Blogger Widgets

Thursday, June 14, 2012

ငြိမ်းချမ်းရေးရဲ့အရသာ

ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၈၀၀ ကျော် ပေး

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဥပရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ကနဦး ကူညီ
ထောက်ပံ့ မည်ပြီး ထပ်မံ၍လည်း သန်း ၃ဝဝ ကျော် ပေးဦးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ကတိ ပေးလိုက်
ကြသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်မှလည်း ဖွံ့ဖြိုးတိုးရေးအတွက် အတိုးနည်းချေးငွေ ဒေါ်လာသန်း ၃ဝဝ ကိုလည်း နှစ်စဉ်ချေးပေးမည် ဟု ဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် Peace Donor Support Group-PDSG တို့ တွေ့ဆုံကြစဉ် ထိုသို့
ထောက်ပံ့ကူညီကြမည်ဟု PDSG အဖွဲ့ဝင်များက အသီးသီး ပြောဆိုသွားကြခြင်း ဖြစ်သည်။
pmetp
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peace Donor Support Group မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ (ministryofinformation.gov.mm)

နော်ဝေနိုင်ငံမှ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးသည့် PDSG တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂ
နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှုတခု ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ကနေဦးအဖြစ် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီး လုပ်ငန်း စတင် အကောင်အထည်
ဖော်သည့်အခါ ထပ်မံ ထည့်ဝင်သွားမည်ဟု အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ဒုတိယ အတွင်းရေးမှူးချုပ်လည်း ဖြစ်သည့် မစ္စတာ ဗီဂျေး နမ်ဘီးယား က ဆိုသည်။

သြစတြေးလျနိုင်ငံမှလည်း ကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီး
ဖြစ်ကာ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် ကျွမ်းကျင်သူများ စေလွှတ်ပေးမည်ဟု သြစတြေးလျ သံအမတ်ကြီးက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သမ္မတဦးသိန်းစိန် ဦးဆောင်၍ အလေးထား ဆောင်ရွက် နေခြင်းကြောင့် လိုရာသုံးနိုင် ရန်အတွက် ဒေါ်လာ ၅ သန်း ပေးအပ်လိုက်ပြီး သုံးနှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ဗြိတိန် သံအမတ်ကြီးက ဆိုသည်။

ဥပရောပသမဂ္ဂ EU ကလည်း နိုင်ငံက ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၁၅ဝ (ဒေါ်လာ ၁၈၇.၃၅ သန်း)၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းအတွက် နည်းပညာအကူအညီနှင့် ယူရိုဒေါ်လာ သန်း ၄ သန်း (ဒေါ်လာ ၅ သန်း) ထိ သုံးစွဲရန် လျာထားကြောင်း EU ဌာနေကိုယ်စားလှယ်က တင်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ သံအမတ်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အသိအမှတ် ပြုကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် လတ်တလောအသုံးပြုနိုင်ရန် ဒေါ်လာ ၅ သန်းနှင့် နောက် သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) ထူထောင် ဖွဲ့စည်းပြီး ဖြစ်၍ PDSG နှင့် ပူးပေါင်း၍ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် လတ်တလော ဖြစ်ပွားနေသည့် “ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်များသည် ရှုတ်ထွေးနက်နဲသော နောက်ခံ အကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အစိုးရအနေဖြင့် လောလောဆယ် ထောက်ပံ့ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း” သမ္မတကြီးက ပြောဆို သွားသည်။

ယခု ကနဦး အလှူငွေများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကနဦး စီမံချက်များ ရေးဆွဲ၍ ဦးစွာ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နော်ဝေ သံအမတ်ကြီးက ပြောသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန်၊ ၂ဝ၁၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် မစ္စတာနမ်ဘီးယားနှင့် ဗြိတိန်သံဝန်ကြီးချုပ်တို့က ဖိတ်ကြားခဲ့သည်။

ဦးသိန်းစိန်က အခြားဥရောပသမဂ္ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများအား နော်ဝေနှင့် သြစတြေးလျတို့ကဲ့သို့ အပြည့် အဝ ဖြေလျှော့ပေးစေလိုကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် အပါအဝင် ဒုဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်း၊ ဦသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဇော်မင်း၊ ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ခဲ့ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်၍  ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ကော်မတီကို မေလ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

နိုင်ငံကာမှ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အကူအညီများ ပေးနေသော်လည်း ခံစားနေရသော ဒေသခံပြည်သူများ ထံ တိုက်ရိုက် မရောက်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများကို ပါဝင်စေသင့်ကြောင်း၊ လူသားချင်း စာနာသော အထာက်အကူပေးမှုများကို သက်ဆိုင်ရာ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အတူ
ဒေသခံလူထုထံသို့ တိုက်ရိုက် ပေးအပ်ရန်တို့ကို ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက ဇွန်လ ၁၂ ရက်နေ့က
ကြေညာချက် ထုတ်ပြန်၍ အကြံပြုထားသည်။

Wednesday, June 13, 2012

ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်စတင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး အစီအစဉ်


~

ဒီကနေ့ အစပြုမယ့် ခရီးစဉ်အတွင်း သွားရောက်မယ့် နိုင်ငံများ နဲ့  အချိန်စာရင်း

ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်

ဇွန် ၁၃ - ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံ တက်ရောက် မိန့်ခွန်းပြော
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နှင့် တွေ့ဆုံဆွေးနွေး၊
ဆွစ်ဇာလန်ပါလီမန်သို့ သွားရောက်။

ဇွန် ၁၅ - နော်ဝေနိုင်ငံ အော်စလိုမြို့တော်


ဇွန် ၁၆ - အော်စလိုမြို့တော်ခန်းမ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံရယူ၊
အော်စလိုဆိပ်ကမ်း ငြိမ်းချမ်းရေး စင်တာရောက် မြန်မာနိုင်ငံသားများ၊ တခြား ဧည့်သည်များနှင့် တွေ့ဆုံ
အော်စလိုမြို့တော်ခန်းမရှေ့ လူထု မိန့်ခွန်း

ဇွန် ၁၇ - နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး
နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့ ရပ်ဖ်တို လူ့အခွင့်အရေးဆု လက်ခံရယူ

ဇွန် ၁၈ - အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် မြို့တော် ၊ Board Gais Energy ဇာတ်ရုံ ခန်းမကြီး
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆု လက်ခံရယူ
ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲ တက်ရောက်
 
ဇွန် ၁၈ မှာပဲ -  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်


ဇွန် ၁၉ - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့


ဇွန် ၂၀ - Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူ


ဇွန် ၂၁ - ဗြိတိသျှ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြော


ဇွန် ၂၆ - ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်
ပြင်သစ်သမ္မတနှင့်တွေ့


ဇွန် ၃၀ - ရန်ကုန်ပြန်ရောက်

ညွှန်း - ဗွီအိုအေ (မြန်မာဌာန) http://www.voanews.com/burmese/news/DASSK-trip-06-09-12-158327205.html


NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ

NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဥပဒေပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုထားကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“ကျနော့်ကို ပုဒ်မ ၁၈၂ မမှန်သတင်းပေးပို့မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

NLD အတွင်းရေးမှူး အနေဖြင့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ် မဲလက်မှတ်များတွင် ဖယောင်းသုတ်မှုများ ရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

“ကျနော့်ကို တရားစွဲထားတဲ့ အဆိုလွှာကို မဖတ်ကြည့်ရသေးပါဘူး။ နေပြည်တော်ရောက်မှ အတိအကျ သိရမှာ
ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်း က ပြောဆိုပြီး ဇွန်လ ၁၄ ရက်နေ့တွင် တရားရင်ဆိုင်ရန်အတွက် နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့် ပတ်သက်ပြီး မေလ ၉ ရက်နေ့က
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှု မရှိကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန်မကန် စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင် အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်း
ဖြစ်ကြောင်း” အဆိုပါ ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။

ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ အဖြစ်
ဆောင်ရွက်ခဲ့ပြီး လစ်လပ် ၄၄ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

Saturday, June 9, 2012

KIC news

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်

Submitted by on Saturday, 9 June 2012--
ဇွန်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သော အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU က ၎င်းတို့ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်း တနေရာတွင် ဇွန်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် (၃၃)ဦးနှင့် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ် (၂)ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ခဲ့သည်ဟု KNU က ပြောသည်။
KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အရင်(အစိုးရနဲ့ ဒုတိယအကြိမ်)က တပ်ကိစ္စ ဆွေးနွေးဖို့ ရှိပေ မယ့် အပေါ်ယံ ညှိနှိုင်းမှုတွေပဲ လုပ်ခဲ့ရတယ်။ အခု လာမယ့်ကာလမှာ နှစ်တပ်တွေရဲ့ လိုက်နာရမယ့် နယ်မြေ သတ်မှတ်ရရေးအတွက် ဘယ်လိုလုပ်ကြမလဲ စတာတွေပေါ့။ နောက် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ပါဖို့ တောင်းဆိုရမှာပဲ။ ဒါပေမယ့် အစိုးရနဲ့ ထပ်တွေ့ဖို့က ဒီလထဲမှာတော့ မသေချာဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
အစိုးရနှင့် KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် KNU ထိန်းချုပ်နယ်မြေအတွင်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း တောင်ငူခရိုင်၊ ဒူးပလာယာနှင့် ဖာပွန်ခရိုင်တို့တွင် နယ်စောင့် တပ်နေရာ အတွက်ဟူ၍ မြေသိမ်းမှုနှင့် ဒေသခံများအား ပေါ်တာဆွဲမှုများ ရှိသည်ဟု သူက ဆက်ပြောသည်။
တဆက်တည်း၌ပင် ထိုအစည်းအဝေးပြုလုပ်ပြီးနောက် KNU သည် ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အရ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင် ရေးအတွက် အရေးကြီး သော လုပ်ငန်းများကို ဦးဆောင်မှုပေးနိုင်ရန် ၎င်းတို့၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီအဖြစ် ဗဟိုအလုပ် အမှုဆောင် ကော်မတီမှ ဆောင်ရွက်သွားမည်ဟု ပါရှိသည်။
ထို့အပြင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဦးဆောင်မှုတို့အထောက်အကူပြုရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖွဲ့ထားသည့် စစ်ရေးရာကော်မတီ (Military Affairs Committee) ၏ လုပ်ငန်းများလည်း KNU ဗဟိုစစ်ဦးစီး ဌာနချုပ်သို့ ပြန်လည်လွှဲပြောင်းလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဗိုလ်မှူးစောလှငွေက “ငြိမ်းချမ်းရေးတည်ဆောက်လုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့ စစ်ဦးစီးဌာနချုပ်မှာပါတဲ့ ပုဂ္ဂိုလ်တွေ ပထမမှာ ၇ဦးဖွဲ့တယ်။ နောက် ၁၃ ဦးနဲ့ ထပ်ဖွဲ့တယ်။ အဲလိုဖွဲ့လိုက်ပေမယ့် လူတွေဟာ စစ်ဦးစီးဌာန ချုပ်မှာလည်း တာဝန် ရှိတဲ့သူ ဖြစ်တော့ လုပ်ငန်းရဲ့ တာဝန်နဲ့ သဘောသဘာဝတွေမှာ ကွဲကွဲပြားပြား မလုပ်နိုင် ဘူး။ ဒါကြောင့် ဟိုးတုန်းက အတိုင်း ပြန်ထားလိုက်တဲ့သဘောပါ။”ဟု ဖြည့်စွက်ပြောဆိုသည်။
ယခုပြုလုပ်သည့် KNU ၏ အရေးပေါ်အစည်းအဝေးသည် တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် လများအတွင်းမှာ လည်း မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်မီ အလားတူ အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့ ပြီဖြစ်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် တွေ့ဆုံကာ ပဏာမ အပစ် ရပ်ရေး သဘောတူလက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့တွင် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ဝင်တို့က ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့ကြသည်။

Friday, June 8, 2012

ထားဝယ်စီမံကိန်း ဆုံးဖြတ်ရန် အရေးကြီး အချိန်ရောက်ဟု ဝန်ကြီးပြော

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။        ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အလွန်အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေပြီဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင်က ပြောကြားခဲ့ကြောင်း သိရသည်။

“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီ အနေနဲ့ အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က မြန်မာ့ ကမ်းရိုးတန်း ရှည်သည်နှင့်အမျှ ရေနက်ဆိပ်ကမ်းများ အများအပြား တည်ဆောက်နိုင်သေးကြောင်း Bangkok Post ကို ထပ်လောင်းပြောဆိုလိုက်သည်။
htwal
“ထားဝယ်က အထူးစီးပွါးရေးဇုန် တခုပါ။ ပြီးတော့ ဧရိယာအသစ်ဖြစ်တဲ့ သီလဝါမှာလည်း ရေနက်ဆိပ်ကမ်း တခု ပါဝင်မှာ ဖြစ်ပေမယ့် (ထားဝယ်နဲ့တော့) ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းရိုးတန်းဟာ ကီလိုမီတာ ၁,၂၀၀ ကျော်တဲ့အတွက် ကျနော်တို့ဟာ ရေနက်ဆိပ်ကမ်းတွေ အများကြီး တည်ဆောက်နိုင်ပါတယ်” ဟု ဦးစိုးသိန်း က ဆိုသည်။

ထိုသတင်းသည် ဘန်ကောက်မြို့ရှိ သတင်းရပ်ကွက်များအား အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ဘန်ကောက် ရပ်ဝန်းအနေဖြင့် ထားဝယ်စီမံကိန်း၏ အလားအလာကို သံသယ ရှိနေခဲ့ကြသည်။

စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။ ၂ဝ၁ဝ ခုနှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ စီမံကိန်းကို ၂၀၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ ထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ ထိ တတိယအဆင့်ဟူ၍ သတ်မှတ် အကောင်အထည်
ဖော်နေခြင်း ဖြစ်သည်။

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ သင်္ဘော ပြုပြင်ထိန်းသိမ်း
ရေးလုပ်ငန်းများနှင့် စက်ပစ္စည်းများ၊ ရေနံချက်စက်ရုံ နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံ အပါအဝင် ရေနံဓာတုလုပ်ငန်းများ၊
မော်တော်ကားနှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများပါဝင်မည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုဇုံတည်ဆောက်ရေးတွင် အဆင့် ၃ ဆင့် ပါဝင်မည် ဖြစ်သည်။ ပထမအဆင့်တွင် ထားဝယ်မှ အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ဆက်သွယ်မည့် ၈ လမ်းသွား လမ်းမကြီး နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်ကို ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည်။ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှ မြန်မာနိုင်ငံအထိရောက်မည့် တိုးချဲ့မဲခေါင်ဒေသ စီမံကိန်း (Greater Mekong Subregion)
တောင်ဘက် စီးပွားရေးစင်္ကြံ လမ်းမကြီး၏ တစိတ်တပိုင်း ဖြစ်လာပေတော့မည်။
southeast-asia
ဒုတိယနှင့် တတိယအဆင့်များတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရေးတို့ ပါဝင်မည် ဖြစ်သည်။ ဤသို့ဆိပ်ကမ်းအ ဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးလျှင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအိုသို့ ကုန်စည်တင်ပို့ရာတွင်  မလက္ကာရေလက်ကြားဖြတ်ရန် မလိုတော့၍ ပျမ်းမျှ ၁၀ ရက်ခန့် အချိန်သက်သာသွားမည်
ဖြစ်သည်။

ITD ကုမ္ပဏီက ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂၀၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က ဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

စီမံကိန်းအတွက် ITD က ဒေါ်လာသန်းပေါင်း ၈,၅၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော် လည်း မဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သည်။

စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ကွန်ဖရင့်တခုတွင် ခရီးသွားလုပ်ငန်းနှင့် သဘာဝသယံဇာတ ကဏ္ဍများရင် ရင်းနှီးမြှုပ်နှံ
ကြရန် စက်မှုဝန်ကြီးက ဖိတ်ခေါ်လိုက်သည်။

“ကျနော်တို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အလေးအနက်ကို ဖိတ်ခေါ်လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ချစ်ကြည်တဲ့ ဥတုအနေအထားဖြစ်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကိုလည်း” ဟု ဦးစိုးသိန်း က ရုပ်သံမိန့်ခွန်းတွင် ပြောကြား သွားသည်။

ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်က မြန်မာ့ အထူးစီးပွားရေးဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဂျပန်ကုမ္ပဏီကြီးများအား ဖိတ်ခေါ်ခဲ့သည်။

မြန်မာအစိုးရသည် သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရာမှ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃,၀၀၀ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သဘာဝဓါတ်ငွေ့လုပ်ငန်းများနှင့် ပိုက်လိုင်းများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်၍ ထို့ထက်ပို၍ သိသိသာသာ တိုးတက် ရရှိနိုင်ဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဆိုသည်။ ထို ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများကို
မြန်မာနိုင်ငံတွင် Chevron ၊ Total နှင့် CNPC ကုမ္ပဏီကြီးများက လုပ်ကိုင်လျက်ရှိကြသည်။

Tuesday, June 5, 2012

အာဂသတ္တိ

 K N U နဲ့ သိန်း စိန် အ စိုး ရ လုပ် တဲ့ ငြိမ်း ချမ်း ရေး ကို က ရင် လူ ထု တွေ က K N U  နဲ့ က ရင် လူ ထု တွေ အ လိမ် ခံ ရ မှာ ကို စိုး ရိမ် နေ ကြ ပါ တယ်။ က ရင် လူ ထု တွေ က သိန်း စိန် အ စိုး ရ ရဲ့ ပ က တိ အ ခြေ အ နေ ကို မ သိ မှာ စိုး ရိမ် သ လို အ ဖက် ဖက် က စိုး ရိမ် နေ ကြ ပါ တယ်။ ဒါ ပေ မဲ့ က ရင် လူ ထု တွေ သိ ထား ရ မှာ က တော့ ဆ ရာ မ စီ ပိုး ရာ စိန် ဦး ဆောင် တဲ့ K N U ခေါင်း ဆောင် တွေ ဟာ လက် တွေ့ လုပ် ဆောင် နေ တဲ့ သူ တွေ ဖြစ် သ လို ဒါ တွေ အား လုံး အ ပေါ် မှာ တာ ၀န် ယူ နေ ရ တဲ့ သူ တွေ ဖြစ် နေ တဲ့ အ တွက် အ ခြေ အ နေ အ ရပ် ရပ် ကို ခြုံ ငုံ ပြီး ကျွန် တော် တို့ လူ ထု တွေ သိ တာ ထက် ပို မို သိ ထား သ လို ပို မို စိုး ရိမ် လို့ သ တိ ကြီး စွာ နဲ့ လုပ် ဆောင် နေ ပါ တယ်။ နှစ် ဖက် စ လုံး အ ခြေ အ နေ ကို ပြော တာ ပါ။ ကျွန် တော် တို့ က ရင် လူ ထု တွေ က တာ တွေ ကို အ ပျက် ပြော နေ မဲ့ အ စား အ ပြု သ ဘော ဆောင် ပြီး K N U ရဲ့ ငြိမ်း ချမ်း ရေး ဖေါ် ဆောင် မှု အ ပေါ် ဘယ် လို ပူး ပေါင်း ပါ ၀င် ရ မယ်။ ဘယ် လို ၀ိုင်း ကူ ညီ နိုင် မယ် ဆို တာ ကို ပြော စေ ချင် ပါ တယ်။လွတ် တော် က ဘတ် ဂျက် မ ချ ပေး လို့ ငြိမ်း ချမ်း ရေး လုပ် ငန်း အ တွက် ငွေ မ ရှိ လို့ စီး ပွါး ရေး သ မား တွေ ကို စ ရိတ် ခံ ခိုင်း ရ တယ် လို့ ဦး အောင် မင်း က ပြော ပါ တယ်။ အဲ ဒီ အ တွက် စီး ပွါး ရေး သ မား တွေ က ကျွန် တော် တို့ ခေါင်း ဆောင် တွေ ကို ရိုင်း ပြ စွာ ဆက် ဆံ ခြင်း ကို ခံ ရ ပါ တယ်။ နိုင် ငံ တော် က လူ သတ် ဖို့ လက် နက် တွေ ကျည် ဆံ တွေ ၀ယ် ဖို့ ကျ တော့ ပိုက် ဆံ ရှိ ပြီး တော့ ငြိမ်း ချမ်း ရေး လုပ် ဖို့ အ တွက် ငွေ မ ရှိ တာ တော့ အ ဓိ ပ္ပါယ် မဲ့ ပါ တယ်။ အ ဓိ က က တော့ က ရင် ပြည် နယ် မှာ စီး ပွါး ရေး သ မား တွေ စီး ပွါး ရေး လုပ် နိုင် ဖို့၊ ကျေး ဇူး စား ကျေး စား ခံ ရှိ ဖို့ အ စိုး ရ က စီး ပွါး ရေး သ မား ကို သုံး တာ ပါ။ ဒီ တော့ နိုင် ငံ တော် မှာ ငွေ မ ရှိ ရင် K N U က ငြိမ်း ချမ်း ရေး ဆွေး နွေး ပွဲ ကို ကိုယ် ဘတ် ဂျက် နဲ့ ကိုယ် သွား မယ်။ ဘယ် စီး ပွါး ရေး သ မား မှ မ ပါ စေ နဲ့။ အဲ ဒီ လို ပဲ အ ကျိုး လို လို့ ညောင် ရေး လောင် တဲ့ ဘယ် N G O မှ မ ပါ ပါ စေ နဲ့။ ပြည် တွင်း ပြည် ပ မှာ ရှိ တဲ့ က ရင် လူ မျိုး တွေ တက် ညီ လက် ညီ ၀ိုင်း ၀န်း ဖို့ လို ပါ တယ်။
နောက် တ ခု က ဆ ရာ မ စူ စဲ နာ လှ လှ စိုး လဲ ၀ိုင်း ရံ ဖို့ လို ပါ လိမ့် မယ်။ ဒီ လို ကိ စ္စ ကို ရဲ ရဲ ၀ံ့ ၀ံ့ သူ လို ဘယ် က ရင် ခေါင်း ဆောင် က မှ မ ဖေါ် ထုတ် ခဲ့ ဘူး။ ဒီ အ တွက် သူ ကို ကျွန် တော် တို့ ၀ိုင်း ရံ ထား ဖို့ လို ပါ တယ်။



KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေက အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ပါင်ခဲ့သူတွေက ပြောလိုက်ပါတယ်။ "ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု အတွေ့အကြုံ ဆွေးနွေးပွဲ" ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ KWAG က နော်ဆူဆန်နာ လှလှစိုးက ပြောခဲ့တာပါ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အဆင့်သာ ရှိသေးကြောင်း၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေ အတွင်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေက KNU ကိုယ်စားလှယ်တွေကို မခြေမငံ ဆက်ဆံ ပြောဆိုတာတွေ ရှိခဲ့ကြောင်း အဲဒီ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အပျက်ပျက်နဲ့ နှခေါင်းသွေးမထွက်ပါစေနဲ့

ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို

 
ဓါတ် ပုံ ကို မက် စင် ဂျာ ဖိတ် ဘွတ် က နေ ယူ ပြီး သ တင်း ကို တော့ YIP Facebook က ယူ ထား ပါ တယ်
မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI 

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။ 

ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။ 

ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။ 

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။ 

YPI

လက်ရှိတပ်မဟာ၅အခြေအနေ


KIC Facebook က ကူး ထား တာ ပါ။

Monday, June 4, 2012

Mizzima news

ကရင်ပြည်နယ်၏ ပထမဆုံးသော အလုပ်သမား သမဂ္ဂ မှတ်ပုံတင်ကျပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဘန်ကောက် (မဇ္ဈိမ)။   ။ ကရင်ပြည်နယ်အတွက် ပထမဆုံးသော အလုပ်သမား သမဂ္ဂတခုကို သက်ဆိုင်ရာ အာဏာပိုင်များက တရားဝင် မှတ်ပုံတင်ချမှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“အထည်ချုပ်နှင့် သားရေအလုပ်သမားများ သမဂ္ဂ” မှ ခေါင်းဆောင် များသည် ဘားအံရှိ ပြည်နယ်ရုံးသို့ သွားရောက်ကာ မှတ်ပုံတင် ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြရာ တရားဝင် ခွင့်ပြုသည့် အဖွဲ့အစည်း မှတ်ပုံတင်ကို မေလ ၃၁ ရက်နေ့က ချပေးခဲ့ကြောင်း အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုဝေဖြိုးကြွယ်က မဇ္ဈိမကို ပြောသည်။

“ဘားအံမှာရှိတဲ့ ခရိုင်မှတ်ပုံတင်အရာရှိ ဦမိုးအောင်ခိုင်က-----------------

နယူးရောက်တိုင်းရဲ့သတင်းလေးတစ်ပုဒ်ပါ။

ဦး သိန်း စိန် ရဲ့ စိတ် ရင်း အ မှန် ကို ကျွန် တော် တို့ အင် ဒို နီး ရှား ဘာ လီ ကျွန်း မှာ လုပ် ခဲ့ တဲ့ သ တင်း စာ ရှင်း လင်း ပွဲ မှာ တ ခါ တွေ့ ခဲ့ ရ ပြီး ပါ ပြီ။ အ ခု နောက် ထပ် တ ခါ ပါ။ ဒါ ပေ မဲ့ သူ တို့ ရဲ့ စိတ် ရင်း နဲ့ မ ဆို ပဲ လုပ် ရပ် က တော့ ဒီ က နေ့ အ ထိ ကောင်း နေ သေး တာ ကို တော့ တွေ့ နေ ရ သေး ပါ တယ်။ သူ တို့ စိတ် ရင်း အ တိုင်း လိုက် လုပ် တဲ့ နေ့ ဟာ ( နောက် ပြန် လှည့် တဲ့ နေ့ သာ ဖြစ် ပါ လိမ့် မယ်။) အဲ ဒီ နေ့ ဘယ် တော့ မှ ရှိ မ လာ အောင် ဆု တောင်း ပါ တယ်။ နိုင် ငံ တ ကာ နဲ့ ပြည် သူ လူ ထု တွေ က လဲ ဖိ အား ပေး ပြီး နောက် ပြန် မ လှည့် အောင် ၀ိုင်း ကြိုး ပမ်း ကြ ဖို့ လို ပါ လိမ့် မယ်။

ASSK's Thailind visiting -  

General Knowledge Facebook က ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

by General Knowledge on Sunday, June 3, 2012 at 10:49am ·
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ


Sunday, 03 June 2012 14:29

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊
အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာနေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။



၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်ဒေသသို့ သွားရောက်ပြီး လေ့လာခဲ့သလို ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အတိုက်အခံပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာအလုပ် သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၂ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက် _- - - - - - (ဆက်ဖတ်ချင်ရင် Read more ကို နှိပ် ပါ)

Sunday, June 3, 2012

ငြိမ်းချမ်းရေးရှင်းလင်းပွဲ


ဓါတ်ပုံကိုရွှေသံစဉ်ဖိတ်ဘွတ်မှရယူပါသည်။

Saturday, June 2, 2012

ဒေါ်စုမဲလခ၇ီးစဉ်

ဒေါ်အောင်ဆန်းစုကြည် မယ်လခရီးစဉ်အတို

 သတင်းကို KIC ကယူပါတယ်။ ဓါတ်ပုံကိုတော Eleven facebook ကယူပါတယ်
ဇွန်လ ၂ရက်၊ ၂၀၁၂။ မွန်းလွဲ ၁နာရီခွဲ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲသို့လာရောက်ခဲ့သည့် မြန် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်သည် ဇွန်လ ၂ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉နာရီခွဲတွင် မဲဆောက်မြို့လေဆိပ်သို့ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံသား အပါအ၀င် လူထုပရိဿတ် တစ်သောင်းဝန်းကျင် ကြိုဆိုခဲ့ကြသည်။
၎င်းနောက် မနက် ၁၀နာရီကျော်အချိန်တွင် မဲဆောက်လေဆိပ်မှ မယ်လဒုက္ခသည်စခန်းသို့ ထွက်ခွာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၁နာရီဝန်းကျင်ခန့်တွင် မယ်လစခန်းအတွင်းရှိ MOI ရုံးခန်းတွင် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ စခန်းကော်မတီဝင်အချို့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးခန်းတွင် ပါဝင်သူ လူငယ်တစ်ဦးက “အဓိကပြောသွားတာကတော့ ဒုက္ခသည်တွေရဲ့ လက်ရှိ စားနပ်ရိက္ခာ မလုံလောက်မှုကို အရင်ကလို ဖူလုံမှုရှိအောင် သူ့အနေနဲ့ လုပ်ဆောင်ပေးသွားမယ်။ နောက်တခုက ဒုက္ခသည်တွေ မိမိနေရပ်ကို အဆင်ပြေချောမွေ့စွာ ပြန် လည်နေထိုင်နိုင်ရေးအတွက်လည်း ကြိုးစားစီစဉ် လုပ်ဆောင်ပေးသွားမယ်လို့တော့ ပြောဆိုဆွေးနွေးသွားပါတယ်”ဟု ကေအိုင်စီကို ပြော သည်။
နေ့လည် ၁၂နာရီကျော်တွင် မယ်လစခန်း၊ ဇုံဘီရပ်ကွက်ရှိ ဘောလုံးကွင်း၌ “အမေစု အမေစု။ ဒေါ်စု ကျန်းမာပါစေ”ဟု ကြွေးကြော်ကာ ကြိုဆိုစောင့်စားနေကြသည့် ဒုက္ခသည်လူထု ၄၀၀၀နီးပါးကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး အနီးရှိ AMI ဆေးရုံသို့ သွားရောက်ကြည့်ရှု ရင်း နေ့လည်စာ သုံးဆောင်ခဲ့ကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူနေသည့် ကေအိုင်စီသတင်းထောက်က ပြောဆိုသည်။
“ဒေါ်စုလာတာ လုံခြုံရေးကလည်း အထပ်ထပ်ပဲ။ အနားကပ်လို့လည်း မမရဘူး။ ဓာတ်ပုံရိုက်ယူဖို့တောင် အတော်ခက်တယ်။ နိုင်ငံခြား သား သတင်းထောက်တွေလည်း မလွယ်ဘူး”ဟု ကြိုဆိုစောင့်စားသူ မယ်လဒုက္ခသည်တစ်ဦးက ပြောသည်။
ဒေါ်စုနှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီမသေ လိုက်ပါလျှက်ရှိပြီး မွန်းလွဲတစ်နာရီကျော်တွင် မယ်လစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ၀င်ရောက်မည်မှာ မသေချာသေးကြောင်း သွားရောက်စောင့်ဆိုင်းနေသတင်းထောက်များက ပြောဆိုနေကြသည်။