Blogger Widgets

Thursday, February 16, 2012

မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။ ။ နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့ ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။

ဝန်ကြီး ဦးအောင်မင်း နှင့်တကွ နေပြည်တော်မှ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)မှ ထိပ်တန်း အရာရှိကြီးများ၊ တပ်မှူးများ စုစုပေါင်း ၈ ဦးတို့အား အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေးရန် ကြာသပတေးနေ့ ရုံးချိန်းကြားနာမှု အတွင်း လျှောက်ထားခြင်းဖြစ်သည်ဟု မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့တင်ပြထားတဲ့ သက်သေတွေကို ခေါ်မပေးဘူးဆိုရင် နောက်တပတ်မှာ နှစ်ဖက်အပြီးသတ် အမိန့်ချမယ်။
ခေါ်ပေးတယ် ဆိုရင်တော့ စောင့်ရမှာပေါ့” ဟု ဦးကြီးမြင့် က ပြောသည်။

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန် အထူးတရားရုံး၌ ကြာသပတေးနေ့က ကြားနာစစ်ဆေးခဲ့ရာတွင် ပဒိုမန်းငြိမ်းမောင်ကို တရားလို ရှေ့နေများက ၃ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်၏
ရှေ့နေက ပြောသည်။

ပဒိုမန်းငြိမ်းမောင်က သူသည် KNU ဗဟိုကော်မတီဝင် ဖြစ်ကြောင်းနှင့် အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

“သူက ငြိမ်းချမ်းရေးကိစ္စတွေကို နိုင်ငံတော်ကို အကူအညီပေးခဲ့တယ်။ အစိုးရက လက်နက်ပဲ အချခိုင်းနေတယ်။ အခွင့်အရေးတွေကို တကယ်မပေးဘူး။ တကယ်လို့ သူတို့ အခွင့်အရေး ပေးမယ်ဆိုရင် သူတို့လည်း ငြိမ်းချမ်းရေး လိုလားတယ်။ တိုက်ခိုက်စရာ မလိုဘူး။ ငြိမ်းချမ်းရေး ပေးမယ်ဆိုရင် အစိုးရနဲ့ လက်တွဲသွားဖို့ လုပ်လို့ရတယ်လို့ ထွက်ဆိုပါတယ်” ဟု မဒိုမန်းငြိမ်းမောင်၏ ရှေ့နေက ပြောသည်။

ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ် ထားသည်ဟုဆိုကာ အစိုးရ အာဏာပိုင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

မူလစွဲဆို အမှုများမှ လွတ်မြောက်ရန် ၂၂ ရက် အလို ဇန်နဝါရီလ ၂ ရက်နေ့တွင် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့်
နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။

“သူ့ကို တရားစွဲတာကို သူက တော်တော်ကို စိတ်ထိခိုက်ပြီးတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရင် သူပြောတဲ့အတိုင်း ပြောရင် သူ ‘အလိမ်ခံရတာပဲ’လို့ ပြောတယ်ဗျ”ဟု ဦးကြီးမြင့်က မန်းငြိမ်းမောင်၏ ပြောစကားကို
ပြန်ပြောပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ သည်။
အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ
Published on February 16, 2012 by နော်နိုရင်း · No Comments

ပဒိုမန်း ငြိမ်း မောင်

အာဏာပိုင်​တွေက တရား​မစွဲပါဘူး​ဆိုတဲ့​ ကတိ​ပေး​ပြီး​ သူ့​ကို ​သေဒဏ်ကျနိုင်တဲ့​ အမှုနဲ့​ တရား​စွဲဆိုထား​တဲ့​အတွက် ​ကေအန်ယူ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေတယ်လို့​ သူ့​ရဲ့​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဗဟို​ကော်မတီဝင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​တော်ပုန်ကန်မှု၊​ မတရား​အသင်း​ ဆက်သွယ်မှု ပုဒ်မနှစ်ခုနဲ့​ စွဲဆိုချက်အ​ပေါ် အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​မှာ ဒီ​နေ့​ ရုံး​ထုတ် စစ်​ဆေး​ပါတယ်။

ဒီက​နေ့​ တရား​ခွင်ကို ​ရောက်ရှိတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က တရား​ခွင်အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။

“ဒီ​နေ့​ ပဒိုမန်း​ငြိမ်း​မောင်ကို စစ်တာ​ပေါ့​ဗျာ။ ပဒိုမန်း​ငြိမ်း​မောင်က ဘာ​ကြောင့်​ ​ကေအန်ယူအဖွဲ့​မှာ လူမျိုး​စုအ​နေနဲ့​ လက်နက်စွဲကိုင် ခုခံရတဲ့​အ​ကြောင်း​ပေါ့​။ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ၊​ ​ကေအန်ယူရဲ့​ သမိုင်း​ကြောင်း​နဲ့​ ချီပြီး​ ယှဉ်ပြီး​တော့​ သူက သက်​သေထွက်ဆိုတယ်ဗျ။ ​နောက်တပတ် ကြာသပ​တေး​နေ့​ကျရင် ကျ​နော်တို့​ပြတဲ့​ သက်​သေ​တွေ၊​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​၊​ ​နေပြည်​တော်က လာတဲ့​ အရာရှိကြီး​တွေ အား​လုံး​ ၈ ​ယောက်​ပေါ့​။ သူတို့​ကိုစစ်ဖို့​ ကျ​နော်တို့​က စာတင်ထား​တယ်။ အဲဒါ​တွေကို တရား​ရုံး​က ​ခေါ်​ပေး​မယ်၊​ မ​ပေး​ဘူး​ဆိုတာကို ကြာသပ​တေး​နေ့​ကျရင် အမိန့်​ချမယ်။ ​ခေါ်​ပေး​မယ်ဆိုရင် ကျ​နော်တို့​ ​စောင့်​ရမှာ​ပေါ့​။ ​ခေါ်မ​ပေး​ဘူး​ဆိုရင် ​နောက်တပတ်မှာ ​လျှောက်လဲချက်​ပေး​ပြီး​ ​နောက်တချိန်း​မှာ အမိန့်​ချမှာဗျာ။”

ဒါ့​အပြင် ဒီလို ငြိမ်း​ချမ်း​ရေး​ကာလမှာ သူ့​ကို ပြစ်မှုကြီး​တွေနဲ့​ တရား​စွဲဆိုတဲ့​အ​ပေါ် စိတ်မကျန်း​မာ​ကြောင်း​ ပဒိုမန်း​ငြိမ်း​မောင်က ​ပြောတယ်လို့ ​ရှေ့​နေဦး​ကြီး​မြင့်​က ဆိုပါတယ်။

“သူ့​ကို တရား​မစွဲပါဘူး​။ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ကူညီပါလို့​ ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ ပဏာမ လက်မှတ်ထိုး​နိုင်ပြီး​။ သူ့​ကို ​ပေး​ထား​တဲ့​ တရား​မစွဲပါဘူး​ ဆိုတဲ့​ ကတိကို ချိုး​ဖျက်ပြီး​တော့​ သူ့​ကို အခုလို ​သေဒဏ်ထိုက်​စေတဲ့​ အမှု​တွေနဲ့​ ရုံး​တင် စစ်​ဆေး​နေတဲ့​ အ​ပေါ်မှာ​တော့​ သူ့​ကို လိမ်လည်ခံရတယ်။ သူ့​အ​ပေါ်မှာ ကတိ​ဖောက်ဖျက်ခြင်း​ ခံရတယ်လို့​ ခံစား​ရတဲ့​ အတွက်​ကြောင့်​မို့​လို့​ စိတ်မကျန်း​မာဘူး​ပေါ့​ဗျာ။ အဲဒါကလည်း​ ကျ​နော့်​ကို အဲဒီ့​လို ​ပြောပြပါဗျာတဲ့​ စိတ်မကျန်း​မာဘူး​တဲ့​ အဲဒီလို ​ပြောတယ်။ ပြီး​တော့​လည်း​ ဒီအချိန်ကြီး​မှာ​ပေါ့​ဗျာ ဒီလို အခါမျိုး​ကြီး​မှာ ဒီလို ပုဒ်မမျိုး​တွေနဲ့​ ဒီလိုဟာမျိုး​ မစွဲသင့်​တော့​ဘူး​ပေါ့​။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ပဲ ​ဆောင်ရွက်​နေပြီ။ အဲ့​လိုမျိုး​တော့​ သူ​ပြောတယ်။”

နိုင်ငံ​တော်ပုန်ကန်မှုဟာ တသက်တကျွန်း​အထိ ​ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး​ တရား​မဝင်အသင်း​ဖွဲ့​ အမှုက​တော့​ ​ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်​ကြောင်း​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။ လာမယ့်​ အပတ် ကြာသာပ​တေး​နေ့​မှာလည်း​ ပဒိုမန်း​ငြိမ်း​မောင်ဘက်က သက်​သေပြုမယ့်​သူကို လက်ခံ၊​ မခံ အမိန့်​ချမှတ်မယ်လို့​ ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မနှစ် နှစ်လယ်ပိုင်း​က တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အစပြုကာ မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။

အခုနှစ်ဆန်း​ပိုင်း​က ​ကေအန်ယူနှင့်​ အစိုး​ရတို့​ကြား​ ငြိမ်း​ချမ်း​ရေး​ ပဏာမ သ​ဘောတူညီမှု ရရှိခဲ့​ပြီး​နောက် ပဒိုမန်း​ငြိမ်း​မောင်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ အစိုး​ရဘက်က ကတိ​ပေး​ခဲ့​ပေမယ့်​ အခု ​ထောင်နှစ်ရှည်ကျခံနိုင်တဲ့​အမှုနဲ့​ တရား​ရင်ဆိုင်​နေရတာပါ။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) မှာ ဗဟို​ကော်မတီဝင်ဖြစ်သလို တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​ (၁၂) ဖွဲ့​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွှတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ မှာလည်း​ ​ကော်မတီဝင်တဦး​ ဖြစ်ပါတယ်။

Wednesday, February 15, 2012

မန်းငြိမ်းမောင်သတင်း

ပဒိုမန်း​ငြိမ်း​မောင်အမှုတွင် တာဝန်ရှိသူများ​၏ ​ပြောကြား​ချက်သည် တရား​ရုံး​ကို မထီမဲ့​မြင် ပြုလုပ်ဟုဆို
Published on February 15, 2012 by ​အေး​နိုင် · No Comments

ပဒိုမန်း​ငြိမ်း​မောင်အမှုနဲ့​ ပတ်သက်လို့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေရဲ့​ ဂျာနယ်​တွေမှာ ​ပြောဆိုချက်​တွေဟာ တရား​ရုံး​ကို မထီမဲ့​မြင်ပြုလုပ်ချက်​တွေ ဖြစ်တယ်လို့​ ပဒိုမန်း​ငြိမ်း​ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ဝေဖန် ​ပြောဆိုလိုက်ပါတယ်။




“တရား​စီရင်​ရေး​ရဲ့​ လမ်း​ကြောင်း​ပေါ်မှာ သွား​နေတဲ့​အတွက် အုပ်ချုပ်​ရေး​ပိုင်း​ ဆိုင်ရာ​တွေက​နေ အစိုး​ရအဖွဲ့​နဲ့​ ဝင်​ရောက် မစွက်ဖက်ဘူး​ဆိုတဲ့​ သ​ဘောမျိုး​နဲ့​ သူတို့​ လွှတ်ထား​တယ်။ ​နောက်ပြီး​တော့​ သူတို့​ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီး​တော့​ ဂျာနယ်၊​ မီဒီယာက​နေပြီး​တော့​ ထုတ်ပြီး​တော့​ တာဝန်ရှိသူ​တွေက ပြီး​တော့​လွတ်သွား​မှာပါ ဆိုတဲ့​စကား​လုံး​ကို သုံး​တာဟာဖြင့်​ ရှင်း​ရှင်း​ပြောရင် တရား​ရုံး​များ​ကို မထီ​လေး​စား​ ပြုလုပ်တယ်။ တရား​စီရင်​ရေး​ပေါ်မှာ လမ်း​ကြောင်း​က သွား​နေတဲ့​ အလုပ်​ပေါ်မှာ ဒီလို တာဝန်ရှိသူ​တွေက လက်လွတ်စပယ် ​ပြောတာကဖြင့်​ မ​ပြောသင့်​ဘူး​လို့​ အန်ကယ်တို့​ဘက်က မြင်တယ်။ ”

ပဒိုမန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှု၊​ မတရား​အသင်း​ ဥပ​ဒေပုဒ်မ​တွေနဲ့​ အစိုး​ရက တရား​စွဲဆိုထား​ပြီး​ အင်း​စိန်​ထောင်မှာ ကြာသပ​တေး​နေ့​တိုင်း​ ရုံး​ထုတ်​နေပြီး​ ပြန်​ခေါ်သက်​သေ​တွေကို စစ်​မေး​ခဲ့​ပါတယ်။ မနက်ဖြန်မှာ ပဒိုမန်း​ငြိမ်း​မောင်ကို စတင် စစ်​ဆေး​ဖို့​ ရှိပါတယ်။

ဂျာနယ်တချို့​မှာ ပါရှိတဲ့​ “မန်း​ငြိမ်း​မောင် ပြန်လွတ်မှာပါ”လို့​ တာဝန်ရှိသူရဲ့​ ​ပြောဆိုချက်ကို တရား​ရုံး​က မန်း​ငြိမ်း​မောင်ကို ပြသ​ကြောင်း​နဲ့​ တကယ်​တော့​ ဒီလို မဖြစ်သင့်​ကြောင်း​ ဦး​အောင်သိန်း​က ​ထောက်ပြ​ပြောဆိုပါတယ်။

“အုပ်ချုပ်​ရေး​ အာဏာပိုင်အဖွဲ့​အစည်း​က အချိန်မ​ရွေး​ လွှတ်နိုင်ခွင့်​ ရှိတယ်ဆိုတာ ကျ​နော်တို့​က နား​လည်တယ်။ ဒါ​ပေမယ့်​ တရား​စီရင်​ရေး​ပိုင်း​မှာ​တော့​ တရား​စီရင်​ရေး​ပိုင်း​ကို သွား​နေတဲ့​ အမှုအခင်း​ပေါ်မှာ ဒီလို ကြိုပြီး​ပြောပြီး​တော့​ တဖက်ကလည်း​ ခင်ဗျား​လွတ်မှာပါ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အလုပ်ကို​တော့​ ကျ​နော်တို့​ လုပ်ရမှာပဲ။ ကျ​နော်တို့​ တရား​ရုံး​ပေါ်မှာ​တော့​ နား​လည်မှု ​ပေး​ထား​ပါဆိုတဲ့​ သ​ဘောသက်​ရောက်တဲ့​ ဟာမျိုး​ကို ဖြစ်​စေတာကို မသင့်​လျော်ဘူး​လို့​ ထင်တယ်။”

ပဒိုမန်း​ငြိမ်း​မောင်ဟာ တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အစပြုလို့​ မြန်မာအာဏာပိုင်လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။ ပျိုရွယ်စဉ်ကာလကလည်း​ သူရဲ့​ နိုင်ငံ​ရေး​ လှုပ်ရှား​မှု​ကြောင့်​ ​ထောင်ဒဏ် တသက်တကျွန်း​ ကျခဲ့​ဖူး​ပါတယ်။