Blogger Widgets

Saturday, February 14, 2009


မ နှစ် က န ယူး ဘန်း က ရင် မိ သား စု များ မှ ပ ဒို မန်း ရှာ အ တွက် မေ တ္တာ ပို့ ဆု တောင်း ပုံ ရိပ် ဟောင်း များ ကို တ နှစ် ပြည့် အ မှတ် တ ရ ပြန် လည် တင် ပြ လိုက် ပါ တယ်။
ကျွန် တော် တို့ အ မှတ် တ ရ အ ခန်း အ နား တွေ လုပ် တာ နဲ့ ပဲ ကျွန် တော် တို့ ပ ဒို အ ပေါ် မှာ ချစ် ခင် လေး စား မှု ကို ဖေါ် ပြ နေ ရုံ နဲ့ ပြီး ကြ မှာ လား။
ဒီ အ ဖြစ် အ ပျက် ဟာ ဘာ ကြောင့် ဖြစ် ခဲ့ တာ လဲ။ ဘယ် သူ့ ကြောင့် လဲ။ ဘယ် သူ တွေ မှာ တာ ၀န် ရှိ လဲ။ ဒီ အ တွ က် ကျွန် တော် တို့ ပြန် လုပ် ပေး ပြီး ပြီ လဲ။ ဘာ ဆက် လုပ် သင့် လဲ။ စ သည် ဖြစ် လေ့ လာ သုံး သပ် ဆန်း စစ် ကြည့် ပြီး တော့ လုပ် သင့် တာ တွေ ကို စ နစ် တ ကျ လုပ် သင့် ပါ တယ်။ ပြု ပြင် သင့် တဲ့ အား နည်း ချက် တွေ ကို လဲ ပြု ပြင် သင့် ပါ တယ်။
နောက် ပြီး တ ကယ့် အ ရေး ကြီး တာ က သူ ကို တ ကယ် ချစ် ရင် လေး စား ရင် သူ ရဲ့ မ ပြီး ဆုံး သေး တဲ့ လုပ် ငန်း တာ ၀န် တွေ၊ သူ လျှောက် ခဲ့ တဲ့ လမ်း ကို ပြီး ဆုံး တဲ့ အ ထိ ၀ိုင်း ပြီး ထမ်း ဆောင် လျှောက် လှမ်း ဖို့ လို ပါ တယ်။ သူ့ ရဲ့ စိတ် ဓါတ် သူ့ ရဲ့ ခေါင်း ဆောင် မှု ကို လက် ဆင့် ကမ်း ဖို့ လို ပါ တယ်။
သူ လို အ မျှော် အ မြင် ကြီး စွာ နဲ့ ထက် မြက် ခေါင်း ဆောင် တွေ မှု တွေ ကို ပေး မဲ့ လူ ငယ် မျိုး ဆက် သစ် ကို မျှော် လင့် ပါ တယ်။
အ ထူး သ ဖြင့် သူ့ ရဲ့ ရင် သွေး တွေ ကို ပေါ့။
မျှော် လင့် ပါ ရ စေ။

1 comment:

  1. ဟုတ်ပါတယ် တမျိုးသားလုံးအတွက်(ဒီမိုကရေစီ) ခေါင်းဆောင်နိုင်မဲ့သူ လိုအပ်နေပါတယ်။ ဘယ်သူမဆို(ကရင်)သူ့ လို အ မျှော် အ မြင် ကြီး စွာ နဲ့ ထက် မြက် ခေါင်း ဆောင် တွေ မှု တွေ ကို ပေး မဲ့ လူ ငယ် မျိုး ဆက် သစ် ကို မျှော် လင့် ပါ တယ်။ ဘယ်သူမဆို(သူ့ လို)

    ReplyDelete