Blogger Widgets

Wednesday, August 31, 2011

မန်း ငြိမ်း မောင် အ ဖမ်း ခံ ရ

E-mail Print
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ဖမ်းဆီးထားကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။

ပြီးခဲ့သည့် တလကျော်က တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ မန်းငြိမ်းမောင် ရောက်ရှိစဉ်  တရုတ် အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး မြန်မာ အစိုးရ ထံသို့ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KNU-Karen
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ စိတ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံး သိရတဲ့ သတင်းက အဖေ မြန်မာ ထောက်လှမ်းရေး လက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရသေးပေ။ 

KNU တာဝန်ရှိသူများကလည်း  မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် အဖမ်းခံရသည်ဆိုပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့်  အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟို ကော်မတီဝင် ပဒိုစောအားတိုးက ပြောသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က  ကော်မတီဝင် တဦး အဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

၁၉၆၀ ၀န်းကျင် ကရင်လူငယ် မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံရပုံ၊  ကိုကိုးကျွန်းအကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်ပြီး ပြည်မ တနေရာတွင် ပြန်လည် အဖမ်းခံရပုံတို့ကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုအတွေ့အကြုံများကို ရဲဘော်ရှောင်း ကလောင်အမည်ဖြင့် ရေးသားခြင်း ဖြစ်သည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။


Saturday, August 27, 2011

Hurricane Irene in New Bern


သြ ဂုတ် လ ၂၇ ရက် နေ့ မ နက် ၃ နာ ရီ လောက် က စ ပြီး ဟာ ရီ ကိန်း အိုင်း ရင်း နော့ ကာ ရို လိုင်း နား န ယူး ဘန်း မြို့ လေး ကို အ လည် လာ သွား ပါ တယ်။ City of New Bern နဲ့ မြို့ အာ ဏာ ပိုင် နဲ့ နိုင် ငံ တော် အ စိုး ရ တို့ ဟာ အိုင်း ရင်း မ လာ လည် ခင် က တည်း က ကြို တင် ပြင် ဆင် မှု တွေ ကို အ ကြီး အ ကျယ် ပြင် ဆင် ထား ပါ တယ်။ မြို့ သူ မြို့ သား တွေ ကို လဲ အိုင်း ရင်း လာ ရင် ဘယ် လို ပြင် ဆင် ထား ရ မယ်။ ဆို တာ


အ သိ ပေး ထား ပါ တယ်။ ကုန် စုံ ဆိုင် နဲ့ ဓါတ် ဆီ ဆိုင် တွေ လဲ ဆိုင် ဖွင့် လို့ ရ တဲ့ နောက် ဆုံး အ ချိန် ထိ ဈေး မ တင် ပဲ ဖွင့် လှစ် ရောင်း ချ ပေး ပါ တယ်။ အ မေ ရိ ကန် စစ် သား ၉၈၀၀၀ က လဲ ထိ ခိုက် ပျက် စီး တဲ့ နေ ရာ တွေ ကို သွား ရောက် ကူ ညီ ဖို့ အ သင့် နေ အ ထား မှာ ရှိ နေ ပါ တယ်။ လွှတ် တော် က လဲ အိုင်း ရင်း မ လာ ခင် က တည်း က ပြန် လည် ထူ ထောင် ရေး လုပ် ငန်း တွေ လုပ် ဖို့ အ တွက် ဘတ် ဂျက် ကြို ပြီး ချ ထား ပါ တယ်။ အ သံ လွှင့် ဌာ န တွေ အား လုံး က လဲ အိုင်း ရင်း သ တင်း ကို အ ချိန် နဲ့ တ ပြေး ညီ ထဲ ကြေ ငြာ ပြ သ ပေး ပါ တယ်။ ဘယ် ရောက် နေ ပြီ လဲ၊ ဘယ် မြို့ တွေ ဘယ် လို ပျက် စီး သွား တယ် ဆို တာ တ ပြိုင် တည်း ပြ သ သွား ပါ တယ်။ တွင် တာ၊ ဖိတ် ဘွတ် တွေ က လဲ တ ချိန် လုံး သ တင်း တက် ပါ တယ်။
အ ထူး သ ဖြစ် မုန် တိုင်း ကျ တဲ့ အ ချိန် မှာ City of New Bern ဟာ အ န္တ ရာယ် တွေ ကြား မှာ အ လုပ် လုပ် လို့ ရ သ လောက် အ လုပ် လုပ် ပါ တယ်။ လမ်း မှာ ကျ ပြီး ပိတ် နေ တဲ့ သစ် ကိုင်း တွေ ကို ဖယ် ပေး တယ်။ အ ထူး သ ဖြင့် ရေ ကြီး မှာ ဖြစ် တဲ့ အ တွက် ရေ နုတ် မြှောင်း တွေ ကို ပြင် ဆင် တယ်။ ရေ စုတ် ထုတ် တဲ့ ပန့် တွေ ကို လို အပ် တဲ့ နေ ရာ မှာ ပို ပြီး တပ် ဆင် ထား ပါ တယ်၊ အဲ ဒီ အ တွက် ရေ တက် ပေ မဲ့ အ မြန် ဆုံး ပြန် ကျ သွား ပါ တယ်။ ကျွန် တော် အိမ် ရှေ့ လမ်း က တော့ သူ တို့ အ လုပ် လုပ် တာ ရဲ့ သက် သေ ပါ။ လျှပ် စစ် မီး အ တွက် လဲ မုန် တိုင်း မ ကျ ခင် က တည်း က အ နီး အ နား ပြည် နယ် က လျှပ် စစ် ဌာ န တွေ ကို အ ကူ အ ညီ တောင်း ထား ပါ တယ်။ မုန် တိုင်း ကျ တဲ့ ကြား က မ နက် ၁၀ အ ထီ မီး လာ ပါ တယ်။ မီး ပျက် သွား ပြီး တဲ့ နောက် သ တင်း ဌာ န တွေ က ပျက် စီး မှု ကြီး တဲ့ အ တွက် မီး ၂ ရက် လောက် မ လာ နိုင် ဘူး လို့ ပြော ပေ မဲ့ ည နေ ၅ နာ ရီ လောက် မှာ ပဲ ရေ မ မြုပ် တဲ့ ပျက် စီး မှု တွေ မ ကြီး တဲ့ နေ ရာ တွေ မီး ပြန် လာ ပါ တယ်။ အဲ ဒီ အ ချိန် ဟာ မိုး ရွာ တုန်း လေ တိုက် တုန်း ပါ ပဲ။ မို ဘိုင်း ဖုန်း လိုင်း နဲ့ အင် တာ နဲ့ က တော့ လုံး ၀ မ ပျက် ပါ ဘူး။ ပြော ရ မယ် ဆို ပြော စ ရာ တွေ အ များ ကြီး ကျန် ပါ သေး တယ်။ ဒီ လောက် နဲ့ ပဲ City of New Bern ကို ဂုဏ် ပြု ပါ ရ စေ။

Sunday, August 21, 2011

ကျေး ဇူး တ ရား ကို မ သိ တတ် သူ တွေ ဆို တော့ ဖြစ် မှာ ပေါ့

ဧ ရာ ၀ တီ ဘ လော့ မှ ကူး ယူ ဖေါ် ပြ ပါ သည်။

ပြီးခဲ့တဲ့လက ၉ ရက်အတွင်း ထိုင်းစစ်တပ် ရဟတ်ယာဉ် ၃ စင်း ထိုင်း-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ဘာကြောင့်လဲ။
ရာသီဥတု ဆိုးဝါးမှု၊ စက်ချို့ယွင်းမှုတို့ကြောင့် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။
တစီးပျက်ကျတာတောင် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ၃ စီး ဆိုတော့ ဒီဖြစ်ရပ်အကြောင်း ထိုင်း မီဒီယာမှာ အကြီးအကျယ် ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှု ၅ ဦးသေဆုံး
ဇူလိုင် ၁၉ သွားရောက် ရှာဖွေသည့် ရဟတ်ယာဉ် ပျက်ကျ ၉ ဦး သေဆုံး
ဇူလိုင် ၂၅ အလောင်းကောက် ရဟတ်ယာဉ်ပျက်ကျ ၃ ဦး သေဆုံး၊ ၁ ဦး အသက်ရှင်။

စုစုပေါင်း ၁၇ ဦး ဆုံးရှုံးပါတယ်။

အခုနောက်ဆုံး ပြောနေကြတာ တခုကတော့ - ဒီဖြစ်ရပ်တွေဟာ သွေးရိုးသားရိုး မဟုတ်ဘူး၊
နယ်စပ်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား တောင်သူတွေရဲ့ တဲအိမ်တချို့ မီးရှိုဖျက်ဆီးခံရမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ လို့ ဆိုပါတယ်။ ထိုင်းဘာသာနဲ့ ရေးသားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားနေကြတာတွေပါ။

Thursday, August 18, 2011

JULY NEWS


july -

FROM EMAIL

PDC NEWS


pdc -

Monday, August 1, 2011

ObjectDock

ကျွန် တော့် ကွန် ပြူ တာ မှာ အ သုံး များ တဲ့ ဆော့ ၀ဲ တွေ ရဲ့ shortcut တွေ ကို desktop မှာ တင် ထား တာ ကွန် ပြူ တာ မျက် နှာ ပြင် တ ခု လုံး ရှုပ် ပွ နေ တာ ပဲ။ အဲ ဒါ ကို ရှင်း သွား အောင် ဆို ပြီး Taskbar မှာ pin ထား တာ taskbar တ ခု နဲ့ မ လောက် လို့ taskbar နောက် တစ် ခု ကို ကျွန် တော် ရဲ့ ကွန် ပြူ တာ ရဲ့ မျက် နှာ ပြင် မှာ တင် လို့ ရ အောင် လိုက် ရှာ လိုက် တာ မော် နီ တာ နှစ် ခု မှာ taskbar တ ခု စီ ထား တဲ့ ဆော့ ၀ဲ တွေ ပဲ တွေ့ တယ်။ တော် တော် လေး ရှာ တော့ မှ မော် နီ တာ တ ခု ထဲ မှာ taskbar နှစ် ခု ထား လို့ ရ တဲ့ ဒီ ဆော့ ၀ဲ လေး တွေ့ တယ်။ အ လ ကား ရ တဲ့ ဘား ရှင်း ရှိ သ လို ၀ယ် ယူ ရ တဲ့ ဘား ရှင်း လဲ ရှိ ပါ တယ်။ အ လ ကား ရ တဲ့ ဘား ရှင်း ကို ကျွန် တော် တော့ တော် တော် ကြိုက် တယ်။ ဆက် တင် ကို ပုံ စံ အ မျိုး မျိုး ပြောင်း လို့ ရ တယ် သုံး လို့ လဲ ကောင်း တယ်။သုံး ကြည့် ချင် ရင် တော့ ဒီမှာနှိပ်ပြီးယူပါ
ဒါ မှ မ ဟုတ် ရင် လဲ အောက် က လင့် မှာ ယူ လိုက် ပါ။
လင့် က တော့ http://www.mediafire.com/?ey1eupe3hi3lnps