က ရင် အ ဆို တော် မား ဘ လတ် ရဲ့ ခွေ အ သစ် ထဲ က နား ထောင် ကြည့် ဖို့ သီး ချင်း လေး တစ် ပုဒ် ပေါ့။
Track10.mp3 -
Type rest of the post here
Saturday, August 22, 2009
Tuesday, August 11, 2009
ဒေါ်အောင်ဆန်းစုကြည်ချက်ချင်းလွှတ်
န အ ဖ ဟာ သူ တို့ အ တွက် အ ကောင်း ဆုံး လို့ ထင် တဲ့ အ မိန့် ကို ဒေါ် အောင် ဆန်း စု ကြည် အ ပေါ် မှာ ချ မှတ် လိုက် ပါ ပြီ။ ဒါ ဟာ ကျွန် တော် တို့ လက် ခံ ရ မဲ့ ကိ စ္စ မ ဟုတ် ပါ ဘူး။ န အ ဖ ဒီ လို မ တ ရား တာ တွေ လုပ် နေ တာ များ နေ ပြီ။ လက် မ ခံ ကြ ပါ နဲ့ အ ပြတ် ဖြတ် ရ မဲ့ ကိ စ္စ ဖြစ် တယ်။
Type rest of the post here
Type rest of the post here
Sunday, August 9, 2009
၂၀၀၉ နယူး ဘန်း ကရင့် ရိုး ရာလက်ချည်ပွဲ
နေ့ ထူး နေ့ မြတ် ဖြစ် တဲ့ ၂၀၀၉ ခု နှစ် သြ ဂုတ် လ ၉ ရက် နေ့ မှာမြောက် ကာ ရို လိုင်း နား ပြည် နယ် န ယူး ဘန်း မြို့ မှာ ၅ ကြိမ် မြောက် က ရင် ရိုး ရာ လက် ချည် ပွဲ ကို စည် ကား သိုက် မြိုက် စွာ ကျင်း ပ ပြု လုပ် ခဲ့ ပါ တယ်။
Type rest of the post here
Type rest of the post here
နယူးဘန်းကရင်ရိုးရာလက်ချည်ပွဲမှချစ်စရာကလေးများ
ဖုံ တက် နေ တဲ့ ပ ထီး ပ ကော် ကို န ယူး ဘန်း က ရင် ရိုး ရာ လက် ချည် ပွဲ မှာ ချစ် စ ရာ က လေး လေး တွေ အ စာ စား နေ ပုံ တွေ နဲ့ ပြန် ပြီး ပို့ တင် လိုက် ပါ တယ်။ တိုက် တိုက် ဆိုင် ဆိုင် ရှား ရှား ပါး ပါး အ လုပ် ပိတ် ရက် နဲ့ တိုက် ဆိုင် တဲ့ အ တွက် တင် နိုင် တာ ပါ။
Type rest of the post here
Type rest of the post here
Monday, July 13, 2009
ကရင့်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာသော KNU
ဓါတ်ပုံ- ဘွဲ့ သွေးနီ
ဇွန်လ 18 ရက်နေ့ စွဲ့ ၊လာရီဂျေဂင် ၏ (ကရင်တပ်များ ဆုတ်ခွာနေရ ဆောင်းပါး) နှင့် ဇူလိုင်လ ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန် ၏( ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ) ဆိုသည့်  ဆောင်းပါးများ နှင့်စပ်လျဉ်း၍ ကရင်အမျိုးသားများ အမြင်ရှင်းလင်းစေ ရန် ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ အခြေခံစခန်းများကို----
ယာယီဆုတ်ခွာပြီး နောက် ပိုင်းတွင် ဆောင်းပါးရှင် လာရီဂျေဂင် က “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟုဖေါ်ပြပါရှိ ခဲ့ပါသည်။
ထိုနည်းတူ မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်း ဆိုသူကလည်း မဇ္ဈိမကို ပြောရန်တွင် ''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟုဆိုထားပြန်ပါသည်။
ဇူလိုင် ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန်၏ “ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ” ဆိုသည့် ဆောင်းပါး တွင်လည်း “မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့က အနိုင်ရရှိခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနယ်စပ်ရှိ အဓိက အစိတ်အပိုင်းကို အခိုင်အမာ ထိန်းချုပ်နိုင်ပြီ” ဟူ၍ လည်းကောင်း
“မြန်မာစစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့တွင် အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ မြဝတီမှ ယင်း၏ မြောက်ဘက် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နေရာအထိ ထိုင်းနယ်စပ်တလျှောက်တွင် စီးပွားရေးဇုန်များ ထူထောင်မည့် အစီအစဉ်များ ကြာမြင့်စွာကတည်းကပင် ရှိသည်။ ယင်းတို့အထဲမှတခုကို မြဝတီမြို့ပြင်တွင် တည်ဆောက်မည်ဖြစ်ပြီး၊ နောက်တခုမှာ လှိုင်းဘွဲ့မြို့တွင် တည်ဆောက်မည်ဖြစ်သည်။ ဤစီမံကိန်များအတွက် ယခင်ထိုင်းအစိုးရများက ငွေအနည်းငယ်မျှသာ စိုက်ထုတ်ခဲ့ကြသော်လည်း နှုတ်ဖြင့်မူ ထောက်ခံခဲ့ကြပြီးဖြစ်သည်” ဟူ၍လည်းကောင်း
“လှိုင်းဘွဲ့မြို့အနီးမှ နေရာတနေရာမှာ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုနိုင်သော နေရာတနေရာအဖြစ် သတ်မှတ်ထားသည်” ဟူ၍လည်းကောင်း
“နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အစီအစဉ်ကို DKBA က လက်ခံလိုက်ခြင်း အကြောင်းရင်းတရပ်မှာ DKBA အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားရှိခွင့် ရှိမည်ဖြစ်ပြီး၊ ပိုမို၍ပင် ကြီးထွားလာနိုင်စရာ ရှိသောကြောင့် ဖြစ်သည်” ဟူ၍လည်းကောင်း ပါရှိပါသည်။
ဘရိုင်ယန် မက်ကာတန်၏ ဆောင်းပါးအချက်ပါ မြ၀တီမြို့ ပြင်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ် မြေများတွင် စက်မှုဇုံ အဖြစ် ပြောင်းလဲဖန်တီးမည် ဟုဆိုသည့် နအဖ ၏ မက်လုံး ကို ပထမဦးဆုံး အနေဖြင့် ထောက်ပြရှင်းလင်းပြလိုပါသည်။
ကရင်ပြည်နယ် သံတောင်မြို့  နယ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်မှန် တစ်ခု နှင့်ထောက်ပြလိုပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ် ၀န်းကျင်တွင် နိုင်ငံတော် ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီး ခင်ညွန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ ကို လာသွားပါသည်။ ရပ်မိရပ်ဖ ဒေသခံများကိုခေါ်ယူ တွေ့ ဆုံပြီး
“မင်းတို့ သံတောင်ကြီးကို မြန်မာနိုင်ငံအောက်ပိုင်း အပန်းဖြေတောင် စခန်းမြို့ အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့  မေမြို့ တို့ လိုပြောင်းလဲပစ်ပေးမည်။ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ကမ္ဘာလည့်ခရီးသည်လုပ်ငန်းများ ဤအရပ်ဒေသ တွင် ပေါ်ပေါက်လာမှာဖြစ် တယ်၊ လျှပ်စစ်မီး ကိုလည်း ၂၄ နာရီ အချိန်ပြည့်သုံးစွဲ နိုင်ကြတော့မယ် ဖြစ်သလို သံတောင်- တောင်ငူ ကမ်းလမ်းကို နှစ်လမ်းသွား အဖြစ်ဖန်တီးပေးမယ်ဟု” ပြောပြီးပြန်သွား ပါသည်။
ဗိုလ်ခင်ည်ွန့် ပြန်သွားပြီးနောက် ဒေသခံလူအများစုက ကျွန်တော်တို့ ဒေသ ဖွံ့ ဖြိုးတိုးတက်တော့မယ် မြို့  ကြီးဖြစ်သွားတော့မယ်၊ အလုပ်အကိုင်တွေ ပေါတော့မယ် ဆိုပြီး ပီတိဖြစ်ကြပါတော့သည်။ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် မြို့  ကို စတည်ရန် လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်ပါတော့သည်။
ပထမဦးဆုံး သံတောင်ကြီး မြို့ အရှေ့ ဖက်ခြမ်း ဒေသခံ ပြည်သူတို့ ၏ မြေ ယာ အကုန် လုံး ကို စတင် သိမ်းယူပါတော့သည်။ မြို့ မျက်နှာဖုံး ပေါက်ရောက်သော ဒေသခံ သုံးလေးဦး တို့ ၏မြေပိုင်များကို မပို့  မစို့ ငွေလေးပေး ရုံမှ လွဲ၍ ကျန်ဘယ်သူကမျှ မြေဖိုးများ မရကြပါ။ ထိုမြေများသည်လည်း ဒေသခံတို့  ၏ ဥယာဉ်ခြံ မြေများဖြစ် ကြသည်။ မြေယာအားလုံးကို ဗမာ့တပ်မတော်အား အလကား ပေးလိုက်ရပါတော့သည်။ ဥယာဉ်ခြံများဆုံးရှုံး၍ ပြည်သူများ စတင်ဒုက္ခရောက်ကြပါတော့သည်။ မည်သို့ ပင်ဖြစ်စေ ဗိုလ်ခင်ညွန့် လာပြောသွားခဲ့သလို အပန်းဖြေတောင်စခန်း မြို့ သစ်တည် ၍ မြေယာများဆုံးရှူံး ခဲ့ရ သည်ဆိုရင်လည်းပဲ ခံသာနေသာပေဦးမည်။
သို့ သော်ထို သို့ မဟုတ်ခဲ့ပါ။ ဒေသခံကရင်လူထု တရပ်လုံးကို ဗိုလ်ခင်ညွန့်  ကိုယ်တိုင် စော်ကားစွာဖြင့် လာပြီး လိမ်လည်သွားခဲ့ ပါသည်။ အကြောင်းမူကား သူတို့ လာတည်သွားသောမြို့ သည် တောင်စခန်းမြို့ မဟုတ်ပါ။ ဗမာ့စစ်ဘုရင် တဦးဖြစ် သော ဘုရင့်နောင်မင်း တရား၏ ရုပ်ထုကိုစိုက်ထူ၍ ဘုရင့်နောင် အမည်နာမကို အဓိပါယ်ရှိစွာအသုံးပြုပြီး ထိုမြို့  သစ်ကို ဘုရင့်နောင်တပ်မြို့ ဟု ခေါ်တွင် အမည်နာမပေးထားပါသည်။
ဘယ်ဗမာဘုရင်မင်းက မှ ခြေမချခဲ့ဘူးသော သံတောင်ကြီးလို နေရာ၊ ဘုရင့်နောင်တပ်မြို့ မတည်ခင် သံတောင်ကြီးဒေသတွင် ကရင်လူမျိုး စစ်စစ်များသာ နေထိုင်ခဲ့ ကြပါသည်။ သို့ သော်ယခုအခါတွင်မူ ဗမာအများစု ထက် ၀က်နေရာ ၀င်ယူလာပြီး သွေးနော စနစ်တစ်ခု ကျယ်ပြန့် စွာ တွေ့ လာရ နေပြီဖြစ်သည်။ သံတောင်ကြီး အနီးနားမှာရှိတဲ့ ဂျော့စ်ကုန်း ဆိုတဲ့ ရွာလေးက ထက်ဝက်ပိုင်း သိမ်းခံရပါသည်။ ရွာနံ့ဘေးမှာ မိုင်းထောင် ထား၍ ၂၀၀၆ ခုနှစ်တွင် ဂျောစ်ကုန်း ရွာသား ညီကို နှစ်ဦး မိုင်းထိပြီး တစ်ဦးသေ တစ်ဦခြေပြတ် ခဲ့ပါသည်။ ဂျော့စ်ကုန်းရှိ အစိုးရမူလတန်းကျောင်းတွင် ကျောင်းဆရာမ အဖြစ် တာဝန် ထမ်းဆောင် နေသော ဆရာမ နော်ကလိုမူးသည်လည်း ဘုရင့်နောင်တပ်မြို့မှ ဗမာ့တပ်မတော်သားတစ်ဦး ရက်စက်စွာ ဓါးနဲ့ ခုတ်သတ်ပြီး ကိုယ်ပေါ်မှာ ပါသောရျွှေကိုလုယူသွားပါသည်။ တရားခံကိုပြန်မိပါရက်သားနဲ့  မည်သူမျှ တရားခံကိုခုံရုံးတင် စစ်ဆေးမှုမရှိပါ။
ယခုအချိန်ဆိုလျှင် သံတောင်ကြီးတောင်စခန်းမြို့  ဆိုပြီးမြို့ အ၀င်မှာဆိုင်းဘုတ် တင်ထားရုံမှလွဲ ပြီး မြို့ တွင်းမှာ ဘာမှပြောင်းလဲမှု မရှိပါ။ ဘာစီပွားရေးလုပ်ငန်း၊ အလုပ်အကိုင်များလည်း ပေါမလာတဲ့ အပြင် နအဖ တပ်များ၏ လူအခွင့်အရေးချိုးဖေါက်မှုများကို အရင်ကထဲ ပိုခံကြရပါသည်။ လုပ်ကိုင်စားသောက်ရဒါ ပိုပြီးကြပ်တည်းလာပြီး နအဖ တပ်ကို လူထုတွေက အမြဲ ကြောက်နေ ကြရပါသည်။
ဤအခြေအနေ ကို နှိုင်းယဉ်ခြင်းဖြင့် မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ်မြေများတွင် နေထိုင်ကြသော ကရင်လူမျိုးများအဖို့ သတိထားပြီး နားမယောင်မိဖို့  လွန်စွာ အရေးကြီးပါသည်။ နအဖ စစ်အစိုးရက ကရင်လူမျိုးများကို စေတနာနဲ့ ဖွံ့ ဖြိုး တိုးတက် အောင်လုပ်ပေးမည် ဆိုဒါ အရှူး ကလူကောင်းကို ကတိပေးနေသလိုမျိုးပဲ ဆိုဒါ သံတောင်ကြီးမြို့  မှ ဖြစ်ရပ်မှန် များကို သင်ခန်းစာယူကြဘို့ လိုပါသည်။
အများပြည်သူလက်ခံပြီး ရေးဆွဲထားတဲ့ ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံစည်းမည်းဥပဒေ အောက်၌ ကျင်းပပြီး တရားမျတ တဲ့ ရွေးကောက်ပွဲ မှ ပြည်သူလူထု က ရွေးချယ်တင် မြှောက်ထားတဲ့ အစိုးတရပ် မပေါ်ပေါက်သရွေ့ ၊ ကရင်လူမျိုး များကိုယ်ပိုင် ပြဌန်းခွင့်မရှိနေသေးသရွေ့  ဘယ်လိုအစိုးရမျိုးဖြစ်ဖြစ် တက်ပြီး မြန်မာနိုင်ငံကြီး ကို အုပ်ချုပ်နေပေ့စေ ကရင်လူမျိုးများအတွက် အကျိုးမရှိနိုင်ဘူးဆိုဒါ နားလည်သဘောပေါက်ထားဖို့  လိုပေသည်။
ဒီနေရာမှာ ဒီကေဘီအေ တပ်ထဲမှ ကိုယ်ကျိုး စီပွား အတွက်ကိုသာ ကြည့်တဲ့ လူတွေ အဖို့  ရေရှည်ကို မကြည့်ပဲ နားယောင်ပြီးဝမ်းသာမိမှာပါ။ တကယ်တော့ ဒီအစီအစဉ် မက်လုံးကြီး ဟာ ကရင်လူထု အတွက် သာ မက ဒီကေဘီအေ အတွက်ပါ မကောင်းတဲ့ လည့်ကွက်တစ်ခုပါ။
သံတောင်မြို့ နယ် သံတောင်ကြီးမှာ မြန်မာပြည်အောက်ပိုင်း အပန်းဖြေ တောင်စခန်းမြို့  တည်မည်ဆို ပြီး ဘုရင့်နောင် ရုပ်ထုစိုက်ထူကာ ဘုရင့်နောင်တပ်မြို့ ကို တည်ပြီး သွားခဲ့ပြီ ဖြစ်သလို မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့ နယ်စသည်နယ်မြေများတွင် ဗမာစစ်ဘုရင် အလောင်းဘုရားမင်း ၏ ရုပ်ထုကို နေ ရာ အနှံ့ စိုက်ထူ၍ အလောင်းဘုရားတပ် မြို့  နှင့် တပ်နယ်မြေများ ဆို ပြီး ဗမာ့ စစ်တပ် မြို့  ကို တည်ကာ အနယ်နယ် အရရ မှ တခြားသော လူမျိုးအလုပ်လက်မဲ့များကို ဆွဲသွင်းမလာ နိုင်ဘူးလို့  ဘယ်သူ က အာမခံနိုင်မှာလဲ။
နအဖ စစ်တပ်ဟာ နယ်စပ်ဒေသကို စိုးမိုးနိုင်ပြီးရင် ထိုင်းနိုင်ငံနှင့် စစ်ကစားမည်ဆိုဒါ သေချာပြီးသား ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဗမာ့တပ်မတော်အတွက် နံပါတ်တစ် ပြည်ပ ရန်သူ အဖြစ် အသိအမှတ်ပြုထားသည်။ ဒီနေရာ မှာ အဓိက အသုံးချခံရမှာ ဒီကေဘီအေဖြစ်ပါသည်။ ပြီးရင်သေစရာ ရှိရင် နှစ်နိုင်ငံ နယ်စပ် ဒေသခံ ကရင်လူမျိုးများပဲဖြစ်မည်။ ထိုင်း-ဗမာ ပြသနာ ပေါ်တိုင်း ဒီကေဘီအေ က အသုံးချ ခံ ပစ္စည်း တစ်ခုအဖြစ်ပါဝင် ခဲ့မယ်ဆိုရင် ရေရှည်မှာ ထိုင်းလူမျိုးများ က ကရင်လူမျိုးများကို အမြင်ကပ်လာပြီး မုန်းလာနိုင်ဖွယ် ရှိပေသည်။ သို့ ဖြစ်ပါ၍ ကရင်ပြည်နယ်တွင်း စက်မှုဇုန် တည်ထောင်မည် ဆိုသော နအဖ အစီစဉ်နှင့် ထိုအစီစဉ်ကို ကြံစည်သူ တွေဟာ ကရင်လူမျိုးများကို တဖက်လည့်ပြီး ထပ်ပြီးဖျက်စီးပစ်မည့် အစီစဉ်တရပ်သာ ဖြစ်သည် ဆိုဒါ ပထမ အချက်အနေဖြစ် တင်ပြလိုပါသည်။
ဒုတိယ အချက်အနေဖြင့် ထောက်ပြလိုသည်မှာ တပ်မဟာ ၇ တိုက်ပွဲအပြီး “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟူ၍ ဆောင်းပါးရှင် လေရီဂျေဂင် ၏ သုံးသပ်ချက် ကို ထောက်ပြချင်ပါသည်။ လေရီဂျေဂင် ဆောင်းပါးရှင်သည် KNU/KNLA ကျဆုံးတော့မည် ဟု ဆောင်းပါးများ ရေးခဲ့သည်မှာ ယခုမှမဟုတ်ပါ။ ၁၉၉၅ ကေအန်ယူ ဗဟိုဌာနချူပ် ယာယီဆုတ်ခွာပြီးကတည်းက ကေအန်ယူ ပျောက်ကွယ်တော့မည်ဆို ဒါ သူ တဦးတည်းသာ မက ဗမာနိုင်ငံရေး လေ့လာသူ အတော်များများ၊ ဗမာ ဒီမိုကရေစီ နိုင်ငံရေးသမားများ၊ သတင်းမီယာများ အပါ အ၀င် ဤကဲ့သို့ သုံးသပ်ခဲ့ကြဘူးပါသည်။
သို့ သော် ၁၄ နှစ် အကြာ ကေအန်ယူ ပျောက်မသွားတဲ့အပြင် နိုင်ငံတကာ စာမျက်နှာ မှာ နိုင်ငံရေးအရ အောင်မြင်မှု ရယုံမက တခြားတိုင်းရင်းသားများနှင့်ဒီမိုကရေစီ မဟာမိတ် များအကြား မှာ အဓိက ခရာ တစ်ခု အဖြစ် မြန်မာ့နိုင်ငံရေး တစ်ခုလုံး အပြောင်းအလဲ အတွက် အတိုက်အခံများ၏ ကျောရိုးသဖွယ် အရေးပါဝင်နေတယ်ဆိုဒါ ထင်သာမြင်သာရှိပြီးဖြစ်ပါသည်။
၂၀၀၇ ခုနှစ် မှ စ၍ ကေအန်ယူအတွင်း တော်လှန်ရေးအချောင်အမားများ၊ အမျိုးသားသစ္စာဖေါက်များ၊ ပဲ့ထွက်သွားခဲ့ဒါမှ လွဲ၍ ကေအန်ယူသည် အားလုံး ပုံမှန်အတိုင်းဖြစ်နေပါသည်။
မကြာသေးမီဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ ၏ အခြေခံစခန်းများကို မဟာဗျူဟာအရ ဆုတ်ခွာပေးခြင်းကို ကြည့်ပြီး ကေအန်ယူ ကျဆုံးတော့မည် ဟု ထင်ကြေးပေးသူများ သည် လက်တွေ့  အခြေအနေ တရပ်ကို အပေါ်ယံ ရှပ်ပြီး မှားယွင်းစွာ သုံးသပ်မှု များသာဖြစ်သည်ဟု ထောက်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့  ဆုတ်ခွာပေးထားသော နယ်မြေ များတွင် ကေအန်ယူတပ်များ က ဆက်လက် ပြီး ပြောက်ကျား စနစ်ဖြစ် ပုံမှန်လုပ်ရှားနေ၍ အတွင်းပိုင်း မြို့ တွင်းအနီးဆုံးနေရာများအထိ ထိုးဖေါက် နေပြီး ဖြစ်သည်။
ထို့ ပြင် ကေအန်ယူ ကရင် ခေါင်းဆောင် တဦး၏ အဆိုအရ “တပ်မဟာ ၇ ကိစ္စသည် မာနယ်ပလော ကိုဆုတ်ခွာပေး ခဲ့စဉ်တုံးက ကြုံတွေ့  ခဲ့ရဒါ နဲ့  စာ ရင် အသေးအမွှားလေးပဲ ရှိတယ်။ ကျွန်တော်တို့  ခေါင်း ကို အေးအေးထားပြီး အလုပ်လုပ်နေတယ်” ဟုဆိုပါသည်။ ကေအန်ယူ ခေါင်းဆောင် ကြီးများသည် ကရင့်တော်လှန်ရေး ၏ နှစ်ပေါင်း ၆၀ ကျော် စစ်ရေး၊ နိုင်ငံရေး ဖြတ်သန်းမှူ အတွေ့  ကြုံများစွာ ရှိသူများဖြစ်ကြသည်။
ယခုလက်ရှိ ကေအန်ယူ တပ်မဟာ ၆ ကိုထိုးစစ်ဆင်မှု အစတွင် KPF (သူမူးဟဲ) လက်နက်ချအုပ်စု နှင့် ဒီကေဘီအေတပ်သား အများအပြား ကေအန်ယူ တပ်မဟာ ၆ သို့ တဖွဲ့  ဖွဲ့  မိခင် ကေအန်ယူ ကရင်မျိုးသားအစည်းအရုံး သို့ ပြန်လာပူးပေါင်းနေ သည်ကို ကြည့်ခြင်းဖြင့် ကေအန်ယူ ၏ စစ်ရေးနိုင်ငံရေး သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးလမ်းဆုံ လမ်းခွ တွင်၊ ဘက်ပေါင်းစုံ ဖိအားများကြားမှ တည်ငြိမ်စွာ ရပ်တည်ပြပြီး တဖက်တွင် ကိုယ့်ဆန့်  ကျင်ဘက် အုပ်စုတွေ ကို ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ ပေါ်မှာ အချိန် ကိုက် ဖဲ့ထုတ်စည်းရုံးနိုင်ဒါ တွေဟာ နိုင်ငံရေးနှင့် စစ်ရေး များ၌ ကျွမ်းကျင် ရင့်ကျက် နေသော ကေအန်ယူ တည်း ဟူသည် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့  နေရပါသည်။
ထို့ အပြင် ကေအန်ယူ၏ အတွင်းပိုင်းတပ်မဟာများ ဖြစ်သော တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅ ၏ ထက်ဝက်ကျော် နေရာ တို့ ၏ အနေ အထားကို မာနယ်ပလောရှိစဉ်ကာလ နှင့် ယာယီဆုတ်ခွာပေးပြီး ကာလ အခြေအနေ များကို ကြည့်ပြီး ယှဉ်ထိုးကြည့်မယ်ဆိုရင် ကေအန်ယူတပ်များ မတုန်လှုပ်ပဲ ပုံမှန် လုပ်ရှား နေသည်ဆိုဒါ တွေ့ မြင်ကြရမှာ ဖြစ်ပါသည်။ တပ်မဟာ ၃ ဆိုရင် ရန်ကုန်-မန္တလေး ကမ်းလမ်းမနှင့် ရထားလမ်း တို့ တွင် တရက်ခရီး လောက်တောင်မရှိ သွားလာလှုပ်ရှား၍ ရနေပါသည်။ တပ်မဟာ ၂ ဆိုရင် နေပြည်တော် ကို တရက်တည်း ခြေလျင်ခရီးဖြစ် သွားရောက်နိုင်သော နေရာများဖြစ်သည်။ ထိုမျှ လောက် နောက်ခံတိုင်းတပါး နယ်ခြားမရှိ အတွင်းပိုင်းကျ သော ကေအန်ယူ တပ်များသည် ကေအန်ယူ၏ နိုင်ငံရေး စစ်ရေး စည်းရုံးရေးလုပ်ငန်းများကို ပုံမှန်ုလှုပ်ရှား နေနိုင် နေကြသည် ကို တွေ့ ရမှာ ဖြစ်ပါသည်။
သည့်ပြင် ဘ၀ကပေး လာသည့် နိုင်ငံရေး၊ စစ်ရေး အတွေ့  အကြုံများဖြင့် နအဖ တပ်များကို ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ သည် ဆိုဒါ နအဖ ထိပ်ပိုင်းတပ်မှူးတစ်ဦး ဖြစ်သော ဗိုလ်မှူးချူပ်ကောင်းမြတ် က တပ်မဟာ ၂ တပ်စိတ်လေးတစိပ်၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကိုက သက်သေတစ်ခု ဖြစ်နေပါသည်။ ထို့ ပြင် ဖရီးဘားမား ရိန်းဂျားအဖွဲ့ ၏ မကြာသေးခင် က ပြောဆိုချက်အရ အတွင်းပိုင်းနှင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နအဖ တပ်စခန်း ၁၀၀ အနက် ၃၀ ကို မကြာသေးခင်က ပိတ်ပစ်ခဲ့  သည်ဟုဆိုထားပါသည်။ အကြောင်းမဲ့ ပိတ်ပစ်ဒါတွေ မဟုတ်ပါ။ ကေအန်အယ်လ်အေ တပ်များ၏ ပြောက်ကျား ပစ်ခံရ မှုများ၊ ရိတ္ခာကြားဖြတ် ဖြတ်တောက်ခံရမှု နှင့် တူ နောက်လိုက် ရိက္ခာ ကိုဘယ်လိုမှ ရှေးတန်းသို့ မပို့  နိုင်သောကြောင့်ဖြစ်သည်။
ကေအန်ယူ တပ်မဟာ ၇ သည်လည်း မဟာဗျူဟာ အသစ်တစ်ခုသို့  အခြေအနေ ၏ တောင်းဆိုမှုနဲ့ အညီ အကွက်ရွေ့ လိုက်ပြီး ဖြစ်နေသည်။ ဤကဲ့သို့  ကေအန်ယူ၏ အခြေအနေ အချိန်အခါ နှင့် အညီ ညင်သာစွာ ပြောင်းလဲ လှုပ်ရှားနေမှု များကို ကြည့်ခြင်းဖြင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးနှင့် စစ်ရေး ၌ တည်ငြိမ် စွာ ရှိနေဆဲ ဖြစ်သည်ကို ထောက်ပြ နေပါသည်။
အနာဂါတ်တွင် ကရင်တမျိုးသားလုံး ၏ ခိုင်မာသော အမျိုးသားအကျိုးစီပွား အတွက် နှင့်အတူ မြန်မာပြည်တွင်း ဗမာအပါ အ၀င် တိုင်းရင်းသားညီကိုအားလုံး ပါဝင်ပြီး ရေရှည်မှာ အေးခြမ်းသာယာ တည်ငြိမ် သော တိုင်းပြည်တစ်ခု မြန်မာပြည် တွင်းမှာ ပုံဖေါ်နိုင်ရေးအတွက် အတိုက်အခံအားလုံးနှင့် အတူ ဟန်ချက်ညီ စွာဖြင့် ကရင်အမျိုးသားများ အသက်သွေးပေါင်းများစွာ ပေးဆပ်ပြီး အစဉ် ကြိုးစား အားထုတ်ခဲ့ပြီးဖြစ်သလို ယခုလည်း ရှေ့ တလှမ်းတိုး ဆက်လက်ချီတက်နေဆဲ ဆိုဒါ တွေ့  မြင်ကြရမှာ ဖြစ်ပါသည်။
နောက်ဆုံးအချက် အနေဖြင့် ဖေါ်ပြလိုသည်မှာ မြန်မာပြည် အုပ်စိုးသူ အစိုးရ အဆက်ဆက် သည် ကရင်အမျိုးသားထုကို ကိုယ်စားပြုသော KNU ကရင်အမျိုးသားအစည်းအရုံး နှင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဘယ်သောအခါမှ တရားမျတစွာ ပြသနာ များကို ဖြေရှင်းရန်မကြိုးစားခဲ့ပေ။ အထက်စီးမှနေပြီး ကရင်အမျိုးသားထုကို ရန်သူ သဖွယ် ဆက်ဆံ၍ အမြစ်ပြတ်ချေမုန်းရေးလမ်းစဉ် ကို တစိုက်မတ်မတ် အကောင်အထည်ဖေါ်လာ ခဲ့သည်မှာ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး ကတည်းက ဖြစ်သည်။
ဒီလိုလက်နက်အားကိုးပြီး လူမျိုးတစ်မျိုး ကိုဖြစ်စေ၊ တိုင်းသူပြည်သားအားလုံးကို ဖြစ်စေ နိုင်ထက်စီနင်း ဆက်ဆံလိုသည့် ဗမာ့တပ်မတော်၏ အတွေးအခေါ်များ ကို ပယ်ဖျက်ရန် အချိန်ကျပြီ ဖြစ်သည်။ ဗမာ့တပ်မတော်မှ ခေါင်းဆောင်ကြီးများ က သူတို့ ၏ ရှိရင်းစွဲ မဟာဝါဒီ အတွေး အခေါ်များကို ဖျောက်ဖျက်ပစ်ရန်၊ အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။
တကယ်တော့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြီး နှင့် ကရင်အမျိုးသားတို့ ၏ ခုခံ တော်လှန် စစ်ကြီးသည် မြစ်ဝှမ်းကျွန်းပေါ်ဒေသမှ ပေါက်ဖွားလာဒါမဟုတ်သလို၊ ပဲခူးရိုးမမှ ပေါက်ဖွား လာဒါ လည်းမဟုတ်ပါ။ အရှေ့ တိုင်းမာနယ်ပလောဌာနချုပ် မှာ ပေါက်ဖွား လာဒါလည်းမဟုတ် သလို တပ်မဟာ ၇ ဌာနချုပ်မှာ ပေါက်ဖွားလာ ဒါလည်းမဟုတ်ပါ၊ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး တခုတည်းသော နှစ် ၆၀ ကျော် ကေအန်ယူမှ ဦးဆောင် သော ကရင်လူမျိုးတို့  ရဲ့  ခုခံတော်လှန်စစ်ဟာ ကရင်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာခြင်း သာဖြစ်သည်ဆိုဒါ ဗမာ့တပ်မတော်အရာရှိများ သဘောပေါက် နားလည်ထားဘို့ လိုနေပြီ ဖြစ်ပါသည်။
ကရင်လူမျိုးတို့ ၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနေ သရွေ့ ၊ တန်းတူအခွင့်အရေး နှင့် ကိုယ်ပိုင် ပြဌန်းခွင့် မရှိနေသရွေ့ ကာလပတ်လုံး ကရင့်ခုခံတော်လှန်စစ်ကြီး ဟာ အစဉ်အမြဲ ရှိနေဦးမည်ဆိုဒါ ယုံမှားသံသယမရှိ ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ နားလည်ထားစေချင်သည်။
တိုင်းပြည်ကို လက်ရှိ အုပ်ချုပ်နေသော ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ တိုင်းပြည်၏ ရေရှည် အကျိုးကို ကြည့်ပြီး စစ်မှန်သော၊ လွတ်လပ်၍ တရားမျှတသော၊ အပြန်အလှန်လေးစား အသိအမှတ်ပြုသော တွေ့  ဆုံဆွေးနွေးမှုများ ကို စတင် အကောင်အထည်ဖေါ်ပြီး တပ်မတော် အစိုးရ၏ ဒို့  တာဝန် အရေးသုံးပါး ထဲက တစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့ အရေး ဆိုသည့် ဆောင်ပုဒ် ကို အပြောနဲ့ အလုပ် ညီစွာ ဖြင့် မြန်မာနိုင်ငံ အတွင်း စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ခြင်းမှ ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ခုဆီသို့  မြန်မာပြည်တွင်းမှ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံး အတူတကွ ချီတက် လုပ်ဆောင်ရန် အချိန်ကျရေက် နေပြီ ဖြစ်ကြောင်း ရေးသားတိုက်တွန်းလိုက်ပါသည်။
copy from Thaw Thi Kho
Friday, June 19, 2009
ဖွင့်ဟချက်များ
Dkba Cry Out
Dkba Group
စ ကား လုံး နှင့် ပတ် သက် ပြီး နား လည် ပေး ပါ ရန်။
ဇွဲ က ပင် (ဂျ ပန်) မှ ကူး ယူ ဖေါ် ပြ ပါ သည်။ (ကျေး ဇူး တင် လျှက်)
Type rest of the post here
Dkba Group
စ ကား လုံး နှင့် ပတ် သက် ပြီး နား လည် ပေး ပါ ရန်။
ဇွဲ က ပင် (ဂျ ပန်) မှ ကူး ယူ ဖေါ် ပြ ပါ သည်။ (ကျေး ဇူး တင် လျှက်)
Type rest of the post here
Wednesday, June 17, 2009
ရင် နာ တယ်
န အ ဖ က လက် နက် ကိုင် ငြိမ်း ချမ်း ရေး အ ဖွဲ့ တွေ ကို နယ် ခြား စောင့် တပ်/ ပြည် သူ စစ် ဖွဲ့ ခိုင်း တော့ တ ခြား လူ မျိုး စု ငြိမ်း အ ဖွဲ့ တွေ က မိ မိ တို့ အ မျိုး ဂုဏ် ဇာ တိ ဂုဏ် ကို ထိန်း သိမ်း ဖို့ လိ မ္မာ ပါး နပ် စွာ ငြင်း ဆန် ကြ ပါ တယ်။ ဒါ ပေ မဲ့ က ရင် လက် နက် ကိုင် ငြိမ်း ချမ်း ရေး အ ဖွဲ့ အ စည်း တွေ အား လုံး က အ မျိုး ဂုဏ် ဇာ တိ ဂုဏ် ကို လုံး ၀ မ ထောက် ထား ပဲ မ ဆိုင်း မ တွ လက် ခံ လိုက် ကြ တယ်။ ဘာ ကြောင့် ဒီ လို ဆုံး ဖြတ် ကြ တာ လဲ မ သိ ပေ မဲ့ သူ တို့ ဆုံး ဖြတ် ချက် ကြောင့် က ရင် လူ မျိုး အ တွက် ရှက် စ ရာ အ လွန် ကောင်း ပါ တယ်။ ဒီ ထက် ဆိုး တဲ့ လုပ် ရပ် က တော့ နယ် ခြား စောင့် တပ် ဖွဲ့ ဖွဲ့ ဖို့ ဆို ပြီး တော့ ရွာ သား တွေ ကို အ တင်း အ ကြပ် တပ် ထဲ ၀င် ခိုင်း တာ ပါ။ ကိုယ့် ကိုယ် ကို န အ ဖ တပ် ကို ရောင်း စား လို့ မှ အား မ ရ သေး ပဲ အ ပြစ် မဲ့ ရွာ သား တွေ ကို ပါ အ ဆစ် အ နေ နဲ့ န အ ဖ တပ် ကို ကပ် ဖါး ရပ် ဖါး လက် ဆောင် ပေး ဖို့ ကြိုး စား နေ တာ ရှက် တတ် ရင် ရှက် ဖို့ ကောင်း ပါ တယ်။
ဒီ ထက် ပို မို ယုတ် မာ တဲ့ လုပ် ရပ် က တော့ အ ခု လက် ရှိ န အ ဖ အ လို ကျ န အ ဖ ခိုင်း တဲ့ အ တိုင်း ကေ အင် အယ် အေ နဲ့ တိုက် တဲ့ တိုက် ပွဲ မှာ အ ပြစ် မဲ့ ရွာ သား တွေ ကို လုပ် အား ပေး ဆို ပြီး ခေါ် ပြီး တော့ စစ် ၀တ် စုံ ၀တ် ခိုင်း ပြီး လက် နက် ပေး ပြီး အ တင်း အ ကြပ် ပါ ၀င် ခိုင်း တာ ပါ။ ကေ အင် အယ် အေ က မိ မိ ရဲ ဘော် တွေ ရဲ့ အ သက် ကို တန်း ဖိုး ထား တဲ့ အ နေ နဲ့ မိ မိ ရဲ့ ရဲ ဘော် တစ် ယောက် တ လေ ရဲ့ အ သက် ကို အ စ တေး မ ခံ ပဲ စ ခန်း က နေ ရှောင် ပေး တဲ့ အ ချိန် မှာ ဒီ အေ ဘီ အေ က န အ ဖ ရဲ့ မူ ၀ါ ဒ အ တိုင်း ပဲ မိ မိ ရဲ့ ရဲ ဘော် အ သက် မြောက် များ စွား စ တေး ပြီး နေ ရာ လေး တစ် ခု ကို ယူ ဖို့ ကြိုး စား နေ တာ လူ သား မ ပီ သ တဲ့ လုပ် ရပ် ပါ။ မိ မိ ရဲ့ အ သက် ကို မ ပြော နဲ့ မိ မိ ရဲ့ စည်း စိမ်း နည်း နည်း လေး တောင် မှ အ ပွန်း အ ပဲ့ မ ခံ ရဲ တဲ့ လက် နက် ကို ငြိမ်း အ ဖွဲ့ အ စည်း တွေ ခေါင်း ဆောင် တွေ ရဲ့ လုပ် ရပ် ဟာ န အ ဖ စစ် အာ ဏာ ရှင် တွေ နဲ့ ထူး မ ခြား နား အ တူ တူ ပဲ။ အ ခု လဲ ပဲ နယ် ခြား စောင့် တပ် ဖွဲ့ စည်း ဖို့ ဆို တဲ့ ခေါင်း စည်း အောင် မှာ မိ မိ လူ မျိုး ကို ရောင်း စား ပြီး အ သက် ကို ခင်း ပြီး မိ မိ စည်း စိမ် တိုး ဖို့ စီး ပွါး ရေး လုပ် လေ ရဲ့။ ဘယ် သူ သေ သေ င တေ မာ ရင် ပြီး ရော ဘ န ဖူး ကို တောင် သိုက် တူး မဲ့ က ရင် လက် နက် ကို ငြိမ်း အ ဖွဲ့ တွေ ရဲ့ ခေါင်း ဆောင် တွေ ဟာ က ရင် လူ မျိုး သ မိုင်း မှာ သ မိုင်း တ ရား ခံ အ ဖြစ် ကိုယ့် ကိုယ် ပုံ ဖေါ် နေ လေ ရဲ့။ ဒါ ပေ မဲ့ က ရင် လက် နက် ကို ငြိမ်း အ ဖွဲ့ တွေ ရဲ့ ခေါင်း ဆောင် တွေ ဟာ သူ တို့ ကို သူ တို့ က ရင် လူ မျိုး သ မိုင်း တ ရား ခံ ဖြစ် နေ မှန်း သိ လောက် အောင် ဦး နှောက် ရှိ မဲ့ ပုံ မ ပေါ် ပါ ဘူး။
က ရင် လက် နက် ကို ငြိမ်း အ ဖွဲ့ တွေ ရဲ့ ခေါင်း ဆောင် တွေ ရဲ့ အ ဆင် အ ခြင် မဲ့ လုပ် ရပ် ကြောင့် သူ တို့ မ ရှက် ပေ မဲ့ က ရင် လူ မျိုး အား လုံး အ တွက် ရှက် စ ရာ၊ ရင် နာ စ ရာ ပါ။
သင် ခန်း စာ ယူ ကြ ပါ စို့။ အ မှား ပြင် ကြ ပါ စို့။ အ မျိုး ဂုဏ် ဇာ တိ ဂုဏ် ပြန် လည် မြှင့် တင် နိုင် ဖို့ အ တူ လက် တွဲ လုပ် ကြ ပါ စို့။
Type rest of the post here
Friday, June 12, 2009
မြေဇာပင်လေးများ
န အ ဖ လူ ယုတ် မာ တွေ ရဲ့ သွေး ခွဲ မှု ကြောင့် က ရင် လူ မျိုး အ ချင်း ချင်း သတ် တဲ့ ပွဲ မှာ မြေ ဇာ ပင် က တော့ အ ပြစ် မဲ့ က ရင် လူ မျိုး တွေ ပဲ ဖြစ် ပါ တယ်။ အ ချင်း ချင်း သတ် ကြ တဲ့ အ ဖွဲ့ အ စည်း ၂ ခု လုံး ကို မေး ကြည့် မယ် ဆို ရင် ကိုယ့် လူ မျိုး ကို ချစ် ပြီး ကိုယ့် လူ မျိုး အ တွက် လုပ် နေ ကြ တာ ပါ လို့ ဖြေ လိမ့် မယ်။ လက် တွေ့ ကျ တော့ အ ခု လို လုပ် ရပ် မျိုး ကို ပဲ လုပ် ဖြစ် ကြ တယ် လေ။ ကိုယ့် လုပ် ရပ် ကို သေ သေ ချာ ချာ ပြန် ကြည့် ကြ ပါ။ ခေါင်း ဆောင် တွေ ကိုယ့် လုပ် ရပ် တွေ ကို ပြန် ကြည့် ပါ။ က ရင့် လူ မျိုး သ မိုင်း မှာ ကိုယ့် လူ မျိုး ကို ပြန် သတ် တဲ့ သ မိုင်း တ ရား ခံ အ ဖြစ် မ ခံ ကြ ပါ နဲ့။ ငယ် သား တွေ လဲ ခေါင်း ဆောင် က ကိုယ့် လူ မျိုး အ ချင်း ချင်း သတ် ခိုင်း ရင် အ မိန့် ကို မ နာ ခံ ကြ ပါ နဲ့။ ကိုယ် လူ မျိုး ကို တတ် နိုင် သ မျှ ကာ ကွယ် ကြ ပါ။ ကိုယ့် လူ မျိုး ကို အ မှန် တ ကယ် ချစ် တဲ့ ဆို ရင် ဒီ လို ကိ စ္စ တွေ ကို အ မြန် ဆုံး ရပ် တန့် ကြ ပါ။
နိုင် ငံ တ ကာ ရောက် က ရင် များ နဲ့ ပြည် တွင်း ရှိ က ရင် အား လုံး ဒီ ကိ စ္စ ကို ရပ် တန့် နိုင် မဲ့ နည်း လမ်း ကို ရှာ ကြံ ကြ ပါ။ ရပ် တန့် နိုင် အောင် ၀ိုင်း ၀န်း ကြိုး စား ပေး ဖို့ မေ တ္တာ ရပ် ခံ ပါ တယ်။
နောက် ပြီး ကိုယ် တတ် နိုင် တဲ့ နည်း လမ်း နဲ့ တတ် နိုင် သ မျှ မြေ ဇာ က ရင် လူ မျိုး စစ် ပြေး ဒု က္ခ သည် တွေ ကူ ညီ ကြ ပါ။
ကိုယ့် လူ မျိုး ကို ပါး စပ် နဲ့ ချစ် တာ ရပ် ပြီး လက် နဲ့ ဦး နှောက် နဲ့ နှ လုံး သား နဲ့ ချစ် ကြ ပါ။ အ ထူး မေ တ္တာ ရပ် ခံ ပါ တယ်။
Type rest of the post here
Tuesday, May 26, 2009
ဘလောင်းဘလဲသတင်းစာရှင်းလင်းပွဲ
ရှေ့ တ မျိုး နောက် တ မျိုး ပြော၊ အ ပြော တ ခြား အ လုပ် တ ခြား နဲ့ အ ရှက် မ ရှိ န အ ဖ စစ် အာ ဏာ ရှင် တွေ ဘ လောင်း ဘ လဲ လုပ် တတ် တာ တ က မ္ဘာ လုံး အ သိ ပါ။ အ ခု လဲ အ မှန် တ ရား ပေါ် နိုင် အောင် မေး နိုင် တဲ့ သ တင်း စာ ဆ ရာ တွေ ကို ပါး စပ် ပိတ် ပြီး သ တင်း စာ ရှင်း လင်း ပွဲ (အ သား ယူ ပွဲ) လုပ် လေ ရဲ့။ သူ တို့ ဆင် တဲ့ အ ကွက် ထဲ ၀င် ပြီ။ ပိုင် ပြီ ဆို ပြီး သ ဘော ထား ကြီး ကြောင်း ပြ ချင် လို့ ဒေါ် စု ကို အ ကျယ် ချုပ် လွတ် ပြ ပြီး နောက် ထပ် ၆ လ ထပ် ချုပ် နိုင် ကြောင်း အ ရှက် မ ရှိ ပြော လေ ရဲ့။ မ နှစ် တုန်း က ဥ ပ ဒေ အ ရ စု စု ပေါင်း ၆ နှစ် ချုပ် ထား နိုင် ကြောင်း ပြော ပြီး သူ တို့ ပြ ဌာန်း ထား တဲ့ ဥ ပ ဒေ ကို ပြောင် ချိုး ဖေါက် ပြီး အ ခု ကျ တော့ အ စ ပိုင်း ၁ နှစ် နဲ့ ၆ လ ကို တ ခြား ဥ ပ ဒေ တစ် ခု နဲ့ ဒေါ် အောင် ဆန်း စု ကြည် ကို ချုပ် ထား တာ ဖြစ် ကြောင်း အ ရှက် မ ရှိ ပြော ပြန် ပြီ။ ခင် ဗျား တို့ တော့ မ ရှက် တတ် ပေ မဲ့ ခင် ဗျား တို့ အ စား ရှက် မိ ပါ ရဲ့။ က ရော် က ရော် --
Type rest of the post here
Type rest of the post here
အပိုင်ကြံတဲ့ န အ ဖ
အ ခု ဒေါ် အောင် ဆန်း စု ကြည် ရင် ဆိုင် နေ ရ တဲ့ အ မှု ဟာ န အ ဖ စ နစ် တ ကျ ပြင် ဆင် ပြီး ဆင် ထား တဲ့ အ မှု ဆို တာ အ မေ ရိ ကန် နိုင် ငံ သား ၀င် မဲ့ အ ချိန် ဟာ ဒေါက် တာ တင် မျိုး ၀င်း ဒေါ် အောင် ဆန်း စု ကြည် အိမ် ကို သွား မဲ့ အ ချိန် နဲ့ တိုက် ဆိုင် နေ လို့ ဒေါက် တာ တင် မျိုး ၀င်း ကို အ ကြောင်း မဲ့ ဖမ်း ဆီး ထိန်း သိမ်း ထား တာ ကြည့် ခြင်း အား လုံး ၀ ထင် ရှား နေ ပါ တယ်။ ပ ထ မ အ ကြိမ် ၀င် တုန်း က ဒေါ် အောင် ဆန်း စု ကြည် ဟာ ဒေါက် တာ တင် မျိုး ၀င်း က နေ တ ဆင့် သက် ဆိုင် ရာ ကို အ ကြောင်း ကြား ခဲ့ ပါ တယ်။ ဒီ တ ကြိမ်း မှာ အ ကြောင်း မ ကြား နိုင် အောင် ဒေါတ် တာ တင် မျိုး ၀င်း ကို လက် ဦး ယူ ပြီး ကြို တင် ထိန်း သိမ်း ထား ခံ တာ အ သိ သာ ကြီး ပေါ် နေ ပါ တယ်။ အ ကြံ ပက် စက် ယုတ် မာ တဲ့ န အ ဖ စစ် အ ဏာ ရှင် အုပ် စု ရဲ့ ပြ ယုတ် တစ် ခု ပါ။ ဒီ လုပ် ရပ် ဟာ သူ တို့ အ တွက် နေ ၀င် ချိန် အ စ ပျိုး နေ တာ မ သိ လိုက် တာ တော့ စိတ် မ ကောင်း စ ရာ ပဲ။
Type rest of the post here
Monday, May 25, 2009
Sunday, May 17, 2009
အလင်းရောင်

ဒီ အ တိုင်း ဆက် လက် လုပ် နေ ရင် န အ ဖ ခြေ လှမ်း မှား တော့ မယ်။ ဒီ မို က ရေ စီ အင် အား စု တွေ အ ခွင့် ကောင်း ယူ နိုင် အောင် ကြိုး စား ဖို့ လို ပါ တယ်။ ဒီ တစ် ကြိမ် တော့ အ ခွင့် အ ရေး ရ တာ နဲ့ လက် မ နှေး ဖို့ အ ဆင့် သင့် ပြင် ထား ဖို့ လို ပါ တယ်။ အ မျိုး သား ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် လွတ် မြောက် ရေး တစ် ခု တည်း ကို ပဲ အာ ရုံ စိုက် မ ထား ကြ ပါ နဲ့။ ပေါ် လာ မဲ့ န အ ဖ ခြေ လှမ်း အ မှား အ တွက် အ ခွင့် ကောင်း ယူ နိုင် အောင် ကြို တင် အ စီ အ စဉ် တွေ ကို ချ မှတ် လုပ် ဆောင် ထား သင့် ပါ တယ်။
Type rest of the post here
Thursday, May 14, 2009
ဆုံမှတ်များ

အ ခု တ လော ကျွန် တော် အ လုပ် အ ရမ်း များ နေ လို့ စာ မ ရေး အား ဘူး။ ဒီ အ တော အ တွင်း မှာ မြန် မာ့ နိုင် ငံ ရေး အ ခြေ အ နေ တော် တော် လှုပ် နေ တယ်။ နောက် ဆုံး သ တင်း က တော့ န အ ဖ စစ် အာ ဏာ ရှင် တွေ က ကျွန် တော် တို့ ရဲ့ အ မျိုး သား ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် ကို တ ရား စွဲ ပြီ ထောင် ချ ဖို့ ယုတ် မာ စွာ ကြံ စည် နေ ကြ တာ ပဲ။ စစ် အာ ဏာ ရှင် တွေ ဟာ အ ရှက် မဲ့ စွာ နဲ့ ၂၀၁၀ ရွေး ကောက် ပွဲ ကာ လ မှာ ကျွန် တော် တို့ ရဲ့ အ မျိုး သား ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် ကို ချုပ် နှောင် ထား ခြင်း ဖြင့် သူ တို့ လုပ် ချင် ရာ လုပ် နိုင် အောင် အ ရှက် မဲ့ ယုတ် မာ စွာ ကြံ စည် နေ တာ ပါ။ န အ ဖ စစ် အာ ဏာ ရှင် တွေ ဟာ လက် နက် ကိုင် ယော ကျာ်း ရင့် မာ တွေ ဖြစ် ပေ မဲ့ သူ ရဲ ဘော ကြောင် ကြောင် နဲ့ အ ချောင် သ မား စိတ် ဓါတ် အ ပြည့် ရှိ နေ တဲ့ သူ တွေ ပါ။ ဘယ် နေ ရာ မှ မ ဆို တ ရား မျှ တ စွာ ယှဉ် ပြိုင် အ နိုင် ယူ တတ် တဲ့ စိတ် ဓါတ် လုံး ၀ မ ရှိ ပါ ဘူး။ စီး ပွါး ရေး၊ လူ မှု ရေး၊ နိုင် ငံ ရေး၊ စစ် ရေး စ တာ အား လုံး တွေ မှာ အ ချောင် သ မား ပီ ပီ ခေါင်း ပုံ ဖြတ် အ မြတ် ထုတ် ခဲ့ ပါ တယ်။ ဥ ပ မာ စီး ပွါး ရေး မှာ ရှယ် ယာ လုပ် အား ဘာ မှ မ ထည့် ပဲ နာ မည် ခံ ယုံ နဲ့ အ စု ရှယ် ယာ တွေ ကို အ လ ကား ရ ယူ တာ တွေ အ များ ကြီး ပါ။ လူ မှု ရေး မှာ လဲ ဒီ အ တိုင်း ပဲ။ ပြည် သူ လူ ထု လုပ် အား နဲ့ ဖေါက် ထာ တဲ့ လမ်း တွေ တံ တား တွေ ကို သို တို့ နာ မည် ခံ လေ ရဲ့။ နိုင် ငံ တ ကာ က နာ ဂစ် အ တွက် အ လှူ တွေ ကို သူ တို့ နာ မည် တပ် ပြီး အ လှူ ရှင် လုပ် လေ ရဲ့။ နိုင် ငံ ရေး မှာ လဲ ဒီ အ တိုင်း ပဲ။ နာ ဂစ် ကြောင့် ပြည် သူ တွေ အ တုံး အ ရုံး သေ တဲ့ အ ချိန် မှာ ၂၀၀၈ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို အ တည် ပြု လေ ရဲ့။ ရွေး ကောက် ပွဲ မ ၀င် ပဲ အ ချောင် တစ် မတ် သား အ မတ် လုပ် ချင် လေ ရဲ့။ သ မ တ ခန့် ချင် လေ ရဲ့။ စစ် ရေး မှာ ကော ဒီ ကေ ဘီ အေ ကို ရှေ့ တန်း တင် ပြီး အိမ် ကြက် ချင်း အိုး မဲ သုတ် ခွတ် ခိုင်း လေ ရဲ့။ သေ နပ် ကို ထား တဲ့ စစ် သား တွေ က အ ပြစ် မဲ့ ရွာ သား တွေ ကို လူ တံ တိုင်း လုပ် ပြီး စစ် တိုက် လေ ရဲ့။ အ ခု လဲ ပဲ ငြိမ်း အ ဖွဲ့ တွေ ကို တစ် ဆယ် သား ၀င် လုပ် ပြီး အ ပိုင် သိမ်း ဖို့ ကြံ လေ ရဲ့။
န အ ဖ စစ် အ ဏာ ရှင် ဟာ အ ချောင် သ မား စစ် စစ် ဖြစ် တဲ့ အ ပြင် ရှက် ကြေ နဲ့ ချက် ကြော မှား ဖြတ် ပြီး မွေး ဖွား လာ သူ တွေ ပီ ပီ နင် ပဲ င ဆ ဆို ပြီး တော့ လူ တ ကာ ကို လက် ညှိုး ငေါက် ငေါက် ထိုး ပြီး အ ပြစ် တင် ပြီး ကိုယ့် ကို ကိုယ် အ မွမ်း တင် လေ ရဲ့။ နိုင် ငံ တ ကာ ကို အ ရှက် မဲ့ စွာ ပြောင် ညာ လေ ရဲ့။
ဒါ ပေ မဲ့ အ ခု အ ချိန် မှာ န အ ဖ ရဲ့ ကျ ဆုံး ချိန် ရောက် ဖို့ ဆုံ မှတ် တစ် ခု ကို ဦး တည် လာ ပြီ လေ။ ၂၀၁၀၊ ရွှေ ဂုံ တိုင် ကြော် ငြာ စာ တမ်း၊ ငြိမ်း အ ဖွဲ့ ကို အင် အား လျှော့ ပြီး အ ပိုင် သိမ်း ရန် ကြံ ခြင်း၊ ၀ ပြည် နယ် ကြေ ငြာ ခြင်း နဲ့ အ ခု ကျွန် တော် တို့ ရဲ့ အ မျိုး သား ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် ကို တ ရား စွဲ ထောင် ချ ဖို့ ကြံ စည် ခြင်း တွေ အား လုံး ဟာ အ ရှက် မ ရှိ အ ချောင် သ မား န အ ဖ စစ် အာ ဏာ ရှင် တွေ အ တွက် ကျ ဆုံး ချိန် ဆုံ မှတ် တစ် ခု ဖြစ် လာ တော့ မယ် လေ။
Saturday, April 18, 2009
တောင်ပေါ်ပန်းလေးရာဇ၀င်
PRESS RELEASE
SIMON & SCHUSTER, 1ST FLOOR, 222 GRAY’S INN ROAD, LONDON WC1X 8HB
Emma Harrow –Publicity Manager – 020 7316 1981

A memoir of survival in Burma and the west
Published by Simon and Schuster, available from April 20th, Priced £15.99 h/b
‘My father marked the day of my birth with a traditional animist ceremony … He buried my umbilical cord under an ancient giant of a tree, and then he prayed for his Little Daughter. He prayed to the tree spirit on the mountaintop, because it is high and has vision and can see into the future. He prayed that when I grew up I would be strong, and that I would help my country and my people’
Zoya Phan was born in the remote jungles of Burma, to the Karen ethnic group. For decades the Karen have been under attack from Burma's military junta; Zoya’s mother was a guerrilla soldier, her father a freedom activist. Zoya lived in a bamboo hut on stilts by the Moei River; she hunted for edible fungi with her much-loved adopted brother, Say Say. Many Karen are Christian or Buddhist, but Zoya's parents were animist, venerating the spirits of forest, river and moon. Her early years were blissfully removed from the war.
At the age of fourteen, however, Zoya's childhood was shattered as the Burmese army attacked. With their house in flames, Zoya and her family fled. So began two terrible years of running from guns, as Zoya joined thousands of refugees hiding in the jungle. Her family scattered, Zoya sought sanctuary across the border in a Thai refugee camp. Conditions in the camp were difficult, and Zoya now also had to care for her ailing mother.

Zoya, a gifted pupil, was eventually able to escape, first to Bangkok and then, with her enemies still pursuing her, in 2004 she fled to the UK and claimed asylum.
The following year, at a 'free Burma' march, she was plucked from the crowd to appear on the BBC, the first of countless interviews with the world's media. She became the face of a nation enslaved, rubbing shoulders with presidents and film stars.
By turns uplifting, tragic and entirely gripping, this is the extraordinary true story of the girl from the jungle who became an icon of a suffering land.
Zoya Phan is a 28-year-old ethnic Karen refugee from Burma. As a teenager she was forced to flee her country after her village was attacked by the Burmese army. She now lives in London and works for the human rights organization Burma Campaign UK.
http://www.zoyaphan.com/
www.youtube.com/watch?v=PPbuTdpMdZA
www.youtube.com/watch?v=WW4fd8pUb1M
http://www.burmacampaign.org.uk
FOR AN INTERVIEW WITH ZOYA OR FURTHER INFORMATION PLEASE CONTACT EMMA HARROW ON 020 7316 1981 OR AT EMMA.HARROW@SIMONANDSCHUSTER.CO.UK
SIMON & SCHUSTER, 1ST FLOOR, 222 GRAY’S INN ROAD, LONDON WC1X 8HB
Emma Harrow –Publicity Manager – 020 7316 1981

A memoir of survival in Burma and the west
Published by Simon and Schuster, available from April 20th, Priced £15.99 h/b
‘My father marked the day of my birth with a traditional animist ceremony … He buried my umbilical cord under an ancient giant of a tree, and then he prayed for his Little Daughter. He prayed to the tree spirit on the mountaintop, because it is high and has vision and can see into the future. He prayed that when I grew up I would be strong, and that I would help my country and my people’
Zoya Phan was born in the remote jungles of Burma, to the Karen ethnic group. For decades the Karen have been under attack from Burma's military junta; Zoya’s mother was a guerrilla soldier, her father a freedom activist. Zoya lived in a bamboo hut on stilts by the Moei River; she hunted for edible fungi with her much-loved adopted brother, Say Say. Many Karen are Christian or Buddhist, but Zoya's parents were animist, venerating the spirits of forest, river and moon. Her early years were blissfully removed from the war.
At the age of fourteen, however, Zoya's childhood was shattered as the Burmese army attacked. With their house in flames, Zoya and her family fled. So began two terrible years of running from guns, as Zoya joined thousands of refugees hiding in the jungle. Her family scattered, Zoya sought sanctuary across the border in a Thai refugee camp. Conditions in the camp were difficult, and Zoya now also had to care for her ailing mother.

Zoya, a gifted pupil, was eventually able to escape, first to Bangkok and then, with her enemies still pursuing her, in 2004 she fled to the UK and claimed asylum.
The following year, at a 'free Burma' march, she was plucked from the crowd to appear on the BBC, the first of countless interviews with the world's media. She became the face of a nation enslaved, rubbing shoulders with presidents and film stars.
By turns uplifting, tragic and entirely gripping, this is the extraordinary true story of the girl from the jungle who became an icon of a suffering land.
Zoya Phan is a 28-year-old ethnic Karen refugee from Burma. As a teenager she was forced to flee her country after her village was attacked by the Burmese army. She now lives in London and works for the human rights organization Burma Campaign UK.
http://www.zoyaphan.com/
www.youtube.com/watch?v=PPbuTdpMdZA
www.youtube.com/watch?v=WW4fd8pUb1M
http://www.burmacampaign.org.uk
FOR AN INTERVIEW WITH ZOYA OR FURTHER INFORMATION PLEASE CONTACT EMMA HARROW ON 020 7316 1981 OR AT EMMA.HARROW@SIMONANDSCHUSTER.CO.UK
Sunday, April 5, 2009
Subscribe to:
Posts (Atom)
