Blogger Widgets

Sunday, March 21, 2010

NLD မှတ် ပုံ တင် ပါ။

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ် ဆက် လက် ရပ် တည် ရေး အ တွက် မှတ် ပုံ တင် / မ တင် သ ဘော ထား ကွဲ လွဲ ကြ တယ် ဆို တဲ့ သ တင်း ပြန့် နေ တာ ကြား ရ ပါ တယ်။ ကျွန် တော် က တော့ N L D မှတ် ပုံ တင် ဖို့ သ ဘော တူ တယ် ဗျာ။ ကျွန် တော် ပေး ထား တဲ့ မဲ တစ် ပြား ကို အ နှစ် ၂၀ အ တွင်း မှာ တောင် အ သက် မ သွင်း နိုင် တဲ့ ပါ တီ မှတ် ပုံ တင် ခြင်း အား ဖြင့် ပျက် ပြယ် အောင် လုပ် လိုက် တဲ့ အ တွက် ကျေး ဇူး တင် ပါ တယ် ဗျာ။ ဒါ မှ ပဲ မြန် မာ ပြည် ဒီ မို က ရေ စီ ရ ရှိ ရေး ခ ရီး လမ်း မှာ ၉၀ ခု နှစ် ရ လဒ် ကို ကိုင် ပြီး ကန့် လန့် ကန့် လန့် ဖြစ် စေ လုပ် ပိုင် ခွင့် မ ရှိ တော့ ပါ ဘူး။ အဲ ဒါ မှ ပဲ မြန် မာ ပြည် ဒီ မို က ရေ စီ ရပ် ရှိ ရေး ခ ရီး လမ်း ဟာ ပို ပြီး မြန် ဆန် လာ ပါ လိမ့် မယ်။
အ နှစ် ၂၀ အ တွင်း မှာ အ ခြေ အ နေ တစ် ခု ခု ဖြစ် လာ တိုင်း  ၉၀ ခု နှစ် ကကျွန် တော် တို့ အ ဏာ အပ် ထား တဲ့ N L D ကို ဦး စား ပေး ကြ တယ်။ မျှော် ကြည့် ကြ တယ်။ မျှော် လင့် ကြ တယ်။ N L D ဘာ လုပ် ခဲ့ လဲ။ မ ခိုင် မာ တဲ့ ကြေ ငြာ ချက် တွေ တ ပုံ ကြီး ထုတ် ပြ တယ်။ နောက် ပြီး နည်း နည်း ကြာ လာ ရင် အဲ ဒီ ကြေ ငြ ချက် တွေ ကို မေ့ ပြစ် လိုက် ကြ တယ်။ အဲ ဒီ ပြောက် မြောက် တဲ့ လုပ် ရပ် တစ် ခု ပဲ တွေ့ ရ တယ်။
N L D ဟာ ၈၈ အ ရေး တော် ပုံ က ပေါ် လာ တဲ့ ပါ တီ ပါ။ အဲ ဒီ တုန်း က ကျွန် တော် တို့ ကျောင်း သား တွေ ရဲ့ အ သက် တွေ၊ ဘ ၀ တွေ ရင်း ပြီး တိုင်း ပြည် ပြောင်း လဲ ရေး အ တွက် ကျွန် တော် တို့ အ တတ် နိုင် ဆုံး ဆောင် ရွက် ခဲ့ တာ ပါ။ ကျွန် တော် တို့ တာ ၀န် ကျေ ခဲ့ ကြ တယ်။ အဲ ဒီ တုန်း က ကျွန် တော် တို့ နဲ့ ကိုယ် ကို ကိုယ် လူ ကြီး လို့ သတ် မှတ် ကြ တဲ့ လူ တွေ တာ ၀န် မ ကျေ ခဲ့ ကြ ပါ ဘူး။ ကျောင်း သား တွေ ၀ိုင်း ရံ ပြီး ကြား ဖြတ် အ စိုး ရ ဖွဲ့ ပါ လို့ အ နူး အ ညွတ် တောင်း ဆို တဲ့ ကြား ထဲ က မ ဖွဲ့ နိုင် ခဲ့ တဲ့ အ တွက် ကျွန် တော် တို့ တော် လှန် ရေး ကို အ ဆုံး မ သတ် ခဲ့ နိုင် ဘူး။ အဲ ဒါ ကို ဦး ဆောင် နိုင် ငံ ရေး အ ဖွဲ့ မ ရှိ လို့ ဆို ပြီး သက် သက် ညှာ ညှာ ဝေ ဖန် ခဲ့ လေ ရဲ့။ N L D ဟာ ၈၈ ရဲ့ သွေး တွေ ၊ ဘ ၀ တွေ ခင်း ပြီး ပေါ် ပေါက် လာ တဲ့ ပါ တီ ပါ။ အဲ ဒီ အ ချက် တွေ နဲ့ ဗိုလ် ချုပ် သ မီး ဒေါ် အောင် ဆန်း စု ကြည် ရဲ့ အ ရှိန် အ ၀ါ နဲ့ ပြည် သူ လူ ထု ရဲ့ စာ နာ ချစ် ခင် အား ကို မှု နဲ့ ၉၀ ရွေး ကောက် ပွဲ ကို မဲ အ ပြတ် အ သတ် နိုင် ပြီး အောင် ပွဲ ခံ ခဲ့ တာ ပါ။ ပြည် သူ လူ ထု နဲ့ တပ် မ တော် သား တွေ က ကျွန် တော် တို့ ကို အုပ် ချုပ် ပါ ဆို ပြီး အ ဏာ ပေး အပ် ခဲ့ ကြ တယ်။ ဒါ ကို ကျွန် တော် တို့ အပ် နှင်း ထား တဲ့ အ ဏာ ကို အ သက် မ သွင်း နိုင် ခဲ့ ဘူး။ န အ ဖ ဆီ မှာ အောက် ကျို့ ခံ ပြီး တော့ တ ကျီ ကျီ တောင်း ဆို ခြင်း အား ဖြင့် ကျွန် တော် တို့ ပြည် သူ လူ ထု ကို အ ရှက် ရ မျက် ကွယ် ပြု ခဲ့ တယ်။ ပြည် သူ လူ ထု အ ခက် အ ခဲ ကြုံ လာ တိုင်း ပါ တီ ရပ် တည် နိုင် ရေး တစ် ခု တည်း နဲ့ ပဲ ပြည် သူ လူ ထု ကို ထပ် မံ မျက် ကွယ် ပြု ခဲ့ တယ်။ ( သ တ္တိ ခဲ ပါ တီ ၀င် တ ချို့ မ ပါ ၀င် ပါ။) 
အဲ ဒါ တွေ နဲ့ ပြောင်း ပြန် ၈၈ ကို ဦး ဆောင် ဖေါ် ဆောင် ခဲ့ တဲ့ ဘ ၀ ကို ရင်း ခဲ့ တဲ့ ၈၈ ခေါင်း ဆောင် တွေ ခ ဏ တာ ရ တဲ့ အ ခွင့် အ ရေး မှာ လူ ထု အ တွက် နဲ့ တိုက် ပွဲ ဖေါ် ထောင် ကျ ကျောင်း သား တွေ အ တွက် သာ မ ဟုတ် ပဲ အား လုံး သော နိုင် ငံ ရေး အ ကျဉ်း သား တွေ အ တွက် အ တိုင်း အ တာ တစ် ခု ဆောင် ရွက် ခဲ့ ကြ တယ်။ လှုပ် ရှား မှု တွေ ကို ဖေါ် ဆောင် နိုင် ခဲ့ တယ်။ ရွှေ ၀ါ ရောင် တော် လှန် ရေး ကို အ သက် သွင်း နိုင် ခဲ့ တယ်။ သံ ဃာ တော် တွေ ရဲ့ သွေး နဲ့ ပေး ဆပ် မှု ကို ထပ် မံ မျက် ကွယ် ပြု ခဲ့ ပါ တယ်။ ဒီ တစ် ခါ တော့ ဦး ဆောင် နိုင် ငံ ရေး အ ဖွဲ့ အ  စည်း ရှိ ပြီ နောက် ပြီး ဒီ အ ဖွဲ့ ကို လည်း ကျွန် တော် တို့ အာ ဏာ အပ် နှင်း ထား ပြီး ဖြစ် တဲ့ အ တွက် ပြောင် မြောက် တဲ့ ဦး ဆောင် မှု ကို ပေး ပြီး တစ် ခု ခု လုပ် ပေး လိမ့် မယ် လို့ ကျွန် တော် တို့ ပြည် သူ လူ ထု နဲ့ တစ် ချို့ သော သံ ဃာ တော် ကို မ သတ် ချင် တဲ့ တပ် မ တော် သား တွေ မျှော် လင့် ခဲ့ ပါ တယ်။ ဒါ ကို လဲ N L D ပြောင် မြောက် စွာ မျက် ကွယ် ပြု မ သိ ကျိုး ကျွံ ထပ် မံ ပြု လုပ် ခဲ့ ပါ တယ်။ 
အ ခု လဲ ကိုယ် ကို တိုင် ထုတ် ပြန် ခဲ့ တဲ့ ရွှေ ဂုံ တိုင် ကြေ ငြာ စာ တမ်း ကို မျက် ကွယ် ပြု ပြီး ပြည် သူ တစ် ရပ် လုံး ကို စစ် ကျွန် ပြု မဲ့ ၂၀၀၈ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို ကာ ကွယ် စောက် ရှောက် ပါ မယ် လို့ သ စ္စာ ဆို ပြီး ပါ တီ ရပ် တည် နိုင် ရေး အ တွက် မှတ် ပုံ တင် လိုက် ပါ။ အဲ ဒါ မှ ပဲ ကျွန် တော် တို့ အပ် နှင်း ထား တဲ့ အာ ဏာ ကို ကျွန် တော် တို့ ပြန် ရ ပြီး တိုင်း ပြည် ကို တ ကယ် ချစ် တဲ့၊ တိုင်း ပြည် အ ကျိုး ကို တ ကယ် ဆောင် ရွက် မဲ့ တိုင်း ပြည် အ တွက် အ မှန် တ ကယ် ပေး ဆပ် ရင်း နှီး ဆောင် ရွက် နေ တဲ့ လူ ထု ကို အ ဏာ ပြန် အပ် နှင်း နိုင် ပါ လိမ့် မယ်။ ဒီ လုပ် ရပ် ဟာ အ နှစ် ၂၀ အ တွက် N L D ရဲ့ အ ပြောက် မြောက် ဆုံး လုပ် ရပ် ဖြစ် သွား ပါ လိမ့် မယ်။ အဲ ဒီ အ တွက် ကျေး ဇူး တင် ပါ တယ်။ ဒီ ထက် ပို ပြီး ရွေး ကောက် ပွဲ ၀င် ပြီး ပြည် သူ လူ ထု ရဲ့ ရန် သူ မ ဖြစ် ချင် ပါ နဲ့။ ပြည် သူ လူ ထု က တော့ မ ပြီး ဆုံး သေး တဲ့ တော် လှန် ရေး ကို ဆက် လက် ဆင် နွဲ မှာ ပါ။ ဒီ အ ခါ မှာ အာ ဏာ အပ် နှင်း ထား တဲ့ သူ က တ ရား ၀င် အပ် နှင်း ထား တဲ့ N L D က တ ရား ၀င် ငြင်း ပယ် လိုက် ပြီ ဖြစ် တဲ့ အ တွက် ဘယ် သူ ကို မှ လဲ အား နာ စ ရာ မ လို တော့ ဘူး။ ဦး စား ပေး စ ရာ မ လို တော့ ဘူး။ ဘယ် လောက် ကောင်း သွား လဲ။ ဒီ မို က ရေ စီ တော် လှန် ရေး အ တွက် ဘယ် လောက် လုပ် ရ ကိုင် ရ လွယ် သွား လဲ။ အဲ ဒါ မှ နိုင် ငံ ကို တ ကယ် ချစ် ပြီး တ ကယ် ပေး ဆပ် တဲ့ လူ တွေ အ တွက် ဘာ လုပ် ရ မ လဲ ဆို တာ ရှင်း ရှင်း လင်း လင်း မြင် ပြီး ပြတ် ပြတ် သား သား ဆောင် ရွက် နိုင် ပါ လိမ့် မယ်။
ကျွန် တော် က တော့ N L D မှတ် ပုံ တင် မယ် ဆို ရင် တော့ လုံး ၀ မ တား ပါ ဘူး။ အဲ ဒီ လို လုပ် မယ် ဆို ရင် အ ရမ်း ၀မ်း သာ ပါ တယ်။ မှတ် ပုံ မ တင် ပဲ ဒီ လို ဒီ မို က ရေ စီ တော် လှန် ရေး ခ ရီး လမ်း မှာ ကန့် လန့် ကန့် လန့် လုပ် မှာ ကို ပဲ စိုး ရိမ် ပါ တယ်။ သေ ချာ တာ တ ခု က တော့ ၂၀၁၀ ရွေး ကောက် ပွဲ ဟာ မြန် မာ နိုင် ငံ ဒီ ကို က ရေ စီ တော် လှန် ရေး ခ ရီး အ တွက် အ ချိုး အ ကွေ့ တ ခု ပါ။ ဒီ အ ချိုး အ ကွေ့ ကို ကျွန် တော် တို့ ရှင်း လင်း စွာ မြင် နိုင် ဖို့ လို ပါ တယ်။ ကျွန် တော် တို့ ကြို တင် ပြင် ဆင် ထား ဖို့ လို ပါ တယ်။ ကျွန် တော် က တော့ မှတ် ပုံ တင် ရေး မ တင် ရေး၊ ရွေး ကောက် ပွဲ ဆန့် ကျင် ရေး ငြင်း ကြ ခုံ ကြ ပြီး အ ချိန် ကုန် နေ မဲ့ အ စား ဒီ အ ပြောင်း လဲ မှာ န အ ဖ ရဲ့ ဟာ ကွက် အား နည်း ချက် ဟာ ဘာ လဲ ရှာ ဖွေ ပြီး နည်း ဗျူ ဟာ ကျ ကျ ဘယ် လို တိုက် ခိုက် ရ မှာ လဲ။ ( ၁-နိုင် ငံ ရေး မှာ ထာ ၀ ရန် သူ မ ရှိ ပါ။ ၂-စစ် အာ ဏာ ရှင် န အ ဖ ကိုယ် တိုင် စ နစ် တ ကျ စီ စဉ် ထား တဲ့ ကြား က သူ တို့ စိတ် ကြိုက် ရွေး ကောက် မဲ့ ၂၀၁၀ န အ ဖ ကို အ ဏာ လွှဲ ပေး ရ မှာ ကို ကြောက် နေ ပါ တယ်။ ပု ဂ္ဂ လိ က ပိုင် အ သည်း အ သန် လုပ် နေ တာ ကို ကြည့် ခြင်း အား ဖြင့် သိ နိုင် ပါ တယ်။ ဒါ ကို ကျွန် တော် တို့ ဘယ် လို အ ခွင့် ကောင်း ယူ ရ မ လဲ။) အ ရေး အ ကြီး ဆုံး တစ် ခု က အ ဆုံး သတ် တိုက် ပွဲ ကို ဘယ် အ ချိန် မှာ ဘယ် လို ဆင် နွဲ မယ် ဆို တာ ကို သေ သေ ချာ ချာ ပြင် ဆင် ထား ဖို့ လို ပါ တယ်။ ၈၈ တုန်း က ကျွန် တော့ တို့ အ ဆုံး သတ် တိုက် ပွဲ ကို မ ဖေါ် ဆောင် နိုင် ခဲ့ ဘူး။ ရွှေ ၀ါ ရောင် တော် လှန် ရေး မ တိုင် ခင် မှာ အ ဆုံး သတ် တိုက် ပွဲ ကို ဖေါ် ဆောင် ဖို့ အ ခွင့် အ ရေး တစ် ခု ပေါ် ခဲ့ ဘူး ပါ တယ်။ ပု ဂ္ဂိုလ် တ ချို့ ဖေါ် ဆောင် ဖို့ ကြိုး စား ခဲ့ တယ်။ ဒါ ပေ မဲ့ လို အပ် တာ ထက် ပြင် ဆင် ချိန် ကြာ သွား တဲ့ အ တွက် မ အောင် မြင် ခဲ့ ဘူး။ ဘာ ပဲ ဖြစ် ဖြစ် အဲ ဒီ ပု ဂ္ဂိုလ် တွေ ကို ဦး ညွတ် ပါ တယ်။ ပြီး တော့ ၈၈ ခေါင်း ဆောင် တွေ အ ပြင် ခ ဏ ရောက် တုန်း ဖေါ် ဆောင် ခဲ့ တဲ့ ရွှေ ၀ါ ရောင် တော် လှန် ရေး ( ၈၈ ခေါင်း ဆောင် တွေ အ ပြင် မှာ ခ ဏ တာ ရှိ တုန်း မှာ ရွှေ ၀ါ ရောင် တော် လှန် ရေး နည်း လမ်း တ ခု တည်း ကို ဆောင် ရွက် ခဲ့ တာ မ ဟုတ် ဘူး။ နိုင် ငံ တော် ဒီ မို က ရေ စီ ကို ဖေါ် ဆောင် နိုင် ဖို့ နည်း လမ်း ပေါင်း မြောက် မြား စွား ကို ကြိုး စား ရှာ ဖွေ ခဲ့ ပါ သေး တယ်။ မ ရ တဲ့ အ ဆုံး မှာ မှ ရွှေ ၀ါ ရောင် တော် လှန် ရေး ကို ဖေါ် ဆောင် တာ ပါ။)မှာ အ ဆုံး သတ် တိုက် ပွဲ ကို မ ဖေါ် ဆောင် နိုင် ခဲ့ ပါ ဘူး။ ရင် နာ ဖို့ တော် တော် ကောင်း ပါ တယ်။ ဗု ဒ္ဓ ဘာ သာ အ များ စု ရှိ တဲ့ နိုင် ငံ မှာ ဘာ သာ ၀င် နဲ့ နိုင် ငံ တော် အ တွက် ပေး ဆပ် နေ တဲ့ ဘု ရား သား သံ ဃာ တော် တွေ ကို မ ကာ ကွယ် နိုင် တာ ဟာ အ လွန် ရှက် စ ရာ နဲ့ ရင် နာ စ ရာ ပါ။ ဘယ် သူ တွေ မှာ တာ ၀န် ရှိ လဲ။ ကျွန် တော် က တော့ ပစ် တဲ့ စစ် သား ကို အ ပြစ် မ ဖို့ ပါ ဘူး။ (ရန် သူ တော် လွန်း လို့ မ ဟုတ် ဘူး ကိုယ် ညံ့ လွန်း လို့ ရှုံး တာ ပါ။)သေ ချာ တာ တစ် ခု က တော့ အ ဆုံး သတ် တိုက် ပွဲ အ တွက် ကြီး မား တဲ့ အ ခွင့် အ ရေး တစ် ခု ဆုံး ရှုံး ခဲ့ ရ ပြန် ပါ တယ်။ အ ဆုံး သတ် တိုက် ပွဲ ကို ရဲ ၀ံ့ ပြောက် မြောက် စွာ မ ဆင် နွဲ နိုင် သ မျှ ကာ လ ပတ် လုံး ကျောင်း သား တွေ၊ သံ ဃာ တော် တွေ၊ ပြည် သူ တွေ ရဲ့ သွေး နဲ့ ဘ ၀ ကို စ တေး လို့ ဆုံး နိုင် မှာ မ ဟုတ် ပါ ဘူး။
ဒီ တော့ န အ ဖ ရဲ့ လမ်း စဉ် ၇ ချက် နောက် ကို ပဲ ကောက် ကောက် ပါ အောင် လိုက် ရင်း ငြင်း ရင်း ခုံ ရင်း ဆန့် ကျင် ဖို့ ကြိုး စား ရင်း ဖျက် ဖို့ ကြိုး စား ရင်း ခု ရင် ခံ ရင်း လုပ် နေ မဲ့ အ စား န အ ဖ ရင် လမ်း စဉ် ၇ ချက် ကို လျှောက် ရင်း ခြေ မ ခိုင် တဲ့ အ ချိန် မှာ အ ဆုံး သတ် တိုက် ပွဲ နဲ့ တိုက် စစ် ဆင် ရင်း န အ ဖ ကို အ ဆုံး စီ ရင် နိုင် ဖို့ လို ပါ တယ်။ ဒီ လို အ ဆုံး သတ် တိုက် စစ် ကို N L D ဘယ် တော့ မှ လုပ် မှာ မ ဟုတ် တဲ့ အ တွက် အ နှစ် ၂၀ သက် သေ ပြ ခဲ့ ပြီး ပြီ။ ဒီ တော့ N L D ရဲ့ မူ ၀ါ ဒ အ တိုင်း မှတ် ပုံ တင် ပြီး တော့ ဘေး ထွက် ထိုက် လိုက် ပါ။ အဲ ဒီ လို လုပ် ခြင်း အား ဖြစ် ဘယ် သူ မ ဆို ဒီ အ ဆုံး သတ် တိုက် ပွဲ ကို လွတ် လွတ် လပ် လပ် ဘောင် ကျယ် ကျယ် နဲ့ လုပ် ဆောင် ခွင့် ရှိ လာ မယ်။ နောက် ပြီး တော့ ဘာ ပဲ ဖြစ် ဖြစ် N L D ကို ပဲ ပုံ အော် ပြီး မျှော် လင့် တတ် တဲ့ ကျွန် တော် တို့ ရဲ့ မ ကောင်း တဲ့ အ ကျင့် နဲ့ အ စွဲ တွေ ပြောက် ပြီး ဒု တိ ယ တို့ တ တိ ယ တို့ ရှိ ရ မှာ ပါ လား ဆို တာ သိ လာ မယ်။ နောက် ဆုံး တော့ အ ဆုံး သတ် တိုက် ပွဲ ကို ငါ ကိုယ် တိုင် တိုက် ယူ ရ မယ် လို့ အ မျိုး ဘာ သာ သာ သ နာ နဲ့ နိုင် ငံ တော် ကို တ ကယ် ချစ် တဲ့ သူ သိ လာ တဲ့ တစ် နေ့ ဟာ ကျွန် တော် တို့ အောင် ပွဲ ခံ မဲ့ နေ့ ဆို တာ အ ခိုင် အ မာ ယုံ ကြည် ပါ တယ်။
;

N L D တိုင်း ပြည် အ ကျိုး ကို မျှော် ကိုး ပြီး အ မြန် ဆုံး မှတ် ပုံ တင်

ပါ။ အဲ ဒီ လို မှတ် ပုံ မ တင် ရင် တော့ ပြောင် မြောက် တဲ့ လုပ် ရပ် ကို

လုပ် ပေး ဖို့ မေ တ္တ ရပ် ခံ ပါ တယ်။

No comments:

Post a Comment