Blogger Widgets

Saturday, January 29, 2011

ကမ္ဘာသိဓါတ်ပုံတွေကိုရိုက်ခဲ့တဲ့ ကရင်တစ်ယောက်ရဲ့အကြောင်း





ဘား မား ဗီ ဂျေ ဆို တဲ့ မှတ် တမ်း ရုပ် ရှင် ဟာ က မ္ဘာ ကျော် လူ သိ များ ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ က ရင် လူ မျိုး ဓါတ် ပုံ သ မား ရဲ့ အ ကြောင်း ကို တော့ လူ သိပ် မ သိ လိုက် လို့ တင် ပေး လိုက် ပါ တယ်။

Monday, January 24, 2011

အီး မေး မှ စာ စု များ ( ၂၀၁၁ မြန် မာ)

ကျွန် တော် အီး မေး မှာ ၀င် လာ တဲ့ ဖေါ ၀ပ် မေး ထဲ က တစ် ခု ကို တင် လိုက် ပါ တယ်။ ကျွန် တော် ဆီ ဒီ လို ၀င် လာ တဲ့ စာ တွေ ထဲ မှာ ခွန် အား ရ စေ တဲ့ စာ အ များ ကြီး ပါ ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် ယူ ဆ တာ က ဒီ စာ တွေ ကို ဘ လော့ တွေ အွန် လိုင်း စာ မျက် နှာ က နေ ကူး ယူ ပြီး ပြန် မျှ ဝေ ကြ တာ လို့ ထင် ပါ တယ်။ ဒါ ကြောင့် ကျွန် တော် တင် ချင် လွန်း အား ကြီး တဲ့ စာ အ နည်း ငယ် လောက် ပဲ ဘ လော့ မှာ တင် ပါ တယ်။ အ ခု ဒီ စာ ကို ကျွန် တော် သွား ကြည့် နေ ကျ ဘ လော့ နည်း နည်း လေး ထဲ မှာ မ တွေ့ လို့ တင် လိုက် ပါ တယ်။ မူ ရင်း စာ ရေး တဲ့ သူ မ သိ လို့ ထည့် မ ထား ပါ ဘူး။ တ ကယ် လို့ ခွင့် မ ပြု နိုင်း ဘူး ဆို ရင် ကျွန် တော့ ကို အီး မေး ပို့ လိုက် ပါ။ ချက် ခြင်း ဖြုတ် လိုက် ပါ့ မယ်။ ကျေး ဇူး တင် လျှက်---

၁- ယခုနှစ်တွင်မြန်မာ့နိုင်ငံရေးလောက၌ထူးခြားသောပြောင်းလဲမှုတရပ်ဖြစ်ပေါ်လာမည်။ ၄င်းမှာ စစ်အစိုးရ၏ လမ်းညွှန်မြေပုံတွင်ပါရှိသဖြင့် ခေါ်ဆိုအပ်သော လွှတ်တော်တွင် ဆွံ့ အနားမကြား၊ လူစဉ်မမှီသော အရပ်သား အမတ်မင်းများတချို့  နေရာရလာလိမ့်မည်။ ၄င်းလွှတ်တော် တွင် အာဏာရှုးကြီး၏ နောက်လိုက်နောက်ပါ အခြွအရံများ၊ အရပ်ဝတ်လဲ စစ်သားလူထွက် ဘုမသိဘမသိ နိုင်ငံ့ အရေးအား နကန်းတလုံးမှ နားမလည်သော သနပ် ခါးဖွက် လွှတ်တော်တက် မည့်အမတ်မင်းများ လုပ်ချင်သလိုလုပ်ပိုင်ခွင့် အပြည့်အ၀ ရရှိကြမည် ဖြစ်သည်။

၂- သမ္မတရာထူးအနေဖြင့် အာဏာရူး စစ်ဘီလူးကြီး ဦးသန်းရွှေသမ္မတဖြစ်လာနိုင်လိမ့်မည်။ ၄င်းမှ တိုက်ရိုက်သမ္မတအဖြစ် ရုပ်မပြချင်ပါကလည်း ၄င်း၏ ငယ်မွေးခြံ ပေါက် ကပ်ပါးကောင်တကောင်မှာ သေနပ်အားခါးကြားမှ ပုဆိုးကြားသို့ ပြောင်းလဲကာ သမ္မဖြစ်လာလိမ့်မည်။

၃- ပြည်သူတို့၏ ကန့်ကွက်မဲမှ ထောက်ခံမဲအဖြစ်ပြောင်းလဲပြီး အတည်ပြုထားပြီးသော အခြေခံဥပဒေပါ အချက်များအား ပြောင်းလဲချင်သည့် လွှတ်တော်အမတ်နှင့် ဆန့်ကျင်သူများအားဖမ်းဆီးမည့်ပွဲမှာ အလွန်စည်ကားစွာဖြစ်ပေါ်လာလိမ့်မည်။ လွှတ်တော်တွင် စစ်တပ်မှ နေရာ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာနှုန်း အထိ ပြောင်းလဲ ပြင်ဆင်ဖွယ်ရှိသည်။

၎- ဦးတေဇဦးဆောင်သည့် မြန်မာ့ သူခိုးကြီးများအဖွဲ့ သည့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအနှံ့ ကျယ်ပြန့် လွတ်လပ်စွာ လုပ်ဆောင်လာနိုင်မည့် နှစ်တနှစ်ဖြစ်သည်။ ရေနံတွင်းများ၊ သဘာဝဓါတ်ငွေ့ တွင်းများ၊ လျှပ်စစ်ဓါတ်အားများ၊ သစ်တောထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်းနှင့် ကျောက်မျက် ရတနာများအား ပြည်သူတို့ မသုံးတက်မည်ဆိုးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ယိုးဒယား နိုင်ငံတို့အား ပေါများချိုသာစွာေ၇ာင်းဝယ်ဖောက်ကားလာကြမည်ဖြစ်ပြီး ၊ နိုင်ငံတကာမှအသုံးမပြုတော့သည့်ပစ္စည်းအဟောင်းများအား ပြည်သူတို့အတွက် တင်သွင်းရောင်းချလာလိမ့်မည်ဖြစ်သည်။

၅- ၁၀၀၀၀ တစ်သောင်းတန်ငွေစက္ကူများ အသစ်ထက်မန်ထုတ်လုပ်လာနိုင်မည်။ ငွေစက္ကူအဟောင်းများ အားကပ်ရန် စက္ကူကပ်တိပ်များ ပိုမိုအရောင်းသွက်လာလိမ့်မည်။ ငွေကြေးဈေးကွက်တွင် အများထင်မှတ်ထားသလို အကျဘက်သို့ ဦးတည်လာလိမ့်မည်။ ကျပ် ဟု ခေါ်ဆိုထားသည့်အတိုင်း ပြည်သူများ ကျပ်ကျပ်တည်းတည်းငွေရှာဖွေရလိမ့်မည်။ တိုင်းတပါးသို့ ကျွန်ခံရန် သွားလိုသူများတနေ့တခြားတိုးပွားလာလိမ့်မည်။ ၄င်းတို့ထံမှ ဆက်ကြေး ၁၀ရာခိုင်နှုန်းကို သံရုံးအမည်ခံကာ ကောက်ခံခြင်း၊ မည်သည့် အကျိုးခံစားခွင့်ကိုမှပြုလုပ်ဆောင်ရွက်မပေးခြင်း ဖြင့် ပြည်သူလူထုအား ပိုမိုဆင်းရဲအောင်လုပ်ဆောင်လာလိမ့်မည်။

၆- တိုင်းပြည်တွင် စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်မတော် အင်အားရှိလာလိမ့်မည်။ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ နိုင်ငံတော် ဘဏ္ဍာအားစိတ်ကြိုက်သုံးစွဲ ပိုင်ခွင့်ရှိထားသည်ဖြစ်သဖြင့် ဥမင်ဖောက်ပြီး ခေတ်မှီစစ်လက်နက်များအား ဈေးကြီးပေး ၀ယ်ယူဆုဆောင်းကာ ရှေ့ တန်းစစ်မျက်နှာ၌ ပြည်သူများထံဓါးပြတိုက်ကြလိမ့်မည်။  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများပေါ်တွင် ယခင်ထက် ပိုမို ရိုင်းပြစွာဆက်ဆံကာ ပြည်တွင်းစစ်အားဖမ်တီးလာလိမ့်မည်။ ၄င်းနောက် အရပ်သားစစ်မှုထမ်းများအား စစ်ပွဲတွင်ရှေ့ ၌ထားကာမိုင်းရှင်းခိုင်းကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်တွင် တပ်သားမရှိသောကြောင့်ဖြစ်သည်။ နှစ်စဉ် တပ်မတော် မှ စစ်ဗိုလ်များကိုသာမွေးထုတ်နိုင်ပြီး တပ်သားသစ်များ မှာ ၀င်ရောက်လာဖြင်းမရှိသဖြင့် စစ်မှုမထမ်းမနေရဥပဒေအား မလွှဲမရှောင်သာသဖြင့် ပြဒါန်း ခဲ့ ရခြင်းဖြစ်သည်။

၇- နိုင်ငံရေးသမားများနှင့်ပါတီများမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုးတက်လာစေမှုအား အာရုံထားနေရသဖြင့် စီးပွားရေးလုပ်ငန်း မလုပ်ဖြစ်ပဲ အကြွေးများပတ်လည် ၀ိုင်းလာလိမ့်မည်။ ပြည်သူလူထုမှာ ပါတီများ ရပ်တည်လာနိုင်မှုအား အားပေးထောက်ခံ မှု နှင့် ငွေကြေး မထောက်ပံ့ နိုင်သဖြင့် နိုင်ငံရေးပါတီတချို့  စီးပွားရေးလုပ်ငန်းများလုပ်ဆောင်လာလိမ့်မည်။ သို့ သော် ပြည်သူတချို့ မှာ ၄င်းတို့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်းအား ရှုံချပြီး မည်သို့မှ အကူအညီမပေးပဲနေလိမ့်မည်။ ပြည်ပမှ ကြက်တူရွေး၊ သာလိကာ ၀င်စားသော အပြောသမား များမှာ အရာအားလုံးအပေါ်ဝေဖန်တိုက်ခိုက် ဆန့် ကျင်လိမ့်မည်။ ပြည်တွင်းတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် ကြီး များအား အကြောင်းပြချက်အမျိုးမျိုး ပြပြီး ပြန်လည် အကျဉ်းချထား ခံရပေလိမ့်မည်။

၈- ပညာရေးတွင်မူ ဆင်းရဲသားများ သင်ကြားခြင်းငှာမတက်နိုင်သော အရင်းရှင် ဘူဇွာပညာသင် ကျောင်းများပေါ်ပေါက်လာလိမ့်မည်။ သို့ သော် အစိုးရ ခေါင်းဆောင်လူကြီးများနှင့် သူဌေးသူကြွယ်များ၏ သားသမီးများ ပြည်ပတွင်ပိုမိုသွားရောက် ပညာသင်ကြလိမ့်မည်။ဘွဲ့ ရလူငယ်များ စာမတက်သောကြောင့် လူရာမ၀င်ဖြစ်လာလိမ့်မည်။ ဘွဲ့ ရဆိုက်ကားနင်းများလဲ ရှားပါးလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ကား များအစား လူများက ဆိုင်ကယ်များအား ပိုမို အသုံးပြုလာသောကြောင့်ဖြစ်သည်။ အခမဲ့ပညာသင်ခွင့်မှာ ဘုန်းကြီးကျောင်းများတွင်သာ မြင်ရမည်ဖြစ်ပြီး အခကြေးငွေမပေးနိုင်သောကလေးများနှင့် အချိန်မပေးနိုင်သော ကလေးများမှာ လမ်းပေါ်အမှိုက်ကောက် ၊ တောင်းစား ၊ဖာတမ်းရောက် ၊ အလုပ်ကြမ်းလုပ်ကာ စောစောစီးစီး အိမ်ထောင်ကျကြလိမ့်မည်။

၉- နည်းပညာအပိုင်းတွင်မူ တယ်လီဖုန်းလိုင်းများအား နိုင်ငံတကာ ဈေးနှုန်း ထက်မြင့်မားစွာဈေးတင်ရောင်းချပြီး  လိုင်းမမိခြင်း၊ ခေါ်ဆိုခကြီးမြင့်ခြင်းနှင့် ကြားဖြတ်နားထောင်ခြင်းများ ပိုမိုလုပ်ဆောင်ဖြစ်ပေါ်လာလိမ့်မည်။ အင်တာနက်ဆိုင်များတွင် ထောက်လှမ်းရေးကင်မရာများ တက်ဆင်လာလိမ့်မည်။ အင်တာနက်လိုင်းများလိုင်းမမိခြင်း၊ အသုံးပြုမရခြင်း တို့ ပုံမန်ထက်တိုးတက်ဖြစ်ပေါ်လာလိမ့်မည်။ ကလေးငယ်များ အင်တာနက်တွင် ပညာရသော အသုံးဝင်သော ချက်တင်ကိုသာ တွင်တွင်သုံးကာ ကြူခြင်း ၊ ကြောင်ခြင်း၊ ရည်းစားထားခြင်း၊ ဆင်းရဲသားကားကြည့်ုခြင်း၊ မိန်းကလေးများ ကင်မရာချက်တင်ရှေ့ ၌ မိမိ၏ မမြင်အပ်သော ခန္ဒာကိုယ်အား ကိုင်ပြခြင်း၊ ပွတ်ပြခြင်း၊ မဖွယ်မရာပြုပြခြင်း၊  ဂိမ်းကစားခြင်း စသည့် အမှုကိစ္စများအား ပိုမို တွင်ကြယ်စွာ အသုံးပြုလာလိမ့်မည်။

၁၀- လူမှုရေးနှင့်စာရိတ္တအပိုင်းတွင်မူ ငယ်၇ွယ်စွာ ရည်းစားထားခြင်း ၊ အတူနေခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ခုယူခုကွဲ လင်မယားများပေါများလာခြင်း၊ အဖော်အချွတ် ပိုမို အလုပ်များလာခြင်း၊ စကပ်တို မလုံ့ တလုံအ၀တ်များဝတ်ကာ မိဘဆွေမျိုးလူမျိုး တို့
၏ဂုဏ်သိက္ခာအား လုံးဝ သုံးမရအောင်ပြုလုပ်နေထိုင်လာခြင်း၊ မိန်းမယောက်ျား အတူနေ၊အတူအိပ်နေခြင်းတို့အား ကိုယ်ဘာသာ ဗွီဒီယိုရိုက် မှတ်တမ်းတင်ပြီး အများပြည်သူသိအောင် ရှောက်ပြခြင်း၊ တွေ့ မရှောင်လူမရွေး ငွေပေါပေါတက်နိုင်သည့် ဖြုန်းနိုင်သည့် ယောက်ျားများနှင့် အတူနေခြင်း၊ နိုက် ကလပ်နှင့် ကာရာအိုကေဆိုင်များ တွင်လူများလာခြင်း ၊တရုတ် ကုလားလူမျိုးများ ကာရာအိုကေ၊ မာဆက် နှင့် လိင် နှင့်ဆက်ဆိုင်သောလုပ်ငန်းများလုပ်ကိုင်ပြီး မြန်မာအမျိုးသမီးများအား လုပ်ကိုင်စေခြင်း၊ လူကြီးသူမအား ပိုမိုရိုင်းပြစွာ ပြုမူဆက်ဆံလာခြင်း၊ ဘီယာဆိုင်များ၌ လူစည်ကားလာပြီး အရက်သမားပိုမိုပေါများလာခြင်း၊ မူးယစ်ဆေးဝါး ပိုမိုသုံးစွဲလာကာ လူမျိုးပြုန်းတီးလာခြင်း များဖြစ်ပေါ်လာလိမ့်မည်။

၁၁- ဘာသာရေးအပိုင်းတွင်မူ နိုင်ငံအတွင်း လွပ်လပ်စွာကိုးကွယ်ပိုင်ခွင့်အား ပုံမှန် တင်းကြပ်စွချုပ်ကိုင် ထားမည်ဖြစ်သည်။ ဆရာတော်များ ဆက်လက် အဖမ်းအစီး အထိန်းအသိမ်းခံရမည်။ တရားပွဲပြုလုပ်ခွင့်အားလိုင်စင်ပြုလုပ်ကာလုပ်ကိုင်ခွင့် ပြုလုပ်တော့မည်ဖြစ်ပြီး ၊ သံဃာတုများအား အားပေးခြင်း ၊ အများအကျိုး သာသနာ့အကျိုး အမှန်အကန် ဆောင်ရွက်သော သံဃာတော်များအား ဘွဲ့ ထူး ဂုဏ်ထူးများ ပေးအပ်ခြင်းအား ရပ်နားခြင်း ၊ တားမြစ်ခြင်း နှင့် မည်သည့် ခေတ်တွင်မှမပေါ်ပေါက်ဘူးသေးသည့် ဘုန်းကြီးကျောင်းအားချိပ်ပိတ်ခြင်း သိမ်းယူခြင်း၊ အိပ်မက်ထဲတွင်တောက် ခေါက် မျက်စောင်းထိုး စိတ်ဆိုးပြသည့် နတ်များ၊ ထွက်ရပ်ပေါက်များ၏ ရုပ်ထုများအား လက်ထိပ်ခပ်ခြင်း ထောင်ချခြင်းများ ပြုလုပ်လာလိမ့်မည်။ အလားတူသံဃာများထဲတွင်လဲ ပြည်ပသာသနာပြူ အမည်ခံကာနိုင်ငံတကာ၌ အနေအစားချောင် ရေသာခို ဇိမ်ခံပြီး ဘုရားစကား တရားစကားနားမထောင်ပဲ အကြည်ညိုပျက်အောင်လုပ်လိုသူ ရဟန်းများ ပေါများလာခြင်း၊ အစိုးရအလိုကျ ဖွဲ့ စည်းထားသော သံဃာ့မဟာနာယက အဖွဲ့ ကြီး မှာ သာသနာရေးဝန်ကြီးဌာနနှင့် အစိုးရလူကြီးမင်းများအလိုကျနေနေရသောကြောင့် ပျက်ဆီးချင်နေသော (၀ါ) ပျက်စီးနေသော သာသနာ့အကျိုးအား တာဝန်အား ထမ်းဆောင်ရန်တာဝန်ပျက်ကွက်လာခြင်း၊ ထေရ၀ါဒအမည်ခံ နတ်ယုံကြည်သူများ ၊ ဗေဒင်ဘုန်းကြီးများ၊ ချဲဘုန်းကြီးများ၊ ထေရ၀ါဒအမည်ခံ အရည်းကြီးသာသာဘုန်းကြီးများ၊ ဘိုးတော်များ ပေါသည်ထက်ပေါများကာ ဗုဒ္ဒသာသနာအားမြန်မာပြည်မှ အမြစ်ပြုတ်အောင်ပြုလုပ်လာခြင်းများ တိုးတက်ဖြစ်ပေါ်လာလိမ့်မည်။

Tuesday, January 18, 2011

န အ ဖ ရဲ့ က လေး စစ် သား ပြော စ ကား နဲ့ နိုင် ငံ သား တိုင်း စစ် မှု ထမ်း





ဒီ ရုပ် သံ ကို ကို မိုး သီး ဘ လော့ က နေ ကူး ထား တာ ပါ။ ချီ ကျူး ပါ တယ် ဗိုလ် မှုး ဆန်း အောင် နဲ့ ကို မိုး သီး အ ဖွဲ့ သူ အ ဖွဲ့ သား တွေ ရဲ့ န အ ဖ ရဲ့ ရက် စက် ယုတ် မာ မှု ကို က မ္ဘာ သိ အောင် ဖေါ် ထုတ် ပေး တဲ့ အ တွက် ပါ။ နိုင် ငံ သား တိုင်း စစ် မှု ထမ်း ရ မယ် ဆို တဲ့ ဥ ပ ဒေ ကို ဘယ် လို တုန့် ပြန် ရ မယ် ဆို တာ စစ် မှု ထမ်း ရ မဲ့ အ ရွယ် ရောက် မြန် မာ နိုင် ငံ သား တွေ ရယ် မိ ဘ တွေ စဉ်း စား ကြ ပေါ့။ ဒဏ် ရာ ရ တဲ့ ကိုယ့် ရဲ့ စစ် သား ကို မ စောက် ရှောက် ပဲ သေ မှာ ပဲ ဆို ပြီး ပစ် သတ် တယ် ဆို တာ ဘယ် လောက် ကြောက် ဖို့ ကောင်း လဲ။ န အ ဖ ရဲ့ ရက် စက် ယုတ် မာ မှု က တော့ ကမ်း ကုန် ပဲ။ ဘယ် လို ပြော ရ မှန်း တောင် မ သိ ဘူး။ သေ ချာ တာ က တော့ သူ တို့ လောက်  လူ စိတ် မ ရှ ရက် စက် ယုတ် မာ တဲ့ လူ တွေ က မ္ဘာ မှာ မ ရှိ ဘူး ဆို တာ ပဲ။ သူ တို့ ကို လေး စား ပြီး လုပ် စား နေ တဲ့ အ ပေါင်း အ ပါ တွေ လဲ လူ မ ဟုတ် တာ တော့ အ သေ ချာ ပဲ။

Saturday, January 1, 2011

မင်္ဂလာပါ

နံဢ္ အ သီ လဿ အ ဂ့ၯ ကိး အ ဂၯၟ
အား လုံး ကို ပဲ မ င်္ဂ လာ နှစ် သစ် ပါ ဗျာ။
Happy New Year To All!