Blogger Widgets

Thursday, October 30, 2014

VOA News

UNFC က ခွဲထွက်ရေး KNU ပြန်လည်ဆွေးနွေးမည်

(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အရေးပေါ်အစည်းအဝေးကို တပတ်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် အမြင်ကွဲလွဲမှုတွေရှိနေတဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းရေးနဲ့ UNFC ကနေ ခွဲထွက်ရေးကိစ္စတွေဟာ အချေအတင် ဆွေးနွေးခဲ့ရပြီး ညီညွတ်ရေးအရ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေထိ မရောက်ခဲ့ဘဲ အားလုံးလက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ကွန်ဂယက်အပြီးမှာ ၃ ကြိမ်မြောက်ဖြစ်တဲ့ အရေးပေါ်အစည်းအဝေးကို ဘားအံခရိုင် လေးဝါး ဆိုတဲ့ KNU ဌာနချုပ်မှာ ဗဟိုကော်မတီ ၄၇ ဦးနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာတော့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းခြင်းကို မူအရ

7day daily

ကရင်ဒုက္ခသည်များ ပြန်လည်ထူထောင်ရန် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် (KNU / KNLA) လျာထားကြောင်း
ကရင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် လျာထားကြောင်း KNU/KNLA တပ်မဟာ (၇)စီးပွားရေးရုံးမှ သတင်းရရှိသည်။
‘‘ပြန်လည်ထူထောင်ရေးအ တွက် သိန်းပေါင်းငါးသောင်းကျပ် လောက်ကုန်ကျပြီးသွားပြီ။ ၂၀၁၅အတွက် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်လောက် အသုံး ပြုဖို့ လျာထားပါတယ်’’ဟု KNU/KNLA တပ်မဟာ (၇)မှ စီးပွားရေးတာဝန်ခံ ကိုစောမိုးဇက်က ပြော သည်။ ၂၀၁၅ နှစ်အတွက် ကျပ် သိန်းပေါင်း သုံးသောင်းဝန်းကျင် အသုံးပြုပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ကရင်ပြည် နယ် လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ဘားအံ့ မြို့နယ်များတွင် အိမ်ရာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆေးရုံ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊ စီမံကိန်းတွင် အသုံးပြုမည့် ငွေကြေးကို နိပွန် ဖောင်ဒေးရှင်းထံတင်ပြထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ၂၀၁၅ ဇန်န၀ါရီတွင် စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း ကိုစောမိုးဇက်က ပြောသည်။
ကရင်ပြည်နယ် ကေအင်န်ယူထိန်းချုပ်နယ်မြေတွင် ဒုက္ခ သည်များပြန်လည်နေရာ ချထားရေးအတွက် မော်ဖိုးကေတွင် အိမ်အလုံး ၅၀၊ မဲ့သရိတွင် အိမ်အလုံး ၅၀ စီ တည်ဆောက်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ် အလုံးတစ်ရာကို အစိုးရ မ,တည်ထောက်ပံ့သည့် ငွေကြေးဖြင့် ယခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး ဇူလိုင်တွင် ပြီးစီး ခဲ့သည်။
နောက်ထပ်

Tuesday, October 28, 2014

KIC News

UNFC တပ်ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်ဆောင်ရန် KNU-EC အား တာဝန်ပေး

KNU ခေါင်းဆောင်များကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်စဉ်က

KNU ခေါင်းဆောင်များကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်စဉ်က

အောက်တိုဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာလ ၂၃ရက် နေ့က စတင် ကျင်းပပြုလုပ်ခဲ့ရာ တပ်ပေါင်းစုကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ UNFC နှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားရန် ယနေ့ ဆွေးနွေးဆုံးဖြတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
“ဒီနေ့မှာတော့ UNFC ကိစ္စ ဆွေးနွေးတဲ့ အစီအစဉ်က ပြီးသွားပြီ။ တပ်ပေါင်းစုအနေနဲ့ ပါဝင်သွားမယ် မသွားဘူးဆိုတာက လော လောဆယ် ယာယီရပ်ဆိုင်းသဘောမျိုးပဲ ရှိနေသေးပြီး UNFC ခေါင်းဆောင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားဖို့ကို အမြဲတမ်း ကော်မတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ဦးကို တာဝန်ပေးလိုက်တယ်”ဟု KNLA တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိ တဦး၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအစည်းအဝေးမှာ ယနေ့အချိန်ထိ မပြီးစီးသေးသော်လည်း ဆွေးနွေးပြီးခဲ့သည့်အထဲတွင် ညီညွှတ်သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ (UNFC)နှင့် ပတ်သက်၍ ယခုကဲ့သို့ တာဝန်ပေးအပ်မှုများကို အလုပ်အမှုဆောင်များအနေဖြင့် အချိန် ကာလ မည်မျှကြာ သတ်မှတ်သွားမည်ကိုလည်း တပ်အပ် မပြောဆိုနိုင်သေးကြောင်း ကေအဲန်ယူ အသိုင်းအ၀ိုင်းက ပြောသည်။
အစည်းအဝေးတွင် ပြီးခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှ ဆုံးဖြတ်ချမှတ်ထားသော လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြန်လည် သုံးသပ်ကာ ဆွေးနွေးခဲ့ကြရာ ကိုက်ညီမှုရှိကြောင်း တက် ရောက်လာသည့် ဗဟိုအမြဲတမ်းကော်မတီဝင်များက သဘောတူခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် အောက်တိုဘာလ ၁၃ရက်နေ့က ဖွဲ့စည်းကာထုတ်ပြန်လိုက်သည့် ကော်သူးလေတပ်မတော် (KAF)ကိစ္စ ဆွေးနွေးရာ တွင် တက်ရောက်လာသူ ဗဟိုအမြဲတမ်းကော်မတီဝင် ခရိုင်၊ တပ်မဟာအသီးသီးမှ ခေါင်းဆောင်များက KAF မှာ ယခင်က ဖွဲ့ စည်းထားခဲ့ဖူးသည်ဖြစ်၍ ၎င်းကို မူအားဖြင့် သဘောတူခဲ့ကြသော်လည်း ဖွဲ့စည်းရေး အတည်ပြုရန်မှာ လာမည့် ၁၆ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကျင်းပသည့်အခါမှသာ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။
ကော်သူးလေတပ်မတော် ဖွဲ့စည်းရာတွင် KNLA, KNDO, KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့်အတူ ပါဝင်လက်မှတ်ထိုးထား သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)က ကော်သူးလေ တပ်မတော်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ် ခုကို ၎င်းတို့ဌာနချုပ်ရှိရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်ကျေးရွာ)၌ အောက်တိုဘာ ၂၉ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။
ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုလှုပ်ရှားကွန်ယက်အဖွဲ့(KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွားက “အားလုံး စိုးရိမ်နေ ကြတာက ကေအဲန်ယူထဲ အကွဲအပြဲ ဖြစ်သွားမှာကိုပါပဲ။ ကေအဲန်ယူဟာ ကိုယ့်အဖွဲ့အစည်းထဲမှာဖြစ်စေ၊ ကရင်လက်နက်ကိုင် တွေ အချင်းချင်းဖြစ်စေ၊ အခြားအဖွဲ့တွေနဲ့ဖြစ်စေ၊ စည်းလုံးညီညွှတ်မှုရှိစေချင်တယ်။ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို ဆောင်ရွက်ရာမှာ အခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုက အရေးကြီးသလို ဒီအပေါ်မှာ လူထုတွေကလည်း တိကျပြတ်သားတဲ့ ဆုံး ဖြတ်ချက်ရလဒ်ကို မြင်ချင်ကြပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC) ၏ ပထမအကြိမ် ညီလာခံမှ ကေအဲန်ယူ ကိုယ်စားလှယ်များ ထွက်ခွါလာခဲ့ပြီးနောက်ပိုင်း UNFC အဖွဲ့ဝင် အဖြစ် ဆက်လက်ပါဝင်မည်၊ မပါဝင်မည်ကို ဆုံးဖြတ်နိုင်ရေးအတွက် ကေအဲန်ယူက ၎င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီ အရေး ပေါ် အစည်းအဝေးကို ယခုလို ခေါ်ယူကျင်းပခဲ့ရပြီး ဗဟိုကော်မတီဝင် ၄၉ဦးအနက် ၄၇ဦး တက်ရောက်ခဲ့ကြသည်။

Monday, October 27, 2014

KIC News


KWEG ဒါရိုက်တာ နော်စူစဲန်နာလှလှစိုး ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်မည်

DSC09527

အောက်တိုဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG) ဒါရိုက်တာ နော်စူစဲန်နာလှလှစိုးက လာမည့် ဒီဇင်ဘာ ၂၇ရက်နေ့၌ ပြုလုပ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို လူမှုရေးအဖွဲ့ ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။
“ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအရေးကို တွန်းအားပေးတဲ့ အင်အားစုအနနဲ့ အရင်က မြို့တော်စည်ပင်သာယာရေးကော်မတီ သည် စစ်တပ်ထွက်တွေ၊ အာဏာရှင်တွေက ကိုင်ထားတဲ့အဖွဲ့ဖြစ်တယ်။ အခု ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရတော့ မယ်။ ကျမကလည်း အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြည်သူတွေ နေ့တဓူဝ ခံစားရတဲ့ ပြဿနာတွေကို သိတယ်။ ကျမကိုယ်တိုင်လည်း ခံစားရတယ်။ အဲ့ဒါတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ဝင်ပြိုင်ရခြင်းဖြစ်တယ်”ဟု နော်စူစဲန်နာလှလှစိုးက ပြော သည်။
သူမအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ရွေးခံရပါက မြို့တော်အတွင်း နေထိုင်သူများ နေ့စဉ် ကြုံ တွေ့ခံစားနေရသည့်

မိုး မ ခ က ဗျာ

ခိုင်မာကျော်ဇော – ရူးမနေကြနဲ့ 

October 27, 2014 ခိုင်မာကျော်ဇော – ရူးမနေကြနဲ့  (သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၇၊ ၂၀၁၄


အိပ်ချင်ယောင်ဆောင်သူတွေကိုလက်တို့ ပြီး နှိုးနေကြတယ်
ရူးပါ့၊
မာယာများတဲ့ မြစ်ကိုလက်ပစ်ကူးနေကြတယ်
ရူးပါ့၊
သော့ခတ်ထားတဲ့ တံခါးကိုအဆက်မပြတ် ခေါက်နေကြတယ်
ရူးပါ့၊
ဆီသည်မ လက်သုတ်ကိုခ၀ါသည်လုပ် ဖွတ်နေကြတယ်
ရူးပါ့၊
ရူးမနေကြနဲ့ ဟေ့ကျားဆိုးနဲ့ ကျားထိုးရင် အရိုးတခြား အသားတခြားဖြစ်သွားမယ်။

Sunday, October 26, 2014

ကရင်အမျိုးသား- မီဒီယာ " ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းသည့်ကိစ္စကို KNU က မူအားဖြင့်သဘောတူ " အောက်တိုဘာ - ၂၅ - ၂၀၁၄ သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ) ယနေ့ဆက်လက်ပြု လုပ်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးက ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ်သက်၍ မူအားဖြင့်သဘောတူကြောင်း ယနေ့တွင်ဆုံးဖြတ်ခဲ့ကြသည်ဟု သိရှိရသည်။ ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာနှင့်ပတ်သက်၍ လာမည့်(၁၆)ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဆွေးနွေးအတည်ပြု ဆုံးဖြတ်သွားမည်ဟုလည်းသိရသည်။ ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းကြောင်း ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၄ ခု၏ ခေါင်းဆောင်များက ယခုလ ၁၃ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ သတ်မှတ်ရက်ထက် ကျော်လွန်သွားသည့် KNU အရေးပေါ်အစည်းအဝေးကို မနက်ဖြန်တွင် တရက်နားမည်ဖြစ်ပြီး လာမည့်တနင်္လာနေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ မူလကသတ်မှတ်ထားသည့် KNU အရေးပေါ်အစည်းအဝေးမှာ ယခုလ ၂၃ - ၂၄ - ၂၅ နေ့ရက်များတွင်ဖြစ်သည်။ အဆိုပါအစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ နေ့ကစတင်ကျင်းပနေခြင်းဖြစ်ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ ဦးရှိသည့်အနက် အားလုံးနီးပါး

From Nined Blood

Nined Blood Yesterday at 11:59am · မဟာဗျူဟာအရ ကျရှုံးခြင်း (Strategic Failure) ................................................................................... အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပြောင်ပြောင်တင်းတင်း သတ်ပြခြင်းမှာ လက်ရှိ ၂၀၀၈ - ခု ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ထဲက ပါးမွှားလေးပုဒ်မတစ်ခုမျှသာ ဖြစ်တယ်။ ကိုပါကြီး ဆုံးသွားရရှာတယ်ဆိုတဲ့ အချက်တစ်ခုကိုပဲ မကြည့်ပါနဲ့။ ဒီသတ်ဖြတ်မှုနောက်မှာ ရှိနေတဲ့ စစ်တပ်ရဲ့ မဟာဗျူဟာကျကျ အနိုင်ကျင့်နေမှုများကို မြင်အောင် ကြည့်ကြပါ။ မြန်မာစစ်တပ်ဟာ သတင်းထောက်ကို သတ်တဲ့နေရာမှာ အီရတ်နဲ့ ဆီးရီးယားရှိ ISIS တို့ထက် အဆပေါင်းများစွာ ရက်စက်ယုတ်မာကြောင်း သက်သေပြခဲ့ပါပြီ။ ISIS အဖွဲ့တစ်ခု ပေါ်ပေါက်လာခြင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာအမှားတစ်ခု ဖြစ်သလို မြန်မာနိုင်ငံမှာ တိုင်းပြည် နွံနစ်နေရခြင်းမှာလည်း စစ်တပ်ရဲ့ မဟာဗျူဟာအမှားလို့ ပြောနိုင်ပါတယ်။ စစ်တပ်က ၁၉၆၂ - ခုနှစ်ကတည်းက တစ်ပါတီစစ်အာဏာရှင်စနစ်၊ မာရှယ်လောဥပဒေ၊ အခု စစ်ကျွန်ဥပဒေနဲ့ တိုင်းပြည်ကို သံလက်သီး၊ သေနတ်ပြောင်းဝနဲ့ အုပ်ချုပ်ခဲ့ကြတယ်။ အဲဒီမဟာဗျူဟာအမှားကို သူတို့မပြင်ချင်ကြဘူး။ တပ်မတော်ဂုဏ်သိက္ခာအရ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီ်းတွေ စည်းစိမ်မြဲလို့ ဘေးကင်းရန်ရှင်းကြောင်းအတွက် ကျရှုံးနေတဲ့ စစ်တပ်မဟာဗျူဟာကို ဖာထေးဖို့ လက်ရှိသိန်းစိန်အစိုးရနဲ့ ရွှေမန်းလွှတ်တော်ကို ဖန်တီးလိုက်ခြင်းဖြစ်တယ်။ ဒီအဖွဲ့သုံးဖွဲ့ဟာ တာဝန်ကျေကျေနဲ့ ကျရာအခန်းကဏ္ဍကနေ ထမ်းဆောင်နေကြတယ်။ ပြောလိုတာကတော့ စစ်အာဏာရှင်တို့ဟာ ညီညီညွတ်ညွတ်နဲ့ အာဏာကို ထိန်းထားနိုင်ဆဲ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ လွှတ်တော်က မဟာဗြဟ္မာလို စစ်ကျွန်ဥပဒေတွေကို ပြုပေးမယ်၊ အစိုးရက ဗိဿနိုးလို စစ်ကျွန်ဥပဒေ တည်တံ့အောင် အုပ်ချုပ်မယ်၊ စစ်တပ်က သီဝလို သူတို့စနစ်နဲ့ အံမဝင်တဲ့ အဖွဲ့အစည်းတွေကို ချေမှုန်းပစ်မယ်။ ဒါကြောင့်လည်း အပစ်ရပ်ဆွေးနွေးနေတုန်း စစ်တပ်က သွားတိုက်တယ်။ အစိုးရက စစ်တပ်ကို မဝေဖန်ဘူး။ လွှတ်တော်ကလည်း မဝေဖန်ဘူး။ ဘယ်သူကမှလည်း စစ်တပ်ကို သပိတ်မှောက်ပြီး ထွက်မလာကြဘူး။ ဘယ်သူမှလည်း MPC ကနေပဲဖြစ်ဖြစ်၊ UPWC ကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ခွေးတစ်ကောင်ကြောင်တစ်စိမှလည်း USDP အစိုးရကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ဝန်ကြီးဦးအောင်မင်းတို့က ပျားရည်နဲ့ ဝမ်းချလိုက်ရုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တို့က ဝမ်းရှင်းသွားကြတယ်။ ဒါတောင် စစ်တပ်က ကချင်၊ ပလောင်၊ ရှမ်းမြောက်ကို တိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ပွင့်ပွင့်လင်းလင်း လက်ရှိနည်းဗျူဟာရွှေ့လျားမှုကြောင့် သေနေတဲ့ စစ်တပ်မဟာဗျူဟာဟာ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ တပ်မတော်က မူ(၆)ချက်ကို ချမှတ်တယ်။ ဒါဟာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးအကြောင်း မပြောခင်ကတည်းက ကာချုပ်အဆက်ဆက်က ဖြတ်လေးဖြတ်၊ လိုက်နာရန် (၁၀)ချက်၊ သဘောတူညီချက် (၁၄)ချက်ဆိုပြီး တိုင်းရင်းသားတို့အပေါ် လူးပါးဝခဲ့ပြီသားပါ။ အဲ့ဒါကို မမြင်ဘဲ ဒီအချိန်မှာ စစ်ရေးအရ ဦးစားမပေးသင့်ဘူး၊ နိုင်ငံရေးအရပဲ ဦးစားပေးသင့်တယ်လာပြောရင် ရန်သူရဲ့ သဘောသဘာဝကို လျှော့တွက်မိတာ ထင်ရှားနေတယ်။ UNFC မှာ စစ်ရေးတည်ဆောက်မှု လိုတယ်။ ဒီစစ်ရေးတည်ဆောက်မှုဟာ မြန်မာ့တပ်မတော်ကို လောလောဆယ် ဝင်တိုက်ဖို့ မဟုတ်ဘူး။ လောလောဆယ် တိုက်နေတဲ့ မြန်မာ့တပ်မတော်ကို အပြစ်မမြင်ဘဲ UNFC မှာ လိုနေတဲ့ စစ်ရေးတည်ဆောက်မှုကို အဟန့်အတား ပြုခဲ့ရင် ရန်သူအားပေးမဟုတ်ပေမဲ့ ရန်သူအတွက် အကျိုးရှိစေတယ်။ ပြည်ထောင်စုတပ်မတော်ကို ဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လျှော့တိလျှော့ရဲနဲ့ ရန်သူကို ရင်ဆိုင်ဖို့ စိတ်ဝင်စားသူတွေ၊ တပ်တွင်းဒီမိုကရေစီကို ထောက်ခံပေမဲ့ စစ်ရေးမှာ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးချင်သူတွေဟာ မဟာဗျူဟာအရပဲကြည့်ကြည့်၊ အယူအဆရေးရာအရပဲကြည့်ကြည့် ပဋိပက္ခအသွင်ဆောင်တဲ့ အတွေးအခေါ်သာ ဖြစ်တယ်။ ဟုတ်တယ်။ KNU ဥက္ကဋ္ဌ မူတူစေဖိုး မမှားဘူး၊ သူ့အကြံပေး စောထူးထူးလေးလည်း မမှားဘူး။ သူတို့ကို ထောက်ခံတဲ့ ဒေါက်တာဆလိုင်းလျှံမှုန်ဆားခေါင်းလည်း မမှားဘူး။ UNFC ဟာ အရင်တုန်းက NDF လိုပဲ အလုပ်ဖြစ်မယ်မထင်တဲ့ ရှမ်းတောင်ခေါင်းဆောင်ယွက်ဆစ်လည်း မမှားဘူး။ စစ်အစိုးရကို ပျော့ပျောင်းအောင် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် မမှားဘူး။ ပုဂ္ဂိုလ်ရေးအရ မိမိတို့ လေးစားနိုင်တဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ မိမိတို့အဖွဲ့အသီးသီးမှာ မဟာဗျူဟာမြောက် နည်းပရိယာယ်အရ လှုပ်ရှားချင်ကြတာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ကို စစ်အာဏာရှင်စနစ်လို့ မမြင်တော့တာ၊ စစ်တပ်က ဘာပဲလုပ်လုပ် မဝေဖန်ဝံ့တာ၊ စစ်တပ်က နည်းနည်းလေး ဖိအားပေးလိုက်တာနဲ့ မိမိဘက်က အကွဲအပြဲတွေ ဖြစ်တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ နည်းဗျူဟာအားနည်းချက် ဖြစ်တယ်။ နည်းဗျူဟာမှာ အားနည်းနေခဲ့ရင် အောင်မြင်တဲ့ မဟာဗျူဟာတစ်ခု ဖြစ်ဖို့ မလွယ်ဘူး။ မြန်မာ့တပ်မတော်ကို ရန်သူလို့ မသတ်မှတ်ချင်ရင် ရတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်ကို ရင်ဆိုင်တဲ့နေရာမှာ အဖွဲ့ချင်းအလိုက်၊ တပ်ပေါင်းစုအလိုက်၊ ညွန့်ပေါင်းအလိုက် မဟာဗျူဟာ ချမှတ်ရမှာ ဖြစ်တယ်။ ဘယ်အဆင့်မှာမဆို မိမိတို့ရဲ့ မဟာဗျူဟာကို မိမိတို့နဲ့ ပတ်သက်သူများက ကောင်းကောင်းနားလည်ထားဖို့ လိုတယ်။ ဒါကို နားမလည်ရင် အခု NLD လို ကွဲပြားတဲ့ အမြင်တွေ ထွက်လာမှာပဲ ဖြစ်တယ်။ UNFC မှာလို ကွဲတော့မလို လွဲတော့မလို ဖြစ်နေမှာပဲ။ ကွဲလွယ်ရှလွယ် ဖြစ်နေမှာပဲ။ ကိုယ့်ပါတီက ဘာလုပ်နေလဲ မသိလို့၊ ကိုယ့်အဖွဲ့ ဘာလုပ်နေလဲ မသိလို့ ပူးပေါင်းဆောင်ရွက်မှု လျှော့ရဲနေရတဲ့အထဲ ဝုန်းကနဲ ထပေါက်ကွဲတဲ့ အဖွဲ့ဝင်တွေ ရှိလာတဲ့အခါ ကွဲကြတော့တာပဲ။ ဥပမာ - KNU က UNFC ကနေ ထွက်မယ်လို့ Sign ပေးခဲ့သလား၊ မပေးဘဲ ထွက်ခဲ့ရင် အငိုက်ဖမ်းတယ်လို့ ခေါ်တယ်၊ ထွက်မယ်လို့ အရိပ်အယောင်ပြခဲ့ရက်သားနဲ့ အခြားအဖွဲ့ဝင်တွေက မရိပ်မိခဲ့ရင် ဒါဟာ မိမိအဖွဲ့ရဲ့ The nature's domain ကို မဖိတ်မိခြင်း ဖြစ်တယ်။ ဒါဟာ မဟာဗျူဟာကျရှုံးမှု ဖြစ်တယ်။ ရန်သူကို ဘယ်တော့မှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ လိုရင်းကို ပြောရရင် - ၁။ Quasi Federal System ကို လက်မခံလို့ Unitary system အောက်မှာ ပြားပြားဝပ်နေတဲ့ လက်ရှိတိုင်းရင်းသားများဟာ Genuine Federal System ကို ရဖို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဟာ တိုင်းရင်းသားတို့ရဲ့ မဟာဗျူဟာတစ်ခု ဖြစ်တယ်။ ဒီမဟာဗျူဟာအောင်မြင်ရေးအတွက် well-equiped ဖြစ်ရမယ်၊ Political & Military Allies တွေ ရှိရမယ်။ ၂။ NCCT ဆိုတာ UNFC နဲ့ Non-UNFC တို့ရဲ့ မဟာဗျူဟာထဲမှာ နည်းဗျူဟာအထောက်အကူတစ်ခု (Tactical Strategy) တစ်ခုမျှသာ ဖြစ်တယ်။ မဟာဗျူဟာတစ်ခုလုံးရဲ့ Everthing မဟုတ်ဘူး။ အဲ့ဒီမဟာဗျူဟာရဲ့ Something မျှသာ ဖြစ်တယ်။ ဒါကို ရှင်းအောင် သိထားရမှာ ဖြစ်တယ်။ တိုင်းရင်းသားတို့မှာ မဟာဗျူဟာကောင်းကောင်း ရှိနေခဲ့ရင်၊ အဲဒီမဟာဗျူဟာကို အဖွဲ့ဝင်တိုင်းက နားလည်သဘောပေါက်ပြီး နာခံခဲ့ရင် UNFC နဲ့ Non-UNFC ဆိုပြီး ကွဲနေမှာမဟုတ်ဘူး။ FUA ဖွဲ့စည်းရေးကြောင့် အပစ်ရပ်ရေး အခက်မကြုံအောင် MPC က မိမိတို့ကို ရှင်းပြသလို မိမိတို့ကလည်း MPC ကို ရှင်းပြလိုက်ရုံပဲ ဖြစ်တယ်။ NCCT အနေနဲ့ ဒီတာဝန် ယူသင့်တယ်။ အခု အဲ့လို မဟုတ်ဘဲ NCCT တစ်ခုထဲနဲ့ အာဏာလုကြ၊ အမြင်တွေကွဲကြ၊ အချင်းချင်းအထင်တွေ လွဲကြဆိုရင် ပရိုဂျက်နိုင်ငံရေးအဆင့်မျှသာ ဖြစ်တယ်။ မဟာဗျူဟာမြောက်နိုင်ငံရေးအခင်းအကျင်း မဟုတ်ဘူး။ မြန်မာ့တပ်မတော်က သူတို့ရဲ့ မဟာဗျူဟာအမှားကို ဖာထေးပြီး ရှေ့ဆက်သွားနေဖို့ ကြိုးစားနေတယ်။ မိမိတို့က ရန်သူကို အထင်ကြီးလွန်းပြီး ကိုယ့်ကိုယ်ကို အထင်သေးလွန်းနေခဲ့ရင် အလုပ်မဖြစ်ဘူး။ ရန်သူခင်းကျင်းတဲ့ နည်းပရိယာယ်ထဲမှာ မျောပါသွားခဲ့ရင်လည်း ရန်သူရဲ့ မဟာဗျူဟာပဲ အောင်မြင်သွားဖွယ်ရှိတယ်။ ကိုယ့်မဟာဗျူဟာ အောင်မြင်ဖို့ မရှိဘူး။ အဲ့ဒီမဟာဗျူဟာနှစ်ခု တူခဲ့ရင် ပြည်တွင်းစစ် ဖြစ်စရာအကြောင်း မရှိဘူး။ ဒါကြောင့် win-win ပေါ်လစီ ရဖို့ အင်အားချိန်ခွင်လျှာညှိဖို့ လိုကိုလိုနေမှာ ဖြစ်တယ်။ မဟာဗျူဟာတွေ ရှိတယ်၊ အဲ့မဟာဗျူဟာအတွက် လိုအပ်တဲ့ equipments တွေကို မတည်ဆောက်ဘူး၊ တည်ဆောက်ရေးလုပ်လို့ အဖွဲ့ကနေ ထွက်ချင်တယ်ဆိုရင် ထွက်ကြဖို့ပဲ ရှိတယ်။ ရန်သူအကြိုက် လိုက်လုပ်နေခဲ့ရင် မဟာဗျူဟာမရှိတာနဲ့ အတူတူပဲ ဖြစ်တယ်။ နဂိုကတည်းက မရှိခဲ့တော့ ကျရှုံးမှုလည်း ရှိစရာမလိုဘူးလေ။ ပြီးမှ ပြည်တွင်းစစ်အနာကြောင့် ခေါင်းကိုက်ပါသလေ ဘာသလေ မပြောဖို့ပဲ လိုတယ်။ မလွတ်လပ်သေးရင် နယ်စပ်ရောက်မှ ဒုက္ခသည်တွေလို့ ခေါ်ရမှာမဟုတ်ဘူး။ ဟိုချင်းတောင်တန်းမှာ နေတဲ့ ခြေသလုံးအိမ်တိုင်တွေလည်း မြန်မာ့တပ်နှိပ်စက်ခံနေရတာမို့ ဒုက္ခသည်ပဲ ဖြစ်တယ်။ အညာမှာ ရှိနေတဲ့ ဗမာတွေလည်း ဒုက္ခသည်တွေပဲ ဖြစ်တယ်။ အလကားသက်သက် အသတ်ခံရတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးရဲ့ မိသားစုဝင်တွေလည်း ဒုက္ခသည်တွေပဲ။ ဒီစစ်တပ်ကို ပေါ့ပေါ့တွက်မိရင် ခင်ဗျားတို့အကြီးအကျယ် ခံစားသွားနေကြရဦးမယ်။ မဟာဗျူဟာကျကျ ခုခံရုံနဲ့ မရဘူး၊ မဟာဗျူဟာကျကျ တော်လှန်နိုင်မှ ဖြစ်မယ်ဆိုတာ မကြာခင် တွေ့လာရမှာ ဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

Friday, October 24, 2014

ေ​နာ်​ဆဲ​အယ်ဝါး​ကို နှိပ်စက်တဲ့​လင်မ​ယား ၈​လြ​ကာ​တဲ့​အထိ မ​မိ​ေ​သး​ဘူး​လား

ရွိ​တဲ့​သူ​နဲ​႔ ရ​သေ​လာ​က် လက်မှတ်ထိုး​ရ​င်ြ​ငိ​မ်းချ​မ်းေ​ရး​ရရော​လား

KIC News

ကော်သူးလေတပ်မတော် ဖွဲ့စည်းသည့်အပေါ် PSDP နှင့် KDP ကြိုဆို

Untitled-1

အောက်တိုဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း

ကရင်လက်နက်ကိုင်တပ်ဖွဲ့များစုစည်းပြီး ကော်သူးလေတပ်မတော်(KAF) ပြန်လည်ဖွဲ့စည်းသည့်အပေါ် ကရင်ပြည်နယ်အတွင်းရှိ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့က ထောက်ခံကြိုဆိုကြောင်း ပါတီခေါင်းဆောင် များက ပြောဆိုသည်။
KDP ဥက္ကဌ စောရဲဝင်းနိုင်က “ကရင်လက်နက်ကိုင်များ တစ်ခုတည်းသော တပ်မတော် ဖွဲ့စည်းနိုင်တာ ကျနော်တို့က ထောက်ခံ တယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကလည်း အားပေးထောက်ခံတာလည်း တွေ့ရတယ်။ အခုလို ပြန်လည်ပေါင်းစည်းတာ

From MoMaKa

င်မာကျော်ဇော – မိုင်တိုင် ၆၅

October 24, 2014
 
ခိုင်မာကျော်ဇော – မိုင်တိုင် ၆၅
(သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၄၊ ၂၀၁၄ လေးဆယ့်ကိုးထဲက 
တာထွက်ခဲ့တဲ့ ရထားကြီး
အမျိုးသားရေး 
တန်းတူရေး
ဖက်ဒရယ်အရေးတွေကို သယ်ဆောင်
ဂုဏ်ရောင်ပြောင်စွာ
မိုင်တိုင်များစွာ ဖြတ်ခဲ့တယ်။
စောဘဦးကြီး
မန်းဘဇန်
စောဘိုမြ
စောဘသင်
စောတာမလာဘော
မမောမပမ်း

Thursday, October 23, 2014

BBC News

ကေအန်ယူ ဗဟို ကော်မတီ အစည်း အဝေးစတင်

23 October 2014

ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး ဗဟိုကော်မတီ အစည်း အဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့က လော်ခီးလာမှာ စတင် ကျင်းပခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ အထိ ပြုလုပ်မယ့် သုံးရက်ကြာ ဆွေးနွေးပွဲ ပထမနေ့မှာ လက်ရှိ နိုင်ငံရေး အခြေ အနေ၊ ကေအန်ယူနဲ့ အစိုးရကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေ အနေတွေ အပြင် အောက်ခြေက အရာရှိတွေ သိလိုတဲ့ အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အခု အစည်းအဝေးမှာ ကေအန်ယူဌာန ၁၄ ခုရဲ့

KIC News

ပြည်နယ်အုပ်ချုပ်ရေး အဆင့်ဆင့်ကို ပြည်သူရွေးချယ်တင်မြှောက်ရန် ကရင်ပြည်သူ့ဖိုရမ်၌ တောင်းဆိုခဲ့

People Forum 3

အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့

ပြည်နယ်ဝန်ကြီးနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် ရွေးကောက်တင်မြှောက်ရန် ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ ပထမဦးဆုံးအကြိမ် ပြု လုပ်သည့် ကရင်ပြည်သူ့ဖိုရမ်တွင် တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၁၇ရက်မှ ၁၈ရက်နေ့

KIC News

ပါတီမှတ်ပုံတင်မကျသေး၍ စည်းရုံးရေးလုပ်ရန် KNP ခက်ခဲနေ

KNP meeting (IMG_9619)

အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသားပါတီ(KNP)သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံ တင်သွားရောက်လျှောက်ထားပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ မှတ်ပုံတင်ခွင့် မရရှိသေးသည့်အတွက် ပါတီစည်းရုံးရေးလုပ် ငန်းစဉ်များ လုပ်ဆောင်ရန် ခက်ခဲလျှက်ရှိကြောင်း ပါတီခေါင်းဆောင် မန်းကျော်ငြိမ်းက ကေအိုင်စီသို့ ပြောသည်။
“ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ကျနော်တို့ကို ဇူလိုင် ၁၆ရက်နေ့က ပါတီတည်ထောင်ခွင့်ပြုလိုက်ပါတယ်။ အဲ့တော့ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအတိုင်း ခေါင်ဆောင်နှစ်ဦးရွေးပြီး ကော်မရှင်ကို ပါတီမှတ်ပုံတင် သွားလျှောက်ထားခဲ့ ပေမဲ့ အခုထိ အကြောင်းမပြန်သေးဘူး။ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်လိုသူတွေ

Wednesday, October 22, 2014

From Yamoun Nar Facebook

ဗိုလ်ဆန်းအောင် အဖွဲ့အစည်းနဲ့ အဆက်အသွယ် ဘာကြောင့် ပြတ်တောက်သွားရသလဲ
မွန်ပြည်နယ် ကျိုက်မရောမှာ စက်တင်ဘာ ၂၆ ရက်နေ့က ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲစဖြစ်တယ်။ အဲဒီအချိန်က ဗိုလ်ဆန်းအောင်က ရန်ကုန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတက်နေတယ်။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ တပ်ကို ထိန်းသိမ်းဖို့ ကျိုက်မရောဘက်ကို လိုက်သွားတယ်လို့ သိရတယ်။
သူ့တပ်ရှိတဲ့ ကျိုက်မရောနယ်ကို ရောက်သွားပြီးတဲ့ နောက်ပိုင်း အထိနာထားတဲ့ အစိုးရစစ်တပ်တွေ စစ်ကြောင်းငါးကြောင်းနဲ့ ဒီကေဘီအေ တပ်ကို ဝိုင်းပတ်ပိတ်ဆို့တာတယ်ဆိုတာ စုံစမ်းကြည့်လို့ သိရတယ်။
စစ်ကြောင်းတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကာလမှာပဲ ဗိုလ်ကျော်သက်နဲ့ ဗိုလ်ဆန်းအောင်က ဗိုလ်နှုတ်ခမ်းမွှေးအမိန့်ကို မနာခံတော့ဘူး၊ သူတို့ နှစ်ယောက်ပေါင်းပြီး ဗိုလ်နှုတ်ခမ်းမွှေးကို လုပ်ကြံတော့မယ် ဘာညာနဲ့ တာဝန်ခံမှုမရှိတဲ့ စာတွေ အွန်းလိုင်းမှာ ပျံ့နှံ့ခဲ့တယ်။
အောက်တိုဘာလဆန်းပိုင်းမှာ ဒီကေဘီအေ သိမ်းထားတဲ့ မြန်မာစစ်တပ်က လက်နက်ငယ် ၆ လက်ကို ကော့ကရိတ်မှာရှိတဲ့ စကခ ၁၂ မှာ တာဝန်ရှိသူတွေဆီ ပြန်လည်ပေးအပ်လိုက်တယ်။ ဒါပေမယ့် ဗိုလ်ဆန်းအောင်ကို ကျိုက်မရောရဲစခန်းက ဖမ်းဝရမ်းထုတ်ထားလိုက်တယ်။
ကျိုက်မရောဘက်မှာ စစ်ရေးတင်းမာမှုတွေ ပြေလျော့သွားတဲ့အချိန် သိမ်းသွားတဲ့ လက်နက်တွေ ပြန်ပေးလိုက်ပြီးတဲ့ အချိန်မှာ ဗိုလ်ဆန်းအောင်ဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးက ဗိုလ်ကျော်သက် စခန်းမှာ ရောက်ရှိနေတယ်လို့ ကြားသိရတယ်။
အောက်တိုဘာ ၁၀ ရက်နေ့

K I C News

UNFC မှ ယာယီရပ်စဲခြင်းနှင့် KAF ကိစ္စအပေါ် နိုင်ငံတကာကရင်အဖွဲ့များ သဘောထားထုတ်ပြန်

10703555_473844722758290_2563251089949295734_n

အောက်တိုဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်မှ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ယာယီရပ်စဲခြင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသော ကော်သူးလေတပ်မတော်(KAF) ပြန်လည်ဖွဲ့စည်းခြင်းကိစ္စအပေါ် ကရင်တစ်မျိုးသားလုံးအတွက် ရှေးရှု၍ ဆုံးဖြတ်လုပ်ဆောင်ပေးရန် နိုင်ငံတကာရောက် ကရင်အမျိုးသားအစည်းအရုံး(IKO)က သဘောထားကြေညာချက်နှစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
UNFC အဖွဲ့ဝင်အဖြစ်မှ KNU မခွဲထွက်ရေး တောင်းဆိုမှု အပါအ၀င် ကော်သူးလေတပ်မတော် (KAF)ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ကြိုဆိုထောက်ခံကြောင်း နိုင်ငံတကာရောက် ကရင်အမျိုးသားများ၏ သဘောထားကို ပြသသည့်အနေဖြင့် အောက်တိုဘာလ ၁၈ရက်နှင့် ၂၀ရက်နေ့များတွင် ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျားနိုင်ငံအခြေစိုက် IKO ၏ပြောခွင့်ရသူ မန်းအော်လန်းဒိုက “KNU ဟာ လူတစ်စုရဲ့အဖွဲ့အစည်း မဟုတ်သလို တစ် မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ကရင်လူထုတွေအသံကို နားထောင်ပြီး အကောင်းဆုံးလုပ်စေချင်တယ်။ မိမိလုပ်ချင်သလိုလုပ်ပြီးတော့ ခေါင်းဆောင်တစ်စုက ဆုံးဖြတ်တာမျိုးကို မဖြစ်စေချင်တဲ့အတွက် အခုလို တိုက်တွန်းတောင်းဆို တာ ဖြစ်ပါတယ်”ဟု

Tuesday, October 21, 2014

KNU ?????

နောက် ၂ ရက် ဖြစ် တဲ့ အောက် တို ဘာ ၂၃ မှာ K N U ရဲ့  C S C အ စည်း အ ဝေး ရှိ ပါ တယ်။ ဒီ အ စည်း အ ဝေး ဟာ K N U ကွန် က ရက် ပြီး ရင် အာ ဏာ အ ရှိ ဆုံး အ စည်း အ ဝေး ဖြစ် ပါ တယ်။ ဒီ အ စည်း အ ဝေး မှာ K N U ဟာ U N F C မှာ ဆက် ပါ ၀င် မ ပါ ၀င် ဖို့ ရယ်၊ K A F ကိ စ္စ တွေ ကို ဆွေး နွေး ကြ ပါ လိမ့် မယ်။ 
ဒီ အ စည်း အ ဝေး မှာ အ ဓိ က အား ပြိုင် ကြ မှာ က သိန်း စိန် အ စိုး ရ အ လို ကျ အ ပြစ် အ ခတ် ရပ် စဲ ရေး ကို အ မြန် ဆုံး ဖြစ် စေ ချင် တဲ့ K N U ဥ က္က ဌ နဲ့ အ တွင်း ရေး မှုး ပါ ၀င် တဲ့ အ ဖွဲ့ ရယ်၊ သေ ချာ တဲ့ (အ ညာ မ ခံ ရ အောင် ပြင် ဆင် ပြီး) အ ပြစ် အ ခတ် ရပ် စဲ ရေး ကို ဖြစ် စေ တဲ့ K N U ဒု ဥ က္က ဌ နဲ့ တွဲ ဖက် အ တွင်း ရေး မှုး ပါ တဲ့ အ ဖွဲ့ ရယ် ဖြစ် ပါ တယ်။
နောက် တ နည်း ပြော ရ ရင် သိန်း စိန် ဗ မာ အ စိုး ရ က ထောက် ခံ တဲ့ အ ဖွဲ့ ရယ်၊ ပြည် တွင်း ပြည် ပ က ရင် အ ဖွဲ့ အ စည်း တွေ ထောက် ခံ တဲ့ အ ဖွဲ့ ရယ် ပေါ့။
အ စည်း အ ဝေး ရ လဒ် ဘယ် လို ထွက် လာ နိုင် သ လဲ ဆို တော့ -
၁ - နှစ် ဖက် ခေါင်း ဆောင် တွေ ညှိ နှိုင်း ပြီး က ရင် လူ ထု တွက် အ ကောင်း ဆုံး ရ လဒ် 
၂ - သိန်း စိန် အ စိုး ရ ထောက် ခံ တဲ့ အ ဖွဲ့ အ လို ကျ ရ လဒ်
၃ - ပြည် တွင်း ပြည် ပ က ရင် အ ဖွဲ့ အ စည်း ထောက် ခံ တဲ့ အ ဖွဲ့ အ လို ကျ ရ လဒ်
၎ - ဘယ် လို မ ညှိ မ ရ ပဲ ဘာ အ ဖြေ မှ မ ထွက် ၊ ဘာ မှ လဲ ဆက် လုပ် လို့ မ ရ တဲ့ ရ လဒ် 
၅ - K N U နှစ် ဖွဲ့ ကွဲ တဲ့ ရ လဒ်
စိတ် မ ကောင်း စ ရာ က တော့ က ရင် လူ ထု အ လို လား ဆုံး ရ လဒ် ဖြစ် တဲ့ နံ ပါတ် ၁ ရ လဒ် က ဖြစ် နိုင် တာ ကိုး ဆယ် ကိုး ရာ ခိုင်း နှုန်း ပါ။ ဘာ ဖြစ် လဲ ဆို တော့ K N U နဲ့ ရန် ကုန် က ရင် လူ ထု တွေ့ ဆုံ ပွဲ မှာ သိန်း စိန် အ စိုး ရ ကို လို လား တဲ့ အ ဖွဲ့ ဟာ က ရင် ပြည် သူ လူ ထု ရဲ့ အ သံ နဲ့ အ ညှိ နှိုင်း မ ခံ တဲ့ သ ဘော ထား ကို အ တိ အ လင်း ဖေါ် ပြ လို့ ဖြစ် ပါ တယ်။
နောက် ထပ် စိတ် မ ကောင်း စ ရာ တ ခု က တော့ က ရင် လူ ထု မ လို လာ တဲ့ ရ လဒ် ၂ ထွက် လာ ဖို့ များ တာ ပါ။ ဒီ ရ လဒ် သာ ထွက် လာ ရင် တော့ သေ ချာ တာ က K N U ဟာ က ရင် လူ ထု လက် ခံ တော့ မှာ မ ဟုတ် တဲ့ အ တွက် က ရင် လူ ထု ကိုယ် စား ပြု အ ဖွဲ့ အ စည်း က နေ လျော က သွား မှာ ဖြစ် ပါ တယ်။ အဲ ဒီ ထက် မ က တ ခြား တိုင်း ရင်း သား တွေ လဲ လက် ခံ တော့ မှာ မ ဟုတ် ပါ ဘူး။ က ရင် လူ ထု အ နေ နဲ့ လဲ သူ တို့ ကို ကိုယ် စား ပြု မဲ့ အ ဖွဲ့ အ စည်း အ သစ် ကို ရှာ မှာ ဖြစ် ပါ တယ်။ ဒီ အ ခါ မှာ K N U ရဲ့ နှစ် ပေါင်း မြောက် များ စွာ ထိန်း သိမ်း လာ ခဲ့ တဲ့ ဂုဏ် သိ က္ခာ နဲ့ အ စဉ် အ လာ ကို စွန့် လွတ် လိုက် ရ မျာ ပါ။
က ရင် လူ ထု က ဒါ ကို စိုး ရိမ် ပါ တယ်။ က ရင့် ကံ ကြ မ္မာ က ရင် ဖန် တီး တဲ့ အ ခွင့် အ ရေး ကို ဆုံး ရှုံး သွား မှာ စိုး ရိမ် ကြ ပါ တယ်။ 
ဒါ ပေ မဲ့ ကျွန် တော် ယုံ ကြည် တာ တ ခု က တော့ K N U ခေါင်း ဆောင် တ ချို့ က ရင့် ကံ ကြ မ္မာ က ရင် ဖန် တီး တဲ့ အ ခွင့် အ ရေး ကို ရောင်း စား သွား မယ် ဆို ရင် တောင် က ရင် လူ ထု ရဲ့ ညီ ညွတ် မှု နဲ့ နိုင် ငံ ရေး မှာ ပါ ၀င် ပတ် သက် မှု တွေ ကြောင့် ဒီ အ ခွင့် အ ရေး ကို လုံး ၀ ဆုံး ရှုံး မှာ မ ဟုတ် ပါ ဘူး။ ဒီ ခေါင်း ဆောင် တွေ သာ တ ခါ က က ရင် စီး ပွါး ရေး သ မား တ ဦး ရယ်၊ ပ ညာ ရှင် တ ဦး ရယ်၊ ဘာ သာ ရေး ဆ ရာ တ ဦး တွေ လို ဘယ် နာ မည် သေ ရ ပါ လိမ့် မယ်။  သ မိုင်း တ ရား ခံ ဖြစ် ပါ လိမ့် မယ်။ 
သေ ခြာ တာ က တော့ က ရင့် ကံ ကြ မ္မာ က ရင် ဖန် တီး နိုင် တဲ့ နေ့ အ မြန် ဆုံး ရောက် လာ မှာ ပါ။


ဦးအောင်ထူး ဆောင်းပါး

Peace Analysis 9 _10. 20. 2014_.pdf

KIC news

KAF ဖွဲ့စည်းပုံကို စနစ်တကျ သတ်မှတ်အတည်ပြုသွားမည်ဟု DKBA ပြောဆို

482417_148157375363826_1845458599_n

အောက်တိုဘာ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

ကော်သူးလေတပ်မတော်(KAF)၏ ဖွဲ့စည်းပုံကို စနစ်တကျ သတ်မှတ်အတည်ပြုသွားရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဌာနချုပ်တည်ရှိရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)ကျေးရွာတွင် အောက်တိုဘာလ ၂၉ရက်နေ့မှစ၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ DKBA မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က

KIC Interview

Karen Army General Explains Rational Behind Reformation Of Ethnic Alliance And Recent Conflict With Govt Troops

Gen Baw Kyaw Heh
Karen News spoke exclusively with General General Baw Kyaw Heh, the Karen National Liberation Army’s Vice-Chief of Staff, explains about what the alliance between four Karen armed groups and what lies behind the recent outbreak of fighting.
For the sake of clarity, Karen News has provided General Baw Kyaw Heh’s answers in full.

Q: Who will lead the KAF?

A: The reunion of KAF is only the first of many steps in a process to reform the Karen security sector. Details of the structure and authority/leadership will be announced later. At this stage, KAF means a collaboration, coordination and reunion of different Karen armed forces. Each unit and command will be led by its current commander as usual. 
 

Q: Why is there need for a KAF, Why not just one-armed force that already exists, like the KNLA?
A: In fact, KAF has already existed since the late 1940s. Soon after the Karen resistance started in 1949, Kawthoolei Arm Forces was formed in order to reorganize all Karen armed forces such as KNDO, Karen Rifle, UMP and police force etc. In this current political context, we found that KAF is the best neutral platform to bring together the different armed forces to cooperate and seek out the best solutions to support Karen national political aspirations, including how to best fit into the changing political landscape. The first step is the reunion and then the reform will follow.
 

Q: Is every part of each different group joining the KAF? Will the KAF represent 100% membership of each armed group?
A: As everyone can see, none of the different groups is monolithic, and this is due to internal and external political factors and geographical locations. This is the reason why we need KAF as an umbrella institution that they can turn to in times of military and/or political crisis. In the current extreme political climate, it is really challenging for the different armed group leaders to bring all groups on board in a short time. However, the joint agreement that we have initiated now represents an initial success in bringing some armed groups that have split from the KNU over the last two decades to reunite. The reunion can eventually lead us to better understanding and cooperation, and thus a true representation of all the members under the umbrella of KAF will emerge.
Q: What are your thoughts on the latest fighting in Karen State?

A: We are engaging in the peace process, and we are serious about it. However, we reserve our right to defend ourselves, as we have not solved any of the political problems yet. Militarily, the Burma Army knows that the Karen armed groups are trying to reunite under the leadership of KNU. When one of the armed groups is attacked and the other groups fail to respond and assist, it means the BA can divide and rule the armed groups like they always do. The recent BA attacks on the DKBA illustrates this. Politically, the government uses carrot-and-stick tactics in its strategy to get the armed groups to agree to its nationwide ceasefire terms. Economically, it is extremely important for the government and the Burmese army to gain 100% control over the Myawaddy-Hpa-An region in order to realize full economic integration in the ASEAN Economic Community (AEC) by 2015. The region is the only broken link in the east-west economic corridor, thus frustrating the economic dreams, not only of the Burmese government, but those of ASEAN as well. Other mega development projects such as the Asia Highway, SEZ and hydropower dams are on the horizon. The government always pushes to “accelerate development projects in tandem with peace” in conflict areas. Dividing, fighting, and crushing ethnic armed groups is the Burmese army’s shortcut on the road to peace and development.
Q: What will be the political organization representing the KAF? 

A: All armed groups recognize the political leadership of the KNU, as well as its political goals. So, it is really important for the KNU to do more to truly represent the interests of all armed groups politically. This will be a work in progress because we must acknowledge that there are differences among and within the different groups. KNU, KNLA/PC, and DKBA have all signed separate ceasefire agreements with the government, so they each represent their own organization.

Monday, October 20, 2014

VOA news

ကရင်တပ်ပေါင်းစည်းမှု ကရင်လူမှုအဖွဲ့တွေ ထောက်ခံ

၂၀၁၂ ၊ ဇန်နဝါရီလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ KNU ခေါင်းဆောင်များ။
၂၀၁၂ ၊ ဇန်နဝါရီလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ KNU ခေါင်းဆောင်များ။

မီဒီယာ

အသံ
နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေးလုပ်လာတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး နီးကပ်လာချိန်မှာ ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် ကရင်အဖွဲ့အစည်းတွေက ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ပေါင်းစည်းမှုကို ထောက်ခံကြောင်း သဘောထား ကြေညာချက်တွေထုတ်ပြန်လာသလို တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ UNFC ကနေ ခွဲမထွက်ဖို့ တောင်းဆိုလာကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မကြာခင် ကျင်းပဖို့ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့

7 Day News

KNLA တပ်သား သေဆုံးခဲ့မှု ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို

KNU လက်အောက်ခံ KNLA တပ်မဟာ (၆) မှ တပ်သားစောတာနိုသေဆုံးမှုနှင့်ပတ်သက် ၍ သံသယရှိသည့်နယ်ခြားစောင့် တပ်ဖွဲ့ဝင်ရဲဘော်ငါးဦးအမှုကိုပွင့်လင်းမြင်သာစွာချပြန်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်သည်။
တပ်သားစောတာနိုကို နယ် ခြားစောင့်တပ်က စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ငါးရက်အကြာ၌ သေဆုံးသူ၏ အလောင်းအား သောင်ရင်းမြစ် အနီးတွေ့ရှိခဲ့ခြင်းဖြစ်၍  အစိုးရတပ်လက်အောက်ရှိ  နယ်ခြားစောင့်တပ်မှရဲဘော်ငါးဦးကို စုံစမ်းစစ်ဆေးရန်  KLNA က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သံသယရှိသူရဲဘော်ငါးဦး ကို နယ်ခြားစောင့်တပ်ခေါင်း ဆောင်များက နိုင်ငံတကာဥပဒေ အတိုင်း စုံစမ်းစစ်ဆေးနေသော် လည်း အမှုတွင်ပါဝင်ပတ်သက် သူများအား မည်ကဲ့သို့အပြစ်ပေးသည်ကိုမကြားရသေးကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောကြားသည်။

 ၂၀၁၂ အပစ်အခတ်ရပ်စဲ ချိန်မှစ၍  မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် ပြည်သူများ အသတ်ခံရသည့်အမှုများအနက် နယ်ခြားစောင့်တပ်က ပထမဆုံး အကြိမ်စုံစမ်းစစ်ဆေးခြင်းဖြစ် သည်။
ထို့ကြောင့် နယ်ခြားစောင့် တပ်မှ ကျူးလွန်ခဲ့သည့် အခြား အမှုများကိုလည်း စုံစမ်းစစ်ဆေး ပေးရန် ကရင်လူ့အခွင့်အရေး အဖွဲ့က ထပ်မံတောင်းဆိုလိုက် သည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ သည် ၁၉၉၂ တွင် စတင်တည် ထောင်ခဲ့သောအဖွဲ့ဖြစ်ပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော်၏ လူ့ အခွင့်အရေးချိုးဖောက်မှုများ၊ ပြစ်မှု ကျူးလွန်မှုများကို စောင့်ကြည့်လေ့လာသည့် ထိုင်းအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ် သည်။

DVB News

ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကေအန်ယူနှင့် ဒီကေဘီအေ တွေ့ဆုံ

knu
ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်းအပါဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးနဲ့ပတ်သက်ပြီး ကေအန်ယူနဲ့ ဒီကေဘီအေ ထိပ်သီးခေါင်းဆောင်တွေ အောက်တိုဘာလ ၁၉ ရက်နေ့က ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
knuဒီဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ပြန်လည် ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး တာလို့ ဒီကေဘီအေ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက  ပြောပါတယ်။
“ကော်သူးလေတပ်မတော (ကေအေအက်ဖ်) ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီးတော့ အကြိုဆွေးနွေးပွဲလို့ ပြောလို့ရပါတယ်။ ဒီက လတ်တလော လုပ်ဆောင်ထားတဲ့ အခြေအနေအပေါ်မှာကြည့်ပြီး သူတို့လည်း အဖွဲ့အစည်းအတွင်းမှာ

DVB news

ကေအန်ယူက ယူအန်အက်ဖ်စီနှင့် ဆက်လက်တွဲပါ – မန်းအော်လန်ဒို

မန်းအော်လန်ဒို မန်းအော်လန်ဒို
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းရပ်တည်ဖို့ သြစတြေးလျအခြေစိုက် နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (အိုင်ကေအို) က တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ ယူအန်အက်ဖ်စီ ညီလာခံကနေ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ ထွက်ခွာခဲ့ပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားတာပါ။ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ကျရင်တော့ ကေအန်ယူခေါင်းဆောင်တွေအစည်းအဝေးမှာ ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီမှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိသင့်၊ မရှိသင့် ဆွေးနွေးပြီး ဆုံးဖြတ်ကြဖို့ ရှိပါတယ်။
အိုင်ကေအိုအဖွဲ့ဟာ နိုင်ငံတကာရောက် ကရင်လူထုအဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပြီး ယူအန်အက်ဖ်စီညီလာခံကနေ ထွက်ခွာပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်ဆိုင်းလိုက်တာဟာ  ကရင်အမျိုးသားအစည်းအရုံးရဲ့ အစဉ်အလာနဲ့ တန်ဖိုးတွေကို ပျက်ယွင်းစေတယ်လို့ အိုင်ကေအိုရဲ့ ပြောခွင့်ရသူ မန်းအော်လန်ဒို (Mahn Orlando) က ပြောပါတယ်။
အိုင်ကေအိုရဲ့ ပြောခွင့်ရ မန်းအော်လန်ဒိုကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အိုင်ကေအို ပေါ်ပေါက်လာပုံနဲ့ ဘာကြောင့် ကေအန်ယူကို ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်ဖို့ တိုက်တွန်းတာလဲ။
မန်းအော်လန်ဒို
မန်းအော်လန်ဒို
“ကျနော်တို့ အိုင်ကေအို ပေါ်ပေါက် လာခြင်းကတော့ အခြေအနေအရပ်ရပ်ရဲ့ လိုအပ်မှုကြောင့် တကြောင်းပေါ့နော်။ ကျနော်တို့ နိုင်ငံတ ကာရောက် လူမှုအဖွဲ့အစည်း အသီးသီးကလည်း သဘောထားတူညီ ချက်အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ဗမာပြည်မှာ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျနော်တို့ စိုးရိမ်မှုအများကြီး ဖြစ်

Saturday, October 18, 2014

DVB Interview




Copy from Facebook

KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး (အပိုင်း-၁)
ဖူးတာမူးရေးသည်
စာရေးသူသည် စာရေးခဲလှသည်။ ယခုအခါ KNU နှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု များဖြစ်ပေါ်လာကာ မျိုးချစ်ကရင်လူထုတွင်သာမက အခြားညီအကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အတွင်း ဂယက်ရိုက်မှု ဖြစ်လာရသည့်အပေါ် တိတ်ဆိတ်ငြိမ်သက်၍ မနေနိုင်တော့သည့်အတွက် တာဝန်သိ မျိုး ချစ်တော်လှန်ရေးသမားတဦးအနေနဲ့ ယခုဆောင်းပါးကို စတင်ရေးသားခြင်းသာဖြစ်ကြောင်း အစီရင်ခံအပ်ပါ သည်။ ဤသို့ရေးရာတွင် မည်သည့်ကလောင်နာမည်ကို ရွေးရန် စဉ်းစားရာတွင် မိမိဆောင်းပါးသည် ကရင့် တော်လှန်ရေးနှင့် ကရင့်တမျိုးသားလုံးကို သေတွင်းသို့မပို့မူဘဲ အမျိုးသားရေးအရ၊ နိုင်ငံရေးအရ ကရင့်အနာ ဂါတ်ဆက်လက်ရှင်သန်၍ ကမ္ဘာဆုံးတိုင် ကရင်လူမျိုးအဖြစ် အများနည်းတူ တန်းတူအခွင့်အရေးနှင့် ရှင်သန် ရပ်တည်ရေးကို မျှော်မှန်း၍ “ဖူးတာမူး” ဟူသော ကလောင်နာမည်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။
အခန်း (၁)
ကရင့်တော်လှန်ရေးဝိသေသလက္ခဏာများ
ကရင့်တော်လှန်ရေးသမားတဦးသည် ကရင့်တော်လှန်ရေး၏၀ိသေသလက္ခဏာများကို အသေအချာသိမြင်ရန်၊ လက်ခံရန်၊ ကျင့်သုံးရန် လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးသည် တရားသောတော်လှန်ရေးဖြစ်သည်။ အဘယ်ကြောင့်မူ ကရင့်တော်လှန်ရေးမစမှီ ၁၁/၀၂/၄၈ နေ့တွင် မြန်မာတပြည်လုံး ကရင်လူမျိုး (၄)သိန်းကျော် ဆန္ဒပြပွဲ၏ ကြွေး ကြော်သံကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
(၁) ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ။
(၂) ကရင်ပြည်ချက်ချင်းပေး။

I K O Statment


VOICE Interview

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း

  • Saturday, 18 October 2014 09:48
ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သည့် ကော်သူးလေတပ်မတော် (Kawthoolei Armed Forces – KAF) ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ကြေညာချက်ကြောင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် တစ်ဖွဲ့ချင်းစီအကြား ခွဲရေးတွဲရေး စိုးရိမ်ချက်များအပြင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်များအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာများနှင့် ပတ်သက်၍ မေးခွန်းများ ရှိလာသည်။ ယင်းနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကို ကိုယ်စားပြုသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယအဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် The Voice တို့ တွေ့ဆုံ မေးမြန်းထားသည်များမှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice- ကေအေအက်ဖ် ဖွဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟုတ်တယ်။ မဟုတ်ဘူး အမျိုးမျိုး ပြောနေကြတာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦး အနေနဲ့ ရှင်းပြစေချင်ပါတယ်။
PKHW- ၁၃ ရက်နေ့က ပြန်လည်စုစည်းတယ် ဆိုတဲ့ သဘောတူညီ ကြေညာချက်ထုတ်တယ်။ အဲ့ဒီ ထုတ်တဲ့နေရာမှာ ကျွန်တော်တို့ဆီကို အသိပေးတာ မဟုတ်ဘူး။ အဖွဲ့အစည်းက မသိဘူး။ ကြေညာချက်ထွက်မှ တွေ့လိုက်တာ။ စစ်ဦးစီးချုပ်လည်း မသိဘူး။ KPC (KNU/KNLA – PC) လည်း မသိဘူး။ ကျွန်တော်တို့ ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လည်စုစည်း ညီညွတ်ဖို့ ၁၅ ကြိမ်မြောက် KNU ကွန်ဂရက် သဘောထားရှိတယ်။ ဒါကို သဘောထား ဆုံးဖြတ်ချက် ချရတာကလည်း တစ်ချိန်တုန်းက လက်နက်ကိုင်တပ်ဖွဲ့ အကုန်လုံး လိုလိုသည် KNU ရဲ့

V O A ဘာ လဲ

ဟို ဖက် ဒီ ဖက် အ မြင် ရှိ ရ မယ် ဆို တာ လက် ခံ ပါ တယ်။ ဒါ ပေ မဲ့ အ ချက် အ လက် အ မှန် နဲ့ ပ က တိ အ ခြေ အ နေ ကို ကွင်း ဆင်း လေ့ လာ အင် တာ ဗျူး လုပ် ပြီး မှ ရေး သင့် ပါ တယ်။ ဒီ လို ဘာ မှ မ သိ ပဲ ရေး တဲ့ သ တင်း မျိုး ကို VOA အ နေ နဲ့ သိ သင့် ပါ တယ်။ စီ စစ် ပြီး မှ ထည့် သင့် ပါ တယ်။ V O A သ တင်း ဌာ န ဟာ ဘာ ကို ရည် ရွယ် ပြီး ဒီ သ တင်း တင် တာ လဲ ဆို တာ ဟာ အ ရေး ကြီး ပါ တယ်။ ဆောင်း ပါး ရှင် အ နေ နဲ့ က ရင် နိုင် ငံ ရေး ကို မ သိ တောင် မှ သ တင်း ဌာ န အ နေ နဲ့ V O A ဟာ သိ သင့် ပါ တယ်။ မှား မှန်း သိ ရဲ့ နဲ့ တင် တာ ဆို ရင် တော့ စဉ်း စား စ ရာ ပါ။

Thursday, October 16, 2014

မိုး မ ခ ဆောင်း ပါး


ခိုင်မာကျော်ဇော် – ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြပါစေ

October 17, 2014
 
ခိုင်မာကျော်ဇော် – ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြပါစေ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

ဒီနေ့ ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ ကာလတခု ဖြစ်သလို ကရင်အမျိုးသားတွေအတွက်လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူ ဘယ်လို ခြေလှမ်းလှမ်းမလဲ ဆိုတာ မျက်လုံး ဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း ဖြစ်ပါတယ်။
ဒီနေ့ ကာလမှာ ကေအဲန်ယူ အတွင်း ကေအဲန်ယူရဲ့ မူ၊ ကေအဲန်ယူရဲ့ ပေါ်လစီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး တပ်ပေါင်းစုနဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားချင်တဲ့ အမာခံခေါင်းဆောင်တွေနဲ့ အုပ်စုဖွဲ့ လိုရာဆွဲ ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ့်ပန်း ကိုယ် ကောက်ချင်နေသူ လွန်ဆွဲနေတဲ့ ကာလ ဖြစ်ပါတယ်။
ဒါကြောင့် ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ် ညီလာခံခေါ်ဖို့အတွက်ကို ကရင့်ခေါင်းဆောင်ကြီးတွေ စိုင်းပြင်းနေကြပါတယ်။
သမိုင်းတွေကို နောက်ကြောင်းပြန်မဆွဲချင်ပေမဲ့ ကေအဲန်ယူ သမိုင်းမှာ ဒီလို အရေးပေါ် ညီလာခံခေါ်ပြီး ပြောဆိုဆွေးနွေး စေ့စပ်ညှိနှိုင်း ခဲ့ရတာတွေလည်း အကြိမ်များစွာရှိခဲ့ပါတယ်။ မပြေလည်ဘဲ ဖဲ့ထွက် ခွဲထွက်၊ လက်နက်ချ၊ ရန်သူနဲ့ ပူးပေါင်းစတဲ့ သမိုင်းကြောင်းတွေရှိခဲ့ သလို အထိန်းကောင်း အဖာကောင်း ဦးဆောင်မှုတွေကောင်းခဲ့လို့ အချိန်မီ ကုစားနိုင်ခဲ့တဲ့ သာဓကတွေလည်း ကေအဲန်ယူမှာ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့ ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ ပါဝင်ဖြတ်သန်းခဲ့ဖူးတဲ့ အချိန်ကာလအရ ဒီလိုအခြေအနေမျိုး (၂)ကြိမ် ကြုံခဲ့ဖူးပါတယ်။

အနီးစပ်ဆုံးကတော့ ၂၀၀၃ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံပါ၊ ဒီအကြိမ်ကတော့ ကရင့်သမိုင်းမှာရော ကေအဲန်ယူ သမိုင်းမှာပါ သြဇာအာဏာကြီးမားတဲ့ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သမိုင်းကို အဖတ်ဆယ်ခဲ့ရတဲ့ပွဲ၊ ကေအဲန်ယူ သမိုင်းကောင်းအောင် ထိန်းခဲ့ရတဲ့ ပွဲတပွဲလို့ပဲ ပြောရပါလိမ့်မယ်။
စာရေးသူအနေနဲ့ ကိုယ့် အဖွဲ့အစည်းနဲ့ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ့် ပေါင်ကိုယ်လှန်ထောင်းသလို မလုပ်ချင်ပေမဲ့ ဒါတွေဟာ သမိုင်းတွေ သင်ခန်းစာယူစရာတွေ ယခုအုပ်စုဖွဲ့ ကိုယ်လိုရာ ကိုယ်ဆွဲနေတဲ့ ခေါင်းဆောင်ကြီးတွေအတွက် အရေးပေါ် ကုစားနိုင်မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ ရေးရ ပြောရခြင်းဖြစ်ပါတယ်
၂၀၀၀ ခုနှစ် ကေအဲန်ယူ (၁၂)ကြိမ်မြောက် ညီလာခံအပြီးမှာ ကေအဲန်ယူ ဥက္ကဋ္ဌ ရာထူးနေရာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။  ဥက္ကဋ္ဌ ပဒို စောဘသင်စိန်နဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြပါ။  ဒီအရင်နှစ်တွေက ကေအဲန်ယူအတွင်း ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ကြီး စောဘိုမြက ဆယ်စုနှစ်တစု ကျော်ကျော် တာဝန်ယူခဲ့တာပါ။
ဒါကို အခွင့်ကောင်းတခုလို အသုံးချပြီး ကေအဲန်ယူကို အမဲဖျက်ဖို့ အမြဲစောင့်ကြည့် ချောင်းမြောင်းနေတဲ့ နအဖ ခေါင်းဆောင်တချို့နဲ့ ငြိမ်းချမ်းရေး လုပ်စား ပွဲစားတချို့ မြ၀တီ-မဲဆောက် လမ်းကြောင်းကနေ ဗိုလ်ချုပ်မြထံကို တိုက်ရိုက်ချဉ်းကပ်ခဲ့ကြတယ်။
ဗိုလ်ချုပ်ကြီးကိုတော့ ကေအဲန်ယူက လူတွေ ဥက္ကဋ္ဌ ရာထူးကနေ တဖြည်းဖြည်းဖယ်ရှား နေပြီ။  နောက်ဆို ဗိုလ်ချုပ်ကြီး နေရာပျောက်သွားလိမ့်မယ်။  အခုလက်ရှိ ဒုဥက္ကဋ္ဌ ရာထူး အဆင့်နဲ့ ကျနော်တို့ နဲ့ ငြိမ်းချမ်းရေး စကားပြောပါ၊ ကရင်ပြည်သူတွေအတွက် ဗိုလ်ချုပ်ကြီးသမိုင်းကို မှတ်တိုင်ထူလိုက်ပါ။  တပ်ပေါင်းစုနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးတို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေလိမ့်မယ်၊ ကျနော်တို့ နဲ့ ဆွေးနွေးကြည့်ပါ၊ ခြေလှမ်းစလှမ်းကြည့်ပါ၊ မနစ်နာရပါဘူး စတဲ့ သူတို့ သုံးနေကျ မဲပြာပုဆိုး အကွက် တကွက်နဲ့ စတင်ခင်းခဲ့ပါတယ်။
အဲ့ဒီအခြေအနေတွေက စပြီး ဗိုလ်ချုပ်မြကိုယ်တိုင် ရန်ကုန်ဆင်း ဗိုလ်ချုပ်ခင်ညွန့် နဲ့ တွေ့ ခဲ့။  အမေရိကန်အားကိုး၊ တရုတ်အားကိုး ကစလို့  ဖထီး၊ ဖိုးတို နဲ့ဆိုတဲ့ သမိုင်းဝင်စကားတွေပြောခဲ့၊ ဗိုလ်ချုပ်မြရဲ့ မွေးနေ့ ပွဲကိုတောင်မှ သူတို့က တခမ်းတနား ကျင်းပပေးခဲ့ကြတာက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာမို့ ကရင်ပြည်သူတွေ အားလုံးသိကြမှာပါ။
အပေါ်ယံက ကြည့်ရင်တော့ ဗိုလ်ချုပ်ကြီး စောဘိုမြ ကြိုးပမ်းမှုကြောင့် ကရင်တွေအတွက် ငြိမ်းချမ်းရေး ရောင်ခြည်သန်းဖို့ လမ်းစပြီလို့ ထင်ရပေမယ့် ကေအဲန်ယူ ဗဟိုကော်မတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေလောက်သာသိပြီး ကရင်ပြည်သူတွေ မသိတဲ့ အချက်က ၁၉၉၇ ခုနှစ် ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေမှာ လုပ်ခဲ့တဲ့ မယ်သရောထာ သဘောတူညီချက်ကို ဗိုလ်ချုပ်မြ ချိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒီသဘောတူညီချက်က ကေအဲန်ယူဟာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သဘောတူတယ်။  ဘ၀တူ တိုင်းရင်းသားတွေ မဟာမိတ်တွေနဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။
ဒီအချက်ကို ကေအဲန်ယူ မူပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ကေအဲန်ယူ ခေါင်းဆောင်တွေက ဗိုလ်ချုပ်မြကို ထောက်ပြကြပါတယ်။  တချိန်တည်းမှာပဲ ဗဟိုကော်မတီဆုံးဖြတ်ချက်မရဘဲ ခေါင်းဆောင် တဦး တယောက် သဘောထားနဲ့ ဆုံးဖြတ်လို့ မရဘူး ဆိုတာကိုလည်း ပြောခဲ့ကြပါတယ်။  တဖက်မှာလည်း နအဖ ကျား ငစဉ်းလဲနဲ့  ငြိမ်းချမ်းရေး လုပ်စားပွဲစားတွေက ကေအဲန်ယူကို အမဲဖျက်ဖို့ အတွက် ဗိုလ်ချုပ်မြကို အသေကပ်ထားသလို ဗိုလ်ချုပ်မြရဲ့ နောက်က သူရဲ့ သားတွေရဲ့တပ်တွေ၊ တပ်မဟာ (၇)က ဗိုလ်ချုပ်မြနဲ့ မယား ညီအကို တော်စပ်တဲ့ ဗိုလ်ချုပ်ထင်မောင်နဲ့ နောက်လိုက်တွေကိုပါ မြ၀တီ-မဲဆောက် စီးပွားရေး ဈေးကွက်ဇုံ ဖွင့်ရေး အကျိုးအမြတ်နဲ့ စည်းရုံးထားကြပါတယ်။
ငြိမ်းချမ်းရေး စာချုပ် ချုပ်ရေး မချုပ်ရေး ကေအဲန်ယူ အတွင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်လာချိန် ဗိုလ်ချုပ်မြ ကျန်းမာရေး ချို့တဲ့ လာတဲ့ အချိန်အထိ မဲဆောက်ဆေးရုံထဲ အထိတောင် ဗိုလ်ချုပ်မြ လက်မှတ်ထိုးဖို့ ကို တချိန်လုံး စည်းရုံးခဲ့ ကြပါတယ်။

ဒီအခြေအတွေကြောင့် ၂၀၀၃ ခုနှစ်မှာ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံ ခေါ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်မြနောက်မှာ စစ်တပ်နောက်ခံတွေ ရှိနေတဲ့အတွက် ကေအဲန်ယူ အမာခံတွေအတွက် လုံခြုံရေး စိတ်မချတာကြောင့် အရေးပေါ် ညီလာခံကို ကေအဲန်ယူ လွတ်မြောက်နယ်မြေမှာတောင် မကျင်းပနိုင်ဘဲ မဲဆောက်မြို့ စွန်က ရီဆော့တခုမှာ လုပ်ခဲ့ရပါတယ်။
ဒီဆွေးနွေးပွဲမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာမလာဘော၊ ပဒိုမန်းရှာနဲ့ လက်ရှိ ကေအဲန်ယူမှာ တာဝန်ယူဆဲဖြစ်တဲ့ ပဒိုဒေးဗစ်သာကပေါ်တို့က မယ်သရောထာမူပေါ်မှာ အမာခံ ရပ်တည် ဆွေးနွေးခဲ့ကြသလို ပဒိုစောဘသင်စိန်နဲ့ ကေအဲန်ယူ နာယကကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်တာအယ်(ဖူးတင်ဦး) ဗိုလ်ချုပ် ကျော်သောင်းတို့ က ညီညွတ်ရေးအတွက် ပွဲထိန်းခဲ့ကြပါတယ်။  တချိန်တည်းမှာပဲ ခရိုင် တပ်မဟာက ခေါင်းဆောင်တွေကလည်း ကေအဲန်ယူရဲ့  မူနဲ့ ပ်ါလစီပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြလို့ ဗိုလ်ချုပ်မြကို အချိန်မီတားနိုင်ခဲ့သလို ကေအဲန်ယူ သမိုင်းကိုလည်း အမည်းစက်မဖြစ်အောင် ထိမ်းသိမ်းနိုင်ခဲ့ကြပါတယ်၊
ဒါကြောင့်မို့ လည်း ဗိုလ်ချုပ်မြရဲ့ တော်လှန်ရေး သမိုင်းဟာ ဇာတ်သိမ်းကောင်းသွားခဲ့ပါတယ်။  ဒါပေမယ့် တပ်မဟာ (၇) က ဗိုလ်ချုပ်ထင်မောင်နဲ့ အဖွဲ့ ကတော့ နောက်ပိုင်းမှာ အဖဲ့ခံလိုက်ရပြီး ကေအဲန်ယူကနေ တစင်ထောင် ခွဲထွက် သွားကြပါတယ်။
ကေအဲန်ယူ ကရင့်တော်လှန်ရေးဟာ ကမ္ဘာပေါ်မှာ နှစ်အကြာဆုံး သက်တမ်းအကြာဆုံး တော်လှန်ရေးကြီး တခုပါ၊  ဒီတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့၊ တာဝန်ယူခဲ့၊ ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေကြဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ပေးဆပ်မှုတွေရဲ့ တန်ဖိုးက အလွန်ကို ကြီးမားကြပါတယ်။
ဒါပေမယ့် ကရင့် တော်လှန်ရေးကြီးထဲမှာ အချိန်တွေ ဘယ်လောက်ပဲ ကြာခဲ့ကြာခဲ့၊ တန်ဖိုးကြီးကြီး ဘယ်လောက်ပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့၊ နောက်ဆုံးမှာ အမှားတကွက်ဖြစ်ခဲ့ရင် အဲ့ဒီသမိုင်းဟာ အဲ့ဒီခေါင်းဆောင်အတွက် ဇာတ်သိမ်းမကောင်းသလို ဖြစ်တတ်တာကို ကျမ သတိထား မိပါတယ်။
ယခုလက်ရှိ ကေအဲန်ယူမှာ၊ ကေအဲန်ယူရဲ့ ဗဟိုမှာ တာဝန်ယူနေတဲ့ ခေါင်းဆောင်ကြီးတွေထဲမှာ နှစ်ပေါင်းများစွာ ပါဝင်ပေးဆပ် လုပ်ကိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရှိပါတယ်။  ခေါင်းဆောင်ပိုင်းဖြစ်နေလို့ ကို အဖွဲ့ အစည်းရဲ့ မူနဲ့ ပေါ်လစီကို ပိုလို့ အာမခံရ၊ တာဝန်ယူရ၊ စံပြဖြစ်နေရမှာ ဖြစ်ပါတယ်။  တချိန်တည်းမှာပဲ ကိုယ် ဦးဆောင် ဦးရွက် ပြုနေတဲ့ အဖွဲ့အစည်းဟာ ကိုယ့် ပြည်သူလူထုရဲ့ သဘောဆန္ဒ ကို လေးစားလိုက်နာဖို့ပါ လိုအပ်ပါတယ်။
ပြည်သူ့ သဘောဆန္ဒကို ဆန့်ကျင်တာမျိုး၊ ကိုယ့်အဖွဲ့ အစည်းရဲ့ မူ ပေါ်လစီကို ချိုးဖျက်တာမျိုး ဖြစ်ရင်တော့ အဲ့ဒီ ခေါင်းဆောင်ရဲ့ သမိုင်း ဇာတ်သိမ်းဟာ ဘယ်လိုမှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး ဆိုတာကို ကရင် ပြည်သူ တယောက်အနေနဲ့ တင်ပြလိုက်ရပါတယ်။
ခိုင်မာကျော်ဇော
အောက်တိုဘာ ၁၅၊ ၂၀၁၄
Khaingmar Kyawzaw’s Facebook: https://www.facebook.com/khaingmar.kyawzaw.3
ဆရာမ (ဒေါ်) ခိုင်မာကျော်ဇော ၏ ခွင့်ပြချက်ဖြင့် မိုးမခ တွင် ဖော်ပြခြင်း ဖြစ်သည်။  ဓာတ်ပုံများမှာလည်း ဆရာမ ထံမှ ရသည်။
မဲသရောထာ သဘောတူချက်ကို ဖတ်ချင်ရင် ဒီကို သွားပါ။ http://burmese.burmaethnicstudies.net/index.php/paper/29-2013-07-08-06-06-10

KIC Article

Tanitharyi Divison Villagers Call For Development Projects To Stop As Govt Grants Hundred Of Thousands of Acres To Business Interests

Ban Chaung mine
Representatives from civil society groups, religious leaders and villages in the Tanitharyi Division have sent a petition letter to both the government’s Division Chief Minister and the Karen National Union’s Megui/Tavoy District chairperson to try to get development projects stopped that villagers claim are health hazards.
The petition sent on October 13, was signed by 125 representatives from 46 villages, members of civil society organizations such as Tarkapaw, Community Sustainable And Livelihood Development,Trip-Net, Dawei Development Association and religious leaders in the region.
The Tanitharyi Division is host to massive resources extractions, agricultural and development projects including the Dawei $60 billion mega project that includes, a deep-sea port, industrial zone, rail and road links to Thailand, power plants and refineries.
Naw Pee Thalaw, spokeperson for the Takapaw youth group that is taking part in the campaign spoke to Karen News about the petition sent to both government and KNU officials.
“We made our call to the Division Chief Minister and Chairperson of KNU’s 4th Brigade because there are businessmen who want thousands of acres of land concessions from them – some have asked for up to 10,000 acres for agricultural projects such as palm oil and rubber,” said Naw Pee Thalaw, adding that villagers have lost their plantation and villages due to land concessions granted by authorities to business interest.
“Our Karen villages and our plantations are sometimes not on existing maps and when the lands are granted as a concession to businessmen, its location is in our villages and our plantations. We call on the authorities to stop giving out [land concession] permits.”
The petition pointed out that the flooding caused by development and business projects such as mining, rubber plantation and logging began in 2012 after preliminary a ceasefire agreement was reached between the government and the KNU. The petition also highlighted that a coal mining company named as East Star, is mining in the area of Ban Chaung in Ka Htaung Ni and Tha Nay Klo (Kwan Chaung Gyi) villages, and it did not take responsibility for the environmental damages following complaints made by villagers.
Padoh Saw Eh Na, joint secretary of the KNU’s Megui/Tavoy district told Karen News that there is no new development projects have been granted in the area under KNU control during the preliminary ceasefire agreement and if there is any, the companies have to apply for permission, have to follow the policies, rules and regulation laid down by the KNU.
Speaking to Karen News, Padoh Saw Eh Na said.
“We have never put pressure on civilians [on development projects]. The government granted permission for coal mining before the ceasefire agreement was signed. It is in both government and KNU controlled areas. Sometimes, we can’t go according to KNU policies if the project is in the government control area. For cases like that, we need to discuss among us – KNU, local villagers and the government.”
According to sources from local civil society organizations, 2,100 acres of land have been granted to May Flower Mining Co.Ltd while Japanese Nittetsu Mining Company is applying for 3,535 acres of land in the Kha Maung Thwe area and hundreds and thousands of land concessions have been applied by businesses for rubber plantation projects in Ban Chaung area, east of Dawei in Tanitharyi Division.

Wednesday, October 15, 2014

DKBA Statement




KAF နဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ

KNU-DKBA
KNU-DKBA
ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးတဲ့အခါ တန်းတူရည်တူ ပခုံးချင်းယှဉ်ပြီး ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေ အားလုံးစုပေါင်းပြီး KAF (Kawthoolei Armed Forces) ခေါ် ကော်သူလေ လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြပါတယ်။ ဒီလို ဖွဲ့စည်းလိုက်တဲ့အတွက် ကရင်ပြည်သူတွေ ပြည်ထောင်စုသားတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးအလားအလာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာ KAF ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် မဲ့အေစိန် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ် မဲ့အေစိန်တို့ ဖွဲ့စည်းတဲ့ KAF ထဲမှာ ကရင်လက်နက်ကိုင် အင်အားစုတွေအားလုံး ပါတယ်လို့ ဆိုနိုင်ပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုလက်ရှိ ရှိနေတဲ့ ကရင်လက်နက်ကိုင်က KNU ဦးဆောင်မှုအောက်မှာရှိတဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO က ကရင်အမျိုးသား မစခင်က Karen Defense Organization လို့ ခေါ်ထားတယ်။ လက်နက်ကိုင်စတာနဲ့ KNU ထဲ ပါလာတယ်။ ပြီးတော့ ခွဲထွက်တဲ့ DKBA, KNLA-PC (Peace Council) တို့ အဲဒီ (၄) ဖွဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့အစည်း အသေးအမွှားလေးတွေကတော့ တဖြည်းဖြည်းပပျောက်ကုန်ပါပြီ။ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့။ အခု ဒီအဖွဲ့ ဖွဲ့စည်းလိုက်တော့ (၄) ဖွဲ့။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးရမှာက KNU ရဲ့  military wing က KNLA ပေါ့။ အဲဒီအဖွဲ့ပါတယ်ဆိုတော့ တကယ်တော့ KNU ရဲ့  ဥက္ကဋ္ဌကြီးက အခုလက်ရှိ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဖြစ်ပါတယ်။ သူတို့ကော သဘောတူပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ သူတို့ သဘောတူတာ သဘောထားရှိပါတယ်။ ကျနော်တို့ ကေအန်ယူ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတာရှိတယ်။ ကျနော်တို့ ကရင်လက်နက်ကိုင်တွေအားလုံး ပြန်လည်စုစည်းဖို့။ ဆိုလိုတာက ဒီဘက်ထွက်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား အားလုံးပြန်စုစည်းဖို့ သဘောထားဆုံးဖြတ်ချက် ချထားတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဘယ်တုန်းကလဲ ခင်များ။ (၁၅) ကြိမ်မြောက် ကွန်ဂရက်က ဘယ်တုန်းက လုပ်ခဲ့တာလဲ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဖွဲ့တဲ့အခါကြတော့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ပါလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုတော့ မပါဘူး။ ဟိုတုန်းက ဆုံးဖြတ်ချက် တာဝန်ပေးထားတယ်။ KNLA စစ်ဦးချုပ်တို့၊ အဲဒီ ကော်မတီတွေ ဖွဲ့လိုက်ပြီး အဲဒီအထဲမှာ တာဝန်ပေးလိုက်တဲ့အပေါ်မှာ လက်ရှိ အခြေအနေအရ နောက်ဆုံးပြောရရင် ဗိုလ်ချုပ်ကြီးဂျော်နီ ဦးစီးတယ်။ ဒု စစ်ဦးစီးချုပ် က ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ။ ပြီးတော့ တပ်မဟာမှူးတွေပါတယ်။ အဲဒီလို ကြိုးစားပြီး တဆင့်ပြီးတဆင့် နောက်ဆုံးကြတော့ လက်ရှိအခြေအနေအရတော့ လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းဖို့ ကရင်လူထုကလည်း ပြည်တွင်းပြည်ပ လက်ခံထားပြီး၊ တောင်းဆိုလာတဲ့၊ ပြောလာတဲ့အပေါ်မှာ နောက်ဆုံးတော့။ အခု ပြောရမယ်ဆိုရင် ရန်သူတွေ ငြိမ်းချမ်းရေးကြိုးပမ်းနေတဲ့ ကာလမှာ ထိုးစစ်တွေ ဖြစ်လာတယ်။ တိုက်ပွဲတွေ ဖြစ်လာတဲ့အပေါ်မှာ နောက်ဆုံးကြတော့ ပြန်လည်ပြီး ပေါင်းစည်းရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေးကိစ္စကို မမေးခင်မှာ ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး မေးချင်ပါတယ်။ ဗိုလ်ချုပ်ကြီးဂျော်နီတို့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တော့ မပါဘူးပေါ့။ ဆိုတော့ သူတို့နဲ့ ကေအန်ယူ ခေါင်းဆောင်ပိုင်းထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိလာသလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ လူတွေ အဲဒီမေးခွန်းကို စိတ်ဝင်စားပါတယ်။ ဖြေပါအုံး ခင်ဗျ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒီ မေးခွန်းကတော့ ရှင်းရှင်းပြောရမယ်ဆိုရင် သဘောထား ကွဲလွဲတာကတော့ မဟုတ်ဘူး။ ကျနော်တို့က ကွန်ဂရက် ဆုံးဖြတ်ထားတဲ့ မူပေါ်မှာ ရပ်တည်ပြီးတော့ လုပ်သွားတာဖြစ်တယ်။ ဒါပေမဲ့ တချို့ ကတော့ ပြောရမယ်ဆိုရင် မူပေါ်ဆုံးဖြတ်ချက်ပေါ် မရပ်တည်ပြီးတော့ မလုပ်သွားတာတွေလည်း ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက် ဆက်မေးချင်တာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အခု ကေအန်ယူ က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေထဲမှာ ရှေ့ အကျဆုံး၊ အင်အားအကောင်းဆုံး၊ နှစ်ပေါင်းများစွာ တော်လှန်လာပြီးတော့ ကြံ့ကြံ့ခံ နေခဲ့တဲ့ အဖွဲ့အစည်းပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကေအန်ယူနဲ့ ငြိမ်းချမ်းရေးဟာ အင်မတန် အလားအလာကောင်းတယ် ဆိုပြီးတော့ တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ အတော်ကို ရင်းရင်းနှီးနှီး အလားအလာကောင်းတဲ့ဟာကို တွေ့ရပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မဲ့အေးစိန် က ပြောတယ်။ ငြိမ်းချမ်းရေး လုပ်ရတာ ရန်သူတွေလိုတောင် သုံးတယ်။ လုပ်နေတဲ့ ငြိမ်းချမ်းရေးကလည်း သိပ်အားရစရာ မကောင်းဘူးဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အခု KAF လို ဖွဲ့စည်းလိုက်တဲ့ ပုဂ္ဂိုလ်တွေက သိပ်ပြီးတော့ အယုံအကြည် မရှိကြတော့ဘူးလား ခင်များ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုက ကျနော်တို့ KAF ခေါင်းဆောင်တွေအားလုံးက ငြိမ်းချမ်းရေးတော့ လိုချင်တယ်။ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေးကို ဆက်လက်သွားဖို့လည်း ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ (၃) နှစ်ကျော် ကာလမှာ အပစ်အခတ်ရပ်စဲရေးဟာ စစ်မှန်တဲ့ အခြေခံစနစ် မရသေးဘဲနဲ့ ဆွေးနွေးဆွေးနွေးရင်နဲ့ ဆွေးနွေးချက်တွေ၊ သူတို့လုပ်ရပ်တွေကို ကြည့်ရတဲ့အပေါ်မှာ အစိုးရတပ်မှူးတွေ၊ အပေါ်စီးက ယူထားလိုက်တဲ့သဘော ရှိတယ်။ အဲဒီ ယူထားပြီးတဲ့ကာလမှာ ဆွေးနွေးတဲ့ကာလမှာ တိုက်တယ်။ DKBA တို့နဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ အဲဒီလုပ်ရပ်တွေအားလုံးကို ပြန်ခြုံကြည့်လိုက်တဲ့အခါ ပြောရမယ်ဆိုရင် ယုံကြည်မှု တည်ဆောက်မှုကို နည်းနည်းထိပါးလာတယ်။ ကျနော်တို့က တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကျနော်တို့ တပ်တွေလည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ဒါပေမဲ့ တခုရှိတာကတော့ အပေါ်စီးကနေ သဘောထားက သိပ်မူမမှန်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့  မူ (၆) ရပ်ကို ကိုင်စွဲထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဆက်ပြီးကျင့်သုံးတယ်။ တည်ဆဲဥပဒေ ကိုင်စွဲထားတယ်ဆိုတော့ အဲဒါက တော်တော်လေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ့် တည်တန့်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ကို ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ သဘောရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆက်မေးပါရစေ။ ငြိမ်းချမ်းရေးဟာ အခု အခြေအနေ မကောင်းဘူး။ အလားအလာ မကောင်းဘူးဆိုတော့ လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း (၆၀) ကျော် တိုက်လာခဲ့ပြီ။ ရည်မှန်းချက် မအောင်မြင်ခဲ့ဘူးလို့ ကျနော်တို့ ပြောရမှာပဲ။ နှစ်ဖက်စလုံးကလည်း သေကြကျေကြတာ သိပ်များလှပြီ။ ဆိုတော့ ဒီအချိန်မှာ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးကို အားမရလို့။ လက်နက်ကိုင်အင်အားကို ပြန်လည်ပြီး စုစည်းတယ်၊ ဖွဲ့စည်းတယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပိုပြီး အလှမ်းဝေးသွားတယ်။ အခု စုစည်းလိုက်တဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ ဆက်လက်ပြီး ချီတက်လို့ အောင်မြင်မှု ရလာနိုင်မယ်လို့ ထင်ပါလား။ လိုချင်တဲ့ ပန်းတိုင် ရောက်မယ် ထင်ပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ကျနော်တို့က စစ်ရေးကို ဦးစားပေးပြီးတော့ စစ်ရေးသက်သက် မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ ကွန်ဂရက်မှာ ဆုံးဖြတ်ထားတာ ရှိတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကိုင်စွဲတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့ကာလမှာ သဘောထားရိုးဖို့၊ သဘောထား မှန်ဖို့၊ တန်တူရည်တူ ရှိဖို့ လိုတယ်။ နောက်တခုက ငြိမ်းချမ်းရေးကို နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ကို ကျနော်တို့တပ်တွေ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ရှိတဲ့ အင်အားတွေ ညီညွှတ်ဖို့နဲ့ ဆိုလိုတာက တကယ့် စစ်မှန်တဲ့ တိကျတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တဲ့နေရာမှာ code of conduct နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တပ်တွေအကုန်လုံး ချုပ်ထိန်းနိုင်အောင် ပုံကျကျနဲ့ သွားနိုင်ဖို့ ဆန္ဒရှိတယ်။ စစ်ရေးနဲ့ နိုင်မယ်ဆိုတာကို ကျနော်တို့ မယုံကြည်ဘူး။ ကျနော်တို့လည်း လက်မခံဘူး။ ကျနော်တို့ တလျှောက်လုံး တော်လှန်ရေး နှစ်ပေါင်း (၆၀) ကျော် စစ်ရေးနဲ့ မရဘူး။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ အသားလွတ် လက်နက်မဲ့နဲ့ အသားလွတ် ဥပဒေဘောင်အတွင်း ဝင်ခိုင်းပြီးတော့ လက်နက်စုခိုင်းတာမျိုး မပြောဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတော့ ဘယ်လိုမှ စဉ်းစားလို့မရဘူး။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်တို့ ပြောတဲ့သဘောကို ကျနော် နားလည်းသလောက် ပြန်ပြောရမယ်ဆိုရင် အခု စစ်အင်အားတွေကို ပြန်လည်စုစည်းခြင်းဟာ နိုင်ငံရေးအားဖြင့် ဆွေးနွေးတဲ့နေရာမှာ အလေးတင်းဖို့အတွက်ပေါ့။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ဆိုလိုတာတော့ စစ်အင်အား ပြန်စုစည်းတဲ့နေရာမှာ နိုင်ငံရေး တိုးနိုင်ဖို့ကို တန်တူရည်တူ အခွင့်အရေးရှိဖို့။ ကျနော်တို့ နောက်ခံတွေလည်း ရှိဖို့။ ညီညွှတ်မှုရှိဖို့ အဲဒါတွေကို စဉ်းစားပြီးတော့ သဘောထားပြီးတော့ အဲဒီအတိုင်းလုပ်တယ်။ လူထု တညီတညွတ်တည်း အဲဒီအတိုင်း တောင်းဆိုတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆက်မေးချင်တာတခုက တချို့ ဝေဖန်သူတွေက ပြောကြတယ်။ အခု လက်နက်ကိုင်အင်အားစုတွေ စုပြီးတော့ KAF ဖွဲ့တယ်ဆိုတဲ့ဟာက အဲဒီအထဲမှာ ခေါင်းဆောင်တချို့ ကို နံမည်နဲ့ကို ဖော်ပြောတယ်။ သူတို့က စီးပွားရေးအကျိုးအတွက် လုပ်နေကြတာ။ အဲဒီတော့ စီးပွားရေး အကျိုးအမြတ်အတွက် ပေါက်ကရတွေလုပ်တယ်။ အဲဒါကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်။ အဲဒီလူတွေ မကျေနပ်တဲ့လူတွေက စုစည်းပြီး ဖွဲ့နေတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိပါတယ်။ အဲဒါကို ဘယ်လို ပြန်ဖြေချင်ပါလဲ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒါကတော့ ပြောရမယ်ဆိုရင် အခုန ဦးကျော်ဇံသာ ပြောတဲ့ ဒီသတင်းတွေလည်း မှန်တဲ့အပိုင်းလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တပ်စုစည်းတာက ငြိမ်းချမ်းရေးကို ပျက်အောင်လုပ်တာ မဟုတ်ဘူး။ အဲဒါကို အားလုံး သိထားဖို့ နားလည်ဖို့။ ကျနော်တို့က သဘောထားရိုးရိုးနဲ့ ကျနော်တို့ရှိတဲ့ ကရင်တွေအားလုံး စည်းလုံးဖို့။ ကျနော်တို့ရှိတဲ့ လက်နက်ကိုင်တွေ အားလုံး စည်းလုံးဖို့။ (၁၅) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်ရဲ့  ချမှတ်ထားတဲ့ မူကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့။ ကျနော်တို့ အင်အားတွေ ပြန်စုစည်းဖို့။ အခုန ကြားတဲ့ဟာတွေကတော့ တချို့ အပိုင်း မှန်တာလဲ မှန်တယ်ဆိုတာကတော့ ကျနော်တို့ ရည်မှန်းထားတဲ့ (၁၅) ကြိမ်မြောက် ချမှတ်ထားတဲ့ ကွန်ဂရက်ရဲ့  ဆုံးဖြတ်ချက်သဘောထားကို တချို့ က နည်းနည်းလေး ကျော်သွားတာတို့၊ ပေရှည် သွားတာတွေ ရှိတယ်။ အဲဒါတွေလည်း ရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အခု ငြိမ်းချမ်းရေးဖြစ်စဉ် မအောင်မြင်ရခြင်းဟာ တချို့ က သုံးသပ်ကြတယ်။ အခုလောလောဆယ်မှာ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်သွားရင် လက်ရှိ သမ္မတဦးသိန်းစိန်တို့ အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးအားဖြင့် အလေးသာသွားမယ်။ အဲဒါကြောင့် အဲဒီ ရွေးကောက်ပွဲမတိုင်ခင် ဒီလူတွေကို အမှတ်မပေးချင်ဘူး။ ဒါကြောင့် ဒီဟာကို မလိုလားတဲ့ လူတချို့ က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်အောင်ဖျက်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ တကယ်လို့ အဲဒီ စကားသာ မှန်ခဲ့ရင် ဗိုလ်ချုပ်တို့ အခု ဖွဲ့စည်းလိုက်တဲ့ KAF ဟာ ငြိမ်းချမ်းရေး မလိုလားသူတွေရဲ့  ကျော့ကွင်းထဲကို ဝင်နေတယ်လို့ သုံးသပ်စရာ မဖြစ်ဘူးလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒါ မဖြစ်ဘူး။ ဘာဖြစ်လဲဆိုရင် သူတို့ဟာ သူတို့ အလိုအလျောက် ဦးသိန်းစိန်အစိုးရက ပြောရမယ်ဆိုရင်တော့ ၂၀၁၄-၁၅ မှာ ပြသွားမှာ သူတို့ဘာသူတို့ပဲ။ သူတို့ ပြင်ဆင်ပြီးသာပါ။ ၂၀၁၅ မှာ ဦးသိန်းစိန်အစိုးရ ဆက်ပြီးတော့ မရနိုင်ဘူးလို့ ကျနော်တို့ သိထားတယ်။ အတွင်းအခြေအနေမှာလည်း အဲဒီလို သိထားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခုက အခု KAF ဖွဲ့စည်းတဲ့ ဗိုလ်ချုပ်တို့ကို ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထား တင်းမာသူလို့ သတ်မှတ်မယ်ဆိုရင် ဗိုလ်ချုပ်တို့ လက်ခံပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ကျနော်တို့က သဘောထား တင်းမာသူ။ ကျနော်တို့ မူပေါ်မှာ ရပ်တည်ပြီး ကျနော်တို့ ကရင်တမျိုးသားလုံး လိုချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ပန်းတိုင်ကို တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကို သွားဖို့ ကျနော်တို့ ဒီလမ်းအတိုင်းကို ဦးတည်ပြီးတော့ သဘောထားသွားတာ။ အမှန်တရားကို ရပ်တည်တဲ့လူကိုတော့ ပထမပိုင်းမှာတော့ ဒီလူတွေ မမှန်ဘူး၊ မကောင်းဘူးလို့ ပြောစမြဲပဲ။ ဒါလဲ ကျနော်တို့ ဖြတ်သန်းမှု ဘဝက ဒီလိုဖြစ်တယ်။ ဟို့အရင် နေဝင်း အာဏာသိမ်းတဲ့ ၆၂ ခုနှစ်မှာ မူးဆိုးကော်ကစာ၊ စောဟန်တာသာမွှေး နဲ့ မန်းဘခိုင် ကွဲတဲ့အခါမှာ ရပ်တည်တဲ့လူဖက်က မှားတယ်ဘာညာဆိုပြီး နောက်ဆုံးတော့ … ကျနော်တို့ကတော့ အမှန်တရားကို ရပ်တည်ပြီး သွားကြတဲ့ လူတွေလို့ အဲဒီလို သိစေချင်တယ်။

Tuesday, October 14, 2014

VOA News

ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သဘောတူ

ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်
ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းဖို့ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူတွေ သဘောတူ လက်မှတ်ထိုးလိုက်ပါပြီ။ ကော်သူလေတပ်မတော် KAF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်ဖွဲ့တွေအားလုံး စုစည်းနိုင်ဖို့ ကနဦးပြင်ဆင်ချက်ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုစဉ်းစားရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တပ်တွေ စုစည်းရသလဲဆိုတာကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်လူထုတွေရဲ့ တောင်းဆိုချက်အရ KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်ကနေ ညီညွတ်ရေးအတွက် လုပ်ဆောင်ဖို့ မူချထားခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး အလံတော်အောက်ကနေ ခွဲထွက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ကရင်လက်နက်ကိုင်တွေကို စုစည်းဖို့အတွက် ပြီးခဲ့တဲ့လတွေတုန်းက ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အခုအခါမှာတော့ ကရင်ပြည်နယ်တွင်းမှာ မငြိမ်သက်မှုတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် စိုးရိမ်စရာ အခြေအနေအောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ စုစည်းပြီး အောက်တိုဘာ ၁၃ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အခုသဘောတူညီမှုထဲမှာတော့ ကရင်လက်နက်ကိုင် တဖွဲ့ချင်းအပေါ်မှာ စော်ကား ထိပါးလာမယ်ဆိုရင် အားလုံးက ခုခံတိုက်ပွဲဝင်ကြမယ် ဆိုတဲ့အကြောင်းတွေ ပါဝင်တာပါ။  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်ရင်းနဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်း ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုက Nationwide Ceasefire သွားတဲ့ကာလမှာ ပိုပြီးတော့ တဆင့်မြင့်လာတော့ ကျနော်တို့အားလုံး လူမျိုးစုတွေရော၊ ကျနော်တို့ရှိတဲ့ KNU ရော၊ တစုတစည်းတည်း သွားကြဖို့၊ သွားတွေ့လိုက်တဲ့အခါမှာ တကြိမ်ပြီး တကြိမ်၊ တကြိမ်ပြီး တကြိမ်၊ နောက်ဆုံးကျတော့ အခုက တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ လှုပ်ရှားမှုသဘောထားတွေဟာ စိုးရိမ်စရာ အခြေအနေတွေရှိတယ်။ ယုံကြည်မှုတည်ဆောက်ရေးရဲ့ လက္ခဏာက နည်းနည်းလေး ပြောင်းလဲလာတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ရဲ့ ကြေညာချက်ထဲမှာလည်း ကရင်အားလုံးက ညီညီညွတ်ညွတ် လက်တွဲပြီးတော့ ကျနော်တို့အမျိုးသားရယ်၊ ကျနော်တို့ ပြည်သူရယ်ကို ကာကွယ်ဖို့၊ တကယ်လို့ လိုအပ်လာရင် ကျနော်တို့ လှုပ်ရှားဖို့၊ အဲ့ဒါ ဒီကြေညာချက်ထဲမှာရှိတယ်။ ဆိုလိုတာက ကျနော်တို့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ကာလမှာ စစ်ဖြစ်လာရင် ကျနော်တို့ ကာကွယ်ကြဖို့၊ One Command အောက်မှာ ပြန်ထားလိုက်တဲ့အပေါ်မှာ အကုန်လုံး ကျန်တဲ့အဖွဲ့အစည်းတွေ၊ ဖျက်သိမ်းမလား၊ ဖျက်သိမ်းလို့ကလည်း မရသေးဘူး ဒီကာလမျိုးကြီးမှာတော့ အကုန်လုံးပြန်ပြီးတော့ သူ့နေရာနဲ့သူ အမျိုးသားအလံတော် တခုအောက်မှာပဲ ရှိကြဖို့၊ ခံယူကြဖို့၊ ပြီးတော့ ဒီ KAF ခေါင်းဆောင်မှုအောက်မှာ ခံယူကြဖို့၊ အဲ့ဒီလိုပဲ လုပ်သွားကြမှာဖြစ်တယ်၊ အဲ့ဒါ ပထမအဆင့်။ နောက် ဒုတိယအဆင့်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကနေ Nationwide Ceasefire၊ နောက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး အဆင့်မှာတော့ မရှိသေးပါဘူး။”      
တပ်ဖွဲ့တွေထဲမှာ KNU ရဲ့တပ်ဖြစ်တဲ့ KNLA တပ်ကိုယ်စား ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘော်ကျော်ဟဲ DKBA ကိုယ်စား ဗိုလ်ချုပ်စောလားဘွယ် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နာတာမြ KNU KNLA ငြိမ်းချမ်းရေးကောင်စီတပ် ကိုယ်စား ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးတို့က ဦးဆောင်ပြီး  ကော်သူလေတပ်မတော်ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့  ကော်သူလေတပ်မတော်ကို တပ်မှူးအားလုံးရဲ့ သဘောတူညီချက်နဲ့ ကရင်လူထု တောင်းဆိုချက်အရ ပြင်ဆင်လုပ်ဆောင်ပြီး ဖွဲ့စည်းထားတာဖြစ်ကြောင်းကို ပြောပြပါတယ်။
“တကယ်တမ်းတာဝန်ရှိတဲ့ လိုအပ်နေတဲ့ အချိန်ပေါ် မူတည်ပြီး အချိန်ယူပြီးတော့ ပြုစုပျိုးထောင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ချက်တွေဖြစ်တယ်ဗျ။”
မကြာသေးခင်တုန်းကတော့ မြန်မာအစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ ကရင်ဒုက္ခသည် ရာနဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့အထိ ဖြစ်ရတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဘက်တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အခု ကရင်လက်နက်ကိုင်တွေ စုစည်းထားတဲ့ ကော်သူလေတပ်မတော်နဲ့ KNDO လို့ခေါ်တဲ့ တပ်တွေဟာ ကရင်တော်လှန်ရေး စတင်ကတည်းကရှိခဲ့တဲ့ တပ်များဖြစ်ပြီး ဖျက်သိမ်းထားခြင်းမရှိဘဲ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
ကော်သူလေတပ်မတော်ကို ကရင်လက်နက်ကိုင်တွေ စုစည်းတဲ့အခါမှာ အားလုံးလက်ခံတဲ့အတွက် အဲဒီနာမည်ကိုရွေးချယ်ပြီး အဲဒီအောက်မှာ တပ်တွေစုစည်းလိုက်တာ ဖြစ်တယ်လို့ KNU စစ်ဦးစီးပထမတန်း ဗိုလ်ချုပ် မဲ့အေစိန်က ဆိုပါတယ်။ ကော်သူလေ armed foced လို့ခေါ်တဲ့ ကော်သူလေတပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့  ကရင်အမျိုသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့၊ တပ်မတော်အဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့ ၄ ဖွဲ့ဟာ တခုတည်းသော ကရင်အမျိုးသား အလံတော်အောက်မှာ ရှိနေကြပြီး တဖွဲ့ဖွဲ့ကို ထိပါးစော်ကားလာမယ်ဆိုရင် တညီတညွတ်တည်း ခုခံကာကွယ်သွားဖို့ဆိုတာတွေ ဒီမိုကရေစီရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်သားတပ်ပေါင်းစုနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ် ဆိုတာတွေကို ဖော်ပြထားပါတယ်။

ဘာ စာ လဲ

စား ခွက် ပြောက် မှာ စိုး တဲ့ လူ တွေ က တော့ မ ကြိုက် ပေ မဲ့ ပြတ် ပြတ် သား သား လဲ မ ပြော ရဲ ပါ လား။

KAF

KNU ခေါင်း ဆောင် တ ချို့ ငွေ လုပ် စား တဲ့ အ ချိန် မှာ က ရင် လူ မျိုး အ တွက် ရပ် တည် မဲ့ သူ ရဲ ကောင်း တွေ က တော့ ညီ ညွတ် ရေး ပေါ့။

KNU ခေါင်းဆောင်များ ခရီးသွားလျှင် သတိထားရတော့မည်

KNU ခေါင်းဆောင်များ ခရီးသွားလျှင် သတိထားရတော့မည်

အောက်တိုဘာ - ၁၃ - ၂၀၁၄

ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်များ ခရီးဝေးသွားမည်ဆိုလျှင် အထူးသတိထား၍ သွားလာရတော့မည်ဟု ကရင်အမျိုးသားများက ပြောဆိုကြသည်။

ယခုလ ၁၁ ရက်နေ့က KNU ဥက္ကဌနှင့်ထိပ်တန်းခေါင်းဆောင်အချို့ သည် ဘားအံတွင်ပြု လုပ်မည့် ဆက်ဆံရေးရုံးအသစ်ဖွင့်ပွဲသို့ မြ၀တီ-ကော့ကရိတ် ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့သည်။

အဆိုပါနေ့လည် ၁၂ နာရီခန့်တွင် ဒေါနတောင်ကျော်ကားလမ်းပေါ်ရှိ အလယ်ဗိုလ်တဲစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ခရီးသွား ၄ ဦးသေဆုံးခဲ့သည်။

KNU ဥက္ကဌနှင့်အဖွဲ့မှာ တစုံတရာအန္တရာယ် ကျရောက်ခြင်းမရှိဘဲ ဘားအံမြို့ သို့ ချောမောစွာရောက်ရှိခဲ့သည်။

ကရင်အမျိုးသားထုအတွင်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်မှုဖြစ်မိသည်ဟု သဘောထားပေးကြသည်။

ဘားအံမှစောအယ်ထူးက" အခြေအနေတွေကတော့ရူတ်ထွေးလာပြီး လူကြီးတွေအနေနဲ့ နောက်ကိုခရီးသွားမယ်ဆိုရင် ဘယ်သူ့ကိုမှယုံစားလို့မရတော့ဘူး"ဟုဆိုသည်။

မဲဆောက်မှကရင်လူငယ်တဦးက"အဖိုးမူးတူး အပါအ၀င် KNU ကလူကြီးတွေအားလုံး ပေါ့ဆလို့တော့မရတော့ဘူး ဖြစ်နိုင်ရင်တောလမ်းခရီးတွေကိုရှောင်ပြီးလေယာဉ်ခရီးစဉ်တွေကိုဘဲ အသုံးပြုသင့်တယ်"ဟု ပြောသည်။

အဆိုပါဖြစ်ရပ်သည် KNU ခေါင်းဆောင်များအားလုံးကို သတိပေးတပ်လှန့်လိုက်သည့် အချက်ဖြစ်သည်ဟုလည်း ကရင်အမျိုးသားအချိ့ က ဝေဖန်သုံးသပ်ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399&fref=ts

ပုံစာ - KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုး။

ကော်သူးလေတပ်မတော်(KAF) သဘောတူညီချက်နှင့် ကြေညာချက်ထုတ်ပြန်

ကော်သူးလေတပ်မတော်(KAF) သဘောတူညီချက်နှင့် ကြေညာချက်ထုတ်ပြန်

KAF Agreement in Burmese (Oct 13-2014)

အောက်တိုဘာ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ

အဖိနှိပ်ခံနေရသော ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင် ရန်အတွက် ကရင်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ကော်သူးလေတပ်မတော်(Kawthoolei Armed Forces -KAF)အဖြစ် ပြန်လည်ပေါင်းစည်းလိုက်ကြောင်း KAF က အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက “အခုဟာ ကရင်တပ်မတော်တွေက အများ ကြီးရှိတဲ့အတွက်ကြောင့် အနာဂတ်အတွက် ကျနော်တို့က KAF အောက်မှာဆို ပိုပြီးကောင်းတယ်ပေါ့။ ဒီအတွက်ကို ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အများကြီး ဆွေးနွေးရတယ်။ KAF ဆိုတဲ့ Umbrella အောက်မှာသွားဖို့ ကျနော်တို့ သဘောတူညီချက်တွေ ရှိ တယ်။ တယောက်တဖွဲ့ဆိုတာက နိုင်ငံတကာရှေ့မှာလည်း မကောင်းဘူးလေ။ အဲဒါကြောင့်မို့ တစ်ခုတည်းအနေနဲ့ လက်ခံနိုင် လားဆိုတော့ အားလုံးအနေနဲ့ သဘောတူတယ်။ အဲဒါကြောင့်မို့ ဒီထုတ်ပြန်ချက်ကို ထုတ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါပေါင်းစည်းထားသည့် KAF အနေဖြင့် စစ်ဖက်အရ လက်တွဲလုပ်ဆောင်သွားရန် သဘောတူခဲ့သော်လည်း နိုင်ငံရေးအရ မည်သည့်ဦးဆောင်မှုအောက်တွင် ဆက်လုပ်ဆောင်သွားရန်နှင့် ရှေ့ဆက် ပိုမို စည်းလုံးညီညွှတ်မှုရှိရေး ဆောင်ရွက်သွားရန်အ တွက်မူ ဆက်လက် ဆွေးနွေးသွားရဦးမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဆက်ပြောသည်။
KAF ၏ ကြေညာချက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို ဗမာစစ်တပ်မှ အကြပ်ကိုင်ခြင်း၊ လက်နက်သိမ်းခြင်း၊ အကြောင်းရှာ တိုက်ခိုက် မှုပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးရဲဘော်များနှင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း စသည်တို့ကို ကျယ် ကျယ်ပြန့်ပြန့် ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်နှင့် တစ်ချိန်တည်း ဖြန့်ဝေသည့် ၎င်းတို့၏ သဘောတူညီချက်တွင် KAF အဖြစ် ပေါင်းစည်းထားသည့် KNLA, KNDO, DKBA, KNU/KNLA-PC အဖွဲ့တို့သည် တစ်ခုတည်းသော ကရင်အမျိုးသားအလံတော်အောက်တွင် ရှိနေကြပြီး အဖွဲ့တစ် ခုခုအပေါ် ထိပါးလာခြင်း၊ ကျူးကျော်တိုက်ခိုက်လာခြင်းနှင့် စော်ကားလာခြင်းများ ပြုလုပ်ခံလာရပါက အဖွဲ့အနေဖြင့် တစ်သွေး တစ်သံ၊ တညီတညွှတ်တည်း ခုခံတိုက်ပွဲဝင်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။
၎င်းသဘောတူညီချက်တွင် KNLA စည်းတံဆိပ်ဖြင့် ဒုစစ်ဦးစီးချုပ်၊ KNDO စည်းတံဆိပ်ဖြင့် ဦးစီးချုပ်၊ DKBA အနေဖြင့် ဗိုလ်ချုပ် စောလားပွယ်(က/၀၀၀၆) စည်း၊ လက်မှတ်နှင့် Peace Council အနေဖြင့် ဗိုလ်မှူးကြီးတိုက်ဂါးတို့မှ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။
ထို့အပြင် ကော်သူးလေတပ်မတော်(KAF)သည် ကရင်အမျိုးသားနှင့် ပြည်သူလူထုတစ်ရပ်လုံးကို အကာအကွယ်ပေးမည့် တပ်မ တော်ဖြစ်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရှိသော စစ်မှန်သည့် ဖက်ဒ ရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကို တိုင်းရင်းသားတပ်ပေါင်းစုနှင့် ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားမည်ဟုလည်း သဘော တူညီချက်တွင် ရေးသားထားသည်။
KAF ၏ ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ၃နှစ်ကျော်ရှိခဲ့ပြီးဖြစ်သော်လည်း မျှော်လင့်ထားသည့် အောင်မြင်တိုးတက်မှု မရရှိသေးဘဲ ဗမာစစ်တပ်မှ ယုံကြည်မှုကို ပျက်ပြားစေသော လုပ်ရပ်များ ပြုလုပ်လာနေပြီး ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်များတွင် စစ်အရှိန် ပိုမိုတိုးမြှင့်လာသည့်အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်လည်း တိုက်ခိုက်လာ ကာ စစ်ရေးလှုပ်ရှားမှုအရှိန် တိုးမြှင့်လာနေသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်း ဆောင်ရွက်မှုအပေါ် လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဒီကြေ ညာချက်၊ သဘောတူညီချက်ကို ကျနော်တို့ ကောင်းကောင်း မသိရဘူး။ ကေအဲန်ယူ ၁၅ကြိမ်မြောက်ကွန်ဂရက်အပြီး ပထမအ ကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ လုပ်ငန်းဆိုင်ရာ ကော်မတီတွေဖွဲ့တဲ့အခါ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည် ပေါင်းစည်းရေးကော်မတီကို ဖွဲ့ဖြစ်ခဲ့တာ ရှိတယ်။ ဒီ KAF ဆိုတာက တစ်ခုတည်းသော အုပ်ချုပ်မှုအောက်မဟုတ်ဘဲ စစ်ဖက်လုပ် ငန်းသဘောအရ ပေါင်းစည်းမှုလို့ပဲ ယူဆပါတယ်”ဟု ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
ကေအဲန်ယူ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည် ပေါင်းစည်းရေးကော်မတီတွင် ဥက္ကဌအဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဒုဥက္ကဌအဖြစ် ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ အပါအ၀င် ကော်မတီဝင် ၇ဦးဖြင့် ဖွဲ့စည်းထားသည်။ ထိုကော်မတီက ၂၀၁၃ခုနှစ်၊ မေလတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွှတ်ရေးကော်မတီကို ဆက်လက်ဖွဲ့စည်းကာ အမျိုးသားစည်းလုံးညီညွှတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို အကောင်အထည်ဖော် ဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။

Sunday, October 12, 2014

ရှေ့နောက်ပြန်ချိန်ထိုးရမယ့် -ဦးသိန်းစိန်-မိန့်ခွန်း၂ခု

လေ့လာနိုင်စေဖို့ copy လုပ်ပြီးဖြန့်ပါတယ် ။ ကျေးဖူးပါ ဆရာ ခွန်ဆိုင်း
--------------------------------------------------------------------------------------------
ရှေ့နောက်ပြန်ချိန်ထိုးရမယ့် -ဦးသိန်းစိန်-မိန့်ခွန်း၂ခု
October 10, 2014 at 10:18am
ခုလပိုင်းများအတွင်း သမတ ဦးသိန်းစိန် ရဲ့ လူထုကိုချွေသောမိန့်ခွန်း၂ ခုနဲ့ ပတ်သက်လို့ ရှေ့နောက်ညီဦးမှာလား ပြန်လှန်မေးခွန်း ထုတ်စရာ- ဖြစ်လာပါတယ်

ပထမမိန့်ခွန်း ။ ။

တိုင်းပြည်ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက် တပ်မတော်ဖက်က များစွာ စိတ်ရှည်သီးခံ လိုက်လျောခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေးကူးပြောင်းမှုဟာ အာရပ်နွေဦးလို တိုင်းပြည်အခြေအနေ မဆိုးခဲ့ဘူး။ စစ်ပွဲတွေ မဖြစ် ခဲ့ဘူးလို့ ဦးသိန်းစိန် ပြောဆိုတဲ့အချက်။
ဒေါ်အောင်ဆန်းစုကြည် လည်း အာရပ်နွေဦးလို ကူးပြောင်းမှုမျိုးမဖြစ်လိုဘူးလို့ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်သူ စကားရည်ရွယ်ချက်မှာ ပြည်သူပြည်သားတွေစစ်ဘေးသင့်-သေကျေပျက်စီး -ထွက်ပြေး စတဲ့ ကသောင်းကနင်းသွေးထွက်သံယိုများစွာနဲ့ပြောင်းလဲရခြင်းကိုမဖြစ်စေလိုတာ။ အာဏာကူးပြောင်းမှု အကျိုးဆက်ကိုသာ ပြောညွှန်တာဖြစ်ပြီးနိုင်ငံရေးဖြစ်စဉ်တွေကို တူသယောင်နှိုင်းယှဉ်တာမပါပါ။ နိုင်ငံရေးပြသနာတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးစားပွဲထိုင်ဖြေရှင်းပြေလည်သွားစေလိုတဲ့အကြောင်းသာ ဖြစ်ပြီး ဒီမိုကရေစီလိုချင်တဲ့ အင်အားစုတွေဘက်ကဖြင့်အလျော့ပေးခဲ့ရတယ်။ တပ်မတော်ဘက်ကတော့ အသာစီးယူခဲ့တယ်။တပ်မတော်ဘက်ကဖြင့်ချည်ပြီးတုတ်ပြီးလုပ်ခဲ့တယ်လို့ စကားနာထိုး စကားယူပြောခဲ့တဲ့သဘောမပါပါ။
သမတကြီးဦးသိန်းစိန်မိန့်ခွန်းကတော့ တပ်မတော်ဘက်က သဘောထားကြီး အလျော့ပေးလို့သာ

မြန်မာသံတော်ဆင့်သတင်းဌာနအယ်ဒီတာ့အာဘော်

ငိမ်းချမ်းရေးအတွက် စေတနာ မှန်ပါစေ -

ငြိမ်းချမ်းရေးအတွက် စေတနာ မှန်ပါစေ - အယ်ဒီတာ့အာဘော်
12 October 2014

 မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေသည် လတ်တလောတွင် တိုးတက်မှု မရှိရုံသာမက နောက်ပြန် ဆုတ်သွားသည့် အနေအထား မျိုး ရောက်ရှိနေသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးရန် တွေ့ဆုံ ဆွေးနွေးနေမှု သည်လည်း ရရှိပြီးသား သဘောတူညီချက် အချို့ကိုပင် ပြန်လည် ညှိနှိုင်း ဆွေးနွေးရမည့် အနေအထားမျိုးတွင် ရှိနေပြီး တိုင်းရင်းသားဒေသ အချို့၌လည်း သေ...
နတ် သံများ ပြန်လည် ထွက်ပေါ် လာနေသည့်အတွက် ငြိမ်းချမ်းရေး ခရီး ရှေ့မရောက်ဘဲ နောက်ပြန် ဆွဲနေသည်ဟု ဆိုခြင်းဖြစ်သည်။ ယင်းအခြေအနေမှာပင် သမ္မတဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေး ကိစ္စ အောင်မြင်စွာ ဆောင်ရွက်နိုင် မှ သာလျှင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မည်ဖြစ်ပြီး ယင်းသို့ စတင် နိုင်မှသာ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေး ကို သေချာရေရာ စေမည်ဖြစ်ကြောင်း ယခုလဆန်း ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

ယင်းပြောဆိုမှုအတွက် ဝေဖန်မှုများစွာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခြင်း မရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ၊ မရေရာဟူသော အဓိပ္ပာယ်ကို ဆောင်သောကြောင့် ဝေဖန်မှုများ ထွက်လာခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး နိုင်ရေး သည် နှစ်ပေါင်း ၆၀ကျော် ကြာအောင် ဖြစ်ပွားခဲ့သော မြန်မာ့ ပြည်တွင်းစစ် မီးငြိမ်းရန်အတွက် လွန်စွာ အရေးကြီးသော အဆင့်တစ်ဆင့် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အပစ်ရပ် သဘောတူညီချက် ရေးထိုး ရုံမျှနှင့် သေနတ်သံများ ရပ်စဲသွားပြီး ပြည်တွင်းစစ်မီး ငြိမ်းသွားမည်ဟု အာမခံ၍ မရပေ။ အပစ်ရပ် လက်မှတ်ရေးထိုး ထားရုံမျှနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်နိုင်ဟု ကျိန်းသေ မဆိုနိုင်ပေ။

အပစ်ရပ် လက်မှတ်မရေးထိုးမီ အပစ်ရပ်ခိုင်မာ စိတ်ချရရေးအတွက် လိုအပ်သော ညှိနှိုင်း ဆွေးနွေးမှုများကို အကြိမ်ကြိမ် အဖန်ဖန်ပြုလုပ်၍ နားလည်ယုံကြည်မှု တည်ဆောက်နိုင်မှ သာလျှင် လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း သေနတ်သံများ လျော့ပါးသွားရေးကို စိတ်ချရ နိုင်မည်ဖြစ် သည်။ ဆိုလိုသည်မှာ အပစ်ရပ် လက်မှတ်ရေးထိုး နိုင်ရေးထက် အပစ်ရပ် အမှန်တကယ် ခိုင်မာစေရေးက ပိုမို အရေးကြီးသည်ဟူ၍ ဖြစ်သည်။ နယ်မြေ သတ်မှတ်မှုများနှင့် ပတ်သက်၍ တိတိကျကျ ပိုင်းခြား သတ်မှတ် လိုက်နာရေး၊ အပစ်ရပ် မဖြစ်ပွားရေး အတွက် စောင့်ကြည့်အဖွဲ့များ ထားရှိရေး၊ ပစ်ခတ်မှု ဖြစ်ပွားလျှင် အလျင်အမြန် ဖြေရှင်း ပေးနိုင်မည့် ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့စည်းရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များအကြား ထားရှိရမည့် စည်းမျဉ်းများ သတ်မှတ် လိုက်နာရေး စသည့် စသည့် အရေးကိစ္စများကို ခိုင်မာသထက် ခိုင်မာအောင် ညှိနှိုင်းထားမှသာ အပစ်ရပ် လက်မှတ်ရေးထိုး ပြီးနောက် တွင် သေနတ်သံများ အမှန်တကယ် ရပ်စဲသွားနိုင်မည် ဖြစ်သည်။ အပစ်ရပ် သဘောတူညီမှု လက်မှတ် မရေးထိုးမီ သဘောတူညီချက်များ ခိုင်မာအောင် နားလည် ယုံကြည်မှု ရယူရေးက အလွန်အရေး ကြီးလှသည်။ လက်မှတ် မရေးထိုးမီ အပစ်ရပ် ခိုင်မာစေရေးကို အကြိမ်ကြိမ် အဖန်ဖန် ညှိနှိုင်း ဆွေးနွေး သွားခြင်းဖြင့် အပစ်ရပ် လက်မှတ် မရေးထိုးနိုင် သေးသည့်တိုင် အဆိုပါ တွေ့ဆုံ ညှိနှိုင်းမှုများက အနာဂတ် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် များစွာ အကျိုးရှိ စေမည်သာ ဖြစ်သည်။

လက်ရှိ သမ္မတအနေနှင့် ၎င်း၏အစိုးရအဖွဲ့ သက်တမ်းအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် အာသာဆန္ဒ ပြင်းပြနေသည်မှာ ပေါ်လွင်လှသည်။ အပစ်ရပ် လက်မှတ်ရေးထိုး နိုင်ရေးကို သမ္မတနှင့် အစိုးရအဖွဲ့တို့ ဆန္ဒပြင်းပြနေသကဲ့ သို့ပင် စစ်ဘေးဒဏ် ခံနေ ရသော ပြည်သူများကလည်း အမှန်တကယ် အပစ်အခတ် ရပ်စဲသွားရန် လိုလားတောင့်တ နေမည်သာဖြစ်သည်။ အပစ်ရပ် လက်မှတ် ရေးထိုးမှုထက် အမှန်တကယ် အပစ်အခတ် ရပ်စဲ၍ တိုက်ပွဲများ ရပ်ဆိုင်းသွားခြင်းကို ပြည်သူများက လိုလားနေခြင်း ဖြစ်သည်။ သို့အတွက် အပစ်ရပ် လက်မှတ် ရေးထိုးရေးကို နာမည်ကောင်းရရုံ ကြိုးပမ်း အားထုတ်မည့်အစား အမှန်တကယ် အပစ်ရပ် ခိုင်မာစေရေးကို ဦးစားပေးသင့်သည်။ လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ စေတနာမှန်မှန်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြမည် ဆိုပါက နောင်အစိုးရသစ် တက်လာသည့်အခါ၌ ၀န်ထုပ်ဝန်ပိုးလျော့ နည်း နိုင်ပေလိမ့်မည်။ သို့မဟုတ်ဘဲ နောင်ခါလာ နောင်ခါဈေး သဘောထားကာ နာမည်ကောင်းရရုံ လုပ်ဆောင်သွားမည် ဆိုပါက နောင် အစိုးရသစ် အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။ ထို့အတူ ပြည်သူလူထု အပေါ်၌လည်း ၀န်ပိစေလိမ့် မည်သာ ဖြစ်သည်။

အပစ်ရပ် လက်မှတ် ရေးထိုးနိုင်သည် ဖြစ်စေ၊ မရေးထိုးနိုင်သည်ဖြစ်စေ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အရေး အတွက် စေတနာမှန်ထားကာ ကိုယ်ကျိုးစီးပွား ဘေးဖယ်၍ လုပ်ဆောင် သွားမည်ဆိုပါက ကြားကာလ နိုင်ငံရေး တည်ငြိမ်မည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို လည်း အောင်မြင်စွာ ကျင်းပနိုင်မည် သာ ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

အယ်ဒီတာ

၈-၁၀-၂၀၁၄

မြန်မာသံတော်ဆင့်သတင်းဌာန –
http://www.facebook.com/myanmarherald