Blogger Widgets

Sunday, August 21, 2011

ကျေး ဇူး တ ရား ကို မ သိ တတ် သူ တွေ ဆို တော့ ဖြစ် မှာ ပေါ့

ဧ ရာ ၀ တီ ဘ လော့ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

ပြီးခဲ့တဲ့လက ၉ ရက်အတွင်း ထိုင်းစစ်တပ် ရဟတ်ယာဉ် ၃ စင်း ထိုင်း-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ဘာကြောင့်လဲ။
ရာသီဥတု ဆိုးဝါးမှု၊ စက်ချို့ယွင်းမှုတို့ကြောင့် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။
တစီးပျက်ကျတာတောင် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ၃ စီး ဆိုတော့ ဒီဖြစ်ရပ်အကြောင်း ထိုင်း မီဒီယာမှာ အကြီးအကျယ် ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှု ၅ ဦးသေဆုံး
ဇူလိုင် ၁၉ သွားရောက် ရှာဖွေသည့် ရဟတ်ယာဉ် ပျက်ကျ ၉ ဦး သေဆုံး
ဇူလိုင် ၂၅ အလောင်းကောက် ရဟတ်ယာဉ်ပျက်ကျ ၃ ဦး သေဆုံး၊ ၁ ဦး အသက်ရှင်။

စုစုပေါင်း ၁၇ ဦး ဆုံးရှုံးပါတယ်။

အခုနောက်ဆုံး ပြောနေကြတာ တခုကတော့ - ဒီဖြစ်ရပ်တွေဟာ သွေးရိုးသားရိုး မဟုတ်ဘူး၊
နယ်စပ်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား တောင်သူတွေရဲ့ တဲအိမ်တချို့ မီးရှိုဖျက်ဆီးခံရမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ လို့ ဆိုပါတယ်။ ထိုင်းဘာသာနဲ့ ရေးသားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားနေကြတာတွေပါ။

No comments:

Post a Comment