Blogger Widgets

Tuesday, July 20, 2010

ယူတီကာမှာထိုးတဲ့ခေါင်းလောင်းသံ

 photo from www.uticaod.com


ယူ တီ ကာ က လူ ငယ် တွေ သ တင်း ကွယ် က လူ မှာ ဖတ် ပြီး ကျွန် တော် စိတ် တော် တော် လေး မ ကောင်း ဖြစ် သွား တယ်။ ကျွန် တော် တ ခု ခု လုပ် ဖို့ ပျက် ကွက် လို့ ဒီ အ ဖြစ် အ ပျက် တွေ  ဖြစ် လာ သ လို ခံ စား ရ တယ်။ ကျွန် တော် တို့ တ တွေ တ ခု ခု အ မြန် ဆုံး ကြိမ်း သေ လုပ် ဖို့  လို ပြီ လို့ လဲ ခံ စား ရ ပါ တယ်။


ယူ တီ  ကာ မှာ ခေါင်း လောင်း မ ထိုး ခင် အဲ ဒီ ခေါင်း လောင်း သံ ကို ကျွန် တော် နေ တဲ့ န ယူး ဘန်း မြို့ လေး မှာ သဲ့ သဲ့ ကြား မိ လိုက် တယ်။ အဲ ဒီ က တည်း က ကျွန် တော် တို့ တ ခု ခု လုပ် ဖို့ လို တယ် လို့ ပြော ဖြစ် သေး တယ်။ ဒါ ပေ မဲ့ ဒီ လို ကိ စ္စ ကြောင့် ဒီ လောက် ကြီး ကျယ် တဲ့ ကိ စ္စ ဖြစ် လာ လိမ့် မယ် လို့ မ ထင် ခဲ့ မိ တာ အ မှန် ပဲ။
ကဲ အ ကျိုး အ ကြောင်း နည်း နည်း ပြော ရ အောင်။ ကျွန် တော် နေ တဲ့ မြို့ လေး မှာ ရှိ တဲ့ အ ထက် တန်း ကျောင်း တက် နေ တဲ့ က ရင် ကျောင်း သား လေး တွေ အ ထက် တန်း အောင် ပြီး ရှေ့ ပ ညာ ရေး လမ်း ခ ရီး အ တွက် ပြင် ဆင် နိုင် အောင် လမ်း ညွှန် ဖို့ အ တွက် နဲ့ စိတ် ဓါတ် မြှင့် တင် ဖို့ အ တွက် မေ ရီ လန်း ယူ နီ ဗာ စီ တီ က ဆ ရာ တစ် ယောက် က အ မေ ရိ ကန် အ သံ မှာ လုပ် တဲ့ သူ အ မျိုး သ မီး နဲ့ အ တူ တူ အ  လုပ် ရုံ ဆွေး နွေး ပွဲ လာ လုပ် တော့ ကျွန် တော် ဒီ က ကျောင်း သူ ကျောင်း သား တွေ နဲ့ စ ကား ပြော ဖြစ် တော့ အဲ ဒီ သ တိ ပေး ခေါင်း လောင်း သံ လေး ကို သဲ့ သဲ့ ကြား လိုက် ရ တယ်။
အဲ ဒီ အ ထက် တန်း ကျောင်း သား ကျောင်း သူ အုပ် စု ထဲ က ထက် ထက် မြက် မြက် ရှိ ပြီး တော် တော် လဲ တော် တဲ့ ကျောင်း သူ မ လေး တစ် ယောက် က သူ တို့ ကျောင်း မှာ က ရင် ကျောင်း သား တွေ ကို သူ များ တွေ အ ရမ်း အ နိုင် ကျင့် ချင် ကြ တယ် ပေါ့။ ပြ သ နာ မ ဖြစ် အောင် ရှောင် နေ ပေါ့ လို့ ကျွန် တော် ပြော တဲ့ အ ခါ အဲ ဒီ လို ရှောင် ရင် ပို တောင် ဆိုး သေး တယ်။ ကျွန် တော် က မေး တယ် အဲ ဒါ ကို ဘယ် လို ဖြေ ရှင်း လဲ ပေါ့။ ဆ ရာ ဆ ရာ မ တွေ က တော့ အဲ ဒါ မျိုး ကြုံ လာ ရင် သူ တို့ ကို လာ ပြော လို့ ပြေ ထား တယ်။ ဒါ ပေ မဲ့ များ သော အား ဖြင့် ကျောင်း သား ကျောင်း သူ တွေ ခံ နိုင် ရည် ရှိ သ လောက် ခံ ပြီး မ ခံ နိုင် ရင် တော့ သူ တို့ နည်း သူ တို့ ဟန် နဲ့ ဖြေ ရှင်း ကြ တယ် ပေါ့။ ဘယ် လို လဲ လို့ ကျွန် တော် မေး တဲ့ အ ခါ ကျောင်း မှာ သူ တို့ ကြောက် တဲ့ က ရင် ကျောင်း သား တစ် ယောက် ရှိ တဲ့ အဲ ဒီ လူ ကို သွား ခေါ် လိုက် တယ်။ အဲ ဒါ ဆို ရင် သူ တို့ နောက် မ လုပ် ရဲ တော့ ဘူး လို့ ပြော တယ်။ ဒါ နဲ့ အဲ ဒီ ကျောင်း သား ကို သူ တို့ ဘာ လို့ ကြောက် ကြ လဲ လို့ ကျွန် တော် မေး တော့။ အဲ ဒီ ကျောင်း သား ကို လဲ သူ တို့ ဗိုလ် ကျ အ နိုင် ကျင့် ဖို့ ကြိုး စား သေး တယ်။ အဲ ဒီ ကျောင်း သား က မ ခံ ပဲ သူ တို့ နဲ့ အ ပြင် မှာ ချိန်း ပြီး ထိုး ကြ တယ်။ သူ နဲ့ ထိုး တဲ့ သူ က သူ ထက် ကိုယ် လုံး ကိုယ် ထည် ကြီး တယ် ဒါ ပေ မဲ့ အဲ ဒီ လူ အ ထိ နာ ပြီး ရှုံး သွား တယ်။ အဲ ဒီ ကျောင်း သား ရှိ ရင် သူ တို့ က ရင် ကျောင်း သား တွေ ကို လုံး ၀ အ နိုင် မ ကျင့် ရဲ ဘူး။ ဒါ ပေ မဲ့ အဲ ဒီ ကျောင်း သား ကျောင်း ထွက် သွား ပြီး နောက် ပိုင်း က ရင် ကျောင်း သား တွေ ကို အ နိုင် ကျင့် တာ တွေ ပြန် များ လာ တယ် တဲ့။ ဒါ နဲ့ အ ဖြစ် အ ပျက် တစ် ခု ကို ပြော ပြ တယ်။ သူ ငယ် ချင်း က ရင် ကျောင်း သား တ ယောက် ကို အ နိုင် ကျင့် တာ မ ခံ နိုင် လို့ ၀င် ထိုး လို့ အ ပြစ် ဒဏ် ပေး ခံ ရ တဲ့ ကျောင်း သား တစ် ယောက် ရဲ့ အ ဖြစ် အ ပျက် ကို ပြော ပြ တယ်။ တ ကယ့် အ ဖြစ် မှန် ပါ။ မ နေ့ က တောင် ကျွန် တော် အဲ ဒီ ကျောင်း သား ရဲ့ အ မေ နဲ့ တွေ့ တော့ သူ့ သား ကို သိပ် အ လို မ လိုက် ဖို့ ပြော လိုက် တော့ သူ က သူ သား အ ပြစ် ပေး ခံ ရ တာ အ ခု ထိ မ ပြီး သေး ဘူး။ အဲ ဒီ အ ပြစ် ဒဏ် ကြောင့် ဖြစ် မယ် အ ခု တစ် လော သူ တော် တော် လေး ငြိမ် နေ တယ် လို့ ပြော ပြ တယ်။
ဒီ နေ ရာ မှာ ကျွန် တော် ဘာ ပြော ချင် လဲ ဆို တော့ ဒီ မြို့ လေး မှာ ပဲ မ ဟုတ်  နိုင် ဖူး  ဒီ နိုင် ငံ ရဲ့ တ ခြား မြို့ တွေ မှာ နဲ့ နောက် နိုင် ငံ တ ခု ရဲ့ မြို့ ကျောင်း တွေ မှာ ကျွန် တော် တို့ သား သ မီး ကျောင်း သား တွေ ဟာ ကျောင်း မှာ အ နိုင် ကျင့် ခံ နေ ရ  တယ် လို့ ကျွန် တော် ထင် ပါ တယ်။ 
ယူ တီ ကာ ကိ စ္စ ကို ကြည့် ပါ။ သ တင်း စာ မှာ ဂိုဏ် တွေ၊ မူး ယစ် ဆေး ၀ါး တွေ ဆို တဲ့ နောက် ခံ သ မိုင်း နဲ့ ပြ သ နာ ဖြစ် ရ ခြင်း ရဲ့ အ ကြောင်း ရင်း ကို မှေး မှိန် သွား အောင် လုပ် ထား တာ ကို တွေ့ ရ တယ်။ ပြ သ နာ ဖြစ် ရ ခြင်း အ ကြောင်း ရင်း က ကျောင်း မှာ အ နိုင် ကျင့် ခံ ရ တဲ့ ကျောင်း သား က သူ နည်း သူ ဟန် နဲ့ ပြ သ နာ ကို ဖြေ ရှင်း ဖို့ သူ ငယ် ချင်း တွေ ကို ခေါ် တာ က နေ စ တာ ပါ။ (ဒီ နေ ရာ မှာ စဉ်း စား စ ရာ တွေ အ များ ကြီး ပါ။) လူ ငယ် တွေ မှား တယ် မှန် တယ် ဆို တာ ကို တော့ ကျွန် တော် မ ဝေ ဖန် လို ဘူး။ လူ ကြီး တွေ ကိ စ္စ ပြော ရ အောင်-
ကွယ် က လူ မှာ လူ ငယ် ၃ ယောက် ရဲ့ အ မြင် ကို ဖက် မ လိုက် ပဲ ပွင့် ပွင့် လင်း လင်း ဝေ ဖန် ထား တာ ကို တွေ့ ရ တယ်။ အဲ ဒီ ၃ ယောက် လုံး ရဲ့ အ မြင် ကို ကျွန် တော် သ ဘော တူ တယ်။ အဲ ဒီ ထဲ က မင်  နီ စို တာ က တစ် ယောက် တော့ လူ ကြီး တွေ ကို အ ပြစ် ဖို့ တာ မ ဟုတ် ပဲ ညီ ညွတ် ဖို့ ပြော တာ ကို တွေ့ လိုက် ရ တယ်။ ရှက် တတ် မယ် ဆို ရင် ကျွန် တော် တို့ လူ ကြီး တွေ ရှက် ဖို့ ကောင်း ပါ တယ်။ ကျွန် တော် တို့ ရဲ့ လစ် ဟာ ချက် ကို ထောက် ပြ သွား တာ ရယ် ကျွန် တော် တို့ လူ ကြီး တွေ ကို စိန် ခေါ် လိုက် တာ လို့ ပြော မယ် ဆို ရင် ရ ပါ တယ်။ 
ကဲ ကြည့် ကြ ရ အောင် ကျွန် တော် တို့ ဘာ မှား နေ လဲ ယူ တီ ကာ က ကျောင်း သား ဆို ရင် သူ ရင် ဆိုင် ရ တာ ကို တ စုံ တ ခု သော အ ကြောင်း ကြောင့် တိုက် ရိုက် မ ပြော ပေ မဲ့ သူ ကျောင်း မ တက် ချင် တဲ့ အ ကြောင်း ကို ၂ ခါ ၃ ခါ ပြော တယ်။ မိ ဘ က ဘာ ကြောင့် လဲ၊ ဘယ် လို ကူ ညီ ရ မှာ လဲ၊ ဘာ တွေ လုပ် ပေး ရ မှာ လဲ ဆို ပြီး ကျောင်း မ တက် ချင် ရ တဲ့ အ ကြောင်း ကို မ ဆန်း စစ် ကြည့် ပဲ အ တင်း တက် ခိုင်း တော့ ကိုယ် က လေး ကို သေ တွင်း ပို့ သ လို ဖြစ် ပါ ရော မ ဟုတ် လား။ နောက် ပြီး က လေး ဆိုး တာ ကို တွေ့ လို့ မိ ဘ ကို ဆုံး မ ဖို့ ပြော ရင် ဒီ နိုင် ငံ မှာ က လေး ရိုက် လို့ မ ရ လို့ ဆုံး မ မ ရ ဘူး။ ဖြစ် ချင် သ လို ဖြစ် နေ တာ ကို ထိုင် ကြည့် နေ ရ တယ် လို့ ပြော တဲ့ မိ ဘ က အ များ စု ပါ။ ပ ညာ တတ် မိ ဘ တွေ ကိုယ် တိုင် ပြော တာ ကို ကျွန် တော် ကိုယ် တိုင် ကြား ဖူး ခဲ့ ပါ တယ်။ ကျွန် တော် တို့ တ တွေ ဆုံး မ တယ် ဆို တာ ကို ရိုက် တယ် ဆို တာ နဲ့ ပဲ အ ဓိ ပါယ် ဖွင့် တတ် တဲ့ လူ ပဲ လား။
နောက် ပြီး များ သော အား ဖြစ် မိ ဘ တွေ ပြော တဲ့ စ ကား တ ခု ကြား ဖူး တယ် ငါ တို့ ဒီ နိုင် ငံ ကို လာ တာ ငါ တို့ သား သ မီး ပ ညာ ရေး အ တွက်၊ နောင် ရေး အ တွက် ဆို ပြီး ပြော ပြော ကြ တယ်။ တ ကယ် တန်း ကျ တော့ ဒီ နိုင် ရောက် တဲ့ အ ခါ ကိုယ် သား သ မီး ကို ကျောင်း မှန် မှန် တက် ဖို့ စာ ကြိုး စား ဖို့ ပြော တဲ့ မိ ဘ သိပ် မ ရှိ တာ ကို ကျွန် တော် ကိုယ် တွေ့ ပါ။ ဆင် ခြင် က တော့ ငါ တို့ က ပ ညာ မှ မ တတ် တာ သူ တို့ ကို ဘယ် လို လုပ် လမ်း ပြ မှာ လဲ တဲ့။ ပ ညာ မ တတ် တာ နဲ့ ကိုယ် က လေး ကျောင်း မှန် မှန် တက် အောင် သွန် သင် လမ်း ပြ လို့ မ ရ တော့ ဘူး လား။ ကိုယ် က လေး ကျောင်း တက် မ တက် မ သိ နိုင် တော့ ဘူး လား။ ပြော ရင် တော့ ပြီး တော့ မှာ မ ဟုတ် ဘူး။ နောက် တစ် ခု-
လူ ကြီး တွေ လူ ငယ် တွေ ကို သွန် သင် နိုင် ဖို့ ညီ ညွတ် ကြ ပါ တဲ့။ ဟုတ် ပ က ရင် လူ ကြီး တွေ ညီ ညွတ် လိုက် ကြ တာ မြို့ တ မြို့ မှာ ၂ ဖွဲ့ ၃ ဖွဲ့ နဲ့ ပေါ့။ မ ဖွဲ့ ကြ နဲ့ က ကွဲ ကြ နဲ့ လို့ မ ပြော လို ပါ ဘူး။ လူ သား တွေ ပဲ ဟာ အ ယူ အ ဆ ကွဲ ကြ မှာ ပေါ့။ အဲ ဒီ လို ကွဲ တတ် ရင် ဘယ် လို ညီ ညွတ် ရ မယ် ဆို တာ သိ ကြ ပေါ့။ အ ခု တော့ ကွဲ ဖို့ ပဲ သိ တယ်။ ညီ ညွတ် ဖို့ မ သိ တော့ အ မျိုး ကို ချစ် တယ် ဆို တာ တော မှာ ပဲ သွား ပြော ပါ တော့။ ညီ ညွတ် ဖို့ မ သိ ပဲ အ မျိုး ကို ချစ် တယ် လို့ ကုန်း ရုန်း အော် ပါ။ လုပ် ကြည့် ပါ ကိုယ် လူ မျိုး  တိုး တက် ဖို့ ဘာ မှ ဖြစ် လာ မှာ မ ဟုတ် ဘူး။ မ တူ တဲ့ နေ ရာ မှာ  ခွဲ ပြီး တူ တဲ့ နေ ရာ မှာ စု လုပ် ကြ ပေါ့။ အ ခု လို ကိ စ္ဓ မျိုး တွေ မှာ ကျွန် တော် တို့ မ ညီ လို့ မ စု လို့ က တော့ ကျွန် တော် တို့ အ သံ ထွက် မှာ မ ဟုတ် ဘူး။ ကျွန် တော် တို့ ညီ ညွတ် ခဲ့ ရင် လို အပ် လို့ ရှိ ရင် ကျွန် တော် တို့ က လေး ကျောင်း က တာ ၀န် ရှိ သူ တွေ၊ အာ ဏာ ပိုင် တွေ ကို သွား တွေ့ ပြီး အ ကူ အ ညီ တောင်း အ ခွင့် အ ရေး တောင်း လို့ ရ မှာ ပေါ့။ အဲ ဒါ မှ ပဲ က လေး တွေ က လူ ကြီး တွေ ကို အား ကိုး ရ မှန်း သိ ပြီး နာ ခံ မှု နည်း နည်း ရှိ လာ မှာ ပေါ့။ နောက် ပြီး က လေး တွေ ကို အ ဖွဲ့ လိုက် ဆုံး မ တာ တို့ လမ်း မ လွဲ အောင် စောင့် ကြည့် တာ တို့ လုပ် နိုင် မှာ ပေါ့။
အ ခု တော့ အ မျိုး ကို ချစ် တယ် ဆို ပြီး လုပ် လိုက် တဲ့ နှစ် သစ် ကူး တွေ၊ လက် ချည် ပွဲ တွေ၊ အာ ဇာ နည် နေ့ တွေ စည် သ လား မ မေး နဲ့၊ ခမ်း နား သ လား မ မေး နဲ့၊ ငွေ ဘယ် လောက် ကုန် သ လဲ မ မေး နဲ့၊ ကိုယ် မျိုး ဆက် သစ် တွေ အ တွက် ဘာ တွေ များ လုပ် ပေး ကြ သ လဲ မေး ကြည့် ချင် ပါ တယ်။ ကိုယ် မျိုး ရိုး မ မေ့ အောင်/ သိ အောင် ရိုး ရာ စာ ပေ သင် တန်း ၊ သ မိုင်း နဲ့ ပတ် သက် ပြီး ဟော ပြော တာ တွေ၊ လူ ငယ် တွေ ကို မြေ တောင် မြှောက် ပေး တဲ့ အ စီ အ စဉ် တွေ ဘယ် နှစ် ခု များ လုပ် ပေး ပြီး ပြီ လဲ။ အဲ ဒါ တွေ အ တွက် ကော သုံး ဖို့ ငွေ မှ ရှိ ကြ ရဲ့ လား မ သိ။ ဘာ နေ့ ညာ နေ့ တွေ မ လုပ် ကြ နဲ့ လို့ မ ဆို လို ပါ ဘူး နည်း နည်း မျှ လုပ် ရင် ကောင်း မ လား လို့ ပါ။ ဒါ တွေ ထား လိုက်  ပါ တော့-
ဒါ ပေ မဲ့ ယူ တီ ကာ က အ ချက် ပေး ခေါင်း လောင်း သံ က ကျွန် တော် တို့ ကို စိန် ခေါ် နေ ပြီ
စိန် ခေါ် နေ ပြီ
ယူ တီ ကာ က ခေါင်း လောင်း သံ ကို က ရင် နား နဲ့ နား ထောင် ချင် ရင် တော့ http://kwekalu.net/update/policearrest6karenutica.html
အ င်္ဂ လိပ် လို http://www.uticaod.com/utica/x1849234725/6-charged-in-gang-attack
ကဲ ခေါင်း လောင်း သံ ကို နား ထောင် ပြီး ဘယ် လို ဖြေ ကြ မ လဲ။ မေး ပါ ရ စေ။ကျွန် တော် ကော ဘယ် လို ဖြေ မ လဲ။ သိ ချင် ရင် မေး ပါ။

မှတ် ချက်- ဒီ ကိ စ္စ နဲ့ ပတ် သက် ပြီး ဒီ ထက် ဆိုး တဲ့ သ တင်း တွေ မ ကြား ရ ဖို့ ဆု တောင်း ပါ တယ်။ ကောင်း သ တင်း တွေ ကို ပဲ ကြား ချင်း ပါ တယ်။ တာ ၀န် ရှိ တယ် အ မျိုး ချစ် ပါ တယ် ဆို တဲ့ လူ တွေ တ စုံ တ ခု အ ကောင်း ဆုံး လုပ် ဆောင် ပေး ဖို့ လဲ မေ တ္တာ ရပ် ခံ ပါ တယ်။ 





1 comment:

  1. yes, u right.we need to do something for our kids.

    ReplyDelete