Blogger Widgets

Sunday, October 11, 2009

အိုဘားမား၊နိုဘယ်ဆု၊ဒေါ်အောင်ဆန်းစုကြည်နှင့်ပိတ်ဆို့မှုများ


အ ခု အ မေ ရိ ကန် သ မ တ အို ဘား မား ကို နို ဘယ် ဆု ပေး အပ် ခြင်း ကို ခံ ရ ပါ တယ်။ ထိုက် တန် ပြီ လား မ ထိုက် တန် သေး ဘူး လား အ ငြင်း ပွား ကြ ပေ မဲ့ ကျွန် တော် တို့ မြန် မာ ပြည် နဲ့ ဒေါ် အောင် ဆန်း စု ကြည် တွက် တော့ ကောင်း ကျိုး ဖြစ် စေ လိမ့် မယ် လို့ ကျွန် တော် ယုံ ကြည် ပါ တယ်။ အ မေ ရိ ကန် သ မ တ ရွေး ကောက် ပွဲ တုန်း က ဆို မြန် မာ နိုင် ငံ သား တစ် ယောက် အ နေ နဲ့ မြန် မာ နိုင် ငံ အ ရေး ကို ပို ပြီး လုပ် ဆောင် ပေး မယ် ထင် လို့ ဂျွန် မက် ကိန်း ကို သ မ တ ဖြစ် စေ ချင် ပါ တယ်။ ဒါ ပေ မဲ့ အို ဘား မား အ နိုင် ရ ခဲ့ ပါ တယ်။ အ ခု တော့ ကျွန် တော် မျှော် လင့် သ လို အို ဘား မား ကို ငြိမ်း ချမ်း ရေး နို ဘယ် ဆု ပေး အပ် ခြင်း ဟာ အို ဘား မား ကို မြန် မာ နိုင် ငံ အ ရေး ဖိ အား ပေး ဆောင် ရွက် ဖို့ တွန်း အား ပေး လိုက် သ လို ဖြစ် စေ ပါ လိမ့် မယ်။
ပ ထ မ တစ် ခု က တော့ အို ဘား မား ဟာ နို ဘယ် ဆု ရှင် တစ် ယောက် အ နေ နဲ့ တစ် ခု တည်း သော အ ကျဉ်း ကျ ခံ နို ဘယ် ဆု ရှင် ဒေါ် အောင် ဆန်း စု ကြည် လွတ် မြောက် ဖို့ အ နေ နဲ့ မ ဖြစ် မ နေ ဆောင် ရွက် ဖို့ တာ ၀န် ရှိ လာ ပါ ပြီ။ ဆောင် ရွက် လိမ့် မယ် လို့ ယုံ ကြည် ပါ တယ်။
နောက် တစ် ခု က တော့ အို ဘား မား ဟာ ငြိမ်း ချမ်း ရေး နို ဘယ် ဆု ရှင် အ နေ နဲ့ အ မေ ရိ ကန် ဆို တဲ့ အင် အား ကြီး နိုင် ငံ သ မ တ တစ် ယောက် အား ကို ယူ ပြီ မ ငြိမ်း ချမ်း တဲ့ ဒေ သ တွေ ကို ငြိမ်း ချမ်း အောင် ဆောင် ရွက် ရ ပါ လိမ့် မယ်။ ဒီ လို ဆောင် ရွက် ပါ မှ ငြိမ်း ချမ်း ရေး နို ဘယ် ဆု နဲ့ ထိုက် တန် ပါ ကြောင်း ပြ သ ပါ လိမ့် မယ်။ ဒီ လို ဆောင် ရွက် ရာ မှာ မ ငြိမ်း ချမ်း သေး တဲ့ မြန် မာ ပြည် အ ရေး အ ခင်း ဟာ မ ဖြစ် မ နေ ဆောင် ရွက် ရ ပါ လိမ့် မယ်။
တိုက် ဆိုင် နေ တာ က မြန် မာ နိုင် ငံ နဲ့ ပတ် သက် ပြီး အ မေ ရိ ကန် နိုင် ငံ ရေး နိုင် ငံ ခြား ရေး မူ ၀ါ ဒ အ သစ် ချ မှတ် လိုက် တာ ရယ်။ ဒေါ် အောင် ဆန်း စု ကြည် က ပိတ် ဆို့ မှု နဲ့ ပတ် သက် ရင် န အ ဖ နဲ့ ပူး ပေါင်း ဆောင် ရွက် ဖို့ ကမ်း လှမ်း လိုက် တာ ရယ်၊ ပိတ် ဆို့ မှု ကို အ သည်း အ သန် ရပ် တန့် စေ ချင် တဲ့ န အ ဖ စ တ တွေ က မြန် မာ နိုင် ငံ အ တွက် မျှော် လင့် ချက် အ သစ် ဒါ မှ မ ဟုတ် န အ ဖ ရဲ့ ပြော ခဲ့ တဲ့ စ ကား လုံး ဖြစ် တဲ့ စာ မျက် နှာ အ သစ် ဇွင့် လှစ် တော့ မှာ လား ဆို ပြီး စဉ်း စား စ ရာ ဖြစ် လာ ပါ တယ်။
ကျွန် တော့် အ မြင် က တော့ န အ ဖ ဟာ ကု လ သ မ ဂ ထက် ပို ပြီ လက် ပါ တဲ့ အ မေ ရိ ကန် ကို ပို ကြောက် ပါ တယ်။ ဒီ အ တွက် အ မေ ရိ ကန် ကို လက် ပါ မ လာ အောင် မိ မိ အာ ဏာ ( အ ချုပ် အ ခြာ အာ ဏာ) ကို မ ထိ ပါး တာ တွေ ကို အ ထိုက် လျှောက် လိုက် လျော ပြ ပါ လိမ့် မယ်။ ဒီ ထက် ပို ပြီး မ မျှော် လင့် ဘူး။ ဘာ ဖြစ် လို့ လဲ ဆို တော့ နိုင် ငံ တော် ကို တ ကယ် ပြောင်း လဲ စေ မဲ့ တိုင်း ရင်း သား နဲ့ ပတ် သက် တာ တွေ၊ လူ့ အ ခွင့် အ ရေး ချိုး ဖေါက် တာ တွေ ဟါ ဘာ မှ မ ပြောင်း လဲ ပါ ဘူး။ ဒေါ် အောင် ဆန်း စု ကြည် နဲ့ ဆွေး နွေး ယောင် ပြ ပြီး ပိတ် ဆို့ မှု တွေ ကို ရပ် တန့် သွား အောင် အ မြတ် ထုတ် ဖို့ သက် သက် ပါ။ အ မေ ရိ ကန် နဲ့ အို ဘား မား ကို အေ စီ ယမ်၊ ကု လ သ မ ဂ နဲ့ ဘန် ကီ မွန်း ကို အ သုံး ချ ခဲ့ သ လို သုံး ချ ဖို့ ကြိုး စား ပေး ပါ လိမ့် မယ်။
အ မေ ရိ ကန် နဲ့ အိုး ဘား မား အ နေ နဲ့ အေ စီ ယံ၊ ကု လ သ မ ဂ နဲ့ ဘန် ကီ မွန်း လို ပဲ န အ ဖ ရဲ့ အ သုံး ချ မှု ကို ခံ ရ မှာ လား စောင့် ကြည် ပါ ရ စေ။

No comments:

Post a Comment