောင်းရှာပါဘူး။ သေချာမေးကြည့်တော့မှ အောင်အောင့် အမေက အောင်အောင့် ကို အတန်းပိုင်ဆရာမအိမ်မှာ ညအိပ်ကျူရှင်ထားပေးလိုက်ပါတယ်။ ဖိဖိစီးစီး သင်ပေးလို့တော်လာတယ် လို့ ပြောနိုင်ပေမယ့် မောင်မောင်လေး ခမျာမှာ သူဖြေတာတွေ ဘယ်လိုမှန်မှန် ရသင့်တဲ့အမှတ်မရလို့ စိတ်ဓာတ်တွေကျ လာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစားနိုင်ကြပါဘူး။ အဲဒီအချိန် သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပက သွားဆေးခန်းမှာ အကူလိုတယ်ဆိုတော့ အဲဒီသွားဆရာဝန်ဟာ ဆေးခန်းအကူအဖြစ်နဲ့ ထွက်သွားပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။ ဒီနေရာမှာ ကျမတို့တိုင်းပြည်ဟာ သွားဆရာဝန် တယောက်၊ ဆရာဝန်တယောက် သာမက အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံးသွားရပါတယ်။

ဒီလို သားသမီးရှေ့ရေး ဦးစားပေးပြီး ထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော်နေကြတယ်လို့ မစွပ်စွဲ လိုက်ကြပါနဲ့။ မကြာသေးခင်က ကျမသူငယ်ချင်းတယောက်ရဲ့အဖေဆုံးသွားတယ်။ သူငယ်ချင်းကပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်းဖြစ်နေတဲ့အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ မချင့်မရဲခံစားနေရရှာပါတယ်။ မိဘအ ပေါ် တာဝန်မကြေဘူးလို့ ဝမ်းနည်းနေရှာတယ်။ ကျမတို့ ဘယ်လိုဖျောင့်ဖျပေမယ့် တသက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစားသွားရရှာပါတော့မယ်။ ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင် ကြမှာပါ။ ကိုယ့်ရေမြေမှာ ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။ လူဆိုတာရေကြည်ရာ၊ မြက်နုရာ ရှာတတ် တာ ကမ္ဘာဦးအစထဲကပါ။ ကျမတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင် ရင် ဒီလိုတိုင်းပြည်ကို စွန့်ခွာရတဲ့အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး။

ကျမက ကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလောက၊ စီပွားရေးပညာရှင် လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးပဲနေမှာပါ။

ကျမတို့မှာ …

MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Bus တွေ စီးနေရလည်း နေနိုင်ပါတယ်။

Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။

Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့်နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။

Ashworth ,Victoria Secret ဆိုတာတွေ မ၀တ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအင်္ကျီလေးတွေ ၀တ်ပြီး လှတယ်လို့ ခံယူပါမယ်၊

ATM card,Credit card တွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ထမ်းပြီး အလုပ်လုပ်ပါမယ်။

Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ ဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။

လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ်၊ မိမိအရည်အချင်းလိုက်ခံစားခွင့် ဆိုတာ တွေရှိရင် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေအတွက် စိုးရိမ်စရာမလိုဘဲ၊ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့ ပညာတွေနဲ့ အလုပ်အကျွေးပြုမယ့်သူတွေ ပေါများလာမှာပါ။

တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက်လှဲလှဲ ဖိတ် ခေါ်ပါတယ်။ သူတို့ နိုင်ငံခြားမှာရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ တော်တော် များများ ပြန်လာကြပါတယ်။ ကျမသိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံးထွင်တဲ့သူဟာ အမေရိကားက ပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။

အခု ကျမတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင်ဆရာဝန် မလုံ လောက်မှု ကနေစပြီးဖြစ်လာတာပါ။ အထူးကုဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း ကိုယ့်ဝေ ဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံးနဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့မရပါဘူး။ ဆရာဝန်ကြီးတွေခမျာ မနက်ရုံးချိန်မှာ ဆေးရုံတာဝန်ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိကဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မောကျနေတာကို နှိုးပြီးကြည့်ရတာမျိုးလည်း ကြားနေကျပါ။ ဆရာဝန်ကြီးမှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ်ဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီလိုအခါမှာ အမှားအယွင်း တွေဆိုတာ ပေါ်လာတော့တာပါပဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ အချိုးမမျှတရလဲ။ ကျမတို့ တိုင်းပြည်က လူတော် တွေကို ကျမတို့ ပြည်သူပြည်သားတွေ ဘာကြောင့် အသုံးချခွင့်မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ် လုပ်တယ်။ လူနာတွေကလည်း ပြည်ပထွက် ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြု သေးတာ ပြည်တွင်းက ဘာလို့ မသုံးချင်ရမှာလဲ။ တောလက်ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်း လိုအပ်နေဆဲပါ။ အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်းပေဘူးလား။

မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက် လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့ လိုနေပါပြီ။



ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲ့ရသူတွေ ကမြန်မာနိုင်ငံကို ပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်းလည်း ကြားနေရပါတယ်။

ကျမအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့ တူပါတယ်။ Salmon ငါးတွေဟာ ပင်လယ်ထဲက ရေငန် ငါးတွေပါ။ သူတို့ဓလေ့က မြစ်ညာထိ ဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကို ပြန်စုန်ဆင်း လာကြပါတယ်။

ကျမတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့တူတဲ့ နိုင်ငံရပ်ခြားတွေကို ရုန်းကန်လှုပ်ရှား ဆန်တက်သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ သားသမီးတွေနဲ့ မိခင်ပင်လယ် ဆီ ပြန်လာတာကို ငါ့ကိုပစ်သွားရကောင်းလားလို့ အပြစ် တင်မစောနေကြပါနဲ့တော့။ သူ့ သဘာဝပါဘဲ။

ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီးပိုက်ကွန်တွေနဲ့လည်း မဖမ်းသင့်ပါဘူး။ ဝမ်းမြောက် ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

ကျမရဲ့ ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊ တေးရေးတေးဆို ခင်ဝမ်းရဲ့သီချင်းတွေထဲက ကျမ နှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို ပြန်လာပြီး ပြန် လည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း ဒီသီချင်းစာသားလေး လက်ဆောင် ပေးခဲ့ပါရစေ။

“ရေလွှာလဲခင်းပြန့် ကြည်လင်စေ

မိုးဦးလဲလှပသာယာစေ

ဘ၀စေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့

ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ

(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …

ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …

အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ … အပြန် … )

ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ

ရာသီလဲတွက်ချက်မှန်ကန်စေ

စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့

ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ…

(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …

ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …

အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ …… အပြန် … )

padonmar

(ပဒုမ္မာ့ကိုယ်တွေ့)

Min Thant Syn

Wednesday, August 31, 2011

မန်း ငြိမ်း မောင် အ ဖမ်း ခံ ရ

E-mail Print
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ဖမ်းဆီးထားကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။

ပြီးခဲ့သည့် တလကျော်က တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ မန်းငြိမ်းမောင် ရောက်ရှိစဉ်  တရုတ် အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး မြန်မာ အစိုးရ ထံသို့ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KNU-Karen
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ စိတ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံး သိရတဲ့ သတင်းက အဖေ မြန်မာ ထောက်လှမ်းရေး လက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရသေးပေ။ 

KNU တာဝန်ရှိသူများကလည်း  မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် အဖမ်းခံရသည်ဆိုပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့်  အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟို ကော်မတီဝင် ပဒိုစောအားတိုးက ပြောသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က  ကော်မတီဝင် တဦး အဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

၁၉၆၀ ၀န်းကျင် ကရင်လူငယ် မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံရပုံ၊  ကိုကိုးကျွန်းအကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်ပြီး ပြည်မ တနေရာတွင် ပြန်လည် အဖမ်းခံရပုံတို့ကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုအတွေ့အကြုံများကို ရဲဘော်ရှောင်း ကလောင်အမည်ဖြင့် ရေးသားခြင်း ဖြစ်သည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။


Saturday, August 27, 2011

Hurricane Irene in New Bern


သြ ဂုတ် လ ၂၇ ရက် နေ့ မ နက် ၃ နာ ရီ လောက် က စ ပြီး ဟာ ရီ ကိန်း အိုင်း ရင်း နော့ ကာ ရို လိုင်း နား န ယူး ဘန်း မြို့ လေး ကို အ လည် လာ သွား ပါ တယ်။ City of New Bern နဲ့ မြို့ အာ ဏာ ပိုင် နဲ့ နိုင် ငံ တော် အ စိုး ရ တို့ ဟာ အိုင်း ရင်း မ လာ လည် ခင် က တည်း က ကြို တင် ပြင် ဆင် မှု တွေ ကို အ ကြီး အ ကျယ် ပြင် ဆင် ထား ပါ တယ်။ မြို့ သူ မြို့ သား တွေ ကို လဲ အိုင်း ရင်း လာ ရင် ဘယ် လို ပြင် ဆင် ထား ရ မယ်။ ဆို တာ


အ သိ ပေး ထား ပါ တယ်။ ကုန် စုံ ဆိုင် နဲ့ ဓါတ် ဆီ ဆိုင် တွေ လဲ ဆိုင် ဖွင့် လို့ ရ တဲ့ နောက် ဆုံး အ ချိန် ထိ ဈေး မ တင် ပဲ ဖွင့် လှစ် ရောင်း ချ ပေး ပါ တယ်။ အ မေ ရိ ကန် စစ် သား ၉၈၀၀၀ က လဲ ထိ ခိုက် ပျက် စီး တဲ့ နေ ရာ တွေ ကို သွား ရောက် ကူ ညီ ဖို့ အ သင့် နေ အ ထား မှာ ရှိ နေ ပါ တယ်။ လွှတ် တော် က လဲ အိုင်း ရင်း မ လာ ခင် က တည်း က ပြန် လည် ထူ ထောင် ရေး လုပ် ငန်း တွေ လုပ် ဖို့ အ တွက် ဘတ် ဂျက် ကြို ပြီး ချ ထား ပါ တယ်။ အ သံ လွှင့် ဌာ န တွေ အား လုံး က လဲ အိုင်း ရင်း သ တင်း ကို အ ချိန် နဲ့ တ ပြေး ညီ ထဲ ကြေ ငြာ ပြ သ ပေး ပါ တယ်။ ဘယ် ရောက် နေ ပြီ လဲ၊ ဘယ် မြို့ တွေ ဘယ် လို ပျက် စီး သွား တယ် ဆို တာ တ ပြိုင် တည်း ပြ သ သွား ပါ တယ်။ တွင် တာ၊ ဖိတ် ဘွတ် တွေ က လဲ တ ချိန် လုံး သ တင်း တက် ပါ တယ်။
အ ထူး သ ဖြစ် မုန် တိုင်း ကျ တဲ့ အ ချိန် မှာ City of New Bern ဟာ အ န္တ ရာယ် တွေ ကြား မှာ အ လုပ် လုပ် လို့ ရ သ လောက် အ လုပ် လုပ် ပါ တယ်။ လမ်း မှာ ကျ ပြီး ပိတ် နေ တဲ့ သစ် ကိုင်း တွေ ကို ဖယ် ပေး တယ်။ အ ထူး သ ဖြင့် ရေ ကြီး မှာ ဖြစ် တဲ့ အ တွက် ရေ နုတ် မြှောင်း တွေ ကို ပြင် ဆင် တယ်။ ရေ စုတ် ထုတ် တဲ့ ပန့် တွေ ကို လို အပ် တဲ့ နေ ရာ မှာ ပို ပြီး တပ် ဆင် ထား ပါ တယ်၊ အဲ ဒီ အ တွက် ရေ တက် ပေ မဲ့ အ မြန် ဆုံး ပြန် ကျ သွား ပါ တယ်။ ကျွန် တော် အိမ် ရှေ့ လမ်း က တော့ သူ တို့ အ လုပ် လုပ် တာ ရဲ့ သက် သေ ပါ။ လျှပ် စစ် မီး အ တွက် လဲ မုန် တိုင်း မ ကျ ခင် က တည်း က အ နီး အ နား ပြည် နယ် က လျှပ် စစ် ဌာ န တွေ ကို အ ကူ အ ညီ တောင်း ထား ပါ တယ်။ မုန် တိုင်း ကျ တဲ့ ကြား က မ နက် ၁၀ အ ထီ မီး လာ ပါ တယ်။ မီး ပျက် သွား ပြီး တဲ့ နောက် သ တင်း ဌာ န တွေ က ပျက် စီး မှု ကြီး တဲ့ အ တွက် မီး ၂ ရက် လောက် မ လာ နိုင် ဘူး လို့ ပြော ပေ မဲ့ ည နေ ၅ နာ ရီ လောက် မှာ ပဲ ရေ မ မြုပ် တဲ့ ပျက် စီး မှု တွေ မ ကြီး တဲ့ နေ ရာ တွေ မီး ပြန် လာ ပါ တယ်။ အဲ ဒီ အ ချိန် ဟာ မိုး ရွာ တုန်း လေ တိုက် တုန်း ပါ ပဲ။ မို ဘိုင်း ဖုန်း လိုင်း နဲ့ အင် တာ နဲ့ က တော့ လုံး ၀ မ ပျက် ပါ ဘူး။ ပြော ရ မယ် ဆို ပြော စ ရာ တွေ အ များ ကြီး ကျန် ပါ သေး တယ်။ ဒီ လောက် နဲ့ ပဲ City of New Bern ကို ဂုဏ် ပြု ပါ ရ စေ။

Sunday, August 21, 2011

ကျေး ဇူး တ ရား ကို မ သိ တတ် သူ တွေ ဆို တော့ ဖြစ် မှာ ပေါ့

ဧ ရာ ၀ တီ ဘ လော့ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

ပြီးခဲ့တဲ့လက ၉ ရက်အတွင်း ထိုင်းစစ်တပ် ရဟတ်ယာဉ် ၃ စင်း ထိုင်း-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ဘာကြောင့်လဲ။
ရာသီဥတု ဆိုးဝါးမှု၊ စက်ချို့ယွင်းမှုတို့ကြောင့် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။
တစီးပျက်ကျတာတောင် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ၃ စီး ဆိုတော့ ဒီဖြစ်ရပ်အကြောင်း ထိုင်း မီဒီယာမှာ အကြီးအကျယ် ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှု ၅ ဦးသေဆုံး
ဇူလိုင် ၁၉ သွားရောက် ရှာဖွေသည့် ရဟတ်ယာဉ် ပျက်ကျ ၉ ဦး သေဆုံး
ဇူလိုင် ၂၅ အလောင်းကောက် ရဟတ်ယာဉ်ပျက်ကျ ၃ ဦး သေဆုံး၊ ၁ ဦး အသက်ရှင်။

စုစုပေါင်း ၁၇ ဦး ဆုံးရှုံးပါတယ်။

အခုနောက်ဆုံး ပြောနေကြတာ တခုကတော့ - ဒီဖြစ်ရပ်တွေဟာ သွေးရိုးသားရိုး မဟုတ်ဘူး၊
နယ်စပ်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား တောင်သူတွေရဲ့ တဲအိမ်တချို့ မီးရှိုဖျက်ဆီးခံရမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ လို့ ဆိုပါတယ်။ ထိုင်းဘာသာနဲ့ ရေးသားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားနေကြတာတွေပါ။

Thursday, August 18, 2011

JULY NEWS


july -

FROM EMAIL

PDC NEWS


pdc -

Monday, August 1, 2011

ObjectDock

ကျွန် တော့် ကွန် ပြူ တာ မှာ အ သုံး များ တဲ့ ဆော့ ၀ဲ တွေ ရဲ့ shortcut တွေ ကို desktop မှာ တင် ထား တာ ကွန် ပြူ တာ မျက် နှာ ပြင် တ ခု လုံး ရှုပ် ပွ နေ တာ ပဲ။ အဲ ဒါ ကို ရှင်း သွား အောင် ဆို ပြီး Taskbar မှာ pin ထား တာ taskbar တ ခု နဲ့ မ လောက် လို့ taskbar နောက် တစ် ခု ကို ကျွန် တော် ရဲ့ ကွန် ပြူ တာ ရဲ့ မျက် နှာ ပြင် မှာ တင် လို့ ရ အောင် လိုက် ရှာ လိုက် တာ မော် နီ တာ နှစ် ခု မှာ taskbar တ ခု စီ ထား တဲ့ ဆော့ ၀ဲ တွေ ပဲ တွေ့ တယ်။ တော် တော် လေး ရှာ တော့ မှ မော် နီ တာ တ ခု ထဲ မှာ taskbar နှစ် ခု ထား လို့ ရ တဲ့ ဒီ ဆော့ ၀ဲ လေး တွေ့ တယ်။ အ လ ကား ရ တဲ့ ဘား ရှင်း ရှိ သ လို ၀ယ် ယူ ရ တဲ့ ဘား ရှင်း လဲ ရှိ ပါ တယ်။ အ လ ကား ရ တဲ့ ဘား ရှင်း ကို ကျွန် တော် တော့ တော် တော် ကြိုက် တယ်။ ဆက် တင် ကို ပုံ စံ အ မျိုး မျိုး ပြောင်း လို့ ရ တယ် သုံး လို့ လဲ ကောင်း တယ်။သုံး ကြည့် ချင် ရင် တော့ ဒီမှာနှိပ်ပြီးယူပါ
ဒါ မှ မ ဟုတ် ရင် လဲ အောက် က လင့် မှာ ယူ လိုက် ပါ။
လင့် က တော့ http://www.mediafire.com/?ey1eupe3hi3lnps

Monday, July 11, 2011



တောင် ပိုင်း ဆူ ဒန် လွတ် လပ် ရေး အ တွက် ဂုဏ် ယူ ၀မ်း မြောက် ပါ တယ်။ ရ အောင် ယူ နိုင် ခဲ့ တဲ့ ပြည် သူ တွေ ရဲ့ ညီ ညွတ် မှု နဲ့ ခေါင်း ဆောင် တွေ ရဲ ကျိုး ပမ်း မှု ကို အ သိ အ မှတ် ပြု သ လို၊ သ ဘော ထား ကြီး ကြီး နဲ့ ခွဲ ထွက် ဖို့ ခွင့် ပြု တဲ့ ခေါင်း ဆောင် တွေ ကို အ သိ အ မှတ် ပြု ရ မှာ ပါ။ ယေ ဘု ရ သ ဘော အ ရ တ နိုင် ငံ ထဲ နှစ် ခြမ်း ကွဲ တာ ဟာ မ ကောင်း ဘူး လို့ ထင် ရ ပေ မဲ့ တစ် နိုင် ငံ ထဲ ဖြစ် ပေ မဲ့ အ ချင်း ချင်း သွေး ချောင်း စီး အောင် တိုက် ခိုက် သတ် ဖြတ် တာ နဲ့ စာ ရင် ၂ နိုင် ငံ ဖြစ် ပြီး ငြိမ်း ချမ်း တာ က ပို ကောင်း ပါ တယ်။ တစ် နေ့ ကျ ရင် နိုင် ငံ အ တွက် လို အပ် တဲ့ အ ခါ ကျ ရင် က မာ နဲ့ ရင် ဘောင် တန်း နိုင် ဖို့ EU လို၊ အ မေ ရိ ကန် ပြည် ထောင် စု လို၊ တ နည်း တ ဖုံ နဲ့ ပြန် လည် စု ရုံး လာ ဖို့ လုပ် ကြ အုံး မှာ ပါ ပဲ။ ဒါ တွေ နဲ့ ပတ် သက် ပြီး ကျွန် တော် တို့ မြန် မာ နိုင် ငံ အ ဏာ ရှင် လက် အောက် က လွတ် မြောက် ရေး၊ ကျွန် တော် တို့ က ရင် လူ မျိုး ရဲ့ အ ရေး ကို ဆက် စပ် ပြီး တွေး မိ ပါ တယ်။ ဘာ တွေ လဲ ဆို တော့ ---------

Sunday, July 10, 2011

မျိုးဆက်သစ်ကိုပျိုးထောင်ခြင်း

ကို မိုး သီး ရဲ့ မျိုး ဆက် သစ် ကို ပျိုး ထောင် မှု ပါ။ လေး စား ပါ တယ် ကို မိုး သီး။



ကို မိုး သီး ဘ လော့ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

Sunday, June 26, 2011

ကညီသးစဿ္တဿ္ကစီဢ္ဆူကညီသးစဿ္


စံးဘ်ဴးဘဢ္ကီဿ္မူလဿအဒိတဿ္ဂီၯမူအ၀ဲအံၯလီၯ

Friday, June 24, 2011

မြန် မာ ပြည် ၏ တ တိ ယ မြောက် ကယ် တင် ရှင် လာ တော့ မည်။

တိုင်း ရင်း သား ဒေ သ တွေ မှာ လည်း တိုက် ပွဲ တွေ အ ကြီး အ ကျယ် ဖြစ် နေ တယ်။ ပြည် မ ဒေ သ တွေ မှာ လဲ ဗုံး တွေ ကွဲ ပြီး ကွဲ ပြန် ဆို တော့ မြန် မာ ပြည် မှာ တ တိ ယ မြောက် ကယ် တင် ရှင် ပေါ် လာ တော့ မဲ့ အ တိတ် န မိတ် တွေ ပေါ့။ အဲ ဒီ အ တွက် တော့ ၀မ်း သာ တဲ့ လူ တွေ က တော့ အ ကြီး အ ကျယ် ၀မ်း သာ လေ ရဲ့။ ဒါ ပေ မဲ့ မြန် မာ ပြည် ရဲ့ အ နာ ဂတ် က တော့ တ တိ ယ ကယ် တင် ရှင် လက် ထက် မှာ ဘာ တွေ ကျန် ပါ အုံး မ လဲ။ ဒု တိ ယ မြောက် ကယ် တင် ရှင် ပေါ် ပြီး တဲ့ နောက် မြန် မာ ပြည် ကြီး ဘယ် လို ကျန် ခဲ့ တယ် ဆို တာ အား လုံး အ သိ ပဲ။ တ တိ ယ မြောက် ဆို တော့ !!!!!!!!!!!!!!!!!

Friday, June 10, 2011

Thursday, June 9, 2011

Irrawaddy ရဲ့ ဒီမိုကရေစီငါးပိသည်


ဧ ရာ ၀ တီ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

က ရင် တစ် ယောက် အ နေ နဲ့ စော နေ အောင် မိ သား စု အ ကြောင်း သိ တဲ့ အ တွက် ဆ ရာ မ နှင်း ပန်း အိမ် ကို ကျေး ဇူး တင် ပါ တယ်။ ၈၈ ကို ဖြတ် သန်း ခဲ့ တဲ့ ကျောင်း သား တစ် ယောက် အ နေ နဲ့ ကို ခင် မောင် ၀င်း မ ပန်း ၀ါ တို့ ရဲ့ ပုံ ပြင် မ ဟုတ် တဲ့ ပုံ ပြင် အ တွက် ကျေး ဇူး တင် ပါ တယ်။

Friday, May 20, 2011

မလေးရောက်နန့်ဘွားဘွား



Karen Community Association UK မှ ကူး ယူ ပါ သည်။
ကျေးဇူးတင်လျှက်

Thursday, May 19, 2011

ဖထီးကနဲမီနဲ့ကိုးဒီသွေးတွေ့ဆုံခြင်း







ကိုးဒီသွေးမှကူးယူဖေါ်ပြပါသည်။
ကျေးဇူးတင်လျှက်

Sunday, May 8, 2011

အမေများနေ့ ၂၀၁၁

အမေဆိုတာ
သားသမီးတွေအတွက်
မြေလွှာအဖြစ်အနင်းခံတယ်
ဒါဟာ မိုးထက်မြင့်မားတဲ့
အမေတွေရဲ့စိတ်ဓါတ်ပဲ။

အမေဆိုတာ
သားသမီးတွေအတွက်
ဖေါ့ဖယောင်းလိုပျော့ပြောင်းပေမဲ့
သားသမီးတွေအတွက်
လောကဓံကိုရင်ဆိုင်တဲ့နေရာမှာ
သံမဏိထက်မာကျောတယ်။

အမေဆိုတာ
ရှက်ကြောက်တတ်တဲ့မိန်းမဖြစ်ပေမဲ့
သားသမီးတွေအတွက်
ကမ္ဘာကြီးကိုရင်ဆိုင်ဖို့အတွက်
ရဲရင့်ခဲ့ပါတယ်။

အမေဆိုတာ
အသက်သေရမှာကိုကြောက်တတ်တဲ့လူသားဖြစ်ပေမဲ့
သားသမီးအတွက်
အသက်နဲ့ရင်းပြီးကာကွယ်တတ်ပါတယ်။

အမေများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။



Monday, February 28, 2011

၈၄၀၀၀ ကျော် ကရင်များ

က ရင် ပြည် နယ် မှာ ရှိ တဲ့ ၈၄၀၀၀ ကျော် သော က ရင် များ လက် မှတ် ထိုး ပြီး UN ကို စာ တင် ပြီ။ နိုင် ငံ တ ကာ မှာ ရှိ တဲ့ က ရင် အ ဖွဲ့ အ စည်း တ ချို့ လဲ ထောက် ခံ ကြ ပြီ။ အား ရ စ ရာ ကောင်း တဲ့ အ မျိုး သား ရေး လှုပ် ရှား မှု တ ခု ပါ။ ပြည် တွင်း ပြည် ပ မှာ ရှိ တဲ့ က ရင် လို့ ကိုယ် ကို ကိုယ် ယူ ဆ တဲ့ လူ မှန် သ မျှ ၀ိုင်း ထောက် ခံ ပြီး လှုပ် ရှား မှု ကို အား ပို ကောင်း လာ အောင် ပါ ၀င် ကြ ဖို့ တိုက် တွန်း ပါ ရ စေ။ ကျွန် တော့် အီး မေး ကို ရောက် လာ တဲ့ စာ ရွက် စာ တမ်း ၈ ခု ကို တ ပေါင်း တည်း ဖေါ် ပြ လိုက် ပါ တယ်။ အ ဆုံး ထိ ဖတ် ကြည့် ကြ ဖို့ မေ တ္တာ ရပ် ခံ ပါ တယ်။


84000 Karen

Monday, February 14, 2011

ဖန်း ဖေါင် ဒေး ရှင်း ရဲ့ ဂုဏ် ယူ စ ရာ လုပ် ငန်း များ

ဖန်း ဖေါင် ဒေး ရှင်း ရဲ့ ဂုဏ် ယူ စ ရာ လုပ် ငန်း များ ကို ထပ် ဆင့် ဖေါ် ပြ ပေး လိုက် ပါ တယ်။ ၀ိုင်း ၀န်း ကူ ညီ ကြ ဖို့ လို သ လို အဲ ဒီ လို ဖေါင် ဒေး ရှင်း တွေ များ များ ပေါ် လာ ဖို့ လို ပါ တယ်။

Media Release From Phan Foundation

For Immediate Release 14th February 2011

Phan Foundation Announces £8,000 of Grants

On the third anniversary of the assassination of Padoh Mahn Sha La Phan, then General Secretary of the Karen National Union, the Phan Foundation announces grants of £8,000 to carry on his work.

The Phan Foundation was set up by the four children of Padoh Mahn Sha and Nant Kyin Shwe, in their memory.

Recognising the need of organisations to receive long terms grants which they can depend on, the Phan Foundation has committed to the following annual grants

£700 for a community run orphanage in Doo Tha Tu District
£1,000 to Karen Education Department for teacher salaries
£200 to the European Karen Network for its work promoting human rights
£600 to Kwekalu for its news services which provide education, protect Karen culture, and promote human rights

The annual Padoh Mahn Sha Young Leader Award will continue to be made, with a grant of £1,500 to support the work of the recipient. This year award will be announced and presented at the Karen Unity Seminar.

In addition, the Phan Foundation announces the following grants:

£1,000 to the Karen Education Department for teacher training
£1,000 – to Kwekalu for its news services which provide education, protect Karen culture, and promote human rights
£250 – for a school in Mutraw
£650 to Karen Student Network Group for production of its magazine
£200 – to support students in Pa’an.
£800 – Students in Kler Lwe Htoo District.

“We are pleased to announce these grants, in memory of our parents,” said Zoya Phan, Founder and Director of the Phan Foundation. “We think this is one of the best ways we can pay tribute to our parents, and continue their work. The organisations we are supporting do fantastic work which deserves support. We hope than in the future the Phan Foundation will be able to grow and increase the projects it can support. We are grateful to all our donors who have enabled us to make these grants.”

On 14th February 2008 Padoh Mahn Sha was assassinated at his home in the town of Mae Sot, on the Thailand Burma border, by agents of the Burmese dictatorship.

The Foundation has four main objectives: To alleviate poverty; To provide education;
To promote human rights; To protect Karen culture; For the Karen people of Burma.

People wishing to donate to the Phan Foundation can do so at www.phanfoundation.org

For more information contact Zoya Phan on 44(0)7738630139.
------

Note to Editors: The Padoh Mahn Sha Young Leader Award for 2010 will be announced in May 2010 during the Karen Unity Seminar.

Sunday, February 13, 2011

နိုင်ငံခြားမှာကြီးတဲ့မြန်မာကလေး ဘာကြောင့်မြန်မာလိုမပြော မပြုမူတာလဲ (မငယ်နိုင်)

(မ ငယ် နိုင် ဘ လော့ က ကူး ထား တာ ပါ။ နိုင် ငံ ခြား မှာ ရောက် နေ တဲ့ မြန် မာ မိ သား စု တော် တော် များ များ ကြုံ တွေ့ နေ ရ တဲ့ ပြ သ နာ ပါ။ ဒီ ပြ သ နာ ကို မ ငယ် နိုင် ရဲ့ ချည်း ကပ် ပုံ နဲ့ သင် ခန်း စာ ယူ ပုံ အ ရမ်း ကောင်း  ပါ တယ်။ ကျွန် တော် တို့ မြန် မာ နိုင် ငံ သား တွေ ရဲ့ အား နည်း ပြီး ပြု ပြင် သင့် တဲ့ အ ကျင့် တွေ ကို ကွင်း ကွင်း ကွက် ကွက် ထောက် ပြ ထား ပါ တယ်။ မ ငယ် နိုင် နဲ့ မ ငယ် နိုင် ရဲ့ သား ကို ချီး ကျူး ပါ တယ်။ ကျွန် တော် သာ မြန် မာ ပြည် မှာ ရှိ နေ အုံး မယ် ဆို ရင် ဒီ (Story) ကို (case study) လုပ် ပြီး ဆွေး နွေး ပွဲ တွေ လုပ် ဖြစ် မှာ ပါ။  နိုင် ငံ ခြား ရောက် တဲ့ မြန် မာ တွေ အား လုံး လဲ ဖတ် ပြီး အ ခြင်း ခြင်း ဖ လှယ် ပြု ပြင် တာ ပြု ပြင် သင့် ပါ တယ်။ )

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား"
"No I'havent"
"ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က အခုထတော့ ပြီးရင် ထမင်းစားလို့ရအောင် သားသားစားဖို့ မေမေ စားစရာ သွားလုပ်လိုက်တော့မယ်"
"Yes I will. Don't worry May May I don't have much homework because our class teachre did not come to work today. I can finish my homework in a short time" ထိုင်ရာက မထသေးဘဲ နောက်ထပ်ဂိမ်းတခုကို ထပ်စဖို့ လုပ်ရင်း ပြောလိုက်တယ်။

" သားသား မေမေ့ကို ဆင်ခြေမပေးနဲ့ နင်ဂိမ်းကစားနေတာ ဘယ်လောက်ကြာနေပြီလဲ အခု ထရင်ထ မထရင် နင့်ကိုငါ ရိုက်တော့မယ်"
"May May don't threat me I'm not paying ဆင်ခြေ Just one more game please"
"မောင်တိုး နင်အတွန့်မတက်လာနဲ့နော့် နင့်ကိုငါ ခြိမ်းချောက်နေတာ မဟုတ်ဘူး တကယ်ရိုက်ဖို့ ပြောနေတာ နင့်ကိုပါးစပ်နဲ့ ပြောလို့မရရင် အင်္ကျီချိတ်နဲ့ လာမယ် နင်ဘယ်လိုကလေးလဲ အခုထဆိုထ" လို့ ကျွန်မဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့ သူထလာတယ်။ ပြီးတော့ အိမ်စာမလုပ်သေးဘဲ စာအုပ်ကို ကိုင်ပြီးသူပြောချင်တာ ဆက်ပြောနေတယ်။

"May May it it nothing to be angry about. I don't like shouting and screaming don't treat me like that I am not that stupid"
"အော်.. နင်က အော်တာတော့ မကြိုက်ဘူး အေးအေးဆေးဆေး ပြောတာလည်း နားမထောင်ဘူး နင် အခုပါးစပ်ပိတ်ထားစမ်း လူကြီးကို ပြန်မပြောနဲ့ နင်ဆက်ပြောရင် နင်နာပြီသာမှတ်တော့ ငါအင်္ကျီချိတ်နဲ့ကိုလာမယ်"

"I can't shut up May May. I don't care your အင်္ကျီချိတ်. I need to say what I have to. You Burmese adults have no idea with problem solving and the only way what you do is screaming shouting and hurting children. I hate aggressive behabiour I wonder why our Burmese adults are that aggressive. You shold go to the training to learn how to bring up children.
သားက အဲလို ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မဟာ ဆတ်ဆတ်တုန်အောင် နာပြီး ဘာပြောလို့ ပြောရမှန်းမသိနဲ့ "နင်ပြောလေကဲလေပါလား" လို့ ပြောပြီး ကျွန်မ အိမ်ခန်းထဲက အင်္ကျီချိတ်သွားယူလာပြီး သူ့ကိုရိုက်ဖို့ ချိန်ရင်း "ဆက်ပြော ခုနက ပြောနေတာတွေ နင်ဆက်ပြောစမ်း ဒီလောက်ပြောချင်တဲ့ကလေး" နင့်ကိုဝအောင် ပေးပြောမယ်" လို့ ပြောပြီး ရိုက်ဖို့ရွယ်ထားတော့ "That's all" တဲ့ ဘာမှ ဆက်မပြောတော့ဘူး ကြောက်တဲ့ပုံလည်း လုံးဝမပြဘူး။

ကျွန်မ တော်တော်ကို ဒေါသထွက်နေပေမဲ့ သူဆက်မပြောတော့ ရိုက်ဖို့ရွယ်ထားတဲ့ လက်ကိုချလိုက်ပြီး မရိုက်ဖြစ်ခဲ့ဘူး။ "ဒီနိုင်ငံကို ရောက်လာတာ နင့်အတွက်ရောက်လာတာ ဒီလို အချိုးမျိုးလုပ်နေရင် နင်ငါ့သား မဟုတ်တော့ဘူး၊ နင့်ကိုငါ မချစ်တော့ဘူး မချစ်တော့ နင့်ကိုငါ ရိုက်စရာလည်း မလိုဘူး နင့်ကိုဒီမှာ မိဘမဲ့ဂေဟာမှာ ထားခဲ့ပြီး နင့်အဖေနဲ့ငါ နယ်စပ်ကိုပြန်မယ် နင်ဒီနိုင်ငံမှာ တယောက်တည်း နေခဲ့" လို့ ကျွန်မ စိတ်တိုပြီးပြောလိုက်တော့ သားက ကျွန်မ မျက်နှာကို စူးစိုက်ကြည့်ပြီး မျက်နှာ နည်းနည်းညို့လာတာ "Don't leave me alone May May" "Don't leave me alone May May"လို့ ပြောပြီး ကျွန်မရင်ခွင်ထဲကို တိုးဝင်လာတာနဲ့ ကျွန်မလည်း မအောင့်နိုင်တော့ဘဲ သားကို ရင်ခွင်ထဲမှာ ပွေ့ဖက်မိတဲ့အချိန်မှာ သားက ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ " May May, please don't say me that again, never ever say me that again. If you want me to do somethings, don't yell at me, tell me nicely, I'll listen to you" လို့ ပြောပြီး ဆက်ငိုနေလို့ ကျွန်မကပဲ ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး မေမေ သားကို ကောင်းစေချင်လို့ ပြောတာ ဒေါသနည်းနည်း ပါသွားတယ် နောက်အဲလို ဒေါသနဲ့ မဆူတော့ဘူးလို့ ပြောပြီးပြန်ချော့လိုက်ရတယ်။

ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ သုံးနှစ် သားသား လေးတန်းနှစ်တုန်းက ဖြစ်ခဲ့တဲ့ အပြစ်အပျက်လေး တခုဖြစ်တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ကျွန်မသားကို ကျွန်မ ဘယ်တော့မှ မရိုက်တော့ဘူး သူမလုပ်ချင်တာကိုလည်း အတင်း ဘယ်တော့မှ မလုပ်ခိုင်းတော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ ဒီအဖြစ်အပျက်ကို လေ့လာကြည့်ရင် ကျွန်မတို့ သားအမိရဲ့ ပြောဆိုဆက်ဆံရာမှာ ကလေးတွေရဲ့ သဘောထားနဲ့ ဘာသာစကား သုံးစွဲထားပုံကို သတိထားမိပါလိမ့်မယ်။ နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေးတွေ မြန်မာလို အပြောနည်းပြီး မိခင်ယဉ်ကျေးမှု အလေ့အထတွေကို ကျင့်သုံးမှု နည်းတာနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်မှာ ပို့စ်တချို့ကို ဖတ်ဖူးပါတယ်။ ဖတ်ရသလောက်တော့ အကောင်းဘက်က မြင်ခြင်း (သို့) ပကတိအတိုင်း မြင်ခြင်းထက် အဆိုးဘက်က မြင်တာက ပိုများတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချက်တွေကလည်း တချိန်က ကျွန်မကိုယ်တိုင်ရဲ့ ထင်မြင်ချက်တွေနဲ့ ထပ်တူထပ်မျှ တူတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းရင်းကိုတော့ ကျွန်မတို့ ဆန်းစစ်သင့်ပါတယ်။

ကလေးတွေ ဗမာလို မပြောတာ ဗမာလိုပြောရမှာ ရှက်လို့၊ မိမိလူမျိုးကို အထင်သေးလို့ မိဘတွေကိုယ်တိုင်က ဗိုလ်ရူးရူးနေပြီး သားသမီးကို ဗမာလို မသင်ပေးလို့ စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ဝေဖန်ကြတာ ဖတ်ဖူးပါတယ်။ တကယ်တော့ လေ့လာကြည့်ရင် အဲဒါတခုမှ မဟုတ်ဘူး၊ မိမိကိုယ်တိုင် ဒီပတ်ဝန်းကျင်မှာ ဒီလိုဘ၀ကို ဖြတ်သန်းဖူးမှ ဒီအခြေအနေကို ခံစားနားလည်နိုင်မှာ အမှန်ပဲဖြစ်တယ်။ သားကို ခပ်ငယ်ငယ်က ဗမာနဲ့တွေ့ရင်ဖြစ်စေ၊ မိဘနဲ့ အိမ်မှာ စကားပြောရင်ဖြစ်စေ ဗမာလိုပဲ ပြောရမယ်လို့ ပြောထားတယ်။ သားက လည်း သူငယ်တန်းပထမနှစ်ဝက်အထိ ဗမာလိုကို ကောင်းကောင်း ပြောပါတယ်။ ဒုတိယနှစ်ဝက်ကစပြီး အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောလာရာကနေ နောက်တော့ အင်္ဂလိပ်လို ပြောပြီးဆက်ဆံရတဲ့ အချိန်က ပိုများနေလို့ အင်္ဂလိပ်လိုကိုပဲ လုံးဝ အားသန်သွားတယ်။ မြန်မာကျောင်းတွေ ဘုန်းကြီးကျောင်းတွေလည်း တပတ်တခါ သွားပို့ပေမဲ့ ဟိုမှာလည်း မြန်မာကလေးတွေအချင်းချင်း ဗမာလို မပြောဘဲ အင်္ဂလိပ်လိုပဲ ပြောကြတာ တွေ့ရတယ်။

ဒါက ကျွန်မသား တယောက်တည်း မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံခြားရောက် မြန်မာကလေးတိုင်းနီးပါး ဖြစ်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့ ကလေးတွေအားလုံးအတွက် အင်္ဂလိပ်လိုကို ပိုသန်သွားတာဟာ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး၊ သဘာဝအတိုင်း ပုံမှန်သာ ဖြစ်ပါတယ်။ ဗမာလိုကောင်းကောင်း ကျွမ်းကျင်ဖို့ဆိုရင် ဒီနိုင်ငံမှာ ကလေးစိတ်မပါဘဲနဲ့ အတင်းတွန်းလို့ မရတဲ့အတွက် ကလေးကလည်း စိတ်ပါဝင်စားမှ မိဘကလည်း အချိန်ပေးကာ အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မှသာ ကလေးတွေက ဗမာလိုကို ကောင်းကောင်း ပြောနိုင်ကြတာ ဖြစ်ပါတယ်။

အထက်ပါ ဖေါ်ပြတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း သားနဲ့ ကျွန်မဟာ ပိုပြီး ရင်းနှီးပွင့်လင်းသွားတော့ ကလေးတွေရဲ့ ခံစားချက်ကို ကျွန်မအရင်ကထက် ပိုနားလည်လာတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းတွန်းပြီး ဦးစားမပေးတော့ဘူး။ ဒီနှစ် နွေရာသီမှာ ကျွန်မ အလုပ်ပါးတော့ သားနဲ့ အေးအေးဆေးဆေး မကြာခဏ စကားပြောဖြစ်ပါတယ်။ ဗမာကလေးတွေဟာ သူများထင်သလိုပဲ မိမိလူမျိုးကို အထင်သေးလို့ နိုင်ငံခြားဘာသာစကားကို ပြောတာတကယ်များ ဖြစ်နေပြီလားတွေးပြီး ကလေးစိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ သိချင်လို့ ကျွန်မသားကို မေးကြည့်တယ်။ သားဆီက သိရသမျှ ဗမာလို မပြောတာကတော့ တချို့ထင်နေသလို လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာလူမျိုး လူကြီးတွေရဲ့ အမူအကျင့်မှာ ကလေးတွေ မကြိုက်တာ အထင်သေးနေတာတွေ အများကြီး ရှိတာကို သားဆီက ကျွန်မ သိလိုက်ရတယ်။ "ဗမာလို မပြောချင်တဲ့ အဓိကအကြောင်းအရင်းက ဗမာလိုဟာ အင်္ဂလိပ်လိုနဲ့ စာရင် သိပ်ကိုခက်ခဲတယ် ဒါက ပထမအချက် ဖြစ်တယ်" လို့ ဆိုတယ်။ နောက်တချက်က "ဗမာလိုကို ဗမာလိုတကယ်တတ်တဲ့ ဗမာတွေနဲ့ ပြောမှဖြစ်တယ် ဒါပေမဲ့ ဗမာလူကြီးတွေဟာ သိပ်ကိုရိုင်းတယ်၊ ကလေးတွေ စကားပြောလို့ မပီရင် (သို့) မှားနေရင် မပြင်ပေးတဲ့အပြင် သူတို့ ပြောတဲ့အတိုင်း ပုံစံတူ လိုက်ပြောပြီး တဟီးဟီး တဟားဟားနဲ့ ရယ်ကြတယ်။ ဒါဟာ သိပ်ရိုင်းတဲ့ အပြုအမူဖြစ်ပြီး သားတို့ကို နောက်ထပ် ဗမာလို ထပ်မပြောချင်လောက်အောင် အရှက်ရစေတယ်" လို့ ပြောပြတယ်။ ဒါဟာ သူတယောက်တည်းရဲ့ သဘောထား မဟုတ်ဘူး ကလေးအတော်များများရဲ့ သဘောထား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဖြစ်နိုင်ပါတယ်၊ တခြားကလေးတွေက သူတို့မိဘနဲ့ သူတို့ကြားမှာ သားနဲ့ ကျွန်မလောက် ရင်းနှီးပွင့်လင်းမှု မရှိတဲ့အတွက် သူတို့စိတ်ထဲမှာ ဒီလိုရှိနေတယ်ဆိုတာ မိဘကို ဘယ်တော့မှ ပြောမယ် မထင်ဘူး။ မြန်မာလူကြီးတွေက ရိုင်းတယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး သူတို့ထင်တဲ့ အချက်အလက်တွေက ကျွန်မတို့ လူကြီးတွေအတွက် ဘာမှမဟုတ် ပျော်သည်ပျက်သည်ပြောတာ ဖြစ်ပေမဲ့ ဒီနိုင်ငံမှာ ကြီးတဲ့သူတို့ကလေးတွေအတွက် တကယ်ကို ဆင်ခြင်သင့်တာကို ကျွန်မသတိထားမိပါတယ်။

သူတို့ ရိုင်းတယ်ထင်တဲ့ အချက်အဲတွေကတော့ ကျွန်မတို့အချင်းချင်း တွေ့ကြရင် အဖြူတွေလို ဖက်လဲတကင်း နှုတ်ဆက်ပြီး ကောင်းတဲ့အချက်တွေကို ရှာပြီး ချီးကျူးတာမျိုး မဟုတ်ဘဲ ၀မ်းသာအားရနဲ့ ဟေး.. နေကောင်းလား မင်းပိန်ပြီး မဲသွားလိုက်တာ ကုလား/ကုလားမပုံပေါက်နေတာပဲ၊ ၀နေတဲ့သူဆိုရင်လည်း ဗိုက်ကြီးက တွဲနေတာပဲ ဘီယာလား ကလေးလား ဘယ်နှစ်လ ရှိပြီလဲ ဘယ်တော့မွေးမလဲ၊ ဆံပင်တွေဖြူလာလိုက်တာ တော်တော် အရွယ်ကျသွားတယ်နော့် အိုပြီးကိုး စသည်ဖြင့် လူကြီးတွေက တယောက်နဲ့တယောက် ရင်းရင်းနှီးနှီးစနှောက်ပြီး နှုတ်ဆက်ကြတာကို သူတို့မျက်စိနဲ့ နားမှာ အားနည်းချက်တွေကိုမှ ရှာပြီး ရီစလုပ်ရတယ်ဆိုပြီး သိပ်ကိုရိုင်းတယ်ဆိုတာ သားပြောမှ ကျွန်မသတိထားမိတယ်။ ကျွန်မတို့အတွက်တော့ တယောက်နဲ့တယောက် ရင်းနှီးလို့ ပြောတာ ဘာမှမခံစားရပေမဲ့ သူတို့စိတ်ထဲမှာတော့ လူတယောက်ရဲ့ အားနည်းချက်ကို ကြည့်ပြီး အပျော်လုပ်ကြတာဟာ အဲဒီအလုပ်ခံရတဲ့သူကို စိတ်ဓါတ်ရေးရာအရ သိမ်ငယ်စေလို့ Bully လုပ်ခြင်းဖြစ်တယ်၊ အဲလို Bully လုပ်ပြီး ပျော်ကြတာကို ဘယ်လိုမှ ခံစားနားလည်လို့ ရမှာမဟုတ်ဘူး။

အတွေ့အကြုံတခုကို ဥပမာပေးရရင် ခရစ်စမတ်တုန်းက ကမ်းခြေမှာ ရေသွားကူးကြတော့ ကျွန်မတို့မိတ်ဆွေထဲက အသားခပ်ညိုညို သားသူငယ်ချင်း ကလေးတယောက်က ရေကူးတာ Sun cream လုံလောက်အောင် လိမ်းခဲ့ပုံမရဘူး ရေထဲမှာ အကြာကြီးနေပြီး အပေါ်တက်လာတော့ မဲတူးနေတာကို လူကြီးတွေက ၀ိုင်းရယ်ပြီးတော့ မင်းကကုလားလား၊ ကပ္ပလီလားနဲ့ လိုက်စကြတယ်။ ပြီးတော့ မိတ်ဆွေတယောက်ကလည်း သူ့အမေကို နင်ဆေးရှုံမှာ ဒီကောင်ကိုမွေးတုန်းက ကပ္ပလီကလေးနဲ့ မှားပြီးပါလာလားမှ မသိတာလို့ စလိုက်တော့ သူ့အမေအပါအ၀င် လူကြီးတွေက ဒါကို သဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ဟားတိုက်ပြီး အကုန်ရယ်ကြတယ်။ ကလေးတွေကတော့ တယောက်မှ မရီတာ ကျွန်မသတိထားမိလိုက်တယ်။

အိမ်ပြန်ရောက်ပြီး နောက်ပိုင်း သားသားနဲ့ ကျွန်မနဲ့ ဒီအကြောင်း စကားစပ်မိတော့ ကမ်းခြေမှာတုန်းက အဲဒီကလေးကို bully လုပ်တာတင်မကဘူး သူများလူမျိုးတွေဖြစ်တဲ့ ကုလားတွေ၊ ကပ္ပလီတွေကိုပါ သွားပြီး ထိခိုက်စေတယ်လို့ သားက မကျေမနပ်နဲ့ ပြောနေတယ်။ ပြီးတော့ ဗမာလူမျိုးတွေလောက် လူသားအချင်းချင်းခွဲခြားတတ်တာ ကမ္ဘာာမှာ မြန်မာလူမျိုးပဲ ရှိမယ်ထင်လို့ ပြောပြီး မြန်မာလူကြီးတွေဟာ လူကြီးအချင်းချင်းတွေ့ရင်လည်း တယောက်ကိုတယောက် အားနည်းချက်ကို ရှာပြီး Bully လုပ်ကြတယ်။ ကလေးတွေ ဗမာလို ပြောတာ စကားပြောမပီရင်လည်း ရီစရာမဟုတ်တာကို ရယ်စရာလုပ်တယ်၊ ကလေးတွေကို ငိုအောင် လိုက်စပြီး ကလေးတွေငိုရင်လည်း ဟားတိုက်ပြီး ရယ်စရာ လုပ်ကြတယ်၊ တခြားလူမျိုးတွေကိုလည်း လူသားအချင်းချင်းလည်း ထိခိုက်စော်ကားပြီး သိပ်ခွဲခြားတတ်တယ် ဘယ်လိုမှ နားလည်လို့ကို မရဘူးလို့ ပြောတယ်။ မြန်မာလူမျိုးတွေမှာ ကောင်းတဲ့အတုယူစရာဆိုလို့ ဘုန်းကြီးကျောင်းသွားတာနဲ့ အလှူအတန်း ရက်ရောတာပဲ တွေ့တယ် ကျန်တဲ့အတူယူစရာ ကောင်းတဲ့အချက်ဆိုလို့ မြန်မာလူမျိုးတွေမှာ သူဘာမှမတွေ့ကြောင်းလည်း ပြောလိုက်တယ်။ ဒါဟာ သူ့တယောက်တည်းရဲ့ သဘောထားမဟုတ် ကလေးတော်တော်များများက ဒီလိုပဲခံစားရပြီး သူတို့မိဘတွေကို မပြောပြရဲလို့ (သို့) ပြောလို့ အကျိုးမရှိဘူး ထင်လို့သာ မပြောကြောင်း သားက ကျွန်မကို ပြောပြပါတယ်။

ကျွန်မလည်း ကလေးတွေကို လုပ်တဲ့အပြုအမူတွေ ဖြစ်တဲ့ စကားမပီရင် ရယ်တာ၊ လိုက်စပြီး ရယ်တာနဲ့ ကုလားလိုပဲ ကပ္ပလီလိုပဲလို့ ကလေးတွေကို ပြောတာတွေနဲ့ ပတ်သက်ပြီး အဲဒါကိုတော့ ရိုင်းတယ်ဆိုတာ ကျွန်မလက်ခံပေးလိုက်တယ်။ ကလေးစကားမပီလို့ ရီတာဟာ ကျွန်မတို့အတွက် ရည်ရွယ်ချက် မပါပေမဲ့ တဘက်သားကို ခံစားမှု ဖြစ်စေတာ အမှန်ပဲ။ ဒါပေမဲ့ လူကြီးအချင်းချင်း တယောက်နဲ့တယောက် ခင်မင်ရင်းနှီးလို့ ပိန်တာ၊ ၀တာ အရွယ်ကျလာတာကို ပြောကြတာကတော့ တစိမ်းတွေကို ဘယ်တော့မှ မပြောဘဲ တယောက်နဲ့တယောက် အင်မတန်ကို ခင်မင်ရင်းနှီးမှသာ ပြောကြတာ ဖြစ်တဲ့အတွက် ဒါကိုရိုင်းတယ်လို့ ပြောလို့မရကြောင်း သားကိုရော သားသူငယ်ချင်းတွကိုပါ ကျွန်မ ရှင်းပြလိုက်ပါတယ်။ ကာရကံရှင် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဒါဟာ အားနည်းချက်ကို အခွင့်ကောင်းယူတာ ဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့အပြုအမူတခု မဟုတ်ဘူးလို့ပဲ သူတို့သဘောထားကြတယ်။

မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ အပေးအကမ်းလှူဒါန်း ရက်ရောတဲ့အပြေင် ကြီးသူရိုသေ၊ ငယ်သူသနား ရွယ်သူလေးစားတယ်။ အကြင်နာတရား ရှိတယ်စသည်ဖြင့် အတုယူစရာအဖြစ် ကောင်းတဲ့အချက်လေးတွေ ပြောပြတော့ ကြီးသူရိုသေတာပဲ သူတို့လက်ခံပေမဲ့ ကျန်တာကိုတော့ သူတို့လက်မခံဘူး။ ကြီးသူကိုရိုသေတာ တခုတော့ သက်ကြီးပူဇော်ပွဲတို့ နှစ်စဉ်လုပ်ပြီး အသက်ကြီးသူတွေကို တလေးတစား ဆက်ဆံတာ သူအမြဲတွေ့နေရလို့ သူကိုသက်သေပြလို့ရသွားတယ်။ အကြင်နာတရား ရှိတယ်ဆိုတာလည်း မြန်မာရုပ်ရှင်တွေထဲမှာ အမြဲတမ်း ဒေါသထွက်ကြ၊ ရန်ဖြစ်ကြတာ မကြာခဏတွေ့ရလို့ အကြင်နာတရားမှာ တခြားလူမျိုးတွေထက်တောင် နည်းသေးတယ်လို့ ထင်နေကြတယ်။

နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကျွန်မတို့သားသမီးတွေ ကိုယ့်ယဉ်ကျေးမှုကိုကိုယ် နားလည်ဖို့ဆိုတာ မိဘတွေမှာပဲ အများဆုံး တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျင့်သုံးဖို့ကိုကျတော့ အတင်းလုပ်လို့ရတဲ့အရာ မဟုတ်တဲ့အတွက် သူစိတ်ဝင်စားပြီး လက်ခံသဘောကျ ဆန္ဒရှိမှသာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်ပုံဟာ ကျွန်မတို့နိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်တာနဲ့ မတူသလို ဒီကကလေးတွေရဲ့ အခွင့်အရေးကလည်း မြန်မာနိုင်ငံက ကလေးတွေရဲ့ အခွင့်အရေးနဲ့ မတူပါဘူး။ ဒါကြောင့် မိဘပြောတာကို သူတို့လက်ခံဖို့ဆိုတာကလည်း လူကြီးတွေကိုယ်တိုင်က သူတို့ရဲ့ခံစားမှုကို နားလည်ဖို့ လိုအပ်ပါတယ်။ ဇီဝသိပ္ပံအရ သက်ရှိသတ္တ၀ါတိုင်းက သဘာဝ (Natural Selection) အရ သူရှင်သန်တဲ့ပတ်ဝန်းကျင်မှာသူနဲ့ Adaptation (လိုက်လျောညီထွေမှု) အံဝင်ခွင်ကျ ရှိပြီးသား ဖြစ်နေပါတယ်။ သူရှင်သန်တဲ့ ပတ်ဝန်းကျင်က မဟုတ်တဲ့ အလေ့အထတခုကို မိတ်ဆက်ချင်ရင် သူ့သဘာဝနဲ့ ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် အထူး ပြုပြင်စီမံပြီး လုပ်ယူမှရပါတယ်။ ဒါကို Artificial Selection လို့ခေါ်ပါတယ်။

ကျွန်မတို့သားသမီးတွေအတွက် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အလေ့အထက ဒီအတိုင်း သဘာဝအလျှောက် အလိုလျှောက် မဖြစ်နိုင်တော့ဘူး။ သဘာဝကို လွန်ဆန်ပြီး လုပ်ယူ သွတ်သွင်းယူမှရတဲ့ Artificial Selection ဖြစ်သွားပြီ။ ဒီလို လုပ်ရာမှာလည်း သဘာဝလျောက် ပူတဲ့ရာသီဥတုကို Artificial Selection ဖြစ်တဲ့ Aircon နဲ့ အေးအောင် လုပ်ရင် တချို့က နှာစေးအအေးမိသွားတတ်သူ ရှိသလိုမျိုးပဲ Artificial Selection ကို လက်ခံနိုင်စွမ်းမရှိတဲ့ ကလေးတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အမွေအနစ်ကို ကျွန်မတို့ သွတ်သွင်းနိုင်မှုနဲ့ သူတို့ လက်ခံနိုင်မှု နှစ်ခုစလုံးအပေါ် မူတည်ပြီးပဲ ကျွန်မတို့ရဲ့ အမွေအနစ် သူတို့ဆီမှာ လက်ဆက်ကမ်း ကျန်မှာဖြစ်တယ်။ လက်မခံနိုင်ရင်လည်း ဒါဟာ အပြစ်တင်စရာလည်းမဟုတ်ဘူး ၀မ်းနည်းစရာလည်း မဟုတ်ဘူး ဒါဟာ သဘာဝကို လွန်ဆန်သွားတာမဟုတ် သူကြီးပြင်းတဲ့ပတ်ဝန်းကျင်ရဲ့ သဘာဝတိုင်းသာ ဖြစ်တဲ့အတွက် ကျွန်မတို့က လက်ခံပေးရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ကျွန်မသားလေးကို ကျွန်မ ဒီလိုလုပ်ပါလို့ လမ်းပဲလမ်းညွန်ပါတယ် အတင်းဘယ်တော့မှ မလုပ်ခိုင်းဘူး။ အခု အထက်တန်းစတက်တဲ့အချိန်မှာ တခြားကလေးတွေ သူတို့ဘာသာစကားကို ကောင်းစွာပြောတတ်တာကို ကြည့်ပြီး သားက ဗမာလို ပြန်ပြောလာတာကို တွေ့ရပါတယ်။ သူတို့ မူလတန်းတုန်းကရော အခုအထက်တန်းစတက်ချိန်မှာပါ Culture Diversity ဆိုတာကို သင်ရပြီး Culture တခုမှာ ဘာသာစကားနဲ့ အလေ့အထ ထုံးတမ်းအစဉ်အလာတွေ ပျောက်ရင် Natural Selection ရဲ့ Convergent Evolution Process အတိုင်း လူမျိုးဆိုတာလည်း တခြားလူမျိုးတွေကြားမှာ တိမ်ကော ပျောက်ပျက်သွားနိုင်တယ်ဆိုတာ သဘောပေါက်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သားစကားပြောရင် ပုံတူလိုက်တုပြီး သူ့ကိုအမြဲတမ်း ရီတတ်တဲ့ သူ့အဖေကို သားဗမာလိုပြောလို့ အသံဝဲရင် ဗမာပီပီ မရီနဲ့နော့်လို့ သတိပေးထားရတယ်။ သူဗမာလို ပြန်ပြောအောင် ကျွန်မအတင်းတိုက်တွန်းတာ မဟုတ်ဘူး။ Multi-cultural ပတ်ဝန်းကျင်မှာ မိမိ Culture ကို မျိုးဆက်တိုင်းက ထိန်းသိမ်းရမယ်ဆိုတဲ့ အသိနဲ့ သူ့ဖါသာသူ ဗမာလို ပြန်ပြောတာ ဖြစ်တယ်။

တကယ်တော့ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေဆိုတာ အခြေအနေ၊ အချိန်အခါ ကာလံဒေသံ အရသာ ဖြစ်ပြီး ဒါကို ကျွန်မတို့ လွန်ဆန်လို့မရ၊ မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါကြောင့်လည်းပဲ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့ မြန်မာစကားပုံနဲ့ ရောမရောက်ရောမ ဆိုတဲ့ နိုင်ငံခြား စကားပုံတွေ ပေါ်လာတယ် မဟုတ်လား။ နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာကလေးတွေ မြန်မာလို အားမသန်တာ မြန်မာအမှုအမူ နည်းတာဟာ သူတို့ဘာမှ မမှားပါဘူး မိခင်ဘာသာစကားကို အထင်သေးလို့လည်း မဟုတ်ဘူး ဒီပတ်ဝန်းကျင်မှာ ကြီးတဲ့ ကလေးတွေအတွက် ဒါဟာ ပုံမှန်သာဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။