Blogger Widgets

Thursday, September 27, 2012

မြေအောက်ကရတနာများ(ဒုတိယအကြိမ်)



လွန် ခဲ့ တဲ့ ၂ နှစ် လောက် က ကျွန် တော် တို့ နေ တဲ့ မြို့ က လေး ကို ထန် ဟင် (တ န သာင်္ ရီ) က က ရင် ဒု က္ခ သည် တွေ စ ရောက် လာ တယ်။ သူ တို့ အ ထဲ က မိ သား စု ၂ စု က တ ခြား မြို့ မှာ ရှိ တဲ့ အာ ရှ ဆိုင် မှာ စား စ ရာ သွား ၀ယ် ချင် လို့ လိုက် ပို့ ဖို့ အ ကူ အ ညီ တောင်း တာ နဲ့ သူ တို့ ကို ကား မောင်း ပြီး လိုက် ပို့ ပေး ခဲ့ တယ်။ လမ်း မှာ ကား မောင်း ရင်း နဲ့ သူ တို့ အ ချင်း ချင်း ပြော နေ တာ ကို ကျွန် တော် နား ထောင် မိ တယ်။ ကား ကို အာ ရုံ စိုက် ပြီး မောင်း ရ တယ် ဆို တော့ မ ကြား တ ချက် ကြား တ ချက် ပေါ့။ သူ တို့ ပြော တာ က သူ တို့ ဒီ လို အ ခြေ အ နေ မျိုး မှာ နေ ရ လိမ့် မယ် လို့ ဘယ် တုန်း က မှ အိပ် မက် မ မက် ခဲ့ ဘူး ပေါ့။ နောက် ပြီး သူ တို့ ဒု က္ခ သည် စ ခန်း ကို ဘယ် လို ရောက် ခက် ခက် ခဲ ခဲ ရောက် လာ တယ် ဆို တာ ကို အ ချင်း ချင်း လု ပြော ကြ တယ်။ သူ တို့ ဟာ ထန် ဟင် ဒု က္ခ သည် စ ခန်း မှာ အ တူ တူ နေ ပေ မဲ့ သူ တို့ မြန် မာ ပြည် မှ နေ ကြ တုန်း က ရွာ ခြင်း မ တူ ဘူး လေ။ အဲ ဒီ တော့ သူ တို့ ဒု က္ခ သည် စ ခန်း ကို ထွက် ပြေး လာ ရ တဲ့ အ တွေ့ အ ကြုံ ခြင်း နည်း နည်း ဆီ ကွဲ တော့ တစ် ယောက် နဲ့ တစ် ယောက် အ တွေ့ အ ကြုံ ခြင်း ဖ လှယ် ကြ တာ ပေါ့။
သူ တို့ ဒေ သ ကို စစ် တပ် က ထိုး စစ် ဆင် တဲ့ အ ခါ မှာ ဒေ သ တ ခု လုံး မှာ ရှိ တဲ့ ရွာ တွေ မီး ရှို့၊ လူ သတ် တော့ သူ တို့ က မ ဖြစ် မ နေ ပြေး ကြ ရ တာ ပေါ့။ မ ပြေး ခင် မှာ သူ တို့ အ တွက် မ ဖြစ် မ နေ လို တာ တွေ ကို ထုတ် ပိုး ပြီး ကျန် တာ တွေ ကို မြေ မြုပ် ထား ခဲ့ ကြ တယ် လေ။ ဘာ ဖြစ် လို့ လဲ ဆို တော့ သူ တို့ အိမ် မီး ရှို့ ခံ ရ မှာ မို့ လေ။ ပြေး တဲ့ အ ခါ မှာ လဲ အ သက် လု ပြီး ပြေး ရ တာ တဲ့။ သူ တို့ အ တွက် လုံ ခြုံ ရေး ကို ကေ အင် ယူ က ယူ ပေး တယ် လေ။ အ နောက် မှာ စစ် ကြောင်း က တောက် လျှောက် လိုက် တော့ မ နား မ နေ ပြေး ရ တာ ဆို တော့ လမ်း မှာ မ သယ် နိုင် တဲ့ ပ စ္စည်း တွေ ကို တ ခု ပြီး တ ခု ပြစ် လိုက် ရ တယ်။ နည်း နည်း စိတ် ချ လို့ နား ရ တဲ့ နေ ရာ ရောက် တော့ ဘာ မှ မ ကျန် တော့ ဘူး တဲ့။ အဲ ဒီ နေ ရာ မှာ ချောင်း လေး ရှိ တော့ ရေ လဲ သောက် ရ တယ် ပေါ့။ သူ တို့ အ ထဲ က တ ယောက် ဆို ဘယ် လောက် မော တယ် ဆို တာ ရေ သောက် ရင်း နဲ့ အ သက် ပါ သွား တယ် လေ။ နောက် တစ် ယောက် က တော့ စိတ် ချ ရ ပြီ ဆို တဲ့ ဒု က္ခ သည် စ ခန်း ရောက် တဲ့ ည မှာ ပဲ အိပ် ရင်း နဲ့ အ သက် ပါ သွား တယ် လေ။ ဘယ် လောက် အ သည်း အ သန် အ သက် လု ပြီး ပြေး ရ တယ် ဆို တာ ကွက် ကွက် ကွင်း ကွင်း ပေါ် တာ ပေါ့။ တ ခါ ထိုင်း နယ် စပ် ရောက် တော့ လဲ ထိုင်း စစ် တပ် က သူ တို့ ကို ၀င် ခွင့် မ ပေး ဘူး လေ။ သို တို့ တိုက် ပွဲ ဖြစ် တဲ့ သေ နပ် သံ တွေ နား နဲ့ ကြား ရ မှ ပေး ၀င် မယ် ဆို ပြီး တော့ ရန် သူ တပ် တွေ နယ် စပ် နား ထိ ရောက် လာ လို့ တိုက် ပွဲ ဖြစ် မှ ပဲ ပေး ကူး တော့ တယ်။ ပြေး ရင်း လွှား ရင်း နဲ့ မိ သား စု ကွဲ သွား ကြ တဲ့ လူ တွေ မ နည်း ဘူး။ တ ချို့ ဆို ရင်း ၄-၅ နှစ် ကြာ မှ ပြန် ဆုံ ကြ တယ်။ တ ချို့ ကျ တော့ လဲ သေ သ လား ရှင် သ လား မ သိ သ တင်း စုန်း စုန်း မြှပ် သွား တယ်။
အဲ ဒါ တွေ ကို ပြော ကြ ရင်း နဲ့ နောက် ဆုံး တော့ သူ တို့ အ ချင်း ချင်း မေး ကြ တယ်။ နင် တို့ မြှပ် ထား ခဲ့ တဲ့ ပ စ္စည်း တွေ ကို သွား ပြန် တူး ကြ လား တဲ့။ တစ် ယောက် က အဲ ဒီ ကို တ ခါ မှ ပြန် မ ရောက် ဖြစ် ဘူး လို့ ပြော တယ်။ အဲ ဒါ နဲ့ မေး တဲ့ သူ က ငါ တော့ ၅ နှစ် အ ကြာ အ ခြေ အ နေ တွေ နည်း နည်း အေး သွား တဲ့ အ ခါ မှာ သွား ပြန် တူး ကြည့် တယ် အ ကုန် လုံး ချ စား လို့ ဆွေး ကုန် ပြီ လို့ ပြော လိုက် တော့ အား လုံး ၀ိုင်း ရီ (ရယ်)ကြ တယ် လေ။ အဲ ဒီ ဒေ သ မှာ ဒေ သ ခံ တွေ မြေ အောက် မှာ မြှပ် ထား ပြီး မ ဖေါ် ရ တဲ့ ရ တ နာ သိုက် တွေ အ များ ကြီး ကျန် သေး တယ် တဲ့။
သူ တို့ ရီ (ရယ်) နိုင် သ လို ပဲ ကျွန် တော် တို့ တ တွေ အဲ ဒီ ဒေ သ ကို သွား ပြီး ရ တ နာ သိုက် ကို ဖေါ် ပြီး အား ရ ပါး ရ ရီ (ရယ်) ရ တဲ့ နေ့ ကို မ ကြာ ခင် ရောက် တော့ မှာ အ သေ ချာ မ လွဲ ပါ။
စစ် ပြေး က ရင် ဒု က္ခ သည် များ အား လုံး သို့-
ထာ ၀ ရ ရီ မော နိုင် ပါ စေ။

No comments:

Post a Comment