Blogger Widgets

Thursday, September 13, 2012

Irrawaddy News (ဒေါ်ဘမောင်ချိန် နဲ့ ဒေါ်မြတ်မြတ်အုန်းခင်)

မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး



~



ဝန်ကြီးသစ်များ မကြာသေးခင်က ခန့်အပ်ရာမှာ ဒေါ်မြတ်မြတ်အုန်းခင်လည်း ပါဝင်လာပါတယ်။
ဒါကြောင့် သူဟာ မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး ဖြစ်လာပါတယ်။

သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ အများကြီး မတွေ့ရသေးပါဘူး။

ဒေါက်တာမြတ်မြတ်အုန်းခင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်တာ အနိုင်ရခဲ့ပါတယ်။
သူဟာ ၀ါရင့်ပါတီဝင်လား၊ ဒါမှမဟုတ် ၂၀၁၀ ရောက်မှ ပါတီက သူ့ကို ချည်းကပ်တာလား ဆိုတာ မသိရသေးပါ။

သူဝင်ပြိုင်တဲ့ နယ်မြေက ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ်- ၁၀ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲမြို့တွေ ပါဝင်ပါတယ်။

လွှတ်တော်ထဲရောက်တော့ ဒဏ်ခတ်ပိတ်ဆို့မှုဆန့်ကျင်ရေးကို တက်တက်ကြွကြွဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာပါတယ်။ (ဆွေးနွေးချက်အပြည့်အစုံကို အောက်ဆုံးမှာ ဖတ်နိုင်၏)
မနှစ်က နေပြည်တော်သင်္ကြန်မှာ တွေ့ရတဲ့ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒေါ်စန္ဒာခင်

အဲဒီနောက်ပိုင်း ၀န်ကြီးတာဝန်များပေးရာမှာ သူက ကျန်းမာရေး ဒုဝန်ကြီး အဖြစ် ခန့်အပ်ခံရသူပါ။

ပြီးခဲ့တဲ့ရက်ပိုင်း သမ္မတဦးသိန်းစိန်ရဲ့ ၀န်ကြီးနေရာပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ပြည်ထောင်စုဝန်ကြီးသစ်တွေ ပေါ်လာပြီး အဲဒီထဲမှာ ဒေါ်မြတ်မြတ်အုန်းခင်လည်း ပါဝင်သွားတာပါ။ သူ့ကို သမ္မတက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ယူစေပါတယ်။

ဒီရက်ပိုင်း အစိုးရသတင်းစာများမှာ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ လှုပ်ရှားမှုတွေ မပါဝင်တာကြောင့် ဒေါ်မြတ်မြတ်အုန်းခင်ကိုလည်း သတင်းစာထဲ မတွေ့ရပါ။

ဒေါ်မြတ်မြတ်အုန်းခင်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော အမျိုးသမီး ၀န်ကြီး မဟုတ်ပါဘူး။

ပထမဆုံး အမျိုးသမီး ၀န်ကြီးက ဒေါ်ဘမောင်ချိန် (Mrs. Ba Maung Chain) ဖြစ်ပါတယ်။ ၁၉၅၂ ဖဆပလ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ကရင်ပြည်နယ်ရေးရာတွေကို ကိုင်တွယ်ရတဲ့ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူပါ၊

သူ့အကြောင်းလည်း အွန်လိုင်းမှာ ရှာပေမယ့် အများကြီး မတွေ့ရပါ။ ဖခင်ဖြစ်သူကတော့ အဲဒီခေတ်က အထင်ကရပုဂ္ဂိုလ် ဒေါက်တာစံစီဖိုး ဖြစ်ပါတယ်။
၁၉၅၂ ဖဆပလ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အမှတ်တရ ဓာတ်ပုံ

ရှေ့ဆုံးတန်းမှာထိုင်နေသူများကတော့ ဒီပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ ဆိုပါတယ် ~ ဒေါ်ဘမောင်ချိန် (ကရင်ပြည်နယ်)၊ စ၀်ခွန်ချို (ရှမ်းပြည်နယ် နဲ့ နိုင်ငံခြားရေးရာ)၊ ၀န်ကြီးချုပ်ဦးနု၊ သမ္မတဒေါက်တာဘဦး၊ ဦးဗဆွေ (ကာကွယ်ရေး)၊ ဦးတင် (ဘဏ္ဍာအခွန်)၊ ဦးဝင်း (အမျိုးသားစီမံကိန်း နဲ့ သာသနာရေး)

No comments:

Post a Comment