Blogger Widgets

Sunday, December 22, 2013

The Voice Weekly News

 တ ခု ခု တော့ မှား နေ သ လား လို့ ပါ။ ဘာ လုပ် ကြ မ လဲ ၊ ဘာ ဆက် ဖြစ် ကြ မှာ လဲ ဆို တာ ဆက် ကြည့် ကြ တာ ပေါ့။ 

ဟိုတယ် ဗုံးပေါက်ကွဲမှု အဓိကတရားခံ စောနေတိုး တရားခံပြေး အဖြစ် ကြေညာ

တောင်ငူ၊ ဒီဇင်ဘာ ၂၁

ရန်ကုန်မြို့လယ်ရှိ ဆူးလေ ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်တွင် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၏ အဓိက တရားခံဟုဆိုသူ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စောနေတိုးကို KNU ဗဟိုက တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း အဆိုပါ အစည်းအရုံး ဗုံးပေါက်ကွဲမှု စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ဖဒိုစောရော်ဂျာခင်က

Eleven Myanmar Video

မန်း ငြိမ်း မောင် နဲ့ ဦး အောင် မင်း ဘယ် သူ စ ကား ပ လီ ပ လာ ပြော ပါ သ လဲ



မန်း ငြိမ်း မောင် က ပြော ပါ တယ် ကား ပါ မစ် ကို သ မ တ ကြီး က သူ လက် ထဲ ကို ကိုယ် တိုင် ထည့် ပါ တယ်။ ဦး အောင်း မင်း က အ ခု တ မျိုး ပေါ့။ ဒီ လို စ ကား ပြော တတ် တဲ့ သူ တွေ ကို ဘယ် လို ယုံ ကြည် ပြီး ငြိမ်း ချမ်း ရေး တည် ဆောက် ရ မှာ လဲ။ ဗီ ဒီ ယို က လစ် ပြန် ရှာ တ မ တွေ့ လို ဒီ ဘီ ဗွီ သ တင်း ပဲ ယှဉ် ပြီး တင် လိုက် ပါ တယ်။



ငြိမ်းချမ်းရေး ကားတင်သွင်းခွင့်ပါမစ်ကိစ္စ ကေအန်ယူရှင်းလင်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ မီဒီယာတွေရေးသားသလို ထောင် နဲ့ချီတဲ့ ကားတင်သွင်းခွင့်ပါမစ် မရခဲ့ကြောင်း ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
z2အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကြောင့် အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ ၁၄ ဖွဲ့ကို ခွင့်ပြုပေးခဲ့တဲ့ ကားအရေအတွက်ဟာ အလဲဗင်းမီဒီယာက ရေးသလို ထောင်နဲ့ချီ မရှိပဲ စုစုပေါင်း ၈၇၀ ပဲ ရှိတယ်လို့ ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန် ဘစ္စနက်အလိုင်းယင့် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့အတွက် အခွန် လုံးဝကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကား ၂၉၀ နဲ့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ပြီး သွင်းရမယ့် ကား ၅၈၀ ပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ကေအန်ယူအနေနဲ့ လုံးဝ အခွန်ကင်းလွတ်ခွင့်နဲ့ ကားအစီး ၄၀ နဲ့

Wednesday, December 18, 2013

KIC News

KWEG ၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ

1422946_371618589651124_1729140401_n

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့(KWEG)၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၁၄ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
“ကျမတို့ အဖွဲ့ရဲ့ ဂုဏ်ပြုအခမ်းအနားအနေနဲ့ ဒီဆယ်နှစ်ပြည့်ကို လုပ်တာပါ။ အရင်တုန်းက တခါမှ မလုပ်ပါဘူး။ အခု ဆယ်နှစ်ပြည့်မှ ဂုဏ်ပြုအခမ်းအနားလုပ်တာလည်း ဖြစ်ပါတယ်”ဟု KWEG တာဝန်ခံဖြစ်သူ နော်စူစဲန်နာ လှလှစိုးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်း အောင်မြင့် အပါ အ၀င် လူမှုအဖွဲ့ အစည်း များမှာတာဝန်ရှိသူများ၊ အသင်းဝင်များ စုစုပေါင်း ၂၀၀ ကျော်တက် ရောက်ခဲ့ကြသည် ဟု သိရသည်။
အခမ်းအနားတက်ရောက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး

Sunday, December 15, 2013

အဓိကနဲ့သာမည

ဆီးဂိမ်းအတွက် ကျပ်သန်းပေါင်း တစ်သိန်းကျော် (၁၀၁, ၆၈၆ သန်း) သုံးစွဲထားပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲတင် သန်း ခုနစ်ထောင်ကျော်သုံးပါမယ်။ ပညာရေးဘတ်ဂျတ်က တစ်နှစ်လုံးစာ သန်းထောင့်ငါးရာနီးပါး (၁,၄၈၂ သန်း) ပါ၊ ကျန်းမာရေးက သန်းသုံးထောင်နီးပါး (၂၉,၂၆၇ သန်း) ပါ။

The Voice Weekly News

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော် ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာနယ်စပ်သို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲရန် တောခိုသွားသော ကျောင်းသား များကို ဆေးကုသ ပေးရန်အတွက် တပ်ဒ်ခရိုင် မဲဆောက် မြို့နယ်တွင် မယ်တော် ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်ရောက် ဒုက္ခသည် များနှင့် ရွေ့ပြောင်း အလုပ်သမားများကို ဆေးကုသ ပေးလျက် ရှိသည်။

ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်း ဒုက္ခသည်များ ကျန်းမာရေး ကိစ္စနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရာမွန်မက်ဆေး ဆေးပညာဆုနှင့် သြစတြေးလျနိုင်ငံမှ ချီးမြှင့်သော ဆစ်ဒနီ ငြိမ်းချမ်းရေးဆုတို့ ရရှိထားသည်။
ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော် ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာနယ်စပ်သို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲရန် တောခိုသွားသော ကျောင်းသား များကို ဆေးကုသ ပေးရန်အတွက် တပ်ဒ်ခရိုင် မဲဆောက် မြို့နယ်တွင် မယ်တော် ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်ရောက် ဒုက္ခသည် များနှင့် ရွေ့ပြောင်း အလုပ်သမားများကို ဆေးကုသ ပေးလျက် ရှိသည်။

ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်း ဒုက္ခသည်များ ကျန်းမာရေး ကိစ္စနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရာမွန်မက်ဆေး ဆေးပညာဆုနှင့် သြစတြေးလျနိုင်ငံမှ ချီးမြှင့်သော ဆစ်ဒနီ ငြိမ်းချမ်းရေးဆုတို့ ရရှိထားသည်။

Thursday, December 12, 2013

Sea game ဖွင့်ပွဲ



တ ရုတ် ကျေး ဇူး တစ် ခု တော့ ထပ် တိုး လာ ပြန် ပါ ပေါ့။ ဒီ တ သက် တ ရုတ် ကျေး ဇူး ဆပ် လို့ ကုန် ပါ တော့ ပါ မ လား။ မျက် နှ ပန်း လှ ဖို့ အ တွက် တိုင်း ပြည် ရဲ့ ဘာ တွေ နဲ့ ရင်း လိုက် ပြန် ပြီ လဲ မ သိ ဘူး ။ ဘာ ကအ ဓိ က လဲ ။ ဘာ က သာ မ ည လဲ။

Sunday, December 8, 2013

KIC news

၎နှစ်မြောက် ဒေါက်တာစင်သီယာမောင် မွေးနေ့ပွဲသို့ ၈၈မျိုးဆက်အဖွဲ့ တက်ရောက်

Dr Cynthia Maung Birthday photo-1

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ(ကလေးများဖွံ့ဖြိုးတိုးတက်ရေးဗဟို-CDC)အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပသည့် ဒေါက်တာစင်သီယာမောင်၏ ၅၄နှစ်ပြည့်မွေးနေ့ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့လည်း တက်ရောက်ခဲ့ကြသည်။
မွေးနေ့ပွဲအခမ်းအနားကို ကိုဂျင်မီ ဦးဆောင်ကာ မနီလာသိန်း၊ မမီးမီး (ခ) မသင်းသင်းအေး

RFA video

KIC news

***ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။***
=======================================

ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲဘဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းလည်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ ဒီမူ (၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြ လိုက်ပါတယ်။
(၁) ကရင်တွေ လက်နက်ချစကား မပြောရ။
(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။********
-------- ***** --------

ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့များသို့ ပန်ကြားချက် အမှတ် (၁)ပေးစာ
ဗမာစစ်အုပ်စုနဲ့  ပူးပေါင်းနေတဲ့ ကရင့်လက်နက်ကိုင်တပ်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက် ကြီးစွာနဲ့  ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးစွာလို့  ရေးသားရခြင်းမှာ အောက်ပါ မျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးဘဲ ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ရဲဘော်တို့လည်း သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပဲ ဗမာတွေက ကျနော်တို့ ကရင်လူမျိုးတွေကို ကျွန်ပြုစေလိုသောကြောင့် ကျနော်တို့ ကရင်တွေကို ဗမာတွေက အရင် စပြီးတိုက်ခဲ့ပါတယ်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့ အနေနဲ့  ပိုစတာ (၄)ချက် ကိုင်စွဲပြီး ပြည်လုံးကျွတ် အသံတိတ် ဆန္ဒပြခဲ့တာ။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။

(၁) ကရင်ပြည် ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေး အဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ် အလိုမရှိလို့ ပိုစတာ (၄)ချက်က ဖော်ပြတယ်။

ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက်

Wednesday, December 4, 2013

ကရင်သတင်းဌာန kicnews.org အတိုက်ခိုက်ခံရ

KIC က ရင် သ တင်း ဌာ န ၏ website အား ဟက် ကာ အောင် လတ် နဲ့ အ ဖွဲ့ ၏ တိုက် ခိုက် ခြင်း ကို ခံ ရ ပါ တယ်။ တိုက် ခိုက် ခြင်း  အ ကြောင်း ရင်း က တော့ မူ စ လင် တွေ ကို တ ရား မျှ တ စွာ မ ဆက် ဆံ လို့ ဖြစ် တယ် လို့ ဆို ပါ တယ်။ တ ခြား က ရင် သ တင်း ဌာ န တွေ အ နေ နဲ့ လဲ မိ မိ တို့ ရဲ့ websit လုံ ခြုံ မှု အ ဆင့် မြှင့် ထား ဖို့ လို ပါ လိမ့် မယ်။


Tuesday, December 3, 2013

Moe Zay Nyein Facebook မှ ကူးယူပါသည်။

မြန် မာ ပြည် နှင့် မူး ယစ် ဆေး ၀ါး များ အ ကြောင်း အ ပိုင်း ၁ မှ ၄ အ ထိ
၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ

 ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

(၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများအား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကိုညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့်ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင်လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY ဆေးပြားများကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။

XXXXXXX
(၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်းတစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊

Sunday, December 1, 2013

Dateline Irrawaddy

ပ ညာ ရှင် ဆန် တဲ့ ဆွေး နွေး ပွဲ ပါ။ ကြည့် ရှု ဖို့ တိုက် တွန်း ပါ တယ်။

ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ်

ဒီလှိုင်းဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်။
"မြန်မာ့နိုင်ငံရေးအတွက် အထူးအရေးပါသည့် မိန့်ခွန်း" လို့ ဒီလှိုင်းက ညွှန်းထားပါတယ်။

  • ပထမပိုင်း

ကျမတို သြစတြေးလျမှာရောက်တဲ့ အချိန်မှာဆိုရင် ရောက်နေတဲ့မြန်မာပြည်သူပြည်သားများဟာ တက်တက်ကြွကြွနဲ့ လာရောက်ကြိုဆိုတယ်ဆိုရင် ကျမ အမြဲပဲဝမ်းသာပါတယ်။ အထူးသဖြင့် ကျမတို့ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက ကြိုဆိုတယ်ဆိုတာ ကျမ အထူးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုဆိုတာ ထပ်တလဲလဲပြောနေရတဲ့ကိစ္စပါ။ ပြည်ထောင်စုထဲမှာ အားလုံး အဆင်ပြေဖို့ဆိုတာ အားလုံးကနေ အပေးအယူလုပ်ချင်တဲ့စိတ်ရှိဖို့ လိုပါတယ်။ ကျမတို့ ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ် ဆိုတာ ဒါဟာသဘာဝကျပါတယ်။ ဒါပေမယ့် လူနည်းစုများဖြစ်တဲ့ ကျမတို့ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကလည်း သဘောထားကြီးကြီးနဲ့ ပြန်လည်ပြီးတော့ ညီညွတ်ရေးအတွက် ခွင့်လွှတ်သည်းခံတဲ့စိတ်

NLD Facebook

ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင်မဟုတ်၊ စံပြမဟုတ်ဟုဆို

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအတိုက်မခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင် မဟုတ်သလို၊ စံပြသင်္ကေတ လည်း မဟုတ်ကြောင်း ကာကွယ်ပြောဆိုကာ သူမသည် ဘွဲ့တံဆိပ်များကို မမက်မောကြောင်း ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦးဟု သူ့ကိုယ်သူ ရှုမြင်ကြောင်း ပြောကြားလိုက်ပါသည်။

ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာမဲ့သော တပ်မတော် အာဏာရှင်လက်ထပ်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခြင်းကို ခံနေရသော်လည်း သူမက သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆစ်ဒနီရောက် မြန်မာဒီမိုကရေစီခေါင်းဆောင်က သူမ၏ ပရိတ်သတ်များကို စကားပြောရာတွင် “ကျွန်မ ကိုယ် ကျွန်မ စံပြပုဂ္ဂိုလ်လို့မယူဆပဲ နိုင်ငံရေးသမား တစ်ယောက်ကိုပဲ သတ်မှတ်ထားပါတယ်။ Icon ဆိုတဲ့ စကားလုံး ကို ကျွန်မအမြဲတမ်း ကန့်ကွက်ခဲ့ပါတယ်။ ဒီ စကားလုံးက အရမ်းကို ဟောင်းလွန်းပါတယ်။ ဒါ့အပြင် သေချာအောင် ပြောချင်တာက ကျွန်မ အရမ်းဒုက္ခတွေ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပါပဲ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားဖြစ်ဖို့ လိုတယ်လို့ ကျွန်မယုံကြည်ထားပါတယ်” ဟု ရှင်းလင်း ပြောဆို သည်။

အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲပြီးကာစ အရှုတ်အထွေးကာလတွင် လွတ်မြောက်လာသော အောက်စဖို့ ကျောင်းဆင်းနိုင်ငံရေးခေါင်းဆောင်က သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက် မြန်မာနိုင်ငံအတွက် သူမ မျှော်လင့်သော မျှော်လင့်သော အိမ်မက်မှာ စည်းလုံးညီညွတ်မှု ဖြစ်သည်ဟု ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ က ကင်ဘာရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ယခင် ၁၉၉၅ ခုနှစ်က သူတို့ တွေ့ဆုံခဲ့ကြသော ဓါတ်ပုံကို လက်ဆောင်ပေးခဲ့သည်။ ဝန်ကြီးချုပ် တိုနီအက်ဘော့ ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် မနေ့က တွေ့ဆုံခဲ့သည်။

Yangon chronicleဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင်မဟုတ်၊ စံပြမဟုတ်ဟုဆို

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအတိုက်မခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင် မဟုတ်သလို၊ စံပြသင်္ကေတ လည်း မဟုတ်ကြောင်း ကာကွယ်ပြောဆိုကာ သူမသည် ဘွဲ့တံဆိပ်များကို မမက်မောကြောင်း ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦးဟု သူ့ကိုယ်သူ ရှုမြင်ကြောင်း ပြောကြားလိုက်ပါသည်။

ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာမဲ့သော တပ်မတော်

Zerodiscrimination