Sunday, March 23, 2014
Wednesday, March 5, 2014
Face book မှကူးယူဖေါ်ပြပါသည်။
ကရင်လူမျိုးများအားလုံး
သိထားသင့်တဲ့ KNU သမိုင်းကြောင်း၊ တော်လှန်းရေးတိုက်ပွဲ၊ ရပ်တည်ချက်နဲ့
လက်ရှိအခြေနေပါ. လေ့လာနိုင်ရန် မျှဝေပေးလိုက်ပါတယ်.
ကရင်အမျိုးသား အစည်းအရုံး(KNU)
--------------------
တည်ထောင်သောနှစ်- ၁၉၄၇ခုနှစ်
ခေါင်းဆောင်- စောဘဦးကြီး
ကေအင်ယူ၏ ဖခင် စောဘဦးကြီး။
မန်းဘဇံ
ကရင်အမျိုးသားအစည်းအရုံး ဆိုသည်မှာ ကေအင်ယူ Karen National Union (KNU) ဖြစ်သည်။ ထိုအစည်းအရုံး၏ လက်နက်ကိုင်တပ်မှာ ယခင်က ကေအင်ဒီအို(Karen National Defense Organization (KNDO) ယခုကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်(ဒီကေဘီအေ)Democratic Karen Buddhist Army (DKBA) ကေအင်ယူ မှ ခွဲထွက်သွားသော လက်နက်ကိုင်အဖွဲအစည်းဖြစ်သည်။ (ဒီကေဘီအေ)သည် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးသည့် (ကေအင်ယူ)မှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ပြီး အစိုးရတပ်များနှင့် ပူပေါင်းခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး KNU မှခွဲထွက်သွားသော လက်နက်ကိုင်အဖွဲအစည်းမှာ ဗိုလ်ချုပ်ထိန်မောင်ခေါင်းဆောင်သောကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီဖြစ်သည်။လက်ရှိKNU ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး တာမလာဘော ဖြစ်ပြီး ဒု ဥက္ကဌ မှာစောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေးမှူးမှာ နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ ဖြစ်သည်။
*-*-*-*-*-*-*-*-*-*-*
ဒေါကလူ
-----
လက်ရှိကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘော
ကရင်အမျိုးသားများ၏ ပထမဦးဆုံး ဖွဲ့စည်းခဲ့သည့် အမျိုးသားရေး အဖွဲ့အစည်းမှာဒေါကလူ ဖြစ်သည်။ ၁၈၈၁ ခုနှစ်တွင် ဒေါက်တာ တီးသံပြာက စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင် ဒေါကလူမှ ခေါင်းဆောင်များနှင့် Karen Central Advisory Board (K.C.A.B) အား ဖွဲ့စည်းလိုက်၏။ ကရင့်ဗဟိုအကြံပေး အဖွဲ့တွင်ဒေါက်တာဆာစံစီဖိုး၊ စောဘမောင်၊ စောသာဒင်တို့ ပါဝင်ခဲ့ကြ၏။ ၁၉၄၅ တွင် (K.C.A.B)အား (K.C.O)Karen Central Organizationဟူ၍ အသွင်ပြောင်းလိုက်ကြ၏။ ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး ပါဝင်ကြ၏။ ၁၉၄၆ ခုနှစ်တွင် (K.C.O) ကိုယ်စားအဖွဲ့တဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ အဖွဲ့တွင် စောဘဦးကြီး၊ စောသာဒင်၊ ဆစ်ဒနီလူနီနှင့် စောဖိုးချစ် တို့ပါဝင်ပြီး၊ သီးခြား ကရင်ပြည်နယ်ရရှိရေးအတွက် ဗြိတိသျှနှင့် ဆွေးနွေးကြသည်။ စစ်ပြီးခေတ်
Subscribe to:
Posts (Atom)