Irrawaddy ကသတင်းထောက် ကျွန်တော်ရေးလိုက်တဲ့ကွန့်မင့် ကိုတင်မပေးပဲ အမှားကိုပြင်ထားလိုက် တာပါ။ Irrawaddy ကိုအမျိုးသားရေး အသိနဲ့ စောင့်ကြည့်ဖို့လိုပါပြီ။ ကျွန်တော်သာ ထောက်မပြရင်ရူးသလိုမူးသ လိုနဲ့ဆက်ထားရင် မသိနားမလည်သူတွေ KNU ကိုအထင်မှား စရာဖြစ် စေပါလိမ့်မယ်။ ဒီလိုဖြစ်မှားစိုးလို့ KNU ကသဘောထားထုတ်ပြန်တာ တောင်ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တတ်တာ သတိထားစရာပါ။
KNU နှင့် အစိုးရ အပစ်ရပ် ဆွေးနွေးပွဲ ရွှေ့ဆိုင်း
ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)အစိုးရဘက်က ကိုယ်စားလှယ်က လာမယ့် သြဂုတ်လ ၂၇၊ ၂၈ ကို ဆွေးနွေးကြဖို့ နုတ်အားဖြင့်သာ အတည်ပြု
ပေမယ့် မြန်မာဘက်က အကြောင်းပြချက် မရှိ အခုလို ရွှေ့ဆိုင်းလိုက်တာလည်းဖြစ်တယ် လို့ ကြေညာချက်က ဆိုပါတယ်။
မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မြ၀တီမြို့မှာ အစိုးရဘက်က ကိုယ်စားလှယ်တွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ အစရှိသူတွေနဲ့ တတိယအကြိမ် အပစ်ရပ်ဆွေးနွေးပွဲအတွက် ဒီရက်ကို ဖားအံမှာ ကျင်းပဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော KNU ကြေညာချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

No comments:
Post a Comment