Blogger Widgets

Wednesday, January 14, 2009

သွေး ထဲကဧရာဝတီ


အေး ရှား ဝေါ မြစ် ဆုံ တာ မံ ဆောက် လုပ် ရေး လုပ် ငန်း ခွင် တန်း လျား ပုံ(သား သတ် သ မား များ ရဲ့ ၀ပ် ကျင်း)










ထူး အိမ် သင် ရဲ့ ရာ ဇ ၀င် များ ရဲ့ သ တို့ သ မီး (ဧ ရာ ၀ တီ)



Yar Za Win Myar Yae Tha Toe Tha Mee - Htoo Eain Thin
မြန် မာ ပြည် မှာ အ ဓိ က မြစ် ကြီး လေး မြစ် ရှိ တယ် လေ။ ဧ ရာ ၀ တီ၊ စစ် တောင်း၊ သံ လွင် နဲ့ ချင်း တွင်း လေ။ မြန် မာ ပြည် မြေ ပုံ မှာ အ ထင် က ရ မြစ် ကြီး လေး စင်း လေ။
ကျွန် တော် နဲ့ ပ ထ မ ဆုံး ရင်း နှီး ခဲ့ တဲ့ မြစ် က တော့ စစ် တောင်း မြစ် လေ။ အ မေ့ ၀မ်း ထဲ က တည်း က စစ် တောင်း တံ တား ပေါ် က နေ ပြီး တော့ စစ် တောင်း မြစ် ကို ဖြတ် သန်း ဖြတ် လာ လုပ် တာ အ ရွယ် တော် တော် ရောက် လာ တဲ့ အ ထိ ပဲ ပေါ့။
ဒု တိ ယ ရင်း နှီး ခဲ့ တဲ့ မြစ် က တော့ မြစ် သံ လွင် ပဲ လေ။ အ ရွယ် လေး တော် တော် ရ လာ တဲ့ အ ချိန် က စ ပြီး တော့ အ ကြောင်း အ မျိုး မျိုး၊ ပုံ စံ အ မျိုး မျိုး နဲ့ ဖြတ် သန်း စုန် ဆန် ခဲ့ တယ် လေ။ သံ လွင် မြစ် နဲ့ ထိ တွေ့ တဲ့ အ ခါ အိပ် မက် တစ် ခု ကို မက် မိ တယ် လေ။ ငြိမ်း ချမ်း ရေး နဲ့ မြစ် သံ လွင် ရယ် ပေါ့။ ဘယ် နေ့ များ မှ ရောက် လာ မှာ လဲ ကွယ်။
တ တိ ယ ရင်း နှီး ခွင့် ရ လိုက် တာ တော့ မြစ် မင်း ဧ ရာ ပါ။ လူ လတ် ပိုင်း အ ရွယ် ရောက် မှ ကိ စ္စ တစ် ခု နဲ့ မြစ် ကြီး နား ကို သွား တော့ လေ ယာဉ် ပေါ် က နေ ရှည် လျား ကွေ့ ကောက် စွာ နဲ့ မြန် မာ ပြည် ရဲ့ အ သဲ နှ လုံး ကို ရစ် ပတ် ပြီး စီး ဆင်း နေ တဲ့ မြစ် မင်း ဧ ရာ ၀ တီ ကို စ တင် ရင် ခုန် စွာ စ တင် တွေ့ ဆုံ လိုက် ရ တယ် လေ။
(အဲ ဒီ နောက် ပိုင်း မှာ တော့ ဧ ရာ ၀ တီ မြစ် ကို မ ကြာ ခ ဏ ဖြတ် သန်း ပြီး ခ ရီး သွား ဖြစ် ခဲ့ တယ် လေ။) မြစ် ကြီး နား ရောက် တော့ မြစ် ဆုံ ကို သွား လည် ဖြစ် ခဲ့ တယ် လေ။ နာ မည် ကြီး သ လို အ ရမ်း လှ တဲ့ နေ ရာ လေး တစ် ခု ပါ။ မြစ် မင်း ဧ ရာ ၀ တီ ကို မွေး ဖွား တဲ့ နေ ရာ လေး ပေါ့။ ဧ ရာ ၀ တီ မြစ် ကြီး ဟာ မြန် မာ ပြည် အ တွက် နည်း မျိုး စုံ နဲ့ ဘက် ပေါင်း စုံ က အ သုံး တော် ခံ တဲ့ မြန် မာ ပြည် ရဲ့ အ သက် သွေး ကြော တစ် ခု သာ မ ဟုတ် ပဲ ရာ ဇ ၀င် များ စွာ သ မိုင်း များ စွာ ကို ဖြတ် သန်း ခဲ့ တဲ့ မြန် မာ ပြည် ရဲ့ ၀ိ ညာဉ် ဆို လဲ မ မှား ပါ ဘူး ပေါ့။ ဒီ လို ပဲ မြစ် ဆုံ ဟာ မြန် မာ ပြည် ရဲ့ ၀ိ ဥာဉ် ဖွေး ဖွား ရာ ပေါ့။ စာ မ ဖွဲ့ နိုင် အောင် လှ ပြီး စာ မ ဖွဲ့ နိုင် တဲ့ ခံ စား မှု များ စွာ ကို ပေး စွမ်း နိုင် တဲ့ နေ ရာ လေး ပေါ့။
ဒါ ပေ မဲ့ ၊ ဒါ ပေ မဲ့- - ဟူး--------------------------------
မြစ် ဆုံ ရဲ့ အ လှ ကို ခံ စား ကြည့် ရှု ရင်း နဲ့ မြစ် ဆုံ ရဲ့ အ ထက် ကို ကြည့် လိုက် တော့ စင် တွေ ကို လှမ်း မြင် လိုက် ရ တော့ သူ ငယ် ချင်း ကို မေး ကြည့် တယ် လေ။ သူ ငယ် ချင်း က ရွှေ တူး နေ တာ လေ တဲ့။ ကြည်း နူး နေ တဲ့ စိတ် တွေ ထွက် ပြေး သွား ပြီး တော့ ခေါင်း န ဘန်း ကြီး သွား တယ်။ ဘု ရား ဘု ရား လုပ် ရက် လိုက် လေ ခြင်း ရယ် လို့ ချက် ခြင်း စိတ် ဆိုး ပြီး တော့ စိတ် မ ကောင်း ဖြစ် သွား တယ်။ သူ ငယ် ချင်း က ပြော တယ် ဧ ရာ ၀ တီ မြစ် ကြီး ကို ပြန် ပြီး သန့် စင် ချင် ရင် တော့ နှစ် ပေါင်း ထောင် နဲ့ ချီ လုပ် ရ မယ် လေ။ ဧ ရာ ၀ တီ မြစ် ကြီး စီး ဆင်း ဖို့ အ တွက် မြစ် ကြောင်း အ သစ် တစ် ခု တစ် ခု ဖေါက် ပြီး လမ်း လွှဲ ပေး ရ မယ် နောက် ပြီး မြစ် ကြော တစ် လျှောက် က သဲ တွေ လှန် ပြီး မီး ရှို့ ပေး ရ မယ် လို့ ပြော ပြ တယ် လေ။
ရွှေ တန် ဖိုး ကို ပဲ သိ ပြီး ဧ ရာ ၀ တီ မြစ် ရဲ့ တန် ဖိုး ကို မ သိ တဲ့ လူ တွေ၊ ကိုယ့် အ တွက် ဆို ရင် (ဘ) န ဖူး ကို တောင် သိုက် တူး မဲ့ သူ တွေ လုပ် ရက် ကြ လေ ခြင်း။
်အ ခု လဲ ပဲ မြစ် ဆုံ ရေ ကာ တာ တဲ့ လေ။ မြစ် မင်း ဧ ရာ ကို ညစ် ညမ်း အောင် လုပ် လို့ အား မ ရ သေး ဘူး၊ မြစ် မင်း ဧ ရာ ကို တုတ် နှောင် ဖို့ လုပ် နေ ကြ တယ် လေ။ ဘာ ဖြစ် လို့ အ ပြစ် မဲ့၊ သက် မဲ့၊ မြန် မာ ပြည် သား တွေ ကို သ မိုင်း တစ် လျှောက် အ မျိုး မျိုး လုပ် ကြွေး ပြု စု နေ တဲ့ ငါ တို့ မြန် မာ ပြည် သား တွေ ရဲ့ သွေး၊ ငါ တို့ မြန် မာ ပြည် သား တွေ ရဲ့ အ သက် ကို နည်း မျိုး စုံ နဲ့ ရက် ရက် စက် စက် ဖျက် ဆီး ချင် ရ တာ လဲ။ မေး ခွန်း တွေ မေး မိ တယ် လေ။
သေ ချာ စွာ သိ လိုက် ရ တာ တစ် ခု က မြန် မာ ပြည် ကို အုပ် ချုပ် တဲ့ လူ တွေ ဟာ မြန် မာ ပြည် မှာ မွေး ပေ မဲ့ မြစ် မင်း ဧ ရာ ၀ တီ ရဲ့ သွေး၊ ၀ိ ဥာဉ် နဲ့ စိတ် ဓါတ် လုံး ၀ မ ရှိ တာ ပါ ပဲ။
ဧ ရာ ၀ တီ သွေး နဲ့ ၀ိ ဥာဉ် မ ရှိ တဲ့ လူ တွေ ရဲ့ လက် ထဲ မှာ ငါ တို့ မြစ် မင်း ဧ ရာ ကို မ ထား နဲ့။
သူ တို့ နဲ့ မ ထိုက် တန် ဘူး။
ဧ ရာ ၀ တီ သွေး နဲ့ ၀ိ ဥာဉ် ရှိ သူ တွေ
လာ ကြ လက် တွေ ခိုင် ခိုင် တွဲ ကြ။
လာ ငါ တို့ ရဲ့ သွေး ကို ငါ တို့ ပြန် ယူ ကြ မယ်။ ငါ တို့ ရဲ့ ၀ိ ဥာဉ် ကို ပြန် ယူ ကြ မယ်။

က ချင် ကျောင်း သား အင် အား စု များ ကို ဦး ညွတ် လျှက်-
မှတ် ချက်။ ။ဒီ စာ ဖတ် ပြီး မြစ် မင်း ဧ ရာ ၀ တီ အ တွက် တစ် ခု ခု လုပ် ဖြစ် မယ် ဆို ရင် ကျေး ဇူး အ ထူး တင် ပါ တယ်။ ကျွန် တော် ဟာ သံ လွင် သား ပါ ဒါ ပေ မဲ့ ဧ ရာ ၀ တီ အ တွက် ကျိုး စား ပြီး တတ် နိုင် သ မျှ လုပ် ပေး တာ ပါ။ ဧ ရာ ၀ တီ ဟာ ကျွန် တော့် အ သွေး ထဲ မှာ ရှိ ပါ တယ်။ ကျွန် တော့် ၀ိ ဥာဉ် ထဲ မှာ ရှိ ပါ တယ်။

No comments:

Post a Comment