Blogger Widgets

Friday, November 27, 2009

ကျေး ဇူး တော် ချီး မွမ်း ရာ နေ့



ဒီ နေ့ ဟာ ကျေး ဇူး တော် ချီး မွမ်း ရာ နေ့ ပါ။

လူ သား တစ် ယောက် အ နေ နဲ့ ကျေး ဇူး တင် တတ် တဲ့ လူ တစ် ယောက်၊ ကျေး ဇူး မ မေ့ တတ် တဲ့ လူ တစ် ယောက် ဖြစ် ဖို့ ကျွန် တော် အ မြဲ ကျိုး စား ခဲ့ ပါ တယ်။ အ ခု လဲ ကျေး ဇူး တင် စ ကား လေး တွေ ဆို ပါ ရ စေ။
ပ ထ မ ဆုံး လူ သား တစ် ယောက် အ ဖြစ် တည် ခွင့် ပေး တဲ့ ဘု ရား သ ခင်း ကို ကျေး ဇူး အ ထူး တင် ပါ ရ စေ။
ဒု တိ ယ အ ရေး ကြီး ဆုံး ကျေး ဇူး တင် ရ မဲ့ လူ က တော့ ကျွန် တော် ကို မွေး ဖွား သန့် စင် ပေး ပြီး လူ လား မြောက် အောင် ပြု စု စောက် ရှောက် ခဲ့ တဲ့ အ မိုး နဲ့ အ ပါး ကို ပါ။ ငယ် ငယ် တုန်း က အ ရမ်း ချူ ခြာ ပြီး (သေ ရွာ ပြန်)၊ မိုက် မဲ တဲ့ ကျွန် တော့ အ တွက် နာ ကျင် မှု၊ ဆင်း ရဲ ဒု က္ခ၊ အ ပူ မီး၊ သော က မီး၊ အ ရှက် နဲ့ အ ကြောက် အ မျိုး မျိုး ခံ ပြီး အ ရမ်း ချစ် တဲ့ ကောင် ကင် ဘုံ က နေ အ ချစ် တွေ ပေး နေ ဆဲ စောက် ရှောက် နေ ဆဲ အ မိုး အ ပါး ရယ် ကျေး ဇူး အ ထူး အ ထူး တင် ပါ တယ်။
နောက် ပြီး တော့ မွေး ချင်း မောင် နှ မ တွေ ပဲ ပေါ့။ မောင် နှ မ တွေ ကြား မှာ အ ထူး အ ခွင့် အ ရေး ရ ခဲ့ တာ ကို နား လည် ပေး ပြီး ချစ် ခြင်း မေ တ္တာ ဝေ မျှ ခဲ့ ထောက် ပံ့ ခဲ့ တဲ့ အ တွက် ကျေး ဇူး ပဲ နော်....
နောက် ပြီး တော့ ကျွန် တော် ကို ချစ် တဲ့ ဆွေ မျိုး တွေ အား လုံး ကို လဲ အ စ စ အ ရာ ရာ ကူ ညီ ခဲ့ တာ အား လုံး အ တွက် ကျေး ဇူး ပဲ နော်....
နောက် ပြီး တော့ အ ဝေး က နေ ပြီး ကျွန် တော် ကို အ ရမ်း ချစ် တဲ့ ကျွန် တော် အ တွက် အ မြဲ ပူ ပန် တဲ့၊ ဆု တောင်း ပေး တဲ့၊ ကျွန် တော့ အ တွက် အ ရာ ရာ စွန့် လွှတ် ရဲ တဲ့ ချစ် သူ ရယ် ကျေး ဇူး တင် ပါ တယ်။
နောက် ပြီး ကျွန် တော့ ရဲ့ နည်း နည်း ပဲ ရှိ ပြီး ကျွန် တော် ကို အ ရမ်း ချစ် တဲ့၊ ကျွန် တော့ ရဲ့ ၀မ်း သာ မှု၊ ၀မ်း နည်း မှု တွေ ကို ဝေ မျှ ခံ စား ပေး တဲ့ သူ ငယ် ချင်း တွေ ကို ကျေး ဇူး တင်း ပါ တယ်။ အ ထူး သ ဖြင့် ကျွန် တော့ အ ချစ် ဆုံး၊ ကျွန် တော့ နဲ့ ခံ စား မှု တူ၊ ကျွန် တော့ ကို ဘာ မှန်း ညာ မှန်း မ သိ ပေ မဲ့ နား လည် တတ် တဲ့၊ ကျွန် တော့ ကို စိတ် ဓါတ် ခွန် အား အ ပေး နိုင် ဆုံး၊ ကျွန် တော် ဘယ် တော့ မှ မ မေ့ တဲ့ မ န္တ လေး က ဘု ရား ပေး တဲ့ သူ ငယ် ချင်း ရယ် ကျေး ဇူး က မ္ဘာ ပဲ နော် သူ ငယ် ချင်း........
နောက် ပြီး ကျွန် တော် ကို အ ရမ်း ချစ် ပြီး လေး စား အား ကိုး ပြီး အ မြဲ ဆု တောင်း ပေး နေ တဲ့ လုပ် ဇေါ် ကိုင် ဖက် မိတ် ဆွေ တွေ အား လုံး ကို လဲ ကျေး ဇူ တင် ပါ တယ်။
နောက် အိပ် ခါ နီး နဲ့ အိပ် ယာ ထ ဆု တောင်း တွေ မှာ အ မြဲ တမ်း အ မှတ် တ ရ ဆု တောင်း ပေး တဲ့ ချစ် စ ရာ ကျောင်း သား ခ လေး တွေ ရယ် မင်း တို့ လေး တွေ ရဲ့ အ ပြစ် မဲ့ ဆု တောင်း သံ ဟာ ငါ ဘ ၀ ခ ရီး မှာ အ နှောက် အ ယှက် အ တား အ ဆီး တွေ ကို အောင် မြင် စေ ပြီး၊ ဘေး အ န္တ ရာယ် အ ပေါင်း က ကာ ကွယ် ပေး တဲ့ အ တွက် ကျေး ဇူ ပဲ နော်......
နောက် ပြီး ကျွန် တော့ ကို အ ကြောင်း အ မျိုး မျိုး ကြောင့် ကြည့် မ ရ ပြီး အ မ နာ ပ ပြော တဲ့၊ အ ပြစ် ရှာ တဲ့၊ ဒု က္ခ အ မျိုး မျိုး ပေး တဲ့ အ ပေါင်း အ သင်း မိတ် ဆွေ ရေ မင်း တို့ ကြောင့် ငါ သည်း ခံ ခြင်း ပါ ရ မီး တိုး တက် လာ ပြီး နည်း နည်း ရင့် ကျက် လာ နိုင် တဲ့ အ တွက် ကျေး ဇူး တင် ပါ ရ စေ။
နောက် ပြီး ဘယ် လို မှ ကျေး ဇူ မ တင် မ ဖြစ် ကျေး ဇူး တင် ရ မှာ က တော့ ကျွန် တော့ ကို အ တတ် ပ ညာ တွေ သင် ပေး၊ ကူ ညီ မ စ တဲ့ ဆ ရာ သ မား တွေ ကို ပါ။ ကျေး ဇူး အ ထူး တင် ပါ တယ်။
နောက် ပြီး ကျွန် တော် ရဲ့ စား ၀တ် နေ ရေး အ တွက် တိုက် ရိုက် ဖြစ် ဖြစ် သွယ် ၀ိုက် ဖြစ် ဖြစ် ကူ ညီ ပေး တဲ့ သူ တွေ အား လုံး ကို ကျေး ဇူ အ ထူး တင် ပါ တယ်။
နောက် ပြီး ကျွန် တော် အ တွက် နေ ထိုင် စ ရာ ပေး ခဲ့ တဲ့ မွေး ဖွား ကြီး ပြင်း ခဲ တဲ့ အ မိ မြေ၊ အ ခု ခို လှုံ ခွင့် ပေး တဲ့ ဒီ မြေ နဲ့ အ စိုး ရ ကျေး ဇူး အ ထူး တင် ပါ တယ်။
ကျွန် တော် အ ပေါ် မှာ ပြု ခဲ့ တဲ့ ကျေး ဇူး တွေ ကြောင့် ဘု ရား သ ခင် ဆ ထက် တန် ဖိုး ပြန် လည် ကောင်း ကြီး ပေး ဖို့ ဆု တောင်း ပေး ပါ တယ်။ (အာ မင်)
ကျွန် တော် လဲ တတ် နိုင် တ မျှ ဒီ ကျေး ဇူ တ ရား တွေ ကို လက် ဆင့် ကမ်း နိုင်း ဖို့ လဲ အ ထူး ကျိုး စား နေ ပါ တယ်။ ကျေး ဇူး ကျေး ဇူး ကျေး ဇူး.........


Sunday, November 22, 2009

လူ့ဘောင်သစ်လွမ်းချင်း

လူ့ ဘောင် သစ် နဲ့ ပတ် သက် ဖူး သူ တစ် ယောက် အ နေ နဲ့ ၈၉ - ၉၀ လူ့ ဘောင် သစ် နေ့ ရက် တွေ ကို လွမ်း မိ ပါ ကြောင်း


DPNS.wav -

အာ ဖက် အေ တ န င်္ဂ နွေ စ ကား ၀ိုင်း

Friday, November 20, 2009

ဗိုလ်ချုပ်ဗိုလ်ချုပ်တို့ဗိုလ်ချုပ်



ဗိုလ်ချုပ်ရဲ့ နှိမ့် ချတတ်တဲ့ စိတ် ။ အဆောင်အယောင် ပကာသန မမက် မော တဲ့ စိတ်။
အဲဒါလေး ဝေမျှချင်လို့ ပါ..
တက္ကသိုလ်နေ၀င်းရေးတဲ့  အမှတ်တရဗိုလ်ချုပ်အောင်ဆန်း တဲ့  စာအုပ်နာမည်လေး က........
သူရေးထားတာ ဒီလိုဗျ.............

ထို့ နေ့ ကား 1946 ခု စက်တင်ဘာလ 26 ရက်နေ့ ပင်တည်း။
ထို အချိန်က မြန်မာနိုင်ငံသည် လွပ်လပ်ရေးမရသေး။
ဗြိတိလျှ ဘုရင်ခံ အုပ်ချုပ်ဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့ ) ကို ဘုရင်ခံ အမှု ဆောင် ကောင်စီ ဟုခေါ်သည်။ သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ် က ဒုတိယ သဘာပတိ အမည် ဖြင့် ဝန်ကြီးအဖွဲ့ကို ဦးစီး ကွပ်ကဲရသည်။ သို့ ရာတွင် ဘုရင်ခံ သည် အမည် ခံ *သဘာပတိ* သာဖြစ်ပြီး နိုင်ငံခြားေ၇း၊ကာကွယ်ေ၇း၊ ၀န်ကြီးဌာနများကို ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။တစ်နည်းအားဖြင့်  ဗိုလ်ချုပ်အောင်ဆန်း သည် ၀န်ကြီး ချုပ်အာဏာ ကို ရရှိထားပြီးဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍ သာ ၀န်ကြီးအဖွဲ့  ကို ဘုရင်ခံ၏ အမှု ဆောင် ကောင်စီ ဟုခေါ်ခဲ့ ခြင်းဖြစ်သည်။
ထိုနေ့ က အလုံလမ်း ဘုရင် ခံအိမ်တော် မှ တာဝါလိန်းလမ်း (ယခု နတ်မောက်လမ်းသွယ်) (ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နား) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့ အား ခေါ်၍ နှစ်ယောက်ချင်းညွှန်ကြားချက်ပေးပါသည်။
*ဟေ့ ရောင် ဒီနေ့ ကစပြီး ငါဟာ အစိုးရအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဖြစ်လာပြီ ၊ မင်းကလည်း ငါ့ ရဲ့ ပီအေ အဖြစ် တစ်ရက် နှစ်ရက် အတွင်း ပြန်တမ်းထွက် လာ လိမ့် မယ်၊ အစိုးရအဖွဲ့ အနေ နဲ့  ငါတို့ မှာ အဆောင် အယောင် အခွင့် အရေးတွေ ရလာလိမ့် မယ်၊ ငါ အခု ပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း၊ အာဏာ ရလာတယ်ဆိုရင်ပဲ ငါတို့ ကို ချဉ်း ကပ် အကူ အညီ တောင်းတာတွေ လည်းလာလိမ့် မယ် ၊ ဒီတော့ ငါ့ရဲ့ ဆွေ မျိုးတွေ ငါ့ မိန်းမ ဘက်က ဆွေမျိုးတွေ ၊ပြီးတော့ မင်းနဲ့ ပါတ်သတ် တဲ့  အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ ကိုမှ မတရား အခွင့် အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင် တာကို လုပ်မပေးရဘူး၊ မင်းတို့ ငါ တို့ ကလည်း ဘယ်သူ့ ဆီကမှ အကူအညီ မယူရဘူး၊ အဲဒါ အိမ်မှာ အားလုံးကိုပြောထားလိုက် ၊ငါအခုပြောတဲ့ အတိုင်းမလိုက်နာရင် မင်းနဲ့ ငါနဲ့  အသိပဲ**
ဤသို့ လျှင်ဗိုလ်ချုပ်သည် ကျွန်တော့ အား တိကျ ပြတ်သားစွာ အမိန့် ပေးခဲ့ ပါသည်။
ကျနော်သည် ဗိုလ်ချုပ် အမိန့် ပေးသည့် အတိုင်း လိုက်နာ ရပါသည်။ သူ၏ဇနီး ဒေါ်ခင်ကြည်ကိုလည်း
**မမကြည် အိမ်မှာ ချက်ဖို့  ဆန်မရှိရင် ကျနော်တို့ ၇ဲဘော်တွေ ကြံဖန် ရှာပေးပါ့ မယ်၊ ဆန်အိတ် တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့်  စီးပွားရေးသမားတွေကိုတော့ လုံးဝ လက်မခံပါနဲ့ ၊ဗိုလ်ချုပ်က ဒီအတိုင်းကျွန်တော့ ကို ပြောထားလို့ ပါ** ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ ပါသည်။
ထို့ နောက်မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့ နှင့်  ဆွေမျိုးနီးစပ် တော်သူ အချို့  ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့ သည် အင်္ဂလိပ် ခေတ်က * အောင်ဆန်း ဟာ ထောင် နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ* ဟုပြောတတ်ကြသည်။ ယခု အစိုးရ အာဏာ ရလာမှ အခွင့် အရေး ရလိုရငြား လာကြခြင်း ဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ် အမိန့် ပေးထားသည့် အတိုင်း ပြတ်ပြတ်သားသား ပြောလိုက်တော့ မှ လက်လျှော့  ပြီးပြန်သွား ကြတော့ သည်။
ဗိုလ်ချုပ်အောင်ဆန်း သည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူး ကျွမ်းကျင်အောင် လေ့ လာထားသကဲ့ သို့  ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ် လိုပြောတတ်သည်။
26-9-46 နေ့ က ဘုရင့် ခံအိမ်တော်မှ အပြန် ကျွန်တော့ အား ညွှန်ကြားချက်ပေးပြီးနောက်
Rembember that I pratise what i preach!
ဟု အင်္ဂလိပ် လို အဆုံးသတ် ခဲ့ ပါသည်။
အဓ္ဓိပ္ပာယ်ကတော့  * ငါ ငါဟာ့ တပည့် တွေ နဲ့  ရဲဘော်တွေကိုသွန်သင်သလို ငါကိုယ်တိုင်လည်းလိုက်နာတယ်ဆိုတာမှတ်ထားပါ* ဟူ၍ပင်ဖြစ်ပါသည်။

ယင်းသို့  26-9-46 နေ့ က ဗိုလ်ချုပ် အင်္ဂလိပ်လို ပြောခဲ့ သည်ကို နောက် တစ်လနီးပါးကြာမှပြန်လည်သတိရစေသည့် အကြောင်းကားဤသို့ ပါတည်း။

ထိုအချိန်၌ဗိုလ်ချုပ်အောင်ဆန်း သည်အတွင်းဝန်ရုံး တွင်အစိုးရ အဖွဲ့ အကြီးအကဲအဖြစ် နေ့ စဉ် ရုံးထိုင် နေပြီဖြစ်သည်။ ကျှန်တော်ကလည်း သူ့ ရုံးခန်းကပ်လျက် သီးသန့်  အခန်းငယ်လေးတစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်း နှိပ်လိုက်လျှင် ကျွန်တော်သည် ဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာဝင်သွားရပါသည်။
တစ်နေ့ မွန်းလွဲ သုံးနာ၇ီ ခန့် တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ

* ဟေ့ ဒီနေ့  ညဘက် ငါတို့  ချိန်းထားတဲ့  အစည်းအဝေး ရှိသေးသလား တခြားဘာကိစ္စတွေရှိသလဲ* ဟုဗိုလ်ချုပ်ကမေးသဖြင့် ကျွန်တော်လည်း အသင့် ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ် ကို ကြည့် ပြီး ပြန်ဖြေလိုက်ရပါသည်။

*အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်၊ တခြား ဘာကိစ္စမှလည်း မရှိဘူး၊ ဒီနေ့ ည အားပါတယ်*

*ဟုတ်လား၊ ဒါဖြင့် ဟန်ကျတာပဲ၊ ဒီနေ့ ည ငါရုပ်ရှင် ကြည့် ချင်တယ်ကွာ*

*ဘယ်ရုံက ဇာတ်ကားကြည့် ချင်တာလဲ ဗိုလ်ချုပ်*
*ပလေဒီယံရုံ မှာ ပြနေတဲ့ အင်္ဂလိပ်ဟာသကားကြည့် ချင်တယ်၊ အပျင်းပြေပေါ့ ကွာ* ဒါဆိုလွယ်ပါတယ်၊ အဲဒီ ရုံက မန်နေဂျာနဲ့ ကျွန်တော် သိတယ်၊ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်* ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက် ကိုကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့် တားပါသည်။

*ဟေ့ ရောင်တယ်လီဖုန်းကို ပြန်ချလိုက်စမ်း*

ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက် တော့ မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။

* ဘာလဲ မင်းက ရုံမန်နေဂျာ ကို တယ်လီဖုန်း ဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့  မဟုတ်လား၊မတောင်းရဘူး၊ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့ လက်မှတ်ဝယ်ကြည့်ရမယ်၊မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့် အရေးယူတာတစ်မျိုးပဲ
၊မင်းတို့ ငါတို့ အနေနဲ့  မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင် မဟုတ်ဖူး ဆယ်စောင်ဆိုလည်း ပေးမှာပဲ၊ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး၊ ရုပ်ရှင်ရုံပိုင်ရှင်တို့ ၊မန်နေဂျာတို့ ဆိုတာ စီးပွားရေးသမားတွေကွ၊ အာဏာရှိတဲ့ လူဆိုရင် မျက်နှာလို မျက်နှာရ လုပ်တတ်တယ် သူတို့ က အခွင့် အရေးတစ်ခု ပေးပြီးရင် ဆယ်ခုပြန်တောင်းလိမ့် မယ်၊ ဒါမျိုးတွေ ငါမကြိုက်ဘူး၊ မင်းမှာ ပိုက်ဆံဘယ်လောက်ရှိသလဲ*
ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အကျီင်္ အိတ်ထဲသို့  နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန် သုံးရွက် ထွက်လာပါသည်။
*** *ဘယ်လောက်လဲကွ၊ သုံးကျပ်မဟုတ်လား ၊ဒါဆိုရင် ဖြစ်တယ် မင်းမမကြည်နဲ့ ကလေးတွေက လိုက်မှာမဟုတ်ဘူး၊ဒီတော့  မင်းနဲ့ ငါ နှစ်ယောက်ပဲ ညနေ ခြောက်နာရီ ခွဲပွဲ မှာငါးမူးတန်း က လက်မှတ်ဝယ်ကြည့်ကြမယ်၊ ငါးမူးတန်း လက်မှတ်နှစ်စောင် ဆိုတော့ တစ်ကျပ် ပဲကုန်မှာမို့  မင်းမှာ နှစ်ကျပ် တောင်ကျန်အုန်းမယ်၊ အဲဒီ အတိုင်း သာ စီစဉ်ပေတော့ ***
ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှ ပြန်မပြောသာတော့ ပါ၊

(ထိုခေတ်ကေ၇ှ့ ဆုံးတန်းသည် တစ်မတ်တန်း နောက် ငါးမူးတန်း ဖြစ်သည် ဗိုလ်ချုပ်သည် ယခင် တို့ ဗမာ အစည်းအရုံးတွင် နေရစဉ်က မူ တစ်မတ်တန်း မှ ကြည့်သည် ဆို၏။ ယခု မူ ၀န်ကြီးဖြစ်နေ၍ ငါးမူးတန်းမှ ကြည့်ခြင်းဖြစ်ပေသည်၊)

ထို နေ့ ညနေက ပလေဒီယံရုံသို့ ကျွန်တော်တို့ ရောက်သွား သောအခါ အနည်းငယ်နောက်ကျနေသဖြင့်  ငါးမူးတန်း ၏ရှေ့ဆုံး တန်းမှသာ လက်မှတ်ရပါသည်။ငါးမူးတန်း ၏ရှေ့ ဆုံးတန်း ဆိုသည်မှာ တစ်မတ်တန်း ၏နောက်ဆုံးတန်း နှင့် ဘာမျှ မခြားတော့ ။ သို့  သော ဗိုလ်ချုပ်က ဘာမှ မပြော၊ထိုင်ကြည့်ရရင် ပြီးတာပဲဟု ဆိုကာ ခပ်တည်တည် ပင် ၀င် ထိုင် ကြည့်လိုက်ပါသည်။
ထိုခေတ်က ရုပ်ရှင် ပြချိန်မှာ နေ့ လယ် 12 နာရီ ခွဲ၊ မွန်းလွဲ 3 နာရီ ခွဲ ၊ညနေ 6 နာရီ ခွဲ နှင် ည ကိုးနာရီ ခွဲ စုစုပေါင်း လေးပွဲပြသည်။
အချိန် တန်၍ ရှပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင် ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တ္တမျှအကြာတွင် မျက်စိ ကျင့် သား ရ၍ ရုံအတွင်း မြင်သင့် သလောက် မြင်ရပါသည်။ ဤတွင် ကျွန်တော် တို့ ရှေ့ တစ်မတ်တန်း မှ ပရိသတ် သည် ငါးမူးတန်း ရှေ့ ဆုံးတန်း မှ ဗိုလ်ချုပ်အောင်ဆန်း ကိုသတိပြု မိကြတော့ သည်။ နေ့ စဉ် လိုလို သူ၏ ဓာတ်ပုံ သတင်းစာ ထဲမှာ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများ ရုပ်ရှင် ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုသာ နောက်ပြန်လှည့် ကြည့် နေ ကြသည်။ ဗိုလ်ချုပ် က မူ ဘာက မှ သတိပြုမိပုံ မရဘဲ ရုပ်ရှင် ပိတ်ကားကိုသာ အာရုံစိုက် ကြည့် နေ့ သည်။ ကျွန်တောလည်း ဘာလုပ်ရမှန်း မသိ ခက်နေတော့ သည်။
မိနစ် အနည်းငယ် ကြာသော အခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်း မှ ရုပ်ရှင် ကြည့်နေသည်ဟူသော သတင်းမှာ ရုံမန်နေဂျာ ရုံးခန်း သို့ ရောက်သွားတော့ သည်။
မန်နေဂျာမှာ ဦးမြဟန် ဆိုသူ(ယခု ကွယ်လွန်) မှာ ကျွန်တော နှင့် ခင်မင် သဖြင့်  ချက်ချင်း အောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံးဝန်ထမ်း တစ်ဦးအား ကျွန့် တော့ ကို အပြင်သို့  ခေတ္တထွက်လာ ခဲ့ ရန် ခေါ်ခိုင်း ပြီး အပြစ်တင်ပါတော့ သည်။
*ဘယ်လိုလုပ်လိုက်တာလည်းသူငယ်ချင်း ၊ဗိုလ်ချုပ် ရုပ်ရှင် ကြည့် မယ်ဆိုရင် စောစောက ငါ့ ဆီ ကြိုတင် ဖုန်းဆက်ရောပေါ့ ၊ ဘာကြောင့် မဆက်တာလဲ **
*အေးငါလည်း မင်းစီ ဆက်မလို့ ပါပဲ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ ကို ဟောက်တယ် ၊မေတ္တာလက်မှတ် တောင်းပြီးးး ရုပ်ရှင် ကြည့်တာဟာ အခွင့် အရေးတစ်မျိုးယူတာပဲတဲ့ .၊နောင်တစ်ချိန် ကျရင် မင်းတို့ လို စီးပွားရေးသမား တွေက မတရား အခွင့် အရေး တွေ တောင်းလာလိမ့် မယ်တဲ့ ၊ ဒါကြောင့် ငါ့ မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ၀င်ကြည့် ကြတာပါကွ***

အသိတစ်ယောက်မှပို့ပေးသောအီးမေးမှကူးယူးဖေါ်ပြပါသည်။
စာရေးသူမှနားလည်ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်။

Sunday, November 8, 2009

နယူးဘန်းမြို့ကရင်နှစ်သစ်ကူးအထိမ်းအမှတ်ဘောလုံးကွင်းဖွင့်ပွဲ

အောင် တို ဘာ လ ၇ ရက် နေ့ တွင် အ မေ ရိ ကန် ပြည် ထောင်း စု၊ နော့ ကာ ရို လိုင်း နား ပြည် နယ်၊ န ယူး ဘန်း မြို့ ၌ က ရင်နှစ် သစ် ကူး အ ထိမ်း အ မှတ် ဘော လုံး ပြိုင်း ပွဲ ကို စည် ကား သိုက် မြိုက် စွာ ဖွင့် လှစ် ခဲ့ ပါ သည်။