Blogger Widgets

Monday, February 9, 2009


ကျွန် တော် ဒီ ခေါင်း စဉ် တင် လို့ အ နု ပ ညာ နား လည် တယ် လို့ မ ထင် ပါ နဲ့။ ကျွန် တော် ငယ် ငယ် တုန်း က ပန်း ချီ ဆွဲ သင် တန်း တက် ပြီး တော့ ပန်း ချီ ဆွဲ ဖို့ ကြိုး စာ ကြည့် တယ်။ ပန်း ချီ ဘယ် လို ဆွဲ ရ မယ် ဆို တာ ပဲ သိ တယ် ပန်း ချီ နဲ့ ပတ် သက် တဲ့ ပါ ရ မီ မ ရှိ လေ တော့ ကျွန် တော် ပန်း ချီ ဆွဲ တာ ကို စွန့် လွှတ် ခဲ့ ပါ တယ်။
ဒီ လို ပဲ ကျွန် တော် ၈ တန်း အ ရွယ် လောက် က စ ပြီး ကျောင်း မ တက် ခင် နဲ့ ကျောင်း ဆင်း ပြီး ၃ နှစ် ခွဲ လောက် နေ့ တိုင်း တ ယော ထိုး သင် ခဲ့ ဘူး ပါ တယ်။ အ ဆင့် မြင့် တီး ကွက် တွေ ကို တ ယော ထိုး ဘူး ခဲ့ ပါ တယ်။ ဒါ ပေ မဲ့ နုတ် (ဂီ တ သ င်္ကေ တ) မ ပါ ပဲ ကျွန် တော် မ တီး တတ် ပါ ဘူး။ နောက် ပြီး တိုင် ပင် (စည်း ၀ါး) လဲ မ နိုင် ပါ ဘူး။ ဒါ ကြောင့် ကျွန် တော် တ ယော ထိုး တာ ကို စွန့် လွှတ် ခဲ့ ပြန် ရော။
နောက် ပြီး ကျွန် တော် ဂီ တာ တီး သင် ပြန် ရော။ သိန်း တန် ရဲ့ ဂီ တာ တီး နည်း စာ အုပ် နဲ့ တ ခြား ဂီ တာ တီး နည်း စာ အုပ် မှန် သ မျှ ၀ယ် ပြီး တီး သင် လေ ရဲ့။ ဂီ တာ လက် ကွက် တွေ သိ ပါ ရဲ့၊ လက် ကွက် မိ သား စု ကို သိ ပါ ရဲ့၊ လက် ခတ် တွေ သိ ပါ ရဲ့၊ နောက် ပြီး နာ မည် ကြီး ဂီ တာ ဆ ရာ တစ် ဦး ဆီ မှာ လဲ ဘေ့စ် ဂီ တာ တီး နည်း သင် ဘူး လေ ရဲ့။ ဒါ ပေ မဲ့ ထုံး စံ အ တိုင်း ကော့ ရေး မ ပြ ထား။ ဘား မ ခွဲ ထား ပေး ရင် မ တီး တတ် လေ ရဲ့။ အီး ယား ရင်း (နား အ ကြား နဲ့ လိုက် တီး တာ) လုံး ၀ မ ရ ဘူး လေ။ ဘယ် လို ပဲ တီး တီး ကျွန် တော့ ကိုယ် ပိုင် အ သံ နဲ့ တော့ ကိုက် လေ ရဲ့။ သံ စဉ် နဲ့ သာ မ ကိုက် တာ ပါ။ ကျွန် တော် အ သံ ကို အဲ ဒီ လောက် နိုင် တာ။ ထူး အိမ် သင် လောက် တော့ ပျင်း လေ ရဲ့။ ဒါ နဲ့ ပဲ စိတ် ဖြေ တဲ့ အ နေ နဲ့ ပဲ ကျွန် တော် တ ခါ တ လေ ဂီ တာ တီး သီ ချင်း ဆို ပါ တော့ တယ်။
ကျွန် တော် အ နု ပ ညာ ကို ချစ် ပါ တယ် ဒါ ပေ မဲ့ ပါ ရ မီ မ ရှိ လေ တော့ ကျွန် တော် သူ များ တွေ ကို နှိပ် စက် သ လို ဖြစ် မှာ စိုး လို့ အ နု ပ ညာ ဖန် တီး မှု နဲ့ ဝေး ဝေး နေ လေ ရဲ့။
နောက် တ ခု က ခေါင်း ဆောင် ဆို တာ ပါ။ ခေါင်း ဆောင် ကောင်း တွေ ဟာ ကျွန် တော့ အ တွက် သူ ရဲ ကောင်း တွေ ပါ။ ခေါင်း ဆောင် ပေါင်း မြောက် များ စွာ ရဲ့ အ ကြောင်း ကို လဲ ရှာ ဖွေ ဖတ် လေ ရဲ့။ နောက် ပြီး အ ခြေ အ နေ အ ရ အ ရမ်း လို အပ် တဲ့ အ ခါ မှာ ခေါင်း ဆောင် လုပ် ဘူး ပါ ရဲ့။ ဒါ ပေ မဲ့ အဲ ဒီ အ ခြေ အ နေ ကို ကျော် လွန် သွား တဲ့ အ ခါ ကျွန် တော် ခေါင်း ဆောင် မှု ကို အ မြန် ဆုံး လွှဲ နိုင် အောင် ကြိုး စား လေ ရဲ့။ ဘာ ဖြစ် လို့ လဲ ဆို တော့ ကျွန် တော် ခေါင်း ဆောင် လုပ် ချင် တဲ့ ၀ါ သ နာ မ ပါ ပါ ဘူး။ ဘာ ဖြစ် လို့ လဲ ဆို တော့ တာ ၀န် ကြီး လွန်း လို့ ပါ။ နောက် ပြီး ကျွန် တော့ မှာ အ နု ပ ညာ ပါ ရ မီ မ ရှိ သ လို ပဲ၊ ခေါင်း ဆောင် အ ရည် အ ချင်း ပါ ရ မီ မ ရှိ ဘူး လို့ ယူ ဆ လို့ ပါ။ ခေါင်း ဆောင် မှု လုပ် ငန်း နဲ့ ပတ် သက် ပြီး ကျွန် တော် ဘာ မှ မ သိ ဘူး။ ဒါ ပေ မဲ့ ကျွန် တော့် သိ တာ တ ခု တော့ ရှိ တယ်။ အဲ ဒါ က ဘယ် သူ ဟာ ဘယ် နေ ရာ မှာ တော် တယ် ဆို တာ ပါ။ နောက် တ ခု ကျွန် တော် မှာ အား သာ တာ တ ခု ရှိ ပါ တယ်။ ကျွန် တော် လူ တော် တော် များ များ ကို ကူ ညီ ဖူး တယ် လေ။ အဲ ဒီ တော့ ကျွန် တော် ခေါင်း ဆောင် လုပ် ရ တဲ့ အ ခါ တိုင်း မှာ ကျွန် တော် ဘာ မှ မ တတ် တော့ တတ် တဲ့ လူ တွေ ကို လိုက် ပြီး အ ကူ အ ညီ တောင်း တော့ တာ ပေါ့။ များ သော အား ဖြစ် အဲ ဒီ လူ တွေ က လဲ ကျွန် တော် ကူ ညီ ဖူး လို့ ဒါ မှ မ ဟုတ် အဲ ဒီ အ ကြောင်း ကြောင့် ကျွန် တော် ကို ချစ် လို့ ကူ ညီ ကြ တယ် လေ။ သူ တို့ ကြောင့် ကျွန် တော် အ လုပ် ဖြစ် တာ။ ခေါင်း ဆောင် မှု နဲ့ ပတ် သက် ပြီး အ ဓိ က အား နည်း ချက် က ကျွန် တော် လူ တွေ နဲ့ အ ဆင် ပြေ အောင် မ ဆက် ဆံ တတ် ဘူး။ စ ကား ပြော မ တတ် ဘူး။ ဒါ ကြောင့် ရေ ရှည် သွား လို့ မ ရ တော့ နာ မည် မ ပျက် ခင် အ မြန် ဆုံး လွှဲ ဖို့ ကြံ ဆ ရ တော့ တာ ပေါ့။
ကျွန် တော် အ နု ပ ညာ နဲ့ ပတ် သက် ပြီး သိပ် လဲ မ သိ ပါ ဘူး။ ကျွန် တော် သိ သ လောက် က တော့ ပန်း ချီ ကား တစ် ကား ဖန် တီး သူ ဟာ မျဉ်း ကွေး မျဉ်း ကောက်၊ မျဉ်း ဖြောင့်၊ အ လင်း အ မှောင်၊ အ ရောင် မျိုး စုံ ကို သူ နေ ရာ နဲ့ သူ နေ ရာ ညီ ညွတ် စွာ ချ ထား ပြီး ရှု မ ငြီး လှ ပ အောင် ဖန် ဆင်း ကြ ပါ တယ်။ ပန်း ချီ ကား ဟာ ရ သ မျိုး စုံ ပေး နိုင် ပါ တယ်။ သီ ချင်း လဲ ဒီ အ တိုင်း ပဲ၊ သံ စဉ် အ နိမ့် အ မြင့် တွေ ကို ညီ ညွှတ် လှ ပ စွာ ပေါင်း စု ထား ရ တာ။ ဒါ တွေ ကို ညီ ညွှတ် စွာ မ ပေါင်း စပ် နိုင် ဘူး ဆို ရင် ဘယ် လို မှ ကြည့် မ ကောင်း တဲ့ ပန်း ချီ ကား တစ် ချပ်၊ အ ရမ်း ကို နား ကြား ပြင်း ကပ် စ ရာ သီ ချင်း တစ် ပုဒ် ဖြစ် သွား ပါ ရော။ ဒါ ကြောင့် အ နု ပ ညာ ကောင်း ကောင်း ဖန် တီး နိုင် ဖို့ ဆို ရင် ပါ ရ မီ ရယ်။ အ ဖန် ဖန် လေ့ ကျင့် ထား တဲ့ ကျွမ်း ကျင် မှု လို တယ် လေ။
ခေါင်း ဆောင် မှု ဆို တာ လဲ ဒီ လို ပဲ လေ။ အ ရာ ရာ ကို သူ နေ ရာ နဲ့ သူ အ ဆင် ပြေ ညီ ညွှတ် စွာ စီ မံ ခန့် ခွဲ နိုင် မှ ခေါင်း ဆောင် ကောင်း ဖြစ် နိုင် တယ် လေ။ ဒါ ကြောင့် ခေါင်း ဆောင် တွေ မှာ အ နု ပ ညာ သ မား တွေ လို ပဲ ပါ ရ မီ နဲ့ ကျွမ် ကျင်း မှု လို အပ် ပါ တယ်။ အ ထူး သ ဖြင့် နိုင် ငံ ကို ဦး ဆောင် နေ တဲ့ ခေါင်း ဆောင် တွေ မှာ ဒီ အ ရည် အ ချင်း တွေ ရှိ ဖို့ လို တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ပန်း ချီ ဆ ရာ အ ရည် အ ချင်း မ ပြည့် မှီ ရင် ပန်း ချီ ကား တစ် ချပ် ပဲ ပျက် စီး မယ်။ သီး ချင်း ရေး ဆ ရာ၊ အ ဆို တော် မ ကောင်း ရင် သီ ချင်း တစ် ပုဒ် ပဲ ပျက် စီး မယ်။ အ ဖွဲ့ အ စည်း တစ် ခု ရဲ့ ခေါင်း ဆောင် မ ကောင်း ရင် အ ဖွဲ့ အ စည်း တစ် ခု ပဲ ပျက် မယ်။ ဒါ ပေ မဲ့ နိုင် ငံ တစ် ခု ရဲ့ ခေါင်း ဆောင် မ ကောင်း ရင် တော့ နိုင် ငံ တစ် ခု လုံး (တိုင်း သူ ပြည် သား သာ မ က နိုင် ငံ ဂုဏ် သိ က္ခာ၊ ရေ၊ မြေ၊ သံ ယံ ဇာ တ) ပျက် စီး စေ ပါ တယ်။
ဒါ ကြောင့် နိုင် ငံ ခေါင်း ဆောင် လုပ် မဲ့ လူ ကြီး မင်း များ ခင် ဗျား နိုင် ငံ ဦး ခေါင်း ဆောင် ခြင်း ဟာ အ နု ပ ညာ တစ် ခု ဖြစ် တဲ့ အ တွက်၊ ကျွန် တော် လို အ နု ပ ညာ ပါ ရ မီ နဲ့ ကျွမ်း ကျင် မှု မ ရှိ ရင် ကျေး ဇူး ပြု ပြီး ကျွန် တော် လို ဘေး ထွက် ထိုင် ပြီး ပါ ရ မီ နဲ့ ကျွမ်း ကျင် မှု ရှိ သူ ကို နေ ရာ ပေး ဖို့ အ နူး အ ညွတ် မေ တ္တာ ရပ် ခံ အပ် ပါ တယ် ခင် ဗျား။
လေး စား စွာ ဖြင့်
ပ ထံ ပ ကီဈ်
Credit- PD art's worked

No comments:

Post a Comment