Blogger Widgets

Saturday, November 30, 2013

မိုးမခ ဆောင်းပါး

Serge Pun @ဦးသိမ်းဝေ (born 1953) SPA Group, Myanmar, Singapore, Hong Kong, Thailand, China ..etc.
 ဇော်အောင် (မုံရွာ) နိုဝင်ဘာ ၃၀၊ ၂၀၁၃
 မြန်မာနိုင်ငံက သူဌေးကြီးများဟာ ခြစားမှုစစ်အာဏာရှင်များနဲ့ အတူလုပ်ကိုင်ရင်း ခရိုနီစီးပွားရေးစနစ်ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ခရိုနီမဟုတ်ဘူး၊ လာဘ်မပေးဘူးလို့ ပြောရဲတဲ့ မြန်မာပြည်ကသူဌေး ဘယ်နှစ်ယောက်ရှိပါသလဲ။ ဦးသိမ်းဝေ ဆိုသူကတော့ အဲဒီလိုပြောရဲတဲ့လူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂နောက်ပိုင်း အိမ်ခြံမြေ Real Estate နဲ့ နိုင်ငံခြားကုမ္ပဏီများဝင်လာချိန်မှာ ငှားရမ်း၊ ရောင်းဝယ်ရင်း၊ အခုခေတ်စားနေတဲ့၊ Star City အိမ်ယာလုပ်ငန်းများနဲ့အတူ၊ဦးသိမ်းဝေရဲ့ SPA Group ဟာ ဝန်ထမ်း၎ထောင်ကျော်နဲ့ ကြွယ်ဝချမ်းသာလာခဲ့ပါတယ်။ Forbes Asia , Sep 2013 စာအုပ်မျက်နှာဖုံးမှာ ဖေါ်ပြခံရပါတယ်။ သူတို့ SPA Group အဖွဲ့ရဲ့ Yoma ကုမ္ပဏီဟာ စင်ကာပူစတော့အိတ်ချိန်းမှာ တစ်ခုတည်းသော မြန်မာကုမ္ပဏီအဖြစ် စာရင်းဝင်ခွင့်ရထားပြီးဦးသိမ်းဝေ Citizenship – Myanmar ကို စင်ကာပူက

Friday, November 29, 2013

RFA Video

လက်ပံတောင်းတောင် ၁ နှစ်ပြည့်


Aljazeera News

စပိန်နိုင်ငံအမျိုးသားတရားရုံးက တရုတ်သမ္မတဟောင်းကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပင်းအပါအ၀င်အခြားတရုတ်ထိပ်တန်း အရာရှိဟောင်း (၅) ဦးတို့ကို တိဗက်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။ သမ္မတဟောင်း ဟူကျင်တောင်ကိုလည်း ပါဝင်ပါတ်သတ်မှု ရှိ/မရှိ စစ်ဆေးနေဆဲဖြစ်ပြီး သူ့ကိုတော့ဖမ်းဆီးမိန့် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အသေး စိတ် ကြည့် ဖတ် ချင် ရင် ခေါင်း စီး ကို နှိပ် ပါ။

RFA Viedo

အတုယူသင့်သောလူငယ်တစ်ဦး


Thursday, November 28, 2013

KIC News

မြန်မာအစိမ်းရောင်ကွန်ယက်၏ တတိယအကြိမ်တွေ့ဆုံပွဲ ကရင်ပြည်နယ်၌ ကျင်းပမည်

Daw Dawi Thantzin

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းချောင်ဖော့

မြန်မာအစိမ်းရောင်ကွန်ယက် (Myanmar Green Network)၏ တတိယအကြိမ် စုပေါင်းတွေ့ဆုံပွဲကို လာမည့် ဒီဇင်ဘာ ၂ရက်မှ ၅ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သုမေဓရာမ ကြားတောရကျောင်း၌ ကျင်းပမည်ဟု သိရသည်။
တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် ဝိုင်ဝန်းကူညီပေးသူ စောထွန်းထွန်းက “ဖားအံမှာရှိနေတဲ့ လူမှုအဖွဲ့အစည်း(CBO)အားလုံးက လည်း ဒီမြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့တွေရှိနေတာကို သိစေချင်လို့ ဒီတွေ့ဆုံပွဲ တတိယ အကြိမ်ကို ကျနော်တို့ ဖားအံမှာလုပ်ရတာ ဖြစ်ပါတယ်။”ဟု

KIC News

ကရင်နိုင်ငံရေးပါတီများ လက်တွေ့ ပူးပေါင်းလုပ်ဆောင်ရန် ခက်ခဲနေသေး

(စက်တင်ဘာလက ဖားအံမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ ကရင်ပါတီခေါင်းဆောင်များ)
(စက်တင်ဘာလက ဖားအံမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ ကရင်ပါတီခေါင်းဆောင်များ)

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း

ကရင်နိုင်ငံရေးပါတီများသည် လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းသွားနိုင်ရေးကို ဆန္ဒရှိ ကြသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ ခက်ခဲနေသေးကြောင်း ၎င်းပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်များက ယမန်နေ့၌ ပြောကြားလိုက်သည်။
ကရင်ပြည်သူ့ပါတီ-KPP ဥက္ကဌ စောထွန်းအောင်မြင့်က “ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းတာ ကောင်းပါတယ်။ ဆန္ဒလည်း ရှိပါ တယ်။ ပါတီပေါင်းဖို့က ဗြုန်းခနဲကြည့်ရင်တော့ လွယ်တယ်ဗျ။ ဒါပေမယ့် တည်ထောင်ပြီးသား ပါတီကို ဖျက်ရမယ်။ ပါတီဝင်တွေ အားလုံး နှုတ်ထွက်ရမယ်။ ပြီးမှ နောက် ပါတီတစ်ခု ပြန်ဖွဲ့၊ ပါတီဝင်တွေ ပြန်ပြီးထူထောင်၊ အဲ့အပိုင်းလေးတွေ ရှိပါတယ်။ အဲဒီ တော့ တကယ်လက်တွေ့ကတော့ နည်းနည်းလေး အခက်အခဲလေးတွေ ရှိပါတယ်။”ဟု ပြောသည်။
ကရင်ပြည်သူများအနေဖြင့်

Wednesday, November 27, 2013

DVB Interview

DVB video



စစ် တပ် ကို လဲ ချန် မ ထား ပါ။ 

KIC အယ်ဒီတာ့အာဘော်

အယ်ဒီတာအာဘော်

7.-Pic-Thein-Sein-and-KNU-meet

၁၇/၁ ကို ပယ်ဖျက်ရေး ခဲယဉ်းနေသေးသရွေ့ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်မှတ်ရေးထိုးရရှိထားသည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရန်အတွက် ၁၉၀၈ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် မတရားအသင်း အက်ဥပဒေကို ပြင်ဆင် ဖြည့်စွက်ရန်နှင့် ပယ်ဖျက်ရန် ရှိမရှိ နိုဝင်ဘာလ(၁)ရက်နေ့တွင် မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုး အောင်က ပြည်သူ့ဆန္ဒအရ တင်ပြမေးမြန်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပယ်ဖျက်ရန်မသင့်ကြောင်း ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခြေခံမူ ၈ချက်ဖြင့် ဆွေးနွေးနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မတရားအသင်း အက်ဥပဒေကို
မပယ်ဖျက်သင့်သကဲ့သို့ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် မတရားအသင်း အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်သွားမည်ဖြစ်ကြောင်းကိုပါ ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ လွှတ်တော်အစည်းအဝေးများ တက်ရောက်နေကြသော ပြည်သူ့လွှတ်တော်အမတ် အများစုအပြင် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြုအဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များနှင့် နိုင်ငံ့အရေး လေ့လာစောင့်ကြည့်နေသူ များကလည်း ၎င်းဥပဒေမှာ မရှိသင့်တော့ကြောင်း တူညီသည့် အမြင်သဘောထားများ ရှိနေကြသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့သော ကေအဲန်ယူနှင့် အစိုးရ ပြည် တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲတွင် သမ္မတဝန်ကြီးရုံး ဦးအောင်မင်းက (၁၇/၁)ပုဒ်မကိုဖျက်ရန် လုံးဝမဖြစ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများအား မသက်ရောက်စေရေးကို ရည်ရွယ် ကြောင်း၊ (၁၇/၁)ပုဒ်မဆိုသည်မှာ ဖျက်လို့မရသည်မှာ နိုင်ငံတော်က ချမှတ်ထားသည့် ပြစ်ဒဏ်ချမှတ်ချက် ပုဒ်မတစ်ခုဖြစ် သည့်အတွက်ဟု မဆိုင်းမတွ ပြောကြားခဲ့သည်။
အများသိ ပြောကြားခဲ့သော

KIC Interview with Dr Cynthia Maung

ဆစ်ဒနီငြိမ်းချမ်းရေးဆု ရရှိခဲ့သူ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း Dr Cynthia Maung, an ethnic Karen from Rangoon, has spent more than 20 years saving the lives of thouands of Burmese at the Mae Tao clinic on the Thai-Burma border. Fleeing Burma herself after the military coup in 1988 she founded the clinic in 1989 and today it provides healthcare to more than 300 people each day, many of whom travel from deep inside Burma where healthcare is all but non existent. ဒေါက်တာစင်သီယာမောင်ကို ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင်နမ့်လှကြည်နှင့် ဖခင်မန်းငြိမ်းမောင်တို့မှ ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ကရင်လူမျိုးဖြစ်ပြီး ၈၈ကျောင်းသားအရေးအခင်းအပြီးတွင် ကရင်ပြည်နယ် အိန္ဒု ကျေးရွာတွင် တာဝန်ထမ်းဆောင်ရာမှ နယ်စပ်သို့ ထွက်ခွာခဲ့သည်။ ၁၉၈၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ် တော်ဆေးခန်းကို စတင်တည်ထောင်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ကလေးများ၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးလျှက်ရှိသည်။ သူမသည် မယ်တော်ဆေးခန်းတွင် အခြားဆေးဝန်ထမ်းများနှင့်အတူ အခမဲ့ ဆေးကုသမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၁၉၉၉ခု နှစ်မှစ၍ နိုင်ငံတကာက ပေးအပ်သည့် ဆုများရရှိသည့်အနက် ၂၀၀၂ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက ပေးအပ်သော အရှေ့တောင် အာရှရေမွန်မက်ဂ်ဆေးဆေး (Southeast Asia’s Ramon Magsaysay Award)ဆုသည် အထင်ရှားဆုံးဖြစ်သည်။ သူမသည် ၂၀၀၃ခုနှစ် Time Magazine ၏ အာရှနိုင်ငံ အာဇာနည်များစာရင်း၌လည်း ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး မျက်မှောက်အချိန်တွင် သူမသည် နိုင်ငံတကာဆုပေါင်း ၂၀ခန့် ချီးမြှင့်ခံထားရသူလည်း ဖြစ်သည်။ မေး ။ ။ ပထမဆုံးအနေနဲ့ ဆရာမ အခုလို ဆစ်ဒနီငြိမ်းချမ်းရေးဆု ရတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲ။ ဖြေ ။ ။ အားလုံးအတွက် အလုပ်အတွက် လုပ်တာပဲဆိုတော့ အားလုံးအတွက် အကျိုးရှိတယ်လို့ပဲ ခံစားရတာပေါ့နော်။ မေး ။ ။ ဒီဆုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ ပေးတာလဲ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းကနေ ဆရာမကို ဘာကြောင့် ဒီဆုကို ပေးဖို့ ရွေးချယ်ခဲ့တာလို့ ထင်ပါသလဲ။ ဖြေ ။ ။ ဒီဆစ်ဒနီငြိမ်းချမ်းရေးဆုကတော့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စမှာ လူပုဂ္ဂိုလ်အမျိုးမျိုးကို ပေးပါတယ်။ ဒီနှစ်ပေးတဲ့ဆုဟာ ၁၆ကြိမ်မြောက်ပေါ့နော်။ ဒီ ၁၆ကြိမ်မြောက်မှာတော့ ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တရားမျှတမှုအပေါ်မှာ အခြေခံပြီးတော့ ပေးတာ ဖြစ်ပါတယ်။ မေး ။ ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ဒီဆုရဲ့ တန်ဘိုးရလဒ်အဖြစ် ဘာတွေပေးပါသလဲ။ အဲဒါကိုရော ဆရာမအနေနဲ့ ဘယ်လိုပြန်ပြီး အသုံးပြုသွားမယ်လို့ စဉ်းစားထားပါသလဲ။ ဖြေ ။ ။ ဆုငွေအနေနဲ့ သြစတြေးလျားဒေါ်လာ ၅သောင်းပေါ့နော်။ အဲဒါကတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ လူထုအဖွဲ့အစည်း တွေအတွက် ရေရှည်အကျိုးရှိမယ့် အလုပ်အပေါ်မှာပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ဆုတံဆိပ် အမှတ်အသားအ နေနဲ့ ထရိုကီ(ဆုအမှတ်အသား)ပေးပါတယ်။ မေး ။ ။ သြစတြေးလျားနိုင်ငံမှာ ဆုသွားယူရတာနဲ့ ပတ်သက်ပြီး ဆရာမ အတွေ့အကြုံလေးကို ပြောပြပေးပါလား။

RFA Interview with UNFC

DVB Debate

KIN Gen Gwan Maw (RFA)

Tuesday, November 26, 2013

KIC News

ဖွံ့ဖြိုးရေးလုပ်ငန်းများ ချင့်ချိန်လုပ်ဆောင်မည်ဟု KNU ဒူးပလာယာခရိုင် ဆုံးဖြတ်

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ချင့်ချိန်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)က နိုဝင်ဘာ လ ၁၉ရက်မှ ၂၁ရက်နေ့အထိ ၎င်းတို့ခရိုင်ရုံးတွင် ကျင်းပသော အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်လိုက်သည်။ ထိုဒေသတွင် လက်ရှိအချိန်၌ ခနောက်စိမ်းသတ္တုတူးဖော်သည့် မြန်မာသန်းဇော်၊ သုဝဏ္ဏမြေ၊ AA ကုမ္ပဏီ စသည့်ကုမ္ပဏီများက နေပြည်တော်ရှိ အစိုးရပိုင်း၏ ခွင့်ပြုချက်များဖြင့် လာရောက်လုပ်ကိုင်နေသကဲ့သို့ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့-AMI, PSI စသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများလည်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများ လာရောက် လုပ်ကိုင်လျှက်ရှိကြောင်း ခရိုင်အတွင်းရေးမှူးက ပြောသည်။ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က “အခုလို ဘာမှမရေမရာ ဖြစ်နေတဲ့အချိန်မှာ ၀င်လာတဲ့ ကျန်းမာရေး၊ စီးပွား ရေး၊ ပညာရေး စတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၀င်လာတယ်။ ဒါတွေက ကျနော်တို့နဲ့ လာရောက်ပြောဆို လုပ်ဆောင်ရမယ်။ ကျနော် တို့က ဗဟိုရဲ့ မူဝါဒနဲ့အညီ ဒေသအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းဆုံးဖြတ်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ် တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ယင်းကုမ္ပဏီများအနေဖြင့် နယ်မြေခံ ကေအဲန်ယူနှင့် အကျိုးတူ လာရောက်လုပ်ကိုင်သည်ဟုဆိုကာ ရောက်ရှိလာသော်လည်း ၎င်းတို့နှင့်အတူ အစိုးရဘက်က လုပ်ပိုင်ခွင့်များ အပြီးပါသည့်အပြင် အချို့မှာ ကေအဲန်ယူ ဗဟိုမှခွင့်ပြု၍ လာရောက်သူများလည်း ရှိသည်။ ထို့အပြင် ခရိုင်အတွင်း စီးပွားရေး၊ ဖွံ့ဖြိုးရေး လုပ်လိုသူများ ရှိနေသည့်အတွက်လည်း ဖြေရှင်းရခက်နေသည်ဟု ပဒိုစော လစ္စတန်က ထပ်မံ ပြောဆိုသည်။ ကေအဲန်ယူ ဗဟို တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဘယ်ဖွံ့ဖြိုးရေးလုပ်ငန်းမဆို အစိုးရအနေနဲ့ ကေအဲန်ယူရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နှစ်ဦးနှစ်ဖက် အဆင့်ဆင့် ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမလုပ်ရင် စစ်မှန်တဲ့ ဖွံ့ဖြိုးရေးကို ရရှိမဟုတ်ဘူး။”ဟု ပြောဆိုသည်။ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း အပါအ၀င် မြို့နယ်အသီးသီးနှင့် တပ်မဟာ(၆)ရှိ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်များ အပါအ၀င် ကိုယ်စားလှယ်ပေါင်း ၅၀ကျော် တက်ရောက်ခဲ့ကြသည့် ၎င်းအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော ဖွံ့ဖြိုးရေး၊ စီးပွားရေးတို့အပြင် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြရာ အစိုးရတပ်မှ စခန်းများ အခိုင်အမာ တည်ဆောက်ခြင်း၊ ရိက္ခာဖြည့်တင်းခြင်း စသည့်စစ်ရေး အထောက်ကူပြု လုပ်ဆောင်မှုများလည်း ရှိနေသည်ဟု ဆိုသည်။ ထို့အပြင် အစည်းအဝေးတွင် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်ပြားစေသည့် မည်သည့်အကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်သွားမည်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ကူညီလုပ်ဆောင်သွားမည်ဖြစ် ကြောင်း နိုဝင်ဘာ ၂၁ရက်နေ့တွင် KNU ဒူးပလာယာခရိုင်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်များ ပါဝင်သော ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)သည် ယခင် ပြုလုပ်ခဲ့ဖူးသည့် အရေးပေါ် အစည်းအဝေးများတွင် ကြေညာချက် ထုတ်ပြန်လေ့မရှိသော်လည်း ယခု တကြိမ်မှာ ပထမဆုံးဖြစ်သည်။

RFA News

ဦးကျော်သူနဲ့ ဒေါက်တာ စင်သီယာမောင် တွေ့ဆုံ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်း အပါအ၀င် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။ ဦးကျော်သူနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်နေမှုတွေကို လေ့လာခွင့်ရခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်သူက အခုလိုပြောပါတယ်။ “ဒါအစိုးရက လုပ်ရမယ့်ကိစ္စတွေ၊ ဒါကိုဒီမှာ ဆရာမစင်သီယာမောင်တို့ကနေပြီးတော့ တကယ့်ကို လူသားခြင်းစာနာစိတ်နဲ့ လုပ်ကိုင်ပေးတာ တွေ့တဲ့ အတွက်ကြောင့် ကျနော် အများကြီးဝမ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ ကျနော်တို့ရဲ့ ပြည်တွင်း က လူမှုရေးလုပ်ငန်းတွေကို ကျနော်တို့လာပြောတာ၊ ဆရာမကလည်း ပြည်ပမှာလုပ်ရတဲ့ အလုပ်အခက် အခဲလေးတွေ ပြောကြတာ ဖလှယ်တာပဲရှိတယ်” အစိုးရပိုင်းက လက်လှမ်းမမီတဲ့ဒေသတွေမှာ ရေရှည်ကူညီပေးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အားလုံးအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင် ၀ိုင်းဝန်ပံ့ပိုးကြဖို့ လိုအပ်တယ်လို့ ဦးကျော်သူနဲ့တွေ့ဆုံအပြီး ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။ “ဒီဘက်မှာလည်း ကျမတို့ တချို့သောနည်းပညာပိုင်းဆိုင်ရာတွေကို ဖလှယ်တာပေါ့၊ အထူးသဖြင့်တော့ ဒီမျက်စိခွဲစိတ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြည်တွင်းထဲမှာ ကိုကျော်သူတို့ကစနိုင်ပြီဆိုတော့ ကျမတို့ ဒီမှာရှိတဲ့ဆရာဝန်တွေပေါ့နော်၊ သူတို့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ပံ့ပိုးသွားမယ်၊ ၀ိုင်းတွဲပြီးတော့ လုပ်သွားကြမယ်ပေါ့” ဦးကျော်သူနဲ့အဖွဲ့ဟာ မဲဆောက်မြို့လယ်က ကျောင်းကြီးကျောင်း ဘုန်တော်ကြီးကျောင်းမှာ မဲဆောက်မြို့ မနော်ဖြူစင် ရေလှူအသင်းသားတွေနဲ့လည်းတွေ့ဆုံပြီး ပရဟိတလုပ်ငန်း အတွေ့အကြုံတွေကို အကြံပြုခဲ့သလို မြ၀တီ စေတနာနာရေး လူမှုကူညီရေးအသင်းရဲ့ ၉ နှစ်မြောက်အထိမ်းအမှတ် စာပေဟောပြောပွဲမှာလည်း ဦးကျော်သူက သူဖြတ်သန်းခဲ့ရတဲ့ နာရေးကူညီမှု လုပ်ငန်းတွေအကြောင်းကို ဟောပြောခဲ့ပါတယ်။

Karen News with Zoya Phan

In an exclusive two-part interview with Karen News, Zoya Phan, the Campaigns Manager at Burma Campaign UK and recognized as a Young Global Leaders by the World Economic Forum outlines what Burma’s government needs to do if it is to have genuine political dialogue with the country’s people.

Burma Democracy – Still a Long Way to Go…Part One from Karen News on Vimeo.

Burma Democracy – Still a Long Way to Go – Part Two from Karen News on Vimeo.

Thursday, November 21, 2013

Kwe Ka Lu Video

KIC news

ကော့ကရိတ်မြို့နယ်တွင် လူထုဆေးပေးခန်းတစ်ခု ကေအဲန်ယူ ဖွင့်လှစ်

Photo-KIC (မဲ့ကနဲကျေးရွာ ဆေးပေးခန်းဖွင့်ပွဲ)
Photo-KIC (မဲ့ကနဲကျေးရွာ ဆေးပေးခန်းဖွင့်ပွဲ)

နိုဝင်ဘာ ၂၁ရက်၊၂၀၁၃ခုနှစ်။ စောခါးစူးညား

ကော့ကရိတ်မြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စုရှိ မဲ့ကနဲ(မဲကနယ်)ကျေးရွာတွင် ဒေသခံကျေးလက်လူထုကို ကျန်းမာရေး စောင့်ရှောက် နိုင်ရေးအတွက် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ကျေးလက်ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။
မဲ့ကနဲကျေးရွာ အပါအ၀င် ၎င်းဒေသအနီးရှိ ကျေးရွာများမှာ နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းကွာခဲ့သည်ကို ဖြည့်ဆည်းပေးရန်အတွက် ဒေသခံလူထုက တင်ပြလာမှုအပေါ် ဆေးပေးခန်းတည်ဆောက်ကာ ဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်း ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး စောအယ်ကော်သောက ယခုလို ပြောသည်။
ပဒိုစောအယ်ကော်သောက

Monday, November 11, 2013

Memoirs of the Four-foot Colonel


http://www.drumpublications.org/4ftcol.php

KIC ဆောင်းပါး

အကြွင်းမဲ့လက်နက်ချရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးကြမည်လော

Photo-Eleven Media Group
Photo-Eleven Media Group

(မောင်ကျော်စွာ)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်)

နိုဝင်ဘာလ ၄ရက်နေ့က မြစ်ကြီးနားမြို့၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံကြစဉ် အစိုးရဘက်မှ ပေးအပ်လာ သည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဆိုသည်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချရေးနှင့် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်ရေးအတွက် လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်သည်။
ထို“သဘောတူညီချက်စာချုပ်”တွင် ဖေါ်ပြထားသည့် အချက်အလက်များနှင့် မီဒီယာများသို့ပြောသည့် ကာချုပ်၏ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ သဘောထားအမြင်များကို ဆက်စပ်လိုက်လျှင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချပြီး

Sunday, November 3, 2013

RFA News

မြန်မာဌာန | သတင်းများ လိုင်ဇာဆွေးနွေးပွဲကနေ အပစ်ရပ်ရေးမူချမှတ် 2013-11-02 ကေအိုင်အေ ဌာနချုပ်လိုင်ဇာမှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားရပ်တည်ချက်တွေကို ချမှတ်လိုက်ပါတယ်။ စနေနေ့ညပိုင်းက ပြီးဆုံးသွားခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို မူလက သုံးရက်ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တက်ရောက်တဲ့အဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုအချို့ ရှိခဲ့တာကြောင့် နောက်ထပ်တစ်ရက်တိုးပြီး ကျင်းပခဲ့တာပါ။ ညီလာခံ နောက်ဆုံးနေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုအတွက် ဘုံသဘောထားရပ်တည်ချက် (၁၁) ချက်ကို တက်ရောက်လာတဲ့ အဖွဲ့စည်း ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် အဖွဲ့ဝင် (၁၃) ဦးပါ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ခုလို သဘောတူညီမှုတွေ ရယူနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲအပြီး စနေနေ့ညပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အတည်ပြုပြောဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် RCSS /SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလွှဲလို့ ကျန် ၁၇ ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက်ကို လက်မှတ်ရေး

ဇာ တိ ပြ သော ဖုန်း နံ ပါတ်

လိုင် ဇာ တိုင်း ရင်း သား ကွန် ဖ ရင့် က ထုတ် ပြန် ကြေ ညာ ချက် မှာ ဖေါ် ပြ ထား တဲ့ ဆက် သွယ် ရန် ဖုန်း နံ ပါတ် တွေ ဖြစ် တဲ့
ပ ဒို ကွယ် ထူး ၀င်း (+၉၅) ၉၄၂၂၁၉၁၉၄၁
နိုင် ဟံ သာ (+၆၆) ၈၀၅၀၃၀၈၄၉
ဗိုလ် ချုပ် ဂွန် မော် (+၈၆) ၁၃၅၇၈၂၀၀၅၄၃
ဆို တာ တွေ ကို ကြည့် ပြီး ဘာ မှ မ ဟုတ် တဲ့ အ ရေး မ ပါ ဘူး လို့ ဆို လို ရ မ လား ဆို ပေ မဲ့ ၊ အ ရေး ကြီး အ ကြောင်း အ ရာ အ တွက် ဆက် သွယ် ရ မယ် ဆို ရင် တော့ ဖုန်း နံ ပါတ် တွေ ထဲ က တ ခု ကို တော့ ခေါ် မ ရဲ ပါ ဘူး။ ဆော ရီး ပါ ပဲ။

Saturday, November 2, 2013

Karen National Union delegation visits United Kingdom

Zoya Phan 7:20 AM (7 hours ago) to Zoya Media Release From Karen Community Association UK For Immediate Release 1 November 2013 Karen National Union delegation visits United Kingdom (Zora Phan) Karen Community Association UK welcomes the Karen National Union (KNU) delegation visiting the UK from 28 October- 1 November 2013. The delegation consists of 7 members including 3 women. The delegation is in the UK to study the peace process in Northern Ireland. During their visit to UK, the delegation met with senior leaders and negotiators from Northern Ireland and the British Government who have been involved in reconciliation work in Northern Ireland. The delegation also visited main conflict effected areas in Belfast to see how communities on each side lived and experienced the conflict. The delegation also met with Karen community in the UK and discussed the current situation of the Karen people, including progress on ceasefire negotiations with the Burmese government, coordination with ethnic alliances, the human rights situation in Karen areas, refugee concerns, and the political goal of the KNU to establish a federal Burma. Despite a ceasefire agreement reached between the Karen National Union and Burmese Government almost two years ago, there is no sign of genuine political dialogue, which will provide sustainable development and long-lasting peace for Karen people. The KNU is still a banned organisation, and cannot operate legally to reach out to different Karen communities in Burma. Many Karen continue to face human rights violations including forced labour, arbitrary arrest, arbitrary detention, and land confiscation. Since the peace process began, land that Karen people have been on for generations is being seized by the Burmese authorities on a much bigger scale with little or no compensation. This brought destruction to local people. Ten of thousands of refugees along the border of Thailand still cannot return back to their villages as Burmese Army is increasing troops numbers in the areas they fled from. There are also no significant landmines removal programmes. Refugees continue to require aid from international community and ration cuts risk forcing them back to unsafe areas. Nationwide ceasefire is needed as a basic step towards genuine peace. However, nationwide ceasefire should not be just an opportunity for the Burmese government to increase military control as well as economic control over ethnic areas. It should lead to a meaningful political dialogue. The Karen Community Association UK urges Prime Minister David Cameron to review policy on Burma and put political pressure on the Burmese Government to enter into a genuine political dialogue with KNU and other genuine ethnic representatives. It’s time British government pay proper attention to what’s going on in Karen and other ethnic areas, rather than a policy almost solely based on Thein Sein and Daw Aung San Suu Kyi. Military engagement without tackling the problems of impunity will not be beneficial for the people of Burma. ….End…

RFA News

Saturday, November 2, 2013 အပစ်ခတ်ရပ်စဲရေးမူ ၉ ချက်ကို တိုင်းရင်းသားလက်နက်အဖွဲ့ ၁၇ ဖွဲ့ သဘောတူ ကေအိုင်အေဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ ညီလာခံ မှာ တက်ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက် ၉ ချက်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ လိုက်ကြပါတယ်။ ဒါပေမယ့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘူးလို့ အာစီအက်စ်အက်စ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက RFA ကို ပြောပါတယ်။ သဘောတူညီချက်ထဲမှာ တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တစ်ဦးစီပါဝင်တဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီ တရပ်ဖွဲ့ဖို့ လည်း ပါဝင်ပါတယ်လို့ သိရပါတယ်။ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အဆိုအရ နိုင်ငံရေးဆွေးနွေးပွဲပြီးမှ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်မယ်လို့ သဘောထားပါရှိကြောင်း သိရပါတယ်။ ဒါပေမယ့် သဘောတူညီချက် ၉ ချက်မှာ တိတိကျကျ ဘယ်အချက်တွေ ပါတယ်ဆို တာကို အခုထိ တိုင်းရင်းသားအဖွဲ့တွေက တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသလို နိုင်ငံရေး ဦးဆောင် ကော်မတီမှာ ဘယ်သူတွေပါဝင်မယ်ဆိုတာလည်း အခုထိ အသေးစိတ် ထုတ်ပြန် ပြောကြားခြင်းမရှိသေးပါဘူး။ အဲဒီကော်မတီဟာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ဆွေးနွေးတဲ့အခါ အားလုံးကို ကိုယ်စားပြု ဆွေးနွေးရမယ့် ကော်မတီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီညီလာခံအပြီး နောက်ဆက်တွဲအနေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နဲ့တိုင်းရင်း သား ခေါင်းဆောင်တွေဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။ RFA Burmese