Blogger Widgets

Sunday, September 28, 2014

မိုး မ ခ ဆောင်း ပါး

တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ

September 28, 2014
Design – Aung Htet
 
တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၄
ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့ အဖြစ်က “ကြိုပွိုင့်”တွေ အချီကြီးပေးမိတဲ့ “လေပတ်ကား” ပဲပွဲစားတွေနဲ့သွား တူနေပါတယ်။ “အချက်(၁၀၄)ချက်နဲ့ စပြီးညှိခဲ့ကြပြီး မူကြမ်းအချက် (၅) ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီး သတ်လက်မှတ်ရေးထိုးနိုင်ကြလိမ့်မယ်”ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာ ကျေပျက်သွားပြီဖြစ်ပါတယ်။
ဦးစံလင်းတို့အုပ်စု “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း “အပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတဲ့ ခေါင်းလောင်း” ဆယ်လို့မရခဲ့ပါဘူး။
ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ်မရခဲ့သလဲ။
တစ်ခွန်းထဲပြောရရင် ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကို မကျင့်သုံးခဲ့ကြတဲ့ အတွက်ကြောင့် ပဲဖြစ်ပါတယ်။
ဦးစံလင်းတို့ ခေါင်းလောင်းဆယ်တဲ့အဖွဲ့ကလည်း သိပ္ပံနဲ့နည်းပညာတွေ စဉ်ဆက်မပြတ် ဆန်းသစ်ပေါက်ကွဲပေါ်ထွက်နေတဲ့ ၂၁ ရာစုမှာ အလယ်ခေတ်၊ အမှောင်ခေတ်က နည်းနာတွေဖြစ်တဲ့ နတ်နဂါး၊ ဂါထာမန္တယားတွေနဲ့ ခေါင်းလောင်းဆယ်ယူဖို့ မိုက်မဲစွာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး၊  ရလဒ်က အချိန်နဲ့ငွေကုန်ပြီး တစ်ရှက်က နှစ်ရှက်ဆိုသလို  အရှက်ရစရာတွေချည်းဖြစ်ခဲ့ရတယ်။
 ယနေ့ လူငယ်ထုနဲ့ပြည်သူများအကြားမှာတော့ “ဦးစံလင်း၊ နတ်နဂါးနဲ့ ဂါထာ မန္တယား” တို့ဆိုတာ ရယ်ပွဲဖွဲ့စရာ ၊ လှောင် ပြောင်စရာအဖြစ် ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဦးစံလင်းတို့ အနေနဲ့လည်း “နတ်နဂါးနဲ့ ဂါထာ မန္တယား” ကို အားကိုးပြုပြီး ဆက်လက်ရှာနေကြ ဦးမယ်ဆိုရင် ဓမ္မစေတီခေါင်းလောင်းဝေးပါသေးတယ်၊ နို့အေးချောင်းသည်တွေ ကိုင်တဲ့ “ဂလိုင်လေး” တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။
ဗိုလ်အောင်မင်းနဲ့ (MPC) အဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းကြီးဆယ်တဲ့ကိစ္စမှာ ဦးစံလင်းတို့လိုပဲ “နတ်နဂါးနဲ့ ဂါထာမန္တရား” ပုံစံတမျိုးကို ကျင့်သုံးခဲ့ကြတာပါပဲ။ ဗိုလ်အောင်မင်းတို့အဖွဲ့ ကျင့်သုံးခဲ့တဲ့ နတ်နဂါးနဲ့ ဂါထာမန္တယားကတော့ “ကာချုပ်ရဲ့  မူဝါဒ (၆) ရပ်” ဆိုတာပဲဖြစ်ပါတယ်။ ဒီ “မူဝါဒ ၆ ရပ်” ကိုင်စွဲထားသမျှ အပစ်အခတ်ရပ်စဲရေးစာချုပ် ပေါ်ထွက်လာနိုင်စရာ အကြောင်း မရှိပါ။ ငြိမ်းချမ်းရေးဘယ်တော့မှ ရနိုင်လိမ့်မည်မဟုတ်ပါ။
 ဒီသဘောထား၊ ဒီမူဝါဒကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)သင်တန်း” ဖွင့်ပွဲမှာ ထပ်ပြီးပြောခဲ့ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ မောက်မာရင့်သီးတဲ့ ပြောဆိုချက်ဖြစ်ပါ တယ်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများကို ခုတုံးလုပ်ပြီး ပြည်ပနဲ့နယ်စပ်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းပြန် လည်ဝင်ရောက်လာပြီး၊ ရှင်သန်ရပ်တည်လာတာဖြစ်တယ်၊ နိုင်ငံခြားအထောက်အပံ့ယူတယ်၊ နိုင်ငံရေးနဲ့စစ်ရေး အင်အားတည်ဆောက် ပြီးတောင်းဆိုမှုတွေလုပ်နေတယ်၊ (UNFC) ၏ ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်၊ သတိထားရမယ် စသဖြင့် ပြောခဲ့တာ ပါ။
ဒီပြောဆိုချက်ဟာဆွေးနွေးဖက်အဖွဲ့အစည်းတစ်ခုအပေါ်အမည်ထုတ်ဖော်ပြီးပြောဆိုတာဖြစ်လို့ တန်းတူရည်တူသဘောမထား တာ နဲ့ ရန်လိုမောက်မာတဲ့ သဘောထားကို အတိအလင်းဖော်ပြတာဖြစ်ပါတယ်။
ဒါ့အပြင် “ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ တပ်မတော် အစိုးရစသည့် ခေတ် ၄ ခေတ်လုံးတွင် ငြိမ်းချမ်ရေးရရှိ ရန်ကြိုးစားဆောင်ရွက်ခဲ့ရာအတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ကြောင်း” ဟူသောပြောဆိုချက်ကလည်း အုပ်စိုးသူများထံ လက်နက်ချ အညံ့ခံသွားသူတွေရှိခဲ့တဲ့ အချက်ကိုအတိုင်းအတာတစ်ခုထိ အောင်မြင်မှုလို့ ရည်ညွန်းပြောဆိုနေတာကလည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းတွေကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်ပါတယ်။
တချို့လက်နက်ချအညံ့ခံတာဟာ အတိုင်းအတာတစ်ခုအထိအောင်မြင်မှုဖြစ်ရင် အကြွင်းမဲ့လက်နက်ချအညံ့ခံခြင်းဟာ အပြည့် အဝအောင်မြင်မှုလို့ပြောချင်ပုံရပါတယ်။ သေချာတာတော့ ခေတ်အဆက်ဆက် တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးမရခဲ့ဖူးသေးတာကိုတော့ ကာချုပ် မသိမသာဝန်ခံထားပါတယ်။  တိုင်းရင်းသားလက်နက်ကိုင်အချို့ အဆက်ဆက်သောအုပ်စိုးသူများထံ လက်နက်ချအညံ့ခံသွား ကြတဲ့ ဖြစ်ရပ်အချို့ရှိခဲ့တာကို သူတို့ဘက်က အောင်မြင်မှုအဖြစ် သတ်မှတ်တယ်၊ သဘောထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်နေ ပါတယ်။
ကာချုပ်ကဒီလိုပေါ်လစီမူဝါဒစကားကိုတင်းတင်းမာမာပြောထားပြီးဖြစ်တဲ့အတွက် ဆဋ္ဌမအကြိမ် (Single text) မူကြမ်း ဆွေးနွေးပွဲမှာ ကာချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးက “တပ်မတော်၏သဘောထားရပ်တည်ချက်မှာ နဂိုဆွေးနွေးပွဲများတွင်ချမှတ် ထား သည့်အတိုင်း မူဝါဒ ၆ ရပ်နှင့်အညီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောတယ်မဟုတ်ပါလား။ (UNFC) အပေါ် ကာချုပ်ပြောကြားချက်ကို မီဒီယာတစ်ခုက မေးတော့ “ကာချုပ်က သေချာလေ့လာပြီးမှ ပြောတာ”လို့ ဗိုလ်မြင့်စိုးက အတည်ပြုသွားတယ်မဟုတ်လား။  ကာချုပ်ရဲ့ ပေါ်လစီမူဝါဒကို ဘယ်သူကကျော်ပြီး ဆွေးနွေးဝံ့မှာလဲ။ ဗိုလ်အောင်မင်းလည်းကျော်ပြီးမဆွေးနွေးဝံ့ပါဘူး။ လွန်ခဲ့သော ဇွန်လ ၂၁ ရက်နေ့မှာ  ဗိုလ်အောင်မင်း စစ်တပ်ထံ (တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားများထံ) တောင်းပန်စာဆက်သွင်းထားရသူမဟုတ်ပါလား။
“၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀ (ခ) မှာ “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး” ကို စစ်တပ်ကပဲ “လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင် ရွက်ပိုင်ခွင့်ရှိသည်” လို့ ရေးဆွဲပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။
ဒါကြောင့် ဗိုလ်အောင်မင်းတို့ (MPC) လူတစ်သိုက်အနေနဲ့လည်း “ကာချုပ်မူ ၆ ရပ်” အပေါ် ရပ်တည်ကိုင်စွဲနေသမျှ ကာလ ပတ်လုံး “ငြိမ်းချမ်းရေးလေပတ်ကား စကားတွေ” ကို ဘယ်လိုပဲ ကြွားလုံးထုတ်ပြောနေပါစေ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မှာ မဟုတ်သလို၊ တိုင်းရင်းသားပြည်သူများလိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးလည်းပေါ်ပေါက်လာနိုင်လိမ့်မယ် မဟုတ်ပါ။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း တချိန်တခါက “(KRC)စောဟန်တာသာမွှေး” ကဲ့သို့ စဉ်းစားလုပ်ဆောင်၊အကောင်အထည်ဖော်လိုသူများပေါ်ထွက်လာလျှင်တော့“စောဟန်တာသာမွှေးရရှိဖူးတဲ့ငြိမ်းချမ်းရေးမျိုး” ရရှိကောင်း၊  ရရှိသွားပါလိမ့်မယ်။ တချိန်က စောဟန်တာသာမွှေးနဲ့(KRC)တို့ ရရှိသွားခဲ့ဖူးတယ်ဆိုတဲ့၊ အဲဒီလိုငြိမ်းချမ်းရေးမျိုးဟာ တိုင်းရင်းသားပြည် သူတွေလိုလားတဲ့တကယ့်ငြိမ်းချမ်းရေးမျိုးမဟုတ်ပါဘူး။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောသလို“အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု”  ဆို တာမျိုးတွေတော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
 “နတ်နဂါးနဲ့ဂါထာမန္တယား” ကိုသာ လက်ကိုင်ပြုနေသမျှ ဦးစံလင်းတို့ ဓမ္မစေတီခေါင်းလောင်းဆယ်လို့ ရနိုင်မှာမဟုတ်သလို၊  “ကာချုပ်မူ ၆ ရပ်” ကိုင်စွဲထားနေသမျှ ဗိုလ်အောင်မင်း နဲ့(MPC)တို့လည်း အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရရှိ နိုင်လိမ့်မည်မဟုတ်ပါ။ “ငြိမ်းချမ်းရေး”လည်းမရနိုင်ပါ။
 “နိုင်ငံရေးဖရိန်ဝပ်” ငမ်းငမ်းတက်တက်ပါဝင်ရေးဆွဲချင်နေကြတဲ့ သူတွေအဖို့လည်း ခဲလေသမျှ သဲရေကျဖြစ်ရပြီပေါ့။
အတွင်းသဘောရ၊ အနှစ်သာအရပြောရရင် စစ်တပ်ပိုင် “မြဝတီသတင်းစာ” ထဲမှာတနင်္လာနေ့တိုင်းဖော်ပြနေတဲ့ “ကာချပ်မူ ၆ ချက် (သို့မဟုတ်) စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်” ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို လက်နက်ချအညံ့ခံခိုင်း တာပဲဖြစ်ပါတယ်။
ညွန်း
 – ၂၃ စက်တင်ဘာ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ၊
- ၂၇ စက်တင်ဘာ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ၊

၂ဝ၁၄ထဲမှာ အပစ်ရပ်စာချုပ် မချုပ်နိုင်တော့တာ ဘာ့ကြောင့်လဲ


Saturday, September 27, 2014

Speech of Naw Susanna Hla Hla Soe

Speech of Naw Susanna Hla Hla Soe, Karen Women Empowerment Group, Burma/Myanmar
High-Level segment of the 69th Session of the United Nations General Assembly : United Nations Headquarters in New York on Friday, 26 September 2014 from 1:15-2:30 PM
“An integrated Approach to the Gender Dimension of Sustainable Development within the context of Post-conflict Recovery”
Your excellencies, distinguished guests, ladies & gentlemen,
I am Naw Susanna Hla Hla Soe, an ethnic woman of Myanmar and I am very much happy and proud to be here in 69th session of the UN general assembly to be a voice of the ethnic women who suffering from civil war in Myanmar.
Our country is situated in southeast Asia and famous for its richness of natural resources, beauty of diversity, smiles and hospitality of the people. In contrary, we have been suffering from the consequences of 60 years civil war which are human rights violations, sexual violence, landmines, drug issues, land grabbing , etc.. More than 300,000 people are being refuged in neighboring countries, thousands of women and children are traumatized and suffering from mal nutrition.
Myanmar’s ongoing peace and reconciliation process remain a huge challenge in terms of visible participation by women stakeholders and addressing vital women’s issues. While references are being made to serious violations committed against women (and children) in conflict situations, national dialogues and ceasefire agreements however have yet to explicitly address measures to secure their protection and participation in the process.
Moreover, numerous developments in Myanmar in recent years inform this shared commitment, ranging from the growth of “nation building” work in the country, we called for equal participation and contribution of women and men in reconciliation and rehabilitation process, to work for bringing the different needs of women and men, and addressing gender issues in every steps of peace process and rehabilitation.
In 2003, with the women leaders and activists, Karen Women Empowerment Group was formed with the aiming of empower the women especially, the women survivals of conflicts, counselling and rehabilitation. We supported with small business loans, weaving and reproductive health service to the women. Women Learning Centres program was initiated in 2011 and extended to 7 centres nowadays. The services we provided are;-
- Counselling to the conflict survival
- Vocational program for the women
- Life skills
- Political empowerment for the women : when talking about political participation we have only 4% of women representatives in the parliament when 51% of country population is women.
We can see the improvement of women in their lives by active participation, transform as women activists, and change agents. Moreover, they become resource and empower others in their society. I would like to tell you a story of a women from Karen state. I visited the a Karen village last two years for a project assessment. A women came as a participant but not a single word in the meeting. Later on her neighbor told me that she had three children, she run from her village when military burned the houses. She brought children and some food along with her and fleeing in the jungle. How many days , how many months do you think? Its take 9 years in the hiding place. Her husband was killed during the military operation, and her two children were sicked and died in the jungle. Later on, she and her son were taking care of the village elders. She joined the waving training and got income. She participated in the counseling sessions and she tries to be in the normal life. Now she is one of the center’s resource person in waving training and she becomes role model of the survivals of the conflict.
The survivals and women who impact by civil war participated in International day of peace event in Yangon last week and called for the immediate action to government and stakeholders.
Call on International Day of Peace by Women Peace Forum
Yangon, Myanmar
( 21, September, 2014)
1. To recognize the meaningful participation of women in every steps of decision making in peace process and nation building.
2. To implement UNSCR 1325 throughout the country with the participation of survivals of war and genuine women organizations.
3. To amend 2008 constitution which is obstacle for implementation of women protection law and CEDAW
4. To be accountable and responsible for current investment and land confiscation issues which are directly impact the lives of women and local communities.
I would like to urge our world leaders to consider carefully on our call in trying to help our women in Myanmar. And please do meaningful consultation with survivals before you plan your assistance or development projects and investment. The war in Myanmar is not over yet, please listen to the refugees to avoid forced repatriation. Please do not stop your assistance to the refugees camps as they want to go back when only genuine peace in their villages.
For effective support to war torn communities, please partner with local CSOs who have been suffering and journeying with the people along the conflict. Please empower them to become the leading agencies for rehabilitation task. As women are excellent in management, please support them to become entrepreneurs so that the whole community will be benefit.
Finally, please encourage our government for genuine political will to bring peace in the country and stop the offensive wars in ethnic regions. Moreover, they must allow women in participation on peace negotiation table and reassure inclusive rehabilitation process.
Thank you very much.

Wednesday, September 24, 2014

K N U ခေါင်း ဆောင် တွေ ရဲ့ နောက် မှာ ဘယ် သူ ရှိ ပါ သ လဲ။


ဓါတ် ပုံ ကို ကို မိုး သွေး ဖိတ် ဘွတ် က ကူး ယူ ပါ တယ်။
 
K N U ခေါင်း ဆောင် တွေ လို့ သုံး စွဲ တာ ဟာ အ ခု လက် ရှိ K N U ကို ထိန်း ချုပ် မောင်း နှင် နေ တဲ့ ခေါင်း ဆောင် တစ် ချို့ ကို သာ ရည် ညွှန်း လို တာ ပါ။
K N U ခေါင်း ဆောင် တွေ နောက် မှာ ဘယ် သူ တွေ ရှိ တယ် ဆို တာ ကို မ သွား ခင် တိုင်း ရင်း သား တွေ နဲ့ ငြိမ်း ချမ်း ရေး လုပ် ဖို့ ကြိုး စား တဲ့ နေ ရာ မှာ မြန် မာ အ စိုး ရ ရဲ့ နောက် မှာ ဘယ် သူ တွေ ရှိ တယ် ဆို တာ အား လုံး သိ ပြီး သား ပါ။ အ ရင် ဆ ရာ မ စီ ပိုး ရာ စိန် အ တွင်း ရေး မှုး ခေတ် မှာ အီး ဂ ရက် ၊ အ ခု အ ဒို ကွယ် ထူး ၀င်း လက် ထက် မှာ တော့ M P C ပေါ့။ ဗ မာ သိန်း စိန် အ စိုး ရ ဟာ တိုင်း ရင်း သား တွေ နဲ့ ငြိမ်း ချမ်း ရေး ဖေါ် ဆောင် တဲ့ နေ ရာ မှာ သူ တို့ ကိုယ် တိုင် မ လုပ် ပါ ဘူး။ ဒု သ မ တ္တ (အ မှန် က တော ဦး အောင် မင်း)  ခေါင်း ဆောင် တဲ့ ဒု တိ ယ တန်း ခေါင်း ဆောင် အ ဆင့် ရှိ တဲ့ အ ဖွဲ့ ကို သာလွှဲ ထား တာ ပါ။ တာ ဟာ ဘာ ကို ဆို လို တာ လဲ ဆို တော့ တ ကယ် လို့ လိမ် ရ တော့ မယ် ဆို ရင် သူ တို့ မ သိ ဘူး အောက် က လူ တွေ ဂ တိ ပေး ပြီး လုပ် တာ ပါ ဆို ပြီး ခေါင်း ရှောင် ဖို့ ပါ။ ၈၈ အ ဏာ သိမ်း တုန်း က ဗိုလ် ချုပ် စော မောင် ဟာ ရွေး ကောက် ပွဲ ပြီး ရင် စစ် တန်း လျား ပြန် မယ် လို့ ဂ တိ ပေး ခဲ့ တာ သူ့ ကို ဖြုတ် ပြီး စစ် တပ် ဟာ မ သိ ချင် ယောင် ဆောင် ပြီး ဒီ က နေ့ အ ထိ အုပ် ချုပ် နေ တာ သာ ကို ကြည့် ပါ။ ဗ မာ အ စိုး ရ ရဲ့ အ ကောင်း ဆုံး အ ရည် အ ချင်း ဟာ အ ရှက် သိ က္ခာ မဲ့ စွာ မျက် နှာ ပြောင် တိုက် ပြီး က မ္ဘာ တ ခု လုံး ကို လိမ် တာ ပါ။  ဒီ လို နည်း နဲ့ အာ ဏာ ကို ထိန်း ချုပ် လာ တာ ဒီ က နေ့ အ ထိ ပါ။

စိတ် မ ကောင်း စ ရာ က တော့ ဗ မာ အ စိုး ရ နည်း တူ ပဲ လက် ရှိ K N U ခေါင်း ဆောင် တွေ လိုက် လျှောက် ဖို့ ကြိုး စား လာ တာ ပါ။

K N U ခေါင်း ဆောင် တွေ ဟာ က ရင် လူ ထု နဲ့ တွေ့ ဆုံ ပွဲ မှာ သူ တို့ နောက် ကွယ် မှာ ဘယ် သူ ရှိ နေ တယ် ဆို တာ ကို ထုတ် ဖေါ် ပြ သ ဖို့ ကြိုး စား လိုက် တာ ပါ။ ဦး ဟန် ညောင် ဝေ ရဲ့ နောက် မှာ တော့ ဘယ် သူ ရှိ တယ် ဆို တာ ကို တော့ လေ့ လာ တဲ့ လူ တိုင်း သိ ပါ တယ်။ သူ ရဲ့ သုံး သပ် ချက် က တော့ ကျန် တဲ့ တိုင်း ရင်း သား တော် လှန် ရေး အ ဖွဲ့ တွေ ရဲ့ အ နာ ဂတ် ရေး ဟာ လဲ မ သေ ချာ။ N L D နဲ့ ဒေါ် အောင် ဆန်း စု ကြည် ရဲ့ အ နာ ဂတ် ဟာ လဲ မ သေ ချာ ဆို တာ ပါ။ ဒါ ပေ မဲ့ သူ ရဲ့ သုံး သပ် ချက် မှာ မ ပါ ပေ မဲ့ သူ ဆို လို ချင် တာ က တော့ မ သေ ချာ တဲ့ တိုင်း ရင်း သား တွေ N L D နဲ့ ဒေါ် အောင် ဆန်း စု ကြည် ကို အား ကိုး ပေါင်း မဲ့ အ စား သေ ချာ တဲ့ တပ် မ တော် အ စိုး ရ ကို အား ကို ပေါင်း ဖို့ မ ပြော ယုံ တ မယ် ပါ ပဲ။   ဦး ဟန် ညောင် ဝေ ရဲ့ သုံး သပ် ချက် ဟာ K N U ရဲ့ သုံး သပ် ချက် နဲ့ အ တူ တူ ပဲ ဆို ရင် တော့ လက် ရှိ K N U ခေါင်း ဆောင် တွေ ဟာ က ရင့် တော် လှန် ရေး သ မိုင်း ကို သ စ္စာ ဖေါက် တဲ့ လူ တွေ ဆို တာ အ သေ  အ ချာ ပါ ပဲ။ စစ် အာ ဏာ ရှင် တွေ ကို ဖြုတ် ချ  ဖို့  ဦး ဆောင် တိုက် ခဲ့ တဲ့ K N U ဦး ဆောင် တည် ဆောင် ခဲ့ တဲ့ ခေါင်း ဆောင် တွေ ရင် ကျိုး ကြ မှာ ပါ။
တ ရား ၀င် အ နေ နဲ့ တော ဖူး တာ သီး ကို K N U အ ကြံ ပေး ဆို တဲ့ ရာ ထူး ကို ပေး ထား ပါ တယ်။ က ရင် နိုင် ငံ ရေး သ မိုင်း မှာ ခေါင်း ဆောင် တစ် ယောက် ကို တိုက် ခိုက် ရေး သား ပြီး အ စည်း အ ဝေး မှာ ဝေ တာ မ ရှိ ခဲ့ ဘူး ပါ ဘူး။ ဗ မာ နိုင် ငံ ရေး မှာ သာ ကျင့် သုံး တာ ပါ။ ဒါ ကို ဖူး တာ သီး နဲ့ လက် ရှိ K N U ခေါင်း ဆောင် တွေ က က ရင် နိုင် ငံ ရေး မှာ လုပ် ဆောင် လာ တာ ကို ကြည့် ခြင်း အား ဖြင့် သူ တို့ ရဲ့ နောက် မှာ ဘယ် သူ တွေ ရှိ နေ တယ် ဆို တာ ကို သိ နိုင် ပါ တယ်။
   ဒီ ထက် ဆိုး တာ က လက် ရှိ K N U ခေါင်း ဆောင် တွေ ဟာ ဗ မာ အ စိုး ရ စိတ် ကွက် မှာ စိုး လို့ ဒေါ် အောင် ဆန်း စု ကြည် နဲ့ သွား မ တွေ့ ရဲ ပါ ဘူး။ ၈၈ မျိုး ဆက် နဲ့ မ တွေ့ ရဲ ပါ ဘူး။ ကိုယ် ကံ ကြ မ္မာ ကို ကိုယ် ကို တိုင် ဖန် တီး ယူ မယ် လို့ ကြွေး ကြော် ထား တဲ့ က ရင် လူ မျိုး တွေ အ နေ နဲ့ ဒီ လို K N U ခေါင်း ဆောင် မျိုး တွေ ကို ရ တဲ့ အ တွက် က ရင် လူ မျိုး တွေ အ တွက် စိတ် မ သက် သာ  စ ရာ ပါ။ က ရင် လူ ထု အ နေ နဲ့ K N U ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ အ ပိုဒ် ၁၁ အ ပိုဒ် ငယ် (က) ၃ ကို လက် တွေ့ ကျင့် သုံး ဖို့ လို ပြီ လို့ ထင် ပါ တယ်။



Tuesday, September 23, 2014

ဘာမှား နေလဲ K N U

ပ ဒို ကွယ် ထူး ၀င်း နဲ့ ပ ဒို တာ ဒို မူး ပြော တဲ့ Constitution အ ရ ဥ က္က ဌ လုပ် ပိုင် ခွင့် ရှိ တယ် ဆို လို့ ရှာ ကြည့် တာ ဘယ် မှာ မှ မ တွေ့ ပါ လား။ တ ခြား အ ပိုဒ် မှာ များ ပါ လား က သိ ပါ ဘူး။ ဒါ မှ မ ဟုတ် နောက် ထပ် Constitution အ သစ် တ ခု ရှိ လား မ သိ ပါ ဘူး။ ဒါ မှ မ ဟုတ် လုပ် ထင် ရာ လုပ် ပြီး Constitution နဲ့ ကိုင် ပေါက် တာ ပဲ လား မ သိ ပါ ဘူး။ ဒါ မှ မ ဟုတ် K N U ခေါင်း ဆောင် တွေ က ပဲ ကိုယ့် ရဲ့ Constitution ကို မှ ဖတ် ကြ ရဲ့ လား မ သိ ပါ ဘူး။ မေး ခွန်း တွေ ဖြေ မယ် ဆို ရင် လဲ ကြည့် ဖြေ ကြည့် ဖြေ ပေါ့။ မ ဖြေ တတ် လဲ နောက် ထပ် ဟန် ညောင် ဝေ နောက် တစ် ယောက် ဌား ပေါ့ ခက် တာ မှတ် လို့။
ဟန် ညောင် ဝေ ရဲ့ သုံး သပ် ချက် ဟာ K N U ရဲ့ သုံး သပ် ချက် ပဲ လား မ သိ ပါ။ ဆို လို တာ က တိုင်း ရင်း သား တွေ ရဲ့ အ ခြေ အ နေ က လဲ မ သေ ချာ ၊ N L D နဲ့  ဒေါ် အောင် ဆန်း စု ကြည် ရဲ့ အ ခြေ အ နေ က လဲ မ သေ ခြာ ဆို တာ သေ ချာ တဲ့ မြန် မာ့ တပ် မ တော် နဲ့ သိန်း စိန် အ စိုး ရ ကို ပဲ ပေါင်း တော့ မယ် ပေါ့။ အော် ကိုယ် ကို ဖိ နှိပ် လို့ ပြုတ် အောင် တိုက် တာ ဘယ် တော့ မှ မ ပြုတ် နိုင် လို့ သူ တို့ (မြန် မာ  စစ် အာ ဏာ ရှင်) နဲ့ ပဲ ပျော် ပျော် ကြီး (ရှယ် အ ခွင့် အ ရေး ရ တာ ကို) ပေါင်း တော့ မယ် ပေါ့။ လေး စား လောက် တဲ့ ကိုယ် လူ မျိုး ကိုယ် မြေ ကိုယ် ကိုယ် ကံ ကြ မ္မာ ကို ရန် သူ လက် ထဲ အပ် လိုက် တဲ့ K N U ခေါင်း ဆောင် တွေ ပါ လား။




Other Side

U Ravika's status. ကရင်မိတ်ဆွေတစ်ဦးရဲ့ အမြင် =================== (Written by-U Ravika ) UNFC ကနေ KNU နုတ်ထွက်တာကို မလိုအပ်ဘဲ လုပ်တဲ့ အလုပ်လို့ပဲ မြင်တယ်။ အဲလိုနုတ်ထွက်တာကို ထောက်ခံတဲ့ အုပ်စုတွေကတော့ ငါတို့KNU တိုက်နေတုန်းက မင်းတို့ ကချင်တို့၊ မွန်တို့၊ ၀တို့ ရန်သူနဲ့ ပြန်ပေါင်းတယ်။ မင်းတို့တွေ အရင်ဆုံးရန်သူနဲ့ ပြန်ပေါင်းလို့ ငါတို့တွေလည်း လက်စားပြန်ချေတာတို့ ဘာတို့ ပြောတဲ့လူတွေက ပြောကြတယ်။ နောက်တခုက ဒါကရင့်ကြမ္မာ ကရင်ဖန်တီးတာပဲလို့ ပြောကြတယ်။ မှန်ပါတယ်။ KNU နဲ့ လက်ကျန်း NDF, DAB, NCUB, NCGUB အဲဒီအဖွဲ့တွေ ရန်သူကို တိုက်နေတဲ့အချိန်မှာ ကချင်(KIA) နဲ့ မွန်(NMSP) ရန်သူနဲ့ ပေါင်းပြီး စီးပွားရေး လုပ်နေခဲ့တယ်။ ဒါက ထင်သာမြင်သာတဲ့အချက်ပါ။ ဒါပေမဲ့ သာမန်ပြည်သူတွေ မသိနိုင်တဲ့အချက်တွေလည်း အများကြီးရှိပါသေးတယ်။ ကချင်ဆိုရင် သူတို့ရဲ့ဆက်ဆံရေးရုံးကို ထိုင်နိုင်ငံဘန်ကောက်မှာ ထားပြီး KNU နဲ့ အခြားမဟာမိတ်အဖွဲတွေကို ငွေအားနဲ့ ကူညီနေတာကို KNU ခေါင်းဆောင်ကြီးတွေ အတော်တော်များများ သိကြပါတယ်။ အထူသဖြင့် KNU ဌာနချုပ်မာနာပလော ကျပြီးတဲ့ကာလနဲ့ ဗဟိုဝေါ်လေဌာနချုပ်ကျပြီး ပဒိုအောင်ဆန်KNU ပိုက်ဆံတွေကို ယူပြီး ရန်သူအစိုးရနဲ့ ပြန်ပေါင်းတဲ့အချိန်မှာ KNU ဘယ်လိုအခတ်အခဲရှိခဲ့သလဲဆိုတာ ပြန်စဉ်းစားရင် သိပါတယ်။ နောက်အဲဒီအခတ်အခဲတွေကို ဘယ်က ရတဲ့ငွေတွေနဲ ဖြေရှင်းခဲ့သလဲဆိုတာ အဲဒီအချိန်က KNU ဗဟိုကော်မတီတွေထဲမှာ ပါတဲ့ ခေါင်းဆောင်ကြီးတွေ သိအုန်းမယ်ထင်ပါတယ်။ အဲလိုအခက်အခဲပြသနာတွေကို ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းနဲ့ အကြိမ်းပေါင်းများစွာ ဖြေရှင်းခဲ့တာကို မမေ့ကြပါနဲ့ရဲဘော်တို့။ အဲဒါကတော့ ကချင်နဲ့ KNU အခြေအနေပါ။ မွန်အဖွဲ့တွေကတော့ ငွေရေးကြေရေးနဲ့ မကူညီပေမဲ့ KNLA ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးပါတယ်။ မာနာပလောကျပြီးနောက်ပိုင်း ကရင်တပ်ဖွဲတွေဟာ တပ်မဟာ ၆ ကနေ တပ်မဟာ၎ ကို သွားဖို့အတွက် မွန်တွေရဲ့နယ်မြေတွေကိုပဲ အသုံးပြုရပါတယ်။ နယ်မြေခံမွန်တပ်ဖွဲ့ မပါရင် ဘယ်လိုမှ ကရင်တပ်ဖွဲတွေ ၀င်လို့ မရတဲ့နယ်မြေတွေကို မွန်တပ်ဖွဲတွေကိုယ်တိုင် လိုက်ပိုခဲ့တယ်။ ရေးနယ်ဘက်ကဆို ဟိုပငတို့၊ မာန်အောင်တို့ ၊ ၀ဲခမှီနဲ့၊ ကျိုက်မရောဘက်ဆိုရင် ကျောက်ရေတွင်း၊ မင်းရွာ၊ ကော့ဘိန်၊ ကော့မိတို့ဘက်တို့ကို မွန်တံဆိပ်တပ်ပြီး ရောက်ခဲဖူးသေးတယ်။ ဒါဟာ သူတို့တွေ အစိုးရနဲ့ ဘယ်လိုပဲ အပစ်ရပ်နေပါစေ တိုင်းရင်းသားမဟာမိတ်စိတ်ဓာတ်နဲ့ ကရင်လက်နက်ကိုင်တွေကို ကူညီခဲ့ပါတယ်။ ၀ တပ်ဖွဲ့ဆို ငွေအားအမြောက်အများနဲ့ အဆံမရှိတောတဲ့ KNU ကို အဆံရှိလာအောင် ဖြည့်ဆည်းပေးခဲ့တယ်။ ဗိုလ်ေ၈ျာ်နီစခန်းကို မင်းတို့ရဲ့ အချစ်တော်ကြီးမောင်ချစ်သူ လာတက်သိမ်းတုန်းက KNU ဘာမှ မကူညီနိုင်ဘူး။ အဲဒီတိုက်ပွဲမှာ ပါတဲ့ သူတွေ ပိုသိမှာပေါ့။ ဘယ်လိုခုခံပြီးေ ပြေးခဲရသလဲဆိုတာ အဲဒီအချိန်မှာ KNU ဗဟိုကလည်း ငွေမရှိတဲ့အချိန် အခု မင်းတို့ ပြောနေတဲ့ မင်းတို့ကို အရင်သစ္စာဖေါက်သွားတယ်ဆိုတဲ့ ၀ တပ်ဖွဲ့တွေကပဲ KNU အတွက် ထိုင်းဘတ် သန်း၄၀ နဲ့ NDF အတွက် ၁၀ သန်းကို အလကားထုတ်ပေးခဲ့တယ်။ ဒါက ပထမအကြိမ် ၀တွေ ထုတ်ပေးတာနော်။ ဒုတိယအကြိမ်မှာလည်း သန်း၅၀ မန်ငြိမ်းမောင်ကနေတဆင့် ဗိုလ်ချုပ်မတူစေဖိုလက်ထဲ အပ်လိုက်တယ်။ အဲဒါ ဗိုလ်ချုပ်မတူစေဖိုက ၁၅ ကြိမ်မြောက်ကွန်ကရက်မတိုင်ခင် မဲဆွယ်လိုက်တယ်။ သူနဲ့ အဆင်ပြေတဲ့ အုပ်စုတွေကိုပဲ ပေးပြီး ၁၅ ကြိမ်မြောက်ကွန်ကရက်မှာ မဲဆွယ်ခဲ့တယ်။ အဲလို ၀တွေ ငွေထုတ်ပေးလိုက်ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်က ၀တပ်ဖွဲ့ အစိုးရနဲ့ အပစ်ရပ်မလုပ်ခင် ငတ်ပြတ်နေတဲ့ ၀ပြည်သူတွေအတွက် ၀တာဝန်ရှိတွေ မာနာပလောကို လာပြီး တပ်ပေါင်းစုမှာ အကူအညီ လာတောင်းခဲ့ဖူးတယ်။ ထိုင်းဘတ်သန်း ၂၀ထဲပါ။ အဲဒီအချိန်က KNU ထုတ်ပေးချင်ရင် ပေလို့ ရတယ်။ ဒါပေမဲ့ KNU တပြားမှ မထုတ်ပေးဘူး။ ဒါကြောင့် ငတ်နေတဲ့ဝ ပြည်သူတွေကို ကယ်တင်ဖို့အတွက် ၀တပ်ဖွဲ့ဟာ အစိုးရနဲ့အပစ်ရပ် လုပ်လိုက်ရတယ်။ အဲဒီနောက် ကရင်နယ်တွေမှာ စစ်ကူလာနေတဲ့ ၀တပ်ဖွဲတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဒီအကြောင်းအရာတွေကို သိရှိတဲ့ ကရင်ခေါင်းဆောင်တွေဟာ ကချင်တို့ ၀တို့မွန်တို့တွေဟာ KNU ကို သစ္စာဖေါက်တယ်လို့ ဘယ်တောမှ မပြောဘူး။ အဲဒီတိုင်းရင်းသားတွေကို KNU က ဘာတွေ ကူညီခဲ့ဖူးသလဲဆိုတာပြန်စဉ်းစားကြည်လိုက်ပါရဲဘော်။ (https://www.facebook.com/ven.ravika) @စီၯတဿ္ဖိဒိဢ္ခြါလဿ ကီဿ္သူလ့ၯ

Monday, September 22, 2014

KNU Q&A

K N U လက် ရှိ ခေါင်း ဆောင် နွေ အ နေ နဲ့ သူ တို့ ကို က ရင် လူ ထု တွေ လက် မ ခံ ကြ တော့ ဘူး ဆို တာ သိ ဖို့ ကောင်း ပါ ပြီ K N U ရဲ့ ဖွဲ့ စည်း ပုံ ဥ ပ ဒေ ကို လေ့ လာ ချင် ရင် တော အောက် က လငိ့ က နေ ယူ လိုက် ပါ။

https://www.dropbox.com/s/17h33rarayy2e8o/KNU%20constitution.pdf?dl=0

K N U အ ကြံ ပေး ကြိုး ကိုင် သူ ဟန် ညောင် ဝေ ရဲ့ ရှင်း လင်း ပွဲ

KNU လက် ရှိ ခေါင်း ဆောင် တ ချို့ ဟာ KNU ရဲ့ ဂုဏ် သိ က္ခာ ကို ကျ ဆင်း အောင် ၊ က ရင် လူ မျိုး အား လုံး ကို အ ရှက် ရ အောင် နည်း အ မျိုး အ မျိုး နဲ့ လုပ် တာ ကို ဒီ အ တိုင်း ထိုင် ကြည့် လို့ မ ရ တော့ ဘူ နဲ့ တူ တယ်။ အား လုံး ၀ိုင်း ပြီး တ ခု ခု လုပ် ကြ ရ ပါ လိမ့် မယ်။

Sunday, September 21, 2014

KNU watch facebook post


KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား

IMG_1842

မန်းအိုင်ဖလုံး (မြစ်ဝကျွန်းပေါ်)

၂၀၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။
KNU ဆိုတာ ၁၉၄၇၊ ဖေဖော်ဝါရီ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ တစ်ခုတည်းသော ကရင်ရှေ့ဆောင်အဖွဲ့အစည်း၊ သက်တမ်း ၆၇နှစ်။ ကရင်ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့တာ ရာစုနှစ်ထက်ဝက်ကျော်ပြီး စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ခဲ့တဲ့သင်္ခန်းစာလည်း အများကြီးရှိခဲ့တယ်။ ဖဆပလဆို ၁၃နှစ်၊ မဆလဆို ၂၆နှစ်ပဲ ခံခဲ့တယ်။
၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကရင်အတွက် အာမခံချက်မရှိလို့ သပိတ်မှောက်ခဲ့တယ်။ မှန်ကန်တဲ့ ဦးဆောင်မှုကို ကရင်ပြည်သူတွေ လက်ခံခဲ့လို့ မဲဆန္ဒရှင်အချို့သာ မဲသွားပေးကြတယ်။
၁၉၄၈၊ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ KNU ခေါင်းဆောင်မှုနဲ့ တစ်ပြည်လုံး ကရင်လူထု ၄၅၄,၁၀၀ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြ တယ်။ ကြွေးကြော်သံတွေဟာလည်း တန်းတူရေး၊ ချစ်ကြည်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာလူမျိုးကြီးဝါဒ ဖဆပလဟာ KNU ကို စစ်ရေးနဲ့သာ တုံ့ပြန်ခဲ့တယ်။
ဒီမိုကရေစီ အခွင့်အလမ်းမရတော့တဲ့ အခြေအနေမှာ KNU ဟာ ကရင်ပြည်သူတွေအတွက် ခုခံရေးစစ်ကို ရွေးချယ်ခဲ့တယ်။ ဒီအ ခါမှာ ဖဆပလဟာ KNU ရဲ့ ခုခံရေးစစ်ကို နယ်ချဲ့မြှောက်ပေးလို့ဆိုပြီး ဝါဒဖြန့်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းက ဖဆပလကို အင်္ဂလိပ် ဝန် ကြီးချုပ်ချာချီက အင်းတော်၊ အင်းလေး၊ အင်းမ၊ အင်းယား ဆိုတဲ့ တိုက်ရေယာဉ် ၄စီး ကူညီခဲ့တယ်။ အမေရိကန်သမ္မတ ထရူး မင်းကလည်း ဖဆပလကို တိုက်ရေယာဉ် ၁၀စီး၊ အမေရိကန်ဒေါ်လာ ၁၀သန်း အီးစီအေ၊ တီဘီအေ စီမံကိန်းနဲ့ ဒေါ်လာသန်း ပေါင်းများစွာ ကူညီခဲ့တယ်။ သူခိုးက လူကိုပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့။
၁၉၄၉၊ ဇန်နဝါရီ ၃၁ရက်ကနေ မေလ ၂၁ရက်အထိ (၁၀၁)ရက်ကြာ အင်းစိန်တိုက်ပွဲမှာ ဖဆပလဟာ KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အင်္ဂလိပ်သံအမတ် မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ဒေါက်တာရပ်(စ်)၊ ပါကစ္စ တန်သံအမတ် မစ္စတာအာလီ၊ အင်္ဂလီကန်ဂိုဏ်းချုပ် ဘိရှော့ဝက်(စ်) မစ္စဘမောင်ချိန်(ဒေါက်တာစံစီဖိုးသမီး) တို့ကို KNU ကို လက်နက်ချဘို့ လှည့်ပတ်ပြောကြတယ်။ KNU က လက်မခံဘဲ အင်းစိန်ကို ပြန်သွားကြတယ်။
အဲ့ဒီအချိန်မှာ ရန်ကုန်ဆိပ်ကမ်းမှာ အိန္ဒိယက သင်္ဘော ၂စီး စစ်လက်နက်အပြည့်အစုံနဲ့ ရောက်နေတယ်။ တိုင်းပြည်ကို သတင်း မှောင်ချထားခဲ့တယ်။ ပါလာတဲ့ ရှင်သာရိပုတ္ထရာနဲ့ ရှင်မောဂ္ဂလန်ရဲ့ ဓါတ်တော်တွေကိုသာ ဘမ်းပြပြီး သမ္မတစ၀်ရွှေသိုက်က ဓါတ် တော်တွေကိုပင့်ဆောင်ပြီး ရွှေတိဂုံဓါတ်တော်တိုက်မှာ အပူဇော်ခံ ကိန်းဝပ်စေခဲ့တယ်။ သင်္ဘောပါလာတဲ့ လက်နက်တွေနဲ့ ဗိုလ် ကျော်ဇော(ရဲဘော်သုံးကျိပ်ဝင်) ဦးဆောင်ပြီး ရန်ကုန်၊ ခဝဲခြံကစပြီး ကရင်ရပ်ကွက်တွေကို တိုက်ခိုက်တော့တာပါပဲ။
၁၉၅၆၊ အောက်တိုဘာ ၂၀ရက် KNU ပေါ်လစ်ဗျူရို စောမောင်တိုး၊ ဗဟိုကော်မတီဝင် စောဘာဟု၊ ဦးစီးပဲ့ကိုင် ကော်မတီ စော ကျော်စိန်တို့ဟာ ကရင့်အရေးကို ဒီမိုကရေစီအတွင်းက ဆောင်ရွက်မယ်ဆိုပြီး ဖဆပလဆီ လက်နက်ချခဲ့ကြပြန်တယ်။ ကရင် တွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရခဲ့သလား၊ စောတာဟုတော့ သာပေါင်းမှာ ဖဆပလပါတီ၊ ပါတီယူနစ်ဥက္ကဌ ရာထူးရသွားတယ်။
၁၉၆၂မှာ ပြည်နယ်ပေါင်းစုံ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာကြတယ်။ မဟာလူမျိုးကြီးဝါဒ၊ ပမည တ သခင်ချစ်မောင်၊ ဖဆပလ ဦးဗဆွေတို့က တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး မပေးဘဲ မဟာလူမျိုးကြီးဝါဒအောက် မှာပဲ ဆက်ထားသင့်ကြောင်း၊ အရှက်မရှိ ကန့်ကွက်ကြတယ်။ တိုင်းရင်းသားတွေဖက်ကလည်း ဆယ်နှစ်ဆယ်မိုးကျော် ပြည် ထောင်စုအတွင်း အတူနေလာခဲ့ရတာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသာ ပြည်ထောင်စု စစ်စစ်ဖြစ်ကြောင်း တင်ပြခဲ့ကြတယ်။
၁၉၆၂၊ မတ် ၂ရက်နေ့ ညသန်းခေါင်မှာ မဟာလူမျိုးကြီးဝါဒ ဗိုလ်နေဝင်းဟာ ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပြိုကွဲစေတယ်ဆိုပြီး အာဏာသိမ်းစစ်အစိုးရကို ထူထောင်လိုက်တယ်။ ဖက်ဒရယ်သည်သာ ပြည်ထောင်စုစစ်စစ်ဖြစ်ပြီး ဖက်ဒရယ်ဆန့်ကျင်သူဟာ ပြည်ထောင်စု ဖြိုခွဲသူဖြစ်တယ်ဆိုတာ ဗိုလ်နေဝင်းက ကိုယ့်တိုင်းပြည်အပြင် ကမ္ဘာကိုပါ အရှက်မရှိ လိမ်ညာခဲ့ရုံမက တိုင်းပြည် ကိုလည်း ဝါးမျို အုပ်ချုပ်ခဲ့တော့တယ်။
၁၉၆၃ခုနှစ်၊ ကဆောဝါးညီလာခံမှာ စောဟံတာသာမွှေး ခေါင်းဆောင်ပြီး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သမိုင်းဝင် ၀ိန့်ထောင်ကွန်ဖရင့် (ရွှေမြို့တော်ကွန်ဖရင့်)က ချမှတ်ခဲ့တဲ့ KNU ရဲ့ ဒုတိယလမ်းစဉ်ကို သွေဖီပြီး ၁၉၆၄၊ မတ် ၁၂ရက်မှာ ဗိုလ်နေဝင်းနဲ့ စောဟံတာ သာမွှေးတို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး မဆလဆီ စောဟံသာမွှေးတို့ KRC (Karen Revolution Council) အညံ့ခံလိုက် တယ်။ ဗိုလ်နေဝင်းဟာ ၁၉၆၃ ငြိမ်းချမ်းရေးကမ်းလှမ်းစဉ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ရင် လာတဲ့နေရာထိ ပြန်ပို့ပေး မယ်။ ၇ရက်အတွင်း အတိုက်အခိုက် ရပ်စဲမယ် ဆိုတဲ့ကတိကို ဖျက်ပြီး ငြိမ်းချမ်းရေးလက်မှတ်မထိုးတဲ့ တပ်မဟာ(၅) တပ်မင်း ဗိုလ်လင်းထင်ကို သထုံမှာတင် သတ်လိုက်ပြီး မုတ္တမပင်လယ်ထဲမှ အလောင်းကို အစဖျောက်လိုက်တယ်။ စောဟံတာသာမွှေး တို့အုပ်စုက နေဝင်းတပ်တွေနဲ့ပေါင်းပြီး ခေးမူနဲ့ ခူမူဒဲ KNU ဗဟိုစခန်းကို ပြန်တိုက်ခဲ့လို့ KNU တပ်မှူး၊ တပ်သား ၁၃ယောက် ကျဆုံးခဲ့ရတယ်။ ဗဟိုကော်မတီဝင် ဆရာအုန်းဖေညွန့်ကို အရှင်ဖမ်းမိပြီး သတ်ဖြတ်လိုက်ကြတယ်။ ဒီလိုသစ္စာဖောက်လို့ KRC က စောဟံတာသာမွှေးကို နေဝင်းက ပညာရေး သုတေသနဗျူရိုမှာ အထူးအရာရှိ၊ ၁၉၇၄ အခြေခံဥပဒေရှင်းလင်းရေး အဖွဲ့ဝင်၊ ပဒိုဝေသော်၊ ပဒိုဝရီကျော်၊ ပဒိုဖိုးညောတို့ကို နိုင်ငံဂုဏ်ရည် ပထမအဆင့်၊ တပ်မဟာ ၅ ဒုတပ်မဟာမှူး ဗိုလ်စောမောင်ဝင်းကို သထုံပါတီယူနစ်ဥက္ကဌ၊ တပ်ရင်းမှူးတွေဖြစ်ကြတဲ့ ကြီးရွှေနဲ့ မိုးဇက်တို့ကို ဘီးလင်းနဲ့ ကျိုက်ထိုမှာ ကောင်စီဥက္ကဌတွေ၊ စောထရူး မင်းကို ဦးထွန်းမင်း နာမည်နဲ့ တောင်ငူမှာ ပါတီယူနစ်ဥက္ကဌ စတဲ့ ဆုလာဘ်တွေနဲ့ ချီးမြှောက်ခဲ့ပါတယ်။
IMG_1878
မိမိတို့လုပ်ရပ်တွေက ကရင်ပြည်သူတွေအတွက် ဘာတစ်ခုမှ အကျိုးမရှိကြောင်း သိလာတဲ့တနေ့ စောဟံတာသာမွှေးက အင်း စိန်၊ နံ့သာကုန်းဘုရားကျောင်းမှာ စောဘဦးကြီးရဲ့ ဝိညာဉ်သာ ဘုရားကျောင်းထဲမှာရှိရင် ကျုပ်ကို ဟားတိုက်ရယ်မောနေမှာပဲလို့ သူ့အမှားကို ဝန်ခံသွားခဲ့တယ်။ KRC ရဲ့ ငယ်သားတွေတော့ KNU ရင်ခွင်ထဲကို ပြန်သွားကြတယ်။ အသက်အရွယ်ကြီးလာတဲ့ စော ဟံတာသာမွှေးလည်း နောက် တရားနဲ့အတူ မထင်မရှား ခရစ်တော်ခြေတော်ရင်းမှာ အိပ်ပျော်သွားတယ်။ ပဒိုဝေသော် ကျ တော့ မသေခင် သားသမီးတွေကို ဒို့တော့ ဗမာအစိုးရ လိမ်တာခံလိုက်ရပြီးလို့သာ မှာကြားနိုင်တော့တယ်။
ဓါးဓါးချင်း၊ လှံလှံချင်း ယှဉ်ရဲတယ်ဆိုပြီး ကျောင်းသားတွေကို စိန်ခေါ်ခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ စစ်သားဆိုတာ မိုးပေါ် ထောင်မပစ်ဘူး လို့ ပြောခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ မြန်မာ့နည်းနဲ့ ဆိုရှယ်လစ်လောကကို မရောက်ဘဲ တိုင်းပြည်ကိုသာ အဆင်းရဲဆုံးရောက်အောင် ပို့ နိုင်ခဲ့တဲ့ ပြည်သူတွေပေးတဲ့ဘွဲ့ကို ရခဲ့တယ်။ နန်းကျအာဏာရှင်ဘဝမှာ အထီးကျန်ဖြစ်သွားတဲ့ ဗိုလ်နေဝင်းဟာ လယ်တီဆရာ တော်ဘုရားကြီးရဲ့ ကမ္ပဋ္ဌာန်းတရားတော်ကို ရှုမှတ်ရင်း ၁၉၉၅ခုနှစ်၊ ဇူလိုင် ၂၆ရက်မှာ သူ့ကို ဂါဝရပြုဖို့လာတဲ့ အညမည သဘော တရားဆရာကြီး ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)နဲ့ တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်းတို့ကို ဒီတရားတွေသာ အရင်ထဲက ကိုယ်သိခဲ့ရင် ၁၉၆၂က အလုပ်တွေကို ကိုယ်မလုပ်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ (၁၉၆၂ကို အင်္ဂလိပ်လိုပြောသည်) ဗိုလ်နေဝင်းရဲ့ နောင်တကို တိုင်းပြည်ကတော့ LDC(အဆင်းရဲဆုံးနိုင်ငံ) လက်မှတ်နဲ့ ပေးဆပ်ခဲ့ရတယ်။
၁၉၉၄ ကျပြန်တော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ ဘာသာရေးသပ်လျှိုပြီး KNU ကို ထိုးခွဲလိုက်ပြန်တယ်၊ ရန်သူကို မိတ်ဆွေ ထင်လိုက်တဲ့ DKBA ကလည်း စစ်တပ်နဲ့ပေါင်းပြီး မာနယ်ပလောကို ပြန်တိုက်လို့ မာနယ်ပလော ကျဆုံးခဲ့ရတယ်။ ဗိုလ်ခင် ညွန့်တပည့် ဗိုလ်စန်းပွင့်က DKBA ပါလို့သာ မာနယ်ပလောကိုရခဲ့ကြောင်း အဲ့ဒီတုန်းက အလောင်းတွေကို ဆက်လိုက်ရင် မော် လမြိုင်ကနေ ရန်ကုန်ထိ ရောက်နိုင်တယ်လို့ ဝန်ခံခဲ့တယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံလိုက်ရလို့ ကရင်အချင်းချင်း သွေးမြေကျ ခဲ့တဲ့သမိုင်းမှာ ဘာတွေရခဲ့ပါသလဲ။ DKBA ဗိုလ်ချုပ်တွေ စူပါမားကက်တွေ၊ ဟော်တယ်တွေနဲ့ ချမ်းသာနေကြပြီး ငယ်သားတွေ က လမ်းဆုံလမ်းခွမှာ ဝါးလုံးတားပြီး ပိုက်ဆံတောင်းနေရတဲ့ ဝါးတားဂိတ်မှာ စစ်တပ်နဲ့ ဥာဉ်ဆိုးသင်တန်းတက်နေရတယ် မဟုတ် လား။ အခုတော့ DKBA လည်း အများစုဟာ နယ်ခြားစောင့်တပ်ဆိုပြီး တပ်မတော်အောက်ထားပြီး ဆွဲစေ့ခံနေရတယ် မဟုတ် လား။
ဒါတောင် ဗိုလ်ချစ်သူက ပြောလိုက်သေးတယ်။ စောဘဦးကြီးရဲ့ မူအတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိတုန်းဆိုပဲ။ မေး လိုက်ပါရစေ ညီလေး စောချစ်သူ။ ကရင်တွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် သေနတ်ပြောင်း ဘယ်ကိုလှည့်မှာလဲ လို့။
စစ်ဆိုတာ နိုင်ငံရေးမပြေလည်လို့ ဖြစ်ရတာ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဖြေရှင်း နည်းမှန်ဘို့လိုတယ်။ တန်းတူရည်တူရှိဖို့ တဦးကိုတစ်ဦး နားလည်တတ်ဖို့ လိုတယ်။ တိုင်းရင်းသားတွေပြောတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်ဘို့ မဟုတ်ဘူးဆိုတာ ကြေညာပြီးသားပဲ။ ဖက်ဒရယ်ဆိုတာ တန်းတူရည်တူ ပူးပေါင်းခြင်းပဲ။ တိုင်းရင်းသားတွေ မဖွံ့ဖြိုးသေးလို့ လူမျိုးကြီးတွေ ခေါင်းဆောင်ပေးရမယ်ဆိုတာ မဟာလူမျိုးကြီးဝါဒပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်မရတဲ့ တိုင်းပြည်ကို မဖွံ့ဖြိုးသေးလို့ ဗြိတိသျှ အစောင့်ရှောက်ခံအဖြစ် နေရအုံးမယ်ဆိုတုန်းက ဘယ်လိုခံစားကြရသလဲ? လွတ်လပ်ရေးရပြီးရင် ဗမာပြည်သွေးချောင်းစီးမှာပဲလို့ အင်္ဂလိပ်တွေ ကြိုတင်ပြောခဲ့တာ။ သူတို့ကိုယ်တိုင် မဟာလူမျိုးကြီးဝါဒ လက်ထဲကို အာဏာပေးခဲ့လို့သာဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ မဆိုင်ဘူး။
ကရင်တိုင်းရင်းသားအရေးဆိုတာ အခြားတိုင်းရင်းသားအရေးနဲ့ ဆက်စပ်နေတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလည်း ဖြစ် တယ်။ (Human is Political Animal) ဘာကြောင့်လဲ။ တိုင်းရင်းသားအားလုံး ပြည်ထောင်စုအတုဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ အောက်မှာ နေရလို့ပဲ။ ဖိနှိပ်ခံရသူအချင်းချင်း တပ်ပေါင်းစု မဖွဲ့နိုင်ရင် တစ်ကွက်ချင်း၊ တဖွဲ့ချင်း ချေမှုန်းခံရမယ်ဆိုတာ သမိုင်းရှိခဲ့ ပြီးသားပဲ။ (၁၇)နှစ်သားထဲက စစ်တိုက်လာတယ်ဆိုတဲ့ ကေအဲန်ယူ ဥက္ကဌက ငယ်ငယ်တုံးက (Sunday School) မှာ ထင်းတစ် စီးလုံးကို ချိုးရင်မရဘူး။ တစ်ချောင်းစီချိုးမှ ရတယ်ဆိုတဲ့ သင်ခန်းစာမမေ့သေးဘူးဆိုရင် KNU ဥက္ကဌကြီး မန်းဘဇန်ရဲ့ တပ်ပေါင်း စုရှိမှ တော်လှန်ရေး အောင်မြင်မယ်ဆိုတဲ့ ဒဿနကို လေးစားလိုက်နာသင့်ပါတယ်။ UNFC ထဲ ဝင်တယ်ဆိုတုန်းကလည်း အဖိ နှိပ်ခံ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် KNU ကွန်ဂရက်က ဆုံးဖြတ်ခဲ့တာပဲ။ ကွန်ဂရက်သဘောထားကို ဆန့်ကျင် ခြင်းဟာ KNU ထဲမှာ အာဏာရှင်ထူထောင်တာပဲ။ ဒီမိုကရေစီကို နားလည်ရင် လာမဲ့ KNU (၁၆)ကြိမ်မြောက် ကွန်ဂရက်ကျရင် ကိုယ့်သဘောထားတွေပြန်တင်သင့်တာပေါ့။ တစ်ပြည်လုံးက ကရင့်သဘောထားအမှန်ကို ယူကြည့်ပါ။ စောဘဦးကြီးနဲ့ ရဲဘော် တွေရဲ့ သွေးနဲ့လမ်းပြခဲ့တဲ့ ကရင့်တော်လှန်ရေးလမ်းစဉ်က သွေဖီရင် ကရင်ပြည်သူတရပ်လုံး လက်မခံကြပါဘူးဆိုတာ ပြောပြ လိုက်ပါရစေ။

ငြိမ်းချမ်းရေး စစ်တမ်း (၇)။ ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး စစ်တမ်း (၇)။ ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး

ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုမှ ကေအင်ယူထွက်ရေး၊ မထွက်ရေးသည် ကေအင်ယူတဖွဲ့ တည်းနှင့်သာမက ပြည်ထောင်စုတခုလုံး၏ ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နိုင်သည့် ကိစ္စဖြစ်လာသည်။အဘယ်ကြောင့် ဆိုသော် ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်ရာ၌တွေ့ ကြုံရသည့် အခက်အခဲများကိုရှင်းပြရာတွင်ကေအင်ယူ အဖွဲ့ အစည်းကြီး ဟူသည့် နောက်ခံကို ယူလျှက် ခေါင်းဆောင်တဦးစ၊ နှစ်ဦးစ၏ လွဲမှားနေသည့်ထောက်ပြချက် အချို့  ကို အခြားအဖွဲ့ အစည်းများကပါ အမှန်ဟူ၍ လိုက်ပါ စဉ်းစားမိပါက ငြိမ်းချမ်းရေးသည် ရေစုန်တွင်မျောတော့မည့် ကိန်း ဖြစ်လာသည်။ ဤသည် တို့ ကို ပြည်တွင်းအခြေအနေတခုလုံးနောက်ခံ နှင့်သာမက နိုင်ငံတကာ အခြေအနေများနှင့်ပါ ဆက်စပ်ကာ အသေးစိပ် ဆန်းစစ်ရန်လိုလာသည်။

ပြီးခဲ့သည့် စက်တင်္ဘာလ ဒုတိယ ပတ်အတွင်းတွင် သမတ ဦးသိန်းစိန်သည် ယင်း၏ ဥရောပခရီးစဉ်အတွင်း ဂျာမနီ နိုင်ငံသို့ အရောက်သွား၍ ၀န်ကြီးချုပ် အင်ဂလာ မာကဲလ် နှင့်တွေ့ ကာရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လုပ်ကိုင်ရန် နှင့် တိုးတက်ဖွံ့ ဖြိုးမှု

Saturday, September 20, 2014

Momaka


မောင်ရစ် – ရာဇ၀င်ထဲက စကော့ပြည်၊ ပြီးတော့ မြန်မာပြည်သမိုင်းလမ်းဆုံ

September 20, 2014
 
မောင်ရစ် – ရာဇ၀င်ထဲက စကော့ပြည်၊ ပြီးတော့ မြန်မာပြည်သမိုင်းလမ်းဆုံ
အယ်ဒီတာ့လက်ရေး (၃၇)၊ စက်တင်ဘာ ၂၀၊ ၂၀၁၄
စက်တင်ဘာ ၁၉ တွင် စကော့တလန်ပြည်နယ်သားတို့က ဗြိတိန်တို့နှင့်အတူ ဆက်လက် အတူတကွ နေထိုင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ ဒီမိုကရေစီနည်းဖြင့် မဲဆန္ဒအဆုံးအဖြတ်ကို ခံယူကြလျက် စကော့ပြည်သား ၅၀% ကျော်က ယူနိုက်တက်ကင်းဒန်း (UK) ကနေ ခွဲမထွက်ဘဲ အတူယှဉ်တွဲနေထိုင်ကြမည်ဟု သဘောထားပေးလိုက်ကြသောအခါ ဗြိတိသျှသားတို့ကလည်း သက်မချကြသလို တွဲရေးအားသာသူ စကော့သားများကလည်း သြဘာပေးကြလေသည်။ ခွဲရေးကို ဆော်သြကြသူ စကော့နိုင်ငံရေးပါတီတို့ကလည်း ဗြိတိန်ပြည်မကြီးက စကော့ပြည်ကြီးကို ယခုထက်ပိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဏ္ဍာရေး ကိုယ့်ကြမ္မာကိုယ် စီရင်ပိုင်ခွင့်များကို ရရှိဖို့၊ အာမခံဖို့ကို စကော့ပါလီမန်ထဲထည့်သွင်းဖို့ တောင်းဆိုကြသလို ဗြိတိန်ဝန်ကြီးချုပ်နှင့် ဘုရင်မကြီးတို့ကလည်း ပေးအပ်မည်ဖြစ်ကြောင်း၊ ဒီနှစ်အကုန် ၂၀၁၅ ဗြိတိသျှပါလီမန်ကနေ မူကြမ်းများ၊ အတည်ပြုချက်များ ထုတ်ပေးမည်ဖြစ်ကြောင်း ကတိက၀တ်တွေ ထုတ်ပြန်ပေးအပ်ကြလေတော့သည်။
နှစ်ပေါင်း ၃၀၀ ကျော် လိပ်ခဲတည်းလည်း ဖြစ်နေသော ပြည်မမှ ခွဲထွက်လိုသော ပြည်နယ်ပြသနာသည် ဗြိတိန်ပြည်ထောင်စုတွင် ဒီမိုကရေစီနည်းကျ မဲဆန္ဒစနစ်ဖြင့် အပြီးသတ်ခဲ့လေပြီဟု ဆိုနိုင်၏။ စိတ်ဝင်စားဖွယ်ကိစ္စမှာ တခါမှမကြုံဖူးအောင် တက်ကြွစွာ ဆွေးနွေးကြသူများထဲတွင် ဆယ်ကျော်သက် ၁၆-၁၈ နှစ် မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍ ဖြစ်တော့သည်။ ယခုတခေါက် တွဲရေး ခွဲရေး မဲဆန္ဒခံယူပွဲတွင် ဗြိတိသျှဗဟိုအစိုးရက ၁၆နှစ်သားအထက်ကိုပါ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်ရာ ဆယ်ကျော်သက်တို့က အဓိက တွဲရေးကို ဆုံးဖြတ်ပေးကြသည်ဟု အကဲခတ်တို့က ဆိုလေသည်။ မျိုးဆက်ဟောင်းတို့က အတိတ်သမိုင်းက မျိုးချစ်စိတ်တို့ကို ဆွဲကိုင်လျက် စကော့တလန်ပြည်ကို ဗြိတိန်မှ ခွဲထွက်ရေး လှုံဆော်နေချိန်တွင် မျိုးဆက်သစ်တို့က လက်ရှိအနေအထားအတိုင်း ပြည်ထောင်စုတခုတည်းဖြင့်သာ တစုတစည်းတည်း သဘောထားကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ လက်တွေ့ကျသော ပစ္ဇုပ္ပန်ကိုကြည့်ပြီး အနာဂတ်အတွက်ပါ တပါတည်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ရာ နောင်တွင် စကော့နိုင်ငံသားတို့၏ ကိုလိုနီခေတ် အုံကြွမှုတို့သည် အတိတ်တွင် ကျန်ရစ်တော့မည်ဖြစ်ပြီး၊ ဗြိတိန်သား၊ စကော့သားတို့ တစုတစည်းတည်းဖြစ်မှု၊ United Kingdoms ဟူသော ပြည်ထောင်စုဘုရင့်နိုင်ငံတော် အလံတော်အောက်မှာ ဆက်လက်ဂုဏ်ယူဝင့်ကြွားကြတော့မည်ဟု ဆုံးဖြတ်ကြခြင်း ဖြစ်လေသည်။
အကယ်၍များ စကော့ပြည်သားတို့ နိုင်ငံခွဲထောင်ခွင့်သာ မဲနိုင်ခဲ့လျင် စပိန်ပြည်နှင့်တကွ အခြားသော ဥရောပနိုင်ငံအချို့၏ အတိတ်သမိုင်းမှာလက်အောက်ခံအဖြစ်နေထိုင်ခဲ့ရသည့် နိုင်ငံအစိတ်အပိုင်းတို့သည်လည်း ပြည်သစ် ခွဲတည်ထောင်ကြဖို့ ထကြွနိုးကြားလာကြတော့မည် ဖြစ်သည်။ လက်အောက်ခံ ပြည်နယ်သားအဖြစ်ကို လက်မခံဘဲ ပြည်သစ်တည်လို့သည့် ဥရောပအစိတ်အပိုင်းတို့သည် ယခုစကော့တလန်၏ ဆုံးဖြတ်ချက်ကို သင်ခန်းစာယူကြမည်ဆိုပါက လက်ရှိတိုင်းပြည်များအတွင်းမှာပင် တန်းတူညီမျှတနိုင်ငံသားတည်းအဖြစ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပိုမိုရရှိရေးနည်းလမ်းများကိုသာ ဆက်လက်ရွေးချယ်ကြရတော့မည်ဟုသာ သုံးသပ်ကြရပေမည်။
စကော့တို့သည် ဗြိတိန်လက်အောက်သို့ ရောက်ပြီးကတည်းက နှစ်ပေါင်းရာနဲ့ချီပြီး ဆန့်ကျင်တိုက်ပွဲ ဆင်နွှဲခဲ့ဖူးကြသည်။ အားမတန်မာန်လျော့ ပြည်နယ်တခုအဖြစ် လက်တွဲနေထိုင်စဉ် တလျောက်လုံးမှာလည်း တွန်းလှန်စစ် (တော်လှန်စစ်) အသွင်သဏ္ဍန်မှ  ပြောင်းလဲပြီး အာခံစစ်၊ ဖီဆန်စစ်၊ ခုခံစစ်တို့ကို နိုင်ငံရေးပုံသဏ္ဍန်ဖြင့် ကြံ့ကြံ့ခံခဲ့ကြသည်ဟု ဆိုနိုင်သည်။ ထိုမှလွန်ပြီးသော် ယခု ခေတ်သမိုင်း အချိုးအကွေ့တွင်မူကား စကော့တို့သည် ၂၁ ရာစုခေတ်သစ် တနိုင်ငံအတွင်း ပြည်နယ်သားတို့အချင်းချင်းကြား တန်းတူညီမျှမှု (ပိုမို) ဖော်ဆောင်ရေးဦးတည်သည့်  ထူးခြားသောနိုင်ငံရေးအောင်ပွဲတခုကို ဆွတ်ခူးနိုင်ခဲ့ကြပြီဟု အကောင်းမြင်မှတ်ချက်ကို ချရပေမည်။
နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်သည့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ သည် စကော့တို့ကဲ့သို့ ပိုမိုတန်းတူညီမျှမှု ဒါမှမဟုတ် သီးခြားခွဲထွက်မှုတို့ဆီသို့ တောင်းဆိုရန် စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်မနေဘူးလားဟု သုံးသပ်သူတို့ကလည်း မေးခွန်းများ ထုတ်ကြပေဦးမည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုတွင်လည်း ရှေးရိုးစွဲသူများနှင့် ခေတ်ဆန်သူတို့ သဘောတရားရေးရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ရှေးရိုးစွဲပြည်နယ်များနှင့် ခေတ်ဆန်သူပြည်နယ်တို့သည် သာတူညီမျှ အတူတကွနေထိုင်ပြီး နိုင်ငံရေးအဖြေရှာခြင်းထက် လမ်းခွဲပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးချင်စိတ်များ ထကြွလာလေမည်လားဟု ဆန်းစစ်ကြမည်ဆိုလျင် သမိုင်းနှင့် နိုင်ငံတကာတွင် အမေရိကန်ပြည်ထောင်စုဟူသော အမည်နာမနှင့် နိုင်ငံတော်မှတ်တိုင်ကို စုပေါင်းအားဖြင့် ခိုင်ခိုင်ချမှတ်နိုင်ခဲ့သည့် ဖြတ်သန်းမှုများအရ ခွဲထွက်ရေးလမ်းစဉ်ထက် မိမိအယူဝါဒအရေးဖော်ဆောင်နိုင်ဖို့ ရွေးကောက်ပွဲများဖြင့် အနိုင်တိုက်ပြီး ပါလီမန်နှင့် အစိုးရဘောင်အတွင်းမှနေ၍  တိုင်းသူပြည်သားနှင့်အတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး ကိုယ်လိုရာဆွဲပြီး စခန်းသွားကြဖို့သာ အလေးသာကြမည်ဟု မှတ်ချက်ဆွဲနိုင်မည် ဖြစ်ပေသည်။
မြန်မာပြည်ထောင်စုကြီးကို တချက်ပြန်ပြောင်း ငဲ့စောင်းကြည့်ကြမည်ဆိုလျင် မည်သို့ နှိုင်းယှဉ် စဉ်းစား အတွေးပွားစရာများ ရကြမည်နည်း။ မြန်မာပြည်လွတ်လပ်ရေးရကတည်းက လက်ဝဲ၊ လက်ယာများ၊ တိုင်းရင်းသားများ၊ မျိုးချစ်များ၊ မျိုးဆက်သစ်များ စသည်တို့သည် စစ်အုပ်စုလက်အောက်မှ လွတ်မြောက်ရေး (ဖြုတ်ချနိုင်ရေး) နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်လျက် ရှိကြပေသည်။ ခေတ်အဆက်ဆက်သာပြောင်းခဲ့သော်လည်း စစ်အုပ်စုသည် အာဏာနှင့် လက်နက်ကို မစွန့်လွှတ်ဘဲ တော်လှန်ရေးကောင်စီ စစ်အစိုးရမှသည် မဆလတပါတီအစိုးရ၊ ၎င်းနောက် အာဏာသိမ်းစစ်အစိုးရ၊ တဖန် စစ်အုပ်စုနောက်ခံ ကြံ့ဖွှံ့အစိုးရအဖြစ် ဆက်လက် မင်းလုပ် အုပ်ချုပ်လျက် ရှိနေသည်မှာ အထင်အရှားပင်ဖြစ်၏။ အတိုက်အခံအားလုံးတို့သည် လက်နက်နည်း၊ နိုင်ငံရေးနည်း အတွင်းအပြင်နည်း စသည့် နည်းလမ်းပေါင်းစုံဖြင့် စစ်အုပ်စုကို ‘တွန်းလှန်’ တိုက်ခိုက်ခဲ့ကြသည်။ ဖိနှိပ်မှု နှိမ်နင်းမှုများ ပြင်းထန်သည့်ကာလများတွင် တွန်းလှန်ခြင်း မပြုနိုင်သည့်တိုင် အာခံခြင်း ဖီဆန်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံခဲ့ကြပေသည်။
၁၉ ၈၈ အရေးတော်ပုံကြီးဖြင့် တွန်းလှန်ခြင်း၊ ၁၉ ၉ ၀ ပါတီစုံရွေးကောက်ပွဲဖြင့် တွန်းလှန်ခြင်းတို့ လုပ်ခဲ့ကြသော်လည်း စစ်အုပ်စု၏ နှိမ်နင်း တိုက်ဖျက်မှုများကြောင့် အကျအဆုံး အဖမ်းအဆီးများစွာ ခံစားခဲ့ကြရသည်။ အားမတန်ကြသော်လည်း တော်လှန်ရေးအင်အားစုတို့သည် အာခံခြင်း၊ ဖီဆန်ခြင်းတို့ဖြင့် မာန်တင်းခဲ့ကြသလို ၂၀၀၇ တွင်လည်း ရွှေဝါရောင်တော်လှန်ရေးဖြင့် တွန်းလှန်ဖို့ ရုန်းကန်ခဲ့ကြသည်ကို တွေ့နိုင်ကြပေသည်။ မည်သို့ပင် အာခံ ဖီဆန်ခဲ့ကြသော်လည်း ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ၊ ၂၀၁၀ တဖက်သတ်ရွေးကောက်ပွဲတို့ဖြင့် စစ်အုပ်စု အာဏာသက်ရှည်ရေးအောင်လံထူခဲ့ပြီးနောက် နိုင်ငံရေးအသွင်ပြောင်းကာလသို့ ရောက်ရှိဖြတ်သန်းခဲ့ကြရပေသည်။ ယခုအချိန်တွင် အတိုက်အခံတို့ တော်လှန်သူတို့သည် မိမိရပ်တည်ချက်နှင့် သဘောတရားတို့ကို (ကာကွယ်) (ခုခံ) ပြီး ရင်ဆိုင်နေရသည့် အဆင့်သို့ ဆင်းသက်ခဲ့ပြီဟု ဆိုရမည်။ ထိုအတောအတွင်း နိုင်ငံရေးအင်အားစုတို့၏ အကျိုးအမြတ်သည် မည်သို့နည်းဟု စဉ်းစားသော် စစ်အုပ်စုထံမှ  တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အာမခံမှုတို့ လုံးဝဥသုံမရရှိနိုင်သေးသော်လည်း တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းအဖြေရှာ၊ အပေးအယူ၊ အလျော့ပေးစေ့စပ်မှုတို့ကိုကား ခင်းကျင်းနိုင်ခဲ့ကြပြီဟု ဆိုနိုင်ပေသည်။ ရှေ့ကို မည်သို့စခန်းသွားကြလိမ့်မည်နည်း။
တနိုင်ငံတည်း အတူနေပြီး ကိုလိုနီသခင်နှင့် သိမ်းပိုက်ခံကျွန်အဖြစ် ပဋိပက္ခဖြစ်စဉ်ကို ဖြတ်သန်းခဲ့သည့် ဗြိတိန်နှင့် စကော့တို့သည် တိုက်ခိုက် တွန်းလှန်အဆင့်မှ အာခံ ဖီဆန်၊ ၎င်းနောက် ကာကွယ်ခုခံခြင်းဖြင့် မျိုးရိုးဇာတိနှင့် ရပ်တည်ချက်ကို ထိန်းသိမ်းခဲ့ကြရာ ယခုအခါ ခွဲရေးထက် တွဲရေးဖြင့် ပူးပေါင်းအဖြေရှာကြမည်ဟု ဆန္ဒခံယူလိုက်ကြသလိုမျိုး မြန်မာပြည်က အာဏာရှင်နဲ့ အာဏာမဲ့ အင်အားစုတို့သည်လည်း အလားတူ သမိုင်းလမ်းဆုံသို့ ဦးတည်သွားကြလေမည်လားဟု အတွေးနယ် ချဲ့မိပါတော့သတည်း။ ။

Thursday, September 18, 2014

Please join KNU Watch facebook

KNU Watch requests posts from Karen individuals and civil society and political groups worldwide, of anything that relates to the political destiny and prosperity of the Karen people. Please post press releases, reports, intelligence, documents, photos, and videos about conditions for Karen villagers, IDPs, refugees, and resettled refugees. This might include news about commercial developments; land thefts; environmental crimes; Burma Army actions; the actions of KNU and KNLA officials, including both senior leaders and officials at the district and township levels; members of other Karen armed groups - DKBA, BGF, KPF, etc.; the actions of the Burrmese, Thai and other governments; intelligence related to the nationwide ceasefire negotiation; and anything that documents corruption and abuse by Karen officials. Please think of KNU Watch as a Karen Wikileaks.
Please ask all your Facebook friends as well as representatives of all Karen organizations and communities around the world to join the group.

Agga Poechit Facebook

စောမူတူးစေးဖိုး ဘာမှားလို့လဲ ဆိုတဲ့ စာနဲ့ပတ်သက်ပြီး သုံးသပ်ချက်ပေးဖို့  တောင်းဆိုထားတဲ့ Yokazoe အတွက် ဒီစာတိုလေးနဲ့ ဝန်ဆောင်ပေးလိုက်ပါတယ်။
အဲဒီစာကိုရေးသူဟာ မိမိခေါင်းဆောင်အပေါ် သစ္စာရှိ ရဲဘော်ကောင်းတယောက်လို့ တော့ ဦးစွာအသိအမှတ်ပြုပါရစေ..
ဒါပေမဲ့ စာက ပုဂ္ဂိုလ်ရေးကိုအသားပေးထားဒါမို့  နိုင်ငံရေးကိုသာဝေဖန်တဲ့ကျနော့်အတွက် သိတ်ပြီး မဟတ်စပ်သလိုပါဘဲ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေသူတွေရှိနေရင်လဲ အဲဒါမျိုးတွေရှောင်ပြီး နိုင်ငံရေးကိုဘဲဝေဖန်သုံးသပ်ကြစေချင်တယ်။

စောမူတူးစေးဖိုး ဘာမှားလို့လဲ ဆိုတာကို တိုတိုဖြေရရင်တော့
၁။ အဖွဲ့ အစည်းဆိုင်ရာအမှားနဲ့  ၂၊ နိုင်ငံရေးဆိုင်ရာအမှားဆိုပြီး ၂ခုကိုထောက်ပြချင်ပါတယ်။
အဖွဲ့ အစည်းဆိုင်ရာအမှား ဆိုတာက အလွန်ထင်ရှားလူသိများတဲ့အမှားဖြစ်တာမို့  အရှည်မပြောတော့ပါ။ ကေအဲန်ယူဟာ အာဏာရှင်စနစ်နဲ့  ဥက္ကဌလုပ်သူတဦးတည်းရဲ သဘောအတိုင်း ထင်ရာလုပ်လို့ မရတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဥက္ကဌဟာ ကေအဲန်ယူရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ ကွန်ကရက်ညီလာခံကနေအများသဘောတူချမှတ်တဲ့ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ကျင့်သုံးရတဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တယ်။ဒီတော့ဒီနေရာမှာ သတိမလစ်နားလည်မှုမမှားဖို့ က အမြင့်ဆုံးအာဏာပိုင်ဖြစ်ခြင်းသည် ကွန်ကရက်ကချမှတ်တဲ့ စည်းမူ ဘောင် အားလုံးအောက်မှာသာဖြစ်ပြီး ဒီစည်းမူနဲ့ မကိုက်ညီတာတွေ ဒါမှမဟုတ်စည်းမူထဲမှာမရှိသေးတာတွေကို ဥက္ကတဦးတည်းရဲ့ သဘောနဲ့ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့် လုံးဝမရှိပါ။ ဒါဟာ တကမ္ဘာလုံးရှိဒီမိုကရေစီနိုင်ငံတိုင်းကကျင့်သုံးနေတဲ့ စနစ်ဖြစ်တာကို နိုင်ငံရေးဗေဒ လေ့လာသူတိုင်းသိကြပါတယ်။ ဒီတော့ ကေအဲန်ယူကိုယ်စားလှည်တွေနဲ့ မြန်မာစစ်အစိုးရကိုယ်စားလှည်တွေ ပထမအကြိမ်တွေ့ ဆုံညှိနှုင်းပွဲမှာ ကေအဲန်ယူ ကွန်ဂရက်က လက်မှတ်မထိုးသေးဖို့ ချမှတ်ထားရဲ့ နဲ့က ဒါကိုချိုးဖေါက်ပြီးမိမိတို့ အုပ်စုသဘောအရ အလျှင်စလို လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒီချိုးဖေါက်မှုမျိုးဟာ နိုင်ငံအတော်များများမှာ သမတ တွေဥက္ကဌတွေ ချက်ခြင်းရာထူးကနှုတ်ပယ်ခံရတဲ့ ပြစ်မှုဖြစ်ပါတယ်။ သူတို့ ဆီမှာ ကွန်ဂရက်လွှတ်တော်ဆိုတာက သမတထက်အမြဲအာဏာမြင့်တာမို့ပါ။
ကေအဲန်ယူရဲ့ ကွန်ကရက်ကော်မီတီဝင်အများစုက မိမိတို့ ရဲ့ ပူးပေါင်ပိုင်ဆိုင်တဲ့ အာဏာကို မထီမဲ့မြင်ပြုခံရတာဖြစ်လို့ စိတ်မချမ်းသာခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့လက်မှတ်ထိုးလိုက်တဲ့အုပ်စု ဟာ အဲဒီအချိန်ကစပြီး စစ်အစိုးရရဲ့ တိုက်ရိုက် ကျောထောက်နောက်ခံပြုမှုကို အလိုအလျှောက်ရသွားကြပြီဖြစ်လို့ 
ကေအဲန်ယူရဲ့ ကျန်အဖွဲ့ ဝင်တွေက အခြေအနေကိုဒါ့ထက်မဆိုးအောင် နောက်ဆုတ်ပေးလိုက်ကြတာရှိသလို ဘာမှမပြောတော့ဘဲ ဘေးထိုင်လိုက်တာတွေလဲရှိလာပါတယ်။ ဒီအနေအထားက ဒီကေဘီအေနဲ့ ဘီဲဂြီအက်ဖ်ကိုရန်သူက မြှောက်ပင့်နေရာပေးထားတဲ့ လုပ်နည်းမျိုးနဲ့တူတူဖြစ်တာမို့  တေယ်လှန်တဲ့ကရင်တွေ မလူးသာမလွန့် သာဖြစ်ရတာပါ။
ဒုတိယအချက်ဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာအမှားကတော့ ခု UNFC ကနေ ထွက်ဖို့ လုပ်နေတာပါဘဲ။
ကေအဲန်ယူရဲ့ လွန်လေပြီးတဲ့ခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့တဲ့မူတွေကို ခုခေါင်းဆောင်တွေက ခြေနဲ့ ဖျက်လိုက်တဲ့သဘောပါဘဲ။ ဒီလုပ်ရပ်မှာလူရာဝင်တဲ့ နိုင်ငံရေးသဘောတရားတွေလုံးဝကင်းစင်နေတတာကပြသနာပါဘဲ။
အရင်က ကချင်တွေ၊ရှမ်းတွေ မွန်တွေ စည်းကမ်းဖေါက်ခဲ့ကြတယ်ဆိုတဲ့အချက်ကို ပြန်ပြီး လက်စားခြေတဲ့ ကိစ္စဟာ အမျှော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဖြစ်ရင် လုံးဝရှောင်ရှားမှာပါ။ ဘ၀တူ တိုင်းရင်းသားအဖွဲ့ အစည်းတွေ တစည်းတလုံးဖြစ်ဖို့ ကိုယ့်ခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ်ကျိုးစားခဲ့ကြတာကို ရန်သူဘက်ကလဲ အကြိမ်ကြိမ် ဖျက်ဆီးနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းရင်းသားအားလုံးရဲ့ အင်အားဟာ တိုင်းရင်းသားအားလုံးစည်းလုံးမှသာ လေးစားလောက်တဲ့အနေအထားရောက်နိုင်မှာမို့ ကေအဲန်ယူခေါင်းဆောင်ကြီးတွေက မဆုတ်မနစ် အကြိမ်ကြိမ်ပြန်ပြီးစည်းလုံးမှုရယူနိုင်ခဲ့ပြန်တယ်။ ခုတော့ ဒီလို အသက်သွေးကြွေးပေးဆပ်ပြီး ရန်သူရဲ့ လှည့်ကွက်ဗြူဟာတွေအေက်ကလွတ်လာတဲ့ ဘ၀တူတိုင်းရင်းသားစည်းလုံးရေးကို လက်ရှိကေအဲန်ယူခေါင်းဆောင်တွေက ရန်သူ့ အစား ဖြိုဖျက်ပေးနေတာဖြစ်တယ်။ ဟိုတုန်းက မင်းတို့ ဖေါက်ခဲ့တယ် ဒီတော့အခုငါဖေါက်တယ် ဆိုတဲ့ အောက်တန်းစားလက်စားခြေရေးအတွေးအခေါ်တွေဟာ ကရင်လူမျိုးကိုရောဘ၀တူတိုင်းရင်းသားအားလုံးကရောလုံးတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကြီး လုံးဝဖြစ်မလာနိုင်အောင် ရိုက်ချိုးပစ်လိုက်တာပါဘဲ။
အမှန်က ခုလို တိုင်းရင်းသားအားလုံးပြန်လည်စုစည်းမိတာကို အမိအရအခွင့်ကောင်းယူပြီး ကျစ်လစ်ခိုင်မာတဲ့ ကောင်စီအဆင့် တိုင်းရင်းသားပေါင်းချုပ်နိုင်ငံရေးတပ်ဦးကို တည်ဆောက်ကြရမှာပါ။ အဲလိုတည်ဆောက်နိုင်ရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်တောင်းဆိုမှု ဟာ ကြီးမားတဲ့နိုင်ငံရေးရေလှိုင်းဖြစ်လာမှာပါ။ ဒါကိုမလိုလားသူက ပြည်ထောင်တုစနစ်ကိုကိုင်ပြီးပြည်ထောင်စုအော်နေတဲ့ အစိုးရဘက်ကသာလျှင်ဖြစ်တာမို့  ကေအဲန်ယူက ဘာလို့ အဲလိုနိုငံရေးဘက်ပြောင်းသွားတာပါလဲ။
နောက်တခုထပ်ဖြည့်ဖို့ လိုတာက ကရင်အချင်းချင်းတိုက်ခိုက်မှုတွေ လက်ရှိဥက္ကဌခေတ်မှာ ရပ်ဆိုင်းသွားတယ်ဆိုတဲ့ တပိုင်းတစ အမြင်ပါ။ အမှန်က ကေအ်ဲနယူလက်ရှိခေါင်းဆောင်တွေ မြန်မာအစိုးရနဲ့ တတွဲတွဲဖြစ်နေကတည်းက အဲဒီဘက်ကို အရင်ရောက်နေနှင့်တဲ့ တခြားအဖွဲ့ အားလုံးနဲ့ ဘက်တဘက်တည်းဖြစ်ကုန်တဲ့ အနေအထားကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်သွားတာပါ။ ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု မူအောက်မှာ ယုံကြည်မှုသို့ မဟုတ် အကျင့်အကြံတွေတူလို့  အပြန်အလှန်မပစ်ခတ်ကြတော့တာမဟုတ်ဘူးဆိုတာကို နောက်တကျော့ ပြန်သုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။ ဘာအကြံပေးချင်လဲလို့တော့နောက်မှဘဲမေးပါတော့ လုပ်ကိုင်စားသောက်ရမဲ့အချိန်မို့ ပါ။---

Sunday, September 14, 2014

KNU & Tourism

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်


nyoohnmyint-305
မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို တွေ့ရစဉ်
Photo: Nyo Ohn Myint (facebook)
ကရင်ပြည်နယ်အတွင်း  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်း လုပ်ကိုင်သွားဖို့ စီစဉ်နေကြပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ် ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည် နယ်မှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်သွား ဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲ မှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။
"အဓိကဦးတည်ချက်ကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ ခွင့်ပြုနိုင်တဲ့ ဟာတွေ နောက်တစ်ခါ အပစ်အခက်ရပ်စဲထားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာ စီးပွားရေးဆောင်ရွက် တဲ့အခါမှာ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို အဓိက မျှဝေတာဖြစ် ပါတယ်ခင်ဗျ၊ ဒီလိုလာပြီးတော့ ဒီစီးပွားရေးကုမ္မဏီတွေကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အတွက် လာပြီးတော့ လုပ်ကြသေးတဲ့အဆင့်အထိ မရောက်ကြသေးပါဘူး၊ ဒီနေရာတွေမှာ ပြည်တွင်း စစ်ရဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းတဲ့ဟာ ဘယ်လောက်ရှိနေလဲ၊ ဘယ်လိုဖြစ်နိုင်တယ် ဆိုတာလည်း နိုင်ငံတကာမှာလာကြတဲ့ ရင်းနှီးမြှပ်နှံမယ့်လူတွေ၊ နောက်တစ်ခါ နိုင်ငံတကာကနေ ကူညီကြတဲ့ NGO အဖွဲ့အစည်းတွေအတွက်လည်း သိသင့်သိထိုက်တဲ့အတွက် မြန်မာငြိမ်းချမ်းရေး စင်တာကတော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို ရှင်းပြပြီးဖြစ်ပါတယ်"
ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးမြို့နဲ့ ဇွဲကပင်တောင်တွေဟာ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှု ရှိတဲ့နေရာတွေဖြစ်ပါတယ်။
ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြည်နယ်အတွင်း ဆွဲဆောင်မှုရှိမယ့် နေရာဒေသတွေ ကို အများသိအောင် ဖေါ်ထုတ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Saturday, September 13, 2014

KNU ဘယ်လဲ

မျက်မှောက်ရေးရာ / ပြည်တွင်းသတင်း သုံးသပ်ချက်

ကေအဲန်ယူ၊ သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား

  • myanmar ethnic armed group meeting for the 4th day at KNU head quarter, laywah, January 23rd, 2014 (Photo by Khin Maung Win AP))
တပ်ပေါင်းစုနဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံး သတင်းဓါတ်ပုံများ
UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ လို့ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ပေါင်းစု ညီလာခံ ကနေ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ထွက်ခွာခဲ့တဲ့ ပြဿနာက စ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြဿနာတိုင်းမှာ ကေအဲန်ယူ အဖွဲ့အစည်းအတွင်း သဘောထား ကွဲပြားမှုတွေ တစ်ခုပြီး တစ်ခု တွေ့မြင်လာကြရပါတယ်။ ဘယ်လို ပြဿနာမျိုးတွေလဲ၊ သဘောထား ကွဲပြားမှုတွေကို ဘယ်လို ထင်ဟပ်နေသလဲ၊ ကေအဲန်ယူ အဖွဲ့အစည်းကြီး ဒီလိုပဲ ဆက်သွားသင့်သလား၊ ဘာတွေ ဆက်လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
          အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း UNFC တပ်ပေါင်းစုထဲမှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အို ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့နဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းရုံးတို့ရဲ့ မူဝါဒ သဘောထား နှစ်ခု ထိပ်တိုက် တိုးကြပါတယ်။ တပ်ပေါင်းစု ဥက္ကဌရာထူးရယူထားတဲ့ ကေအိုင်အို က UNFC ကို ကျစ်ကျစ်လစ်လစ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ အဖွဲ့အစည်းအဖြစ် ပုံဖော်လိုပြီး ကေအဲန်ယူ အဖွဲ့ဘက်ကတော့ တပ်ပေါင်းစုထက် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ဖို့ စဉ်းစားသင့်တယ် ဆိုပြီး ပြုပြင်မှုလုပ်ဖို့

Thursday, September 11, 2014

DVB interview with KNU GS




Monday, September 8, 2014

VOA talk about KNU

မျက်မှောက်ရေးရာ / ဒီမိုကရေစီရေးရာ

UNFC မှ KNU နုတ်ထွက်ရတဲ့ ပြဿနာ

UNFC
UNFC

မီဒီယာ

အသံ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ် တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံ