Blogger Widgets
Monday, February 9, 2015
7Day Daily
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း ကေအင်န်ယူသုံးသပ်
 ငါးရက်ကြာပြုလုပ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင် ပါဝင်သော အခြေခံမူ နိုင်ငံရေးလမ်းပြမြေပုံ၊ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ကြားကာလအစီအစဉ်တို့၌ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ကိစ္စများရှိနေသဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု ကေအင်န်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဖဒိုမန်းမန်းကပြောသည်။
‘‘နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အ ခြေခံမူမှာဆိုရင် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးနဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးကိစ္စတွေဟာ ဆက်လက် ဆွေးနွေးဖို့ကျန်သေးတယ်’’ ဟု ဖဒိုမန်းမန်းကပြောသည်။
ထို့အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် တပ်များနေရာချထား ရေး၊ အပစ်အခတ်ရပ်စဲရေး၊ လက်မှတ်ရေးထိုးပြီးနောက် နှစ် ဖက်တပ်များ လိုက်နာရမည့် စည်းကမ်း (စစ်သည်တော်ကျင့်ဝတ်)တို့မှာလည်း ဆက်လက် ဆွေးနွေးရမည့်ကိစ္စများဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
သမ္မတဦးသိန်းစိန်က လာ မည့်ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးလို ကြောင်း တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များအား ကမ်း လှမ်းထားသည်။
အင်အားကြီးလက်နက်ကိုင် အဖွဲ့များတွင် ကေအင်န်ယူနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့မှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်စတင်လို သောအဖွဲ့များဖြစ်သည်။
ပြည်ထောင်စုနေ့တွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ပါက အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) က အစိုးရသို့ ကမ်းလှမ်းထား သည်။
ကရင်အမျိုးသားအစည်း အရုံးနှစ်ပတ်လည်ဗဟိုကော်မတီ အစည်းအဝေးကို ကေအင်န်ယူ ဌာနချုပ်တည်ရှိရာ လော်ခီးလာ ဒေသတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိ ငါးရက်ကြာကျင်းပခဲ့ သည်။ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ဒုတိယစစ်ဦးစီးချုပ်အပါအ၀င် ဗဟိုကော်မတီဝင်အားလုံးနီးပါးတက်ရောက်ခဲ့ကြသည်။
Sunday, January 18, 2015
Without War
(အမိုးနော်စီဖိုးရာစိန်ရဲ့ စစ်ပွဲတွေ ကင်းရာမြေ)
နော်စီဖိုးရာစိန်ရဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၀၃ခုနှစ်က လောင်းရိပ်ကို ကျော်ဖြတ်ခြင်း အတွဲ၂တွင် ရေး သားဖော်ပြတဲ့ စစ်ပွဲတွေ ကင်းရာမြေ အမည်ရ ဆောင်းပါးကို အားလုံး ဖတ်လို့ရအောင် ပြန်လည်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
ကျမဟာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့တယ်။ အဲဒီတိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်တွေ အုပ်စိုးထားတဲ့ တိုင်းပြည်တခုပါ။ ကျမက ကရင်လူမျိုး တယောက်ဖြစ်ပါတယ်။ ကရင်လူမျိုးတွေဟာ မြန်မာပြည်မှာ ဒုတိယလူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေအားဖြင့် ၈သန်းကနေ ၁၀သန်းအထိ ရှိပါတယ်။ တခြားမြန်မာပြည်က တိုင်းရင်းသား လူမျိုးစုတွေလိုပဲ ကရင်လူမျိုးတွေဟာ သူတို့ အခွင့်အရေး၊ လွတ်မြောက်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနဲ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၅၀ကျော်ကြာ တိုက်ပွဲ ၀င်နေခဲ့ကြပါတယ်။
ကရင်လူမျိုးတွေဟာ အများအားဖြင့် အရှေ့ဘက်နယ် စပ်ဒေသက တောင် တန်းတွေနဲ့ မြစ်ဝကျွန်းပေးအလယ်ပိုင်း ဒေသတွေမှာ နေထိုင်ကြပါတယ်။ ကျမတို့ လူမျိုးတွေဟာ ရိုးသားကြပြီး ခိုင်မြဲတဲ့ မိသားစုဘ၀တွေ ရှိကြသလို ရင်းနှီးဖော်ရွေမှုကို
Saturday, December 27, 2014
ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ့  ရေးတဲ့ကဗျာ
@@@@@@@@@@@@@@@@@@@@
လက်ပံတောင်းကျိန်စာ
*********************
လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။
.
ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။
.
တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။
.
မောင်စိန်ဝင်း ပုတီးကုန်း
၂၃ ၁၂ ၂၀၁၄
.
Credit : မောင်စိန်ဝင်း ( ပုတီးကုန်း ) Mg Sein Win
Sunday, December 21, 2014
မိုး မ ခ ဆောင်း ပါး
အောင်သဇင် – ပြည်ထောင်စုဖြိုခွဲရေး – တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး
December 20, 2014
အောင်သဇင်  – ပြည်ထောင်စုဖြိုခွဲရေး – တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး
(မိုးမခပေးစာ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄
ဒို့တာဝန်အရေးသုံးပါးကို ပါးစပ်ကအမြှုပ်ထွက်မတတ်အော်နေတဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတွေ UNFC ထဲမှာ၊ FUA ပြည်ထောင်စုတပ်မတော်ထဲမှာ၊ KAF ကော်သူးလေတပ်မတော်ထဲမှာ စည်းလုံးညီညွတ်မယ့်အရေး ကိုတော့ အပြင်းအထန်ဆန့်ကျင်နေပြီး ဖျက်ဆီးဖြိုခွဲဖို့ နည်းမျိုးစုံသုံးနေတာ တွေ့ရတယ်။
ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ မင်းအောင်လှိုင်ဟာ ၂၀၁၃ မေလ နဲ့ နိုဝင်ဘာလကတည်းက တပ်မတော်မူ ၆ ချက်တို့ ငြိမ်းချမ်းရေးမူ ၆ ချက်တို့ လုပ်လာပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်နေတဲ့ တိုင်းရင်းသားတပ်တွေကို တည်ဆဲ ဥပဒေတွေလိုက်နာဖို့၊
Saturday, December 13, 2014
Professional နိုင်ငံရေး
နိုနိုနို
နိုင်ငံရေးဆိုတာဟာ လူငယ်တွေကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်တဲ့
Professional တစ်ခုဖြစ်လာသင့်ပြီ ●
.▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ်။
နိုင်ငံရေးစနစ်တွေ ပြောင်းနေပြီ။ ဒီမိုကရေစီစနစ်ကို ဦးတည်နေပြီ။
ဒါပေမဲ့ ဒီနိုင်ငံမှာ၊ ဒီလူ့အဖွဲ့အစည်းမှာ နိုင်ငံရေးသမားကို Professional
အဖြစ်၊ ကျွမ်းကျင်မှုလုပ်ငန်းတစ်ခုအဖြစ် အခုအချိန်အထိ မသတ်
မှတ်သေးဘူး။ ဒါက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တကယ်ကြုံ
နေရတဲ့ ပြဿနာ။ အဲဒီတော့ နိုင်ငံရေးသမားဆိုတာ လူရိုသေ ရှင်ရိုသေ
ကျွမ်းကျင်မှုလုပ်ငန်း တစ်ခုအဖြစ်နဲ့ ဒီလူ့အဖွဲ့အစည်းက လက်ခံ
လာအောင် လူကြီးတွေကိုယ်တိုင်က ပုံစံချဖို့လိုတယ်။ ဒါမှလည်း
လူငယ်တွေက ငါတို့ဦးလေးက နိုင်ငံရေးသမား၊ တို့အဖေက နိုင်ငံရေး
သမားဆိုတာကို ဂုဏ်ယူတတ်တဲ့၊ အားကျနေတဲ့၊ သူတို့ ကိုယ်တိုင်လည်း
နိုင်ငံရေးသမားဖြစ်ချင်တဲ့ လူငယ်တွေ ဖြစ်လာမယ်။ ကျွန်တော်
ပြောတာက လူငယ်တိုင်း နိုင်ငံရေးသမားဖြစ်စရာ မလိုဘူး။
သူ့ရွေးချယ်မှုနဲ့သူ၊ တခြားအသက်မွေးဝမ်းကျောင်းတွေ လုပ်ကြ
လိမ့်မယ်။ သို့သော် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးသမားဘ၀ကို
ရွေးချယ်တဲ့ လူငယ်တွေ ပေါ်ပေါက်လာဖို့ အရေးကြီးတယ်။
.
ကျွန်တော် ဘာကြောင့် ဒီစကားကို ပြောရသလဲဆိုတော့ ဥပမာ
ဆရာဝန်တစ်ယောက်က ကုသမှုမှားသွားရင် လူနာတစ်ယောက်
သေသွားမယ်။ အင်ဂျင်နီယာတစ်ယောက်က မှားရင် အဆောက်
အဦတစ်ခု ပြိုသွားမယ်။ ထိခိုက်ပျက်စီးမှုက လူဆယ်ဂဏန်းပေါ့။
ရာဂဏန်းပေါ့။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က မှားသွားပြီ
ဆိုရင်တော့ လူ သန်းငါးဆယ်ဆိုရင် သန်းငါးဆယ်၊ သန်းတစ်ရာ
ဆိုရင် သန်းတစ်ရာ၊ အဲဒီလူ့အဖွဲ့အစည်းတစ်ခုလုံးက အောက်တန်း
နောက်တန်းကျသွားပြီ။
အိမ်နီးချင်းနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင်၊ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် နိုင်ငံ
တစ်နိုင်ငံ စုန်းစုန်းမြုပ်သွားတာ သည် နိုင်ငံရေးသမားရဲ့ အဆုံးအဖြတ်
ကြောင့်ပဲ။ ဒီလောက်အရေးကြီးတဲ့ ရာထူးတာဝန်ကို ထမ်းဆောင်ဖို့
အတွက် လူငယ်ဘ၀မှာကတည်းက ပြင်ဆင်မယ်ဆိုတဲ့ စိတ်ပိုင်း
ဖြတ်မှုမျိုး မရှိရင်တော့ ဒီနိုင်ငံရဲ့အပြောင်းအလဲဟာ အာမခံချက်
မရှိဘူး။
.
ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံရေးထဲကို ရောက်လာတာဟာ ကလေး
ဘ၀တုန်းက သားကြီးလာရင် နိုင်ငံရေးသမားလုပ်မယ်လို့ မပြောခဲ့တာ
အမှန်ပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်၊ စီးပွားရေးပတ်ဝန်းကျင်၊
နိုင်ငံရေး ပတ်ဝန်းကျင်ကနေပြီးတော့ ရိုက်ခတ်တဲ့အတွက်ကြောင့်
ဒီထဲကို ရောက်လာတာ။ ဒီနေ့အပြောင်းအလဲကာလမှာတော့ နိုင်ငံရေး
ဆိုတာဟာ လူငယ်တွေကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်တဲ့ Professional
တစ်ခု ဖြစ်လာသင့်ပြီလို့ မြင်တယ်။
.
[ December 2014 “ လူငယ်နှင့် နိုင်ငံရေး ” ၊ Eternal Light Magazine ]
နော် လှ လှ စိုး ကို မဲ ပေး စို့
နောနော်ဆိုတဲ့ ကချင်အနုပညာရှင်နဲ့တွေ့ပြီးတော့ စကားပြောကြည့်တဲ့အခါ
လူငယ်အနုပညာရှင်တွေရဲ့နိုင်ငံချစ်စိတ်၊ အနုပညာကိုမြတ်နိုးစိတ်တွေကိုလေးစားစွာသိရှိလိုက်ရပါတယ်။ဒီအနုပညာရှင်လေးများရဲ့ အနာဂါတ်ပုံရိပ်ကတော့ ရန်ကုန်မြို့ကြီးကို အနုပညာမြို့တော်အဖြစ်ပြောင်းလဲဖန်တီးဖို့ပါ။
တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ရန်ကုန်မြို့တော်ကြီးဟာလူတွေထူထပ်ပြီးစည်းကမ်းမဲ့ ညစ်ပတ်နေတာကို
သူတို့ က အနုပညာနဲ့ လွှမ်းခြုံထားတဲ့၊ နေပျော်တဲ့ မြို့တော် အဖြစ်ပြောင်းလဲလိုက်ချင်တာပါ။
လမ်းဒေါင့်လေးတွေမှာဂီတဖျော်ဖြေပွဲလေးတွေ၊ ပန်းအစစ်စိုက်ထားတဲ့ပန်းခြံတွေ၊ ပန်းချီခန်းလေးတွေ၊ ကော်ဖီဆိုင်လေးတွေ၊ ကဗျာရွတ်တဲ့နေရာတွေ… စသည်ဖြစ်ပေါ့လေ။
နောနော်ပြောပြတာတွေကိုနားထောင်ပြီးအနုပညာမြို့တော်တစ်ခုဖြစ်တဲ့ ကမ္ဘာတဖက်ခြမ်းဆီကပရတ်(ဂ်) Prague မြို့ကိုသတိရပါတယ်။
ချက်နိုင်ငံကပါ။ တံတားပေါ်ကပန်းချီဆရာတွေ၊ Performance အဖွဲ့တွေ၊ ဘတ်(စ်)ကားရှေ့ကတယောဆရာမလေးတွေ ကိုလွမ်းမိပါရဲ့ ။
အဲဒါနဲ့တဆက်တည်းအတွေးကဘယ်ရောက်သွားလဲဆိုတော့ …. ဟါဗဲလ်….ချက်နိုင်ငံရဲ့သမ္မတဟါဗဲလ်ဟာပန်းချီဆရာ၊ ပြဇာတ်ရေးဆရာ၊ ကဗျာဆရာတစ်ဦးပါ။ အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သူတစ်ဦးလဲ ဖြစ်ပါတယ်..လူထုလှုပ်ရှားမှုမှာဦးဆောင်ကာအာဏာရှင်စနစ်ကို ဖြုတ်ချအပြီးသမ္မတဖြစ်လာသူပါ။
ကျမတို့ဆီမှာလည်း သမ္မတဟါဗဲလ်နဲ့တော်တော်ဆင်တဲ့ ခေါင်းဆောင် တစ်ဦးရှိပါတယ်။ သူကတော့မင်းကိုနိုင်ပါ ပန်းချီဆရာစာရေးဆရာ လူထုခေါင်းဆောင်တစ်ဦးသူသာ သမ္မတဖြစ်ခဲ့ရင် ကျမတို့မြို့တော်ဟာ အနုပညာမြို့တော်ကြီးဖြစ်လာမလားလို့စိတ်ကူးမိတာ အခါခါ ပါ။
လောလောဆယ်တော့ကျမကရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် ၀င်ရောက်အရွေးခံဖို့ကိုနောနော်တို့လိုလူငယ်အနုပညာသမားတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။
- နော်လှလှစိုး
Sunday, December 7, 2014
MRTV Interview
Post by MRTV.
Sunday, November 30, 2014
VOA news
ကာချုပ်နဲ့ KNU ခေါင်းဆောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေး
by သိင်္ဂီထိုက်
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ နောက် တိုင်းရင်းသားတွေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အပေါ် စိုးရိမ်ချက်တွေအပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် အမြင်တွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရလာတဲ့ အမြင်သဘောထားတွေ အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ KNU က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထား
Mizzima News
ဖက်ဒရယ် တပ်မတော် ကိစ္စ အစိုးရ လက်မခံ၊ အချိန်ယူ ရဦးမည်ဟု KNU ဆို
Written by  သိင်္ဂီထွန်း၊ ဖနိဒါ
ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရက ဖက်ဒရယ် ပြည်ထောင်စုကို ပေးထားပြီးဖြစ် သည်ဟုဆိုကာ တိုင်းရင်း သားအများစု တောင်းဆိုနေသည့် ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စမှာ မဖြစ်နိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆို လိုက်ပြီး ကေအန်ယူ ကလည်း ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စသည် အချိန် ယူရန် လိုအပ် သည်ဟု ပြောကြား လိုက်သည်။
KNU-NCCT
နော်ဝေနိုင်ငံခြားရေးဝန်ကြီး၊ဝန်ကြီးဦးအောင်မင်း၊ ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားအဖွဲ့များ နိုဝင်ဘာ ၃၀ရက် နံနက်က ပဲခူးရှိ ဟင်္သာဥယာဉ်ဟိုတယ်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ_ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပဲခူးမြို့၊ ရန်ကုန်-ပဲခူးလမ်းပေါ်ရှိ ဟံသာ ဥယျာဉ် ဟိုတယ်တွင်ပြု လုပ်သည့် နော်ဝေနိုင်ငံ ခြားရေး ဝန်ကြီးနှင့် ပူးတွဲ
Monday, November 17, 2014
KIC News
ကရင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ စတင်ဖွဲ့စည်း
(ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်းရွှေ)
(ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်းရွှေ)
နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုထားပြီးဖြစ်သည့် ကရင်အမျိုးသားပါတီ(KNP) သည် နိုဝင်ဘာ ၁၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းရွာရှိ ပါတီ ဒုဥက္ကဌ မန်းထိန် ဝင်းစိန် နေအိမ်၌ အစည်းအဝေးကျင်းပကာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ထိုသို့ ကော်မတီများ ဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ် မန်းသိန်းရွှေ၊ ဒုဥက္ကဌများ အဖြစ် မန်းထိန်ဝင်းစိန်၊ မန်းအုန်း မောင်၊ စောလွန်းတင်၊
Sunday, November 9, 2014
ဗိုလ်မှူးကြီး မေရီအုန်း- မုန်တိုင်းထဲက ပန်းရိုင်းနှင်းဆီခိုင်မာကျော်ဇော
“အဖေက ပြောခဲ့ဘူးတယ် အလုပ်တခုကို လုပ်ရင် ဆုံးခန်းတိုင်အောင် လုပ်ရမယ်”တဲ့၊ “အဖေပြောတဲ့ စကားအတိုင်းပဲ ကျမ အခု လုပ်နေတယ်၊ အဖေ လျောက်ခဲ့တဲ့ လမ်းပေါ်မှာပဲ ကျမ လျောက်နေတယ်” ဒီစကားကို ပြောခဲ့သူက ၂၀၀၇ ခုနှစ် မေလ(၂၅)ရက်နေ့ က ကွယ်လွန်သွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်မှူးကြီး နော်မေရီအုန်းပါ၊
သူ့ ကို ခဏတဖြုတ် မြင်ဘူး။ တွေ့ ဘူး သူများက သူ့ ကို ဂွကျသည်၊ စကားပြောပြတ်သည်၊ မဟုတ်မခံ စိတ်ရှိသည်၊ မာကြော ခက်ထန်သည်ဟု ထင်ကြလိမ့်မည်၊ တကယ်တော့ သူသည် ပျော်ပျော်ရွင်ရွင်နေတတ်သည်၊ အတီးအမှုတ် ၀ါသနာထုံသည်၊ ဇွဲ ရှိသည်၊ သတ္တိရှိသည်၊ ရဲရင့်တည်ကြည်သည်၊ အမျိုးသားရေး ချစ်စိတ်ရှိသည်၊ တိုင်းပြည် ချစ်စိတ်ရှိသည်၊ သနားကြင်နာတတ်သည်၊ တခါတခါလည်း စိတ်အား ငယ်တတ်ပါသည်၊
သူ့ အကြောင်းအစုံအလင်ကို ကျမ ကောင်းကောင်းမသိပါ၊ သို့ သော် သူနှင့် စကားတွေပြောရင်း။ သူ့ ငယ် ဘ၀များကို စပ်စပ်စုစု မေးကြည့်ရင်းနှင့်ပင် သူ့ အကြောင်းကို ကျမ သိလာရခြင်းပင်၊ ထိုသို့  သိလာရသည့်အတွက် သူသည် အဆင်း။ အနံ့ နှင့် ဆူးတွေရှိသည့် နှင်းဆီတပွင့်ဖြစ်သည်ကို ကျမ သိလာရပါသည်၊ နှင်းဆီထဲကမှ သူသည် ရဲရင့်။ စူးရှ။ မွေးမြလွန်းလှသည့် နှင်းဆီရိုင်းတပွင့် ဖြစ်ပါသည်၊
အသံသြဇာပြည့်စုံပြီး စကားကို တိုရှင်းလိုရင်း ပြတ်ပြတ်သားသား ပြောတတ်သော နော်မေရီအုန်း၏ ၀တ်စားဆင်ယင်ပုံကြည့်ပါ၊ ဆံပင်က ဘိုကေ၊ ဘောင်းဘီရှည်ကို မချွတ်တမ်းဝတ်ပြီး ရှပ်အကျီ်ကို ၀တ်စကုတ်နှင့် အမြဲဝတ်ဆင်သည်၊ ဒီအတွက် သူ့ ကို ယောက်ျားတဦးဟုပင် ထင်ပေလိမ့်မည်၊
ထိုသို့ ထင်သည့်အတွက်လည်း အမျိုးသမီးအဖွဲ့ အစည်းများ.အစည်းအဝေးတခုတွင် ရှမ်းအမျိုးသမီးငယ်တဦးက အမျိုးသမီးအစည်းအဝေးကို အဲဒီယောက်ျားကြီးက ဘာလာလုပ်တာလဲ’ဟု ပြောခဲ့ဘူးသည်၊ ဒီအကြောင်း သူ့ ကို ပြောပြတော့ သူက တဟားဟားနှင့် ရီ(ရယ်)နေခဲ့သည်၊
ထိုရှမ်းအမျိုးသမီးငယ်သာမဟုတ် လူအတော်များများက သူ့ ကို ယောက်ျားတဦးဟုပင် ထင်မှတ်ကြသည်၊
-----------
အတွန့် အတက်တွေအများသည့် အဖြူရောင်စကပ် အရှည်ကြီးကို ၀တ်ဆင်ထားသည့် ၅နှစ်ကျော်အရွယ် ကောင်မလေးတယောက် သူ့ အရပ်လောက်ရှိသည့် ပန်းစည်းကြီး တစည်းကိုကိုင်ပြီး စင်ပေါ်ကို ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်ပေးပြီး တက်လာသည်ကို ဧည့်သည်များ။ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသားများကပါ ငေးမောနေကြသည်၊ ကောင်မလေးက ပန်းစည်းကြီးကို ကိုင်ပြီး ပရိတ်သတ်ဘက်လှည့်ပြီး ဦးညွတ်လိုက်၊ ဧည့်သည်တွေဘက် ဦးညွတ်လိုက်နဲ့  မြူးကြွနေသည်၊ ကောင်မလေးအတွက် လက်ခုပ်သံများစွာ ဆူညံသွားခဲ့သည်၊ စင်ပေါ်ကနေ အရှေ့ အနောက် တောင်မြောက်ဝဲယာကို ကောင်းမလေး ဦးညွတ်လိုက်သည့်အခါမှာတော့ လူတွေက အံ့အားသင့်ကာ မှင်သက်သွားကြပြီး ခဏအကြာမှာ လက်ခုပ်သံတွေကို တဖြောင်းဖြောင်းနဲ့  ထွက်ပေါ်လာကြပြန်သည်၊ကောင်မလေး အကိုက ကောင်မလေးကို ကြည့်ပြီး ဒေါတွေပွနေသည်၊ အဲဒီနောက် ကောင်မလေးက ပန်စည်းကြီးကို ဧည့်သည်နိုင်ငံခြားသူအမျိုးသမီး. လက်ထဲသို့  ထိုးအပ်လိုက်ပြီး ခုန်ကာ။ ပေါက်ကာဖြင့် စင်မြှင့်ထက်မှ ပြေးဆင်းသွားသည်၊ ထိုကောင်မလေးမှာ ယောက်ျားကြီးတယောက်ဟု ရှမ်းအမျိုးသမီးငယ်လေးတဦးထင်ခဲ့သည့် နော်မေရီအုန်းဖြစ်ပါသည်၊
“အမေ့သမီး လုပ်လိုက်ရင် တလွဲချည်းပဲ၊ ဆရာဆရာမတွေ သေသေချာချာ သင်ထားပေးရက်နဲ့  သူက လူတွေကြားထဲမှာ အပြောင်အပျက်သိပ်လုပ်တယ်”နော်မေရီအုန်း. အကိုက အမေဖြစ်သူကို ပြန်တိုင်ခဲ့ခြင်းဖြစ်သည်၊ “ဘာဖြစ်လို့ လဲ ဆရာဆရာမတွေက ဂွတ်ဂွတ်လို့  ပြောတာ နင် မကြားဘူးလား”နော်မေရီအုန်းက ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသည်၊ ဒါကို ကြားသည့်အဖေက သမီးကို အပြစ်မတင်ပဲ သဘောတွေ ကျနေခဲ့သည်၊ နော်မေရီအုန်းတွင် ထိုသို့  ရွတ်တတ်တတ်နိုင်သည့် အကျင့်လည်း ရှိပါသည်၊
---------
“မာလာကားသီး စားချင်တယ် အကို”“စားချင်ရင် နင့် ဟာနင် ခူးပေါ့” “နင် တကယ် မခူးပေးဘူးပေါ့”“နင့်မှာ ခြေတွေလက်တွေ ပါတာပဲဟာ” အဲဒီနောက်တော့ နော်မေရီအုန်းကို မာလာကာပင်။ သရက်ပင်နှင့် အုန်းပင်ပေါ်တွင် တွေ့ ရတော့သည်၊
“အကိုက မိန်းမကလေးဆိုပြီး အထင်သေးချင်တယ်၊ ဘယ်ရမလဲ နောက်ဆိုရင် အပင်ပေါ်က မာလာကာသီး တလုံးမှ သူ မစားရတော့ဘူး၊ အဲဒီ စိတ်ဓာတ်တွေကြောင့်ပဲ ကရင့်တော်လှန်ရေးထဲ ရောက်တော့လည်း ဘယ်သူ့ မှ အားမကိုးဘူး၊ ဘယ်လောက်မြင့်တဲ့ သစ်ပင်ဖြစ်ပါစေ၊ ကိုယ့်ဟာ ကိုယ်တက်တာပဲ၊ ဘယ်တော့မှ သူများကို အားမကိုးဘူး၊ သူများကို အားကိုးတယ်ဆိုတာ ကောင်းတာမဟုတ်ဘူး”၊ ကိုယ့်အားကိုးတဲ့စိတ်နှင့် မခံချင်သည့်စိတ်လည်း နော်မေရီအုန်းတွင် ငယ်ငယ်လေးထဲက ကိန်းဝပ်ခိုတွယ်နေခဲ့ပါသည်၊
--------
ကရင့်တော်လှန်ရေးသို့  ၁၉၅၁ ခုနှစ်က နော်မေရီအုန်း စတင် ၀င်ရောက်ခဲ့သည်၊ ထို့ စဉ်က အဖေဖြစ်သူရဲ့ အထက်အရာရှိတဦးက နော်မေရီအုန်းကို အထင်သေးသည့် အကြည့်နှင့် ကြည့်ခဲ့ဘူးသည်၊ “သူ့ အကြည့်တာက တော်လှန်ရေးထဲမှာ ဒီကောင်မ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အကြည့်” အဲဒီအကြည့်ကို နော်မေရီအုန်း သဘောမကျပါ၊ ဒါကြောင့်လည်း ‘ငါ့ကို ဘာမှ မခိုင်းရသေးပဲနဲ့  အထင်သေးတဲ့ အကြည့်နဲ့  နင် ငါ့ကို မကြည့်နဲ့ ’ဟု နော်မေရီအုန်းက မကြောက်မရွံ့ ပြောခဲ့သည်၊ ထိုစစ်ဗိုလ်က နော်မေရီအုန်း လုပ်နိုင်မည်ဟု မထင်သည့် တာဝန်တခုကို ပေးခဲ့သည်၊ ထိုတာဝန်မှာ ရန်ကုန်။ အင်းစိန်ရပ်ကွက်တခုက အိမ်တအိမ်တွင် လွန်ခဲ့သည့်(၁၀)နှစ်က ထိုစစ်ဗိုလ်ဝှက်ထားခဲ့သည့် သေနတ်တလက်ကို သူတို့  စခန်းချသည့် ပုသိမ်ပင်လယ်ဘက်ကို ယူဆောင်လာရန်ဖြစ်သည်၊
ထိုအိမ်ကို မရရအောင် နော်မေရီအုန်း စုံစမ်းခဲ့သည်၊ သံချေးတွေတက်နေသည့် ပစတိုသေနတ်ကို ခြေသလုံးတွင် ကြိုးများဖြင့် အထပ်ထပ်ရစ်ပတ်ကာ ကားတတန်။ သင်္ဘောတတန်။ လှေတတန်။ ခြေလျင်ခရီး တတန်ဖြင့် ယူဆောင်လာခဲ့သည့် နော်မေရီအုန်းကို ကြည့်ပြီး ထိုစစ်ဗိုလ် စကားမပြောနိုင်ပဲ အံ့သြ နေခဲ့သည်၊ နော်မေရီအုန်းကို ထိုစစ်ဗိုလ်သာမက အခြားတော်လှန်ရေးသမားများပါ အထင်မသေးရဲတော့ပါ၊ ထိုအချိန်မှစလို့ နော်မေရီအုန်း ကရင့်တော်လှန်ရေးအတွက် ယူဂျီလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်၊ -
------------
လက်နက်သယ်ယူရေး။ တပ်သားသစ် စုဆောင်းရေးအတွက် မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်ကို လွန်ထိုးသလို ခေါက်တုံ့ ခေါက်ပြန် နော်မေရီအုန်း သွားလာခဲ့ရသည်၊ ပဲခူးရိုးမနှင့် ကော်သူးလေအရှေ့ တိုင်းသို့ လည်း နော်မေရီအုန်း ခြေစင်္ကြာဖြန့် ခဲ့သည်၊ တော်လှန်ရေးတွက် အရေးတကြီးလိုအပ်သည့် ဆေးဝါး။ ဓာတ်ခဲ။ ဘက်ထရီအိုးများကိုလည်း ဗိုက်ကြီးသည်လို တမျိုး။ နွားကျောင်းသားလို တဖုံ။ နတ်ကတော်လို တနည်း။ အငှါးမယားလို တသွယ်။ လယ်သူမလို တလမ်းနဲ့  နည်းမျိုးစုံသုံးကာ ရန်သူတပ်စခန်းများ။ ရန်သူဂိတ်များကို ကျော်ဖြတ်ကာ နော်မေရီအုန်း စုဆောင်းသယ်ပိုး ပေးခဲ့သည်၊ မြစ်ဝကျွန်းပေါ်။ ပဲခူးရိုးမ။ ကော်သူးလေအရှေ့ တိုင်း(ဖာပွန်) ရန်ကုန်။ အင်းစိန်။ ပဲခူး။ တောင်ငူ။ ဘိတ်-ထားဝယ် နယ်မြေဒေသကွဲပြားခြားနားမှုနှင့် အယူဝါဒ ကွဲပြားများမှုရှိသည့် ကရင့်တော်လှန်ရေးကြီးအတွင်း ယူဂျီအလုပ်ကို လုပ်ရသည့်မှာ အလွန်ခက်ခဲရှုတ်ထွေးပြီး အနရယ်လည်း အလွန်ကြီးပါသည်၊ “နေရာဒေသတွေ။ ဘာသာစကားတွေအပြင် လူတွေက အယူဝါဒတွေလည်း မတူကြတော့ တော်တော်ခက်တယ်၊ ယူဂျီအလုပ်ဆိုတော့ ပိုဆိုးတာပေါ့၊ မြစ်ဝကျွန်းပေါ်က လွှတ်လိုက်လို့  ကော်သူးလေတိုင်းကို မသေမပျောက်ပဲ ခက်ခက်ခဲခဲနဲ့ တော့ ရောက်ပါရဲ့ ဒါပေမယ့် ဒီက လူတွေက မယုံကြည်ကြပြန်ဘူး၊ သူတို့ ယုံအောင် သူတို့ ခိုင်းတာကို ခိုင်းတဲ့အချိန်အတွင်း လုပ်ပြရတယ်၊ ကိုယ်က ခိုင်းတာကို ခိုင်းတဲ့အချိန်အတွင်းမှာ ဖြစ်အောင်လုပ်နိုင်တော့လည်း တဖက်က လက်နက်တွေ ချသွားပြန်ရော၊ ဒီလို အကွဲအပြဲတွေဖြစ်ရင် လူမောစိတ်မော ဖြစ်ရတယ်”ယူဂျီတယောက်ဖြစ်တဲ့ နော်မေရီအုန်းရဲ့  အပြောတွေနဲ့  အမောတွေပါ၊
---------------
-----------------------
ရဲရင့်သည့် နော်မေရီအုန်းသည် ချို့ တဲ့သူ။ အားနည်းသူများအပေါ်တွင် သနားကြင်နာတတ်ပြန်သည်၊ “ဝှေ့ ကလုတ် ဒုက္ခသည်စခန်းမှာ ကျမ ဥက္ကဋ္ဌ လုပ်တဲ့အချိန်က စခန်းထဲက ကလေး။ လူကြီး ကျမကို တော်တော်ကြောက်ကြတယ်၊ကျမ အသံကြားရင် ကလေးတွေ သေးထွက်ကြ၊ အဖေတွေ အမေတွေက ပုန်းကြ ကွယ်ကြနဲ့ ၊ စခန်းထဲက ကုလားတွေက တော်တော်ညစ်ပတ်တာ၊ ကျမက စခန်းသန့် ရှင်းရေးလို့  အမိန့် ပေးလိုက်ရင် ညစ်ပတ်တဲ့ ကုလားတွေလည်း မနေရဲဘူး၊ ကျမကလည်း စခန်းထဲမှာ တအိမ်ဝင် တအိမ်ထွက်လိုက်ပြီးစစ်တာကိုး၊ ကုလားအိမ် တအိမ်ရောက်သွားတော့ တအိမ်လုံး ပြောင်နေတာပဲ၊ အ၀တ်အစားတွေနဲ့  အိုးခွက်ပန်းကန်တွေကို မြွေရေခံအိတ်ကြီးတလုံးထဲ ထည့်ပြီး စုစည်းထားတာကို ကျမတွေ့ တယ်၊ သူတို့  ပိုင်ဆိုင်တာလည်း အဲဒါအကုန်ပဲထင်တယ်၊ ကျမရောက်သွားတော့ ကုလားကလေးဟာ ငိုလိုက်တာ အသားတွေတောင်တုန်နေတယ်၊ သူ့ အမေကလည်း ကျမကို ကြောက်ပြီး သေးတွေ ထွက်လို့ ၊ သူတို့ ကို ကြည့်ပြီး သနားတာနဲ့  အိမ်က အိုးတွေ။ ခွက်တွေ။ စောင်တွေယူပြီး ကျမကိုယ်တိုင် သွားပေးတယ်၊ ပိုက်ဆံလည်း နည်းနည်းပေးလိုက်တယ်၊ သူတို့ လည်း ဒုက္ခသည် တွေပဲလေ၊ တိုင်းပြည်က စစ်ကြီးပဲဖြစ်နေတော့ ကရင်ရော။ ကုလားရော။ မြန်မာရော အားလုံး ဒုက္ခသည်ရောက်ကြတာပဲ ” လူမျိုးရေးမရှိ။ ဒုက္ခသည်ရောက်သူတွေကို သနားကြင်နာတတ်သော နှလုံးသားလည်း နော်မေရီးအုန်းတွင် ရှိနေသည်၊
--------------------
နော်မေရီအုန်းက အတီးအမှုတ်ဘက်မှာလည်း ၀ါသနာထုံသူ ဖြစ်သည်၊ အင်္ဂလိပ်သီးချင်း တော်တော်များကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တီးနိုင်သူဖြစ်သည်၊ ကရင်တော်လှန်ရေးနယ်မြေ ရှေ့ တန်းတပ်စခန်းများသို့ သွားရောက်ပြီး တော်လှန်ရေးရဲဘော်များနှင့် ရင်းရင်းနှီးနှီး တွေ့ ဆုံစကားပြောခြင်း ကိုယ်တိုင်ဂစ်တာတီး။ သီးချင်းဆိုကာ အားပေးစကားများလည်း ပြောခဲ့ဖူးသည်၊ ဘုရားကျောင်းများ။ မွေးနေ့ ပွဲများတွင် ဂစ်တာတလက်နှင့် ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုသည့် နော်မေရီအုန်းကို ကရင်တော်တော်များများ တွေ့ ဖူး မြင်ဖူးကြသလို မဟာမိတ်အဖွဲဏ္ဍအစည်းများက အမျိုးသမီးများလည်းနော်မေရီအုန်း အတီးကောင်း အဆိုကောင်းသည်ကို ကောင်းကောင်းသိကြပါသည်၊ အားလပ်ချိန်များတွင်လည်း သူငယ်ချင်း။ မိတ်ဆွေများနှင့် တ၀ါးဝါး တဟားဟားပွဲကျအောင် အပြောင်အပျက်များကိုလည်း နော်မေရီအုန်း ပြောတတ်သေးသည်၊
---------
နော်မေရီအုန်းသည် သူ့ ပခုံးပေါ်ကျလာသည့် ကရင်အမျိုးသမီးအစည်းအရုံး၏ တာဝန်များကိုလည်း တက်တက်ကြွကြွနှင့် တာဝန်ကျေခဲ့ပါသည်၊ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် အမျိုးသမီးအဖွဲ့ အစည်းများ စုပေါင်းပြီး အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB ဖွဲ့ စည်းရေးအတွက်ကိုလည်း အင်တိုက် အားတိုက်ပါဝင်ခဲ့။ဆွေးနွေးခဲ့။ အကြံပေးခဲ့ပြီး အမျိုးသမီးခေါင်းဆောင်များကိုလည်း အမြဲ အားပေးခဲ့သည်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နော်မေရီအုန်းက အလွန်သဘောကျသည်၊ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးခေါင်းဆောင်တွေ မြန်မာနိုင်ငံအတွက် အများကြီးလိုသည်ဟုလည်း သူက ပြောသည်၊“ဒီအမျိုးသမီးက တော်တော်ထက်မြက်တယ်၊ ဒီလို အမျိုသမီးခေါင်းဆောင်မျိုးတွေ ကျမတို့ တိုင်းပြည်မှာ အများကြီးလိုအပ်တယ်” အမျိုးသားရေးတာဝန်များကို သူ ထမ်းဆောင်နေသော်လည်း မြန်မာနိုင်ငံရေးနှင့် ကမ္ဘာနိုင်ငံရေးကိုလည်း နော်မေရီအုန်း မျက်ခြေမပြတ်ပါ၊ “မြန်မာပြည်မှာ စစ်အာဏာစနစ် မပြုတ်ကျသေးတာ။ စစ်အာဏာရှင်တွေက တော်လို့ မဟုတ်ဘူး၊ ကျမတို့ အားလုံး မညီညွတ်ကြသေးလို့ ပဲ၊ ကျမတို့  အားလုံး စုစည်းညီညွတ်ကြမယ်ဆိုရင် ဒီအာဏာရှင် ဘာခံနိုင်မှာလဲ၊ ကမ္ဘာ ပေါ်မှာ အာဏာရှင်တွေ ပြုတ်ကျသွားတာကို ကြည့်ရင် နိုင်ငံသားတွေရဲ့ နိုးကြားမှုနဲ့  ညီညွတ်မှုက အဓိကပဲ” နော်မေရီအုန်းက စုစည်းညီညွတ်ကိုလည်း အလေးထားသူ တယောက်ပါ၊ “အဖေက ကျမကို ငယ်ငယ်လေးထဲက ပြောခဲ့တယ်၊ ငါ့ သမီး လင်မယူရဘူး အမျိုးသားအရေးအလုပ်ကို လုပ်ရမယ်”တဲ့၊ “အဲဒီစကားကို ကျမ အမြဲ ကြားယောင်တယ်၊ အဖေ့စကားအတိုင်းပဲ ကျမ အိမ်ထောင်မပြုခဲ့ဘူး၊ အမျိုးသားရေး တာဝန်တွေကို ကျမ တတ်စွမ်းသမျလုပ်ခဲ့တယ်၊ ဒါပေမယ့် ကရင်တွေ ကွဲကြပြဲကြ မညီညွတ်ကြတာကို မြင်ရတော့ ကျမ နှလုံးသားတွေ နာကျင်ရတယ်၊ ကျမ တော်တော် စိတ်ထိခိုက်တယ်”ဒီစိတ်ကြောင့်ပဲ နော်မေရီအုန်း အိပ်ယာထဲ ဘုန်းဘုန်းလဲခဲ့ခြင်းပင်၊ နော်မေရီအုန်းက ကရင်တွေကို ချစ်သည်၊ ကရင်တွေကို ညီညွတ်စေချင်သည်၊ ကရင်တွေကို စည်းလုံးစေချင်သည်၊ ကရင်တွေကို အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေချင်သည်၊ ထို့ အတူ မြန်မာနိုင်ငံသားအားလုံးကိုလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေချင်ခဲ့သည်၊ ဒါ့ကြောင့်လည်း (၁၉)နှစ်အရွယ်ထဲက ကရင့်တော်လှန်ရေးထဲကို သူ ၀င်ခဲ့သည်၊ အသက်(၇၀)ကျော်သည်အထိ တော်လှန်ရေးတာဝန်များကို သူ ထမ်းရွက်ခဲ့သည်၊ တော်လှန်ရေးထဲမှာပဲ သူ နေခဲ့သည်၊ တော်လှန်ရေးထဲမှာပဲ သူ ဘ၀ကို မြှုပ်နှံသွားခဲ့သည်၊ နော်မေရီအုန်းသည်ကား တော်လှန်ရေးအတွက် ရဲရင့်စူးရှ မွှေးမြစွာ ပွင့်ခဲ့ကြွေခဲ့သည့် နှင်းဆီရိုင်းတပွင့် ဖြစ်ပါတော့သည်၊
-----------------------------
မြန်မာအမျိုးသမီးသမဂ္ဂမှ ထုတ်ဝေသော ဂျိုးလင်းပြာစာစောင်တွင် ဖော်ပြပြီးဖြစ်ပါတယ်။ ခွန်အား ရလိုသူများ မဖတ်ရသေးသူများအတွက် ပြန်လည်မျဝေပါတယ်
Saturday, November 8, 2014
IKO Statement 4
IKO Statement 4.pdf
Wednesday, November 5, 2014
ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ
ပန်းတနော် မန်းတင့် – November 6, 2014 ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄
 ကေအဲန်ယူအကြောင်းကြားရတာ ကျနော်အတော် စိတ်ထိခိုက်ရပါတယ်။ ကိုယ့်မိခင်အဖွဲ့ အစည်း ကိုယ့်လုပ်ခဲ့တဲ့ အလုပ်ဖြစ်လို့ ကျနော်နဲ့ လည်း လိပ်ပြာမသန့် သလို ခံစားရတယ်။ ကျနော် အသက် ၆၀ကျော်လို့ ၇၀ ထဲရောက်နေပါပြီ ကျန်းမာရေးကြောင့် ကျနော် ကရင့်တော်လှန်ရေးထဲကနေ ထွက်ခွာပြီး နိုင်ငံခြားတိုင်းပြည်ကို ရောက်နေပေမယ့် ကျနော့်အဖွဲ့ အစည်းကို ကျနော် တနေ့ မှ မမေ့ပါ၊ ကျနော် ရဲဘော်များကိုလည်း ကျနော် မမေ့ပါ၊ ကျနော်လူမျိုးများကိုလည်း ကျနော်မမေ့ပါ။ ကျနော် အခုလို တခါမှ စာ မရေးဖူးပါ။ အခုလည်း မနေနိုင်လွန်းလို့ ရေးလိုက်ရတာပါ၊ ကရင်တယောက်အနေနဲ့ တော်လှန်ရေးသမားဟောင်း တယောက်အနေနဲ့ ကိုယ့်အဖွဲ့ အစည်း ကိုယ့်ခေါင်းဆောင် ကိုယ့်လူမျိုးတွေ မှားနေကြတယ်ဆိုရင် ပြောပြဖို့  ထောက်ပြဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိကြောင့်လည်း ကျနော်ရေးရ ပြောရတာပါ၊ အခု
Saturday, November 1, 2014
ငါးလောင်းပြို င်သတ်ဖြတ်ခံရမှု KNU စုံစမ်းစစ်ဆေးမှုစတင်
နိုဝင်ဘာ - ၁ - ၂၀၁၄ သတင်း - ကရင်အမျိုးသား (မီဒီယာ) ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၅ ဦးသတ်ဖြတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်နေပြီးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးဌာမှူး ပဒိုစောအားတိုးကပြောသည်။ ၎င်းက" ဒီဖြစ်ရပ်က လုံးဝကိုလက်ခံလို့မရတဲ့ဖြစ်ရပ်ဖြစ်တယ် ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးဖြစ်တယ်"ဟုပြောဆိုသည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် KNU ဥက္ကဌအပါအ၀င် ထိပ်တန်းခေါင်းဆောင်များ KNU စည်းကမ်းထိန်းသိမ်းရေးကော်မတီ - KNLA စစ်ဦးစီးချုပ် KNDO ဦးစီးချုပ် ခရိုင်ဥက္ကဌများနှင့် တပ်မဟာမှူးများကိုလည်း အသိပေးအကြောင်းကြားထားပြီးဖြစ်သည် ပြည်ထဲရေးဌာနမှူးကဆိုသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် KNU ပြည်ထဲရေးဌာန၏ လက်အောက်တွင်ရှိပြီး တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြည်ထဲရေးဌာနကပြောသည်။ ထိုင်းနိုင်ငံဘန်ကောက်တွင်အခြေစိုက်သည့် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ မန်းထီ့ဖောင်က"အခုအသတ်ခံလိုက်ရတဲ့ စောသိန်းဦးဟာ အရင်ကဘန်ကောက်မှာ ကရင်လူမှုရေးနဲ့စာပေယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တဲ့လူပါ ကျနော်တို့အနေနဲ့ဒီဖြစ်ရပ်အပေါ်မှာ အတော့ကိုတုန်လှုပ်မိပါတယ် ဒီကိစ္စကိုတာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်တဲ့လူတွေကို အမြန်ဆုံးအရေးယူပေးဘို့ အဓိကတောင်းဆိုချင်ပါတယ်"ဟု ကရင်အမျိုးသား(မီဒီယာ) ကိုပြောဆိုသည်။ KNU လက်အောက်ခံ ဒူးပလာယာခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ မြို့ နယ်ရဲမှူးစောသိန်းဦးအပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယခင်လ ၁၈ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံရပြီး ၆ ရက်အကြာ ၂၃ ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။ သေဆုံးသူများ၏ မိဘဆွေမျိုးသားချင်းများက ယခုဖြစ်ရပ်သည် စစ်ပြေပြင်တွင်သေဆုံးခြင်းမဟုတ်ဘဲ ကိုယ့်အချင်းချင်းဖမ်းဆီးချုပ်နှောက်ပြီးမှ သတ်ဖြတ်ခြင်းကြောင့် ယူကြုံးမရဖြစ်ရကြောင်း တာဝန်ရှိသူများအနေနှင့် စုံစမ်းဖော်ထုတ်အရေးယူမှုများ အမြန်ဆုံးပြုလုပ်စေချင်သည်ဟု ပြောဆိုကြသည်။ သတ်ဖြတ်ခံရသည့်နေရာမှာ ဒူးပလာယာခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ နယ်မြေအတွင်းဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။
KIC News
KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်
ဗိုလ်မှူးကြီးစောဖောဒို
ဗိုလ်မှူးကြီးစောဖောဒို
အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ကော်သူးလေတပ်မတော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်သော လုပ်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ရက်(ယမန်နေ့)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဌာနချုပ် (ကော်သူးမွဲခီး)ဆုံဆည်းမြိုင်တွင် အောက်တိုဘာ ၂၉ရက်မှ ၃၀ရက်နေ့ အထိ ကျင်းပသည့် ယင်းအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် KAF ဖွဲ့စည်းခြင်းကို အားလုံး ပါဝင်သော ဦးဆောင်မှုဖြင့် လုပ် ဆောင်ခြင်း၊ တက်ရောက်သူ အဖွဲ့အစည်းကိုယ်စားလှယ်များ KAF ဖွဲ့စည်းမှုကို သဘောတူခြင်းနှင့် KAF သည် ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူလေးချက်အပေါ် ရပ်တည်သွားခြင်း အပါအ၀င် အချက် ၅ချက် ဖော်ပြပါရှိသည်။
ထုတ်ပြန်ကြေညာချက်အပေါ် KNU ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက “အခုအစည်းအဝေးက DKBA က တစ်ဖွဲ့တည်း ဦးဆောင်ပြီး လုပ်နေတဲ့ အနေအထားဖြစ်နေတဲ့ အတွက် တစ်ခုတည်း သဘောမဖြစ်ဖို့ နောက်လာမယ့် အဖွဲ့အားလုံးတွေ့ဆုံပြီး အစည်းအဝေးတစ်ရပ်ရှိမှသာလျှင် ဒီလုပ်ငန်းကြီး အကောင်အထည်ဖော်ရာမှာ တစ်ခုတည်းဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် KAF ဖွဲ့စည်းခြင်းကို KNU ၏