Blogger Widgets

Sunday, May 9, 2010

တိုင်း ရင်း သား များ ရဲ့၂၀၁၀

၂၀၁၀ အ တွက် တိုင်း ရင်း သား ပါ တီ တွေ မှတ် ပုံ တင် တာ နဲ့ ပတ် သက် ပြီး အ မျိုး မျိုး ပြော ကြ ပါ တယ်။ ကျွန် တော လဲ က ရင် လူ မျိုး တစ် ယောက် ဖြစ် တဲ့ ကျွန် တော် အ မြင် ကို နည်း နည်း ဆွေး နွေး ချင် ပါ တယ်။၂၀၀၈ အ ခြေ ခံ ဥ ပ ဒေ မ ပေါ် မှီ အ ထိ အ မျိုး သား ခေါင်း ဆောင် မ ပေါ် ထွန်း သေး တဲ့ လူ မျိုး စု တွေ ပါ တီ ထောင် ပြီး လူ မျိုး စု ခေါင်း ဆောင် မွေး ထုတ် ဖို့ ရယ် အ မျိုး သား ရေး အ တွက် နိုင် ငံ ရေး စင် မြင့် အ ဖြစ် အ သုံး ချ ဖို့ လုပ် ကိုင် ဖို့ အ တွက် ထောင် သင့် တယ် ဆို တဲ့ အ ယူ အ ဆ ကျွန် တော် မှာ ရှိ ခဲ့ တယ်။ ဖြစ် လာ ဖို့ လဲ ကျွန် တော် တတ် နိုင် သ မျှ တွန်း အား ပေး ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ စစ် ဗိုလ် တစ် မတ် သား ဥ ပ ဒေ ထွက် လာ တဲ့ အ ခါ မှာ တော့ ကျွန် တော် လဲ ဇ ဝေ ဇ ၀ါ ဖြစ် သွား တယ်။ ရွေး ကောက် ပွဲ ဥ ပ ဒေ ထွက် လာ တဲ့ အ ခါ မှာ တော့ ပို ဆိုး သွား တာ ပေါ့။ အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ် မှတ် ပုံ မ တင် တော့ တဲ့ အ ခါ မှာ တော့ ကျွန် တော့ စိတ် ထဲ မှာ လုံး ၀ မ တင် သင့် တော့ ဘူး ပေါ့။ ဒါ ပေ မဲ့ လက် တွေ့ ပြန် စဉ်း စား ကြည့် တဲ့ အ ခါ မှာ တော့
၁။ အ ဖွဲ့ ချုပ် ရယ်၊ ၉၀ ခု နှစ် တ ရား ၀င် အ နိုင် ရ ခဲ့ တဲ့ တိုင်း ရင်း သား ပါ တီ တွေ ဟာ သူ တို့ ရဲ့ ပြည် သူ က ယုံ ကြည် စွာ တ ရား ၀င် ပေး အပ် ထား တဲ့ အာ ဏာ ကို အ ကောင် အ ထည် မ ဖေါ် ဆောင် ရ သေး တဲ့ အ တွက် ပါ တီ ကို မှတ် ပုံ မ တင် တာ ရွေး ကောက် ပွဲ မ ၀င် တာ ဟာ လုံး ၀ မှန် ကန် တဲ့ လုပ် ရပ် ပါ။ သူ တို့ ဒီ လို လုပ် ခဲ့ မယ် ဆို ရင် ၉၀ ခု နှစ် က အာ ဏာ အပ် နှင်း ထား တဲ့ ပြည် သူ လူ ထု ကို စော် ကား သ လို ဖြစ် ပါ လိမ့် မယ်။
၂။ ကိုယ့် လူ မျိုး အ တွက် ဦး ဆောင် ရပ် တည် မဲ့ အ မျိုး သား ခေါင်း ဆောင် မ ပေါ် ထွန်း သေး တဲ့ လူ မျိုး စု တွေ အ နေ နဲ့ အ မျိုး သား ခေါင်း ဆောင် ဖေါ် ထုတ် ဖို့ အ တွက် နဲ့  နိုင် ငံ ရေး စင် မြင့် တစ် ခု ရ ဖို့ အ တွက် သာ မှတ် ပုံ တင် ပြီး မယ် ဆို ရင် တော့ လက် ခံ နိုင် ပါ တယ်။ န အ ဖ အ နေ နဲ့ ဘယ် သူ တင် သည် ဖြစ် စေ မ တင် သည် ဖြစ် စေ ၂၀၀၈ တုန်း က လို ပဲ ၂၀၁၀ ကို သူ တို့ လုပ် ချင် ရန် ဇွတ် အ တင်း ဖေါ် ဆောင် မှာ ပဲ။ လွှတ် တော် မှာ ပြင် ဖို့ မ စဉ်း စား နဲ့ အ နိုင် ရ ဖို့ တောင် မ လွယ် ပါ ဘူး။ (ပြည် သူ လူ ထု သာ လွတ် လပ် စွာ မဲ ထည် ခွင့် ရ မယ် ဆို ရင် ဘောင်း ဘီ ချွန် စစ် တပ် နေ နဲ့ အ ပေါင်း ပါ တွေ ဘယ် လို မှ အ နိုင် ရ မှာ မ ဟုတ် ပါ ဘူး။) ဘာ ဖြစ် လို့ လဲ ဆို တော့ ကျွန် တော် တို့ က ရင် လူ မျိုး အ တွက် ပြည် တွင်း မှာ အ မျိုး သား ခေါင်း ဆောင် မ ရှိ သေး တာ ရယ် နိုင် ငံ ရေး စင် မြင့် မ ရှိ သေး တာ ကြောင့် ဖြစ် ပါ တယ်။
ပြည် တွင်း မှာ က ရင် လူ ထု အ တွက် ရပ် တည် တဲ့ အ ဓိ က အ ဖွဲ့ ၃ ဖွဲ့ ရှိ ပါ တယ်။ 
(က) က ရင် နှစ် သစ် ကူး ကျင်း ပ ရေး ဗ ဟို ကော် မ တီ၊
(ခ) က ရင် စာ ပေ နှင့် ယဉ် ကျေး မှု ကော် မ တီ၊
(ဂ) က ရင် ဖွံ့ ဖြိုး တိုး တက် ရေး ကော် မ တီ၊ 
ဒီ အ ဖွဲ့ တွေ အား လုံး ဟာ အ မျိုး သား ရေး နဲ့ ပတ် သက် ပြီး တတ် နိုင် သ မျှ အ ကောင်း ဆုံး လုပ် နိုင် ခဲ့ ပေ မဲ့ နိုင် ငံ ရေး နဲ့ နွယ် တဲ့ အ မျိုး သား ရေး ကို မ လုပ် နိုင် ခဲ့ ပါ ဘူး။
ဒီ တော့ အ ခု မှတ် ပုံ တင် တဲ့ KPP ရဲ့ လုပ် ဆောင် မှု ရပ် တည် မှု ကို ကြည့် ပြီး မှ ပဲ မှား ၏ မှန် ၏ ဆုံး ဖြတ် ကြ ရင် ကောင်း မယ် လို ယူ ဆ ပါ တယ်။ ပု ဂ္ဂိုလ် ရေး ကို ခ ဏ ထား ပြီး အ ဖွဲ့ တစ် ခု လုံး ရဲ့ လုပ် ဆောင် ချက် ကို ကြည့် ဖို့ လို ပါ လိမ့် မယ်။ ကျန် တဲ့ ပါ တီ တစ် ခု ကို တော့ ဘာ မှ မ ပြော လို ပါ ဘူး ၉၀ က တည်း က ရှိ ပြီး အ ခု ထိ တ ရား ၀င် ရှိ ခဲ့ ပါ တယ်။ အ မျိုး သား ရေး အ တွက် ဘာ တွေ လုပ် နိုင် ခဲ့ တယ်။ ဘယ် လို ရပ် တည် တယ် ဆို တာ ကို အား လုံး သိ ပြီး သား မို့ ပြော စ ရာ မ လို တော့ ဘူး လို ထင် ပါ တယ်။ အ ခု KPP ပါ တီ လဲ အ မျိုး သား ရေး အ တွက် ဘာ တစ် ခု မှ မ ရပ် တည် မ လုပ် ဆောင် ဖို့ ဆို ရင် တော့ ထိပ် ဆုံး က ကျွန် တော် ရှုတ် ချ ကန့် ကွက် ပါ့ မယ်။
တ ခြား တိုင်း ရင်း သား ပါ တီ တွေ ကို လဲ သူ တို့ ရဲ့ လုပ် ဆောင် ချက် ကို ကြည့် ပြီး ဆုံး ဖြတ် ကြ ပါ။
အ မျိုး သား ဒီ မို က ရေ စီ အင် အား စု ကို လဲ ဒီ လို ပဲ စောင့် ကြည့် သင့် တယ် လို့ ယူ ဆ တယ်။
ကဲ ဘယ် သူ တွေ ဘာ လုပ် ကြ မှာ လဲ။
အောက် မှာ KPP ပါ တီ နဲ့ အင် တာ ဗျူး ကို ဖတ် နိုင် ဖို့ အ တွက် ကွယ် က လူ က နေ ကူး ပြီး ဖေါ် ပြ လိုက် ပါ တယ်။ သိ ထား သင့် တယ် ထင် လို့ ပါ။

No comments:

Post a Comment