Blogger Widgets

Monday, October 22, 2012

မြန်မာပြည်အပြောင်းအလဲ

မြန် မာ ပြည် ပြောင်း လဲ နေ သည် မှာ ခ ရို နီ များ အ တွက် မ ပါ ပါ။ ခ ရို နီ များ ကို ၂၀၀၈ နာ ဂစ် ဥ ပ ဒေ က အ ကာ အ ကွယ် ပေး နေ သ လို၊ ဦး သိန်း စိန် အ စိုး ရ မှ လဲ ထိ ရန် မ ဆို ထား နှင့် ပြော ပင် မ ပြော ရဲ ပါ ကြောင်း သ မ္မ တ သ တင်း စာ ရှင်း လင်း ပွဲ တွင် Hard talk ကဲ့ သို့ ခက် ခဲ သော မေး မြန်း မှု ကို ဖြေ ဆို နိုင် ပါ သော လည်း မြေ ယာ သိမ်း မှု ကို မ ဖြေ ကြား နိုင် ခြင်း သည် မြန် မာ နိုင် ငံ ၏ စစ် မှန် သော အ ပြောင်း အ လဲ ၏ ပုံ ရိပ် ပင် ဖြစ် ပါ သည်။

Sunday, October 21, 2012

စောလွန်းသလား

 
  • အ မေ ရိ ကန် မြန် မာ စစ် တပ် ကို စစ် ဆင် ရေး လေ့ ကျင့် ခန်း ကို တက် ရာက် ဖို့ ထောက် ခံ တဲ့ လိုက် လျှော မှု ဟာ စော လွန်း သ လား လို့ စဉ်း စား စ ရာ ပါ။
  • ဦး သိန်း စိန် ဟာ အ ခု အ ပြောင်း လဲ ဟာ လွန် ခဲ့ တဲ့ အ နှစ် ၂၀ က စ ခဲ့ တယ် ဆို တဲ့ စ ကား နဲ့ အ ခု လက် ရှိ အ စိုး ရ ဟာ အ ရင် စစ် အ ဏာ ရှင် တွေ နဲ့ တ ဆက် တ စပ် တည်း ဖြစ် တယ် ဆို တာ ကို အ မေ ရိ ကန် ခ ရီး စဉ် မှာ ပြော ခဲ့ ပါ တယ်။
  • အဲ ဒီ လို ပြော ခဲ့ ပေ မဲ့ မှား ခဲ့ တာ တွေ အ တွက် တောင်း ပန် မှာ လား လို့ မေး တဲ့ အ ခါ မှာ ကျ တော့ အ ရင် အ စိုး ရ ကို တာ ၀န် ဖို့ ငြင်း ဆန် ခဲ့ ပါ တယ်။ ဒါ ဟာ အ ပြောင်း အ လဲ ကို ရိုး သား စွာ လုပ် နေ ပါ တယ် ဆို တာ ကို သံ သ ယ ဖြစ် စေ ပါ တယ်။
  • အ ဆိုး ဆုံး က တော့ အ ခု လက် ရှိ မီ ဒီ ယာ တွေ ကို ပြော ကြား တဲ့ နောက် ကြောင်း ပြန် မ လှည့် ဖို့ ဆို တာ ပြည် သူ တွေ အ ပေါ် မှာ မူ တည် နေ ပါ တယ် ဆို တာ ၆၂ နဲ့ ၈၈ ကာ လ တုန်း က နိုင် ငံ တော ချောက် ထဲ မ ကြ ဖို့ တပ် မ တော် က ကယ် တင် တဲ့ အ နေ နဲ့ အာ ဏာ သိမ်း ရ ပါ တယ် ဆို တဲ့ တပ် မ တော် ရဲ့ ဘန်း ပြ စ ကား ကို အ တိ အ ကျ ရည် ညွန်း နေ သ လို ပါ ပဲ။
  • ဒါ ပေ မဲ့ အ မေ ရိ ကန် အ စိုး ရ က သိန်း စိန် အ စိုး ရ ကို အ ခု အ ထိ လိုက် လျှော နေ တဲ့ နောက် ကွယ် မှာ ကျွန် တော် တို့ မ သိ နိုင် တဲ့ နိုင် ငံ ရေး ဗျူ ဟာ တ ခု ခု ရှိ ပါ လိမ့် မယ်။ အ မေ ရိ ကန် အ စိုး ရ ဟာ တ ခု ခု လုပ် မယ် ဆို ရင် တော့ စ နစ် တ ကျ စီ စဉ် ပြီး မှ လုပ် တတ် ပါ တယ်။ ဒီ လို လိုက် လျှော တယ် ဆို တာ သိန်း စိန် အ စိုး ရ နဲ့ မြန် မာ့ တပ် မ တော် နောက် ကြောင်း ပြန် မ လှည့် အောင် မက် လုံး ပေး တဲ့ နည်း နဲ့ ဖိ အား ပေး တာ ဖြစ် နိုင် ပါ တယ်။ 
  • အဲ ဒီ လိုက် လျှော မှု နောက် ကွယ် မှာ ရှိ နေ တဲ့ အ မေ ရိ ကန် အ စိုး ရ ရဲ့ ကူ ညီ ရင် ထိ ထိ ရောက် ရောက် ကူ ညီ သ လို အ ပြစ် ဒဏ် ပေး ရင် လဲ ဘယ် သူ မျက် နှာ မှ မ ကြည့် တတ် တာ ကို လက် ရှိ အ မေ ရိ ကန် တင် နွဲ နေ တဲ့ နိုင် ငံ တ ကာ စစ် ပွဲ တွေ ကို န မူ နာ ကို သိန်း စိန် အ စိုး ကြည့် ထား ဖို့ နဲ့ သိ ထား ဖို့ လို ပါ လိမ့် မယ်။
  • သိန်း စိန် အ စိုး ရ အ နေ နဲ့ နောက် ပြန် လှည့် မယ် ဆို ရင် စစ် အ စိုး ရ ရဲ့ အ ဘ ဖြစ် တဲ့ ဦး နေ ၀င်း စ ကား ကို အ ငှား သုံး ပါ ရ စေ၊ " နောက် တ ခါ ဆူ ဆူ ပူ ပူ လုပ် လာ လို့ က တော့ တပ် မ တော် ဆို တာ ပစ် ရင် မိုး ပေါ် ထောင် မ ပစ် ဘူး တည့် တည့် ပစ် တယ်"ၟ ဆို တဲ့ စ ကား ဟာ သိန်း စိန် အ စိုး ရ အ တွက် ဖြစ် လာ ပါ လိမ့် မယ်။

Miss International 2012 တိုက်ရိုက်ထုတ်လွင့်မှု

Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ်။ password တောင်းရင်၊ အပေါ်ညာဖက်တောင့်က Go Live ကို နှိပ်ပါ၊ မှတ်ပုံတင်ခိုင်းရင် facebook အကောင့်နဲ့ဝင်ပါ။ ပြသချိန် မြန်မာ စံတော်ချိန် နေ့လည် ၂ နာရီခွဲမှ ညနေ ၆ နာရီ

http://www.ustream.tv/channel/miss-international-okinawa-2012

Jade Land Facebook

ဆူးစူး လျှင် အပ် နှင့် ထွင် သည်. . .အသင် ဘာပြော ချင် သနည်း....

မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာနေတဲ့ “မင်း”က မြို့ပေါ်က စာသင်ကျောင်းထဲမှာ “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးထားတဲ့ သင်ခန်းစာတွေ ကို တွင်တွင်ကျက်ရင်း လူလားမြောက်လာတဲ့အချိ
န်မှာပဲ
မျက်စိရှေ့မှာပဲ ကိုယ့်အမ ကို မုဒိန်းကျင့် သတ်ဖြတ်တာကို မြင်ခဲ့ရတဲ့
မျက်စိရှေ့မှာပဲ အဖေနဲ့ ဦးလေးတို့ ပေါ်တာဆွဲရင်း အသတ်ခံခဲ့ရတဲ့
မျက်စိရှေ့မှာပဲ ကိုယ့်အမေတွေ၊ အဒေါ်တွေပိုင်ဆိုင်တဲ့ ကျွဲနွားကြက်ဝက်တွေကို
လုယက်သတ်ဖြတ်စားသုံးကြတာကို မြင်ခဲ့ရတဲ့
လူငယ်လေးတွေက မင်း တို့ပြောတဲ့ “ပြည်ထောင်စု” ကို မယုံတာ အပြစ်မတင်ပါနဲ့. ၊

“တော်လှန်ရေး” ဆိုတဲ့ စကား ထက် လက်တွေ့ကျတဲ့ စကားလုံး သူတို့မှာ မရှိဘူး။
မင်း ရဲ့ ရူးကြောင် မူးကြောင် နိုင်ငံရေး သီအိုရီတွေနဲ့
“ဆရာကြီး” လုပ်ပြီး အမျိုးမျိုး နိုင်ငံရေးတရားဟော နေတာတွေ ကို သူတို့နားခါးလှ တာ
နှစ် ၅၀ ကျော် ခဲ့ပြီ ဆိုတာ မမေ့နဲ့။

မင်း ဘာ လက်တွေ့ လုပ်မလဲ. . . .
မှတ်ထား. . .

Saturday, October 20, 2012

KIC news

KWAG ဒါရိုက်တာ သြစတြေးလျား ခရီးစဉ် ပြီးဆုံး

Submitted by on Saturday, 20 October 2012--
အောက်တိုဘာ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)

အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏ ဖိတ်ကြားမှုဖြင့် သြစတြေးလျားနိုင်ငံ သို့ အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့သော ကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG) ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။

ခရီးစဉ်အတွင်း သူမသည် သြစတြေးလျားနိုင်ငံရှိ Sydney၊ Perth နှင့် Melbourne မြို့တို့တွင် ကရင်လူမှုအဖွဲ့ အစည်းများ၊ ကရင်လူငယ်များ၊ NGO အဖွဲ့အစည်းများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများအား လိုက်လံတွေ့ဆုံ ကာ ပြည်တွင်းကရင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို ရှင်းလင်းခဲ့ပြီးနောက် ခရီးစဉ် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
KWAG နော်စူစဲန်နာလှလှစိုးက “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် မှုဒိန်းမှု၊ မတရားပြုကျင့်ခံရမှု ဆက် လက်ရှိနေပြီး ငွေဖြင့် ပိတ်ပင်တာတွေကြောင့် အမှုလိုက်တဲ့အခါ အဖြစ်မှန် ပေါ်ပေါက်လျှက်နဲ့ အမှုရှုံးနှင့်သာ ရင်ဆိုင်ရတာ

Sunday, October 14, 2012

ဝမ်း နည်း မှတ် တမ်း လွှာ

K N U ဗ ဟို အ လုပ် အ မှု ဆောင် စော ဒေး ဗစ် ထော ကွယ် လွန် သည့် အ တွက် ပ ထီး ပ ကော် မှ မိ သား စု နှင့် အ တူ ထပ် တူ ထပ် မျှ ၀မ်း နည်း ပါ သည်။ က ရင် အ မျိုး သား ရေး အ တွက် ကွယ် လွန် သည့် အ ထိ တာ ၀န် ကျေ ပွန် စွာ ထမ်း ဆောင် သည့် သွား သည့် အ တွက် လေး စား ဂုဏ် ပြု အပ် ပါ သည်။

Talk Show

ပြည် တော် ပြန် ချင် သူ များ အ ပေါ် အ မြင် မှား သူ တွေ၊ A B S D F မြောက် ပိုင်း ကိ စ္စ တွေ ကို ပုံ ကြီး ချဲ့ သူ တွေ ကြည် ရှု သင့် ပါ တယ်။ 
ပြည် တော် ပြန် ချင် သူ များ ကို ပြည် တွင်း က သူ တွေ က နေ ရာ ပြောက် မှာ စိုး လို့ လှိုက် လှိုက် လှဲ လှဲ မ ကြို ဆို ချင် ကြ ပါ ဘူး။ အ မှန် က တော့ သူ နေ ရာ နဲ့ သူ ပါ။ ပေး ဆပ် ရ တာ ခြင်း အ တူ တူ ပါ။ မြောက် ပိုင်း ကိ စ္စ က ငြင်း လို့ မ ရ တဲ့ သက် သေ ပါ။ အ ထဲ မှာ ကျန် ခဲ့ တဲ့ သူ တွေ ရင်း နှီး ရ ပေး ဆပ် ရ တာ ရှိ သ လို၊ အ ပြင် ထွက် ခဲ့ တဲ့ သူ တွေ လဲ ပေး ဆပ် ရ တာ ပါ ပဲ။ မ ရင့် ကျက် တဲ့ အ ရွယ် မှာ လက် နက် ကိုင် ခဲ့ ရ ကြ တာ ရယ်၊ အာ ဏာ ရှင် ရဲ့ မှိုင်း တိုက် ၀ါ ဒ အောက် မှ နှစ် ပေါင်း မြောက် များ စွာ နေ ခဲ့ ရ တဲ့ အ တွက် အ တွေး အ ခေါ် မ ရင့် ကျက် တော့ မှား ကြ တာ ပေါ့။ ဒီ အ မှား ကို ခွင့် လွှတ် ဖို့ မ ဆို လို ပါ ဘူး။ ဒါ ပေ မဲ့ ဒီ လောက် ပုံ ကြီး မ ချဲ့ ကြ ဖို့ ပါ။ နောက် ပြီး သုံး ခြောင်း ထောက် မယ် လို့ ဆုံး ဖြတ် ခဲ့ ကြ တဲ့ ၈၈ ကျောင်း သား ထု အား လုံး လဲ တာ ၀န် ၀ိုင်း ယူ ကြ ဖို့ လို တယ် လို့ ယူ ဆ ပါ တယ်။ ကျောင်း သား တွေ ကျူး လွန် ခဲ့ တဲ့ မြောက် ပိုင်း အ ရေး အ ခင်း ကို ရေး ကြီး ခွင် ကျယ် လုပ် သ လို ဘာ လို့ ဒီ ပဲ ရင်း အ ရေး အ ခင်း ကို နှုတ် ဆိတ် ကြ ပါ လိမ့်။ ယ ခင် က ရင် ပြည် နယ် မှာ ယ ခု က ချင် ပြ နယ် မှာ ဖြစ် ပွါး နေ တဲ့ မ တ ရား သတ် ဖြတ် မှု တွေ ကို ကော် နှုတ် ဆိတ် တိတ် နေ ကြ ပါ လား။

Saturday, October 13, 2012

Irrawaddy news

ကွယ် လွန် တာ မ ဟုတ် အ သည်း အ သန် ဖြစ် ပြီး ဆေး ရုံး တက် နေ ရ တာ ဖြစ် တယ် လို့ သ တင်း ရ။

KNU ခေါင်းဆောင်တဦး ရန်ကုန်မှာ ကွယ်လွန်

~


ပြည်တော်မြင့် ~
ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထော ဒီနေ့ မွန်းလွဲပိုင်း မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ  ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၀ ၀န်းကျင် ရှိပါပြီ။

ပဒိုဒေးဗစ်ထောဟာ  KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါတယ်။

သူနဲ့ တခြား ခေါင်းဆောင် နှစ်ဦးကို ရာထူးက ရပ်စဲကြောင်း KNU ရဲ့ ကြေညာချက် မကြာသေးခင်က ပေါ်ထွက်လာပါသေးတယ်။ ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး KNU မှာ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်အပြီး အဲဒီ ကြေညာချက် ထွက်ပေါ်ခဲ့တာပါ။ ဒီသဘောထားကွဲပြားမှုတွေကို ပြေလည်အောင် တိုင်ပင်ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။

ဧရာဝတီမှာ ထည့်သွင်းခဲ့တဲ့ အင်တာဗျူးတခုကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
၂၀၀၉ ခုနှစ် မတ်လက တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Wednesday, October 10, 2012

KNU အထွေထွေအတွင်းရေးမှုးထုတ်ပြန်ချက်


DVB news

Norwegian peace fund initiative temporarily suspended

By HANNA HINDSTROM
Published: 10 October 2012
Myanmar government's peace negotiator, Minister of Rail Transport Min talks as General Saipo from KNU looks on during news conference after signing ceasefire agreement in Hotel Zwekabin in Pa-an
Government peace negotiator Aung Min (L) talks as General Mutu Say Poe from the Karen National Union (KNU) looks on during a news conference after signing a ceasefire agreement in Hpa-an, Karen state on 12 January 2012. (Reuters)
The Norwegian government has vowed to temporarily suspend its peace fund initiative for Burma’s border regions until the leadership of the Karen National Union (KNU) resolves their political differences.
The move follows news of a serious rift in the senior ranks of the KNU over how to approach ceasefire negotiations with the government, resulting in the dismissal of three senior leaders last week.
“We are actually going to step back for a while in

Irrawaddy news

သတင်း

KNU ခေါင်းဆောင်များ ပြန်လည်စည်းလုံးရန် ကြိုးပမ်းနေ

Hits: 429
If you see this message, it means that your browser doesn't support frames or they are disabled.

ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
ကရင် အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အချင်းချင်း ပြန်လည်စည်းလုံး ညီညွတ်မှုရရှိရန် ယခုရက်ပိုင်း တွင် ကြိုးပမ်း နေကြသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး KNU ခေါင်းဆောင်များကြား သဘောထား အမြင် ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီ အပေါ်မှာ ဗိုလ်ချုပ် မူတူးစေးဖိုးကတော့ ပြီးခဲ့တာတွေကို သင်ပုန်းချေကြပြီးတော့ ညီညီညာညာ ဆက်လက် ချီတက်သွား ကြ စို့ ဆိုတဲ့ခံယူချက် ရှိတယ်”ဟု KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် KNU ဗဟို အဖွဲ့တို့ ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
KNLA တပ်မဟာ ၅ နယ်စပ်တနေရာတွင် မကြာခင်ရက်ပိုင်း၌ KNUအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားပြီး တပ်မဟာ ၅ ၊ တပ်မဟာ ၃ ခေါင်းဆောင်များ အပါအ၀င် ထားဝယ်ခရိုင် ဥက္ကဌ ဖဒို ကွယ်ထူးဝင်း နှင့် ဗိုလ်မှူး တူးတူးလေးတို့လည်း သွားရောက် မည် ဖြစ်ကြောင်း သိရသည်။


Tuesday, October 9, 2012

The voice news

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ထုတ်ပယ်ခဲ့သော
ကရင် အမျိုးသား တပ်မတော်(KNLA ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
မူးတူးစေးဖိုး ဦးဆောင်သော အဖွဲ့ အများပြည်သူရှေ့ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ လ ၁၃ ရက်နေ့တွင် မြ၀တီမြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင် က The Voice Weekly သို့ ပြောကြားသည်။

“ ကေအမ်ယူ ခေါင်းဆောင်ပိုင်း နိုင်ငံရေး အရ သဘောထား ကွဲလွဲကြတဲ့ အကြောင်း ရှင်းပြမယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက်
ဆက်လက် လုပ်ဆောင်သွားမယ့် အကြောင်း ပြည်သူတွေရှေ့မှာ ရှင်းပြမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

အ ပြော နဲ့ အ လုပ်

အ ပြော နဲ့ အ လုပ် တ ခြား စီ ပဲ ဆို တဲ့ စ ကား ရှိ ပါ တယ်။ များ သော အား ဖြစ် အ ပြော ကောင်း ပြီး အ လုပ် က ချာ တဲ့ အ ခါ မှာ သုံး ကြ တာ များ ပါ တယ်။ ဒါ ပေ မဲ့ မြန် မာ နိုင် ငံ တော် သ မ တ္တ ဦး သိန်း စိန် အ ပြော က ချာ ပြီး အ လုပ် က တော့ အ ခု ထိ တော့ ကောင်း နေ သေး တယ်။ ဒါ ပေ မဲ့ ပြော တဲ့ အ တိုင်း ပဲ နောက် ဆုံး မှာ ပဲ ကောင်း ခဲ့ သ မျှ ကို အ ကုန် ရိုက် သိမ်း ဖြို ဖျက် ပစ် မ လား တော့ မ သိ ပါ ဘူး။
ဘာ လီ ကျွန်း မှာ ပြော ခဲ့ တာ နဲ့ အ မေ ရိ ကန် ခ ရီး စဉ် က စ ကား တ ချို့ ကို ဆို လို ပါ တယ်။ ဒီ စ ကား တွေ ထဲ မှာ ဦး သိန် စိန် ရဲ့ ပုံ ရိပ် အ မှန် ကို ပြ နေ ပါ တယ်။ ဒါ ပေ မဲ့ အ ခု ထိ လုပ် နေ တာ တွေ ကောင်း နေ တာ ဟာ အ ကြံ ပေး တွေ ကြောင့် လား ဒါ မှ မ ဟုတ် တ စုံ တ ခု ကို သေ သေ ချာ ချာ စီ စဉ် ထား တာ လား တော့ မ သိ ဘူး။ ဦး သိန်း စိန် ရိုး သား စွာ နဲ့ မ သိ နား မ လည် စွာ ပြော မိ တာ လား။ စိတ် မ ပါ ပဲ စ ကား လှ အောင် မျက် နှာ မ ပျက် အောင် သံ တ မန် စ ကား မျိုး ပြော တာ လား တော့ မ သိ ပါ ဘူး။ ဦး သိန်း စိန် ကို နိုင် ငံ ကို အ မှန် တကယ်  ချစ် ပြီး စိတ် အ ရင် ခံ နဲ့ ပြု ပြင် ပြောင်း လဲ မှု လုပ် တာ ဖြစ် ဖို့ နဲ့ ဦး သန်း ရွှေ ရဲ့ လောင်း ရိပ် က နေ လွတ် စေ ချင် ပါ တယ်။ 
မြန် မာ နိုင် ငံ ပြောင်း လဲ ဖို့ အ ချိန် ရောက် နေ ပါ ပြီ။ 

Monday, October 8, 2012

အိမ် ပြန် ချင် ပါ တယ် သို့ သော်

မြန် မာ ပြည် ကို ပြန် လာ ဖို့ သိန်း စိန် အ စိုး ရ ကော အ တိုက် ခံ တွေ ကော ပ ညာ တတ် ပြည် ပ ရောက် မြန် မာ တွေ ကို က မ္ဘာ လှည့် ပြီး ခေါ် ပါ လေ ရဲ့။
ကျွန် တော် လို့ ပ ညာ တွေ အ များ ကြီး မ တတ် တဲ့ သူ ကို တော့ ဘယ် သူ မှ အ ဖက် မ လုပ် ပါ။
နောက် ပြီး ပြည် ပ မှာ U N ရဲ့ ပြန် လည် နေ ရာ ချ ထား မှု အ စီ အ စဉ် နဲ့ အ ခြေ ချ နေ ထိုင် နေ ရ တဲ့ ပ ညာ မ တတ် တဲ့ Refugees ဆို တဲ့ သူ တွေ ကို ဘယ် သူ မှ အ ဖက် မ လုပ် ကြ ပါ ပါ ကော။ ပြည် တွင်း မှာ လဲ ပြည် တွင်း စစ် ဒဏ် ကြောင့် ပ ညာ သင် ခွင့် မ ရ ပဲ တ ပြေး တည်း ပြေး ၊ ပြေး စ ရာ မြေ မ ရှိ တော့ ထိုင်း Refugees Camp မှာ ခို လှုံ၊ ထိုင်း က လဲ လက် မ ခံ လို တော့ တဲ့ အ တွက် Refugees Camps တွေ ကို ပိတ် တော့ မယ်။ တ တိ ယ နိုင် ငံ ကို မ သွား ရင် မြန် မာ ပြည် အ စိုး ရ စစ် တပ် လက် ထဲ အ တင်း ပြန် ပို့ ခံ ရ မှာ ကြောက် လို့ ပြည် ပ နိုင် ငံ ကို ထွက် ခွါ ခဲ့ ရ တဲ့ Refugees လဲ ပြန် ချင် ကြ ပါ တယ်။ 
စဉ်း စား စေ ချင် ပါ တယ်။
ပ ညာ အ များ ကြီး မ တတ် တဲ့ လူ က နိုင် ငံ ကို မ ချစ် တော့ ဘူး လို့ ထင် လို့ လား။ ဒါ မှ မ ဟုတ် ဒီ လူ တွေ ဟာ နိုင် ငံ တော် အ တွက် အ န္တ ရာယ် လို့ ပဲ ယူ ဆ လို့ ပြန် မ ခေါ် ချင် ကြ တာ လား။ ၀န် ပို တွေ ပဲ လို ယူ ဆ လို့ များ လား။
ဒု က္ခ သည် တွေ ကော အ ပြစ် မဲ့ ဓါး စား ခံ တွေ တ ပြေး ထဲ ပြေး နေ ရ တဲ့ လူ တွေ ကို ကော တိုင်း ပြည် ကို မ ချစ် လို့ စွန့် ခွါ ခဲ့ တယ် လို့ များ ယူ ဆ ခဲ့ လေ လား ပဲ။ အ စိုး ရ ကို လက် နက် ကိုင် တော် လှန် ခဲ့ တဲ့ လူ တွေ ၊ အာ ခံ ခဲ့ တဲ့ သူ တွေ ကို တောင် အ မျိုး သား ပြန် လည် သင့် မြတ် ရေး အ တွက် ပြန် ခေါ် နိုင် သေး တာ ပဲ ဒီ လို မြေ ဇာ ပင် ဖြစ် ခဲ့ ရ တဲ့ ဒု က္ခ သည် တွေ ကို ပြန် ခေါ် လက် ခံ သင့် ပါ တယ်။  တိုင်း တ ပါး မှာ ပ ညာ မ တတ် စ ကား မ တတ် နဲ့ ဘယ် လို ခက် ခက် ခဲ ခဲ ရုန်း ကန် နေ ရ တယ် ဆို တာ ကိုယ် ချင်း စာ သင့် ပါ တယ်။   
ပ ညာ အ များ ကြီး မ တတ် တဲ့ လူ ကော၊ ပ ညာ မဲ့ ဒု က္ခ သည် တွေ ကော တိုင်း ပြည် အ တွက် တ ခု ခု တော့ လုပ် နိုင် မှာ ပါ။ အ နည်း ဆုံး တော့ ပြည် ပ နိုင် ငံ မှာ ရှာ ထား တဲ့ ငွေ တွေ ကို တိုင်း ပြည် မှာ အ များ ကြီး အ ဟုတ် တောင် မှ တ စုံ တ ခု အ တိုင်း အ တာ အ ထိ နိုင် ငံ ခြား ငွေ တွေ ကို ယူ လာ ပေး ကြ မှာ ပါ။
ကိုယ် အ တွက် လို မှ ပြန် ခေါ် မယ် ဆို တဲ့ စိတ် ဓါတ် နဲ့ မြန် မာ ပြည် ကို တည် ဆောက် ဖို့ ကြိုး စား မယ် ဆို ရင် တော့ ဘယ် တော့ မှ အောင် မြင် မယ် မ ဟုတ် ပါ ဘူး။ နိုင် ငံ တော် ကို နှ လုံး သား နဲ့ ကော စိတ် ဓါတ် နဲ့ ကော တည် ဆောက် မှာ တိုး တက် သာ ယာ တဲ့ နိုင် ငံ ဖြစ် လာ မှာ ပါ။

Sunday, October 7, 2012

ဦ ခင် ရီ သို့

က ရင် အ မျိုး သား တွေ ကို စည်း စည်း လုံး လုံး ရှိ တာ မြင် ချင် တယ်။ ငြိမ်း ချမ်း ရေး ဆွေး နွေး ပွဲ ကို မ ပျက် စေ ချင် ဘူး ဆို ရင် ဘာ ဖြစ် လို့ K N U နဲ့ သ ဘော တူ ညီ ချက် မ ရှိ ထား သေး တဲ့ ဘား အံ မှာ ဆက် ဆံ ရေး ရုံး ဖွင့် ဖို့ စီ စဉ် ဆောင် ရွက် ခဲ့ တာ လဲ။ ဒီ ဆက် ဆံ ရေး ရုံး ဖွင့် တာ က ကော ဘာ ရည် ရွယ် ချက် အ တွက် ပါ လဲ။ ဘာ လို့ ဦး အောင် မင်း ကိုယ် တိုင် တက် ရောက် ခဲ့ တာ ပါ လဲ ဆို တာ တွေ ကို ဦး ခင် ရီ ကို မေး ချင် ပါ တယ်။ ဒါ ဟာ သွေး ခွဲ တာ မ ဟုတ် ရင် ဘာ ပါ လဲ။ နောက် ပြီး ဘား အံ ဆက် ဆံ ရေး ရုံး မ ဖွင့် ခင် မှာ K N U က ဦး အောင် မင်း တို့ ဦး ခင် ရီ တို့ နဲ့ ဆက် သွယ် ဖို့ ကြိုး စား ခဲ့ တာ ကို ဘာ လို့ အ ဆက် အ သွယ် မ လုပ် တာ ပါ လဲ။ အ ခု တော့ ရန် ကုန် မှာ ရှိ တဲ့ က ရင် လူ ကြီး တွေ ကို ခေါ် ပြီး သ ဘော ထား ကြီး ရောင် ရောင် နဲ့ လက် ဆေး ဖို့ မ ကြိုး စား ပါ နဲ့။ ကိုယ် တာ ၀န် ကိုယ် ယူ ရဲ တဲ့ ခေါင်း ဆောင် ကောင်း ဖြစ် အောင် ကြိုး စား ပါ။ တိုင်း ရင်း သား တွေ နဲ့ ငြိမ်း ချမ်း ရေး လုပ် တဲ့ အ ခါ မှာ စစ် မှန် တဲ့ ရိုး သား တဲ့ စိတ် နဲ့ လုပ် ပါ လို့ တိုက် တွန်း ပါ ရ စေ။ အား နည်း တဲ့ နေ ရာ ကို ဖိ အား ပေး ပြီး တ ဖက် သား ကို အ ခက် အ ခဲ အ ကြပ် အ တည်း ထဲ ရောက် အောင် လုပ် တာ ဟာ ယုတ် ညံ့ တဲ့ လူ ရဲ့ လုပ် ရပ် ပါ။ ( ဘာ ကို ဆို လို တယ် ဆို တာ နား လည် လိမ့် မယ် လို့ ထင် ပါ တယ်။ ကိုယ် ဟာ ကိုယ် ဘာ ကို ဘယ် လို လုပ် ထား လဲ ဆို တာ ကိုယ် ဟာ ကိုယ် သိ မှာ ပါ။ ရည် ညွန်း ချက် က တော့ K N L A စစ် ဦး စီး ချုပ် ကျူး လွန် ခဲ့ တဲ့ ပြစ် မှု ၁ နဲ့ ၃ ပါ။)
အ ရေး ကြီး ဆုံး က တော့ ဆက် ဆံ ရေး ရုံး ဟာ ဘာ အ တွက် ဖွင့် တာ လဲ ဆို တာ ရှင်း ရှင်း လင်း လင်း လုပ် ထား ဖို့ ပါ။ 
ဆက် ဆံ ရေး ရုံး ဟာ စီး ပွါး ရေး ရုံး အ ဟုတ်  ပါ ဘူး။ စီး ပွါး ရေး ရုံး ဇတ် ထဲ ကို သွင်း ဖို့ မ ကြိုး စား ပါ နဲ့။

Saturday, October 6, 2012

VOA News

ကရင်အမျိုးသားညီညွတ်မှု ငြိမ်းချမ်းရေးကော်မတီ လိုလား

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် ၀န်ကြီး ဦးခင်ရီ (၀ဲ)၊ နဲ့ KNU ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၂)။

မီဒီယာ

အသံ
TEXT SIZE
မဆုမွန်
ကရင်လူမျိုးတွေနဲ့ အဖွဲ့အစည်းတွေကြားမှာ သွေးခွဲ ဆက်ဆံမှုမျိုး လုပ်မှာမဟုတ်ဘဲ ကရင်ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ​ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနဲ့ KNU ကရင် အမျိုးသား အစည်းအရုံးအဖွဲ့က ခေါင်းဆောင်တွေ ရန်ကုန်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်စုံကို မဆုမွန်က တင်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်တပ် ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်း ခေါင်းဆောင်၂ ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ဒီရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီနဲ့ ကရင့်အသိုင်းအဝိုင်း က ခေါင်းဆောင်ပိုင်းတွေ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကရင်ခေါင်းဆောင်တွေရဲ့ သဘောထားအမြင်နဲ့ ငြိမ်းချမ်းရေး ကော်မတီဘက်က ကရင်အမျိုးသားတွေ ကြားမှာ စည်းစည်းလုံးလုံး ဖြစ်နေတာကိုပဲ မြင်ချင်တဲ့ အကြောင်းနဲ့ ကရင်ပြည်နယ်ထဲမှာ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ Myanmar Peace Center မှာ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီလောက်အထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရယ်၊ ကျနော်ရယ်ပေါ့နော်။ ကျနော်တို့နှစ်ယောက်နဲ့ ဟိုဘက်က ကရင် ဘက်က လူတွေပေါ့ဗျာ။ ဦးထွန်းအောင်ရှိန်တို့၊ ဦးမန်းမောင်မောင်ဉာဏ် တို့ စသည်ဖြင့်ပေါ့နော်၊ ကျနော်တို့ ဆွေးနွေးတဲ့သဘော ဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ဘက်က ကရင်အမျိုးသားများကို စည်းစည်းလုံးလုံး ဖြစ်စေချင်တယ် ဆိုတဲ့ အချက်ပေါ့။ ဒုတိယအချက်ကတော့ အစိုးရပိုင်းကတော့ ဘယ်လို တိုင်းရင်းသား အင်အားစုကိုမဆို divide and rule ပေါ်လစီကို  ကျနော်တို့ ဘယ်တော့မှ ကျင့်သုံးမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စပေါ့ဗျာ။ ကျနော်တို့ သဘောထားလေးကို ဆွေးနွေးတယ်။ တတိယတချက်က  ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးကို ရအောင် ဆက်ပြီးတော့ မဖြစ်မနေ ဆောင်ရွက်သွားမယ်။ အဲဒီအချက် သုံးချက်ကို ဒါ ကျနော်တို့ နိုင်ငံတော် အစိုးရဘက်က ဒီသဘောထားလေး ကျနော်တို့ ဆွေးနွေးပြတာပါ။ အခု လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ KNU ဘက်က ဖိတ်ခေါ်တယ် ဆိုရင်လည်း ကျနော်တို့ လာပြီးတွေ့ဖို့ အဆင်သင့် ရှိပါတယ်။ အလားတူပဲ ကရင် အဖွဲ့အစည်းကလည်း ကိုယ်စားလှယ်တွေကလည်း ဖိတ်ခေါ်ရင် လာပြီးတော့ တွေ့ပြီးတော့ အခုလို အခက်အခဲတွေကို ၀ိုင်းဝန်း ဖြေရှင်းပေးချင်ပါတယ်။ စသည်ဖြင့် ဒါတွေကို ဆွေးနွေးပြီးတော့ ကျနော်တို့ ဒီအဖွဲ့တွေကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ ကရင် community ကတော့ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် စဉ်ဆက်မပြတ် ဆက်ပြီးတော့ ဒီလိုပဲ ဆွေးနွေးနေကြဦးမယ်၊ စသည်ဖြင့် အဲဒီအချက်တွေကို ကျနော်တို့ ဆွေးနွေးဆုံးဖြတ်တဲ့ သဘောပါပဲ ခင်ဗျ။”

အခု လောလောဆယ်မှာ KNU ဘက်ကနေ KNLA ရဲ့ စစ်ဦးစီးချုပ်ကိုလည်း ရာထူးက ပယ်တယ် ဆိုပြီးတော့၊ ဒါပေမဲ့ အောက်ခြေက KNU ဘက်က သူတွေကလည်း မသိကြဘူး ဖြစ်နေကြတယ်။ အဲဒီတော့ အချင်းချင်းကြားမှာ နားလည်မှု လွဲနေတဲ့အပေါ်မှာရော ၀န်ကြီးတို့အနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။ -

“ခုနက ကျနော် ပြောခဲ့ပြီးပြီ။ ဒါကတော့ဗျာ အဖွဲ့အစည်းတွင်းမှာရှိတဲ့ သူတို့ အခက်အခဲတွေ နဲ့ ပြဿနာ ဖြစ်မှာပေါ့ဗျာ။ ဒီကိစ္စ အပေါ်မှာတော့ ဘာမှ ကျနော်တို့ ပြောစရာမရှိပါဘူး။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေး လုပ်နေတဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကိုပဲ ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားမယ်၊ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ထာဝရ ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်သွားမယ်။ ခုနကလိုလေ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လို အခက်အခဲတွေပဲ ဖြစ်ဖြစ်၊ အရှိန်အဟုန် ရနေတဲ့ KNU နဲ့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးတွေ အဆက်ပြတ်မသွားအောင်၊ အရှိန်အဟုန် တန့်မသွားအောင် ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြပါ။ ဆိုတာ KNU တွေကို ကျနော်တို့ ခေါ်ပြီး ပန်ကြားတာပါပဲ။ အကြောင်းကြောင်း ကြောင့် တခုခုကြောင့် နှောင့်နှေးသွားမှာ၊ ပျက်ပြားသွားမှာကို စိုးရိမ်တယ်၊ ကရင် အမျိုးသားတွေ စည်းစည်းလုံးလုံး ဖြစ်စေချင်တယ်။ ဒီဆန္ဒက သဘောကတော့ အကုန် အတူတူပဲ။”

ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာအစိုးရဟာ ဒီနှစ် ဇန်န၀ါရီလက ကရင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့အတွက် ဖားအံမြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

KNU news

ဗိုလ်ချုပ်မူးတူးစေးကို ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍......... 
ကေအဲန်ယူဝင်တိုင်း လိုက်နာလုပ်ဆောင်ရမည့်စည်းကမ်းသတ်မှတ်ချက်များ-

ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဆိုသည်မှာ-

(၁) အဖွဲ့အစည်း အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။

စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု။ အဖွဲ့အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ စည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း။ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက်ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင် အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်ပြောဆိုခြင်း ပြုလုပ်ခြင်းများနှင့်....

(၂) တော်လှန်ရေးကို ဘမ်းပြ ကိုယ်ကျိုးရှာမှုများ။ အကျင့်စာရိတ္တပျက်ပြားခြင်းများ (ကာမဂုဏ်လိုက် စားခြင်း သောက်စားမူးယစ်ခြင်း။ တလင်တမယားစနစ်ကို ဆန့်ကျင်ဘက်ပြုလုပ်ခြင်း။ လောင်းက စားမှုများ)တာဝန်ပျက်ကွက်ခြင်း။ အဂတိလိုက်စားခြင်း။ အချောင်းသမားဝါဒ အလွန်အကျွံဒီမိုကရေစီဝါဒ။ အလွန်အကျွံသာတူညီမျှမှုများကို ရှောင်ကြဉ်တိုက်ဖျက်သွားရမည်ဟုဆိုထားပါသည်။။

မှတ်ချက်။။ ဤစည်းမျဉ်းစည်းဥပဒေများသည် ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဖြစ်ပြီး ကေအဲန်ယူခေါင်းဆောင်များက စည်းမျဉ်စည်းကမ်းများကိုအာမခံပြီး တာဝန်ယူဆောင်ရွက်ရမည်။

ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၏ တာဝန်နှင့်ဝတ္တရား

လက်ရှိတာဝန်မှ ရပ်စဲခံလိုက်ရသော ကေအဲန်အယ်(လ်)အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည်
ကေအဲန်ယူမှ ချမှတ်ထားသော မူ၊ လမ်းစဉ်နှင့်စည်းမျဉ်းစည်းကမ်းများကို တာဝန်ခံ တာဝန်ယူ ဆောင်ရွက်ရ သော ခေါင်းဆောင် တစ်ဦဖြစ်ပြီး စစ်ဦးစီးချုပ်တာဝန်ယူနေသော တပ်ဘက်ဆိုင်ရာ အကြီးဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သည်။

ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ချက်(၁)

မြန်မာအစိုးရမှငြိမ်းချမ်းကမ်းလှမ်းချက်အပေါ် ကေအဲန်ယူအဖွဲဏ္ဍအစည်းကြီးမှ နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည့်အတိုင်း ဗဟိုကော်မတီအစည်းအဝေးကိုခေါ်ယူပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးဆွေးနွေးရန် သဘောတူဆုံးဖြတ်ချက်ရရှိခဲ့သည်။။ 

ဤသဘောတူညီချက်အတိုင်း ငြိမ်းချမ်း ရးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကော်မတီဖွဲ့စည်းတာဝန်အပ်နှင်းပြီး ဤက်ာမတီ ငြိမ်းချမ်း ရေး ဆောင်ရွက်ချက်များကို ကေအဲန် ယူ အလုပ်အမှုဆောင်မှ ကြီးကြပ်ကွပ်ကဲရန် တပါးတည်းဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ကေအဲန်ယူ လမ်းစဉ်၊ မူနှင့် စည်းမျဉ်းစည်ကမ်းချက်များကို ဆန်ဏ္ဍကျင်သည့်လုပ်ရပ်များ-

ပထမတစ်ကြိမ်-

ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင်များ၏ အဆိုရ ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည်ပထမဆုံးအကြိမ် ပြည်နယ် အဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် “အပစ်ခတ် ရပ်စဲရေးသဘောတူညီချက်ကို” ကေအဲန်ယူ ဗဟိုမှ လုပ်ပိုင်ခွင့် အာဏာ (Mandate)မပေးသည့်ကြားမှ လက်မှတ်ရေးထိုးခဲ့သည်။

ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်များ အဆိုရ လက်မှတ်ရေးထိုးမည့်ဆဲဆဲ လက်မှတ်မထိုးရန် အတန်တန်သတိပေးခဲ့သည်ဟုဆိုထားသည်
ဤဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် သူအထက်တွင် မည်သူမျှမရှိစေရဟု ဆိုလို ခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်သည်။

အပြင်းထန်ဆုံးစွပ်စွဲရလျှင် အပစ်ခတ် ရပ်စဲရေးကို နာရီအနည်းငယ်သာ ဆွေးနွေးပြီးလက်မှတ်ရေးထိုးခြင်းကို ထောက်ရှုခြင်းအားဖြင့် ရန်သူနှင့် လျို့ဝှက်စွာ ဆွေးနွေးမှုများရှိနိုင်သည့်ဟု ကောက်ချက်ချလိုရပါသည်။

(၁) စည်းကမ်းဖောက်ဖျက်ခြင်း(၁) - ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ကေအဲန်ယူ အဖွဲ့ဝင်တိုင်း လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည့် အဖွဲ့အစည်း၏ အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု၊ အဖွဲ့ အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ ဤစည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း၊ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက် ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင်အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်လုပ်ဆောင်ခြင်းကို ကျူးလွန်ခဲ့သည်။

ဤလုပ်ရပ်သည် ပထမအကြိမ်ကျူးလွန်သော အမှုကိစ္စဖြစ်သည်။ သို့သော်လည်းဘဲ မိခင်ကေအဲန်ယူ ခေါင်းဆောင်များသည်ကရင်ပြည်သူလူထုမျက်နှာကို ထောက်ထားသနား သော
အားဖြင့်သော် လည်းကောင်း။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရှေရှုခြင်းအားဖြင့်သော်လည်းကောင်း သိုသိုသိပ် သိပ် ပညာရှိရှိ ဖြေရှင်းနိုင်ခဲ့သည်။

ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ခြင်း(၂)

နှစ်ပေါင်း (၆၃)နှစ်ကြာဆင်နွဲခဲ့သော တော်လှန်ရေးကြီးကို နာရီအနည်းငယ်မျှ ဆွေးနွေးပြီးအပစ်ခတ် ရပ်စဲရေး သ ဘော တူ လက်မှတ်ရေးထိုးပြီးသည့်နှင့် တပြိုက်နက်တည်း ကမ္ဘာအရပ်ရပ်မှရှိသော ကရင်အမျိုး သားများ လွန်စွာမှ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းမှာ ကရင်အမျိုးသားများ. ဆင်နွဲ ခဲ့ သော တော်လှန်ရေးဂုဏ်ရောင်ကို ကျဆင်းစေခဲ့ခြင်ကြောင့်ဖြစ်သည်။

နိုင်ငံတကာမှလည်း မြန်မာ ပြည်အပေါ်ပိတ်ဆို့ထားမှုများကို ချက်ချင်းလျှော့ချခဲ့သည်။။ နိုင်ငံခြင်းတွင် ကရင့်အမျိုးသားများအတွက်လှုပ်ရှားနေသော“ကေ ခေါ် ခေ”အဖွဲ့အစည်းများအတွက်လည်း
စိတ်ဓါတ် လျော့ကျစေခဲ့သည်။

ဤသို့ ကျဆင်းနေသော ကေအဲန်ယူ. ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရန် မူအပေါ်ရပ်တည် သည့်ခေါင်းဆောင်များမှ အဖွဲ့အစည်းညီညွတ်မှုကို ဦးထိပ်ထားပြီး သဘောထားကြီးစွာ ခွင့်လွတ် နားလည် သဘောတူခဲ့ကြသည်။။

ဒုတိယတစ်ကြိမ် 

တတိယအကြိမ် ဦးသိန်းစိန်အစိုးရနှင့် တွေဆုံဆွေးနွေးပွဲလုပ်ရန် ကျင့်ဝတ်စည်းကမ်း။ တပ်အပြောင်း အရွှေ့လုပ်ရန် ဆွေးနွေးတိုင်ပင်မှုများသည် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိခဲ့သည်။။
သိုသော်လည်းဘဲ ကေအဲန်ယူအဖွဲ့အစည်းသည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သည့်အလျှောက် အများသဘောတူ ကျင့်ဝတ်စည်းကမ်း တပ်အပြောင်းအရွှေ့များကို ဆွေးနွေးတိုင်ပင်ပြီး တတိယ အကြိမ်သွားရောက်ဆွေးနွေးခဲ့သည်။

ဤရီးစဉ်တွင်ဗိုလ်ချုပ်ကြီးမူတူး စေးဖိုးသွား ရောက်ရန်အစီအစဉ်ရှိသောလည်း ဆွေးနွေးမည့်
သဘောတူညီချက်များကို သဘောမတူသည့်အတွက် သွယ်ဝိုက် သော နည်းများဖြင့်
နှောက်ယှက်ခဲ့သည်။

ပြစ်မှုကျူးလွန်ခြင်း (၂)

တတိယအကြိမ်အစိုးရနှင့်တွေ့ဆွေးနွေးပွဲအပြီးငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ပြန်လည်သုံးသပ်ချက်

ကေအဲန်ယူအရေးပေါ်ဗဟိုကော်မတီကို ခေါ်ယူရာတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး နှင့် အခြားသော ဗဟိုကော်မတီတချို့မှ အစည်းအဝေးကို မတတ်ရောက်ခဲ့ပေ။
ဗိုလ်ချုပ်ကြီးမူတူစေးဖိုး နှင့်ပဒိုဒေးဗစ် ထော၏အဖွဲ့ အစည်း မဆန်သောလုပ်ရပ်အပေါ် တတ်ရောက်လာသော ဗဟိုကော်မတီ များ၏သ ဘော ထားစုစည်းကာ ခေါ်ယူမေးမြန်းတွေ့ဆုံရန် အလုပ်အမှုဆောင်ကော်မတီသို့ တာဝန်လွဲ အပ်ခဲ့ သည်။။
အလုပ်မှုဆောင်မှ ပထမအကြိမ် တွေ့ဆုံမေးမြန်းရန် ခေါ်ဆိုရာတွင် မတတ်ရောက်ခဲ့ပေ။

ဒုတိယ အကြိမ် အလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ထပ်မံတွေ့ဆုံမေးမြန်းခေါ်ဆိုရာတွင် မတတ်ရောက် သည့်အပြင် ဂိုဏ်းဂနဆန်ဆန် တပ်မဟာအချို့မှ ခေါင်းဆောင်များခေါ်ယူပြီး အစည်း အဝေးလုပ်ကာ ကေအဲန်အလ်အေ ဗဟိုဆက်ဆံရေးရုံးဖွင့်လှစ်ရန် ဖားအံ့မြို့သို့ထွက်ခွာသွားသည်။

ဗဟိုဆက်သွယ်ရေးရုံးမဖွင့်လှစ်ရန် ကေအဲန်ယူဗဟိုမှ ၄င်းတို့မှာ အစီအစဉ်ရှိသည်၊ မသွားရောက် ဖွင့်လှစ်ရန် တားမြစ်ခဲ့သည်။ ဤသည်ကို လိုက်မနာဘဲ ထွက်ခွါသွားခဲ့သည်အတွက် ဗဟိုမှ ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ရသည်။။ ဤဖြစ်စဉ်ကိုကြည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ဗဟို အမိန့်ကို ဆန့်ကျင့်ကာ အာဏာထူထောင်သည့်လုပ်ရပ်များကို လုပ်ဆောင်လာလေသည်။ 

ဤသည် ကို အရေးမယူလျှင်ကေအဲန်ယူအဖွဲ့ကို မည်သူတစ်ဦးတစ်ယောက်မှ အလေးထား တော့မည်မဟုတ်သည့် အတွက်ကတစ်ကြောင်း၊ တော်လှန်ရေး ပျက်စီးမည့်ကိန်းဆိုက်နေသည့်ကတစ်ကြောင်း၊ ကရင်အမျိုးသား များ၏ လာမည့်အနာဂတ်အတွက် မတွေးဝံ့သည့်တို့အတွက် ကေအဲန်ယူ၏ မူ၊ လမ်းစဉ် နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ခဲ့ရသည်ဖြစ်သည်ဟုသုံးသပ်ရသည်။
ဤဖြစ်စဉ်များကို ဖော်ပြရာတွင် ကေအဲန်ယူကို ပြိုကွဲစေချင်သည့်ဆန္ဒလုံးဝမပါရှိဘဲ ကရင်တစ်မျိုး သားလုံးအနာဂတ်တွက် လုပ်သင့်လုပ်ထိုက်လို့ ရေးသားလိုက်ရပါကြောင်း တင်ပြလိုက်ရပါသည်။

“မူနှင့် လူကို ရှင်းရှင်းလင်းလင်းခွဲခြားတတ်ရန်လိုပါသည်။။”

Friday, October 5, 2012

ဆက် လုပ်

K N U ရဲ့ ဆုံး ဖြတ် ချက် ဖြစ် တဲ့ ဗ ဟို ကော် မ တီ ၃ ဦး ကို ထုတ် လိုက် တဲ့ ဆုံး ဖြတ် ချက် ကို ကြို ဆို ပါ တယ်။ K N U ဟာ ဒီ လို ဆုံး ဖြစ် ချက် တွေ ကို ရဲ ၀ံ့ စွာ မ ချ ခဲ့ လို့ အ ကွဲ အ ပြဲ တွေ ဖြစ် ခဲ့ ပြီး ပါ ပြီ။ K N U ဟာ လက် ရှိ အ စိုး ရ နဲ့ ငြိမ်း ချမ်း ရေး ဆွေး နွေး တဲ့ နေ ရာ မှာ တ မျိုး လုံး ကို ကိုယ် စား ပြု ပြီး ဆွေး နွေး နေ ပါ တယ်။ အ ချိန် ယူ ရ ပါ မယ်။ K N U  နဲ့ အ တူ က ရင် တ မျိုး သား လုံး ရပ် တည် ပေး ဖို့ လို ပါ တယ်။ အ စိုး ရ က စီး ပွါး ရေး အ ခွင့် အ လမ်း တွေ နဲ့ K N U ကို သာ မာန် လူ ထု ကို ကိုယ် စား မ ပြု တဲ့ အ ဖွဲ့ အ စည်း အ သေး လေး တ ခု အ ဖြစ် ပုံ ဖေါ် ဖို့ ကြိုး စား နေ ပါ တယ်။ ဒါ ကို ကျွန် တော် တို့ ကြို သိ ထား ဖို့ လို ပါ တယ်။ ဆက် ဆံ ရေး ရုံး တွေ က နေ တ ဆင့် စီး ပွါး ရေး အ ခွင့် အ ရေး တွေ နဲ့ လုပ် ပိုင် ခွင့် အ ဏာ တ ချို့ ကို ပေး ပြီး ယစ် မူး စေ ပြီး တော့ အ မျိုး သား ရေး ကို မေ့ သွား ဖို့ ကြိုး စား နေ ပါ တယ်။ ရှေ့ မှာ လဲ ဒီ လို အ ဖွဲ့ အ စည်း တွေ ဒီ လို အ ခွင့် အ ရေး တွေ နဲ့ အ မျိုး သား ရေး ကို သ စ္စာ ဖေါက် ခဲ့ ကြ တာ ကို လဲ တွေ့ ဖူး ကြ မှာ ပါ။ ဒါ ကို သ င်္ခန်း စာ ယူ ကြ ဖို့ လို ပါ တယ်။ နား လည် ဖို့ လို ပါ တယ်။ သူ များ ထိုး ပေး တိုင်း လိုက် မ ယောင် ပဲ အ မျိုး သား ရေး သ တိ ရှိ ဖို့ လို ပါ တယ်။
အ ခု လို အ မျိုး သား ရေး အ တွက် အ ရေး ကြီး တဲ့ အ ချိန် မှာ K N U ကို အ မျိုး သား ရေး ဦး ဆောင် အ ဖွဲ့ အ စည်း အ နေ နဲ့ ကျွန် တော် တို့ က ရင် အ မျိုး သား အား လုံး K N U နဲ့  အ တူ တ စည်း တ လုံး တည်း ရပ် တည် ရ ပါ မယ်။ K N U ကို အ မျိုး သား ရေး ကို ကိုယ် စား မ ပြု ပဲ အ သင်း အ ဖွဲ့ တ ခု တည်း အ တွက် ရပ် တည် ဖြစ် တည် စေ မဲ့ လုပ် ရပ် အား လုံး ကို တား ဆီး ရ ပါ မယ်။ 
 

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ပြောဆို

Submitted by on Friday, 5 October 20123 Comments
အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
စစ်ဦးစီးချုပ် အပါအ၀င် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူဗဟို အလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “ပြီးခဲ့တဲ့လကုန်ပိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်တွေထဲမှာ ဒီခေါင်းဆောင် ၃ဦးကို ထုတ်ပယ်တယ်ဆိုတာ တစ်ချက်ပါတယ်။ အကြောင်းက သူတို့(ခေါင်းဆောင် ၃ဦး)ဟာ ဗဟိုကို အသိပေး လုပ်ဆောင်မှုမရှိတာ၊ အဖွဲ့အစည်းရဲ့ မူအတိုင်း မလိုက်နာမှု အကြိမ်ကြိမ် ရှိခဲ့တာတွေအပေါ် အရင်းခံပါတယ်”ဟု ဆိုသည်။
သို့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို ကေအဲန်ယူ၏ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေမှ လက်မှတ်ရေးထိုး ထားသည့်အပေါ် ကေအိုင်စီမှမေးမြန်းရာ “တကယ်တော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကျပြီးတာနဲ့ အထွေထွေ အတွင်းရေးမှူးက ခရီး ထွက်ရတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို စာရွက်စာတမ်းနဲ့ အသေအချာ ပြန်လုပ်ရသေးတဲ့အပေါ် အတွင်းရေးမှူးချုပ်က သူ့ကိုယ်စား လက်မှတ်ထိုးပေးဖို့ သဘောတူထားမှုကြောင့် တွဲဖက်(၁)ကို တာဝန်ခံပေးလိုက်ရတဲ့သဘောပါ”ဟု ၎င်းဗဟိုကော်မတီဝင်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မှု မရရှိခဲ့ သော်လည်း အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်များ ကိုသာ ပေးပို့ခြင်းဖြစ်သလို ယခုလို ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက်မှာ ဟုတ်မှန်ကြောင်း ယမန်နေ့က ကေအိုင်စီသို့ အတည်ပြု ပြော ဆိုခဲ့သည်။

ထုတ်ပယ်ခံရသူများမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ဖြစ်ကြပြီး လာမည့် ကွန်ဂရက်မတိုင်ခင်အတွင်း ၎င်းတို့၏ လစ်လပ်သွားသည့်နေရာ တွင် လက်ရှိ KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူနှင့် ပဒိုစောအဲ့ကလူရွှေဦးတို့ ကို ယာယီ အစားထိုးထားကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ၎င်းကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ၁၅ကြိမ်မြောက် ကွန်ဂရက်မတိုင် မှီ နောက်ဆုံးပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၁ဦးအနက် ခရီးလွန်နေသူ ဒုဥက္ကဌ အပါအ၀င် ၈ဦး၏ သဘောထားများ ပါဝင်ခဲ့ရာ ထိုဆုံးဖြတ် ချက်များထဲတွင် ဖားအံ ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းအပေါ် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ သဘောထားကို အများသိအောင် ထုတ်ပြန်ကြေ ညာခြင်း၊ ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းများအပြင် ဖော်ပြပါခေါင်းဆောင်များကို ထုတ်ပယ်ခြင်း၊ ယာယီ အစားထိုးခြင်း စသည်တို့ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလ ၂၉ရက်နေ့က ဖားအံမြို့တွင် KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်လှစ်ပြီးနောက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုဒေး ဗစ်ထောတို့မှာ ရန်ကုန်ရှိ Peace Center သို့ သွားရောက်ခဲ့ပြီး စစ်ဦးစီးချုပ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာပါက ခေါင်းဆောင်များအကြားရှိ ပြဿနာများကို ညှိနှိုင်းပြောဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းနှင့်တွေ့ဆုံခဲ့သည့် ရန်ကုန်မြို့ရှိ ကရင် အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အခြေစိုက် တပ်မ(၇၇)မှ စစ်ဖက်ဆိုင်ရာ အရာရှိများကလည်း ကေအဲန်ယူခေါင်းဆောင်အတွင်း ဖြစ်ပွားနေသည့် ကိစ္စများ နှင့် ပတ်သက်၍ စုံစမ်းမှုများ လုပ်ဆောင်နေသလို ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(Karen People Party-KPP)မှလည်း ၎င်းတို့၏ သဘောထားကို ယမန်နေ့(စက်တင်ဘာ ၄ရက်)က ကေအဲန်ယူထံ အသိပေးစာ ပို့ခဲ့သည်။
KPP ပေးစာတွင် “လက်ရှိအချိန်ဟာ ကျွန်ုပ်တို့ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ယခင် ဘိုးဘွားများ၏ စကားပုံတခုအရ “ပဟူးပဖို၊ ပဖိုပဖို့” စည်းလုံးမှ ညီညွှတ်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိတ်ဝမ်းကွဲပြီး “ချုံတချုံ သမင်တစ် ကောင်”လိုမျိုး နေမယ်ဆိုရင် ပျက်စီးတဲ့ဘက်ကို ရောက်မှာသေချာတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းဝန်းကြိုးပမ်းနေစဉ်အတွင်း ကျွန်ုပ်တို့ ကရင်အမျိုးသားအားလုံး ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွှတ်မှုနှင့် စိတ်တူကိုယ်တူဖြစ်ရေးအပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ပေါ် ထွန်းလာစေရန်အတွက် ဝိုင်းဝန်းပြီး နည်းလမ်းရှာဖွေကြဖို့ KPP နဲ့ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများက မျှော်လင့်ကြောင်း” ပါရှိသည်။
လက်ရှိ ကေအဲန်ယူ ခေါင်းဆောင်များ၏ အခြေအနေနှင့် ပတ်သက်၍ တပ်မဟာ၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ခေါင်းဆောင်အချို့က ယင်းသို့ ထုတ်ပယ်သည့် ဆုံးဖြတ်ချက်မှာ မူအရဖြစ်သော်လည်း ပြင်းထန်လွန်းကြောင်းနှင့် မျက်နှာချင်းဆိုင် ညှိနှိုင်းပြောဆိုမှုကို အချိန်အနည်းငယ် ယူကာ လုပ်ဆောင်ရင်း ဖြေရှင်းသင့်ကြောင်း ပြောဆိုမှုများ ရှိသည်။
ကွန်ဂရက်(ညီလာခံ)ကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည် ယခုလ ဒုတိယပတ်တွင် လေးနှစ်တာ အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ်မြောက် ကွန်ဂရက်ကိုပါ တစ်ဆက် တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကေအဲန်ယူသည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၁ရက်မှ ၁၅ရက်နေ့အထိတစ်ကြိမ်။ ဧပြီလ ၄ရက်မှ ၁၁ရက်နေ့အထိတစ်ကြိမ်၊ စက်တင်ဘာ လ ၃ရက်နှင့် ၄ရက်နေ့များတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်များနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးကာ လက်မှတ်ရေးထိုး သဘောတူညီချက်များထဲတွင် နှစ်ဖက် အပြန်အ လှန် ဆက်သွယ်နိုင်ရန်အတွက် ကေအဲန်ယူအနေဖြင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားမည်ဟူ၍လည်း ပါရှိသည်။
အလားတူ စက်တင်ဘာလ ၂၇ရက်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ကြေညာချက်အဆုံးတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည့်အတွက် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များ ကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရန် ချမှတ်ထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

KIC news

ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥရောပရောက် ကရင်ကွန်ယက်ပြောဆို

Submitted by on Friday, 5 October 2012--
အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ထောက်ပံ့ကူညီပေးနေသော အဖွဲ့အစည်းများသည် ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်ရေးကို မဖြိုခွဲ သင့်ကြောင်း ဥရောပရောက်ကရင် ကွန်ယက်-EKN မှ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ၎င်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟို တရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှုဖြင့်ဟူ၍ တာဝန်ရပ်စဲကြောင်း သတင်းထွက်ပေါ်ပြီးနောက် EKN မှ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
EKN ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဝေးနိုင်ငံရောက် ပဒိုစောဇော်နောင်က “မြန်မာအစိုးရဟာ KNU နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင် တဲ့နေရာမှာ မရိုးသားဘူး။ နောက်တချက်က နိုင်ငံခြားကပေးတဲ့ အကူအညီဟာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ကျနော်တို့ အဖွဲ့အ စည်း(KNU)ကို ရှုတ်ထွေးအောင် ဖြစ်ပေါ်စေတယ်ဆိုတာ ထောက်ပြချင်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ယခုနှစ် ဇန်န၀ါရီလက KNU နှင့် အစိုးရတို့၏ သဘောတူညီချက် ၁၁ချက်နှင့်အညီ အစိုးရ သည် KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ဗဟိုအဖွဲ့ကို စနစ်တကျ တွေ့ဆုံဆွေးနွေးသကဲ့သို့ တစ်ဖက်၌လည်း ဗဟိုဌာနချုပ်သို့ သတင်းမပေးဘဲ ၎င်းတို့နှင့် သွားရောက်တွေ့ဆုံသည့် KNU စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို တွေ့ဆုံခြင်းမှာ ခွဲထုတ်သည့်သဘောဆောင်ကြောင်း သူက ဆက်ပြောသည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ကရင်လူမျိုးများနှင့် နိုင်ငံတကာသို့ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို အလိုရှိ သည်ဟု ဖေါ်ပြလိုပါက ယခင်ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်သော နည်းဗျူဟာဟောင်းကြီးကို ရပ်တန့်ကာ ဖားအံ၌ ဖွင့်လှစ်ခဲ့ သည့် တရားမ၀င် ဆက်ဆံရေးရုံးဖွင့်နေခြင်းကို တားမြစ်သင့်သည်ဟု EKN ကြေညာချက်တွင် ပါရှိသည်။
မြန်မာပြည်တွင်းသို့ ၀င်ရောက်ကူညီပေးနေသည့် အဖွဲ့အစည်းများမှာ KNU အား အသိပေးအကြောင်းမှုများနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှု မရှိကြောင်းနှင့် လက်ရှိ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဒီမိုကရေစီဘက်သို့ ဦးလှည့်နေသည်ဟုဆိုသော် လည်း ကရင်ဒေသတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုများ မတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကူညီပေးနေသည့် Myanmar Peace Support Initiative ၏ လုပ်ဆောင်ချက်သည် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်ပင်အကြံပေးမှုများ ရယူမှုမရှိခြင်းတို့ကြောင့် သံသယစိတ်များပို၍ ကြီးထွားစေပြီး ထောက်ပံ့သင့်သည့်အရာများကို မပြုလုပ်ဘဲ ဖားအံဆက်ဆံရေးရုံးခန်း ဖွင့်လှစ်ခြင်းအတွက် ထောက်ပံ့ကူညီနေခြင်းသည် KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်နိုင်သည်ဟုလည်း EKN ကြေညာချက်၌ ဖော် ပြထားသည်။
ထို့အပြင် ၂၀၀၄ခုနှစ် စစ်အစိုးရလက်ထက်ကလည်း KNU နှင့် တွေ့ဆုံဆွေးနွေးမှုတွင် အပေါ်အောက် ခွဲခြားဖဲ့ထုတ်စည်းရုံးမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် တပ်မဟာ(၇)မှူးဟောင်း ဗိုလ်မှူးချုပ်စောထင်မောင် မိခင်အဖွဲ့အစည်းမှ ခွဲထုတ်သွားသည့် သာဓကရှိ ခဲ့ပြီး ယခုလည်း အလားတူ ပုံစံမျိုးတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဖြည့်စွက်ပြောဆိုသည်။
EKN က ၎င်းတို့၏ ကြေညာချက်နိဂုံးတွင် ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာအစိုးရ၏ သွေးခွဲသပ်သျှို ချေမွဖျက် ဆီးခြင်း၊ ယဉ်ကျေးမှုနှင့် လူမျိုးတုံးစေခြင်း စသည့်အဖြစ်များကို အမြဲသတိရှိကြရန် လိုအပ်ပြီး KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဟု ထည့်သွင်းထားသည်။
ဥရောပရောက် ကရင်ကွန်ယက်-EKN ကို ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေးနှင့် အင်္ဂလန်နိုင်ငံရောက် ကရင်အသင်းအဖွဲ့များ စုပေါင်း၍ ဖွဲ့စည်းထားသည့် ကွန်ယက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Thursday, October 4, 2012

Kwekalu News

ch. tJ.,l. vD> cX. o; qduwD>uGHm ok;cd.usX>'d. pd rk. wl ph zd trlt'g Ckm 'D;cd. e>t*R cH *R
uGJRuvk>
vgtD; u xdbX.A4
w> upD. vX ch.tJ.,l. txX ylR ym zsg 0JvX ch.tJ.,l.vD> cX. o; yX qSX w> urHwHm qduwD>uGHm rl 'g Arhwrh>A xk;xD. uGHm0J'. unD'D uvkmw>xl.zsJ;ok;rk>'d. cd.usX>Aok;cd.usX> 'd. pd rk. wl ph zd cX. o;yX qSX w> urHwHmt*R cH*R vX trh> y'd.pDR'h bh; xD
w>*h> b.xGJ w> qd uwD>uGHm cd.e> 'd.xD oX *R tHR trl t'g M. rh>0J'.zJ tylRuGHm ok;cd.usX> 'd. pd rk. wl ph zd vJR td;xD. 0J'. ch.tJ. tJvf th. w>qJ;usd; 0JR'X; zJ 0h>z. t. 0HR tvD> cHM.vDRIA
w> upD. [; xD. ph>uD;vX Aok;cd.usX> 'd. pdrk. wl ph zd tvD> M.A w> uym xD.uhR ok;cd.usX> zd AbDuFD.[J vX trh> ok;uh=5Acd. M. vDRIA

ပြတ်သတ်ရမယ်

ထိပ်တန်းခေါင်းဆောင် သုံးဦးကို KNU ထုတ်ပယ်

မြစ်မင်းဧရာ ~

အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူ ၀န်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့၏ သဘောတူညီမှုမရရှိဘဲ ဖားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ယမန့်နေ့ကစတင်ပြီး တာဝန်အသီးသီးမှ ရပ်စဲလိုက်သည်။

အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို အကြိမ်ကြိမ် ဖေါက်ဖျက်မှုဖြင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊  လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို တာဝန် ရပ်စဲကြောင်း အမိန့်စာကို  တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက လက်မှတ် ရေးထိုးထားသည်။

အမိန့်စာကို အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံသို့ ပေးပို့ထားကြောင်း၊ အများသိရှိနိုင်ရန်အတွက်မူ ကြေညာချက်  ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ လစ်လပ်သွားသည့် စစ်ဦးစီးချုပ်နေရာအတွက် ယာယီ အစားထိုး ခန့်အပ်မှုကို ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီစစ်ဦးစီးချုပ်နေရာ ၀င်ရောက်လာမည့်သူမှာ  အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲ ဖြစ်နိုင်ခြေရှိသည်ဟု KNU နှင့် နီးစပ်သည့် အသိုင်းအသိုင်းတွင် သုံးသပ်ပြောဆိုနေကြသည်။

KNU သည် ယခုလ ပထမပတ်တွင် စတင်မည့်  ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက် ညီလာခံ  ကျင်းပရန် ရှိသော်လည်း လက်ရှိအဖွဲ့တွင်း ပြဿနာများကြောင့် ထိုသို့ကျင်းပရန် အခက်အခဲတချို့ ရှိနိုင်သည် ဟုလည်း အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူများကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။ KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ခရီးလွန်နေပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ ရန်ကုန်မြို့သို့ ရောက်ရှိနေသည်ဟု KNU စစ်ရေးအဖွဲ့ KNLA ၏ တပ်မှူးတဦးက ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အဖွဲ့အတွင်း   ကြီးမှားသော သက်ရောက်မှုများ ရှိနိုင်ပြီး ဗဟိုက သေချာစွာကိုင်တွယ်နိုင်ခြင်း မရှိပါက KNU အတွင်း တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ဖွဲ့ ဖြစ်သွားနိုင်သည်ဟု ၀ါရင့် ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။

KNU အဖွဲ့သည် တနင်္သာရီတိုင်း ထားဝယ်မှ ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ နယ်စပ် တလျှောက်တွင် တပ်မဟာ ၇ ခု နှင့် ခရိုင် ၇ ခု ရှိပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ရေဘူယသတ်မှတ်ထားသည်။

 မြန်မာအစိုးရ နှင့်လက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် တပ်မဟာများအတွင်း သဘောထား ကွဲပြားလျက်ရှိပြီး ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

Wednesday, October 3, 2012

KIC news

ပြည်တွင်းတက္ကသိုလ် တက်ရောက်နိုင်ရန်ရွှေ့ပြောင်းကျောင်း သားများ စခန်းသွင်းလေ့ကျင့်နေ

Submitted by on Wednesday, 3 October 2012--
အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်းရှောင်း (ကေအိုင်စီ)

မြန်မာပြည် ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ရန် ယမန်နေ့(အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ-BMWEC တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ရက်နေ့တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက်ဆွေးနွေးခဲ့ရာ ရွှေ့ပြောင်းမြန် မာကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ သဘောတူညီမှုများရရှိခဲ့သည့်အပေါ် ယခုလို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ပြောသည်။
“ဒီနယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာ
 

KIC facebook

လူငယ်များရဲ့ စကားလက်ဆောင်
နော်မဏိစန္ဒာ ၂၅နှစ်
ဝါသနာ လူမှုရေးနဲ့ ကယ်ဆယ်ရေး
ပညာ ဆယ်တန်းအောင်

ကျမက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့(ပုဇွန်မြောင်း)ရွာဇာတိပါ။ မိဘတွေက လယ်သမားတွေပါပဲ။ တိုးတက် သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ရဲ့ မောင်းထုတ်မှုကြောင့် ၂၀၀၄ခုနှစ်မှာ ကျမတို့ မိသားစုအားလုံး ရွာက နေထွက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ရာမိုဒုက္ခသည်စခန်းမှာ တက်လာကြပါတယ်။ ဒုက္ခသည်မှာ လာအခြေချတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း DKBA က သိမ်းသွားခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲမှာ ၈တန်းအထိ ကျောင်းနေပါတယ်။ DKBA မောင်းထုတ်ခံရပြီးနောက် မယ်ရာမိုဒုက္ခသည်စခန်းမှာ ကျမ ၉တန်းကနေ ကျောင်းဆက်တက်တာ ၁၀တန်းအောင်တဲ့အထိပါပဲ။ ၂၀၀၇ခုနှစ်မှာ ၁၀အောင်တာပေါ့နော်။ ၁၀တန်းအောင်တဲ့ နောက်မှာ တတိယနိုင်ငံအခြေချတဲ့ အစီအစဉ်ရှိတဲ့အတွက် ၁၀တန်းလွန်ကျောင်းတွေကို မတက်ဖြစ်တော့ပါဘူး။ မယ်ရာမိုစခန်း မှာ ကျောင်းတက်တဲ့အချိန် ကျမဘ၀ ပိုပြီးလုံခြုံတယ်လို့ ခံစားရပါတယ်။ ပညာကိုလည်း လွတ်လွတ်လပ်လပ် သင်ယူခွင့်ရခဲ့ တယ်။ ရွာမှာနေတုန်းက မိဘက စိုက်ပျိုးရေးလုပ်တော့ ၀မ်းစာအတွက် မပူပန်ရပေမယ့် DKBA ရန်ကို စိုးရိမ်ပူပန်နေရတယ်။

၂၀၀၈ခုနှစ်မှာ ကျမတို့ မိသားစုတွေအားလုံး တတိယနိုင်ငံ အခြေချနေထိုင်ဖို့ ကနေဒါနိုင်ငံကို လျှောက်ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကျမတို့ ကနေဒါနိုင်ငံကို လာရောက်နေထိုင်ခွင့်ရခဲ့တယ်။ အခု ကျမ ကနေဒါနိုင်ငံမှာ နေပါတယ်။ ရောက်ခါစတုန်းက အခြေခံ အင်္ဂလိပ်စာသင်တန်း တနှစ်တက်တယ်။ နောက် ကလေးနဲ့ လူကြီးတွေကို ပြုစုစောင့်ရှောက်တဲ့ daycare coach သင်တန်း တနှစ်တက်တယ်။ အခု ကျမ ကနေဒါ မိသားစုတစ်ခုရဲ့ အိမ်မှာ သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ယောက်ကို ကြည့်ပေးတဲ့ အလုပ်လုပ်နေပါတယ်။ ဒီကနေဒါမှာ အလုပ်လုပ်ရတာက မပင်ပမ်းဘူးဆိုတော့ အဆင်ပြေတယ်။ ကိုယ်ရတဲ့ ၀င်ငွေနဲ့ သုံးရတဲ့ ၀င်ငွေက ကိုက်ညီမှုရှိတယ်လေ။

ရှေ့ရေးမှာ ကျမက ကနေဒါနိုင်ငံသားပဲ ခံယူသွားဖို့ ရှိပါတယ်။ ပြန်တော့ လည်မယ်။ နောက် ဒီမှာ အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်တဲ့ ကရင်တွေကို ပြန်ကူညီတဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာပါ။ ဥပမာ-ကျောင်းတက်ပြီး ဘော်ဒါ ဆောင်မှာ နေရတဲ့ ကလေးတွေကို ကူညီချင်တယ်။ ကူညီသွားဖို့လည်း ရှိတယ်။ အခုခေတ် ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပမှာ ကရင်လူငယ်အားလုံးကို ကျမပြောချင်တာက သူများနောက်မှာ မကျန်ခဲ့ဖို့ ပညာကို ကြိုးစားသင်ယူကြပါလို့ ပြောချင်ပါတယ်။