Blogger Widgets

Saturday, August 7, 2010

၈၈၈၈ ရွေးကောက်ပွဲ ၂၂

ဘာ လို လို နဲ့ ၈၈၈၈ နှစ် ပတ် လည် တော့ မှာ ပါ လား။ ၈၈၈၈ မှာ ကျောင်း သား တစ် ယောက် အ နေ နဲ့ ဖြတ် သန်း ခဲ့ ပြီး ပါ ၀င် ခဲ့ တဲ့ ကျွန် တော် အ တွက် ၈၈၈၈ စိတ် ဓါတ်၊ ကျောင်း သား စိတ် ဓါတ် ဟာ ဘယ် တော့ မှ ပြောက် မ သွား အ လို၊ ဘယ် တော့ မှ ဟောင်း မ သွား ပါ ဘူး။ ၈၈၈၈ မှာ လုပ် ဆောင် ခဲ့ သ မျှ တွေ အ တွက် ရင် ခုန် တုန်း ပါ။ ဂုဏ် ယူ နေ တုန်း ပါ။ တိုက် ပွဲ ကို အ ဆုံး မ ခဲ့ နိုင် တဲ့ အ တွက် တာ ၀န် မ ကျေ သေး ဘူး လို့ ယူ ဆ တုန်း ပါ။ မ ဆုံး သေး တဲ့ အ ဏာ ရှင် ကျ ဆုံး ရေး အ တွက် တာ ၀န် ရှိ တုန်း လို့ ယူ ဆ တုန်း ပါ။ ခွပ် ဒေါင်း စိတ် ဓါတ်၊ ကျောင်း သား စိတ် ဓါတ် ဗ က သ စိတ် ဓါတ် ရှင် သန် တုန်း ပါ။ ဒါ ပေ မဲ့ အ ရွယ် က ကျောင်း သား အ ရွယ် မ ဟုတ် တော့ အ တွက် ဒီ စိတ် ဓါတ် တွေ နဲ့ ဗ က သ ဟာ မျိုး ဆက် သစ် ကျောင်း သား တွေ အ တွက် ဖြစ် ရ မယ် ဆို တဲ့ အ သိ ဟာ ရှိ ပေ လို့ သာ ဗ က သ ဆို တာ ကို အ ပိုင် မ စီး ထား တာ ပါ။ မျိုး ဆက် သစ် တွေ ဗ က သ အ လံ ကို ဆက် လက် သယ် ဆောင် တဲ့ အ တွက် အ ထူး ၀မ်း သာ ကျေ နပ် မိ ပါ တယ်။ ကျောင်း သား ခေါင်း ဆောင် ဟောင်း တစ် ယောက် ပြော ခဲ့ သ လို ခွပ် ဒေါင်း ဆို တာ မြောင်း ထဲ က လာ တာ မ ဟုတ် ဘူး ကျောင်း ထဲ က လာ တာ ပါ လို့ ဆို ခဲ့ သ လို ပဲ ကျောင်း ဆို တာ ရှိ နေ လို့ က တော့ ဘယ် လို ပဲ တား တား ဘယ် လို ပဲ သတ် သတ် ခွပ် ဒေါင်း ဆို တာ ရှိ နေ မှာ ပါ။ ကျောင်း သား ပါ တီ တစ် ခု ရဲ့ ညီ လာ ခံ မှာ နှုတ် ဆက် သံ တစ် ခု ဖြစ် ခဲ့ တဲ့ ကျောင်း နံ ရံ တစ် ၀ိုက် မှာ ဒေါင်း အ လံ ပြန် စိုက် တဲ့ တစ် နေ့ မှာ ငါ ပြန် လာ ခဲ့ မယ် ဆို သ လို ပဲ မျိုး ဆက် သစ် တွေ ဒေါင်း အ လံ ကို ကျောင်း မှာ လွင့် ထူ တဲ့ နေ့ ကို ကြည် နူး စွာ အား ပေး ကြည့် ရှု ရ တဲ့ နေ့  ကို မ ကြာ မီ ရောက် လာ တော့ မယ် လို့ အ သေ ချာ ယုံ ကြည် ပါ တယ်။
၈၈၈၈ နေ့ အ လွန် မှာ တော့ ကျောင်း သား ပါ တီ တစ် ခု ဖြစ် တဲ့ လူ့ ဘောင် သစ် ပါ တီ အ လံ ကို သယ် ဆောင် ခဲ့ ပါ တယ်။ ရွေး ကောက် ပွဲ ၀င် ဖို့ အ ဏာ ရ ဖို့ ဆို တဲ့ စိတ် လုံး ၀ မ ရှိ ပဲ ဗ က သ ကို နာ မည် ပြောင်း ပြီး ခွပ် ဒေါင်း စိတ် ဓါတ် ကို ဆက် လက် သယ် ဆောင် ခဲ့ တာ ပါ။ ဘယ် လို ပဲ ဖြစ် ဖြစ် ကျွန် တော် တို့ တ တွေ ဟာ လူ့ ဘောင် သစ် ဆို တဲ့ အ ရိပ် အောက် မှာ လုပ် ချင် တာ ကို တစ် စုံ တစ် ခု အ ထိ လွတ် လွတ် လပ် လပ် လုပ် ပိုင် ခွင့် ရှိ ခဲ့ ပါ တယ်။ အ ဏာ ကို အ တင်း ယူ ထား တဲ့ လူ တွေ က တား ဆီး ဖို့ ကြိုး စား တဲ့ အ ခါ တိုင်း သူ တို့ ထုတ် ထား တဲ့ ဥ ပ ဒေ စာ အုပ် ကို ချ ချ ပြ ပြီး လုပ် ချင် တာ ကို လုပ် ခဲ့ ကြ တာ ပါ။ အဲ ဒီ တုန်း က သူ တို့ အ ဏာ ယူ စ မို့ လို့ သူ တို့ ထုတ် ထား တဲ့ ဥ ပ ဒေ ကို လေး စား လို့ ပဲ လား ဒါ မှ မ ဟုတ် ဘာ မှန် ညာ မှန်း မ သိ သေး လို့ လား တော့ မ သိ ဘူး ကျွန် တော် တို့ လုပ် ပိုင် ခွင့် တစ် ခု ကို ကာ လ အ ပိုင်း အ ခြာ တို တစ် ခု မှာ လုပ် ပိုင် ခွင့် ရ ခဲ့ တာ ကို တော့ ဗ မာ ပြည် မှာ ရှား ရှား ပါး ပါး ရ ခဲ့ တာ ကို တော့ အ မှတ် ရ တုံး ပါ။ (တ ခြား လူ တ ခြား ဒေ သ မှာ တော့ မ သိ ဘူး နော်။) ၉၀ ပြည့် နှစ် ရဲ့ အ မှတ် တ ရ ပါ။ အ ခု ၁၀ ပြည့် နှစ် လုပ် မဲ့ ရွေး ကောက် ပွဲ နဲ့ တော့ ဆီ နဲ့ ရေ လို ကွာ လွန်း မ က ကွာ လွန်း ပါ တယ်။
လူ သား တစ် ယောက် အ နေ နဲ့ ကြည့် မယ် ဆို ရင် ၂၂ နှစ် ဆို တဲ့ အ ချိန် ဟာ လူ သား တစ် ယောက် လူ လား မြောက် ဖို့ အ တွက် လုံ လောက် ပါ တယ်။ ဒါ ပေ မဲ့ ၂၂ နှစ် ဆို တဲ အ ချိန် ကို ဖြတ် သန်း ခဲ့ ပေ မဲ့ ကျွန် တော် တို့ နိုင် ငံ အ တွက် ဒီ မို က ရေ စီ ဆို တာ လူ လား မြောက် ဖို့ မ ဆို ပါ နဲ့ မွေး တောင် မ မွေး ဖွား နိုင် ခဲ့ သေး ပါ ဘူး။ တ ကယ် လို့ သာ ၈၈ မှာ ကျွန် တော် တို့ နိုင် ငံ မှာ ဒီ မို က ရေ စီ ဆို တာ ကို မွေး ဖွား ခဲ့ မယ် ဆို ရင် ကျွန် တော် တို့ နိုင် ငံ ဟာ ဒီ မို က ရေ စီ လူ လား မြောက် ပြီ ပေါ့။ အ ခု တော့ ၂၂ နှစ် ဆို တာ ကို လူ သား အ နေ နဲ့ မ ကြည့် ပဲ သ မိုင်း အ နေ နဲ့ ကြည့် ရ တော့ မှာ ပေါ့။ သ မိုင်း မှာ ၂၂ နှစ် ဆို တာ ဘာ မှ မ ကြာ ဘူး လေ။ သ မိုင်း မှာ တော့ ဟစ် တ လာ ထက် ပို မို ဆိုး ၀ါး ရက် စက် တဲ့ အ ဏာ ရှင် ဆို တာ ရယ်၊ ဖက် ဆစ် တဲ့ ဆိုး တဲ့ စစ် ၀ါ ဒီ ကို ဗ မာ ပြည် ရဲ့ သ မိုင်း မှာ မှတ် တမ်း တစ် ခု တော့ နောင် လာ နောက် သား တွေ အ တွက် သင် ခန်း စာ တစ် ခု နဲ့ အောင် ဆန်း စု ကြည် ရယ် ၈၈ မျိုး တက် ကျောင်း သား ခေါင်း ဆောင် တွေ ရယ် နိုင် ငံ အ တွက် စွန့် လွှတ် တဲ့ သူ ရဲ ကောင်း တွေ ရဲ့ မှတ် တမ်း တွေ ကို က ဗ္ဖည်း ရေး ထိုး တဲ့ သ မိုင်း တွေ ပါ။

၈၈၈၈ အ မှတ် တ ရ

No comments:

Post a Comment