လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း
မိုးမခစာမျက်နှာမှကူးယူပါသည်။
မတ်လ ၁၉၊ ၂၀၁၃
လက်ပံတောင်းတောင်သပိတ်စခန်းများကို
လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာသော
နောက်ဆက် တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို
ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတ က
ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မတ်လ
၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍
ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့်
တွေ့ဆုံရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့်
ကြုံတွေ့ ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင်
ပြည်ပမှအထောက်အပံ့များရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင်
လှုပ်ရှားနေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော
ကိုဟန်ဝင်းအောင်နှင့်The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်း ထားသည်များကို
ဖော်ပြလိုက်ပါသည်။● ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။
အဓိကက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေး ဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။
● အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။
အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့