Blogger Widgets

Monday, June 29, 2015

KIC News

သတ္တုအစမ်းတူးဖော်ခွင့်ကိစ္စ ကျောက်ကြီးမြို့နယ် ဒေသခံများက အမြန်ဖြေရှင်းပေးစေလို

Ydn SaiKaungMyatKyaw mining area 6

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ စလဲကျေးရွာအုပ်စုအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(ကေ အဲန်ယူ)နှင့် မြန်မာအစိုးရတို့မှ ကုမ္ပဏီအား အဖြိုက်နက်သတ္တုအစမ်း ဝင်ရောက်တူးဖော်ခွင့်ပေးရာတွင် မြေယာသိမ်းဆည်းမှုများ ရှိသည့်အတွက် ဒေသခံများက အမြန်ဆုံး ဖြေရှင်းပေးလိုကြသည်ဟု သိရသည်။
အဆိုပါ အဖြိုက်နက်သတ္တုအစမ်းတူးဖော်မှုကို ကျောက်ကြီးမြို့နယ်ရှိ ကေအဲန်ယူနှင့် အစိုးရတို့က ယခင်နှစ်က ခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်လကျော်မှစ၍ ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့ ဝင်ရောက်လုပ်ကိုင်ရာ ဒေသခံများ၏ မြေဧက ၇၃,၁၂၄ကို သိမ်းဆည်းထားသလို လျော်ကြေးပေးဆောင်ရန်လည်း ယခုအချိန်ထိ တစုံတရာ မသိရသေးကြောင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ နော်တပီးသာ့က ပြောသည်။
နော်တပီးသာ့က “စီမံကိန်းလုပ်တဲ့ နေရာမှာ အသိမ်းခံရတဲ့ ဒေသခံ မြေဧကတွေဟာ လျော်ကြေးမရှိတဲ့အပြင် ပွင့်လင်းစွာ မလုပ် တဲ့အတွက် ဒေသခံဘက်က နစ်နာရတယ်။ ဒီကိစ္စကို ဒေသခံဘက်ကလည်း လွှတ်တော်ကို စာတင်ထားတယ်။ သမ္မတနဲ့ ကေအဲန်ယူဗဟိုကိုလည်း ဆက်လက် စာတင်ဖို့ရှိတယ်။ တကယ်လို့ တစုံတရာ ဖြေရှင်းမှုတွေ မလုပ်ပေးဘူးဆိုရင် ဒေသခံတွေ ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်သွားမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်း သတ္တုအစမ်းတူးဖော်ရန် ကေအဲန်ယူမှ ယမန်နှစ် ဧပြီလတွင် ကုမ္ပဏီကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် အစိုးရဘက်မှလည်း ဒီဇင်ဘာလတွင် အလားတူ သဘောတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစမ်းတူးဖော်ခွင့်ရရှိရန် ကုမ္ပဏီဘက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးသွားမည်ဟု သဘောတူထားကြောင်း သိရသည်။
စလဲကျေးရွာမှ ဒေသခံတစ်ဦးက

Friday, June 26, 2015

VOA News

မီဒီယာကို စိတ်ဆိုးဒေါသဖြစ်သူ
==========================
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်ဟာ သူ့ရဲ့အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိပ်ပြာမသန့် ဖြစ်နေဟန်ရှိတယ်လို့ မီဒီယာသမားတွေက သုံးသပ်နေကြပါတယ်။ မီဒီယာတွေ နောက်ကြောင်းပြန် မဝေဖန်နဲ့လို့ ပြောကြားလိုက်တာနဲ့ ဆက်စပ်ပြီး ဝါရင့်မီဒီယာသမားတွေက ပြောကြားလိုက်တာပါ။ ဝါရင့်သတင်းသမားကြီးလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်၊ မြန်မာသတင်းသမဂ္ဂ တည်ထောင်သူ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာတို့နှစ်ယောက်ကို ဖိတ်ခေါ်ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က မီဒီယာသမားတွေက သူ့လက်ထက်မှာ ဆောင်ရွက်ချက်တွေနဲ့မေးတော့ မီဒီယာတွေကို ပြောချင်တယ် နောက်ကြောင်းပြန်ပြီး မမေးပါနဲ့၊ နောက်ကြောင်းပြန်ပြီး မဝေဖန်နဲ့လို့ ပြောသွားတာကို တွေ့လိုက်ရပါတယ်။
ဦးခင်ညွှန့် “ဝေဖန်ရေးသက်သက် မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာတော့ မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာသည် တိုင်းပြည်တိုးတက်ရေး မဟုတ်ဘူး။ နောက်ကြောင်းပြန်တာသည် တိုင်းပြည်တိုးတက်တာ မဟုတ်ဘူး။ ဝေဖန်နေတာ။

Thursday, June 18, 2015

DVB News

MPC လွှတ်တော် NNER နဲ့ ကျောင်းသား တွေသဘောတူလက်မှန်ထိုးထားတဲ့ အချက်တွေကို ဘေးဖယ်ပြီး အတည်ပြုလိုက် ကြတာပါ။ တိုင်းရင်းသားတွေ NCA ကိုလက်မှန်ထိုးပြီး နိုင်ငံရေးဆွေးနွေးပြီး သဘောတူ ညီချက်တွေကိုလဲ ဒီအတိုင်းပဲလုပ်ကြပါလိမ့်မယ်။ ဒီအစိုးရ နဲ့ ဒီလူ တွေကို ဘယ်လိုလုပ်ပြီး ယုံ ရ မှာ လဲ။

DVB News

တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်

ဗိုလ်ချုပ်မှူးကြီးနှင့် ဆွစ်ဇာလန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing ) ဗိုလ်ချုပ်မှူးကြီးနှင့် ဆွစ်ဇာလန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing )
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က “ဖက်ဒရယ်ကို အခြေခံသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ ပကတိ အခြေအနေ အရပ်ရပ်ကို သိရှိဖို့ လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုမှုများသည် အဓိပ္ပာယ်တမျိုး သက်ရောက်နေကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အခြေအနေများ တွေ့ရှိရကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှုများကိုလည်း တွေ့ရှိရကြောင်း။” စသဖြင့် ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုအင်စတင်ကျုက ဦးခွန်ဆိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခုလို ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်ရပ်စာချုပ်လက်မျတ်ထိုးဖို့ တမင်သက်သက်အချိန်ဆွဲနေတယ်လို့ မြင်ပြီး ပြောတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“တပ်မတော်ဘက်က မြင်တာက ၁ နှစ်ခွဲကျော် အချိန်ယူပြီးတော့မှ ကြိုးစားပမ်းစားနဲ့ စာချုပ်မူကြမ်းကို လုပ်ခဲ့တယ်။ အခု ဆက်လုပ်နေတဲ့ဟာက တမင်သက်သက် အချိန်ဆွဲတယ်လို့ သူတို့ မြင်ပုံရတယ်။ အဲ့ဒီလို မြင်ပုံရတဲ့အတွက်ကြောင့် ဒီဝေဖန်သုံးသပ်မှုက အခုလိုမျိုးပေါ်လာတာပေါ့။”
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့အပတ်ထဲ ဂျပန်သတင်းဌာနတခုနဲ့ တွေ့ဆုံခန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ မတရားသဖြင့် ရရှိထားတဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ဦးခွန်ဆိုင်းက အကျိုးစီးပွားဆိုတဲ့နေရာမှာ နှစ်ဘက်စလုံးက အနည်းစုမှာ ရှိနေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဝေဖန်ပြစ်တင် ပြောဆိုချက်တွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Tuesday, June 9, 2015

KIC News

နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရေး တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်

IMG_0478
ဇွန်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပဉ္စမနေ့ (ဇွန်လ ၆ရက် နေ့)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း အခန်း (၅)၊ အပိုဒ်(၂၃)ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြထားချက်အစား အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရန်ကို အစည်းအဝေးတက်ရောက်လာသူ ထိပ်သီးခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။
ဇွန်လ ၂ရက်နေ့မှ ၈ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဒေသတွင် ပြုလုပ်သည့် ၎င်းအစည်းအဝေးတွင် အဓိကထား ဆွေးနွေးလျှက်ရှိသည့် အဆိုပါစာချုပ်မူကြမ်းတွင် အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်သွားရန် လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)မှ အမျိုးသမီးကိုယ်စားလှယ်၏ အဆိုပြုချက်ကို NCCT အဖွဲ့ဝင် စောမြရာဇာလင်းက ထောက်ခံဆွေးနွေးကာ ထိပ်သီးကိုယ်စားလှယ်များက သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုပါဝင်ဖို့လိုတယ်။ အဲဒီပြည်သူလူထုထဲမှာမှ အမျိုးသမီးတွေ ပါဝင်ဖို့။ များများ ပါလေကောင်းလေပေါ့။ ဒီ ၃၀ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်စရာ မရှိပါဘူး။ ၂၀၀၈ ခုနှစ်တုန်းက ဒီလော်ခီးလာမှာပဲ ဖက်ဒရယ် ပြည်ထောင်စု ဒုတိယမူကြမ်းကို အတည်ပြုခဲ့တယ်။ အဲဒီတုန်းက လည်း ဒီ ၃၀ရာခိုင်နှုန်းကို လက်ခံကြောင်း ပါခဲ့တာမို့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ကန့်ကွက်စရာမရှိခဲ့ဘူး”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ယင်းသို့ အမျိုးသမီးများပါဝင်ရေး ပြောဆိုရာတွင် စစ်မှန်သော၊ အမျိုးသမီးထုအား ကိုယ်စားပြုနိုင်သော အမျိုးသမီးကိုယ်စားလှယ်များ ဖြစ်သင့်ကြောင်းနှင့် မြန်မာအစိုးရဘက်အနေဖြင့် ၃၀ရာခိုင်နှုန်းကို လက်ခံနိုင်ဖို့ ရာမှာ အနည်းငယ် အချိန်ယူကာ ဆွေးနွေးသွားရမည့်သဘောရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အလားတူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)–WLB ကလည်း တိုက်တွန်းချက်လေးချက်နှင့် စိုးရိမ်ချက်များ ပါရှိသည့် အစည်းအဝေး လေးရက်တာ လေ့လာသုံးသပ်ချက်ကို ဇွန်လ ၆ရက်နေ့က ထုတ်ပြန်လိုက်သည်။
WLB ပေါ်လစီဆိုင်ရာ ဘုတ်အဖွဲ့ဝင် ယိင်းဟန်ဖက