Blogger Widgets

Monday, February 9, 2009


သ မ္မ တ က နေ ဒီ အ မေ ရိ ကန် သ မ္မ တ တာ ၀န် ကို စ ယူ တဲ့ အ ချိန် မှာ ပြော ကြား ခဲ့ တဲ့ အ မေ ရိ ကန် သား တွေ ရဲ့ နှ လုံး သား ကို ဆွဲ ဆောင် ခဲ့ တဲ့ သ မိုင်း ၀င် မိန့် ခွန်း ဟာ မြန် မာ ပြည် သား တွေ အ တွက် တော့ မ ထူး ဆန်း ပါ ဘူး။ ဘာ ဖြစ် လို့ လဲ ဆို တော့ တိုင်း ပြည် က လုပ် ပေး မှာ ကို မ မျှော် ပဲ တိုင်း ပြည် အ တွက် ကျွန် လို အ သက် ပေး ပြီး လုပ် နေ ရ တာ ဟာ မြန် မာ ပြည် သား တွေ အ တွက် နေ့ စဉ် ဓူ ၀ လုပ် ငန်း တ ခု ဖြစ် နေ လို့ ပါ။ တိုင်း ပြည် အ တွက် အ ခ မဲ့ လုပ် အား ပေး လမ်း ဖေါက် လေ ရဲ့၊ တံ တား ဆောက် လေ ရဲ့၊ ဆည် ဆောက် လေ ရဲ့၊ တိုင်း ပြည် အ တွက် တာ ၀န် ထမ်း ဆောင် သူ တွေ မျက် နှာ မ ငယ် ရ အောင် တိုက် ဆောက် ပေး လေ ရဲ့၊ သုံး ဖြုန်း နိုင်း ဖို့ စေ တ နာ ထက် သန် စွာ ပေး ကမ်း လေ ရဲ့၊ တိုင်း ပြည် အ တွက် အ သက် ပေး ကာ ကွယ် နေ တဲ့ လက် နက် ကို တပ် မ တော် သား တွေ ရဲ့ အ သက် အ န္တ ရာယ် အ တွက် ရှေ့ က နေ ပြီး လက် နက် မဲ့ စွာ လူ သား ဒိုင်း အ ဖြစ် ကာ ကွယ် လေ ရဲ့၊ မိုင်း ရှင်း ပေး လေ ရဲ့၊ ရိ က္ခာ သယ် ပေး လေ ရဲ့၊ အ ဖျော် ဖြေ ခံ လေ ရဲ့၊ ပြော ရင် ကုန် မှာ မ ဟုတ် ပါ ဘူး။
တိုင်း သူ ပြည် သား တွေ ရေ ဆန် နေ ကြ တာ လေ။ တိုင်း ပြည် ကို က သောင် ရင်း မြစ် ရေ လို ပြောင်း ပြန် စီး ဆင်း နေ တော့ သား သ မီး တွေ ရေ ဆန် နေ ရ တာ မိ ဘ တွေ ကို အ ပြစ် မ ဆို ရဲ့ ပါ ဘူး။
ပြောင်း ပြန် စီး နေ တဲ့ တိုင်း ပြည် ဆို တာ ကြီး ရဲ့ အ ပြစ် များ ဖြစ် နေ မှာ လား။
ဒါ မှ မ ဟုတ် ပြောင်း ပြန် စီး ဆင်း စေ တဲ့ အ ကြောင်း တ ရား များ ရဲ့ အ ပြစ် များ လား။
ဒါ မှ မ ဟုတ်၊ ဒါ မှ မ ဟုတ် ------
သောင် ရင်း မြစ် ဟာ မြောက် က နေ တောင် ကို ဘယ် တော့ မှ မ စီး ဆင်း သ လို ကျွန် တော် တို့ နိုင် ငံ မှာ က လေး မ လေး နဲ့ ကောင် မ လေး လို အ ဖြစ် အ ပျက် အ မြဲ ရှိ နေ ရ မှာ လား။ ရှိ ကော ရှိ သင့် ရဲ့ လား။
ပြင် ဆင် ဖို့ မ ကြိုး စား ကြ တော့ ဘူး လား။ ပြောင်း ပြန် စီး ဆင်း နေ တာ ကို ပြင် ဆင် မ ရ နိုင် တော့ ဘူး လား။ မ ပြင် ဆင် ကြ တော့ ဘူး လား။
ဘယ် သူ တွေ မှာ တာ ၀န် ရှိ လဲ။ သူ တို့ မှာ ပဲ လား။ သင့် မှာ လား။ ကျွန်ုပ် မှာ လား။
ဖြေ ပေး ပါ။

မှတ် ချက်။ ။ ကျွန် တော့ ပို့ မှာ တင် ထား သ မျှ ဟာ ကိုယ် တွေ့ အ ဖြစ် အ ပျက် များ သာ ဖြစ် ပါ တယ်။ စိတ် ကူး ရင် အ ဖြစ် အ ပျက် မ ပါ ပါ။ ကျွန် တော် မ ကြုံ ခဲ့ တဲ့ ဒီ ထက် မ က ဆိုး တာ တွေ လဲ အ များ ကြီး ပါ။

No comments:

Post a Comment