Blogger Widgets

Wednesday, November 3, 2010

လက် ခုပ် သံ များ

ဝမ်း သာ လို့ တီး တဲ့ လက် ခုပ်။
သ ဘော ကျ လို့ တီး တဲ့ လက် ခုပ်။
ကြို ဆို တဲ့ သ ဘော နဲ့ တီး တဲ့ လက် ခုပ်။
သ တိ ပေး တဲ့ သ ဘော နဲ့ တီး တဲ့ လက် ခုပ်။
ပျော် ရွှင် လို့ တီး တဲ့ လက် ခုပ်။
အ သိ ပေး တဲ့ သ ဘော နဲ့ တီး တဲ့ လက် ခုပ်။ 
လက် ခုပ် သံ တွေ ရဲ့ အ ဓိ ပ္ပါယ် ဟာ နေ ရာ ဒေ သ အ ချိန် အ ခါ အ ပေါ် မှာ မူ တည် ပြီး အ မျိုး မျိုး ရှိ မှာ ဖြစ် ပေ မဲ့ သေ ခြာ တာ တစ် ခု က လက် ခုပ် သံ ဆို တာ ရင် ထဲ က ခံ စား မှု ကို နည်း တစ် ခု နဲ့ ဖေါ် ပြ တာ ပါ။ အ ခု တစ် လော ကျွန် တော် စာ ပေ ဟော ပြော ပွဲ တွေ ကို ဟို ဟို ဒီ ဒီ မှာ လိုက် နား ထောင် ပြီး ကျွန် တော့ ဘ လော့ လေး မှာ တင် ဖြစ် တယ်။ ဒီ လို နား ထောင် တဲ့ အ ခါ လက် ခုပ် သံ တွေ ကို ထူး ထူး ခြား ခြား လေး သ တိ ထား မိ လိုက် တယ်။ တ ဆက် တည်း ကျွန် တော် ကျောင်း နေ တဲ့ အ ချိန် က အ ဖြစ် အ ပျက် လေး တစ် ခု ကို သ တိ ရ လိုက် မိ တယ်။ ကျွန် တော် က နယ် ကျောင်း သား ဆို တော့ ကျောင်း ၀င်း ထဲ က အ ဆောင် တ ခု မှာ တ ခြား သူ ငယ် ချင်း တွေ ၁၂ ယောက် လောက် နဲ့ တ ခန်း တစ် ခု မှာ အ တူ တူ နေ ရ တဲ့။ တ မ နက် ကျွန် တော် အိပ် ယာ ထ တော့ ဘေး က သူ ငယ် ချင်း တွေ အား လုံး အိပ် ယာ မ ထ သေး တာ ကို တွေ့ ရ တယ်။ ဒါ နဲ့ ကျောင်း က ကျွေး တဲ့ မ နက် စာ သွား စား တော့ လဲ လမ်း တစ် လျှောက် အ ဆောင် တွေ မှာ ခြင် ထောင် တ လူ လူ နဲ့ တ ခြား ကျောင်း သား တွေ လဲ အိပ် နေ တာ ကို တွေ့ ရ တယ်။ မ နက် စာ ကို ကျွန် တော် က လွဲ လို့ တ ခြား ကျောင်း သား တွေ လာ မ စား ကြ တာ ကို ကျွန် တော် အံ့ သြ သွား တယ်။ ဒါ နဲ့ နေ့ လည် တော် တော် လေး စောင်း တော့ မှ ပဲ နိုး လာ တဲ့ သူ ငယ် ချင်း ကို မေး ကြည့် တော့ ည က အ ငြိမ့် သွား ကြည့် ကြ လို့ တဲ့။ အ ဆောင် က ကျောင်း သား တွေ အား လုံး သွား ကြည့် ကြ တာ အ ရမ်း ကောင်း တယ်။ ဒီ ည လိုက် ခဲ့ လို့ လဲ ကျွန် တော် ကို ခေါ် တယ်။ ကျွန် တော် က အ ငြိမ့် မ ကြိုက် လို့  မ လိုက် တော့ ဘူး လို့ ပြော တော့ မင်း မ လိုက် ရင် မင်း ရှုံး သွား မယ် ဆို တော့ ကျွန် တော် လဲ စဉ်း စား ကြည့် လိုက် တယ်။ ကျောင်း သား တွေ ဒီ လို အ များ ကြီး သွား ကြည့် တာ ဆို တော့ လိုက် ကြည့် လိုက် အုံး မယ် ဆို ပြီး တော့ သူ တို့ နောက် လိုက် သွား ခဲ့ တာ ပေါ့။ ဟုတ် တာ ပေါ့ လက် ခုပ် သံ တ ဖြောင်း ဖြောင်း ရုံ ကွဲ မ တတ် တီး လိုက် ရ တာ။ ဒီ အ တွေ့ အ ကြုံ နဲ့ ခံ စား မှု ကို ကျွန် တော် ဘယ် တော့ မှ မ ကြုံ ခဲ့ ဘူး ပါ ဘူး။ အ ငြိမ့် က မြ ပု ဏ္ဍ မာ လေ။ လက် ရှိ နိုင် ငံ ရဲ့ အ ခြေ အ နေ ကို စိတ် ပျက် နေ တဲ့ ပြည် သူ တွေ က လူ ရွှင် တော် ကို ဇာ က နာ နဲ့ အ ဖွဲ့ ရဲ့ ပျက် လုံး တွေ အ တွက် လက် ခုပ် သံ ဟာ မိုး ထိ ကို ယံ ခဲ့ ပါ တယ်။ မ ကြာ ပါ ဘူး ဒီ တီး ခဲ့ တဲ့ လက် ခုပ် တွေ ဟာ လက် သီး ဆုတ် လက် မောင်း တန်း ပြီး ဒို့ အ ရေး၊ ဒို့ အ ရေး ဆို ပြီး ၈၈ ဒီ မို က ရေ စီ လှုပ် ရှား မှု အ ဖြစ် ပြောင်း လဲ သွား ပါ တယ်။ အ ခု လဲ ကြား နေ ရ တဲ့ လက် ခုပ် သံ တွေ ဟာ ကျွန် တော် တို့ နိုင် ငံ အ တွက် အ ပြောင်း အ လဲ တ ခု ကို မ ကြာ ခင် ဖေါ် ဆောင် သွား လိမ့် မယ် လို့ ကျွန် တော် ယုံ ကြည် ပါ တယ်။ ဒီ ၂၀၁၀ မှာ လား ဒါ မှ မ ဟုတ် ကျွန် တော် တို့ မ မျှော် လင့် တဲ့ အ ခြေ အ နေ တ ခု မှာ လား တော့ မ သိ သေး ဘူး ပေါ။
စစ် အာ ဏာ ရှင် စ နစ် မု ချ ကျ ဆုံး ရ မည်။

No comments:

Post a Comment