Blogger Widgets

Thursday, July 19, 2012

ဆက်လုပ်

ဘီ ဘီ စီ သ တင်း မှာ တပ် မ ဟာ ၅ ဒေ သ မှာ တိုက် ပွဲ ပြန် ဖြစ် တယ် ဆို ပဲ။ ဖြစ် သင့် ပါ တယ် ဒီ လို သာ တပ် မ တော် က မ တ ရား အင် အား တိုး ချဲ့ နေ မယ် ဆို ရင် တိုက် သာ တိုက်။ K N U အ နေ နဲ့ လဲ code of conducts နဲ့ အ တူ နောက် ထပ် ဆွေး နွေး ပွဲ အ မြန် ဆုံး လုပ် သင့် ပါ ပြီ။ အဲ ဒီ လို မ ဟုတ် ဘူး ဆို ရင် တော့ K N U အ နေ နဲ့ စည်း စည်း လုံး လုံး နဲ့ ဆက် လက် ရပ် တည် ချင် ရင် တော့ လုပ် သင့် တာ အ မြန် ဆုံး လုပ် သင့် ပါ ပြီ။ ဘာ လို့ နှောက် နှေး နေ လဲ မ သိ ပါ ဘူး။ လုပ် စ ရာ ရှိ တာ ကို မြန် မြန် လုပ် ကြ ပါ။

တကယ်ပြောင်းလဲပြီလား


အ ခု အ စိုး ရ လဲ အ ရင် အ စိုး ရ လို ပါ ပဲ လား။ နိုင် ငံ တ နိုင် ငံ လုံး ကို တ ပြေး ညီ မ ရ ကြ ပါ လား။ ကိုယ့် ဒေ သ မှာ ကိုယ် အုပ် ချုပ် ချင် သ လို အုပ် ချုပ် ကြ၊ ကိုယ် ဒေ သ ကို အုပ် ချုပ် တဲ့ စစ် ဘု ရင် တွေ လို ပဲ ဗ ဟို အ စိုး ရ ကို အား လုံး နား ခံ စ ရာ မ လို ဘူး နဲ့ တူ တယ်။ အာ ဇာ နည် နေ့ ကို လုပ် လို့ ရ တဲ့ နေ ရာ လုပ် လို့ ရ ပြီး တ ချို့ နေ ရာ မှာ လုပ် လို့ မ ရ တော့ ဒီ အ စိုး ရ ပြောင်း လဲ နေ တယ် ဆို တာ ဘယ် လို ယုံ ရ မှာ လဲ။

Tuesday, July 17, 2012

KIC facebook

လူငယ်များ၏ စကားလက်ဆောင်

နော်မုဒါး - ၂၁ နှစ်
ပညာအရည်အချင်း - ဆယ်တန်းလွန်ကျောင်း (Post Ten)
ဝါသနာ - လူထုအခြေပြုလုပ်ငန်း


ကျမနာမည် နော်မုဒါးပါ။ မောင်နှမ ၇ယောက်ရှိတဲ့အထဲမှာ ကျမက ၃ယောက်မြောက် သမီးဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ ကရင် ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ ကျမ မွေးဖွားခဲ့ပါတယ်။ လက်ရှိ ထိုင်း-ကရင်နီ(ကယား) ပြည်နယ် နယ်စပ် လယ်တောရွာမှာ နေပါတယ်။ မိဘနှစ်ပါးစလုံးဟာ လယ်တောမှာပဲနေကြပြီး တောင်ယာလုပ်ငန်းနဲ့ပဲ လုပ်ကိုင်အသက်မွေးဝမ်းပြုကြပါတယ်။ ကျမ လယ်တောရွာက အလယ်တန်း(ယခု အထက်တန်း)ကျောင်းမှာ ၈တန်းအထိ ကျောင်းနေပါတယ်။ အဲဒီကနေတဆင့် ၂၀၀၇ခုနှစ်မှာ မိဘရင်ခွင်ထဲကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံနယ်စပ်၊ မယ်လအူးဒုက္ခသည်စခန်းမှာရှိတဲ့ အမှတ်(၂)အထက်ကျောင်းမှာ ၉တန်းကနေ ၁၀တန်းအောင်တဲ့အထိ ကျောင်းဆက်တက်ခဲ့ပါတယ်။ တကယ်ဆိုရင် လယ်တောမှာပဲ ဆယ်တန်းရောက်တဲ့အထိ ကျောင်းနေဖို့ပဲ။ ဒါပေမယ့် ကျောင်းက အလယ် တန်းအဆင့်ပဲဆိုတော့ ဆက်တက်ဖို့က မဖြစ်နိုင်တော့လို့ မယ်လအူးစခန်းကို ကျောင်းလာတက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ကျောင်းတက်ရတာ ပြည်တွင်းမှာလို မဟုတ်ဘဲ ပညာရေးအဆင့် ပိုကောင်းသလို ကျောင်းနေစရိတ်ပါ မပေးရတဲ့အတွက် ကျမအဖို့ ပိုပြီး အဆင်ပြေခဲ့ပါတယ်။

ကျမငယ်ငယ်တုန်းက ဆေးဆရာမဖြစ်ချင်ခဲ့ပေမယ့် ဆယ်တန်းအောင်ပြီး ကရင်အမျိုးသမီးအစည်းအရုံး-KWO က ဖွင့်တဲ့ ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်သင်တန်းကျောင်း(Posten)ကို တနှစ်တက်ပြီးတဲ့နောက် လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ချင် စိတ် ရှိလာတယ်။ အခု ကျမ ဒီ KWO မှာ အလုပ်လုပ်တယ်။ တနှစ်လောက်ရှိပြီ။ အလုပ်လုပ်ရတာ ပျော်ပါတယ်။ ဒီလိုအဖွဲ့ထဲမှာ ရုံးအလုပ် ဖြစ်ဖြစ်၊ မှတ်တမ်းလိုက်တာပဲဖြစ်ဖြစ်၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ သင်တန်းတက်ပြီး ပြန်ဝေမျှပေးတာဖြစ်ဖြစ် လုပ်ရတာ ကို စိတ်အားထက်သန်လာပါတယ်။

နောက်ဆုံး ကျမပြောတာကတော့ ကရင်လူငယ်တွေဟာ ပညာကို တတ်စွမ်းသမျှ ကြိုးစားသင်ယူပြီး ကိုယ့်ကရင်လူထုအတွက် အကျိုးမပြုနိုင်ရင်တောင်မှ အနည်းဆုံး သူတို့ရဲ့ မိသားစုတွေကို အကျိုးပြန်ပြုနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပြောချင်တယ်။ ကျမ ကလည်း လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆန္ဒပြုပါတယ်။

Monday, July 9, 2012

KIC news

KNU တပ်မဟာ-၇ တွင် အခြေခံ စစ်သင်တန်း စတင်ဖွင့်လှစ်

Submitted by on Monday, 9 July 2012--
ဇူလိုင်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေတွင် စစ်သင်တန်း မတက်ရောက်ရသေးသည့် တပ်သားများအား ရည်ရွယ်၍ ပြုလုပ်သော အခြေခံ စစ်သင်တန်းဖွင့်ပွဲကို အခမ်းအနားဖြင့် ယနေ့ စတင် ဖွင့်လှစ်လိုက်သည်။
“စစ်သားဆိုတာ တိုက်ခိုက်ရတာတစ်ခုတည်း မဟုတ်ဘဲ သူတို့မှာရှိရမယ့် အရည်အချင်းတွေ၊ နောက်ပြီး စစ်နဲ့ပတ်သက်တာတွေကို ပိုပြီး ကျွမ်းကျင်လာအောင်နဲ့ သူတို့ရဲ့တာဝန်တွေနဲ့ ပတ်သက်တာတွေကို ဒီသင်တန်းကပဲ သင်ပေးမှာပါ”ဟု တပ်မဟာ(၇)မှ တွဲဖက်ရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ကေအိုင်စီသို့ ပြောသည်။
အချိန်ကာလ ၃လမှ ၄လအထိ ကြာမည့် ယင်းအခြေခံစစ်သင်တန်းတွင် သင်တန်းသား ၇၀ဦးရှိပြီး သင်တန်းပြီးဆုံးပါက ၎င်းတို့ကိုယ်စား ပြု တက်ရောက်လာသည့် တပ်ရင်းများသို့ ပြန်လည်အမှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တပ်မဟာ(၇)လက်အောက်ရှိ တပ်ရင်းများမှ စစ်သင်တန်းမတက်ရောက်ရသေးသည့် စစ်သည်များသည် ယခု သင်တန်းကြောင့် မူလထက်ပို၍ အရည်အချင်း ပြည့်ဝလာစေရန် မျှော်လင့်ကြောင်း ဗိုလ်ကြီး စောမျိုးမင်းသူက ဆိုသည်။
စစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ရာ တပ်မဟာ(၇)မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းပို့ချပေး မည့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ စစ်သည်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
KNU တပ်မဟာ(၇)၌ ယခုဖွင့်လှစ်သည့် အခြေခံစစ်သင်တန်းသည် ၂၀၁၂ခုနှစ်အတွင်း ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် စစ်သင်တန်း ဖြစ်သည်ဟု သိရသည်။

Friday, July 6, 2012

Facebook news

ကြားဖြတ်သတင်း 
ကြားဖြတ်သတင်း
ကြားဖြတ်သတင်း၊ 

ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့်စရဖမှ ခေါ်ဆောင် 

ည ၁၀နာရီခွဲ၊ ဇူလိုင် ၆၊ ၂၀၁၂ YPI 

ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။ 

ယင်းသို့ခေါ်ဆောင်သွားသည်အချိန်နှင့် မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့လည်း လုံခြုံရေး အဖွဲ့များ ကားများဖြင့် လာရောက်ကာ ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။ 

မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ။

KIC news

ကျောက် ကြီး က က ရင် တွေ ကို မှတ် ပုံ တင် ထုတ် ပေး က တည်း က ဒီ ကိ စ္စ ကို ကျွန် တော် ပြော ခဲ့ ပါ တယ်။ အ ခု တော့ လူ ပြော သူ ပြော များ လား ပါ ပြီ။ နောက် ထပ် ဆက် လုပ် ရ မှာ က ဒီ ကိ စ္စ ကို အ ကြောင်း ပြု ပြီး အ ကူ အ ညီ ပေး နေ တဲ့ နော် ဝေး အ စိုး ရ ကို သိ အောင် လုပ် ဖို့ လို ပါ တယ်။ နောက် တ ခု က ယာ ယီ နိုင် ငံ သား နှစ် ဘယ် လောက် ကိုင် ပြီး ရင် နိုင် ငံ သား စီ စစ် ရေး ကဒ် ရ မယ် ဆို တာ ရှင်း လင်း စွာ ဥ ပ ဒေ အ ရ သိ ထား ဖို့ လို ပါ တယ်။  နောက် ပြီး ယာ ယီ နိုင် ငံ သား စီ စစ် ရေး ကဒ် က နေ နိုင် ငံ သား ကဒ် ရ ဖို့ ကော လွယ် ပါ မ လား။  ကုန် ကျ စ ရိတ် ကော ဘယ် လောက် ရှိ မယ် ဆို တာ ကို ရှင်း လင်း စွာ သိ ထား ဖို့ လို ပါ တယ်။
 နောက် အ ရေး ကြီး ဆုံး တ ခု က တော့ က ရင် လူ မျိုး တွေ ဟာ တိုင်း တ ပါး က လာ ရောက် အ ခြေ ချ ပြီး နေ ထိုင် သူ တွေ မ ဟုတ် ပါ ဘူး။ တိုင်း တ ပါး က လာ ရောက် အ ခြေ ချ သူ တွေ တောင် တ ရား ၀င် နိုင် ငံ သား စီ စစ် ရေး ကဒ် ရ တဲ့ ခေတ် မှာ တိုင်း ရင်း သား တွေ ကို ယာ ယီ နိုင် ငံ သား ကဒ် ထုတ် ပေး တာ တော့ အ စိုး ရ ရဲ့ တိုင်း ရင်း သား တွေ အ ပေါ် မှာ အ ဆင့် အ တန်း ခွဲ ခြား တာ ဖြစ် လို့ လုံး ၀ လက် မ ခံ သင့် ပါ။ Facebook နဲ့ Media မှာ များ များ ဖြန့် ပေး ပါ။

ကရင်လူထုအတွင်းမှမှတ်ပုံတင်ကိစ္စ အဆင့်အတန်းခွဲခြားမှုရှိနေဟု KNU ပြော

Submitted by on Friday, 6 July 2012--
ဇူလိုင်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာအစိုးရအနေဖြင့် ကရင်ပြည်သူလူထုအပေါ် မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ကွဲပြားမှုများ ရှိနေသေးသကဲ့သို့ တရားဝင်ဥပဒေများဖြင့် ထုတ်ပေးခြင်းမျိုး မရှိသောကြောင့် အဆင့်အတန်း ခွဲခြားမှုများရှိနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ပြောသည်။
နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြုမှုတွင် ဥပဒေအရ အဆိုပါ မှတ်ပုံတင်ကဒ်ပြားသည် တမျိုးတစားတည်းသာဖြစ်ပြီး ကဒ်အရောင် ကွဲပြားမှု မှာ ယာယီအဆင့်သာရှိနေကြောင်း KNU က တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ကေအိုင်စီသို့ ပြောသည်။
“အရောင်ကွာ ဘာကွာ အရေးပေါ်လုပ်မယ်ဆိုရင် သူ့နိုင်ငံဥပဒေနဲ့ပြဌာန်းပြီးတော့ ဒီလိုအရောင်ကွဲတာတွေကလည်း နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးတာနဲ့ တစ်တန်းတည်းပါဆိုတဲ့ တရားဝင်ဥပဒေ ထုတ်ပေးရင်တော့ ကောင်းတယ်။ အဲ့ဒါမျိုးမဟုတ်ရင်တော့ ဒုတိယနိုင်ငံသား ဖြစ်နေမှာပေါ့။ ယာယီဆိုတော့ အဆင့်အတန်းခွဲခြား ခံရတာပဲလေ။”ဟု ပြောသည်။
ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုးများအား မှတ်ပုံတင်ကဒ်ပြားပေါ်တွင် တခြားမှတ်ပုံတင်များကဲ့သို့ ပန်းရောင်မဟုတ်ဘဲ အစိမ်း၊ အ၀ါများ ဖြစ်နေသလို ရေးသားထားသောစာမှာလည်း (ယာယီ) နိုင်ငံသားစစ်ဆေးရေးကဒ်ပြားဟုသာ ရေးသားထားကြောင်း သိရသည်။
ယင်းကွဲပြားမှုများနှင့် ပတ်သက်၍ အစိုးရထံမေးမြန်းခဲ့ရာ မှတ်ပုံတင်သည် အခြားမှတ်ပုံတင်များနည်းတူ အဆင့်အတန်းမျိုးရှိကြောင်း၊ အစိုးရ၀န်ကြီးများထဲတွင် အလားတူ ကိုင်ဆောင်ထားသူများသည် ပြည်တွင်းပြည်ပ ခရီးသွားနိုင်ကြောင်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောသည်ဟု KNU က ဆိုသည်။
မြန်မာအစိုးရသည် ပြီးခဲ့သည့် မေလဆန်းမှစတင်ပြီး ကရင်ပြည်နယ်အတွင်း ဘုရားသုံးဆူမြို့နယ်ခွဲနှင့် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာ များတွင် မှတ်ပုံတင်ကဒ်ပြားများကို ပြုလုပ်ပေးခဲ့သလို မေလ ၂၈ရက်နေ့တွင် ကေအဲန်ယူဌာနချုပ်အောက်ရှိ တပ်မဟာ(၃)ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ အိုးအိမ်မဲ့နေသူ ကရင်လူမျိုး ၃၆ဦးကိုလည်း ပြုလုပ်ပေးခဲ့သည်။
ရွှေကုက္ကိုကျေးရွာ၌ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေအကုန်ကျခံစရာမလိုပဲ အစိုးရက လုပ်ဆောင်ပေးနေကြောင်း နယ်စပ်ရှိကရင်လူမျိုးများ မှတ်ပုံတင်ပြုလုပ်ရာတွင် လိုက်လံကူညီပေးနေသူ မန်းဗလရှင်က ပြောသည်။
သို့သော် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်သူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀နှုန်း ပေးဆောင်ရပြီး အမြန်ရစနစ် ဖြင့် လုပ်ဆောင်ပေးခဲ့ကြောင်း မှတ်ပုံတင်ပြုလုပ်ပြီးစီးသွားသည့် ဒေသခံတစ်ဦးက ပြောသည်။
ယာယီနိုင်ငံသားစိစစ်ရေးကဒ်ပြားသည် အခြားနိုင်ငံသားစီစစ်ရေးကဒ်ပြားများကဲ့သို့ အဆင့်အတန်း၊ အခွင့်အလမ်းများရှိပြီး အချိန်မရွေး ဗီဇာလျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံသားအစစ် သတ်မှတ်ကြောင်းကို ပြည်သူ့လွှတ်တော်ထဲတွင် တရားဝင်ဥပဒေထုတ်ပြီး လူဝင်မှုကြီး ကြပ်ရေးမှ ဦးဆောင်ပြုလုပ်သွားခြင်းမျိုး ပြုလုပ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
မြန်မာအစိုးရသည် ကရင်လူထုများအား မှတ်ပုံတင်ပြုလုပ်နေသော်လည်း KNU အပေါ် တရားမ၀င်အသင်းမှ ပယ်ဖျက်ထားခြင်း မရှိသေး သကဲ့သို့ KNU အဖွဲ့ဝင်များအတွင်း မှတ်ပုံတင်ပြုလုပ်သူ မရှိသေးကြောင်း သိရသည်။

မိုးမခသတင်း

အိုင်အိုဝါ၊ မာရှယ်တောင်းမြို့မှာ မြန်မာကလေးငယ် ၃ ဦး ရေနစ်သေဆုံး

1 vote, 5.00 avg. rating (91% score)
အိုင်အိုဝါ၊ မာရှယ်တောင်းမြို့မှာ မြန်မာကလေးငယ် ၃ ဦး ရေနစ်သေဆုံး
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၅၊ ၂၀၁၂
ယမန်နေ့ ဖို့သ်အော့ဖ်ဇူလိုင်နေ့ (ဇူလိုင် ၄၊ အမေရိကန်လွတ်လပ်ရေးနေ့) မှာ မြို့၏ ပန်းခြံတွင် မိသားစု ၂ စု အနားယူစဉ် ရင်သွေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။ Iowa ပြည်နယ်၊ Marshalltown မြို့၏ River View ပန်းခြံတွင် မြန်မာပြည်က ရွှေ့ပြောင်းအခြေချလာသည့် ကယားလူမျိုး မိသားစု ၂ စုတို့က အားလပ်ရက် ငါးမျှား၊ ရေကူး ပြုလုပ်နေကြစဉ် အသက် ၁၁  နှစ်၊ ၁၀ နှစ် နှင့် ၉  နှစ် အရွယ် အသီးသီးရှိ ကလေးငယ် ၃ ဦးတို့ ညနေ ၅ နာရီခန့်က ရေနစ် သေဆုံးခဲ့ကြသည်။
 မြို့နယ်၏ မီးသတ်နှင့် ရဲတို့က အချိန် ၃ နာရီခန့် လိုက်လံရှာဖွေရာတွင် ညနေ ၈ နာရီ ခွဲခန့်တွင် ကလေးငယ်တို့၏ အလောင်းများကို ဆယ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ Iowa River တွင် ရေကူးခြင်း၊ ရေချိုးခြင်း မပြုလုပ်ရန် ဆိုင်ရာတို့က သတင်းထုတ်ပြန်ထားကြောင်း၊ လွန်ခဲ့သည် ဇွန် ၁၈ ရက်ကလည်း လူငယ်တဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ထိုမြစ်သည် အချို့နေရာများတွင် ရေတိမ်သော်လည်း ရေအောက် ရေစီးများနှင့် အနက် ၁၀ပေကျော်သည့် ရေအောက် ချောက်များ ရှိကြောင်း သိရသည်။
ဖခင် (ခိုရေ၊ KoReh)၊ မိခင် (တေမို၊ TayMo)တို့၏ သား (ဆီရေး၊ Se Reh)၊ ၁၁ နှစ်၊ သမီး (လီမေ၊ LeMeh)၊ ၁၀ နှစ်တို့နှင့် အတူ ဖခင် (ဆီရေး၊ Se Reh) နှင့် မိခင် (အမည်မသိ) တို့၏ သမီး (တေမို၊ ThayMo) ၉  နှစ် တို့ အဆိုပါ မတော်တဆမှုတွင် သေဆုံးခဲ့ကြရသည်။ ၎င်းတို့မိသားစု အားလပ်ရက် အပန်းဖြေပြီး အိမ်ပြန်ရင် ပြင်ဆင်နေစဉ် ညနေပိုင်းတွင် ရေကူးပြီးသည့် ကလေး ၃ ဦးတို့က ထပ်မံ ရေကူးရန် မိဘများကို လာရောက် ပြောကြားကြောင်း၊ မိဘများက နောက်ထပ်မကူးတော့ရန်နှင့် အိမ်ပြန်ကြတော့မည်ဟု ပြောခဲ့ကြောင်း၊ သို့သော်လည်း ကလေးငယ်များက နောက်ဆုံးတကြိမ် ထပ်မံ ရေကူးခဲ့ကြကြောင်း၊ ထိုအချိန်တွင် ကလေးများကို ရေနစ်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ မြို့နယ်၏ မီးသတ်၊ ရဲတို့က ရေနက်ပိုင်းများအထိ လိုက်လံ ရှာဖွေခြင်း၊ ရဟတ်ယာဉ်ဖြင့် ပျံဝဲပြီး ရှာဖွေခြင်းတို့ ပြုလုပ်ခဲ့ရာ ညနေ ၈ နာရီခွဲမှာ ကလေးငယ်တို့၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ကျန်ရစ်သူ မိဘများ အလုပ်လုပ်ကိုင်နေကြသည့် JBS အသားစက်ရုံက ၀န်ထမ်းရေးရာတာဝန်ခံအဖြစ်ဆောင်ရွက်နေသူ ကိုခင်မောင်အေးက မိုးမခသို့ ပြောကြားရာတွင် ကုမ္မဏီနှင့်တကွ ဒေသခံမြန်မာမိသားစုများ စုပေါင်းပြီး အသုဘစာရိတ်နှင့် ကုန်ကျငွေများကို ၀ိုင်းဝန်းထည့်ဝင်ကြရန် ဆောင်ရွက်နေကြကြောင်း၊ မိမိ၏ ဖုံးနံပါတ် (203) 589-5065 ဆက်သွယ်နိုင်ပါကြောင်း၊ အဆိုပါမြို့ကလေးတွင် မြန်မာပြည်က ရွှေ့ပြောင်အခြေချလာသည့် ကယား၊ ကရင်၊ ချင်း၊ ကချင်၊ ရခိုင် စသည့် တိုင်းရင်းသား ဦးရေ ၅၀၀ ခန့် နေထိုင်ကြောင်း ပြောကြားသည်။
Marshalltownမြို့ကလေး၏  JBS အသားစက်ရုံသို့ မြန်မာတိုင်းရင်းသား အများအပြား ပြောင်းရွှေ့ အလုပ်လုပ်ကိုင်လျက်ရှိရာ၊ အဆိုပါ ကယားမိသားစု ၂ စုမှာ နယူးယောက်ပြည်နယ်မှ ပြောင်းရွှေ့လာသည်မှာ တနှစ် ကျော်ခဲ့ပြီ ဖြစ်သည်။ မြို့၏ မြန်မာတိုင်းရင်းသား ဦးရေ ၅၀၀ ခန့်၏ အိမ်ထောင်ဦးစီးများ၊ လူကြီး၊ လူငယ်များမှာ စက်ရုံလုပ်သားများဖြစ်သည်။ အဆိုပါ အလုပ်သမားတို့အပြင် အိုင်အိုဝါပြည်နယ်မြို့တော် ဒီမွိုင်းစ်က မြန်မာတိုင်းရင်းသား ၅၀၀ ကျော်ကလည်း မိုင် ၅၀ အကွာအဝေးကို ကားမောင်းပြီး အလုပ်လာလုပ်ကြသည်ဟု သိရသည်။ JBS စက်ရုံ၏ ၀န်ထမ်းဦးရေ ၂၄၀၀ တွင် မြန်မာတိုင်းရင်းသား အလုပ်သမား ၇၀၀ ခန့် ရှိသည်ဟု သိရသည်။
(ဓာတ်ပုံ – ဒေသခံတို့၏ သတင်းဝက်ဆိုက်မှာ ဖော်ပြထားသော မြစ်၏ ဓာတ်ပုံနှင့် ကလေးတို့၏ ဓာတ်ပုံများ)

Thursday, July 5, 2012

                                    

ကိုမိုးသီးဘလော့မှ

တနိုင်ငံသားတည်းနိုင်ငံသားအဆင့်အတန်း ၂မျိုး

အပြစ်ရပ်ဒေသအတွင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ မှတ်ပုံတင်အ၀ါရောင်တွေကိုထုတ်ပေးနေပါတယ်။ နိင်ငံတခုထည်းမှာ မှတ်ပုံတင် နှစ်မျိုးဖြစ်နေတာမကောင်းပါ။ လူလူခြင်းခွဲခြားဆက်ဆံနေခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ လဲ မှတ်ပုံတင်နှစ်ရောင်ရှိရမယ်လို့ မသတ်မှတ်ထားပါ။

တိုင်းရင်းသားများကို လူလို့  မသတ်မှတ်တဲ့သဘောဖြစ်နေပါတယ်။ လူမျိုးခြင်းခွဲခြားလိုက်တဲ့သဘောပဲနိင်ငံသားအဆင့်ကိုတဆင့်နိမ့်ထားတဲ့သဘြော့ဖစ်ပါတယ်။ ဗမာ လူမျိုးများက တိုင်းရင်းသားများကိုခွဲခြားဆက်ဆံနေတဲ့သဘောဖြစ်ပါတယ်။ သမိုင်းအထောက်အထားများအရ ပဲဖြစ်ဖြစ်၊ မနုသဗေဒ အထောက်အထားများအရပဲဖြစ်ဖြစ် နှစ်သန်းပေါင်းများစွာကတည်းက မြန်မာ နိင်ငံအတွင်းသို့ 
အခြေချနေထိုင်ခဲ့သူများမှာ တိုင်းရင်းသားများ သာဖြစ်တယ်။ ဗမာလူမျိုးများက နောက်ဆုံးမှ
ဝင်ရောက်လာသူများဖြစ်ပါတယ်။

ထိုဗမာလူမျိုးများက တိုင်းရင်းသားများအား ဖိနိပ်ခွဲခြားဆက်ဆံခြင်း၊ ဂုတ်သွေးစုတ်ခြင်းများကို
နှစ်ပေါင်းထောင်နဲ့ ချီပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလဲ မှတ်ပုံတင်ကို အရောင်နှစ်မျိုးသတ်မှတ်လိုက်ခြင်းဟာတိုင်းရင်းသားများ မှာ နိင်ငံသားဖြစ်ခွင့်မရှိတော့ဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ လူအခွင့်အရေးကို အကြီးမားဆုံး ချိုးဖေါက်လိုက်မှုဖြစ်ပါတယ်။

Wednesday, July 4, 2012

11 news (ပြောတော့ပြောနေတာပဲ)

ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား PDF Print
Wednesday, 04 July 2012 13:48
AddThis Social Bookmark Button

ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change)ကို လိုလားနေသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ ပြောကြားခဲ့ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့အစိုးရဟာ ပြည်သူများက ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့သဘောထားကို လေးစားလိုက်နာရမှာဖြစ်ပြီး ပြည်သူအများစုရဲ့ ဆန္ဒကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိလာပါတယ်။ ပြည်သူရဲ့သဘောထားဟာ စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ပြောင်းလဲရန်ဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါတယ်။ စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲ (Change) ကို လိုလားနေခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေးကို ဦးတည်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှု အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အားလုံးသည်ပင် စနစ်သစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ အရာရာကို Rule of Law အတိုင်း ဖြစ်ရန် အား ထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပဋိပက္ခ၊ တစ်နည်းအားဖြင့် လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ အဆုံး မသတ်နိုင်ခြင်းဟာ စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ် ပေါ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုများ ပြန့်နှံ့တည်ရှိနေခြင်းဟာ ဒီမိုကရေစီ နိုင်ငံရေးကျင့်စဉ် တည်ဆောက်ရာမှာ Rule of Law ခိုင်ခန့်မှုကို များစွာ အားနည်းစေပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခချုပ်ငြိမ်းအောင် ဆောင်ရွက်ရေးဟာ နိုင်ငံတော် တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန် လိုအပ်ပါ တယ်။ အလားတူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ခိုင်မာရန်အတွက် တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန် လိုအပ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

''အဲဒီလို ဖန်တီးပေးနိုင်ရန် အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုင်းရင်းသား ပဋိ ပက္ခများ ပြေလည်ရေးကိုပါ ထည့် သွင်းတွက်ချက်ပြီး ဆောင်ရွက်ရ မှာဖြစ်ပါတယ်။အဲဒီလိုပြုပြင်ပြောင်း လဲ ဆောင်ရွက်မှသာ အမျိုးသားပြန် လည်ပေါင်းစည်းညီညွတ်ရေးနဲ့တိုင်း ရင်းသား ပဋိပက္ခများ ပြေလည်မှာ နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား များအတွက် အသက်တမျအရေး ကြီးတဲ့ ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများနဲ့ အခြားသော တိုင်းရင်းသား အခွင့် အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်း ပေးမယ်ဆိုရင် မိမိတို့တာဝန် ယူဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ် ငန်းများ အလျင်အမြန် အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးနဲ့စီး ပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ချမှတ်ပေးထားတဲ့ လုပ်ငန်းတာဝန် များ အတိုင်း အောင်မြင်သည်အထိ စိတ်ရှည်သည်းခံမှု၊ နားလည် စာနာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားအပ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီး ဆွေးနွေးး တင်ပြခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြောချင်တာလေးတွေ

ဘ လော့ မှာ ဟို က ကူး ချ ဒီ က ကူး ချ နဲ့ ဘာ မှာ မ ရေး ဖြစ် တာ ကြာ ပြီ။
အ ခု အ ချိန် နည်း နည်း ရ လို့ ရေး ပါ ရ စေ။
ပ ထ မ တ ခု က တော ဒီ အ မေ ရိ ကန် နိုင် ငံ မှာ အ ပြစ် မ ရှိ ပဲ ထောင် မှား ချ တဲ့ သူ တွေ ကို အ စိုး ရ က လျှော် ကြေး ငွေ ဒေါ် လာ သန်း နဲ့ ချီ လျှော် ပေး ရ တာ ပုံ ပြင် မ ဟုတ် ပါ ဘူး။
ဒု တိ ယ တ ခု က တော့ ဒေါ် အောင် ဆန်း စု ကြည် ပြော ခဲ့ တဲ့ Campus Life ပါ။ ကျွန် တော် Campus Life ကို လက် တွေ့ မ ရ ခဲ့ ပေ မဲ့ မင်း လူ၊ မောင် ၀ ဏ၊ ငြိမ်း ကျော်၊ တ က္က သိုလ် ဘုန်း နိုင်၊ မောင် စိန် ၀င်း ( ပု တီ ကုန်း)၊ နွမ်း ဂျာ သိုင်း စ တဲ့ စာ ရေး ဆ ရာ တွေ က တ ဆင့် ခံ စား အား ကျ ခဲ့ ဘူး ပါ တယ်။ အ ခု ကျောင်း သား လူ ငယ် တွေ ဒီ အ ခွင့် အ ရေး လေး တောင် မ ရ တော့ ပါ လား။ ဒီ Campus Life ဟာ ဘယ် လောက် အ ရေး ကြီး တယ် ဆို တာ ဒေါ် အောင် ဆန်း စု ကြည် ဖေါ် ထုတ် ခဲ့ ပါ တယ်။ မြန် မာ ပြည် က လူ ငယ် ကျောင်း သား တွေ ဒီ ဘ ၀ ကို မ ကြာ ခင် ပြန် ရ လိမ့် မယ် လို့ မျှော် လင့် ပါ တယ်။

Monday, July 2, 2012

မိုးမခသတင်း

Taryar Waiyan – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတီ ဖွဲ့စည်း
5.00 / 5 5
1 / 5
2 / 5
3 / 5
4 / 5
5 / 51 vote, 5.00 avg. rating (91% score)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတီ ဖွဲ့စည်း

တာရာဝေယံ၊ ဇူလိုင် ၂၊ ၂၀၁၂

အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ် ပါတီဝင်များနဲ့ ဒီမိုကရေစီအင်အားစုများကို စုစည်းနိုင်ဖို့အတွက် စုစည်းရေးကော်မတီ တစ်ရပ်ကို (၁၊ ၇၊ ၂၀၁၂) မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီမှာ ပါဝင်တဲ့သူတွေကတော့

၁။ ကိုဇေယျ (ရန်ကုန်)(တာဝန်ခံ)

၂။ ကိုအောင်ဇေယျ (ရွှေဘို)

၃။ ခွန်ရဲသွေး (တောင်ကြီး)။

၎။ ကိုညီညီ (ကျောက်တံတား)

၅။ မတင်တင်ချို(မရမ်းကုန်း)

၆။ ကိုမျိုးမြင့် (အင်းစိန်)

၇။ ကိုသီဟ (ပြည်) (ပြောရေးဆိုခွင့်ရှိသူ)

၈။ မနှင်းနှင်းမွှေး (သာကေတ) (ပြောရေးဆိုခွင့်ရှိသူ)

ကော်မတီဝင်များ

၁။ ကိုကျော်မိုးလွင်အောင် (သံတွဲ)

၂။ ကိုငြိမ်းချမ်း (မန္တလေး)

၃။ ကိုကျော်စိုး (မန္တလေး)

၎။ ကိုအေးကို (မန္တလေး)

၅။ ကိုကျော်ကြီး (ပဲခူး)

၆။ မသီတာ (မုံရွာ)

၇။ ကိုဘစိုးထွန်း (တွံတေး)

အရံကော်မတီဝင်များ

၁။ ကိုသန်းဝင်း (ပြည်)

၂။ ကိုဇော်ဇော် (ဗိုလ်တထောင်)

၃။ ကိုအိုက်ပွန် (ဟိုပုန်း)

၎။ ကိုအေးသွင် (အောင်လံ)

၅။ ကိုရန်နိုင်စိုး (သာကေတ) တို့ ဖြစ်ကြပါတယ်။

ကော်မတီအနေနဲ့

အမျိုးသားရင်ကြားစေ့ရေး၊

ပြည်တွင်းငြိမ်းချမ်းရေး၊

ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အနှစ်သာရရှိရှိထွန်းကားရေး အခြေခံများအပေါ်ရပ်တည်ပြီး နိုင်ငံနဲ့လူထုအတွက် လက်ရှိနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးလိုအပ်ချက်အရ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မြန်နိုင်သမျှအမြန်ဆုံး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Judson Part 2

Sunday, July 1, 2012

Judson Part 1



ဒီ e-books တွေ ကို saw lah nay tha facebook က နေ ကူး ထား တာ ပါ။ share ချင် ရင် naytha9@gmail.com ကို e-mail အ သိ ပေး ဖို့ မေ တ္တာ ရပ် ခံ ပါ တယ်။