Blogger Widgets

Sunday, October 31, 2010

Take me home

ကျွန် တော် တို့ ဒီ မှာ ဇိမ် ကျ နေ တဲ့ အ ချိန်၊ ကိုယ် လူ မျိုး အ တွက် ဘာ ဖြစ် တယ် ညာ ဖြစ် တယ် အာ နေ တဲ့ အ ချိန်၊ ကျွန် တော် တို့ ကိုယ့် အ တ္တ အ တွက် ငြင်း ခုံ ကြ ကွဲ ပြား ကြ တဲ့ အ ချိန် မှာ မြန် မာ ပြည် တွင်း မှာ ကျန် ခဲ့ တဲ့ ကျွန် တော် တို့ ဆွေ မျိုး သား ချင်း တွေ ရဲ့  ဘ ၀ ဟာ တွေ့ တဲ့ အ တိုင်း ပါ ပဲ အ သက် ရှင် သန် ရေး အ တွက် အ ပြော နဲ့  မ ဟုတ် တဲ့ လက် တွေ့ ဘ ၀ မှာ အ ပြင်း အ ထန် ရုန်း ကန် နေ ရ ပါ တယ်။ ဘယ် သူ ကို မှ မ အား ကိုး ရ ပဲ ကိုယ် ခြေ ထောက် ပေါ် မှာ ရှင် သန် ရေး အ တွက် ကြိုး စား နေ ရ တယ်။ ကိုယ် အ တ္တ၊ ကိုယ့် စည်း စိမ် ထက် ရှင် သန် ရေး ဟာ ပို ပြီး အ ရေး ကြီး နေ ရ တဲ့ ဘ ၀ ပါ။  ဒါ ဟာ ပုံ ပြင် တစ် ပုဒ် မ ဟုတ် ဘူး။ ပ ရိ သတ် ကြိုက် အောင် ဇါတ် နာ အောင် ရိုက် ထား တဲ့ ရုပ် ရှင် ကား တစ် ပုဒ် မ ဟုတ် ဘူး။ ကျွန် တော် တို့ တိုင်း ပြီး မှာ မ ဟာ စစ် ၀ါ ဒီ တွေ မ ကျ ဆုံး သ ရွေ့ ဒီ အ ဖြစ် အ ပျက် တွေ အ ဆုံး သတ် နိုင် မှာ မ ဟုတ် ပါ ဘူး။
ဒီ မှာ အ စ စ အ ရာ ရာ အ ဆင် ပြေ နေ လို့ ကိုယ့် အ တ္တ ရှေ့ ရောက် နေ တဲ့ သူ တွေ အား လုံး ကျေး ဇူး ပြု ပြီး နောက် လေး  တ ချက် လောက် တော့ လှည့် ကြည့် ကြ ပါ အုံး။ ကိုယ့် အ မျိုး ကို တ ခြား လူ က ကိုယ့် ထက် ပို ချစ် နိုင် မှာ လား။ ဒါ မှ မ ဟုတ် ကိုယ့် အ မျိုး ကို ကိုယ် မ ချစ် လို့ တ ခြား အ မျိုး သား တွေ က ချစ် ပေး ရ မှာ လား။ ကျွန် တော် တို့ ဘာ လုပ် ကြ မှာ လဲ။ ဒါ ဟာ ကိုယ် ကိုယ် ကို က ရင် လူ မျိုး လို့ ဆို တဲ့ သူ တွေ အ တွက် အ ကြီး မား ဆုံး စိန် ခေါ် ချက် ပါ။ ဒီ စိန် ခေါ် ချက် ကို ဘယ် လို တုန့် ပြန် မယ် ဆို တာ ကိုယ် အ မျိုး ကို ဘယ် လောက် ချစ် တယ် ဆို တဲ့ အ ပေါ် မှာ ပဲ မူ တယ် ပါ တယ်။ ကျွန် တော် တို့ က ရင် တွေ အား လုံး ကိုယ့် အ မျိုး ကို လက် တွေ့ ချစ် ကြ လိမ့် မယ် လို့ မျှော လင့် လျှက်--
facebook မှာ တွေ့ လို့ တင် ပေး လိုက် ပါ တယ်။ ဖန် တီး ပါ ၀င် တဲ့ အ နု ပ ညာ ရှင် အား လုံး ကို ကျေး ဇူး တင် ပါ တယ်။ မူ ရင်း ပိုင် ရှင် မ သိ လို့ ခွင့် မ တောင်း ဖြစ် ပါ ဘူး။ တ ကယ် လို့ တင် ခွင့် မ ပြု ရင် အ ကြောင်း ကြား ပါ ပြန် ဖြုတ် ပေး ပါ မယ်။

Saturday, October 30, 2010

ယုန် ပုံ ပြင် ပါ တဲ့

 ဆ ရာ မ ခင် မ မ မျိုး ရဲ့ ယုန် ပုံ ပြင် ကို ဖတ် လိုက် ရ တော့ ကိုယ့် ကိုယ် ကို ပြန် ဆန်း စစ် ကြည့် လိုက် တယ်။ ငါ ဟာ တ ခါ တ ခါ  ကြမ်း ပိုး တစ် ကောင်၊ တ ခါ တ ခါ တီ ကောင် ပေါ့၊ တ ခါ တ ခါ တော့ လဲ သိုး လေး ပါ လား၊ ရွှေ သ မင် လို့ တ ခါ တ လေ ကိုယ့် ကို ကိုယ် ထင် မိ လေ ရဲ့၊ တ ခါ တ လေ တော့ လဲ တော ၀က် လေ လား ပဲ။ သေ ချာ တာ က တော့ ငါ ဟာ ယုန် မ ဟုတ်၊ ၀ံ ပု လွေ မ ဟုတ်၊ ကျား မ ဟုတ် သ လို ဆင် လဲ မ ဟုတ် တာ ပါ ပဲ။ အ သေ ချာ ဆုံး က တော့ ခြ င်္သေ့ လုံး ၀ မ ဟုတ် တာ ပါ။
ဆ ရာ မ ရဲ့ ပုံ ပြင် လေး ဟာ မြန် မာ ပြည် ရဲ့ လက် ရှိ နိုင် ငံ ရေး အ ခင်း အ ကျင်း ကို လုံး ၀ လုံး ၀ ပေါ် လွင် စေ သ လို ကိုယ် ကို ကိုယ် ဘယ် လို လူ မျိုး လဲ ဆို တာ ပြန် ဆန်း စစ် ဖို့ အ ကောင်း ဆုံး ဥ ပ မာ ပါ။ ယုန် ပုံ ပြင် ကို ဒီ မှာ နှိပ် ပြီး ဖတ် ပါ။

ယုန် ပုံ ကို တော့  ဂူး ဂယ် က နေ ရှာ ထား တာ ပါ။

နား ထောင် ကြည့် ပါ။


ဒီ ဘ လော့ လေး ဟာ ဘာ သာ ရေး ဘ လော့ မ ဟုတ် ပေ မဲ့ ဒီ ဆ ရာ တော် ရဲ့ တ ရား ဟော ချက် ကို နား ထောင် ကြည့် စေ ချင် ပါ တယ်။ ကျွန် တော် တို့ က ရင် လူ မျိုး တွေ နိုင် ငံ တ ကာ ကို အင် နဲ့ အား နဲ့ ပြန့် နှံ ရောက် ရှိ နေ တာ ကို ပြည် တွင်း က က ရင် ဘာ သာ ရေး ခေါင်း ဆောင် တွေ တ စုံ တ ခု တော် တော် မျှော် လင့် နေ ကြ ပါ တယ်။ ပြည် တွင်း မှာ ကျွန် တော် တို့ လူ မျိုး စု ခေါင်း ဆောင် တွေ  ရှိ မယ် ဆို ရင် လဲ မျှော် လင့် ကြ မယ် ဆို တာ အ သေ အ ခြာ ပဲ။ နောက် ပြီး ကျွန် တော် တို့ ရဲ့ မိ ခင် အ ဖွဲ့ အ စည်း K N U လဲ  မျှော် လင့် မှာ ပဲ။ 
ကျွန် တော် တို့ ဟာ တ ကယ် ပဲ သူ တို့ အ တွက် မျှော် လင့် ချက် တစ် ခု ဖြစ် နိုင် ရဲ့ လား။
ကျွန် တော် တို့ ဟာ သူ တို့ အ တွက် မျှော် လင့် စ ရာ လား။
ကျွန် တော် တို့ ကော သူ တို့ အ မျှော် အ လင့် ခံ ကြ မှာ လား။
မျှော် ကော မျှော် လင့် ထိုက် ပါ ရဲ့ လား။
ဘာ တွေ ကို မျှော် လင့် ကြ မှာ လဲ။
ငွေ လား။ 
ပ ညာ ရေး လား။
အ သိ ပ ညာ အ တွက် လား။
ဖွံ့ ဖြိုး ရေး အ တွက် လား။
တော် လှန် ရေး အ တွက် လား။
ဒီ မို က ရေ စီ အ တွက် လား။
လူ မျိုး ရေး မြင့် မား လား ရေး အ တွက် လား။
ကိုယ် ပိုင် အုပ် ချုပ် ရေး အ တွက် လား။
မေး ခွန်း တွေ နဲ့ စဉ်း စား စ ရာ တွေ အ များ ကြီး ပါ။ 
က ရင် ခေါင်း ဆောင် တွေ စဉ်း စား တာ ပြည် ပ နိုင် ငံ တွေ ကို ရောက်  နေ တဲ့ က ရင် စဉ်း စား နေ တာ ဟုတ် ချင် မှ ဟုတ် မယ်။ တ ကယ် လို့ မ ဟုတ် ဘူး ဆို ရင် ဘာ တွေ ကို စဉ်း စား နေ ကြ ပါ လိမ့်။

Thursday, October 21, 2010

တ ရား မ ၀င် အ လံ

လက် ရှိ  နိုင် ငံ တော် အ လံ ကို  ဖြုတ် သိမ်း မီး ရှို့ ပြီး သူ တို့ ပြ ဌာန်း ထား တဲ့ ဥ ပ ဒေ အ ရ အ သက် မ ၀င် သေး တဲ့ အ လံ ကို လွှင့် တင် ထား တာ န အ ဖ ရူး နေ ပြီ ဖြစ် မယ်။ အ ခု တော့ မြန် မာ နိုင် ငံ ဟာ နိုင် ငံ တော် အ လံ မ ရှိ တဲ့ နိုင် ငံ ဖြစ် နေ ပြီ ပေါ့။ လုပ် ကြ ပါ သေ နပ် ကိုင် ထား တော့ လဲ ရူး သ လို လုပ် ကြ ပေါ့။ တော် ကြ ပါ ပေ တဲ့။ နိုင် ငံ တော် ကို ဖျက် ဆီး ချင် အ လို ဖျက် ဆီး ပြီး ဖျက် ဆီး စ ရာ တွေ ကို လဲ ရှာ ကြံ ဖျက် ဆီး တတ် ကြ ပါ ပေ တယ်။ ကဲ နောက် ကော ဘာ ဆက် လုပ် ပြ ကြ အုံး မ လဲ။ စိတ် ၀င် စား စ ရာ ပဲ ဥာဏ် ကြီး ရှင် တွေ ရယ်။

Sunday, October 17, 2010

ပြည် ပ ရောက် ၈၈ မျိုး ဆက် တွေ ဘယ် မှာ လဲ

ဝေ နှင်း ပွင့် သုန် က တော့ အ မြင့် ၁၆၀ က ခုန် ချ ပြီး တော့ နိုင် ငံ ရေး အ ကျဉ်း သား တွေ အ တွက် အ လှု ငွေ ရှာ ပေး ပါ တယ်။ ကျွန် တော် တို့ ပြည် ပ ရောက် ၈၈ မျိုး ဆက် တွေ အား လုံး ဝေ နှင်း လေး ကို အား ပေး ထောက် ခံ တဲ့ အ နေ နဲ့ အ လှု ငွေ ၀ိုင်း ထည့် သင့် တယ် လို့ ယူ ဆ ပါ တယ်။ ၈၈ မျိုး ဆက် တော် တော် များ များ ဟာ နိုင် ငံ အ တွက် တ ခြား တ ခြား သော နည်း လမ်း တွေ မှာ အ လှု ငွေ အ များ ကြီး ထည့် ထား ပြီး သား ဖြစ် ရင် လဲ ဖြစ် နေ ပါ လိမ့် မယ်။ ဒါ ပေ မဲ့ ၈၈ မျိုး ဆက် သစ် ကို အား ပေး တာ ကို ပြ သ တဲ့ အ နေ နဲ့ တတ် နိုင် သ မျှ အ လှု ငွေ ထည့် ၀င် ခြင်း ဖြင့် ပြ သ ကြ လိမ့် မယ် လို့ မျှော် လင့် ပါ တယ်။
ဝေ နှင့် အ မြင့် ခုန် သ တင်း ကို ဒီ မှာ နှိပ် ပြီး ဖတ် ပါ။
အ လှု ငွေ ထည့် ၀င် သူ များ စာ ရင်း ကို ဒီ မှာ နှိပ် ပြီး ကြည့် လိုက် ပါ။
၈၈ မျိုး ဆက် တွေ ဘယ် နှစ် ယောက် ပါ ၀င် နေ လဲ ဆို တာ။ ဝေ နှင်း လို ၈၈ မျိုး ဆက် အ တွက် ဂုဏ် ယူ တဲ့ အ နေ နဲ့ ၈၈ မျိုး ဆက် နာ မည် ကို ဒီ စာ ရင်း ထဲ မှာ အ များ ကြီး တွေ့ ချင် ပါ တယ်။ တ ခြား နည်း တ ခြား လမ်း နဲ့ ဒီ ပွဲ အ တွက် အ လှု ငွေ ထည့် ပြီး သား ဖြစ် ချင် လဲ ဖြစ် မယ်။ ဒါ ပေ မဲ့ ဝေ နှင်း လေ နဲ့ တ သား တည်း ဖြစ် တာ ကို ဖေါ် ပြ တဲ့ အ နေ နဲ့ ဒီ နေ ရာ လေး မှာ ထပ် ထည့် ကြ မယ် ဆို ရင် ၈၈ မျိုး ဆက် ရဲ့ ညီ ညွတ် မှု ကို ပြ သ နိုင် လိမ့် မယ် လို့ မျှော် လင့် ပါ တယ်။
ဓါတ် ပုံ ကို မိုး မ ခ က နေ ပြီး ကူး ယူ ပါ တယ်။ ကျေး ဇူး

Saturday, October 16, 2010

ဥရောပပါလီမန်မှာမြန်မာ့အရေးတင်ပြတဲ့ ဇို ရာ ဖန်း


http://karencommunityassociation.blogspot.com/ က နေ ကူး ယူ ဖေါ် ပြ ပါ သည်။

ဇို ရာ ဖန်း ဟာ ဘား မား ကင် ပိန်း ဖေါ် ယူ ကေ အ တွက် အ လုပ် လုပ် နေ ပါ တယ်။ အဲ ဒီ အ တွက် သူ ဟာ မြန် မာ တစ် နိုင် ငံ လုံး အ တွ က် ကိုယ် စား ပြု ပြော ဆို ပေး ရ ပါ တယ်။ မြန် မာ တစ် နိုင် ငံ လုံး ပြော တဲ့ အ တွက် လူ မျိုး စု အား လုံး အ တွက် ပါ ပါ တယ်။ 

မောင်စိန်ဝင်း ပုတီးကုန်း – ရသမြောက် စာ၊ကဗျာများ


မိုး မ ခ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

Thursday, October 14, 2010

ဂုဏ် ယူ ပါ တယ် ချီလီ

photo from YAHOO.COM
မိုင်း လုပ် သား အား လုံး ရဲ့ အ သက် ကို ကယ် နိုင် ခဲ့ လို့ ချီ လီ အ တွက် ဂုဏ် ယူ ပါ တယ်။ မြေ အောက် မှာ ရက် ပေါင်း များ စွာ ပိတ် မိ ပေ မဲ့ ကြံ့ ကြံ့ ခံ ရှင် သန် နိုင် ခဲ့ တဲ့ မိုင်း လုပ် သား တွေ အ တွက် လဲ ဂုဏ် ယူ ပါ တယ်။ အဲ ဒီ အ ဖြစ် အ ပျက် လို ပဲ စစ် အာ ဏာ ရှင် အောက် မှာ လွတ် မြောက် လာ တဲ့ မြန် မာ နိုင် ငံ အ တွက် ဂုဏ် ယူ ရ တဲ့ နေ့ ကို မ နှေး အ မြန် ရောက် တော့ မှာ ပါ။ အာ ဏာ ရှင် ကို ရဲ ၀ံ့ စွာ အန် တု တိုက် ပွဲ ၀င် နေ တဲ့ လူ တွေ အား လုံး ကို လေး စား ဂုဏ် ပြု ပါ တယ်။

Friday, October 8, 2010

ဆ ရာ အောင် သင်း စာ ပေ ဟော ပြော ပွဲ



ဆ ရာ အောင် သင်း ရဲ့ စာ ပေ ဟော ပြော ပွဲ အ သံ ဖိုင် ကို ဒီ ရေ က ကူး ပြီး ဖေါ် ပြ ထား ပါ တယ်။

Wednesday, October 6, 2010

ငှက် တို့ ၏ တေး


ငှက်တို့၏တေး...

မလိုက်ရဲရင်လည်း... 
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။

တစ်နေ့ နီးမှာပေါ့... 
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊ 
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။   ။

ကဆုန်စိုင်းသလိုပေါ့.... 
မုန်းတိုင်းက ရှေ့မှာမွှေ... 
တောမီးတွေက ရှေ့မှာဝိုင်း..။

ခြင်္သေ့က မြက်မစား..... 
ကျားက ကြွက်မချောင်း... 
ဖွတ်တွေက မိကျောင်းလို မနေ...၊ 
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊ 
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။  ။

မောင်စိန်းဝင်း(ပုတီးကုန်း)

ကို ဂျစ် တူး ဘ လော့ က ကူး ထား တာ ပါ။ မောင် စိန် ၀င်း (ပု တီး ကုန်း) ရဲ့ က ဗျာ လေး ပါ။ ကျွန် တော် လူ ငယ် ဘ ၀ က မောင် စိန် ၀င်း (ပု တီး ကုန်း) ရဲ့ က ဗျာ၊ ၀ တ္တု တွေ ကို တ ရှိုက် မက် မက် နှစ် သက် ခဲ့ ပါ တယ်။ အိုး ဝေ လို့ တွန် တဲ့ ငှက် ရဲ့ တေး ဟုတ် တယ် ဒီ ငှက် ရဲ့ တေး သွား  နဲ့ ဒီ ငှက် တွေ ရဲ့ သ မိုင်း ဟာ ဘယ် တော့ မှ ဆုံး မှာ မ ဟုတ် ဘူး။ ၆၅ နှစ် မ က အ နှစ် တစ် ထောင် တစ် သောင်း မ က က မ္ဘာ တည် သ မျှ ပျံ သန်း တေး ဆို၊ နေ မှာ ပါ။ ဂုဏ် ယူ ပါ တယ် ငှက် တွေ ရဲ့ မ ဆုံး တဲ့ တေး အ တွက်။

Tuesday, October 5, 2010

R F A တ န င်္ဂ နွေ စ ကား ၀ိုင်း

  B1002wrap by pahteepakaw

ကျွန် တော် မျိုး ဆက် သစ် နဲ့ မြန် မာ နိုင် ငံ ရေး အ ကြောင်း ဆွေး နွေး တာ နား ထောင် ပြီး ကျွန် တော် တို့ က ရင် လူ မျိုး တွေ အ တွက် နိုင် ငံ ရေး နား လည် တဲ့ မျိုး ဆက် သစ် အ ရမ်း လို အပ် နေ တယ် ဆို တာ ပို ပေါ် လွင် နေ ပါ တယ်။ ဝေ နှင်း ပွင့် သုန် ပြော ခဲ့ တဲ့ မိန့် ခွန်း လေး ကြောင့် မြန် မာ လူ ငယ် တွေ နိုင် ငံ ရေး နှိုး ကြား လာ ပါ တယ်။ ဝေ နှင်း ပွင့် သုန် လို ပဲ နန့် ဇို ရာ ဖန်း ၂ ခါ ပြော ခဲ့ ပါ တယ်။ က ရင် လူ မျိုး တစ် ယောက် အ နေ နဲ့ ဇို ရာ ဖန်း အ တွက် ဂုဏ် ယူ ခဲ့ ပါ တယ်။ သူ လို က ရင် လူ ငယ် တွေ အ များ ကြီး ရှိ လာ ဖို့ လို ပါ တယ်။ ကျွန် တော် တို့ တ တွေ အ များ ကြီး အ လုပ် လုပ် ဖို့ လို ပါ တယ်။

အ ချစ် ဆုံး သူ ငယ် ချင်း သို့

  My lovely friend by pahteepakaw

ကျွန် တော် မှာ သူ ငယ် ချင်း များ များ စား စား မ ရှိ ပါ ဘူး။ ဒါ ပေ မဲ့ လက် ချိုး ရေ တွက် လို့ ရ တဲ့ သူ ငယ် ချင်း တွေ ကို ကျွန် တော် အ ရမ်း ချစ် ပါ တယ်။ အဲ ဒီ ထဲ မှာ ကျွန် တော် အ ချစ် ဆုံး သူ ငယ် ချင်း လေး တစ် ယောက် ရှိ ပါ တယ်။ ထူး ထူး ဆန်း ဆန်း သူ နဲ့ ကျွန် တော် အ တွေး အ ခေါ် တော် တော် တူ ပါ တယ်။ ကျွန် တော် သူ ကို ခင် သ လို သူ လဲ ကျွန် တော် ကို ခင် လိမ့် မယ် လို့ ကျွန် တော် ဘယ် တုန်း က မှ မ ထင် ခဲ့ ပါ ဘူး။ သူ ကျွန် တော် ကို ကျွန် တော် ခင် သ လို ခင် တာ ကို ပင် လယ် ကမ်း ခြေ တစ် ခု မှာ သိ ခဲ့ ရ ပါ တယ်။ အဲ ဒီ ပင် လယ် ကမ်း ခြေ လေး ကို အ မြဲ တမ်း သ တိ ရ နေ ပါ တယ် သူ ငယ် ချင်း။  ဘ ၀ မှ အ ပျော် ဆုံး အိမ် မက် က လေး တစ် ခု လို ပဲ။ စံ ပီး သီ ချင်း လေး လို ပဲ သူ ငယ် ချင်း ဟာ ဘု ရား ပေး တဲ့ သူ ငယ် ချင်း ပါ။ ဒီ လို ပေး တဲ့ အ တွက် အ ရှင် ဘု ရား ကို ကျေး ဇူး အ ထူး တင် ပါ တယ်။

Saturday, October 2, 2010

KPP ပါတီသီချင်း

KPP by pahteepakaw
  KPP 2 by pahteepakaw
အ သိ တစ် ယောက် ပို့ ပေး လို့ ကေ ပီ ပီ ပါ တီ သီ ချင်း နှစ် ပုဒ် ကို နား ထောင် လိုက် ရ ပါ တယ်။ သီ ချင်း ကောင်း သ လို ကေ ပီ ပီ ပါ တီ အ နေ နဲ့ က ရင် လူ မျိုး ရဲ့ အ ကျိုး စီး ပွါး ကို ကောင်း ကောင်း ဆောင် ရွက် ပေး မယ် ဆို ရင် အ ရမ်း ကောင်း ပါ လိမ့် မယ်။
လူ တွေ အ မျိုး မျိုး ဝေ ဖန် တဲ့ ကြား က ၂၀၁၀ မြန် မာ ပြည် ရွေး ကောက် ပွဲ ၀င် မဲ့ ပါ တီ တွေ ရဲ့ မြန် မာ ပြည် သား တွေ ဖက် က ဘယ် လောက် ရပ် တည် ပေး လဲ၊ အ ကူ အ ညီ ပေး လဲ ဆို တာ ကို စောင့် ကြည့် ခဲ့ ပါ တယ်။ ဘယ် ပါ တီ က မှ ပြည် သူ လူ ထု အ တွက် ဆို ပြီး တော့ ဘာ မှ မယ် မယ် ရ ရ မ လုပ် ပေး ခဲ့ ကြ ပါ ဘူး။ ပါ တီ ၂ ခု လောက် ပဲ ပြည် သူ အ တွက် အ သံ ထွက် တာ ကို တွေ့ ပါ တယ် ကျန် တဲ့ ပါ တီ က တော့ ကိုယ့် ပါ တီ အ ရေး တွေ နဲ့ ပဲ ရှုတ် နေ တာ ကို တွေ့ ရ တယ်။ နား လည် ပါ တယ် အ ချိန် တို အ တွင်း မှာ န အ ဖ အ လို ကျ လိုက် လုပ် တာ ဆို တော့ ပြည် သူ တွေ အ တွက် မ လုပ် နိုင် သေး ဘူး။ ရွေး ကောက် ပွဲ နိုင် ပြီး လုပ် ပို ခွင့် ရ မှ လုပ် ပေး တော့ မယ်း လို့ မ ပြော ပါ နဲ့။ ပြည် သူ အ တွက် လုပ် ပေး ပါ ၊ ကျန် တာ ပြည် သူ က ပါ တီ အ တွက် ၀ိုင်း လုပ် ပေး သွား ပါ လိမ့် မယ်။ ပြည် သူ အ တွက် ဘာ မှ မ လုပ် ပေး ပဲ နဲ့ ပြည် သူ ဆီ က မဲ လို ချင် တယ် ဆို တာ တော့ စဉ်း စား ပါ။
က ရင် တစ် ယောက် အ နေ နဲ့ ဘယ် က ရင် ပါ တီ က က ရင် လူ ထု တွေ အ တွက် လုပ် ပေး တယ် ဆို တာ ကို ကြည့် လိုက် တော့ ဘယ် ပါ တီ မှ လုပ် တာ မ တွေ့ ရ သေး ပါ ဘူး။ အ နည်း ဆုံး တော့ အ သံ မ ထွက် နိုင် တဲ့ က ရင် လူ ထု အ တွက် အ သံ ထွက် ပေး နိုင် ရင် က ရင် လူ ထု တွေ ကျေး ဇူး တင် မှာ ပါ။ အ ခု တော့ က ရင် လူ ထု တွေ ဘယ် သူ့ ကို အား ကိုး လို့ ဘယ် သူ ကို ယုံ ရ မယ် ဆို တာ မ သိ တော့ ပါ ဘူး။ က ရင် ပါ တီ တွေ ကို ပြော ချင် ပါ တယ်။ က ရင် လူ ထု အ တွက် လုပ် ပေး ကြ ပါ။ က ရင် လူ ထု ရဲ့ ချစ် ခင် အား ကိုး မှု ကို ရ ပါ လိမ့် မယ်။ န အ ဖ ရဲ့ ရွေး ကောက် ပွဲ ဆို တာ ကို ခေါက် ထား လိုက် ပါ။ က ရင် လူ ထု ရဲ့ အား ကိုး မှု၊ လေး စား မှု၊ ချစ် ခင် မှု ကို ရွေး ကောက် ပွဲ ကို အ သုံး ချ ပြီး ရ ယူ လိုက် ပါ။
ဘယ် ပါ တီ က ဘယ် ပုံ စံ နဲ့ ပါ တီ ဖြစ် လာ လာ (န အ ဖ ခိုင်း လို့ ပဲ ဖြစ် ဖြစ်၊ ယုံ ကြည် ချက် ကြောင့် ဖြစ် ဖြစ်၊ မျှော် လင့် ချက် ကြောင့် ဖြစ် ဖြစ်၊ ကိုယ် ကျိုး စီး ပွါး အ တွက် ပဲ ဖြစ် ဖြစ် ပေါ့) ပါ တီ တွေ ရဲ့ လုပ် ရပ် ပဲ ကိုယ့် ပါ တီ ဘာ ပါ တီ လဲ ဆို တာ ကို ပြည် သူ လူ ထု က ဆုံး ဖြတ် သွား မှာ ပါ။ ပြည် သူ တွေ အ တွက် အ မှန် တ ကယ် လုပ် မယ် ဆို ရင် ရွေး ကောက် ပွဲ မ နိုင် လဲ ပြည် သူ တွေ ကြား မှာ ပါ တီ က အောင် နိုင် မှာ ပါ။ နောက် ပြီး ရွေး ကောက် ပွဲ ကို သ ပိတ် မှောက် တဲ့ ပြည် သူ တွေ နား လည် လက် ခံ မှု ကို ရ ပါ လိမ့် မယ်။
ကေ ပီ ပီ ပါ တီ ရဲ့ ပ ထ မ သီ ချင်း ကို နား ထောင် ကြည့် ချင် ရင်  ဒီ မှာ နှိပ် ပြီး ဒေါင်း ယူ လိုက် ပါ။

ဘားမားကင့်ပိန်းယူကေ ၀က်ဆိုက်ကကူးလာတာပါ

ဝေ နှင်း ပွင့် သုန် ဗွီ ဒီ ယို ကြည့် ပြီး ဇို ရာ ဖန်း ဗွီ ဒီ ယို အ ဟောင်း တွေ ပြန် ကြည့် ရင်း တွေ့ လာ လို့ တင် ပေး လိုက် ပါ တယ်။