Blogger Widgets

Wednesday, October 23, 2013

SI Saw Kapi Interview

မြန်မာပြည်အတွက် ကန်တက္ကသိုလ် အလုပ်စွန့်သူ နောက်ဆုံးရေးသားချိန် 23 October 2013, 6:21 AEST သောတရှင်များရှင် ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှု ​စတင်လုပ်ဆောင်လာကတည်းက ​အကြောင်းအမျိုးမျိုးကြောင့် ​မြန်မာ ​နိုင်ငံကို ​ထွက်ခွာခဲ့ပြီး ​ပြည်ပမှာ ​ရောက်ရှိနေထိုင်တဲ့ ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​မြန်မာနိုင်ငံကို ​ပြန်လာပြီး ​မိမိတို့ ​တတ်တဲ့ ​ပညာတွေကို ​ပြန်လည် ​ဖြန့်ဝေတာတွေ ​နိုင်ငံအတွက် ​အကျိုးပြုတာတွေ ​တဖြည်းဖြည်းများလာနေတာကို ​တွေ့ရပါတယ်။ Saw Kapi - စောကပီ The Salween Institute for Public Policy အဖွဲ့က ဒါရိုက်တာ ဆရာစောကပီ (Credit: ABC) အသံ နားဆင်ရန် အဲဒီလို ​ကိုယ်တတ်တဲ့ပညာနဲ့ ​ကိုယ့်တိုင်းပြည်နဲ့ ​ကိုယ့် ​လူမျိုးတွေအတွက် ​ပြန်လည် ​အသုံးပြုတဲ့ ​အခါမှာလည်း ​အခက်အခဲအမျိုးမျိုးတွေနဲ့ ​ရင်ရတာရှိသလို ​စိန်ခေါ်မှုတွေလည်း ​ရင်ဆိုင်ရပါတယ်။ အခုတင်ပြပေးမယ့် ​မေးမြန်းခန်းကတော့ ​မြန်မာပြည်မှာ ​မွေးပွားခဲ့ပြီး ​နိုင်ငံရေးမှာ ​ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ​ပြည်ပကိုထွက်ခွာခဲ့ရပြီးတော့ ​အခု ​မိမိတတ်တဲ့ ​ပညာနဲ့ ​ပြည်တွင်းမှာ ​ကိုယ်ထူကိုယ်ထပြန်ပြီး ​ပညာဖြန့်ဝေနေတဲ့ ​ကရင် ​တိုင်းရင်းသား ​တစ်ယောက်အကြောင်းနဲ့ ​သူ့ရဲ့လုပ်ငန်းကို ​တင်ပြပေးမှာဖြစ်ပါတယ်။ သူကတော့ ​အမေရိကန်ပြည်ထောင်စုမှာ ​သွားရောက်နေထိုင်ခဲ့ပြီးတော့ ​ကယ်လီဖိုးနီးယား ​ပြည်နယ်တက္ကသိုလ်က ​တက္ကသိုလ်ဝင်ခွင့်ရေးရာနဲ့ ​မော်ဂွန်းထိန်းဌာနမှာ ​တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ​မေရီလင်း ​ပြည်နယ် ​တက္ကသိုလ်မှာလည်း ​တက္ကသိုလ်ဝင်ခွင့်ရေးရာဌာနမှာ ​တွဲဖက်ဒါရိုက်တာအဖြစ်နဲ့ ​တာဝန်ထမ်းဆောင်ခဲ့တဲ့ ​ဆရာစောကပီပဲ ​ဖြစ်ပါတယ်။ Credit to Radio Australia

No comments:

Post a Comment