Blogger Widgets

Wednesday, October 6, 2010

ငှက် တို့ ၏ တေး


ငှက်တို့၏တေး...

မလိုက်ရဲရင်လည်း... 
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။

တစ်နေ့ နီးမှာပေါ့... 
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊ 
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။   ။

ကဆုန်စိုင်းသလိုပေါ့.... 
မုန်းတိုင်းက ရှေ့မှာမွှေ... 
တောမီးတွေက ရှေ့မှာဝိုင်း..။

ခြင်္သေ့က မြက်မစား..... 
ကျားက ကြွက်မချောင်း... 
ဖွတ်တွေက မိကျောင်းလို မနေ...၊ 
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊ 
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။  ။

မောင်စိန်းဝင်း(ပုတီးကုန်း)

ကို ဂျစ် တူး ဘ လော့ က ကူး ထား တာ ပါ။ မောင် စိန် ၀င်း (ပု တီး ကုန်း) ရဲ့ က ဗျာ လေး ပါ။ ကျွန် တော် လူ ငယ် ဘ ၀ က မောင် စိန် ၀င်း (ပု တီး ကုန်း) ရဲ့ က ဗျာ၊ ၀ တ္တု တွေ ကို တ ရှိုက် မက် မက် နှစ် သက် ခဲ့ ပါ တယ်။ အိုး ဝေ လို့ တွန် တဲ့ ငှက် ရဲ့ တေး ဟုတ် တယ် ဒီ ငှက် ရဲ့ တေး သွား  နဲ့ ဒီ ငှက် တွေ ရဲ့ သ မိုင်း ဟာ ဘယ် တော့ မှ ဆုံး မှာ မ ဟုတ် ဘူး။ ၆၅ နှစ် မ က အ နှစ် တစ် ထောင် တစ် သောင်း မ က က မ္ဘာ တည် သ မျှ ပျံ သန်း တေး ဆို၊ နေ မှာ ပါ။ ဂုဏ် ယူ ပါ တယ် ငှက် တွေ ရဲ့ မ ဆုံး တဲ့ တေး အ တွက်။

No comments:

Post a Comment