Blogger Widgets

Sunday, May 8, 2011

အမေများနေ့ ၂၀၁၁

အမေဆိုတာ
သားသမီးတွေအတွက်
မြေလွှာအဖြစ်အနင်းခံတယ်
ဒါဟာ မိုးထက်မြင့်မားတဲ့
အမေတွေရဲ့စိတ်ဓါတ်ပဲ။

အမေဆိုတာ
သားသမီးတွေအတွက်
ဖေါ့ဖယောင်းလိုပျော့ပြောင်းပေမဲ့
သားသမီးတွေအတွက်
လောကဓံကိုရင်ဆိုင်တဲ့နေရာမှာ
သံမဏိထက်မာကျောတယ်။

အမေဆိုတာ
ရှက်ကြောက်တတ်တဲ့မိန်းမဖြစ်ပေမဲ့
သားသမီးတွေအတွက်
ကမ္ဘာကြီးကိုရင်ဆိုင်ဖို့အတွက်
ရဲရင့်ခဲ့ပါတယ်။

အမေဆိုတာ
အသက်သေရမှာကိုကြောက်တတ်တဲ့လူသားဖြစ်ပေမဲ့
သားသမီးအတွက်
အသက်နဲ့ရင်းပြီးကာကွယ်တတ်ပါတယ်။

အမေများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။



No comments:

Post a Comment