Blogger Widgets

Saturday, November 1, 2014

ငါးလောင်းပြို င်သတ်ဖြတ်ခံရမှု KNU စုံစမ်းစစ်ဆေးမှုစတင်

နိုဝင်ဘာ - ၁ - ၂၀၁၄ သတင်း - ကရင်အမျိုးသား (မီဒီယာ) ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၅ ဦးသတ်ဖြတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်နေပြီးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးဌာမှူး ပဒိုစောအားတိုးကပြောသည်။ ၎င်းက" ဒီဖြစ်ရပ်က လုံးဝကိုလက်ခံလို့မရတဲ့ဖြစ်ရပ်ဖြစ်တယ် ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးဖြစ်တယ်"ဟုပြောဆိုသည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် KNU ဥက္ကဌအပါအ၀င် ထိပ်တန်းခေါင်းဆောင်များ KNU စည်းကမ်းထိန်းသိမ်းရေးကော်မတီ - KNLA စစ်ဦးစီးချုပ် KNDO ဦးစီးချုပ် ခရိုင်ဥက္ကဌများနှင့် တပ်မဟာမှူးများကိုလည်း အသိပေးအကြောင်းကြားထားပြီးဖြစ်သည် ပြည်ထဲရေးဌာနမှူးကဆိုသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် KNU ပြည်ထဲရေးဌာန၏ လက်အောက်တွင်ရှိပြီး တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြည်ထဲရေးဌာနကပြောသည်။ ထိုင်းနိုင်ငံဘန်ကောက်တွင်အခြေစိုက်သည့် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ မန်းထီ့ဖောင်က"အခုအသတ်ခံလိုက်ရတဲ့ စောသိန်းဦးဟာ အရင်ကဘန်ကောက်မှာ ကရင်လူမှုရေးနဲ့စာပေယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တဲ့လူပါ ကျနော်တို့အနေနဲ့ဒီဖြစ်ရပ်အပေါ်မှာ အတော့ကိုတုန်လှုပ်မိပါတယ် ဒီကိစ္စကိုတာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်တဲ့လူတွေကို အမြန်ဆုံးအရေးယူပေးဘို့ အဓိကတောင်းဆိုချင်ပါတယ်"ဟု ကရင်အမျိုးသား(မီဒီယာ) ကိုပြောဆိုသည်။ KNU လက်အောက်ခံ ဒူးပလာယာခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ မြို့ နယ်ရဲမှူးစောသိန်းဦးအပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယခင်လ ၁၈ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံရပြီး ၆ ရက်အကြာ ၂၃ ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။ သေဆုံးသူများ၏ မိဘဆွေမျိုးသားချင်းများက ယခုဖြစ်ရပ်သည် စစ်ပြေပြင်တွင်သေဆုံးခြင်းမဟုတ်ဘဲ ကိုယ့်အချင်းချင်းဖမ်းဆီးချုပ်နှောက်ပြီးမှ သတ်ဖြတ်ခြင်းကြောင့် ယူကြုံးမရဖြစ်ရကြောင်း တာဝန်ရှိသူများအနေနှင့် စုံစမ်းဖော်ထုတ်အရေးယူမှုများ အမြန်ဆုံးပြုလုပ်စေချင်သည်ဟု ပြောဆိုကြသည်။ သတ်ဖြတ်ခံရသည့်နေရာမှာ ဒူးပလာယာခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ နယ်မြေအတွင်းဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

No comments:

Post a Comment