Wednesday, February 29, 2012
Sunday, February 26, 2012
Saturday, February 25, 2012
Wednesday, February 22, 2012
Thursday, February 16, 2012
မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင်(မဇ္စျိမ) ။ ။ နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့ ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။
ဝန်ကြီး ဦးအောင်မင်း နှင့်တကွ နေပြည်တော်မှ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)မှ ထိပ်တန်း အရာရှိကြီးများ၊ တပ်မှူးများ စုစုပေါင်း ၈ ဦးတို့အား အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေးရန် ကြာသပတေးနေ့ ရုံးချိန်းကြားနာမှု အတွင်း လျှောက်ထားခြင်းဖြစ်သည်ဟု မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့တင်ပြထားတဲ့ သက်သေတွေကို ခေါ်မပေးဘူးဆိုရင် နောက်တပတ်မှာ နှစ်ဖက်အပြီးသတ် အမိန့်ချမယ်။
ခေါ်ပေးတယ် ဆိုရင်တော့ စောင့်ရမှာပေါ့” ဟု ဦးကြီးမြင့် က ပြောသည်။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန် အထူးတရားရုံး၌ ကြာသပတေးနေ့က ကြားနာစစ်ဆေးခဲ့ရာတွင် ပဒိုမန်းငြိမ်းမောင်ကို တရားလို ရှေ့နေများက ၃ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်၏
ရှေ့နေက ပြောသည်။
ပဒိုမန်းငြိမ်းမောင်က သူသည် KNU ဗဟိုကော်မတီဝင် ဖြစ်ကြောင်းနှင့် အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
“သူက ငြိမ်းချမ်းရေးကိစ္စတွေကို နိုင်ငံတော်ကို အကူအညီပေးခဲ့တယ်။ အစိုးရက လက်နက်ပဲ အချခိုင်းနေတယ်။ အခွင့်အရေးတွေကို တကယ်မပေးဘူး။ တကယ်လို့ သူတို့ အခွင့်အရေး ပေးမယ်ဆိုရင် သူတို့လည်း ငြိမ်းချမ်းရေး လိုလားတယ်။ တိုက်ခိုက်စရာ မလိုဘူး။ ငြိမ်းချမ်းရေး ပေးမယ်ဆိုရင် အစိုးရနဲ့ လက်တွဲသွားဖို့ လုပ်လို့ရတယ်လို့ ထွက်ဆိုပါတယ်” ဟု မဒိုမန်းငြိမ်းမောင်၏ ရှေ့နေက ပြောသည်။
ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ် ထားသည်ဟုဆိုကာ အစိုးရ အာဏာပိုင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
မူလစွဲဆို အမှုများမှ လွတ်မြောက်ရန် ၂၂ ရက် အလို ဇန်နဝါရီလ ၂ ရက်နေ့တွင် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့်
နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
“သူ့ကို တရားစွဲတာကို သူက တော်တော်ကို စိတ်ထိခိုက်ပြီးတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရင် သူပြောတဲ့အတိုင်း ပြောရင် သူ ‘အလိမ်ခံရတာပဲ’လို့ ပြောတယ်ဗျ”ဟု ဦးကြီးမြင့်က မန်းငြိမ်းမောင်၏ ပြောစကားကို
ပြန်ပြောပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ သည်။

အာဏာပိုင်များ ကတိချိုးဖျက်သည့်အတွက် ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေ
Published on February 16, 2012 by နော်နိုရင်း · No Comments
ပဒိုမန်း ငြိမ်း မောင်
အာဏာပိုင်တွေက တရားမစွဲပါဘူးဆိုတဲ့ ကတိပေးပြီး သူ့ကို သေဒဏ်ကျနိုင်တဲ့ အမှုနဲ့ တရားစွဲဆိုထားတဲ့အတွက် ကေအန်ယူခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေတယ်လို့ သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုကော်မတီဝင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မနှစ်ခုနဲ့ စွဲဆိုချက်အပေါ် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။
ဒီကနေ့ တရားခွင်ကို ရောက်ရှိတဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က တရားခွင်အခြေအနေကို အခုလို ပြောပါတယ်။
“ဒီနေ့ ပဒိုမန်းငြိမ်းမောင်ကို စစ်တာပေါ့ဗျာ။ ပဒိုမန်းငြိမ်းမောင်က ဘာကြောင့် ကေအန်ယူအဖွဲ့မှာ လူမျိုးစုအနေနဲ့ လက်နက်စွဲကိုင် ခုခံရတဲ့အကြောင်းပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ကေအန်ယူရဲ့ သမိုင်းကြောင်းနဲ့ ချီပြီး ယှဉ်ပြီးတော့ သူက သက်သေထွက်ဆိုတယ်ဗျ။ နောက်တပတ် ကြာသပတေးနေ့ကျရင် ကျနော်တို့ပြတဲ့ သက်သေတွေ၊ မီးရထားဝန်ကြီး ဦးအောင်မင်းတို့၊ နေပြည်တော်က လာတဲ့ အရာရှိကြီးတွေ အားလုံး ၈ ယောက်ပေါ့။ သူတို့ကိုစစ်ဖို့ ကျနော်တို့က စာတင်ထားတယ်။ အဲဒါတွေကို တရားရုံးက ခေါ်ပေးမယ်၊ မပေးဘူးဆိုတာကို ကြာသပတေးနေ့ကျရင် အမိန့်ချမယ်။ ခေါ်ပေးမယ်ဆိုရင် ကျနော်တို့ စောင့်ရမှာပေါ့။ ခေါ်မပေးဘူးဆိုရင် နောက်တပတ်မှာ လျှောက်လဲချက်ပေးပြီး နောက်တချိန်းမှာ အမိန့်ချမှာဗျာ။”
ဒါ့အပြင် ဒီလို ငြိမ်းချမ်းရေးကာလမှာ သူ့ကို ပြစ်မှုကြီးတွေနဲ့ တရားစွဲဆိုတဲ့အပေါ် စိတ်မကျန်းမာကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောတယ်လို့ ရှေ့နေဦးကြီးမြင့်က ဆိုပါတယ်။
“သူ့ကို တရားမစွဲပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေ ကူညီပါလို့ ပြောတယ်။ ငြိမ်းချမ်းရေးတွေလည်း ပဏာမ လက်မှတ်ထိုးနိုင်ပြီး။ သူ့ကို ပေးထားတဲ့ တရားမစွဲပါဘူး ဆိုတဲ့ ကတိကို ချိုးဖျက်ပြီးတော့ သူ့ကို အခုလို သေဒဏ်ထိုက်စေတဲ့ အမှုတွေနဲ့ ရုံးတင် စစ်ဆေးနေတဲ့ အပေါ်မှာတော့ သူ့ကို လိမ်လည်ခံရတယ်။ သူ့အပေါ်မှာ ကတိဖောက်ဖျက်ခြင်း ခံရတယ်လို့ ခံစားရတဲ့ အတွက်ကြောင့်မို့လို့ စိတ်မကျန်းမာဘူးပေါ့ဗျာ။ အဲဒါကလည်း ကျနော့်ကို အဲဒီ့လို ပြောပြပါဗျာတဲ့ စိတ်မကျန်းမာဘူးတဲ့ အဲဒီလို ပြောတယ်။ ပြီးတော့လည်း ဒီအချိန်ကြီးမှာပေါ့ဗျာ ဒီလို အခါမျိုးကြီးမှာ ဒီလို ပုဒ်မမျိုးတွေနဲ့ ဒီလိုဟာမျိုး မစွဲသင့်တော့ဘူးပေါ့။ ငြိမ်းချမ်းရေးတွေလည်းပဲ ဆောင်ရွက်နေပြီ။ အဲ့လိုမျိုးတော့ သူပြောတယ်။”
နိုင်ငံတော်ပုန်ကန်မှုဟာ တသက်တကျွန်းအထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး တရားမဝင်အသင်းဖွဲ့ အမှုကတော့ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ဦးကြီးမြင့်က ပြောပါတယ်။ လာမယ့် အပတ် ကြာသာပတေးနေ့မှာလည်း ပဒိုမန်းငြိမ်းမောင်ဘက်က သက်သေပြုမယ့်သူကို လက်ခံ၊ မခံ အမိန့်ချမှတ်မယ်လို့ ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ မနှစ် နှစ်လယ်ပိုင်းက တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ ထိုင်းနိုင်ငံကို ပြန်ဖို့ ပြည်ဝင်ခွင့် အခက်အခဲ ဖြစ်ရာကနေ အစပြုကာ မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး ဖမ်းဆီး တရားစွဲခံနေရတာပါ။
အခုနှစ်ဆန်းပိုင်းက ကေအန်ယူနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး ပဏာမ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပဒိုမန်းငြိမ်းမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ အစိုးရဘက်က ကတိပေးခဲ့ပေမယ့် အခု ထောင်နှစ်ရှည်ကျခံနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ပဒိုမန်းငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ဗဟိုကော်မတီဝင်ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ မှာလည်း ကော်မတီဝင်တဦး ဖြစ်ပါတယ်။

Wednesday, February 15, 2012
မန်းငြိမ်းမောင်သတင်း
ပဒိုမန်းငြိမ်းမောင်အမှုတွင် တာဝန်ရှိသူများ၏ ပြောကြားချက်သည် တရားရုံးကို မထီမဲ့မြင် ပြုလုပ်ဟုဆို
Published on February 15, 2012 by အေးနိုင် · No Comments
ပဒိုမန်းငြိမ်းမောင်အမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဂျာနယ်တွေမှာ ပြောဆိုချက်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြုလုပ်ချက်တွေ ဖြစ်တယ်လို့ ပဒိုမန်းငြိမ်းဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက ဝေဖန် ပြောဆိုလိုက်ပါတယ်။
“တရားစီရင်ရေးရဲ့ လမ်းကြောင်းပေါ်မှာ သွားနေတဲ့အတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကနေ အစိုးရအဖွဲ့နဲ့ ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူတို့ လွှတ်ထားတယ်။ နောက်ပြီးတော့ သူတို့ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီးတော့ ဂျာနယ်၊ မီဒီယာကနေပြီးတော့ ထုတ်ပြီးတော့ တာဝန်ရှိသူတွေက ပြီးတော့လွတ်သွားမှာပါ ဆိုတဲ့စကားလုံးကို သုံးတာဟာဖြင့် ရှင်းရှင်းပြောရင် တရားရုံးများကို မထီလေးစား ပြုလုပ်တယ်။ တရားစီရင်ရေးပေါ်မှာ လမ်းကြောင်းက သွားနေတဲ့ အလုပ်ပေါ်မှာ ဒီလို တာဝန်ရှိသူတွေက လက်လွတ်စပယ် ပြောတာကဖြင့် မပြောသင့်ဘူးလို့ အန်ကယ်တို့ဘက်က မြင်တယ်။ ”
ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဥပဒေပုဒ်မတွေနဲ့ အစိုးရက တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း ရုံးထုတ်နေပြီး ပြန်ခေါ်သက်သေတွေကို စစ်မေးခဲ့ပါတယ်။ မနက်ဖြန်မှာ ပဒိုမန်းငြိမ်းမောင်ကို စတင် စစ်ဆေးဖို့ ရှိပါတယ်။
ဂျာနယ်တချို့မှာ ပါရှိတဲ့ “မန်းငြိမ်းမောင် ပြန်လွတ်မှာပါ”လို့ တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို တရားရုံးက မန်းငြိမ်းမောင်ကို ပြသကြောင်းနဲ့ တကယ်တော့ ဒီလို မဖြစ်သင့်ကြောင်း ဦးအောင်သိန်းက ထောက်ပြပြောဆိုပါတယ်။
“အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းက အချိန်မရွေး လွှတ်နိုင်ခွင့် ရှိတယ်ဆိုတာ ကျနော်တို့က နားလည်တယ်။ ဒါပေမယ့် တရားစီရင်ရေးပိုင်းမှာတော့ တရားစီရင်ရေးပိုင်းကို သွားနေတဲ့ အမှုအခင်းပေါ်မှာ ဒီလို ကြိုပြီးပြောပြီးတော့ တဖက်ကလည်း ခင်ဗျားလွတ်မှာပါ။ ဒါပေမယ့် ကျနော်တို့ အလုပ်ကိုတော့ ကျနော်တို့ လုပ်ရမှာပဲ။ ကျနော်တို့ တရားရုံးပေါ်မှာတော့ နားလည်မှု ပေးထားပါဆိုတဲ့ သဘောသက်ရောက်တဲ့ ဟာမျိုးကို ဖြစ်စေတာကို မသင့်လျော်ဘူးလို့ ထင်တယ်။”
ပဒိုမန်းငြိမ်းမောင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ ထိုင်းနိုင်ငံကို ပြန်ဖို့ ပြည်ဝင်ခွင့် အခက်အခဲ ဖြစ်ရာကနေ အစပြုလို့ မြန်မာအာဏာပိုင်လက်ထဲ အပ်ခံရပြီး ဖမ်းဆီး တရားစွဲခံနေရတာပါ။ ပျိုရွယ်စဉ်ကာလကလည်း သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် တသက်တကျွန်း ကျခဲ့ဖူးပါတယ်။

Subscribe to:
Posts (Atom)