ထိုင်းသတင်းလောကမှာ ကျော်ကြားနေဆဲ ဗိုလ်နှုတ်ခမ်းမွေး
အခုတလော ထိုင်းသတင်းလောကမှာ အထင်ရှားဆုံး News Maker ကတော့ မြန်မာနိုင်ငံက ဗိုလ်နှုတ်ခမ်းမွေးပါ။ မနေ့ည ကလည်း Thai PBS ရုပ်သံမှာ မြန်မာ့အရေးကျွမ်းကျင်သူ သာမစပ် တက္ကသိုလ်က ပညာရှင် ၂ ယောက်နဲ့သတင်းထောက် က ဗိုလ်နှုတ်ခမ်းမွေးအကြောင်းနဲ့ မြန်မာဘက်ခြမ်းက လက်နက်ကိုင်တွေနဲ့ မူးရစ်ဆေးကိစ္စတွေအကြောင်း ဆွေးနွေးပြော ဆိုသွားပါတယ်။
သူတို့ဆွေးနွေးချက်တွေက ထိုင်းနိုင်ငံ ပရိတ်သတ်တွေအကြား စိတ်ဝင်စားမှု အများကြီးရှိတယ်လို့ သိရပါတယ်။ သူတို့က DKBA ဆိုတာ နယ်စပ်မှာ ရှိတဲ့ KNU ထဲကနေ ဗုဒ္ဓဘာသာဝင်များ ခွဲထွက်လာတဲ့အကြောင်း ၊ ဒီကတဆင့် ကလို့ထူးဘော အဖွဲ့ဆိုတာ ထပ်ပြီး ကွဲထွက်လာတဲ့ အကြောင်းတွေလည်း ဆွေးနွေးပြခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ ဗိုလ်နှုတ်ခမ်းမွေးက အဓိက ဇာတ်ဆောင်နေရာမှာ ဖြစ်နေတာပါဘဲ။
အထူးသဖြင့်ဆွေးနွေးချက်တွေထဲမှာ
မြန်မာနယ်စပ်မှာ အခြေဆိုက် လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တိုင်းလိုလိုဟာ မူးရစ်ဆေးလုပ်ငန်းနဲ့ တိုက်ရိုက် မလုပ်တာတောင်မှ ဂိတ်တွေကို ဖြတ်သန်းသွားတဲ့ အတွက် ဖြတ်သန်းခွန်ခ ယူပြီး ပတ်သက် နေတာတွေလည်း သူတို့က ထောက်ပြဆွေးနွေးထားတာပါ။
သူတို့က ဒု ၀န်ကြီးချုပ် ချလိန်ကို အပြစ်တင်တဲ့လေသံတွေနဲ့ ဆွေးနွေးသွားတာလည်း ဖြစ်ပါတယ်။ ဒီလို မြန်မာဘက်က လက်နက်ကို်င် အဖွဲ့တွေ အများကြီးရှိတဲ့ အထဲက အားလုံးနီးပါးက တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဖြစ်ဖြစ် မူးရစ်ဆေးလုပ် ငန်းနဲ့ ပတ်သက်တာကို သိသိကြီးနဲ့ ဗိုလ်နှုတ်ခမ်းမွှေး တယောက်ထဲကို ဆွဲထုတ်ပြီး ဖမ်းဝရမ်းတွေ ထုတ်တာ မှားယွင်းတဲ့ ဗျူဟာ ဆိုတာထောက်ပြဆွေးနွေးသွားပါတယ်။
ဝ တို့လို၊ ကိုးကန့်တို့လို မူးရစ်ဆေးကို ကိုယ်တိုင်ထုတ်နေတဲ့ မြန်မာဘက်က လက်နက်ကိုင် အုပ်စုတွေအများကြီး ရှိနေတာ ကို ထိုင်းဘက်က သတိရှိတယ်ဆိုတာလည်း ပြောဆိုဆွေးနွေးသွားပါတယ်။
ဒီလို မူးရစ်တရားခံ တယောက်အနေနဲ့ ဖမ်းဝရမ်းတွေထုတ်၊ ဆုကြေးငွေတွေနဲ့ အလိုရှိသူတဦးအဖြစ် ကြေညာချက်တွေ ထုတ်၊ မြန်မာအစိုးရဆီကို တရားခံ လွှဲပေးဖို့ တောင်းနဲ့ ဒုဝန်ကြီးချုပ် ချလိန်ရဲ့ မှားယွင်းမှုတွေကို ဆွေးနွေးပြပါတယ်။
ထိုင်းစစ်တပ်၊ ရဲတွေနဲ့ အင်အားသုံးပြီး ဗိုလ်နှုတ်ခမ်းမွေးကို မြန်မာပြည်ထဲအထိ ၀င်ဖမ်းလိုက်ရင်လည်း အိမ်နီးချင်း နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးရာ ရောက်တာကြောင့် ထိုင်း-မြန်မာဆက်ဆံရေး တင်းမာတဲ့ အဆင့်ကနေ ပေါက်ကွဲသွားနိုင်တာကို လည်း ထည့်ပြောပါသေးတယ်။
ထိုင်းစစ်တပ် တပ်မဟာ ၃ တပ်မဟာမှူးကြီးကိုတိုင် ဖုတ်ဖရ မြို့ကို လာရောက်လေ့လာပြီး ဗိုလ်နှုတ်ခမ်းမွှေးကို ၀င်ဖမ်းရင် အဆင်ပြေမလား ကြည့်ခဲ့တာပါ။
ဒါပေမယ့် မလွယ်ကူပါဘူး။ နယ်စပ် ကုန်သွယ်ရေးကိုလည်း ပိုပြီးထိခိုက်လာရင် မြန်မာ နဲ့ စီးပွားရေးလုပ်နေကြတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေက ဖိအားတွေ ပေးလာမှာလည်းဖြစ်သလို ထိုင်း-မြန်မာစီးပွားရေး လမ်းကြောင်းတွေ ကောင်းဖို့ လုပ်နေတဲ့ အစီအစဉ်တွေလည်း ထိခိုက်ပျက်ဆီးသွားနိုင်တာတွေလည်း ထောက်ပြဆွေးနွေး ကြပါတယ်။
နောက်ဆုံး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထိ ဖြစ်လာနိုင်တာတွေကို ထောက် ပြဆွေးနွေး သွားကြပါသေးတယ်။
No comments:
Post a Comment